PROBIO

PROBIO ကြီးထွားကျန်းမာ PROBIO ပါ

မွေးမြူရေးလုပ်ငန်းရှင် မိတ်ဆွေတို့အတွက် 𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ အသိပေးနှိုးဆော်ချက် 📢အခုတလော ဖြစ်ပေါ်နေတဲ့ ကား "စုံ/မ" စနစ်တွေနဲ့ စက်...
02/04/2026

မွေးမြူရေးလုပ်ငန်းရှင် မိတ်ဆွေတို့အတွက် 𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ အသိပေးနှိုးဆော်ချက် 📢

အခုတလော ဖြစ်ပေါ်နေတဲ့ ကား "စုံ/မ" စနစ်တွေနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် ကုန်စည်စီးဆင်းမှုမှာ အနည်းငယ် ကြန့်ကြာတာမျိုးတွေ ရှိနေပါတယ်။ ဒါ့အပြင် မကြာခင်မှာ သင်္ကြန်ရုံးပိတ်ရက်ရှည်ကြီးကလည်း ရောက်တော့မှာဆိုတော့ ပစ္စည်းပို့ဆောင်ရေးပိုင်းမှာ ပုံမှန်ထက် ပိုကြာသွားနိုင်ပါတယ်ရှင်။

ဒါကြောင့်မို့လို့... ကိုယ့်ရဲ့ မွေးမြူရေးခြံထဲမှာ ပစ္စည်းပြတ်လပ်မှု မရှိစေဖို့နဲ့ အချိန်မီ လက်ဝယ်ရရှိစေဖို့အတွက် 𝗣𝗥𝗢𝗕𝗜𝗢 အူလမ်းကြောင်းအားဖြည့်ဆေးတွေကို အခုကတည်းက ကြိုတင်မှာယူထားကြဖို့ တိုက်တွန်းပါရစေရှင်။

--------------------------------------

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

ကြက်လည်လိမ်ရောဂါ (Newcastle Disease)ဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု)ကြက်လည်လိမ်ရောဂါ (Newcastle disease) သည် နှစ်ပေါင်းမ...
01/04/2026

ကြက်လည်လိမ်ရောဂါ (Newcastle Disease)

ဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု)

ကြက်လည်လိမ်ရောဂါ (Newcastle disease) သည် နှစ်ပေါင်းမြောက်များစွာကတည်းက ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ကြက်မွေးမြူရေးလောကကို ခြိမ်းခြောက်လျှက်ရှိသည်။ မြန်မာသာမက ကမ္ဘာ့နိုင်ငံအများစုတွင်လည်း အိမ်မွေးကြက်များနှင့် ကြက်ငှက်မျိုးနွယ်စုအတွင်း အလွန်ကူးစက်တတ်သော ရောဂါဖြစ်သည်။ ဤရောဂါဖြစ်ပွားစေသော ဗိုင်းရပ်မျိုးစိတ်သည် ပြင်းထန်ပြီး လူသို့ပင် ကူးစက်တတ်သေးသည်။ ကြက်များတွင် ဖြစ်ပွားနှုန်းများသကဲ့သို့ သေနှုန်းလည်း မြင့်မားစေသည်။ ဤရောဂါသည် မွေးမြူသူတို့အတွက် စီးပွားရေးအရ လွန်စွာပျက်စီးဆုံးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အားကိုးအားထားရသော အသား (animal protein) ထုတ်လုပ်မှုကို ထိခိုက်စေပါသည်။ ထို့ကြောင့် ကြက်လည်လိမ်ရောဂါသည် အထူးအလေးထားရန် လိုအပ်သော ရောဂါတစ်ခုအဖြစ် မှတ်ယူစေချင်ပါသည်။

✅ ရောဂါဖြစ်စေသောပိုး (အန္တရာယ်အဆင့်လိုက်)

၁။ 𝐕𝐞𝐥𝐨𝐠𝐞𝐧𝐢𝐜 𝐕𝐢𝐬𝐜𝐞𝐫𝐨𝐭𝐫𝐨𝐩𝐢𝐜 𝐬𝐭𝐫𝐚𝐢𝐧။ ။ ဤမျိုးစိတ်သည် ကြက်အမြောက်အများကို သေစေနိုင်သော ဗိုင်းရပ်ပိုးမျိုးစိတ်ဖြစ်သည်။ ကြက်တို့၏ အူလမ်းကြောင်းကို ပျက်စီးစေပြီး ဖြစ်ပွားသောကြက်အားလုံး (100 %) သေဆုံးနိုင်သော အပြင်းစားရောဂါပိုးဖြစ်သည်။

၂။ 𝐕𝐞𝐥𝐨𝐠𝐞𝐧𝐢𝐜 𝐍𝐞𝐮𝐫𝐨𝐭𝐫𝐨𝐩𝐢𝐜 𝐬𝐭𝐫𝐚𝐢𝐧။ ။ ဤပိုးမျိုးစိတ်သည်လည်း အလားတူ (100%) ဖြစ်ပွားသည့် ကြက်တိုင်းသေနိုင်သော ရောဂါပိုးမျိုးစိတ်ဖြစ်သည်။ အသက်ရှူလမ်းကြောင်းနှင့် အာရုံကြောစနစ်တို့ကို တိုက်ခိုက်ဖျက်စီးသည်။

၃။ 𝐌𝐞𝐬𝐨𝐠𝐞𝐧𝐢𝐜 𝐬𝐭𝐫𝐚𝐢𝐧။ ။ ဤရောဂါပိုးမျိုးစိတ်သည် အသက်ရှူလမ်းကြောင်းနှင့် အာရုံကြောစနစ်ကို တိုက်ခိုက်သည့်ပိုးဖြစ်သည်။ သို့သော် အထက်ပါမျိုးစိတ်များလောက်မပြင်းထန်ပါ။ အရွယ်ရောက်ပြီးကြက်များတွင် သေနူန်းနည်းပြီး ကြက်ငယ်များတွင်မူ (50%) အထိ သေနှုန်းမြင့်မားစေသည့် မျိုးစိတ်ဖြစ်သည်။

၄။ 𝐥𝐞𝐧𝐭𝐨𝐠𝐞𝐧𝐢𝐜 𝐬𝐭𝐫𝐚𝐢𝐧 ။ ။ ဤရောဂါပိုးမျိုးစိတ်သည် အသက်အရွယ်မရွေး ကြက်တို့၏ အသက်ရှူလမ်းကြောင်းသာ တွယ်ကပ်တတ်ပြီး အသေအပျောက်ဖြစ်အောင် တိုက်ခိုက်ခြင်းမရှိသောမျိုးစိတ်ဖြစ်သည်။

၅။ 𝐥𝐞𝐧𝐭𝐨𝐠𝐞𝐧𝐢𝐜 𝐚𝐬𝐲𝐦𝐩𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐬𝐭𝐫𝐚𝐢𝐧 ။ ။ ဤရောဂါပိုးမျိုးစိတ်သည် ကြက်တို့တွင် တွေ့ရသော်လည်း မည်သည့်ရောဂါမျှ မပေးသကဲ့သို့ မည်သည့်ရောဂါလက္ခဏာမှ မပေါ်စေနိုင်ပါ။ ကြက်ချေးနှင့် တောဘဲ (wild duck) တို့မှ ရှာဖွေတွေ့ရှိသည့် မျိုးစိတ်ဖြစ်သည်။ ဤမျိုးစိတ်သည် သိပ်အရေးမပါသောမျိုးစိတ်ဟု ဆိုနိုင်ပါသည်။

ကုသမှု (Treatment)

ဗိုင်းရပ်စ်ကြောင့်ဖြစ်၍ သီးသန့်ကုသဆေး မရှိပါ။ နောက်ဆက်တွဲဘက်တီးရီးယားရောဂါများ မဝင်ရောက်စေရန် ပဋိဇီဝဆေး (Antibiotics) ၄-၅ ရက် တိုက်ကျွေးရန် အရေးကြီးပါသည်။

✅ ကာကွယ်ကုသခြင်း (Prevention is CRITICAL) - စနစ်တကျ ကာကွယ်ဆေးထိုးနှံခြင်း (Vaccination)

၁) ဒေသနှင့် မွေးမြူမှုစနစ်နှင့် ကိုက်ညီသော ကာကွယ်ဆေးကို ရွေးချယ်ပါ။ (Lasota, VG/GA စသည့် ထိရောက်မှုရှိသော မျိုးကွဲများ) ပုံမှန်အချိန်ဇယားအတိုင်း အကြိမ်ကြိမ်ထိုးပါ။ (ဥပမာ - ကြက်ငယ်အရွယ်မှ စတင်ပြီး ၁ လ/၄၅ ရက်/၂ လ တစ်ကြိမ်)

၂) ကာကွယ်ဆေးထိုးပြီးနောက် အသက်ရှူလမ်းကြောင်း ပြဿနာမဖြစ်စေရန် ကြိုတင်စီမံပါ။

၃) ကာကွယ်ဆေးအာနိသင် ကောင်းမကောင်း သိရန် Antibody Titer Test ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါ။

၄) ကြက်များ ကျန်းမာနေမှသာ ကာကွယ်ဆေးထိုးပါ။

၅) အေးသောအချိန် (နံနက်စောစော) တွင် ထိုး/တိုက်ပါ။

၆) အဝင်အထွက်လူများ၊ ပစ္စည်းများကို ထိန်းချုပ်ပါ။

၇) ခြံအတွင်း သန့်ရှင်းမှုနှင့် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပါ။

✅ သတိပေးချက် - ဤရောဂါဖြစ်ပွားလျှင် သေနှုန်းမြင့်မားခြင်း၊ ထုတ်လုပ်မှု လုံးဝကျဆင်းခြင်း၊ စီးပွားရေးအလွန်ထိခိုက်ခြင်းတို့ကို မလွဲမသွေခံစားရမည်။ ဥကြက်မများ ဥဉနည်းခြင်း၊ ဥပျော့ခြင်း၊ ဥပုံသဏ္ဌာန် မမှန်ခြင်းတို့ဖြစ်၍ ဝင်ငွေကြီးစွာ ဆုံးရှုံးစေပါသည်။ အသားကြက်များ အစာစားနည်း၊ ကြီးထွားနှုန်းကျခြင်း၊ အသားအရည်အသွေးညံ့ခြင်းတို့ ဖြစ်စေပါသည်။

ဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု)

Reference:

- Newcastle by Meulemans,F Rauw & Th van den Berg, Manual of Poultry Diseases.
- Review on economic importance and current diagnostic technique of Newcastle disease in poultry.
- Newcastle disease Technico Economical booklet, ceva.

_______

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com
Viber: https://bit.ly/PROBIO-Viber

မြန်မာနှစ်သစ်ကူးကာလမှာ ကံထူးရှင်ဖြစ်ဖို့ Ready ပဲလား?❝ 𝗣𝗥𝗢𝗕𝗜𝗢 သုံးစွဲသူ မွေးမြူရေးလုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း!...
31/03/2026

မြန်မာနှစ်သစ်ကူးကာလမှာ ကံထူးရှင်ဖြစ်ဖို့ Ready ပဲလား?

❝ 𝗣𝗥𝗢𝗕𝗜𝗢 သုံးစွဲသူ မွေးမြူရေးလုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း! 📣 ❞

𝗣𝗥𝗢𝗕𝗜𝗢 ကို အစဉ်တစိုက် အားပေးသုံးစွဲကြတဲ့ မိတ်ဟောင်း မိတ်သစ်များရှင်...

ဒီဇင်ဘာလက စတင်ခဲ့တဲ့ "𝗣𝗥𝗢𝗕𝗜𝗢 ခဲခြစ်ကံစမ်းမဲအစီအစဉ်" မှာ ပါဝင်ကံစမ်းပြီးကြပြီလား? 🤔

ဒီအစီအစဉ်မှာ မပါဝင်ရသေးတဲ့ Customer များလည်း ကံစမ်းခွင့်ရရှိစေဖို့နဲ့၊ ကံစမ်းပြီးသူများလည်း ထပ်မံကံထူးနိုင်စေဖို့အတွက် ကံစမ်းမဲကာလကို "ဧပြီလကုန် (၃၀.၄.၂၀၂၆) အထိ" ထပ်မံတိုးမြှင့်ပေးလိုက်ပါပြီရှင်။

ကံစမ်းမဲအရေအတွက်က အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်လို့ အခုပဲ 𝗣𝗥𝗢𝗕𝗜𝗢 ဆေးထုတ်လေးတွေကို အမြန်ဆုံးဝယ်ယူပြီး မြန်မာ့နှစ်သစ်ကူးကာလမှာ တန်ဖိုးရှိတဲ့ဆုလာဘ်တွေကို ပိုင်ဆိုင်နိုင်မဲ့ ကံထူးရှင်များ ဖြစ်ကြပါစို့ရှင်။

ကံစမ်းမဲအသေးစိတ်ကို အောက်ပါ လင့်ခ်လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/1X48jh5Vei/

--------------------------------------

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

𝑬.𝒄𝒐𝒍𝒊 ဘက်တီးရီးယား - ကြက်မွေးမြူရေးသမားတိုင်း သိထားရမယ့် အန္တရာယ်နှင့် ကာကွယ်နည်းများ𝑬.𝒄𝒐𝒍𝒊 ပိုးကို ကြက်တိုင်းလိုလို အူ...
28/03/2026

𝑬.𝒄𝒐𝒍𝒊 ဘက်တီးရီးယား - ကြက်မွေးမြူရေးသမားတိုင်း သိထားရမယ့် အန္တရာယ်နှင့် ကာကွယ်နည်းများ

𝑬.𝒄𝒐𝒍𝒊 ပိုးကို ကြက်တိုင်းလိုလို အူလမ်းကြောင်းထဲမှာ သယ်ဆောင်ထားကြပါတယ်!
𝑬.𝒄𝒐𝒍𝒊 ဆိုတာ ကြက်အပါအဝင် တိရစ္ဆာန်တွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အမြဲရှိနေတတ်တဲ့ ပိုးတစ်မျိုးပါ။ ဒီပိုးရဲ့ အချို့အမျိုးအစားတွေကတော့ ကြက်တွေကို ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်!

🔍ဘယ်လိုကူးစက်သလဲ? (ကြက်ခြံတွင်းမှာ အလွယ်တကူ ပျံ့နိုင်ပုံ)
1. လေထဲကတစ်ဆင့်: နာနေတဲ့ကြက်ရဲ့ ချောင်းဆိုး၊ နှာချေတာတွေကနေ လေထဲပျံ့ပြီး ကူးစက်တယ်။
2. မစင်ကတစ်ဆင့်: ရောဂါပိုးရှိတဲ့ကြက်ရဲ့ မစင်နဲ့ တိုက်ရိုက်ထိတွေ့မိရင် (သို့) မစင်နဲ့ထိတွေ့ထားတဲ့ ရေ၊ အစာ၊ ကိရိယာ၊ လူအဝတ်အစားတွေကနေ ကူးစက်တယ်။
3. အန္တရာယ်များတဲ့ ခြံအခြေအနေများ:
ကြက်ကောင်ရေ အလွန်များနေခြင်း
မစင်ကြောင့် အမိုနီးယား ဓာတ်ငွေ့ အလွန်များနေခြင်း
4. ဇီဝလုံခြုံမှု (Biosecurity) အားနည်းခြင်း
လေဝင်လေထွက် ညံ့ဖျင်းခြင်း

🦠ရောဂါလက္ခဏာများ (ဒါတွေ့ရင် သတိထားပါ!)
1. အသက်ရှူလမ်းကြောင်း ပြဿနာများ: ချောင်းဆိုး၊ အသက်ရှူမဝ၊အစာစားနှုန်း ကျဆင်းခြင်း၊ ထိုင်းမှိုင်းနေခြင်း
2. FCR ကောင်းကောင်းမရခြင်း (အစာစားတာများပေမယ့် ကြီးထွားနှုန်းမကောင်းခြင်း)
3. ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
4. ကြီးထွားနှုန်း နှေးကွေးခြင်း
အထူးသတိပြုရန်: အချို့ 𝑬.𝒄𝒐𝒍𝒊 အမျိုးအစားတွေဟာ ပဋိဇီဝဆေးတွေကို ယဉ်ပါးနေပြီ (Antibiotic Resistant) ဖြစ်နေပါတယ်! ဒါကြောင့် ရောဂါဖြစ်မှ ကုသဖို့ကြိုးစားရင် ဆုံးရှုံးမှုတွေ များပြီး ကုန်ကျစရိတ်လည်း အလွန်ကြီးမြင့်နိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းက ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းပါပဲ!

❓𝑬.𝒄𝒐𝒍𝒊 အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ? (မွေးမြူရေးသမားတို့ လုပ်ဆောင်ရမည့်အချက်များ)
1. ဇီဝလုံခြုံမှု (BIOSECURITY) ကို အဓိကထားပါ!
ခြံဝင်း၊ ခြံထွက်တွေမှာ ပိုးသတ်ခြင်း (Disinfection) ပုံမှန်လုပ်ပါ။
2. ပတ်ဝန်းကျင်သန့်ရှင်းရေး: ခြံတွင်း ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ မစင်သန့်ရှင်းရေး မှန်မှန်လုပ်ပါ။
3. အစာနဲ့ ရေ စနစ်တကျဂရုစိုက်ပါ:
အစာကို ကြွက်/ငှက်တွေ မစားနိုင်၊ မညစ်ပတ်နိုင်တဲ့ နေရာမှာ သိုလှောင်ပါ။ရေအရင်းအမြစ်ကို သန့်ရှင်းမှုရှိအောင် ရွေးချယ်ပါ။ ရေတွင်းရေကန်တွေကို ဖုံးအုပ်ထားပါ။
4. ကိရိယာပစ္စည်းများ သန့်ရှင်းရေး: အစာခွက်၊ ရေခွက်၊ သန့်ရှင်းရေးကိရိယာတွေကို ပုံမှန်သန့်ရှင်းပြီး ပိုးသတ်ပါ။
5. လေဝင်လေထွက် ကောင်းမွန်အောင်ပြုလုပ်ပါ: အမိုနီးယား ဓာတ်ငွေ့ လျော့ကျစေဖို့ အရေးကြီးပါတယ်။
6. Probiotics (အကျိုးပြုဘက်တီးရီးယား) များ ပုံမှန်တိုက်ကျွေးပါ: အူလမ်းကြောင်းထဲက ရောဂါဖြစ်စေတဲ့ပိုးတွေထက် အကျိုးပြုပိုးတွေ ပိုများအောင် ကူညီပေးတယ်။ရောဂါဖြစ်နိုင်ခြေ လျော့ကျစေတယ်။ဖြစ်လာရင်လည်း ရောဂါလက္ခဏာကို ခံနိုင်ရည်ပိုရှိစေတယ်။ ခြံထဲမှာ ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်နှုန်း လျော့ကျစေတယ်။
6. ဆေးကုသမှု: ရောဂါဖြစ်ပွားလာပါက တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးယဉ်ပါးမှုကြောင့် ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုသာ သတ်မှတ်ကာလအပြည့် တိုက်ပါ။
𝑬.𝒄𝒐𝒍𝒊 ကြောင့် ကိုယ်ခံအားကျဆင်းပြီး အခြားရောဂါပိုးတွေ ထပ်ဝင်လာနိုင်တာကို သတိပြုပါ! အသေကောင်ခွဲကြည့်ရင် အသည်းမှာ အဖြူရောင်ဖတ်တွေ၊ ရင်ခေါင်းထဲမှာ နို့နှစ်ရောင်အရည်တွေ၊ နှလုံးအမြှေးရောင်တာတွေ တွေ့ရတတ်ပါတယ်။

Source : The Poultry Site, Poultry Hu

--------------

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်နှင့်ဝက်အတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com

ဥစားကြက်မွေးမြူရေးတွင် တွေ့ရတဲ့ လည်မျိုနှင့် လေပြွန်ရောင်ရောဂါအကြောင်း သိကောင်းစရာယခုတစ်ခေါက်မှာတော့ မြန်မာနိုင်ငံအတွင်း...
25/03/2026

ဥစားကြက်မွေးမြူရေးတွင် တွေ့ရတဲ့ လည်မျိုနှင့် လေပြွန်ရောင်ရောဂါအကြောင်း သိကောင်းစရာ

ယခုတစ်ခေါက်မှာတော့ မြန်မာနိုင်ငံအတွင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် စီးပွားဖြစ်ဥစားကြက်မွေးမြူရေးမှာ ကြက်ဥနှုန်းကျစေတဲ့ လည်မျိုနှင့် လေပြွန်ရောင်ရောဂါအကြောင်း မျှဝေပေးချင်ပါတယ်။

မွေးမြူရေးကြက်တွေမှာတွေ့ရတဲ့ လည်မျိုနှင့်လေပြွန်ရောင်ရောဂါဟာ အပြင်းစား ဗိုင်းရပ်စ်ပိုး Infectious Laryngotracheitis virus ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရောဂါဝင်ရောက်နိုင်တဲ့ လမ်းကြောင်းကတော့ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ ကြက်ခြံတစ်ခြံမှ တစ်ခြံသို့ လေထဲအမှုန်အမွှားမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းဟာ (၅၀%) – (၁၀၀%) ခန့်ရှိပြီး သေဆုံးနှုန်းကတော့ (၁၀%) – (၂၀%) ခန့်ရှိပါတယ်။ ၎င်းရောဂါဟာ ကြက်တွေမှာ သေဆုံးနှုန်းလျော့နည်းသော်လည်း စီးပွားရေးအရ ဆုံးရှုံးမှုများစေတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ဥစားကြက်ခြံမှာ လည်မျိုနှင့် လေပြွန်ရောင်ရောဂါဖြစ်ပွားလာပါက (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်ပါတယ်။

အတွေ့ရများတဲ့ ရောဂါလက္ခဏာများမှာ-
• အစာစားနှုန်းကျခြင်း
• အသက်ရှုကြပ်ခြင်း
• ချောင်းဆိုးခြင်း (အကျိအချွဲ သို့မဟုတ် သွေးများပါခြင်း)
• ကြက်ဥနှုန်းကျဆင်းခြင်း
• မျက်လုံးမှ အကျိအချွဲကျခြင်း
• နှာရည်များကျခြင်း စတဲ့ လက္ခဏာများတွေ့နိုင်ပါတယ်။

စီးပွားဖြစ်မွေးမြူရေးကြက်တွေမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတွေကို ကာကွယ်လိုလျှင် အသက်အရွယ်အလိုက် တိကျမှန်ကန်တဲ့ ကာကွယ်ဆေးအစီအစဉ်များလိုက်နာခြင်း၊ အရည်အသွေးကောင်းမွန်သော ကြက်စာနှင့်သောက်ရေကို ဖြည့်ဆည်းပေးခြင်း၊ အရေးကြီးဆုံးဖြစ်တဲ့ ဇီဝလုံခြုံရေး အစီအမံများကိုစနစ်တကျ ဆောင်ရွက်ပေးခြင်းဖြင့် ခြံအတွင်းကူးစက်ရောဂါများကို ကာကွယ်နိုင်ပါတယ်။ ဒါအပြင် နောက်ဆက်တွဲ ဘက်တီးရီးယားရောဂါ မဝင်ရောက်နိုင်ရန်အတွက် ပဋိဇီဝဆေးနှင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

_______

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com

ဝက်မွေးမြူရေးနှင့် ရေအရည်အသွေးယခုအပတ်မှာတော့ မြန်မာနိုင်ငံရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် စီးပွားဖြစ်ဝက်မွေးမြူရေး...
20/03/2026

ဝက်မွေးမြူရေးနှင့် ရေအရည်အသွေး

ယခုအပတ်မှာတော့ မြန်မာနိုင်ငံရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် စီးပွားဖြစ်ဝက်မွေးမြူရေးတွင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ရေအရည်အသွေးနှင့် ပတ်သက်ပြီးဝေမျှပေးချင်ပါတယ်။

အောင်မြင်သောဝက်မွေးမြူရေးဟုဆိုရာတွင် မွေးမြူထားတဲ့ဝက်များ သန့်ရှင်းလတ်ဆတ်တဲ့ သောက်ရေရရှိအောင် လုပ်ဆောင်ပေးခြင်းသည်လည်း အရေးကြီးလှပါတယ်။

ဝက်မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ မွေးမြူရေးအစာတွင် လုံလောက်သော အာဟာရပါရှိရေးကိုသာ အလေးပေးဆောင်ရွက်တတ်ပြီး သောက်ရေကို ဂရုစိုက်ရန် အများစု မေ့လျော့နေတတ်ကြပါတယ်။ ဝက်မွေးမြူရေးကို အောင်အောင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ဝက်စာနှင့်သောက်ရေ နှစ်ခုလုံးကို ဂရုစိုက်မှသာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဝက်သောက်ရေတွင်ပါဝင်တဲ့ သတ္တုဓာတ်များ၊ ဓါတုပစ္စည်းများနှင့် ဘက်တီးရီးယားပိုးများဟာ ဝက်၏ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်အကျိုးသက်ရောက်မှုရှိနေတတ်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် ရေသိုလှောင်တဲ့ အုတ်ကန်များ၊ ရေစည်များနှင့် ပိုက်လိုင်းများကို အချိန်မှန်ဆေးကြောပေးခြင်းများကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေနမူနာယူပြီးဓာတ်ခွဲခန်းသို့ စစ်ဆေးခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။

Source: The Pig Site

___
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်၊ဝက်နှင့်အခြားသောတိရိစ္ဆာန်များအတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-
အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164
အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Soe Moe
09 770916892
Ko Aung Ko Win
09 442647210
ရန်ကုန်ရုံးချုပ်
09263709553
Myanmar Innovative Life Sciences – MILS
အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
website: www.milsciences.com
email: enquiries@milsciences.com

𝗣𝗥𝗢𝗕𝗜𝗢 မှ မိတ်ဟောင်း၊ မိတ်သစ် Customer များသို့ အသိပေးပန်ကြားချက် 📢လူကြီးမင်းတို့ရဲ့ မွေးမြူရေးလုပ်ငန်းများအတွက် 𝗣𝗥𝗢𝗕𝗜𝗢 ...
18/03/2026

𝗣𝗥𝗢𝗕𝗜𝗢 မှ မိတ်ဟောင်း၊ မိတ်သစ် Customer များသို့ အသိပေးပန်ကြားချက် 📢

လူကြီးမင်းတို့ရဲ့ မွေးမြူရေးလုပ်ငန်းများအတွက် 𝗣𝗥𝗢𝗕𝗜𝗢 ကို ယုံကြည်စွာ ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိရပါတယ်ရှင်

လက်ရှိဖြစ်ပေါ်နေတဲ့ ကား " စုံ "/ " မ " စနစ်၊ စက်သုံးဆီရရှိရန် အခက်အခဲများနှင့် မကြာမီ ရောက်ရှိလာတော့မဲ့ သင်္ကြန်ရုံးပိတ်ရက်ရှည်များကြောင့် ကုန်ပစ္စည်းပို့ဆောင်ရေးမှာ ကြန့်ကြာမှုများ ရှိလာနိုင်ပါတယ်ရှင်

သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေနဲ့ ပစ္စည်းပြတ်လပ်မှု မရှိစေရန်နဲ့ အချိန်မီ လက်ဝယ်ရရှိစေရန်အတွက် 𝗣𝗥𝗢𝗕𝗜𝗢 ထုတ်ကုန်များကို ကြိုတင်မှာယူထားကြပါရန် လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်

--------------------------------------

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

ဝက်ငယ်လေးတွေမှာ သွားဖြတ်ခြင်း (Teeth Trimming in Piglets)ဟုတ်ကဲ့ပါရှင် ယခုအပတ်မှာတော့ မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလ...
13/03/2026

ဝက်ငယ်လေးတွေမှာ သွားဖြတ်ခြင်း
(Teeth Trimming in Piglets)

ဟုတ်ကဲ့ပါရှင် ယခုအပတ်မှာတော့ မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ဝက်ပေါက်လေးတွေမှာ သွားဖြတ်ခြင်း လုပ်ဆောင်ရတဲ့အကြောင်းအရင်းနှင့်ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

ဝက်ပေါက်လေးတွေဟာ မွေးပြီးလျှင်ပြီးချင်း နို့ဦးရည်( colostrum) လုံလောက်စွာရရှိရန် အထူးလိုအပ်ပါတယ်။ ပုံမှန်အားဖြင့် မွေးဖွားကာစ ဝက်ငယ်လေးတွေမှာ ပါလာတဲ့ ချွန်ထက်တဲ့ သွားတွေဟာ မဖြတ်ပေးလျှင် နို့စို့တဲ့အခါ ဝက်မ၏ နို့အုံနှင့် နို့သီးတိုင်ကို ကိုက်မိတတ်ပါတယ်။ ဝက်မကြီးအနေဖြင့်လည်း နို့အုံနှင့် နို့သီးတိုင်များမှာ ထိခိုက်ဒဏ်ရာရပါက နို့မတိုက်ခြင်း၊ နို့တိုက်ရန်ငြင်းဆန်ခြင်း တို့ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲအနေဖြင့် ဝက်မကြီးမှာ နို့အုံရောင်ပြီး နို့ထွက်နှုန်းကျဆင်းခြင်းနှင့် ဝက်ငယ်လေးတွေမှာ နို့လုံလုံလောက်လောက်မရရှိနိုင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားနှုန်းနှေးခြင်း၊ သားခွဲဝက်အလေးချိန်နည်းခြင်း အပြင် သားမခွဲမီ သေးဆုံးမှုများနှင့်ရင်ဆိုင်ရတတ်ပါတယ်။

ဝက်ပေါက်လေးတွေကို သွားဖြတ်တဲ့အခါ teeth trimmer ကို အသုံးပြုကာ ချွန်ထွက်နေတဲ့အပိုင်းလေးကိုသာ ဖြတ်လိုက်ရမှာဖြစ်ပါတယ်။ ဝက်ငယ်လေးတွေမှာ သွားတွေကိုဖြတ်တဲ့အခါ လျှာကို မထိခိုက်အောင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိဝက်ခြံမှာ ဝက်မကြီးမှ သားပေါက်လာတဲ့အခါ သွားဖြတ်တာကို ဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းရှင်များအားလုံး အဆင်ပြေကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

Source: Handbook on Pig Production
____
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်၊ဝက်နှင့်အခြားသောတိရိစ္ဆာန်များအတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-
အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164
အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Soe Moe
09 770916892
Ko Aung Ko Win
09 442647210
ရန်ကုန်ရုံးချုပ်
09263709553
Myanmar Innovative Life Sciences – MILS
အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
website: www.milsciences.com
email: enquiries@milsciences.com

မွေးကင်းစဝက်သားပေါက်လေးတွေမှာ နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ရရှိဖို့ ဘာကြောင့်အရေးကြီးသလဲ။နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ဆိုတာကတော့ မိခင်...
11/03/2026

မွေးကင်းစဝက်သားပေါက်လေးတွေမှာ နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ရရှိဖို့ ဘာကြောင့်အရေးကြီးသလဲ။

နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ဆိုတာကတော့ မိခင်ဝက်မကြီးရဲ့ နို့အုံကနေ သားမွေးပြီးတဲ့အခါ (၂၄) နာရီအတွင်း ထုတ်လုပ်တဲ့နို့ရည်ကို ဆိုလိုတာဖြစ်ပြီး အကယ်၍ အဆိုပါ (၂၄) နာရီထက် ကျော်လွန်သွားပါက ရောဂါကာကွယ်ပေးတဲ့ 𝐈𝐦𝐦𝐮𝐧𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 𝐆 (𝐈𝐠𝐆) ဓာတ်ပါဝင်မှုပမာဏ တဖြည်းဖြည်းလျော့နည်းလာပြီး သာမာန်နို့ရည်အဖြစ်သာ မှတ်ယူရမှာပဲဖြစ်ပါတယ်။

(၁) နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) မှာ ဘယ်အရာတွေပါဝင်သလဲ။

အဆိုပါကနဦးထွက်ပေါ်ခါစ နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) မှာဆိုရင် မိခင်ဝက်မကြီးဆီကနေထပ်ဆင့်ကူးစက်နိုင်ခြေရှိတဲ့ ရောဂါတွေကိုကာကွယ်ပေးနိုင်စွမ်းရှိတဲ့ (𝐀𝐧𝐭𝐢𝐛𝐨𝐝𝐢𝐞𝐬)၊ အသားဓာတ် (𝐏𝐫𝐨𝐭𝐞𝐢𝐧)၊ အဆီဓာတ် (𝐅𝐚𝐭𝐬) နဲ့ နို့သကြားဓာတ် (𝐋𝐚𝐜𝐭𝐨𝐬𝐞) တို့အဓိက ပါဝင်ပါတယ်။ 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐢𝐞𝐬 မှာဆိုရင် 𝐈𝐦𝐦𝐮𝐧𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 𝐆, 𝐀, 𝐌 တို့အသီးသီးပါဝင်ကြပြီး၊ 𝐈𝐦𝐦𝐮𝐧𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 (𝐈𝐠𝐆) ဟာဆိုရင် မွေးကင်းစဝက်‌သားပေါက်တွေမှာဖြစ်တတ်တဲ့ ရောဂါတွေကို အကာအကွယ်ပေးနိုင်သလို၊ 𝐈𝐦𝐦𝐮𝐧𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧 𝐀 (𝐈𝐠𝐀) ဟာဆိုရင် အူလမ်းကြောင်းအတွင်းကိုဝင်ရောက်တတ်တဲ့ရောဂါပိုး (𝐏𝐚𝐭𝐡𝐨𝐠𝐞𝐧𝐬) ကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အဆိုပါနို့ဦးရည် မှာပါဝင်တဲ့ ဓာတ်အမျိုးမျိုးဟာဆိုရင် ဝက်ငယ်များကိုသေစေနိုင်တဲ့ အအေးမိခြင်းဆိုင်ရာ လက္ခဏာရပ်များ (𝐇𝐲𝐩𝐨𝐭𝐡𝐞𝐫𝐦𝐢𝐚) ကို ကာကွယ်ပေးနိုင်ပါတယ်။

အဆိုပါ နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ကိုတိုက်ကျွေးရာမှာလည်း အကောင်းဆုံးပမာဏကတော့ ဝက်သားပေါက်တစ်ကောင်လျင် ၎င်းတို့ရဲ့‌အလေးချိန် (၁) ကီလိုဂရမ်တိုင်းမှာ (၁၅၀-၂၈၀) ဂရမ် အတွင်းရရှိသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။

(၂) နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ရရှိဖို့ ဘာကြောင့်အရေးကြီးသလဲ။

နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ဟာဆိုရင် ဝက်ငယ်လေးတွေရဲ့ ဆဲလ်အလွှာအသီးသီးကို ကြီးထွားစေတဲ့ ပစ္စည်းနှင့် ဆဲလ်လွှာများတိုးပွားကူးပြောင်းနိုင်စေတဲ့ပစ္စည်း (𝐞𝐩𝐢𝐭𝐡𝐞𝐥𝐢𝐚𝐥 𝐠𝐫𝐨𝐰𝐭𝐡 𝐟𝐚𝐜𝐭𝐨𝐫𝐬 & 𝐞𝐩𝐢𝐭𝐡𝐞𝐥𝐢𝐚𝐥 𝐭𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐢𝐧𝐠 𝐟𝐚𝐜𝐭𝐨𝐫𝐬) တို့ကို ထောက်ပံ့ပေးတာကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းစနစ်ကို ကောင်းစွာဖွံ့ဖြိုးစေကာ သက်တမ်းတစ်လျှောက်လုံးကြီးထွားခြင်း၊ မျိုးပွားနှုန်း‌ကောင်းခြင်း၊ ရှင်သန်နှုန်း ကောင်းခြင်း စတဲ့ရလဒ်‌တွေကို ရရှိစေနိုင်ပါတယ်။

အလားတူပဲ ဝက်သားပေါက်များအနေနဲ့ နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ကို (၂၄) နာရီအတွင်း စောစီးစွာရရှိပါက ၎င်းတို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုတိုးပွားစေပါတယ်။ နို့ဦးရည်လုံလောက်စွာမရခြင်း၊ ဝက်ငယ်ပတ်ဝန်းကျင်တွင် ရောဂါပိုးထူပြောခြင်း (𝐯𝐢𝐫𝐚𝐥 𝐥𝐨𝐚𝐝, 𝐛𝐚𝐜𝐭𝐞𝐫𝐢𝐚𝐥 𝐥𝐨𝐚𝐝) ရှိပါက ဝက်ငယ်ကို ရောဂါဒဏ်မှမကာကွယ်နိုင်ပါ။ ထိုကဲ့သို့အနေအထားမျိုးမှာ မဖြစ်ခင်ကတည်းက ကြိုတင်ပြီး ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။

နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ကို ဝက်သားပေါက်လေးများ မွေးဖွားပြီးနောက် ကပ်လျက် (၆) နာရီအတွင်းမှာ အာနိသင်အရှိဆုံးအနေအထားတစ်ရပ်ပဲဖြစ်ပါတယ်။ ဆိုလိုသည်မှာ ဝက်သားပေါက်လေးများမွေးပြီး (၆) နာရီကြာလျှင် အူလမ်းကြောင်းကစုပ်ယူနိုင်စွမ်းစတင် လျော့ကျလာပြီး (၂၄) နာရီကျော်ပါက ကိုယ်ခံစွမ်းအား (𝐈𝐦𝐦𝐮𝐧𝐨𝐠𝐥𝐨𝐛𝐮𝐥𝐢𝐧𝐬) ကိုမရနိုင်တော့ပါဘူး။

နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) သည် ဝက်သား‌ပေါက်များ၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး နို့ဦးရည် (𝐂𝐨𝐥𝐨𝐬𝐭𝐫𝐮𝐦) ကောင်းစွာမရပါက ဝက်ငယ်သည် ရှင်သန်ရန်၊ ကြီးထွားဖွံ့ဖြိုးရန်ခြင်း၊ ကျုံ့လှီသေးကွေးခြင်း၊ ဝမ်းလျောဝမ်းပျက်ဖြစ်ခြင်း၊ အဖက်တင်သင့်သလောက်မတင်ခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

"စာရေးသားသူဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု) "
____
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်၊ဝက်နှင့်အခြားသောတိရိစ္ဆာန်များအတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-
အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164
အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Soe Moe
09 770916892
Ko Aung Ko Win
09 442647210
ရန်ကုန်ရုံးချုပ်
09263709553
Myanmar Innovative Life Sciences – MILS
အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
website: www.milsciences.com
email: enquiries@milsciences.com

အောင်မြင်သော ဝက်မွေးမြူရေးအတွက် အရေးကြီးသောအချက် (၆) ချက်PROBIO မှ ယခုအပတ်တွင် မြန်မာနိုင်ငံ ဝက်မွေးမြူရေးလုပ်ငန်းရှင်မျ...
06/03/2026

အောင်မြင်သော ဝက်မွေးမြူရေးအတွက် အရေးကြီးသောအချက် (၆) ချက်

PROBIO မှ ယခုအပတ်တွင် မြန်မာနိုင်ငံ ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် ဝက်မွေးမြူရေးတွင် မရှိမဖြစ်အရေးကြီးသော အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1️⃣ ကျန်းမာရေးအခြေအနေ
မျိုးဝက်ခြံနှင့် စီးပွားဖြစ် ဝက်မွေးမြူရေးခြံတို့တွင် ဝက်သားပေါက်အရွယ်မှစတင်ကာ လိုအပ်သော ကာကွယ်ဆေးများထိုးပေးရမည်။ မျိုးပွားလမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများမဖြစ်အောင် အထူးဂရုစိုက်ရမည်။

2️⃣ တိကျသော ဇီဝလုံခြုံမှု
ရောဂါဝင်ရောက်ခြင်းကိုကာကွယ်ရန်အတွက် ကောင်းမွန်သော ဇီဝလုံခြုံမှု လိုအပ်သည်။ တိကျသောဇီဝလုံခြုံမှု ကိုသေချာလိုက်နာဆောင်ရွက်လျှင် အောင်မြင်သော ဝက်မွေးမြူရေးကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။

3️⃣ ကာကွယ်ဆေးထိုးခြင်း
မတူကွဲပြားသော၊ အားကောင်းသော ကိုယ်ခံစွမ်းအားကို ဖန်တီးပေးသော ကာကွယ်ဆေးထိုးအစီအစဉ်သည် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် အဓိကသော့ချက်ဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းသည် စီးပွားဖြစ် ဝက်မွေးမြူရေးခြံတွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားသော ရောဂါများကို သေချာဖြေရှင်းပေးနိုင်သည်။မှန်ကန်သောအသက်အရွယ်တွင် ဆေးပမာဏအပြည့်အဝဖြင့် ကာကွယ်ဆေးထိုးခြင်း၊ လိုအပ်ပါက နှစ်ကြိမ်ထိုးခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။

4️⃣ All-in ၊ all- out စနစ်ဖြင့်မွေးမြူခြင်း
All-in ၊ all-out စနစ်ဖြင့် မွေးမြူမှသာ ဝက်မွေးမြူရေးတွင် အတွေ့ရများသော အချို့သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ၎င်းစနစ်ဖြင့်မွေးမြူလျှင် ဝက်ခြံသန့်ရှင်းရေးကို သေချာလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရောဂါမဝင်ရောက်ရန် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

5️⃣ ဝက်များ၏ သက်သာချောင်ချိမှုကို ဦးစားပေးကာ ဝက်ခြံကိုဆောက်လုပ်ခြင်း
ဝက်ခြံကိုဆောက်လုပ်ရာတွင် ဝက်များအတွက် အကောင်းဆုံးသောအခြေအနေကို ခွင့်ပြုထားရမည်။ ဝက်များအား ရောဂါဖြစ်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ဖိအားပေးမှုများကို ကာကွယ်နိုင်ရန် သင့်လျော်သောလေဝင်လေထွက်နှင့် အပူချိန်ထိန်းညှိမှုသည် အရေးကြီးသည်။ဝက် သက်တောင့်သက်သာရှိစေရန် လိုအပ်သော အပူပေးခြင်းများ လုပ်ဆောင်ပေးရမည်။ pH နှင့် ဘက်တီးရီးယားများကို ထိန်းချုပ်ရန်အချို့သောဒေသများတွင် သောက်ရေကိုသေချာဂရုစိုက်ရမည်။

6️⃣ ဝက်ခြံကိုစစ်ဆေးခြင်း
ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုရရန်အတွက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ၀က်သားပေါက် စောင့်ရှောက်မှုတို့သည် ဂရုစိုက်ရန်လိုအပ်သည်။ မွေးမြူရေးလုပ်ငန်းရှင်မှ ဝက်ခြံကို သေချာဂရုစိုက်ကာ လိုအပ်သည့်အချက်များကို အချိန်မှီ ဖြည်းဆည်းပေးနိုင်မှသာ ဝက်များကို အောင်အောင်မြင်မြင် မွေးမြူနိုင်မည်ဖြစ်သည်။

Reference: The Pig Site

__________
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်နှင့်ဝက်အတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-
အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164
အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Soe Moe
09 770916892/ 09 442647210
ရန်ကုန်ရုံးချုပ်
09263709553
Myanmar Innovative Life Sciences – MILS
အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
website: www.milsciences.com
email: enquiries@milsciences.com

သားခွဲဝက်လေးတွေ အလေးချိန်အမြန်တက်အောင် ဘယ်လိုမွေးမြူမလဲ?မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ ဝက်ပေါက်သ...
04/03/2026

သားခွဲဝက်လေးတွေ အလေးချိန်အမြန်တက်အောင် ဘယ်လိုမွေးမြူမလဲ?

မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ ဝက်ပေါက်သားခွဲပြီးနောက်ပိုင်း ကျွေးသလောက် အလေးချိန်မတက်ခြင်း၊ အစာစားနှုန်းလျော့နည်းခြင်း၊ ဝမ်းရောဂါဖြစ်ပွားခြင်း စတဲ့အချက်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သားခွဲဝက်လေးတွေဟာ မိခင်နို့သောက်သုံးရာမှ သားခွဲဝက်စာ (creep feed) ကို ပြောင်းလဲကျွေးတဲ့အခါ အူလမ်းကြောင်းတစ်လျှောက် အပြောင်းအလဲဖြစ်ခြင်း၊ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ အူလမ်းကြောင်းသို့ ဝင်ရောက်ခြင်း၊ ကျွေးတဲ့အစာမှာ မှိုဆိပ်ပါဝင်ခြင်းတို့ကြောင့် အစာစားနှုန်းလျော့နည်းတာ၊ ဝမ်းပျော့တာ၊ ဝမ်းရောဂါဖြစ်တာတွေ အတွေ့ရများတတ်ပါတယ်။

ယခုလိုဝမ်းရောဂါနှင့် ရင်ဆိုင်ရတဲ့အခါ အစာချေဖျက်စုပ်ယူတဲ့စနစ် ထိခိုက်ပျက်စီးပြီး သားခွဲဝက်လေးတွေမှာ အစာကုန်ကျစရိတ်များကာ အလေးချိန်မတက်တာဖြစ်ပါတယ်။ သားခွဲဝက်လေးတွေ အလေးချိန်တက်အောင် အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ ဝက်ကလေးတွေရဲ့ အူလမ်းကြောင်းကျန်းမာရေးကို အထူးဂရုစိုက်ပေးခြင်းပဲ ဖြစ်ပါတယ်။

သားခွဲဝက်လေးတွေမှာ အူလမ်းကြောင်း ကျန်းမာရေး အကောင်းဆုံးအနေအထားရှိလျှင် ကျွေးသမျှဝက်စာကို ကောင်းမွန်စာ ချေဖျက်စုပ်ယူနိုင်တာကြောင့် ခုခံအားစနစ်ကိုပါအထောက်အကူ ဖြစ်စေပါတယ်။ စီးပွားဖြစ်ဝက်မွေးမြူရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ဝက်ပေါက်သားခွဲတဲ့အချိန်ဟာ အရေးအကြီးဆုံးကာလဖြစ်ပါတယ်။ ယခုနောက်ပိုင်း မွေးမြူရေးသမားအများစုဟာ ဝက်ပေါက် (၃) ပါတ်မှ (၄)ပါတ်သား အရွယ်ရောက်လျှင် သားခွဲကြပါတယ်။

သားခွဲဝက်လေးတွေမှာ အစာစားနှုန်း လျော့နည်းစေတဲ့အချက်တွေကတော့

• ဝက်မကြီးနဲ့ သားခွဲပြီး ပတ်ဝန်းကျင်အသစ်သို့ရောက်ရှိခြင်း
• အခြားသားခွဲဝက်ပေါက်လေးတွေနှင့်အတူ မွေးမြူခြင်း
• ဝက်စာရုတ်တရက် ပြောင်းလဲကျွေးခြင်းစတဲ့ အချက်တွေက အဓိကလွှမ်းမိုးထားပါတယ်။

အထက်ပါအချက်တွေကြောင့် ဝက်ပေါက်အများစု သားခွဲပြီးနောက်ပိုင်း အစာစားနှုန်းလျှော့နည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း ဖြစ်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် သားခွဲပြီး နောက်ပိုင်းကြုံတွေ့ရတဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် ဝက်ငယ်လေးတွေကို ကျွေးတဲ့အစာမှာ အူလမ်းကြောင်းအားဆေး (Probio-S 20) ကို ရောစပ်ကျွေးနိုင်ပါတယ်။

သားခွဲဝက်လေးတွေရဲ့အစာမှာ အူလမ်းကြောင်းအားဆေး (Probio-S 20) ကို ထည့်စပ်ကျွေးခြင်းဖြင့်

• ဝမ်းနှင့်ဆိုင်တဲ့ ပြဿနာများနှင့် ကုန်ကျစရိတ်များ နည်းပါးသွားခြင်း
• အူလမ်းကြောင်းမှ အစာစုပ်ယူမှု ပိုမိုအားကောင်းစေပြီး အသားတိုးလွယ်ခြင်း
• အူလမ်းကြောင်းတစ်လျှောက်တွင် အကျိုးပြုပိုးမွှားများသည် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများနှင့် ယှဉ်ပြိုင်နေရာယူခြင်းဖြင့် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများ တွယ်ကပ်မှုကို လျော့ကျစေခြင်း
• ကိုယ်ခံအားကောင်းမွန်လာခြင်း
• Natural Antibiotic များထုတ်ပေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများအား သေစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေပါတယ်။
__________
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ကြက်နှင့်ဝက်အတွက် ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-
အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164
အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Soe Moe
09 770916892/ 09 442647210
ရန်ကုန်ရုံးချုပ်
09263709553
Myanmar Innovative Life Sciences – MILS
အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
website: www.milsciences.com
email: enquiries@milsciences.com

𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ ခဲခြစ်ကံစမ်းမဲ အစီအစဉ်ကြီးမှာ ကံထူးရှင်ဖြစ်ဖို့ အချိန် တစ်လပဲ လိုပါတော့တယ်!❝ 𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ ကံစမ်းမဲ အစီအစဉ် ❞𝗣𝗥𝗢...
27/02/2026

𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ ခဲခြစ်ကံစမ်းမဲ အစီအစဉ်ကြီးမှာ ကံထူးရှင်ဖြစ်ဖို့ အချိန် တစ်လပဲ လိုပါတော့တယ်!

❝ 𝗣𝗥𝗢𝗕𝗜𝗢 ရဲ့ ကံစမ်းမဲ အစီအစဉ် ❞

𝗣𝗥𝗢𝗕𝗜𝗢 ကို အမြဲအားပေးကြတဲ့ မွေးမြူရေးလုပ်ငန်းရှင် မိတ်ဟောင်းမိတ်သစ်များရှင့်...

ဒီဇင်ဘာလကတည်းက စတင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ကံစမ်းမဲအစီအစဉ်ဟာ အခုဆိုရင် မတ်လကုန်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။

ငွေသားဆု ၁၀၀,၀၀၀ ကျပ် (တစ်သိန်းတိတိ) ကို ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးကို လက်လွှတ်မခံရအောင် အခုပဲ 𝗣𝗥𝗢𝗕𝗜𝗢 ဆေးထုတ်လေးတွေကို ဝယ်ယူပြီး ကံစမ်းလိုက်ကြပါစို့။

ကံစမ်းမဲအသေးစိတ်ကို အောက်ပါ လင့်ခ်လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/1X48jh5Vei/

--------------------------------------

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာစိုးမိုး - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: enquiries@milsciences.com
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

Address

#165 Aung Zay Ya (1) Street, Japan Road, Level 1, Insein Township
Yangon
11012

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+959447043463

Alerts

Be the first to know and let us send you an email when PROBIO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PROBIO:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram