Dr.Chit Kaung -OG

Dr.Chit Kaung -OG Obstetrician & Gynaecologist

(ကိုယ်၀န်ဆောင်နှင့်အမျိုးသမီးကျန်းမာရေး)

10/12/2023

မကုသခင် စစ်ဆေးပါ

ရောဂါဘယ မဖြစ်အောင် ကျန်းမာစွာနေထိုင်နိုင်ခြင်းဟာအကောင်းဆုံးပါပဲ၊ တစ်ဖက်ကနေလည်း မိမိကျန်းမာရေးကို အမြဲစောင့်ကြည့် စစ်ဆေးသင့်ပါတယ်။

ရောဂါ အသေးအမွှားလေးတွေကအစ ဂရုစိုက်ပြီး သေချာစစ်ဆေး ကုသမှုခံယူသင့်ပါတယ်။အခုခေတ်လို အလုပ်အကိုင်အချိန်ပေးပြီးမအားလပ်အောင် ကြိုးစားနေရတဲ့ ခေတ်မှာ သင့်ကျန်းမာရေးကို အလေးထားစစ်ဆေးဖို့အတွက်--
☑️ဝန်ဆောင်ခသက်သာခြင်း
☑️24 နာရီ အချိန်ပြည့်ဝန်ဆောင်မှုရှိခြင်း
☑️ရောဂါအမျိုးအစားစုံလင်စွာစစ်ဆေးပေးနိုင်ခြင်း
☑️ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများရှိခြင်းကျယ်ဝန်းပြီး သန့်ရှင်းသော အခန်းများ
☑️စိတ်ရှည်သည်းခံပြီး ဂရုစိုက်မှုအပြည့်ပေးသောဆေးရုံဝန်ထမ်းများရှိခြင်း
☑️သွားလာရလွယ်ကူသော တည်နေရာတွင် ရှိနေခြင်း
ဒီလို အကောင်းဆုံး ဝန်ဆောင်မှု တွေကို ချမ်းသာသုခ အထွေးထွေးရောဂါကုဆေးရုံကြီးက ပေးနေတာဖြစ်ပါတယ်။

အမှတ်(ဒ/၉၄)၊ ‌တပင်ရွှေထီးလမ်း[ထိပ်](သရက်ပင်ဘုန်း‌တော်ကြီးကျောင်းဘေး)အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့ ၊ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ---
09425803733 / 09425803734/ 09443977480 / 09443977415 / 09443977492



Check Up

Vacancy announcement!
08/10/2023

Vacancy announcement!

Vacancy

Jr Accountant (F) -- 1-Post
Receptionist/Cashier(F). --- 1Post
HR assistant --(F) -1Post

pls submit CV to--- (within one week)

chantharthukhahospital2020@gmail.com

လူနာများကမေးတယ်--------------------Q--- ဆရာ ဘယ်ကိုယ်၀န်ဆောင်အားဆေးကအကောင်းဆုံးလဲ? ဆရာဆိုဘယ်အားဆေးကိုညွှန်မှာလဲ?  တဲ့လေ--...
24/07/2023

လူနာများကမေးတယ်
--------------------

Q--- ဆရာ ဘယ်ကိုယ်၀န်ဆောင်အားဆေးကအကောင်းဆုံးလဲ? ဆရာဆိုဘယ်အားဆေးကိုညွှန်မှာလဲ? တဲ့လေ--

A---
ကိုယ်၀န်ဆောင် အားလုံးကအာနိသင်နဲ့ ပါ၀င်ပစ္စည်း (အများစု)အတူတူနီးပါးပါပဲ။

အချို့ဆေးများက Folic Acid ပိုထည့်ထားတယ်။ အချို့ က B12 B1 စတဲ့ အားဆေးတွေ အချိုး ချိန် ညှိထည့်ကြတယ်။ အချို့ က Omega 3 စတဲ့ ဆေးတွေ ထပ်တိုး ထည့်ကြတယ်။
အချို့ဆေးတွေက ကိုယ်၀န်ဆောင်ချိန်မှာ လျော့သောက်သင့်တဲ့ ဆေးတွေကို အချိုးကျလျော့ထည့်ကြတယ်။ (ကိုယ်၀န်ဆောင်အားဆေးရဲ့ သာမာန်အားဆေးများကနေ အဓိက အပြောင်းလဲကဒါပါပဲ)

သာမာန် လူတိုင်းသောက်သုံးသင့်တဲ့ အားဆေးတွေမှာ ပါ၀င်တဲ့ဆေးအချိုးပြန်ညှိထားတာဟာကိုယ်၀န်ဆောင်အားဆေးပါပဲ။

ဒါ့ကြောင့်လူတိုင်းသောက်နိုင်တဲ့သာမာန်အားဆေးကို ကိုယ်၀န်ဆောင်တိုင်းသောက်ရန်မသင့်တဲ့အတွက် ကိုယ်၀န်ဆောင်သီးသန့်သောက်ဖို့ ပါ၀င်တဲ့ ဆေးပစ္စည်းအချိုးပြန်ညှိ ထားတဲ့အားဆေးကို ကိုယ်၀န်ဆောင် အားဆေးအဖြစ် ထုတ်လုပ်ဖြန့်ချီလာကြတာဖြစ်ပါတယ်။

အချို့သောကိုယ်၀န်ဆောင်အားဆေးတွေမှာအပိုထည့်ထားတဲ့ဆေးရှိတတ်ပြီး ၄င်းဆေးဟာ မိမိလူနာအတွက် တကယ်လိုအပ်သောဆေးဖြစ်မဖြစ် ကို OG တယောက်အနေနဲ့ သုံးသပ်ပြီးပေးကြရလေ့ရှိပါတယ်။

(ဥပမာ ဖောလစ်အက်ဆစ် ပိုလိုအပ်မယ့်လူနာမျိုးကို ဖောလစ်အက်ဆစ် ပိုပါတဲ့ဆေးရွေးချယ်ပေးတာမျိုး)

ကျနော်တို့ ဆေးညွှန်တဲ့ အခါ---
*ပါ၀င်တဲ့ဆေးပစ္စည်း အချိုးအစား ပမာဏမှန်/မမှန်
*ဆေးပစ္စည်း ထုတ်လုပ်တဲ့ အရည်အသွေး ကောင်း/မကောင်းအာမခံချက်ပေးနိုင်တဲ့စိတ်ချရတဲ့ ထုတ်လုပ်သူ(Manufacturer)ဟုတ်မဟုတ်
*စျေးနှုန်းသင့်တော်မှုရှိမရှိ၊
*အလွယ်တကူရနိုင်/မရနိုင်၊စတာတွေကိုပဲအဓိကထားရွေးချယ် ကြရပါတယ်။

အားမနာတမ်းပြောရရင် ဆေးအများစုက
စျေးနဲ့ ထုပ်ပိုးမှု ကြော်ငြာအားပဲကွာကြတာပါ(ဥပမာ BPI ပါရာစီတမောနဲ့ နာမည်ကြီး Brandပါရာစီတမော တခု နဲ့ကွာသလိုမျိုးပါ)

သက်သက်သာသာနဲ့ အချိုးအစားမျှတတဲ့ ကိုယ်၀န်ဆောင် ဆေးဖြစ်ရင် ရပါပြီ။

ကျနော်ကတော့ Brand စွဲမ​ညွှန်လိုပါ။ ပါ၀င်ပစ္စည်းပဲအဓိကထားသုံးပါတယ်။ ပါ၀င်ပစ္စည်းချင်း နဲ့ Quality တူရင် စျေး သက်သာတာကိုပဲ ညွှန်ပါတယ်။

(Just for patients' information)

ကိုယ်၀န်ဆောင်နဲ့ ယုံမှတ်မှားမှုများ-၂

Dr.CK_OG@24/7/2023

လူနာတိုင်းကို ဆရာ၀န်တစ်ယောက်ရဲ့တာ၀န်ကျေအောင်မက ကြိုးစားလျက်ပါ🥰🥰🥰
04/07/2023

လူနာတိုင်းကို ဆရာ၀န်တစ်ယောက်ရဲ့တာ၀န်ကျေအောင်မက ကြိုးစားလျက်ပါ

🥰🥰🥰

🥇🥇🥇ချမ်းသာသုခဆေးရုံအတွက်အားဆေးလေးပါ🥇🥇🥇

ခုလို Review လေးကို အကြံပြုစာပုံးထဲကရရှိဖတ်ရှုရပြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်။

တကယ်တော့ လည်ပတ်တာမကြာသေးတဲ့ ဆေးရုံအသစ်ဖြစ်တာမို့ လုပ်ငန်း၀န်ဆောင်မှုပေးရာမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်🙏🙏🙏🙏

ဒါပေမယ့် လိုအပ်ချက်တွေကိုနေ့စဥ်ကြည့်ရှု သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက် လျက်ရှိတာကို လူနာနဲ့ မိဘပြည်သူများကိုအသိပေးလိုပါတယ်

***အဓိက လူနာကုသရေးမှာ အမှားအယွင်း မရှိစေရေး စံချိန် စံညွှန်းများနဲ့အညီ ထိရောက်သောဆေးကုသမှုရရှိနိုင်ရေး

***ကုသမှုအထောက်အကူပစ္စည်းများ၊ ဆေးနဲ့ ဆေးပစ္စည်းများ အလုံလောက် ရှိစေရေး

***ကျွမ်းကျင်သော တတ်သိပညာရှင်များ ၀န်ထမ်းများဖြင့်ကုသ​ပေးနိုင်ရေး

***လူနာများ ဆေးကုသမှုခံယူစဥ် အတတ်နိုင်ဆုံးစိတ်ချမ်းသာစွာ နေနိုင်ရေး

***ကုသစားရိတ် ၀န်ဆောင်စားရိတ်များသက်သာနိုင်သမျှ အသက်သာဆုံးဖြစ်စေရေး

***ကျန်းမာရေးစောက်ရှောက်မှုပေးနေကြသော ဆရာ၀န် ဆရာမ ၀န်ထမ်းများ လည်း အဆင်ပြေပြေ၀န်ဆောင်မှုပေးနိုင်ရေးအတွက်အဘက်ဘက်က ဟန်ချက်ညီအောင် မျော်မှန်း ကြိုးစားလျက် ရှိပါတယ်။

🗣🗣🗣လူနာတိုင်း မည့်သည့်အချိန်မဆို ဆေးကုသမှု ခံယူနိုင်အောင်၂၄နာရီ ၀န်ထမ်းအင်အားအပြည့် အစုံဖြင့်၀န်ဆောင်မှုပေးနေပါတယ်။🗣🗣🗣

အချို့သော စိတ်အနှောင့်အယှက် ဖြစ်ရမှုများ အဆင်မပြေမှုများ ရှိခဲ့ပါကလည်း ချမ်းသာသုခဆေးရုံအနေဖြင့်တောင်းပန်အပ်ပါကြောင်း ယခုထက်ပို၍ အဆင်ပြေသော၀န်ဆောင်မှုများ ပေးနိုင်အောင် အမြဲ ကြိုးစားနေမည်ဖြစ်ပါကြောင်းး----


#ချမ်းသာသုခဆေးရုံ_သန်လျင်
(ThanLyin)

တွယ်ဂျိတ်နဲ့ ဒေါ်ဗိုက်============== ဆေးခန်းOPD ကိုလာပြသော ဒေါ်ဗိုက် လေးတွေလှမ်းဝေ့ကြည့်မိရာက ပြုံးမိသွားသည်။ အနည်းဆုံးတ...
21/01/2023

တွယ်ဂျိတ်နဲ့ ဒေါ်ဗိုက်
==============

ဆေးခန်းOPD ကိုလာပြသော ဒေါ်ဗိုက် လေးတွေလှမ်းဝေ့ကြည့်မိရာက ပြုံးမိသွားသည်။

အနည်းဆုံးတော့ ၁၀ယောက်မှာ ၅ယောက်လောက်က ဗိုက်ဖုံးအင်္ကျီ မှာ တွယ်ဂျိတ် (ချိတ်)လေးတွေထိုးထားကြသည်မို့------

စမ်းသပ်ခန်းထဲ ရောက်တော့ တွယ်ဂျိတ်နဲ့ ဒေါ်ဗိုက်တစ်ယောက်ကို ကိုယ်ကမေးပြီ----

"ကဲ ဂျီးတော်လေး ကလေးလှုပ်လား ထွားလာရဲ့လား ဆီး၀မ်းပုံမှန်သွားရဲ့လား နာသေးဖျားသေးလား ဘာဆင်းသေးလဲ စသဖြင့် ----
ဒီထိ အိုကေ၊ မေးသူဖြေသူ အသံတူနေသေးသည်။

စမ်းသပ် မှာကြားတာတွေ အားလုံး ပြီးသွားတော့ မိမိသိချင်မေးချင်သော မေးခွန်းကို မေး ဖြစ်အောင် မေးမိတော့သည်။

မိမိ ===="ဂျီးတော်လေးဗိုက်ကဟာလေး က ဘာတုန်း?"

ဗိုက်ကလေး=== "တွယ်ချိတ် (ဂျိတ်)ပါဆရာ 😁😁"
(ရယ်ကျဲကျဲနဲ့)

မိမိ=== " ဘာလို့ချိတ်ထားတာတုန်း🙄?"
(သိချင်ပုံဖြင့်)

ဗိုက်ကလေး===" လူကြီးတွေက ဗိုက်ပြသွားရင် တပ်ခိုင်းထားလို့ပါ🤫"

မိမိ ==== " တပ်ထားရင် ဘာဖြစ်တယ်တဲ့လဲ 🤔"

ဗိုက်ကလေး ==== "မကောင်းဆိုး၀ါးတွေမကပ်အောင်ဆိုလားဘာလားပဲဆရာ 😂😂😂"

မိမိ==== " အဲ့တော့ မကပ်တော့ဘူးတဲ့လား😁😁??

ဗိုက်ကလေး==== " အဲ့ဒါတော့ မသိဘူးလေဆရာ ဟီးဟီး😁😁"

အင်းးးးးး

အဲဒါနဲ့ လူနာဗိုက်ကလေးကို နည်းနည်းလျာရှည်မိလိုက်တယ်----
" အေးသမီးရယ် အကယ်၍ ဆရာသာ ကုန်းဘောင်ခေတ် ပုဂံခေတ်က နာနာဘာ၀ဖြစ်ပြီး သမီးတို့နား ရောက်လာမိရင် အရင်ဆုံး သမီးတို့ကို လာမေးမိမှာပဲ (ဂျိတ်ကလေးကို) အဲ့ဒါဘာလေးလဲ ဟင် ဆိုပြီးတော့ 🤣🤣🤣"

(ဟုတ်တယ်လေ အဲ့လိုဆိုကိုယ်မှ မသိတာကိုစူးစမ်းမိမှာပေါ့)
--
--
--
--
--
ဒီတော့ ဉာဏ်ကောင်းတဲ့ ကျနော့်လူနာ ဗိုက်ကလေးဟာ ဆိုရင်ဖြင့်
-
-
-
- "ဟာဆရာ အဲ့လ်ိုဆို နောက် အဲ့ဒီချိတ်သမီးမတပ်တော့ဘူး😖😖😖" ဟုဆိုကာ

ပြန်လေသတည်း-----

(ကိုယ်၀န်ဆောင်နှင့် ပတ်၀န်းကျင်စကား ယုံမှတ်မှားမှုများ-1)

Dr. CK-OG @ 2023

ပျော်ရွှင် ကျန်းမာ ပြည့်စုံသော နှစ်သစ်တစ်နှစ် ပိုင်ဆိုင်နိုင်ကြပါစေ😊😊😊
01/01/2023

ပျော်ရွှင် ကျန်းမာ ပြည့်စုံသော နှစ်သစ်တစ်နှစ် ပိုင်ဆိုင်နိုင်ကြပါစေ😊😊😊

👍👍👍
19/06/2022

👍👍👍

18/09/2020

Free of Charge Consultation
======================

Registrationမလို
ငွေမလို
မိမိ ဘယ်သူလဲ မဖြစ်မနေဖော်ပြရန်မလိုဘဲ
ကျန်းမာရေးပြဿနာများကို မိမိတတ်အားသရွေ့ တိုင်ပင်ဆွေးနွေးပေးလျှက်ရှိပါတယ်။

မိမိရဲ့ကျန်းမာရေးပြသနာများ အထူးသဖြင့် ကိုယ်၀န်ဆောင်နဲ့ အမျိုးသမီးကျန်းမာရေးပြသနာများကို အချိန်ရတာနဲ့ ပြန်ဖြေပေးလျှက်ရှိပါတယ်။

မိမိသိလိုသည်များကို Page ရဲ့message box မှတဆင့် ရှင်းလင်းတိကျစွာ မေးမြန်းနိုင်ပါတယ်။

(Unicode font သုံးစွဲသူ များအတွက် ပိုအဆင်ပြေပါမယ်)

Covid 19 ကပ်ရောဂါကာလကို ကျန်းမာစွာ နဲ့ဖြတ်ကျော်ကြရအောင်ပါ
Good luck to you all!!



DrCK-OG@2020

18/06/2020

Just for knowledge!!

ကိုယ်၀န် ၃၇ပတ် နောက်ပိုင်း မွေးဖွားခြင်း


Video Credit: babycentre.com

18/06/2020

Just for knowledge!!

ကိုယ်၀န် ၂၈ပတ်မှ ၃၇ပတ်အတွင်းဖွံ့ဖြိုးပြောင်းလဲမှု


Video Credit: babycentre.com

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr.Chit Kaung -OG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Chit Kaung -OG:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram