Glucart - အရိုးအဆစ်အားဖြည့်ဆေး

  • Home
  • Myanmar
  • Yangon
  • Glucart - အရိုးအဆစ်အားဖြည့်ဆေး

Glucart - အရိုးအဆစ်အားဖြည့်ဆေး Quality Bone Supplement
(1)

❄️ခုလို အေးမြတဲ့ ရာသီဥတုမှာဆို အရိုးအဆစ်တွေဟာ ပိုပြီး တောင့်တင်းနာကျင်တတ်ကြပါတယ်။ အထူးသဖြင့် အရိုးအဆစ်ရောင်ရမ်းနာ (Osteo...
16/01/2026

❄️ခုလို အေးမြတဲ့ ရာသီဥတုမှာဆို အရိုးအဆစ်တွေဟာ ပိုပြီး တောင့်တင်းနာကျင်တတ်ကြပါတယ်။

အထူးသဖြင့် အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) ဝေဒနာရှင်များအတွက်နာကျင်မှုဒဏ်ကို ပိုခံစားနေကြမှာမို့ သက်သာစေရန် ထိရောက်တဲ့ နည်းလမ်း (၃) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်ရှင် ။

🔹ခန္ဓာကိုယ်ကို နွေးထွေးအောင် ထားပါ ။

( ရေနွေးနွေးဖြင့် ရေချိုးခြင်းဖြင့်လည်း နာကျင်နေသော အဆစ်တစ်ဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ )

🔹လှုပ်ရှားမှုကို မပျက်ပါစေနဲ့ ။

အေးတယ်ဆိုပြီး တစ်နေကုန် ထိုင်နေခြင်း (သို့) အိပ်နေခြင်းက အဆစ်တွေကို ပိုမိုတောင့်တင်းစေပါတယ်။
ပေါ့ပါးတဲ့ လေ့ကျင့်ခန်း၊ အိမ်တွင်း လမ်းလျှောက်ခြင်းတွေကို ပုံမှန်ပြုပါ ။ လှုပ်ရှားမှု ပုံမှန်ရှိခြင်းက အဆစ်အတွင်းချောဆီ ထွက်ရှိမှုကို အားပေးပြီး တောင့်တင်းမှုကို လျော့ကျစေပါတယ်။

🔹အရိုးအဆစ် ဖြည့်စွက်စာ ပုံမှန်မှီဝဲပါ ။

အေးပြီဆိုတာနဲ့ ပိုကိုက်ခဲတတ်တဲ့ အရိုးအဆစ်တွေကို အတွင်းကနေ ထိထိရောက်ရောက် အားဖြည့်ပေးဖို့ ပိုလိုအပ်တာမို့ Glucart လိုမျိုး Glucosamine ပါဝင်တဲ့ အရိုးအဆစ် အားဖြည့်ဆေးများ သောက်သုံးခြင်းဟာ အဆစ်တွေကြားက အရိုးနု (Cartilage) ကို ထောက်ပံ့ပေးပြီး၊ အဆစ်ချောဆီများကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

ဒါ့ကြောင့် Glucart ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းဖြင့် အဆစ်နာကျင်မှု သက်သာစေမယ့်အပြင် ခုပြောပြပေးတဲ့ အချက်တွေကိုလည်း သေချာလိုက်လုပ်ပြီး ဘယ်လောက်အေးအေး စိတ်သွားတိုင်းကိုယ်ပါ နာကျင်မှု ဝေးကြပါစေရှင် 💪💙

မှာယူရန်- m.me/GlucartOfficialMyanmar မှ ဆက်သွယ်မှာယူနိုင်ပါတယ်။
ရန်ကုန်၊ မန္တလေး ပို့ဆောင်ခ အခမဲ့နဲ့ အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။

#အရိုးအဆစ်


#ခါးနာ #ဒူးနာ

ခုလို ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် သင့်ရဲ့ အရိုးအဆစ်နာကျင်မှုတွေဟာ ပိုပြီး နာကျင်တောင့်တင်းလာပါသလား? 👉ဒါဟာ အဓိကအားဖြင့် ...
10/01/2026

ခုလို ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် သင့်ရဲ့ အရိုးအဆစ်နာကျင်မှုတွေဟာ ပိုပြီး နာကျင်တောင့်တင်းလာပါသလား?

👉ဒါဟာ အဓိကအားဖြင့် လေထုဖိအား (Barometric Pressure) ကျဆင်းမှုကြောင့် အဆစ်အတွင်းရှိ အရည်တွေ ဖိအားများလာပြီး သွေးကြောတွေ ကျဉ်းကာ အရိုးအဆစ်များဆီ သွေးစီးဆင်းမှု လျော့နည်းသွားလို့ နာကျင်မှု ပိုမို ပြင်းထန်လာရတာ ဖြစ်ပါတယ်။

🔻 ဒီနာကျင်မှုတွေကို လျစ်လျူရှုထားမယ်ဆိုရင် ရေရှည်မှာ အရိုးနုတွေ ပိုမို ယိုယွင်းပျက်စီးကာ မသက်သာဘဲ ပိုဆိုးလာနိုင်ပါတယ်။

ဒါ့ကြောင့် အေးတဲ့ရာသီမှာဆို အရိုးအဆစ်ကျန်းမာရေးကို အတွင်းကနေ ပြန်လည် အားဖြည့်ပေးဖို့ ပိုလိုအပ်ပါတယ် 💪

❄️ ဆောင်းတွင်း အအေးဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရိုးအဆစ်နာကျင်မှုကို အတွင်းပိုင်းကနေ အားဖြည့် ထောက်ပံ့ပေးနိုင်ဖို့...

💊 Glucart - အရိုးအဆစ်အားဖြည့်ဆေး က အသင့်တော်ဆုံးပါပဲ ။

Glucart မှာ အရိုးအဆစ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Glucosamine , Calcium & Vitamin D3 , MSM , Antioxidants တို့ပါဝင်တာကြောင့်
နာကျင်မှုကို လျှော့ချပေးနိုင်တဲ့အပြင် အေးတဲ့ရာသီဥတုမှာတောင် လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားဖို့ Ready ဖြစ်စေမှာပါ 💙🥰

မှာယူရန်- m.me/GlucartOfficialMyanmar မှ ဆက်သွယ်မှာယူနိုင်ပါတယ်။
ရန်ကုန်၊ မန္တလေး ပို့ဆောင်ခ အခမဲ့နဲ့ အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။

#အရိုးအဆစ်


#ခါးနာ #ဒူးနာ

ဆီမီးမြိုင်ဆိုင်ငြီးပါတဲ့  တန်ဆောင်တိုင်လပြည့်ညချမ်း အခါသမယလေးမှာ  ထွန်းညှိပူဇော်အပ်သော ဆီမီးအလင်းရောင်များကြောင့် ဒါန၊ ...
04/11/2025

ဆီမီးမြိုင်ဆိုင်ငြီးပါတဲ့ တန်ဆောင်တိုင်လပြည့်ညချမ်း အခါသမယလေးမှာ ထွန်းညှိပူဇော်အပ်သော ဆီမီးအလင်းရောင်များကြောင့် ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို မြဲမြံခိုင်ခံ့စွာလုပ်ဆောင်နိုင်၍ နိဗ္ဗာန်ချမ်းသာကို ရနိုင်ကြပါစေကြောင်း 𝐆𝐥𝐮𝐜𝐚𝐫𝐭 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 🙏🥰

#
#တန်ဆောင်တိုင်ဆုတောင်း
#တန်ဆောင်မုန်းလပြည့်
#အရိုးအဆစ်အားဖြည့်ဆေး

👉 ခါးကျီးပေါင်း ဆိုတာ ခါးရိုးဆစ်တွေမှာ ဖြစ်တတ်တဲ့ အရိုးအဆစ် ရောင်ရမ်းနာ (Osteoarthritis) ရဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ...
23/10/2025

👉 ခါးကျီးပေါင်း ဆိုတာ ခါးရိုးဆစ်တွေမှာ ဖြစ်တတ်တဲ့ အရိုးအဆစ် ရောင်ရမ်းနာ (Osteoarthritis) ရဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆေးပညာအရ Lumbar Spondylosis သို့မဟုတ် Degenerative Disc Disease (DDD) လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

‼️ အသက်အရွယ်ကြီးလာတာ၊ ထိုင်ပုံမမှန်တာနဲ့ ခါးကို အလွန်အကျွံ အသုံးပြုတာတွေကြောင့် ခါးရိုးဆစ်ကြားက အရိုးနုပြား (Discs) တွေ ပါးလွှာပြီး ရေဓာတ်ခန်းခြောက်လာပါတယ်။ ဒါ့အပြင် ရိုးဆက်တွေမှာ အရိုးအဖုလေးတွေ (Bone Spurs) ထွက်လာတတ်တာကြောင့် ဒီအရိုးအဖုလေးတွေက အာရုံကြောတွေကို ဖိမိတဲ့အခါ နာကျင်မှု စတင်လာတာ ဖြစ်ပါတယ်။

ခါးကျီးပေါင်းဖြစ်ပြီဆို လှုပ်ရှားမှုတစ်ခုခုလုပ်တဲ့အခါ တင်ပါး သို့မဟုတ် ခြေထောက်အထိ နာကျင်တတ်ပါတယ်။ မနက်အိပ်ယာထချိန် သို့မဟုတ် အကြာကြီး ထိုင်ပြီးချိန်မျိုးမှာ ခါးတောင့်တင်းတာ ခံစားရတတ်ပြီး အာရုံကြောဖိမိတဲ့အခါ ခြေထောက်တွေ ထုံကျဉ်တာ၊ အားနည်းတာ ဖြစ်တတ်ပါတယ်။😣

🔹 ဒီလိုအချိန်မှာ Glucosamine ၊ Calcium ၊ Vitamin D3 ၊ MSM နဲ့ Antioxidants တွေ ပေါင်းစပ်ပါဝင်တဲ့ Glucart ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးခြင်း ဖြင့် နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှုတွေကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေမှာပါ။

🔹 𝐆𝐥𝐮𝐜𝐚𝐫𝐭 ဟာ ခါးကျီးပေါင်းလို အရိုးအဆစ် ဝေဒနာတွေအတွက် နာကျင်မှုကို သက်သာစေရုံသာမကဘဲ အရိုးနုတွေကိုပါ ပြန်လည်အားဖြည့်စေနိုင်မှာ အသေအချာပါပဲရှင် 🥰💪

မှာယူရန်- m.me/GlucartOfficialMyanmar မှ ဆက်သွယ်မှာယူနိုင်ပါတယ်။
ရန်ကုန်၊ မန္တလေး ပို့ဆောင်ခ အခမဲ့နဲ့ အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။

#အရိုးအဆစ်


#ခါးနာ #ဒူးနာ

“ အသွားမတော်တလှမ်း “ လို့ပြောလိုက်ရင် ရုတ်တရက် ချော်လဲတာ၊ ထိခိုက်မိတာမျိုးကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့် အန္တရ...
16/10/2025

“ အသွားမတော်တလှမ်း “ လို့ပြောလိုက်ရင် ရုတ်တရက် ချော်လဲတာ၊ ထိခိုက်မိတာမျိုးကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့် အန္တရာယ် က ပိုနီးစပ်တဲ့နေရာမှာ ရှိနေပါတယ်။ အဲဒါကတော့ နေ့တိုင်းလုပ်နေတဲ့ လှုပ်ရှားမှုအမှားတွေပါပဲ။

အရိုးအဆစ် နာကျင်မှုတွေဟာ ရုတ်တရက်ကြီး ဖြစ်လာတာ မဟုတ်ဘဲ သင့်ရဲ့ နေ့စဉ် လှုပ်ရှားမှုပုံစံ မှားယွင်းခြင်း ကနေ အစပြုတာမို့ အမှားတွေကို ဆက်မလုပ်မိစေဖို့ အခုပဲ ဖတ်ကြည့်လိုက်ပါနော် ☺️

⚠️ အထိုင်များခြင်း

ဒူးကို အချိန်ကြာကြာ အပြည့်အဝကွေးထားခြင်း (ဥပမာ- ထိုင်ခုံမှာ ဒူးထောင်ထိုင်တာ၊ ခြေဖနောင့်ပေါ် ထိုင်တာ) ဟာ ဒူးခေါင်းအတွင်းပိုင်း ဖိအားကို မြင့်မားစေပြီး အရိုးနုတွေ ပျက်စီးဖို့ ပိုမိုလွယ်ကူစေပါတယ်။

⚠️ သက်သောင့်သက်သာမရှိသော ဖိနပ်များကို နှစ်ရှည်လများ စီးခြင်း

ဒေါက်မြင့်ဖိနပ် (သို့မဟုတ်) ခြေဖဝါးအတွက် သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေကို နေ့စဉ်စီးခြင်းဟာ လမ်းလျှောက်တဲ့အခါ ဒူးနဲ့ တင်ပါးဆစ်ဆီကို သက်ရောက်တဲ့ ဝန်အားကို မညီမမျှဖြစ်စေပြီး အရိုးအဆစ်တွေကို ပိုမိုပင်ပန်းစေပါတယ်။

⚠️ မှားယွင်းသော ကိုယ်ဟန်ဖြင့် အလေးအပင်မခြင်း

အောက်က ပစ္စည်းတစ်ခုခုကို ကောက်ယူတဲ့အခါ ကျောကုန်းကို ကုန်းပြီး မခြင်းက ခါးဆစ်တွေကို ဒဏ်ဖြစ်စေပါတယ်။ အမှန်တကယ်ကတော့ ဒူးကို ကွေး၊ ခါးကို ဖြောင့်တန်းစွာ ထားပြီး မမှသာ အဆစ်ဒဏ်ရာကနေ ကာကွယ်နိုင်မှာပါ။

⚠️ အရိုးအဆစ်တွေ အနားမပေးဘဲ ထပ်ခါတလဲလဲ လှုပ်ရှားခြင်း

အလုပ်တစ်ခုခုကို လုပ်တဲ့အခါဖြစ်စေ၊ အားကစားလုပ်တဲ့အခါဖြစ်စေ တစ်နေရာတည်းကိုပဲ အားပြုပြီး ထပ်ခါတလဲလဲ အနားမပေးဘဲ လှုပ်ရှားနေခြင်း (ဥပမာ- ဒူးထောက်ပြီး အလုပ်လုပ်ခြင်း) ဟာ အရိုးနု တိုက်စားနှုန်း ကို မြန်စေပါတယ်။

⚠️ အဝလွန်ခြင်း

သင့်ခန္ဓာကိုယ် အလေးချိန် ၁ ပေါင် တိုးတိုင်း ဒူးဆစ်ပေါ်ကို ဝန်ပိမှုဟာ (၄) ပေါင်ခန့် တိုးလာပါတယ်။ ကိုယ်အလေးချိန် များခြင်းဟာ အရိုးအဆစ်တွေကို ၂၄ နာရီပတ်လုံး ဖိအားပေးနေပြီး အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) ကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုပါပဲ။

👉အရိုးကျန်းမာရေးအတွက် ဒီလို လှုပ်ရှားမှုပုံစံအမှားတွေကို ရှောင်ရှား ဖို့ အရေးကြီးသလို ပျက်စီးစပြုနေတဲ့ အရိုးအဆစ်တွေကို ပြန်လည်အားဖြည့်ဖို့အတွက်လည်း လိုအပ်ပါတယ်။

🔹𝐆𝐥𝐮𝐜𝐚𝐫𝐭 မှာဆိုရင် Glucosamine, Calcium, Vitamin D3 တို့အပြင် အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေတဲ့ MSM နဲ့ အခြားသော antioxidants တွေ ပါဝင်ပေါင်းစပ်ထားတာမို့ တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အမျိုးမျိုးသော အရိုးအဆစ်ဝေဒနာတွေကို သက်သာစေမှာပါ။ 💙

မှာယူရန် - m.me/GlucartOfficialMyanmar

#အရိုးအဆစ်


#ခါးနာ #ဒူးနာ

🪔🎆 အခုလို ကြည်နူးပျော်ရွင်စရာ သီတင်းကျွတ်အချိန်ကာလလေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေ အများကြီးပြုရင်း ခန္ဓာက...
06/10/2025

🪔🎆 အခုလို ကြည်နူးပျော်ရွင်စရာ သီတင်းကျွတ်အချိန်ကာလလေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေ အများကြီးပြုရင်း ခန္ဓာကိုယ်နဲ့ အသက်အရွယ်ကြောင့် ကိုက်ခဲနာကျင်မှုတွေမရှိဘဲ ရွှင်လန်းတက်ကြွစွာ ကုသိုလ်ပွားများနိုင်ကြပါစေလို့ 𝐆𝐥𝐮𝐜𝐚𝐫𝐭 မိသားစုမှ တောင်းဆုပြုလိုက်ပါတယ်ရှင် 🥳💕

#သီတင်းကျွတ် #အဘိဓမ္မာအခါတော်နေ့

‼️အသက်အရွယ် ရလာတာနဲ့အမျှ လူတိုင်းနီးပါး မဖြစ်မနေကြုံတွေ့လာရမယ့် ပြဿနာတစ်ခုကတော့ အရိုးအဆစ် နာကျင်မှုပါပဲ။ ဒီပြဿနာဟာ ရှောင...
17/09/2025

‼️အသက်အရွယ် ရလာတာနဲ့အမျှ လူတိုင်းနီးပါး မဖြစ်မနေကြုံတွေ့လာရမယ့် ပြဿနာတစ်ခုကတော့ အရိုးအဆစ် နာကျင်မှုပါပဲ။

ဒီပြဿနာဟာ ရှောင်လွှဲလို့မရတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကြိုတင်ဂရုစိုက်မှုတွေ မလုပ်ထားဘူးဆိုရင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

👉 ဒီလိုအခက်အခဲတွေကို လျော့ပါးသက်သာစေဖို့ Glucart အရိုးအဆစ်အားဖြည့်ဆေးက ကူညီပေးနိုင်ပါတယ်ရှင် ။ Glucart မှာ ခန္ဓာကိုယ်ရဲ့ အရိုးနုလေးတွေကို အားဖြည့်ပေးနိုင်တဲ့ Glucosamine, Calcium, Vitamin D3 တို့အပြင်၊ အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေတဲ့ MSM နဲ့ အခြား antioxidant များပါ အချိုးကျပေါင်းစပ်ပါဝင်တာကြောင့် အရိုးအဆစ်ကျန်းမာရေးကို ထိရောက်စွာ အထောက်အကူပြုပေးနိုင်ပါတယ်ရှင် 🥰

ဒါ့ကြောင့် Glucart ကို နေ့စဉ် မှီဝဲပေးရုံနဲ့ အရိုးအဆစ်တွေကို ထိရောက်စွာ အားဖြည့်ရင်း အသက်အရွယ်မရွေး ကျန်းမာဖြတ်လတ်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါနော် 💪🤩

မှာယူရန်- m.me/GlucartOfficialMyanmar မှ ဆက်သွယ်မှာယူနိုင်ပါတယ်။
ရန်ကုန်၊ မန္တလေး ပို့ဆောင်ခ အခမဲ့နဲ့ အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။


#အရိုးအဆစ်


#ခါးနာ #ဒူးနာ

အမေးများကြတဲ့ Glucart - အရိုးအဆစ်အားဖြည့်ဆေး ကို  အရိုးအဆစ် နာကျင်မှ သောက်ရမှာလား ? ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်သင့်တာလ...
14/09/2025

အမေးများကြတဲ့ Glucart - အရိုးအဆစ်အားဖြည့်ဆေး ကို အရိုးအဆစ် နာကျင်မှ သောက်ရမှာလား ? ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်သင့်တာလား ? ဆိုတဲ့ “ လား “ များစွာကို ဒီနေ့မှာ အားလုံးသိရအောင် ရှင်းရှင်းလင်းလင်း ဖြေပေးသွားပါမယ်ရှင် ☺️

👉 အရိုးအဆစ်နာကျင်လာပြီဆို အနည်းနဲ့ အများတော့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ✅

📍အရိုးအဆစ်နာကျင်မှု ပြင်းထန်စွာ ခံစားနေရသူတွေအတွက် Treatment အနေနဲ့ သောက်သုံးမယ်ဆိုရင် တစ်နေ့ကို Glucart နှစ်လုံး ( RDA of Glucosamine -1500mg ) အထိ သောက်သုံးနိုင်ပါတယ်။

📍နာကျင်မှုတွေ သက်သာလာတဲ့အခါမှာတော့ Supplement အနေနဲ့ တစ်နေ့တစ်လုံး ပုံမှန် သောက်သုံးပေးနိုင်ပါတယ် ။

📍အရိုးအဆစ်ကျန်းမာရေးကို ကြိုတင်ဂရုစိုက်ချင်တဲ့သူတွေအတွက်လည်း Supplement အနေနဲ့ တစ်နေ့တစ်လုံး အမြဲတမ်း မှီဝဲပေးလို့ရပါတယ်ရှင် 🥰

👉အရိုးနုကို အားဖြည့်ပေးတဲ့ Glucosamine, Calcium, Vitamin D3 တို့အပြင် နာကျင်မှုကို သက်သာစေတဲ့ MSM နဲ့ antioxidant များလည်း ပါဝင်နေတဲ့ Glucart ဟာ အရိုးအဆစ်ကျန်းမာရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့အတွက် ဖြစ်မှသောက်မယ့်အစား မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့တော့ အကြံလေး ပေးပါရစေရှင် 💪🤩

မှာယူရန် - m.me/GlucartOfficialMyanmar

#အရိုးအဆစ်


#ခါးနာ #ဒူးနာ

✨ Glucart ရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပြီ  ✨ Glucart အရိုးအဆစ် အားဖြည့်ဆေး ၏ OA (အရိုးအဆစ်ရောင်ရောဂါ) လက္ခဏာလားဆိုတာ စစ်ဆ...
31/08/2025

✨ Glucart ရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပြီ ✨

Glucart အရိုးအဆစ် အားဖြည့်ဆေး ၏ OA (အရိုးအဆစ်ရောင်ရောဂါ) လက္ခဏာလားဆိုတာ စစ်ဆေးရင်း Phone Bill လက်ဆောင်ရယူနိုင်မယ့် အစီအစဉ်အတွက် ကံထူးရှင်များ ထွက်ပေါ်လာပါပြီ ‼️

ဒီအစီအစဉ်လေးကို စိတ်ဝင်တစားနဲ့ အချိန်ပေး ပါဝင်ကြတဲ့သူ အားလုံးကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် 🥰

Phone Bill ၃၀၀၀ စီ လက်ဆောင်ရရှိမယ့် ကံထူးရှင် ၁၀ ယောက်ကိုလည်း Congratulations ပါ 🥳💙

📌ကံထူးရှင်များအနေနဲ့ Page Messenger ကနေ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ( ၃) ရက်အတွင်း ဆက်သွယ်မှုမရှိပါက နောက်ထပ်ကံထူးရှင်များကို ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ giveaway တွေနဲ့ အရိုးအဆစ်ပြဿနာတွေနဲ့ ပတ်သတ်ပြီး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာတွေကိုလည်း တင်ပေးသွားမှာဖြစ်လို့ Glucart ရဲ့ Page ကို seefirst လုပ်ထားဖို့ မမေ့နဲ့နော် 😉

🦴အရိုးအဆစ်ကျန်းမာရေး Glucart က အားဖြည့်ပေး 🦴


#အရိုးအဆစ်


#ခါးနာ #ဒူးနာ

23/08/2025

နာကျင်နေတဲ့ ဒူးနဲ့ခါးကို နင်းတာ၊ နှိပ်တာတွေက ရေတိုမှာ ခဏတာ သက်သာသလို ခံစားရစေနိုင်ပေမယ့် ရေရှည်မှာတော့ ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ် ။ အခြေအနေဆိုးပါက နာတာရှည် ဒဏ်ဖြစ်စေရုံသာမက အာရုံကြောနဲ့ အရိုးအဆစ်တွေ ထိခိုက်ပျက်စီးစေတာမျိုးအထိပါ ဖြစ်စေနိုင်ပါတယ် 😣

🚨အရိုးအဆစ်နာကျင်မှုတွေက အတွင်းထဲရှိ အရိုးနုတွေ ပျက်စီးနေပြီဆိုတဲ့ လက္ခဏာဖြစ်တဲ့အတွက် စိတ်လိုက်မာန်ပါ မနင်းမနှိပ်လိုက်မိဖို့ အရေးကြီးပါတယ်။

👉Glucart မှာပါဝင်တဲ့ Glucosamine၊ Calcium နဲ့ Vitamin D3 တို့က အရိုးနုတွေကို အားဖြည့်ပေးပြီး MSM က အရိုးအဆစ်တွေ နာကျင်ခြင်းတွေကို ကူညီပေးနိုင်တဲ့အတွက် ဒူးနာ၊ ခါးနာတဲ့ဝေဒနာတွေကို သက်သာစေမှာပါ။

ဒါ့ကြောင့် ဒူးနဲ့ ခါး အရိုးအဆစ်တွေ နာကျင်လာတဲ့အခါ လွန်ကျွံစွာ မနင်းမနှိပ်လိုက်ဖို့နဲ့ Glucart ကဲ့သို့ အရိုးအဆစ်ကျန်းမာရေးအတွက် စိတ်ချရတဲ့ ဆေးတစ်လက်ကို ပုံမှန်မှီဝဲဖို့ လိုကြောင်း သတိလေးပေးလိုက်ပါရစေရှင် 🥰💪


#အရိုးအဆစ်


#ခါးနာ #ဒူးနာ

🔔 အရိုးအဆစ်ရောင်ရောဂါလက္ခဏာလား ဆိုတာ တူတူစစ်ဆေးရင်း Phone Bill လက်ဆောင်ယူရအောင်‌နော် … OA (Osteoarthritis) ဆိုတာကတော့ အရ...
09/08/2025

🔔 အရိုးအဆစ်ရောင်ရောဂါလက္ခဏာလား ဆိုတာ တူတူစစ်ဆေးရင်း Phone Bill လက်ဆောင်ယူရအောင်‌နော် …

OA (Osteoarthritis) ဆိုတာကတော့ အရိုးအဆစ်ရောင်ရောဂါ (Arthritis) အမျိုးအစားတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ် ။ ဒီရောဂါဟာ အဆစ်တွေကြားက အရိုးနုတွေ တဖြည်းဖြည်း ပျက်စီးလာတာကြောင့် ဖြစ်လာရခြင်းဖြစ်ပြီး အများအားဖြင့် ဒူး၊ ခါး၊ တင်ပါး နဲ့ လက်ဆစ်တွေမှာ အဖြစ်များပါတယ်။

👉 သင့်အနေနဲ့ OA လက္ခဏာတွေ ခံစားနေရပြီလားဆိုတာ သိနိုင်ဖို့ အောက်ပါမေးခွန်း ၅ ခုကို ဖြေကြည့်နိုင်ပါတယ်။

1️⃣ ဒူး၊ လက်ဆစ်၊ ကျောရိုးလို လှုပ်ရှားမှုများတဲ့ အရိုးအဆစ်တွေမှာ လှုပ်ရှားလိုက်တာနဲ့ နာကျင်မှု ခံစားရပါသလား ?

2️⃣ မနက်အိပ်ယာထတဲ့အခါ ဒါမှမဟုတ် အကြာကြီးထိုင်ပြီးတဲ့အခါမျိုးမှာ အဆစ်တွေ တောင့်တင်းနေတတ်ပါသလား ?

3️⃣ ဒူးကို အပြည့်အဝကွေးလို့ မရတော့တာ၊ ပစ္စည်းကောက်ဖို့ ခါးမကုန်းနိုင်တော့တာမျိုးတွေ ဖြစ်နေပါသလား ?

4️⃣ ဒူးအဆစ်လှုပ်ရှားရင် အသံတွေ ထွက်နေပါသလား ?

5️⃣ ရောင်ရမ်းနေတဲ့ အရိုးအဆစ်နေရာတွေကို ထိကြည့်လိုက်ရင် အလွန်အမင်း နာကျင်တာ ဒါမှမဟုတ် နွေးနေတာမျိုး ခံစားရပါသလား ?

အထက်ပါ မေးခွန်းများထဲကမှ 2 ခုအထက် ဖြစ်နေတယ် ဆိုရင်တော့ OA လက္ခဏာ ဖြစ်နေဖို့ % များတာကြောင့် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ဒါ့အပြင် အရိုးနုတွေကို အားဖြည့်ပေးနိုင်တဲ့ Glucart အရိုးအဆစ် အားဖြည့်ဆေးကို မှန်မှန်သောက်သုံးပေးလို့လည်း ရပါတယ် 😍

ဒါဆို Phone Bill လက်ဆောင်ရယူဖို့အတွက်

🔹Page ကို Like & Follow လုပ်ပေးပါ ။

🔹ယခု Post ကို Public နဲ့ Like & Share ပေးပါ ။

🔹အထက်ပါ မေးခွန်းတွေထဲက ဖြစ်နေတဲ့ လက္ခဏာတွေကို Cmt မှာ Share ထားတဲ့ Screen shot နဲ့ တကွ မန့်ပေးရုံပါပဲ ။

August (30 ) ရက်နေ့မှာ မန့်ထားတဲ့ သူတွေထဲကမှ 10 ယောက် တိတိကို Phone Bill 3000 စီ ပေးသွားမှာ ဖြစ်လို့ OA လက္ခဏာလည်း စစ်ရင်း Phone Bill လက်ဆောင်ရယူဖို့ ခုပဲ ဒီအစီအစဉ်လေးမှာ ပါဝင်လိုက်တော့နော် 😉💙


#အရိုးအဆစ်


#ခါးနာ #ဒူးနာ

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းမှာ အရိုးအဆစ်တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်  အသက်ကြီးလာတာကြောင့်ဖြစ်...
29/07/2025

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းမှာ အရိုးအဆစ်တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာကြောင့်ဖြစ်စေ, လှုပ်ရှားမှုတွေကြောင့်ပဲဖြစ်စေ အရိုးအဆစ် နာကျင်မှုတွေကို ခံစားရတတ်ပါတယ် 😣

ဒီလို နာကျင်မှုတွေကို သာမန်လို့ ထင်ပြီး ပေါ့ဆလိုက်မယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။

👉 အရိုးအဆစ်နာကျင်မှုတွေကို ပေါ့ဆလိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့

🔺နာတာရှည် ဒဏ်နာကျင်မှုများ ဖြစ်ပေါ်လာခြင်း
🔺သာမန်လှုပ်ရှားမှုတွေမှာပါ ခက်ခဲလာခြင်း
🔺အရိုးအဆစ် ရောင်ရမ်းမှုများ ပိုဆိုးလာခြင်း
🔺အရိုးအဆစ် ပုံသဏ္ဌာန် ပြောင်းလဲခြင်း သို့မဟုတ် ပျက်စီးခြင်း စတာတွေကနေ

Osteoarthritis (OA) လို့ခေါ်တဲ့ အရိုးအဆစ်ရောင်ရမ်းနာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ် 😨

ဒါကြောင့် အရိုးအဆစ် နာကျင်မှုတွေကို လုံးဝပေါ့ဆလို့ မရပါဘူး။ စောစီးစွာ ဂရုစိုက်ပြီး ကုသမှုခံယူတာက နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ💯

Glucart မှာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးနုလေးတွေကို အားဖြည့်ပေးနိုင်တဲ့ Glucosamine, Calcium, Vitamin D3 တို့အပြင် အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေတဲ့ MSM နဲ့ အခြား antioxidant များ အချိုးကျပေါင်းစပ်ပါဝင်တာကြောင့် အရိုးအဆစ်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ် 💪

ဒါကြောင့် အရိုးအဆစ် နာကျင်လာတဲ့အခါ မပေါ့ဆမိဖို့နဲ့ Glucart ကဲ့သို့ အရိုးအဆစ်ကျန်းမာရေးအတွက် စိတ်ချရတဲ့ ဆေးတစ်လက်ကို ပုံမှန်မှီဝဲဖို့ သတိလေးပေးလိုက်ပါတယ်ရှင် 🥰💙


#အရိုးအဆစ်


#ခါးနာ #ဒူးနာ

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951299555

Alerts

Be the first to know and let us send you an email when Glucart - အရိုးအဆစ်အားဖြည့်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Glucart - အရိုးအဆစ်အားဖြည့်ဆေး:

Share

အရိုးအဆစ် ကျန်းမာရေး Glucart “ဂလူကတ်” က အားဖြည့်ပေး

Glucart - အရိုးအဆစ်အားဖြည့်ဆေး ဆိုတာ….အရိုးအဆစ်များ ကြံ့ခိုင်အောင် အားဖြည့်ပေးပြီး ခံစားနေရသော အရိုးအဆစ်ရောဂါအမျိုးမျိုးကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ အရိုးအဆစ်အားဖြည့်ဆေးပဲ ဖြစ်ပါတယ်……