Perfect life ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း

  • Home
  • Myanmar
  • Yangon
  • Perfect life ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း

Perfect life ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း Nurse Aid & Pharmacist Aid Training Center
(2)

မြန်မာ နှစ်သစ်ကူး အချိန်ခါသမယမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ အားလုံးပြည်စုံပါ စေ...
12/04/2026

မြန်မာ နှစ်သစ်ကူး အချိန်ခါသမယမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ အားလုံးပြည်စုံပါ စေလို့
PERFECT LIFE မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင့်

🌟 “Perfect Life” သင်တန်းကို ဘာကြောင့် ရွေးချယ်သင့်လဲ?ဒီနေ့ခေတ်မှာ သင်တန်းတွေ များလာပေမယ့် “Perfect Life”ဆေးဘက်ဆိုင်ရာသင်...
10/04/2026

🌟 “Perfect Life” သင်တန်းကို ဘာကြောင့် ရွေးချယ်သင့်လဲ?

ဒီနေ့ခေတ်မှာ သင်တန်းတွေ များလာပေမယ့် “Perfect Life”
ဆေးဘက်ဆိုင်ရာသင်တန်းကို
လူကြိုက်များလာတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်👇

✨ နားလည်လွယ်တဲ့ သင်ကြားပုံ၊
အခက်အခဲမရှိပဲ Beginner တွေလည်း အလွယ်တကူ လိုက်နိုင်အောင် ကျွမ်းကျင်သော ပညာရှင်ကြီးများမှ စနစ်တကျ စာတွေ့၊လက်တွေ့ သင်ကြားပေးခြင်း။

📚 စနစ်တကျရေးဆွဲထားတဲ့သင်ရိုးညွှန်းတမ်းဖြင့် အခြေခံမှစပြီး အဆင့်ဆင့် လေ့လာနိုင်ခြင်း။

🔁 နားမလည်သော သင်ခန်းစာများကိုအချိန်မရွေး ပြန်လေ့လာနိုင်ခြင်း။

💬 မေးခွန်းရှိရင် ဖြေကြားပေးနိုင်တဲ့ support system ရှိတာကြောင့် နားမလည်မှာစိတ်ပူ
နေစရာမလိုခြင်း။

📈 လက်တွေ့အသုံးဝင်တဲ့ Knowledge၊ သင်ပြီးတာနဲ့
အလုပ်မှာ၊ နေ့စဉ်ဘဝမှာ တကယ်အသုံးချနိုင်ခြင်း

👩‍⚕️သင်တန်းပြီးတာနဲ့ Certificate ရရှိပြီး အလုပ်အကိုင်ပါ တန်းချိတ်ဆက်ပေးတာကြောင့် သေချာလေ့လာလိုက်တာနဲ့ ကိုယ်တိုင် ဝင်ငွေရှာနိုင်တဲ့ အခွင့်အရေးကို ချက်ချင်းရရှိနိုင်ခြင်။

💡 ဒါကြောင့် “Perfect Life” သင်တန်းဟာသင်ယူသူတွေကြားမှာ ယုံကြည်မှုရပြီး လူကြိုက်များလာတာပေါ့။

✨ ကိုယ့်အတွက် တကယ်အကျိုးရှိမယ့် သင်တန်းတစ်ခုကို ရွေးချယ်ချင်ရင် PERFECT LIFE
ဆေးဘက်ဆိုင်ရာသင်တန်းကို သတိရလိုက်နော်....

📩 စိတ်ဝင်စားရင် Message ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ် 💙

https://www.facebook.com/perfectlife1212?mibextid=ZbWKwL

🏤အမှတ် ၁၈၆၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

☎️09-448003125, 09-450450851

07/04/2026

“စာအုပ်ထဲကအသိ
ပညာကို လက်တွေ့အသုံးချနိုင်ပြီး အလုပ်အကိုင်အထိ ချိတ်ဆက်ပေးသည့် တစ်ခုတည်းသင်တန်း”

👉မိသားစုအတွက် ပိုကောင်းတဲ့အနာဂတ် ဖန်တီးချင်လား?
👉လစာကောင်းပြီး အလုပ်သေချာတဲ့ Career လိုချင်လား?
⁉️ကြိုးကြိုးစာစာ စိတ်ဝင်တစား လေ့လာမှတ်ယူဖို့ စိတ်တကယ်ရှိပြီလား?

ဒါဆို ကျွန်မတို့သင်တန်းကို အချိန်မနှောင်မှီ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

စိတ်ဝင်စားရင်

https://www.facebook.com/perfectlife1212?mibextid=ZbWKwL

🏤အမှတ် ၁၈၆၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

☎️09-448003125, 09-450450851

“သတိမထားမိလို့ သင့်ခန္ဓာကိုယ်ကို တိတ်တိတ်လေး ထိခိုက်နေတဲ့အရာThyroid” ရောဂါမပေါ့ဆသင့်ပါ။သိုင်းရွိုက်ဂလင်းဆိုသည်မှာ လည်ပင်...
05/04/2026

“သတိမထားမိလို့ သင့်ခန္ဓာကိုယ်ကို တိတ်တိတ်လေး ထိခိုက်နေတဲ့အရာ
Thyroid” ရောဂါမပေါ့ဆသင့်ပါ။

သိုင်းရွိုက်ဂလင်းဆိုသည်မှာ လည်ပင်းအောက်ခြေတွင်ရှိသော သေးငယ်သည့် လိပ်ပြာပုံသဏ္ဌာန်ဂလင်းဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းသည် အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်လုပ်ပေးပါသည်။

ဒီနေ့ စာဖတ်သူတို့အတွက် အဖြစ်များတတ်တဲ့ သိုင်းရွိုက်ရောဂါ နှစ်မျိုး
၁။ ဟော်မုန်း များတဲ့ရောဂါ (Hyperthyroidism)
၂။ဟော်မုန်း နဲသောရောဂါ (Hypothyroidism) မှ

Hyperthyroidism ကိုအသေးစိတ်ရှင်းပြပေးပါမယ်။

🔷Hyperthyroid လို့ခေါ်တဲ့ hormone လွန်ကဲစွာထုတ်လုပ်ခြင်းရောဂါ
များသောအားဖြင့် အသက် ၂၀ နှင့် ၄၀ကြား အမျိုးသမီးများသည် အမျိုးသားများထက် (၁၀)ဆ ပို၍အဖြစ်များတတ်ပါသည်။

🔷Thyroid hormone များစေသောအကြောင်းရင်းများ

ခုခံအားစနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းစွာ တိုက်ခိုက်သောကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Graves’ disease) (အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်)
သိုင်းရွိုက်ဂလင်းတွင် အကျိတ်ဖြစ်ခြင်း (Thyroid nodules)
သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis)
ပီကျူထရီဂလင်း အကျိတ်ဖြစ်ခြင်း (TSH releasing pituitary adenoma)
အိုင်အိုဒင်းလွန်ကဲစွာ စားသုံးခြင်း (Consuming excess iodine)
သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးများ (Levothyroxine) အလွန်အကျွံသောက်သုံးခြင်း
အိုင်အိုဒင်းပါဝင်သော ဆေးဝါးများသောက်သုံးခြင်း (ဥပမာ – Amiodarone) စသည်တို့ ဖြစ်ကြသည်။

✳️ရောဂါလက္ခဏာများ

ကိုယ်အလေးချိန်ကျခြင်း
နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
နှလုံးခုန်စည်းချက် မမှန်ခြင်း
ပုံမှန်ထက်အစာပိုစားချင်စိတ်ဖြစ်ခြင်း
စိုးရိမ်သောကများခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
လက်တုန်ခြင်း
ချွေးထွက်များခြင်း
အပူဒဏ်မခံနိုင်ခြင်း
အားအင်ကုန်ခန်းခြင်း တို့ဖြစ်တတ်ကြသည်။

❇️မကုသရင် အောကိပါ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တတ်ပါသည် ။
နှလုံးလုပ်ငန်းများ ပျက်စီးခြင်း (Congestive heart failure)
အရိုးပွခြင်း (Osteoporosis)
သိုင်းရွိုက်ကြောင့်ဖြစ်သော မျက်လုံးဆိုင်ရာ ပြဿနာများ (Thyroid eye disease)
သိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်ခြင်း (Thyrotoxic crisis) – အဖျားကြီးခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အရေးပေါ်အခြေအနေဖြစ်သဖြင့် အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်သောကြောင့် ဆေးရုံ၊ ဆေးခန်းပြသရန် လိုအပ်ပါသည်။

❇️ရောဂါရှာဖွေခြင်း
ဆရာဝန်မှ
Thyroid function test ( free T3, free T4, TSH) စစ်ဆေးခြင်း
ရေဒီယိုသတ္တိကြွအိုင်အိုဒင်း သောက်သုံး၍ ပုံရိပ်ဖော်စစ်ဆေးခြင်း (Radioiodine scan and uptake test)၊
သိုင်းရွိုက်ဂလင်းကို အာထရာဆောင်းရိုက်ခြင်း (Thyroid ultrasound)၊
သိုင်းရွိုက်ဆိုင်ရာပဋိပစ္စည်း (Anti-thyroid antibodies) စစ်ဆေးခြင်း စသည်တို့ကို စစ်ဆေး၍ရောဂါရှာဖွေရပါသည်။

❇️ကုသခြင်း
သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါကို ကုသနိုင်သည့် နည်းလမ်းများမှာ_
ဆေးဝါးများဖြင့် ကုသခြင်း
Carbimazole Antithyroid drugs ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ၆ လ (၁) နှစ် (သို့မဟုတ်) (၁) နှစ်ခွဲအထိ ဆက်လက်သောက်သုံးရန် လိုအပ်သည်။ Thyroid ဟော်မုန်းပြန်စစ်၍ ရောဂါလက္ခဏာများ သက်သာလာပြီး သွေးတွင်းရှိ သိုင်းရွိုက်ဟော်မုန်းပမာဏ ပုံမှန်သို့ ပြန်ရောက်သည့်အခါ ဆေးပမာဏကို တဖြည်းဖြည်းလျှော့ချ၍ ဆေးရပ်ခြင်းများ ပြုလုပ်နိုင်သည်။

ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့်ကုသခြင်း (Radioiodine therapy)
thyroid အတွက်ဆေးသောက်နေရင်း ဟော်မုန်းနဲပါးပြီး (Hypothyroidism) ထိ ဖြစ်ပေါ်စေနိုင်သောကြောင့် သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးများကို ပြန်လည်သောက်သုံးရနိုင်သည်။
သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ကုသခြင်း (Thyroidectomy)
သိုင်းရွိုက်ဂလင်း တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ဖယ်ရှား၍ ကုသနိုင်သည်။

❎သိုင်းရွိုက်ဟော်မုန်းလွန်ကဲစေသော အကြောင်းရင်းအားလုံးကို အလုံးစုံကာကွယ်၍ မရသော်လည်း‌ အောက်ဖော်ပြပါအချက်များကို ရှောင်ကြဉ်ပါက ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

ဆေးလိပ်ဖြတ်ခြင်း
အသင့်စားသုံးရန် ပြုပြင်ထုတ်လုပ်ထားသော အစားအသောက်များကို ရှောင်ကြဥ်ခြင်း
စိတ်ဖိစီးမှုလျှော့ချခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
အိပ်ရေးဝအောင် အိပ်စက်ခြင်း
မိသားစုမျိုးရိုးတွင် သိုင်းရွိုက်ရောဂါရှိပါက သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်စစ်ဆေးခြင်းပြုလုပ်သင့်ပါသည်။

“Hyperthyroidism ကိုအရင်တင်ပေးထားပါတယ်။ Hypothyroidism ကိုလည်း ဆက်ဖတ်ချင်ရင် comment မှာ Yes လို့ရေးခဲ့ပါ—သင်တို့ feedback အပေါ်မူတည်ပြီး နောက် post နဲ့ပြန်တွေ့ကျမယ်။
“Like & Share လေးတစ်ချက်နဲ့ အခြားသူတွေရဲ့ ကျန်းမာရေးကိုပါ ကူညီနိုင်ပါတယ်။ LIFE ဆေးဘက်ဆိုင်ရာသင်တန်း

PERFECT LIFE မှ သင်တန်းပြီးထားသောကျောင်းသူများအတွက် ...🟢ဆေးအရောင်း  (အမျိုးသမီး)သစ်ခွဆေးဆိုင်မှ ဆိုင်ခွဲများ ထပ်မံဖွင့်လ...
04/04/2026

PERFECT LIFE မှ သင်တန်းပြီးထားသောကျောင်းသူများအတွက် ...

🟢ဆေးအရောင်း (အမျိုးသမီး)

သစ်ခွဆေးဆိုင်မှ ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ရန် ဆေးအရောင်းဝန်ထမ်းများ ခေါ်ယူနေပါသည်။
ဆေးအရောင်းပိုင်းကို စိတ်ဝင်စားပြီး ကြိုးစားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။

ရရှိနိုင်မည့် အကျိုးခံစားခွင့်များ
* (လုပ်ငန်းကျွမ်းကျင်မှုပေါ်တည်ပြီး)
လစာ+ခံစားခွင့်: ကျပ် ၃၄၀,၀၀၀ မှ ၅၀၀,၀၀၀
* တပတ်လျှင် (၂)ရက် နားခွင့်
* အဝေးသင်တက်ရောက်နေသူများအတွက် စာမေးပွဲဖြေဆိုခွင့် နှင့် အလုပ်သမားဥပဒေပါ ခွင့်ခံစားခွင့်များ
* ဆေးဝါးနှင့်ပတ်သက်သည့် Training များတက်ရောက်ခွင့်
* အဆောင်စီစဉ်ပေးခြင်း: အဆောင်လိုအပ်သူများအတွက် စီစဉ်ဆောင်ရွက်ပေးပါမည်။

လျှောက်ထားသူ၏ အရည်အချင်း *ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းထားသူဖြစ်ရမည်။
* လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
* အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ရှိရပါမည်။
* အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်းဖြစ်ရမည်။
* ဆေးအရောင်းပိုင်းကို စိတ်ဝင်စားသူ ဖြစ်ရပါမည်။
* ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

✳️လျှောက်ထားလိုသူများအနေဖြင့် CV Form အပြည့်အစုံကို Facebook Messeger သို့မဟုတ် Viber Ph Number 09 880 876 626 သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

✨ သင်တန်းပြီးဆုံးခြင်းနှင့်အတူ အလုပ်အကိုင်ကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခဲ့ခြင်းအတွက် PERFECT LIFE မှဂုဏ်ယူဝမ်းမြောက်ပါတ...
03/04/2026

✨ သင်တန်းပြီးဆုံးခြင်းနှင့်အတူ အလုပ်အကိုင်ကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခဲ့ခြင်းအတွက် PERFECT LIFE မှဂုဏ်ယူဝမ်းမြောက်ပါတယ်။ Congratulations! ပါ ညီမလေး ချစ်သဲစံ✨အနာဂတ်မှာ ဒီထက်ပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

ဖုန်းဘေလ် ၁၀၀၀ ကျပ် ၃ ယောက်ရဲ့ winner လေးတွေ ပေါ်ထွက်လို့လာပါပြီနော်🤩အဖြေမှန်လေးက(အဆုတ်)ဖြစ်ပါတယ်ရှင့်😍ဖုန်းဘေလ်မဲပေါက်သ...
02/04/2026

ဖုန်းဘေလ် ၁၀၀၀ ကျပ် ၃ ယောက်ရဲ့ winner လေးတွေ ပေါ်ထွက်လို့လာပါပြီနော်🤩

အဖြေမှန်လေးက(အဆုတ်)ဖြစ်ပါတယ်ရှင့်😍

ဖုန်းဘေလ်မဲပေါက်သူများ မင်မင်တို့ cb မှာ ဖုန်းနံပါတ်လေးတွေပေးထားပေးပါအုန်း😍
ဘေလ်ဖြည့်ပေးပါမယ်နော်✌️

01/04/2026

“စာတွေ့ကနေ လက်တွေ့ထိ — အလုပ်အကိုင်ချိတ်ဆက်ပေးသော သင်တန်း”

🎓 ဘွဲ့တိုင်းက အတတ်ပညာမဟုတ်ပါဘူး
💼 အလုပ်တိုင်းကလည်း အတတ်ပညာရှိမှသာ အောင်မြင်နိုင်ပါတယ်။

☀️ ဒီနွေရာသီပိတ်ရက်မှာ
📚 ဆေးဝါးပညာနှင့် သူနာပြုအကူအတတ်ပညာတွေကို သင်ယူပြီး
👨‍👩‍👧 မိသားစုကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်သလို
💰 အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးနိုင်ပါပြီ

✨ အနာဂတ်အတွက် အရေးပါတဲ့ အတတ်ပညာတစ်ခုကို
ဒီနေ့ကစပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ!
🚀 ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွတ်ပါနဲ့!

တက်ရောက်နိုင်မည့်ဘာသာရပ်များ

✅အခြေခံ ဆေးဝါး ကျွမ်းကျင်
✅အဆင့်မြင့် ဆေးဝါး ကျွမ်းကျင် ✅သူနာပြုအကူ
✅မိခင်နဲ့ကလေးပြုစုစောင့်ရှောက်ရေး
✅ဆေးဆိုင်စီမံမှု

အသေးစိတ်စုံစမ်းမေးမြန်ရန်

https://www.facebook.com/perfectlife1212?mibextid=ZbWKwL

🏤အမှတ် ၁၈၆၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

☎️09-448003125, 09-450450851

ဖြေနိုင်တဲ့သူ ဖုန်းဘေလ်ယူ 😍အဖြေမှန်သူတွေထဲက 3 ယောက် ကို (2.4.2026) ည 7 နာရီမှာ မင်မင်တို့က ဖုန်းဘေ ( 1000 ) 3 ယောက်တိတိ ...
30/03/2026

ဖြေနိုင်တဲ့သူ ဖုန်းဘေလ်ယူ 😍

အဖြေမှန်သူတွေထဲက 3 ယောက် ကို (2.4.2026) ည 7 နာရီမှာ မင်မင်တို့က ဖုန်းဘေ ( 1000 ) 3 ယောက်တိတိ မဲဖောက်
ပေးသွားမှာဖြစ်ပါတယ်နော် !

ကဲ ဒါဆို အဖြေမှန်လေးက ဘာများဖြစ်မလဲ ?

Cmt မှာ အတူတူ မျှဝေရင်း
ဒါမျိုးစိတ်ဝင်စားဖို့ ကောင်းတဲ့ ဗဟုသုတတွေ ရနေဖို့ PERFECT LIFE သင်တန်းကျောင်းကို FOLLOW လုပ်ထားလိုက်တော့
နော်

https://www.facebook.com/share/1T92PDrySF/

25/03/2026

🎓 ဘွဲ့တိုင်းက အတတ်ပညာမဟုတ်ပါဘူး
💼 အလုပ်တိုင်းကလည်း အတတ်ပညာရှိမှသာ အောင်မြင်နိုင်ပါတယ်။

☀️ ဒီနွေရာသီပိတ်ရက်မှာ
📚 ဆေးဝါးပညာနှင့် သူနာပြုအကူအတတ်ပညာတွေကို သင်ယူပြီး
👨‍👩‍👧 မိသားစုကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်သလို
💰 အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးနိုင်ပါပြီ

✨ အနာဂတ်အတွက် အရေးပါတဲ့ အတတ်ပညာတစ်ခုကို
ဒီနေ့ကစပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ!
🚀 ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွတ်ပါနဲ့!

တက်ရောက်နိုင်မည့်ဘာသာရပ်များ

✅အခြေခံ ဆေးဝါး ကျွမ်းကျင်
✅အဆင့်မြင့် ဆေးဝါး ကျွမ်းကျင် ✅သူနာပြုအကူ
✅မိခင်နဲ့ကလေးပြုစုစောင့်ရှောက်ရေး
✅ဆေးဆိုင်စီမံမှု

အသေးစိတ်စုံစမ်းမေးမြန်ရန်

https://www.facebook.com/perfectlife1212?mibextid=ZbWKwL

🏤အမှတ် ၁၈၆၊မဟာဗန္ဓုလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

☎️09-448003125, 09-450450851

ဘေးမခ  Pharmacy Co.,Ltd မှရန်ကင်း (၁၂)လုံးတန်း ဆိုင်ခွဲ , တာမွေဈေး ဆိုင်ခွဲ, အလုံဆင်မင်းဈေးဆိုင်ခွဲများတွင် တာဝန်ထမ်းဆော...
12/03/2026

ဘေးမခ Pharmacy Co.,Ltd မှ
ရန်ကင်း (၁၂)လုံးတန်း ဆိုင်ခွဲ ,
တာမွေဈေး ဆိုင်ခွဲ,
အလုံဆင်မင်းဈေးဆိုင်ခွဲများတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများကို Company တိုက်ရိုက် ခေါ်ယူနေပါသည်။

ခေါ်ယူမည့်ရာထူးများ
✅Senior ဆေးအရောင်းဝန်ထမ်း – (၂) ဦး
✅ဆေးအရောင်းဝန်ထမ်း – (၄) ဦး


✨ Senior / ဆေးအရောင်းဝန်ထမ်းအတွက် လိုအပ်ချက်များ
✔ ဆေးအရောင်းလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ခန့်ရှိသူ
✔ Computer အသုံးပြုနိုင်သူ ဦးစားပေးပါမည်
✔ သွက်လက်တက်ကြွ ကာ Customer Service ကောင်းမွန်သူ
✔ ရေရှည်လုပ်ကိုင်နိုင်သူ

📅 Off Day – တစ်ပတ် (၁) ရက်
💰 Salary – အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်ပါသည်


📩 လျှောက်ထားရန်
စိတ်ဝင်စားသူများသည် CV Form နှင့် သင်တန်းဆင်းမိတ္တူများ ကို အောက်ပါသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
📱 Viber – 09-750099795
📧 Email – hr.bmkchainpharmacy@gmail.com

09/03/2026

✨ အနာဂတ်အလုပ်အကိုင်အတွက်
ဆေးဝါးများကို လက်တွေ့ကျကျ စနစ်တကျ လေ့ကျင့်သင်ကြားနေတဲ့ သင်တန်းသားများနဲ့ တနေ့တာ..

Address

NO 186, MAHARBANDOLA GARDEN STREE, KYAUKTADA TOWNSHIP
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959448003125

Alerts

Be the first to know and let us send you an email when Perfect life ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Perfect life ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း:

Share