အရေပြားရောဂါ သိကောင်းစရာ

  • Home
  • Myanmar
  • Yangon
  • အရေပြားရောဂါ သိကောင်းစရာ

အရေပြားရောဂါ သိကောင်းစရာ Dermatology Diseases and Problem solution.

29/07/2024

ရေကြီးရေလျှံချိန်ဘာ‌တွေ ဂရုစိုက်ရမလဲ

👍ရေကြီးရေလျှံ မိုးများချိန် သဘာဝဘေးအန္တရာယ်ကိုဂရုစိုက်ပြီး ရေလွတ်ရာ မြေပြိုတဲ့ဘေးလွတ်ရာ ရွှေ့ပြောင်း‌ေနကြရမှာဖြစ်သလို
👍ရေစီးထဲမျောပါလာတဲ့ သံချွန်သစ်စဝါးစတွေထိုးမိတဲ့ အန္တရာယ်
👍ရေထဲပါလာတဲ့ အဆိပ်ရှိသတ္တဝါအန္တရာယ်တွေကိုလည်းသတိပြုကြရပါမယ်

💊🌡️ကျန်းမာရေးရှုထောင့်အနေနဲ့ တတ်နိုင်သမျှ နွေးနွေးထွေးထွေးဝတ်ပါ

🙏🙏တစ်ဦးကိုတစ်ဦးဖေးမ ကူညီပါ

🥛🥃ရေသန့်မရနိုင်တဲ့နေရာတွေမှာ ရေကိုကြိုချက်သောက်ပါ။ သို့မဟုတ် chlorine ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်ပါ။

🍟🍔🥟အစားအစာများကို ယင်ကောင်စသော ပိုးမွှားအန္တရာယ်မှ ကင်းဝေးအောင်ဖုံးအုပ် သိမ်းဆည်းပါ။ ဖြစ်နိုင်လျင်ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ။

💊💊💊မိမိသောက်လက်စ ဆေးဝါးများကို ရေလုံအိတ်များဖြင့် စနစ်တကျ ထုတ်ပိုးထားပါ

ရေကြီးရေလျှံပြီး ဘာရောဂါတွေအဖြစ်များတတ်သလဲ။

ရေမှတဆင့် ကူးစက်တတ်သော
❇️ဝမ်းပျက်ဝမ်းလျှောရောဂါ
❇️တိုက်ဖွိုက်
❇️အသည်းရောင်အသားဝါရောဂါတွေ ဖြစ်တတ်ပါတယ်
❇️Vector born diseases တွေဖြစ်တဲ့ ငှက်ဖျား တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါများ
❇️အရေပြားရောဂါများ
ပွေး ။ အရေပြားမှိုစွဲရောဂါ
ဝဲနှင့် ဓာတ်မတဲ့ နှင်းခူများ
❇️ထိခိုက်မိသောဒဏ်ရာများမှ ဘက်တီးရီးယားနှင့် မေးခိုင်ပိုးဝင်ခြင်း
❇️လူမှုရေး စီးပွားရေး ဆုံးရှုံးမှုကြောင့်စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာနိုင်ပါတယ်

👍ရေကြီးရေလျှံခြင်းနောက်ဆက်တွဲ ရောဂါတွေမဖြစ်အောင်ဘယ်လို ကာကွယ်နေထိုင်ရမလဲ။
1. တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
လက် မကြာခဏဆေးပါ
2.သန့်ရှင်းသော သောက်သုံးရေကို သောက်ပါ
ရေသန့်မရနိုင်ပါက ရေကို ကြိုချက်သောက်ပါ
ရေကြိုသောက်ဖို့ အဆင်မပြေပါက chlorine ရေသန့်ဆေးခပ်သောက်ပါ။
မည်သည့်ရေကိုမဆို အမှုန်အမွှားစစ်ပြီး တညခန့် အနည်ထိုင်စေပါ။ တညထားဖို့မဖြစ်နိုင်ရင်လဲ စစ်ပြီး တခါတည်း chlorine ခပ်နိုင်ပါတယ်။ ရေတလီတာကို chlorine မှုန့် 1-10mg ( လက်ဘက်စားဇွန်းတဇွန်း) ထိ ခပ်ပြီး မိနစ် 20‌ထိထားပါ။
မိနစ်၂၀ထားပြီးနောက်သောက်သုံးနိုင်ပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေကို ရေသန့်ဘူးတွေ ထောက်ပံ့ကူညီတာထက် ရေသန့်ဆေးထောက်ပံ့ကူညီတာက ပိုပြီး အကူအညီ ဖြစ်စေပါတယ်။

3.ဒဏ်ရာ အနာတရတခုခုရပြီ ဆိုတာနဲ့ ချက်ချင်း သန့်စင်အောင်ဆေးကြောပြီး သွေးထွက်နေပါက သွေးတိတ်စေရန် သန့်ရှင်းသော ပတ်တီး သို့ အဝတ်စဖြင့် စည်းနှောင်ပါ။ ဒဏ်ရာ အနည်းအများ ပေါ်မူတည်ပြီး လိုအပ်ပါက အနီးဆုံးကျန်းမာရေးဌာနသို့သွားပါ။
ဆက်ရန်

Dr.အိဇာနည်ထွန်း
M.B;B.S(Ygn)
M.Med,SC(Dermatology)

💕💕💕💕💕💕💕💕

လေးစားရပါသော အရေပြားလူနာနှင့် လူနာရှင်များရှင်

ဟိန်းအရေပြား အထူးကုဆေးခန်း ၁ လေးကို
⬛N3/02
လေးထောင့်ကန်လမ်းမကြီး
တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

⏰နေ့စဥ် ညနေ ၃ နာရီမှ ၅နာရီထိ
စနေနေ့ မနက်၉း၃၀မှ ၁၁နာရီထိဖွင့်ပါတယ်ရှင်။

🚐ရောက်တဲ့ ဘတ်စ်အမှတ်တွေက
🚗 3 ' 🚕7 ' 🚙13' 🚌 62'
🚎111' 🏎112' 🚓 113'
တာမွေသံလမ်းမှတ်တိုင်မှာ ဆင်းရပါမယ်နော်
ကျိုက်က္ကစံ superone အနီး
တာမွေ ILBC အရှေ့မျက်စောင်းထိုးနားမှာရှိပါတယ်ရှင်

☎09960792942 ကိုဆက်သွယ်bookingယူနိုင်ပါတယ်။

ဟိန်းအရေပြားအထူးကုဆေးခန်း(၂)
၁၁၂၊ နတ်မော်လမ်း
ပန်းဘဲတန်းရပ်ကွက်
ဟင်္သာတမြို့
Mo Mo food box ဘေး
မှာ ဖွင့်လှစ်ထားပါတယ်။
☎09797196435ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

😁လူအများကြီးစောင့်စရာ မလို
လူအများကြီးနဲ့ ထိတွေ့စရာ မလိုအောင် စီစဥ်ထားတာမို့ ဖုန်းလေးဆက်ပြီး အချိန်လေးညှိပြီးလာရင် မင်မင်တို့က ကျေးဇူးအများကြီးတင်မှာပါရှင်🙏🙏🙏
တတ်နိုင်သမျှ ချိန်းထားတဲ့ အချိန်လေး အရောက်လာဖို့ မေတ္တာရပ်ခံပါတယ်နော်

မြန်မာတပြည်လုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ကပ်ကြီး၃ပါး ကျော်လွှားနိုင်ကြပါစေ။

ကုတ်ရ ဖဲ့ရ မအိပ်ရတဲ့ အရေပြား ဝဲရောဂါ  ( Scabies ) 🕷️🦠ဝဲရောဂါ ဘာကြောင့်ဖြစ်တာလဲ ? 🙇Sarcoptes scabiei var. homini ဆိုတဲ့ အ...
28/03/2024

ကုတ်ရ ဖဲ့ရ မအိပ်ရတဲ့ အရေပြား ဝဲရောဂါ ( Scabies ) 🕷️🦠

ဝဲရောဂါ ဘာကြောင့်ဖြစ်တာလဲ ? 🙇

Sarcoptes scabiei var. homini ဆိုတဲ့ အရေပြားပေါ်မှာသာ မျိုးပွါးနေထိုင် တတ်တဲ့ ကပ်ပါးမွှားတစ်မျိုး ကြောင့် ဖြစ်ပွါးရခြင်း ဖြစ်ပါတယ်။ ထို မွှားကောင်ဟာ သာမန်မျက်စိနဲ့ မမြင်ရလောက်အောင် သေးငယ်ပြီး အရေပြားအောက်သို့ burrows လို့ခေါ်တဲ့ တူးမြောင်းများ ဖောက်ပြီး ဥများဥရင်း ရက်ပေါင်းများစွာ နေထိုင်ပါတယ်။

ရောဂါကူးစက်ပုံ 🤯🤯🤯

ရောဂါရှိသူနဲ့အနီးကပ်နေထိုင်ခြင်း ၊ အရေပြား ချင်း တိုက်ရိုက်ထိတွေ့ခြင်း ၊ ရောဂါဖြစ်နေသူရဲ့ အသုံးအဆောင်များ ဝေမျှ ရောနှော သုံးစွဲခြင်း ၊ လိင်ဆက်ဆံခြင်း တို့ဖြင့် ကူးစက်နိုင်ပါတယ်။ စတင်ကူးစက်ပြီး ၁လခန့်အကြာမှာ စတင်ယားယံတတ်ပါတယ်။ တိရစ္ဆာန်များမှတစ်ဆင့် မကူးစက်နိုင်ပါ။

ဘယ်သူတွေမှာဖြစ်ပွားရေးနိုင်ပါသလဲ?,🫅🧙🫄🧑‍🍼

ဝဲရောဂါသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူမျိုးမရွေး ဖြစ်ပွား နိုင်ပါတယ်။ အထိအတွေ့ ကနေအဓိက ကူးစက်တာဖြစ်လို့ လူနေထူထပ် သိပ်သည်းတဲ့နေရာတွေမှာ နေထိုင်ကြရင် (ဥပမာ ကလေးထိန်းကျောင်း၊ အဆောင်၊ အကျဉ်းထောင်၊ ဘုန်းကြီးကျောင်း ) ပို၍ကူးစက်နိုင်ပါတယ်။ ခန္ဓာကိုယ် ခုခံအားနည်းနေသည့်အချိန်မျိုးတွင်လည်း ပို၍ကူးစက်နိုင်ပါတယ်။ နေအိမ်အတွင်း မိသားစုဝင် တစ်ဦး ဝဲရောဂါဖြစ်လျှင် ကျန်တဲ့ သူများ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

Norwegian scabies (ချပ်ပြားဝဲ)💥💥💥

ပိုကူးစက်မြန်/ ပိုပြင်းထန်တဲ့ ချပ်ပြားဝဲ မှာဆိုရင်တော့ ထူထူခဲခဲ ချပ်ပြားများ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကျဆင်းနေသောသူများ တွင်တွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာများ⁉️⁉️⁉️

အရေပြားပေါ်မှာ အနီဖုလေးများ၊ အရည်ကြည်ဖုလေးများကို တွေ့ရတတ်ပါတယ်။အထူးသဖြင့်ကြိုကြိုကြားကြား နေရာများဖြစ်တဲ့ လက်ကြား၊ချိုင်းကြား၊ နို့အောက် နို့ကြား၊ တင်ပါးကြား၊ လိင်အင်္ဂါကြား၊ လက်ကောက်ဝတ်၊ တံ‌တောင်ကွေး၊ ချက်တဝိုက်တွင် အဖြစ်များပါတယ်။ ညဖက်မှာမကုတ်ရမနေနိုင် အင်မတန်ယားယံတတ်ပါတယ်။ ကလေးငယ်များနှင့် ကိုယ်ခံအား ကျဆင်းနေသူများတွင် အနာမှတစ်ဆင့် ဘတ်တီးရီးယား ပိုး ထပ်ဆင့်ဝင်ပြီး ကျောက်ကပ်‌ ယောင်ရောဂါထိ ဖြစ်‌‌ေပါ်တတ်ပါတယ်။

ဝဲကိုဘယ်လိုကုသနိုင်ပါသလဲ?🌞🌞🌞

ဝဲပိုးသေဆေး (Scabicides) တွင် လိမ်းဆေးနဲ့ သောက်ဆေးဆိုပြီး ရှိပါတယ်။
5% permethrin , 10% crotamiton , benzyl benzoate cream စတဲ့ လိမ်းဆေးများနှင့် ivermectin သောက်ဆေးများကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးပမာဏ ၊နည်းလမ်းမှန်ကန်စွာ လိုက်နာခြင်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မိမိတဦးတည်းကုသ၍ဖြင့် မရ၊ အတူနေမိသားစုဝင်အားလုံး တစ်ပြိုင်တည်း ဆေးကုသမှသာ ဝဲ သံသရာမှ အမြစ်ပြတ်နိုင်ပါမယ်။

ဘယ်လိုကာကွယ်နိုင်သလဲ? 🍑🍉🍗🚧

ဝဲရှိနေသူနှင့် နီးကပ်စွာနေထိုင်ခြင်းကို ရှောင်ရှားရမယ်။ အသုံးဆောင်များ မျှဝေသုံးစွဲခြင်းရှောင်ရှားရမယ်။ ဆေးကုသပြီးပါကလည်း အိပ်ယာခင်းများ ၊ခေါင်းစွပ်များ၊ စောင်၊ ခြင်ထောင်၊ အဝတ်အစား စတာတွေကို ရေနွေးနဲ့ပြုတ်လျှော်၊ နေပူလှမ်း၊ မီးပူထိုးပေးရပါမယ်။

ဝဲရောဂါ အမြစ်ပြတ်အောင် သေချာ စနစ်တကျ ကုသခြင်းဖြင့် ယားယံခြင်းကင်းဝေး ပြီး နေ့ရက်တိုင်း ပျော်ရွှင်နေကြရအောင် နော် ။

Dr ဇာဖြူကြည်
M.B;B.S(Ygn)
M.Med,SC(Dermatology)

💕💕💕💕💕💕💕💕

လေးစားရပါသော အရေပြားလူနာနှင့် လူနာရှင်များရှင်

ဟိန်းအရေပြား အထူးကုဆေးခန်း ၁ လေးကို
⬛N3/02
လေးထောင့်ကန်လမ်းမကြီး
တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

⏰နေ့စဥ် ညနေ ၃ နာရီမှ ၅နာရီထိ
စနေနေ့ မနက်၉း၃၀မှ ၁၁နာရီထိဖွင့်ပါတယ်ရှင်။

🚐ရောက်တဲ့ ဘတ်စ်အမှတ်တွေက
🚗 3 ' 🚕7 ' 🚙13' 🚌 62'
🚎111' 🏎112' 🚓 113'
တာမွေသံလမ်းမှတ်တိုင်မှာ ဆင်းရပါမယ်နော်
ကျိုက်က္ကစံ superone အနီး
တာမွေ ILBC အရှေ့မျက်စောင်းထိုးနားမှာရှိပါတယ်ရှင်

☎09960792942 ကိုဆက်သွယ်bookingယူနိုင်ပါတယ်။
ကုသမှုပေးနေတဲ့ အရေပြားအထူးကု ဆရာဝန်တွေကတော့

Dr.စန္ဒာတင်
M.B,B.S (ygn), M.Med.Sc (dermatology)
Consultant dermatologist
အင်္ဂါနေ့ ညနေ၃နာရီမှ ၅နာရီအထိ။

Dr.အိဇာနည်ထွန်း
M.B,B.S (ygn), M.Med.Sc (dermatology)
Consultant dermatologist
စနေနှင့်တနင်္ဂနွေနေ့ ညနေ၃နာရီမှ ၅နာရီအထိ။

Dr.ဇာဖြူကြည်
M.B,B.S (ygn), M.Med.Sc (dermatology)
Dermatologist
သောကြာနေ့ ညနေ၃နာရီမှ ၅နာရီအထိ
စနေနေ့မနက် ၉း၃၀မှ ၁၁နာရီအထိ။

Dr.လဲ့ရည်ကို
M.B,B.S (ygn), M.Med.Sc (dermatology)
Dermatologist
တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့ ညနေ၃နာရီမှ ၅နာရီအထိ
ဆေးခန်းချိန်အတွင်း ပြသလိုတဲ့ ဆရာဝန်တွေနဲ့ရွေးချယ်ပြသလို့ရပါပြီ။

ဟိန်းအရေပြားအထူးကုဆေးခန်း(၂)
၁၁၂၊ နတ်မော်လမ်း
ပန်းဘဲတန်းရပ်ကွက်
ဟင်္သာတမြို့
Mo Mo food box ဘေး
မှာ ဖွင့်လှစ်ထားပါတယ်။
☎09797196435ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

😁လူအများကြီးစောင့်စရာ မလို
လူအများကြီးနဲ့ ထိတွေ့စရာ မလိုအောင် စီစဥ်ထားတာမို့ ဖုန်းလေးဆက်ပြီး အချိန်လေးညှိပြီးလာရင် မင်မင်တို့က ကျေးဇူးအများကြီးတင်မှာပါရှင်🙏🙏🙏
တတ်နိုင်သမျှ ချိန်းထားတဲ့ အချိန်လေး အရောက်လာဖို့ မေတ္တာရပ်ခံပါတယ်နော်

💊💊💊ဘာတွေကုသမှုပေးနိုင်လဲဆိုတော့

📴၁ ကြွက်နို့ ငါးမျက်စိ နှင်းခူစို နှင်းခူခြောက် ရေယုန် ပွေး ဝဲ ညှင်း ယားနာအမျိုးမျိုး

📴 ၂ ခရုသင်း သမင်ဖြူ

📴၃ ဝက်ခြံ တင်းတိပ် မှဲ့ခြောက် နေလောင်ကွက်များ

📴၄ ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်း ဘောက်ထခြင်း ဦးရေပြားမှိုစွဲခြင်းနဲ့ ဆံပင်အားဖြည့်ဆေးထိုးခြင်းများ

📴 ၅ အဆီကျိတ်အပါအဝင် အရေပြားအကျိတ်အဖုများ

📴၆ လက်သည်း ခြေသည်းရောဂါအမျိုးမျိုး

📴၇ keloid နဲ့ အနာရွတ်အမျိူးမျိုး

📴၈ မွေးကျွတ်နာ အနာစက် ပြည်တည်နာအမျိုးမျိုးနဲ့ အင်ပြင်များ

📴၉ အရေပြားလေးဘက်နာ အပါအဝင် ကိုယ်ခံအားကြောင့်ဖြစ်သော အရေပြားရောဂါအမျိုးမျိုး

📴၁၀ အသားအရေနုပျိုလှပစေရန် ဝက်ခြံ တင်းတိပ် မှဲ့ခြောက်နဲ့ အသားအရောင်မညီခြင်းတို့အတွက် မျက်နှာဆေးခြင်း chemical peeling

📴၁၁ ဝက်ခြံချိုင့် အနာရွတ်များ မျက်နှာပြင်အရေးအကြောင်းများကို ဖယ်ရှားနူးညံ့အောင် dermabrasion နှင့် မျက်နှာ​လေး glow စေရန် သွေးရေကြည်ကုထုံး

📴၁၂ ဘယ်လိုချချ မကျသော အဆီများကို ခွဲစိတ်စရာမလိုဘဲ ဆေးထိုးပြီး အဆီချခြင်း၊
HIFU စက်ဖြင့်အသားအရေတင်းရင်းစေခြင်း ၊
သောက်ဆေးဖြင့်အဆီချခြင်းများ

📴၁၃ နောက်ဆုံးပေါ် Pico Second Laser ဖြင့် တက်တူးဖျက်ခြင်း မှဲ့ခြောက်နဲ့ အနာရွတ်များ အမည်းကွက်များဖျောက်ခြင်း

📴၁၄ အသားပို နေလောင်မှဲ့ခြောက်နဲ့ ကင်ဆာဖြစ်နိုင်တဲ့ အရေပြားအဖုအကျိတ်များကို စက်နဲ့ ဖယ်ရှားကုသပေးခြင်း
တို့ကိုလာရောက်ပြသ ကုသမှုခံယူနိုင်ပါပြီရှင်။

07/03/2024

အရေပြားလူနာနှင့် လူနာရှင်များခဗျား
ဟင်္သာတမြို့ရှိ ဟိန်းအရေပြားဆေးခန်းကို အမှတ်၁၁၂၊
နတ်မော်လမ်း၊
ပန်းဘဲတန်းရပ်ကွက်
ဟင်္သာတမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါကြောင်း အသိပေးအပ်ပါသည်။
Mo Mo food house ဘေး၊ ဟင်္သာညီနောင် ကားပစ္စည်းဆိုင်အရှေ့ဘက်နားဖြစ်ပါတယ်။
ရှာမတွေ့လျင်
Ph 09797196435ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် ခဗျား။

Address

Lay Dauk Kan Road
Yangon
11211

Opening Hours

Monday 15:30 - 17:30
Tuesday 16:00 - 18:00
Wednesday 15:30 - 17:30
Thursday 15:30 - 17:30
Friday 15:00 - 16:30
Saturday 09:30 - 11:00
15:00 - 17:00
Sunday 14:00 - 17:00

Telephone

+959960792942

Website

Alerts

Be the first to know and let us send you an email when အရေပြားရောဂါ သိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category