Pun Hlaing Hospitals

Pun Hlaing Hospitals Our vision is to care with compassion for our nation with accessible, patient-focused care from fully dedicated full-time specialists.
(985)

We are the only hospital in Myanmar to have our international quality standards be accredited by JCI. Our vision is International Quality, Reach, Scale and Godly Compassion. We have a clear strategy to be the premier healthcare operator in Myanmar.

ပန်းလှိုင်ဆေးရုံ- လှိုင်သာယာရဲ့ စိတ်လှုပ်ရှားဖွယ်ရာ Give Away Promotion အစီအစဉ်ရဲ့  “၂၀၂၆  စားပွဲတင် ပြက္ခဒိန်ဆု” ကံထူးရ...
31/10/2025

ပန်းလှိုင်ဆေးရုံ- လှိုင်သာယာရဲ့ စိတ်လှုပ်ရှားဖွယ်ရာ Give Away Promotion အစီအစဉ်ရဲ့ “၂၀၂၆ စားပွဲတင် ပြက္ခဒိန်ဆု” ကံထူးရှင်များ ထွက်ပေါ်လာပါပြီ။

ကံထူးရှင်များအာလုံး Congratulations ပါလို့ ပြောကြားရင်း ဒီအစီအစဉ်လေးမှာ တက်ကြွစွာပါ၀င်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိတယ်။

ပုံမှာ ဖေါ်ပြထားတဲ့ ကံထူးရှင် (၂၀) ဦးက Page Cb မှာလာရောက်ပြီး မိမိတို့ရဲ့ Facebook အကောင့်အမည်နဲ့ ဖုန်းနံပါတ် ပေးခဲ့ပါနော်။ ပန်းလှိုင်ဆေးရုံမှ ပြန်လည် ဆက်သွယ်ပြီး ဆုလက်ဆောင်များကို လာရောက်ထုတ်ယူနိုင်မည့်ရက်ကို ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

၁၀ မိနစ်နဲ့ Dental Implant စိုက်ပါတစ်သက်တာခံမယ့် သွားစိုက်ခြင်းကို ဘေးကင်းစိတ်ချရပြီး ၁၀ မိနစ်အတွင်းစိုက်လို့ရတယ်လိုပြော...
31/10/2025

၁၀ မိနစ်နဲ့ Dental Implant စိုက်ပါ

တစ်သက်တာခံမယ့် သွားစိုက်ခြင်းကို ဘေးကင်းစိတ်ချရပြီး ၁၀ မိနစ်အတွင်းစိုက်လို့ရတယ်လိုပြောရင် သင် အံ့သြသွားမှာပါ…

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မီနည်းပညာတွေနဲ့အတူ The Grand ရဲ့ Surgical Guide နည်းပညာက သွားစိုက်တာကို အမြန်ဆုံး၊ အလုံခြုံဆုံးနဲ့ သက်သောင့်သက်သာအရှိဆုံးနည်း နည်းပညာတစ်ခုပါ…

အဆင့်မြင့် ဒစ်ဂျစ်တယ်ပုံဖော်ခြင်း (3D Surgical Guide) ရဲ့ လမ်းညွှန်မှုတွေကနေတစ်ဆင့် နာကျင်မှုမရှိဘဲ နေရာမှန်အတိအကျ စိုက်နိုင်ပြီး အနာကျက်မြန်ဆန်တဲ့အပြင် သဘာဝကျတဲ့သွားမြစ်တုကို (၁၀)မိနစ်အတွင်း စိုက်လို့ရပါတယ်…

The Grand ရဲ့ Guided Implants နဲ့ဆိုရင် အချိန်ကုန်သက်သာပြီး နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။ စိုက်ပြီးတဲ့အချိန်ကစလို့ သင့်သဘာဝသွားလို ခံစားရစေမှာမို့ ကိုယ်တိုင်တွေ့ကြုံခံစားကြည့်ဖို့ The Grand မှာ ဒီနေ့ပဲ စုံစမ်းလို့ရပါတယ်…

For more details & appointments

The Grand Pun Hlaing
Ph no. - 09 984 94 94 94
Pun Hlaing Hospital - Pun Hlaing Estate Avenue, Hlaing Tharyar Township, Yangon, Myanmar

𝐌𝐚𝐩𝐬 – https://maps.app.goo.gl/RqeFLxvK7tFj63fm7
Website : www.thegranddental.com

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🫀နှလုံးသွေးကြောပိတ်ရောဂါနှင့် ကြောက်မက်ဖွယ်အန္တရာယ်👩‍⚕️🫀နှလုံးဆိုတာဟာ ကိုယ်ခန္ဓာတွင်းမှ အခေါင်းပွကြွက်သားတစ်ခုဖြစ်ပြီး အ...
30/10/2025

🫀နှလုံးသွေးကြောပိတ်ရောဂါနှင့် ကြောက်မက်ဖွယ်အန္တရာယ်👩‍⚕️

🫀နှလုံးဆိုတာဟာ ကိုယ်ခန္ဓာတွင်းမှ အခေါင်းပွကြွက်သားတစ်ခုဖြစ်ပြီး အသက်ရှင်သန်ဖို့အတွက် တစ်စက္ကန့်လေးတောင် နားချိန်မရှိ အဆက်မပြတ်အလုပ်လုပ်နေရတဲ့ အင်ဂျင်တစ်လုံးနဲ့ ဆင်တူတဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ နှလုံးဟာ သာမန်လူတစ်ဉီးမှာ တစ်ရက်တာအတွင်း အကြိမ်ရေ ၁၀၃,၀၀၀ ကျော်ခန့် ခုန်လျက်ရှိပါတယ်။ ဒါကြောင့် သူဟာ တခြားအင်္ဂရပ်တွေထက် သွေးထောက်ပံ့မှုနှင့် အောက်စီဂျင် ပိုမိုလိုအပ်သလို အမှားမခံတဲ့ အရာတစ်ခုလဲဖြစ်ပါတယ်။

🫀နှလုံးကို အဓိကအားဖြင့် 𝐜𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐚𝐫𝐭𝐞𝐫𝐢𝐞𝐬 လို့ခေါ်တဲ့ နှလုံးသွေးလွှတ်ကြောများက အဓိက သွေးထောက်ပံ့ပေးထားပါတယ်။ နေ့တဓူဝစားသောက်ခဲ့သော အဆီများတဲ့ အစားအသောက်တွေ၊ အရက်ဘီယာတွေ၊ ဆေးလိပ်တွေဟာ သွေးထဲမှာ 𝐜𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 ဓာတ်ကို မြင့်တတ်လာစေပြီး နှလုံးသွေးလွှတ်ကြောများရဲ့ နံရံတွေမှာ သွားပြီးအနည်ကျကာ သွေးကြောများ စတင်ကျဉ်းလာပါတယ်။ ဒ့ါပြင် ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း နှင့် အခြားရောဂါဆက်စပ်ရောဂါ များက သွေးစေးပြစ်ခြင်းကိုဖြစ်စေပါတယ်။ သာမန်ထက်ပိုပြစ်နေတဲ့ သွေးတွေဟာ ကျဉ်းပြီး မာကြောနေတဲ့ သွေးကြောတွေနဲ့တွေ့တဲ့အခါ ဆက်လက်ဖြတ်သန်းသွားဖို့ ပိုမိုခက်ခဲလာပြီး နောက်ဆုံးမှာ နှလုံးသွေးကြောပိတ်ခြင်း နှင့် ရုတ်တရက်နှလုံးသွေးကြောပိတ် သေဆုံးခြင်းကို ဖြစ်စေပါတယ်။ အချိန်မှီ ကုသမှု မခံယူခဲ့ရင် အသက်ဆုံးရှုံးဖို့ ရာခိုင်နှုန်းများစွာရှိပြီး ကမ္ဘာနဲ့ အဝှမ်း အချိန်တိုအတွင်း ရုတ်တရက် သေဆုံးမှုများကို လေ့လာကြည့်တဲ့အခါ 𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐫𝐭𝐞𝐫𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞 လို့ခေါ်တဲ့ နှလုံးသွေးကြောများရောဂါ ကြောင့် သေဆုံးမှုဟာ အများဆုံးဖြစ်ပါတယ်။

💁‍♂️ဘယ်လိုလူတွေမှာဖြစ်လဲ❓

ဆီးချို၊သွေးချိုဝေဒနာရှင်များ၊ သွေးတိုးရောဂါရှိသူများ၊ အဝလွန်သူများ၊ ဆေးလိပ်သောက်သုံးသူများ၊ အရက်ဘီယာသောက်သုံးသူများ နှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများစတဲ့ အခြေအနေ ရှိသောသူများမှာ အဖြစ်များပါတယ်။

💁‍♂️သူရဲ့ လက္ခဏာတွေက ဘာလဲ❓

(၁) နဲနဲလေး လှုပ်ရှားလိုက်တာနှင့်မောခြင်း (𝐃𝐲𝐬𝐩𝐧𝐨𝐞𝐚 𝐨𝐧 𝐞𝐱𝐞𝐫𝐭𝐢𝐨𝐧)
မောတာက တဖြည်းဖြည်း ပိုပိုဆိုးလာနိုင်ပါတယ်၊ အရင်က လှေကားတက်မှ မောပေမယ့် နောက်ပိုင်း လမ်းနည်းနည်းလျှောက်လျှင်ပင်မောဟိုက်နေခြင်း၊ အိမ်ထဲမှာ လမ်းလျှောက်နေရင်းပင် မောနေခြင်း၊ ပိုဆိုးလာရင်တော့ စကားပြောလျှင်ပင်မောခြင်း၊ ထိုင်နေရင်းနဲ့ မောခြင်း စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့်ခံစားရနိုင်ပါတယ်။

(၂) ပက်လက်လှန်ကြာကြာမအိပ်နိုင်ခြင်း (𝐨𝐫𝐭𝐡𝐨𝐩𝐧𝐞𝐚)၊ ညသန်းခေါင်တွင် ရုတ်တရက် မောပြီးထထိုင်ရခြင်း (𝐩𝐚𝐫𝐨𝐱𝐲𝐬𝐦𝐚𝐥 𝐧𝐨𝐜𝐭𝐮𝐫𝐧𝐚𝐥 𝐝𝐲𝐬𝐩𝐧𝐞𝐚)

(၃) ခြေထောက်များ၊ ဝမ်းဗိုက်များ ရောင်လာခြင်း (𝐩𝐢𝐭𝐭𝐢𝐧𝐠 𝐨𝐝𝐞𝐦𝐚)

(၄) ရင်ဘတ်အောင့်ခြင်း (𝐂𝐡𝐞𝐬𝐭 𝐏𝐚𝐢𝐧)
ရင်ဘတ်အလည့်တည့်တည့်မှ (𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐜𝐡𝐞𝐬𝐭 𝐩𝐚𝐢𝐧) အောင့်တာဖြစ်ပြီး ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို နင်းထားသလို ခံစားရတတ်ပါတယ်၊ (နာကျင်မှုက အတော်လေး ဆိုးဝါးနိုင်ပါတယ်)။ ကိုယ့်အနေနဲ့ အဲ့လောက်ကြီးမပြင်းထန်သေးဘူးဆိုပေမယ့် အလုပ်လုပ်လို့မောနေတဲ့အချိန်နဲ့ ဆက်စပ်ပြီး ရင်ဘတ်အလယ်တည့်တည့်က မကြာမကြာအောင့်နေပြီ ဆိုရင်တော့ ဒါဟာ အရေးကြီးတဲ့ အခြေအနေရောက် နေပြီဖြစ်ကြောင်း ရှေ့ပြေးလက္ခဏာများပဲဖြစ်ပါတယ်။

💁‍♂️ နှလုံးသွေးကြောကျဉ်းရှိနေပေမယ့် နှလုံးသွေးကြောမပိတ်အောင် ဘယ်လိုကာကွယ်ရမလဲ❓

(၁) ဆေးလိပ်လုံးဝ (လုံးဝ) ဖြတ်ပါ..

(၂) သွေးကြဲဆေး၊ ဆီးချိုထိန်းဆေး၊ သွေးတိုးထိန်းဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မပျက်မကွက် သောက်သုံးပါ။

(၃) စားသောက်နေထိုင်မှုပုံစံ လုံးဝပြောင်းလဲပါ။ အဆီများသော အစားအသောက်များ၊ အသားနီများ (𝐑𝐞𝐝 𝐌𝐞𝐚𝐭) များနှင့် ကယ်လိုရီများသော အစားအသောက်များကို ရှောင်ရှားပြီး ဟင်းသီးဟင်းရွက် များ ကို ပိုမို အလေးပြုစားသုံးပါ။

(၄) မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်ပေးခြင်း ( နှလုံးသွေးကြောကျဉ်းသူများအနေနဲ့ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ လုံးဝ ပြုလုပ်ရန် မသင့်ပါ။ ဒါကြောင့် လမ်းလျှောက်ခြင်းလိုမျိုး လူသက်သာတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကပဲ သင့်တော်ပါလိမ့်မယ်)

(၅) နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအနေနဲ့ အန္တရယ်များသောအလုပ်များမလုပ်သင့်ပါ (ဥပမာ ကားမောင်းခြင်း၊ လေယာဉ်မောင်းခြင်း၊ အမြင့်တက်ခြင်း)

💁‍♂️ မိမိ အသိအကျွမ်းမိသားစုထဲမှာ နှလုံးသွေးကြောပိတ် လက္ခဏာမျိုးဖြစ်လာရင် ဘာလုပ်မလဲ❓

(1) လူနာအား လှုပ်ရှားမှု အားလုံးကို ရပ်တန့်လိုက်ပါ
(2) လျှာအောက်ငုံရသော ငုံဆေးများ ငုံနိုင်ပါတယ်
(3) ပြီးရင် အချိန်မဆိုင်းပဲ အနီးစပ်ဆုံးဆေးရုံကို တွေဝေမှုမရှိပဲ အမြန်ဆုံးသွားပါ။ လူနာအတွက် အချိန်တစ်မိနစ်လောက်ဟာ အတော်လေး တန်ဖိုးရှိပါတယ်။

လူသားတိုင်း နှလုံးသွေးကြောကျဉ်းခြင်းနှင့် ပိတ်ခြင်းတို့မှ ထာဝရကင်းဝေးနိုင်ကြပါစေ...

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

🧠 အောက်တိုဘာ ၂၉ ရက်နေ့ကတော့ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ (World Stroke Day ၂၀၂၅) ဖြစ်ပါတယ်။ 🌍 ဒီနှစ် World Stroke Day ရ...
29/10/2025

🧠 အောက်တိုဘာ ၂၉ ရက်နေ့ကတော့ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ (World Stroke Day ၂၀၂၅) ဖြစ်ပါတယ်။
🌍 ဒီနှစ် World Stroke Day ရဲ့ ဆောင်ပုဒ်လေးကတော့ “Every Minute Counts (မိနစ်တိုင်းကို တန်ဖိုးထားလို့ လေဖြတ်ခြင်းကို အချိန်မီ ကာကွယ်ကုသစို့)” ဖြစ်ပါတယ်။

လေဖြတ်ခြင်း (Stroke) ဖြစ်တဲ့အချိန်မှာ မိနစ်တိုင်းဟာ ဦးနှောက်အတွက် အရေးကြီးဆုံးအချိန်တွေဖြစ်ပါတယ်။ တစ်ချို့အချိန်တွေမှာဆိုရင်တော့ မိနစ်အနည်းငယ်ပဲနဲ့ တစ်သက်လုံး မသန်စွမ်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် “ခဏစောင့်ကြည့်လိုက်ဦးမယ်” လို့ မလုပ်ပါနဲ့။

ပန်းလှိုင်ဆေးရုံနှင့် ဆေးခန်းများ အနေနဲ့ လေဖြတ်ခြင်းနှင့် ပက်သက်တဲ့ အသိပညာပြန့်ပွါးအောင် နိူးဆော်ရင်း ⏱ အရေးကြီးတဲ့ဒီ ရောဂါလက္ခဏာတွေကို မှတ်သားနိုင်ကြဖို့ ဖေါ်ပြလိုပါတယ်။
F.A.S.T.
👉 F – Face: မျက်နှာတစ်ဖက်ရွဲ့နေသလား?
👉 A – Arm: လက်တစ်ဖက်မ”မ”နိုင်ဘူးလား?
👉 S – Speech: စကားပြောရခက်နေသလား?
👉 T – Time: အချိန်မီ ဆေးရုံသို့ အမြန်သွားပါ။

လေဖြတ်ခြင်းက မသန်စွမ်းစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်​လို့ အထူးသတိပြု နေထိုင်ပြီး သွေးတိုးမဖြစ်အောင် သတိပြုဆင်ခြင်ကာ၊ ဆေးလိပ်
သောက်သုံးခြင်းနဲ့ အဆီများစားလွန်ကျွံစွာ စားသုံးခြင်း စတဲ့အကြောင်းအရင်းများကို ထိန်းချုပ်ပေးနိုင်ပါက လေဖြတ်ခြင်းအန္တရာယ်ကို ၉၀% အထိလျှော့ချပေးတာကို တွေ့ရှိနိုင်ပါတယ်။
ဒါ့အပြင်-
🏃‍♀️ ကိုယ်လက်လှုပ်ရှားခြင်း

🍎 ကျန်းမာရေးနဲ့ အညီ မျှတစွာ စားသောက်ခြင်း စတာတွေကို လုပ်ဆောင်ခြင်း နှင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အသိပညာများကို မိမိတို့ မိတ်ဆွေများနှင့် ချစ်ခင်ရသူများသို့ ပြန်လည် ဝေမျှကြရင်း အသက်ကယ်တင်ဖို့ မိနစ်တိုင်းအရေးကြီးကြောင်း သတိပြုကြစေလိုပါတယ်။


#𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐟𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

28/10/2025

Self-Care Tips တွေထဲက မပါမဖြစ် Dental Care Tips

Self-care ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ မျက်နှာအသားအရေ ဒါမှမဟုတ် ခန္ဓာကိုယ်လှပမှုကို ထိန်းသိမ်းတာထက်ပိုပြီး လူတွေ အရင်ဆုံး သတိထားမိတဲ့ အပြုံးကို ဂရုစိုက်တာလည်း ပါဝင်ပါတယ်။ ကျန်းမာတဲ့ အပြုံးက သင့်ရဲ့ အလုပ်အကိုင်နဲ့ လူမှုဘဝအောင်မြင်မှုအတွက်လည်း အဓိက သော့ချက်‌ ဖြစ်စေမှာပါ….

ကျန်းမာပြီး တောက်ပတဲ့ အပြုံးကို ပိုင်ဆိုင်ချင်တယ်ဆိုင်ရင် မဖြစ်မနေ လိုက်နာသင့်တဲ့အချက်တွေကတော့

✤ တစ်နေ့နှစ်ကြိမ် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ ညင်သာစွာ တိုက်ပါ

✤ သွားတိုက်တံနဲ့ မပြောင်စင်နိုင်တဲ့ နေရာတွေအတွက် သွားပွတ်ကြိုး (Floss) သုံးပြီး သန့်ရှင်းပါ

✤ သွားအရောင်ကို စွန်းထင်းစေတဲ့ ဆေးလိပ်နဲ့ ကွမ်းတွေ ရှောင်ရှားပြီး ကော်ဖီ၊ လက်ဖက်ရည်လည်း လျှော့သောက်ပါ

✤ သွားကြိတ်တတ်တဲ့သူတွေအတွက် (Night Guards) လို့ခေါ်တဲ့ ညအိပ်သွားကာတွေတပ်ပြီး ကာကွယ်ပါ

✤ သွားကျန်းမာရေးပြဿနာတွေ စောစောသိနိုင်ဖို့ ခြောက်လတစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးပါ

ကိုယ့်ရဲ့သွားလေးတွေကို ဂရုစိုက်ဖို့ အခုပဲ The Grand Dental Clinic မှာ သွားကျန်းမာရေး စစ်ဆေးလိုက်တော့နော်….

For more details & appointments

The Grand Pun Hlaing
Ph no. - 09 984 94 94 94
Pun Hlaing Hospital - Pun Hlaing Estate Avenue, Hlaing Tharyar Township, Yangon, Myanmar

𝐌𝐚𝐩𝐬 – https://maps.app.goo.gl/RqeFLxvK7tFj63fm7
Website : www.thegranddental.com

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🏥 Clinical Services• Medical Officer (North Dagon) - 3 Posts• Telehealth Medical Officer - 1 Post👩‍⚕️ Nursing• Nursing P...
26/10/2025

🏥 Clinical Services
• Medical Officer (North Dagon) - 3 Posts
• Telehealth Medical Officer - 1 Post

👩‍⚕️ Nursing
• Nursing Professional (DM Center) - 1 Post
• Nursing Professional - 5 Posts
• Health Care Assistant - 5 Posts

⚕️ Allied Health
• Physiotherapist - 5 Posts
• Medical Technologist (Histopathology) - 5 Posts
• Pharmacist - 5 Posts
• Pharmacy Assistant - 5 Posts
• Phlebotomist - 5 Posts

🧩 General
• Executive Management Associate - 1 Post
• Executive Assistant - 1 Post
• General Manager - General Affairs - 1 Post
• General Manager - Projects & Pipeline - 1 Post
• Manager - People Management (HR) - 1 Post
• Infrastructure Assistant Manager - 1 Post
• System Support Specialist - 1 Post
• Case Coordinator - Renal Transplant - 1 Post
• Facility Officer/Senior Facility Officer - 1 Post
• Front Office Officer/Assistant - 3 Posts
(North Dagon/Thingagyun)
• Housekeeper - 7 Posts
(Hlaing Tharyar/North Dagon/Dagon)
• Lab Runner - 3 Posts
(Hlaing Tharyar, North Dagon, Thingangyun and Yankin)
Please send your CV and relevant documents to hr@punhlainghospitals.com or drsuhnincho@punhlainghospitals.com via Viber at +959 506 2314 or apply through the QR link:
https://punhlainghospitals.com/jobs/
#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

24/10/2025

🤯 စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ စိုးရိမ်ပူပန်မှုတွေ ခံစားနေရပြီလား? ဒါဆိုရင်တော့ ကိုယ်တိုင်တစ်ဦးတည်း ဖြေရှင်းဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ သက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နယ်ပယ်က ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်ကြီးများနဲ့ ပြသဖို့ လိုအပ်ပါတယ်။ အရင်ဆုံး ဒီဗီဒီယိုလေးမှာတော့
Psychiatrist နဲ့ Counselling Psychologist နဲ့ ဘာကွာလဲ ဆိုတဲ့ အချက်လေးကို ဒေါက်တာ စိုးပိုင်ဟိန်းမှ သေချာ ရှင်းပြပေးထားတာ ဖြစ်ပါတယ်။
✨ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုထားရင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ၊ လိုအပ်လျှင် 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐬𝐭ဖြင့် နှစ်သိမ့်ဆွေးနွေးအကြံပေးပါ။ ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများတွင်လည်း 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐬𝐭 𝐃𝐫 𝐒𝐨𝐞 𝐏𝐚𝐢𝐧𝐠 𝐇𝐞𝐢𝐧 - ဒေါက်တာ စိုးပိုင်ဟိန်းဖြင့် လူကိုယ်တိုင် (သို့) အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
👉 ဆက်သွယ်ရန် 👈
🏥 ပန်းလှိုင်ဆေးရုံ - လှိုင်သာယာ ပန်းလှိုင်အိမ်ရာ၊ စက်မှုဇုန်မှတ်တိုင်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ 𝐌𝐚𝐩𝐬 – 📲 𝐌𝐨𝐛𝐢𝐥𝐞 - 𝟎𝟗 𝟒𝟐𝟏 𝟎𝟒𝟐 𝟔𝟕𝟗 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်) 📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟐𝟐 (၂၄ နာရီအချိန်မရွေး ဆက်သွယ်ရန်)
🚨 အရေးပေါ်ဌာန 📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟏𝟏 (၂၄ နာရီအချိန်မရွေး ဆက်သွယ်ရန်)
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🌟 ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာတွေ အတွက် အစားအသောက်တွေကို HACCP စံချိန်စံညွှန်း အတိုင်း သန့်ရှင်းပြီး ကျန...
24/10/2025

🌟 ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာတွေ အတွက် အစားအသောက်တွေကို HACCP စံချိန်စံညွှန်း အတိုင်း သန့်ရှင်းပြီး ကျန်းမာရေးကို ဦးစားပေးထားတဲ့ နည်းလမ်းတွေနဲ့ ပြင်ဆင်ပေးလျက်ရှိပါတယ်။

ဆရာဝန်တွေ၊ အာဟာရဗေဒဆရာကြီးတွေရဲ့ အကြံပေးချက်တွေအရ ဆားနည်းပြီး၊ ဓာတုဗေဒပစ္စည်းများနှင့်ပြုလုပ်ထားတဲ့ ဟင်းခတ်မှုန့်၊ အချိုမှုန့်တို့လို ထုတ်ကုန်များကို လုံး၀ အသုံးပြုခြင်းမရှိဘဲ အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို အရသာရှိအောင် ချက်ပြုတ်စီမံပေးနေပါတယ်။

💡 လူနာတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးလိုအပ်ချက်ကို သေချာစစ်ဆေးပြီး သင့်တော်တဲ့ အစားအသောက်တွေ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို လည်း MFFT Catering Myanmar နဲ့ ပူးပေါင်းပြီး သေချာစွာ ပံ့ပိုးပေးနေပါတယ်။

ဒါ့ကြောင့် ပန်းလှိုင်ဆေးရုံ- လှိုင်သာယာမှာ ဆေးကုသနေကြတဲ့ လူနာတိုင်းရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး သေချာချက်ပြုတ် ပြင်ဆင်ထားတဲ့ Nutrition Meal တွေကို လူနာခန်းတွေဆီအရောက် ပို့ဆောင်ပေးတဲ့ မြင်ကွင်း ပုံရိပ်လေးတွေကို ယခုလို မှတ်တမ်းတင် လိုက်ရပါတယ်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

👩‍⚕️ Clinical Services• 🩺 Medical Officer – 3 Posts• 💻 Telehealth Medical Officer – 1 Post• 🦷 Dentist – 1 Post👩‍⚕️ Nursi...
20/10/2025

👩‍⚕️ Clinical Services
• 🩺 Medical Officer – 3 Posts
• 💻 Telehealth Medical Officer – 1 Post
• 🦷 Dentist – 1 Post

👩‍⚕️ Nursing
• 💉 Nursing Professional (DM Center) – 1 Post
• 👩‍⚕️ Nursing Professional – 5 Posts
• 🤝 Health Care Assistant – 5 Posts

🩺 Allied Health
• 🏃‍♀️ Physiotherapist – 5 Posts (North Dagon)
• 🧪 Medical Technologist – 5 Posts
• 💊 Pharmacist – 5 Posts
• 💉 Phlebotomist – 5 Posts

🏢 General
• 🩺 Executive Management Associate – 1 Post
• 🗂️ Executive Assistant – 1 Post
• 👥 Manager – People Management (HR) – 1 Post
• 🎯 Branding and Communication Manager – 1 Post
• 💻 Infrastructure Assistant Manager – 1 Post
• 🖥️ System Support Specialist – 1 Post
• 🧰 Facility Officer / Senior Facility Officer – 1 Post
• 💼 Front Office Officer / Assistant – 3 Posts (Thingangyun)
• 🧹 Housekeeper – 7 Posts (Hlaing Tharyar / North Dagon / Dagon)
• 🚴 Lab Runner – 3 Posts (Hlaing Tharyar / North Dagon / Thingangyun / Yankin)

Please send your CV and relevant documents to hr@punhlainghospitals.com or drsuhnincho@punhlainghospitals.com via Viber at +959 506 2314 or apply through the QR link:
https://punhlainghospitals.com/jobs/

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🦵(earth)၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ဟာ ကမ္ဘာ့အရိုးပွရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်။ ယခုနှစ်အတွက် ရဲ့ဆ...
20/10/2025

🦵(earth)၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ဟာ ကမ္ဘာ့အရိုးပွရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်။ ယခုနှစ်အတွက် ရဲ့ဆောင်ပုဒ်ကတော့ “𝐈𝐭𝐬 𝐔𝐧𝐚𝐜𝐜𝐞𝐩𝐭𝐚𝐛𝐥𝐞” ဖြစ်ပါတယ်။ အရိုးပွရောဂါကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းလှုံ့ဆော်ပေးထားတာပဲဖြစ်ပါတယ်။

🦴 အရိုးပွရောဂါဆိုသည်မှာ အရိုးသိပ်သည်းဆကျဆင်းကာအရိုးပါးလာပြီး သေးငယ်သောထိခိုက်မှုနှင့်ပင် အလွယ်တကူအရိုးကျိုးနိုင်သော ရောဂါဖြစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိလူသန်း ၅၀၀ ကျော်လောက်က အရိုးပွခြင်းရောဂါကိုခံစားနေရပြီး ၈၀ ရာခိုင်နှုန်းလောက်က နောက်ဆက်တွဲကုသမှုခံယူရန် လျစ်လျူရှုထားကြတယ်လို့ 𝐈𝐅𝐎 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ဖော်ပြထားပါတယ်။ အရိုးကျန်းမာရေးကို ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများ မပြုလုပ်ခြင်းက အရိုးပွနာတာရှည်ရောဂါများနှင့် အရိုးမသန်စွမ်းမှုတွေ ဖြစ်လာပြီး အရိုးကျိုးလွယ်လာနိုင်ပါတယ်။

💪အရိုးပွရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အရိုးကျန်းမာရေးကိုဦးစားပေးစစ်ဆေးခြင်း၊ အရိုးပွရောဂါစစ်ဆေးခြင်း၊ သတ်မှတ်ထားသော ဆေးဝါးကုသမှုများကို လိုက်နာခြင်း၊ အာဟာရဓာတ်မျှတအောင်စားသုံးခြင်း၊ ပုံမှန်ကိုယ်လက် လှုပ်ရှားမှုများပြုလုပ်ခြင်း နှင့် ဆေးလိပ်၊ အရက်သောက်သုံးခြင်းစသော လူနေမှုပုံစံများကို ရှောင်ကြဉ်ခြင်း အစရှိသည်တို့ဖြင့် အရိုးပွရောဂါကို အလေးထား ကာကွယ်သင့်ပါကြောင်း အရိုးကျန်းမာရေး အသိပညာပေးဝေမျှရင်း နဲ့ "𝐖𝐨𝐫𝐥𝐝 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 𝐃𝐚𝐲" ကိုဖော်ပြပေးလိုက်ရပါတယ်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🪔ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာ 'ဒီပါဝလီ' နေ့တွင် မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာရ...
20/10/2025

🪔ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာ 'ဒီပါဝလီ' နေ့တွင် မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာရက်မြတ်ချိန်အခါ ဖြတ်သန်းနိုင်ပါစေကြောင်း ပန်းလှိုင်ဆေးရုံ‌၊ဆေးခန်းများမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🌍 ကူးစက်ရောဂါ ကာကွယ်မှုအတွက် စုပေါင်းလုပ်ဆောင်ကြပါစို့!ယခုကာလဟာဆိုရင်တော့  ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါ ကာက...
19/10/2025

🌍 ကူးစက်ရောဂါ ကာကွယ်မှုအတွက် စုပေါင်းလုပ်ဆောင်ကြပါစို့!

ယခုကာလဟာဆိုရင်တော့ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးရတ်သတ္တပါတ် ဖြစ်ပါတယ်။

ကူးစက်ရောဂါကာကွယ်မှုဟာ လူတိုင်းရဲ့ တာဝန်ပါ။ 💪 ပန်းလှိုင်ဆေးရုံ နှင့် ဆေးခန်းများအတွက်လည်း ဆေးရုံရဲ့ ဌာနအစုံမှာ ပြင်ပ ပတ်ဝန်းကျင်နဲ့ လူနာများကို ကာကွယ်ရင်း၊ သန့်ရှင်းမှုကို အစဉ်တစိုက်ထိန်းသိမ်းလုပ်ဆောင် နေခြင်းဟာလည်း အရေးပါတဲ့အခန်းကဏ္ဍတွေ ဖြစ်ကြပါတယ်။

Housekeeping ဝန်ထမ်းများမှ စ၍ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးဆိုင်ရာဝန်ထမ်းများနှင့် စားဖိုဆောင်အတွက် ချက်ပြုတ်ပြင်ဆင်ပေးနေသူများအားလုံးအထိ ပါဝင်ကာ— အားလုံးစုပေါင်းပြီး လူနာများ၊ လူနာရှင်မိသားစုများ နဲ့ ဝန်ထမ်းများကို ကူးစက်ရောဂါများမှ ကာကွယ်ဖို့ ဘက်ပေါင်းစုံ သန့်ရှင်းမှုကို အစဉ်တစိုက် ဆောင်ရွက်နေပါတယ်။ 💉🚑

ကျွန်တော်တို့ရဲ့ အတူတကွ လှုပ်ရှားမှုက ပိုမိုသန်မာပြီး ပိုမိုကျန်းမာတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်ကို ဝိုင်းဝန်းဖန်တီးရာမှာ တစ်တပ်တစ်အား ပါဝင်နိုင်

ခြင်းကို ဂုဏ်ယူရင်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးရတ်သတ္တပါတ် ကို ဂုဏ်ပြုကြိုဆို လိုက်ပါတယ်။ 💚

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

Address

Pun Hlaing Golf Estate Avenue
Yangon

Alerts

Be the first to know and let us send you an email when Pun Hlaing Hospitals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pun Hlaing Hospitals:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

PHSH, Only JCI Accredited Hospital in the country

Our vision is to bring international quality healthcare to everyone in Myanmar. Our patient safety and quality standards are awarded by JCI , an award accredited to some of the world’s top 10 ranking hospitals. With electronic medical records and with 80% of our doctors and specialists exclusively providing care for our own patients, we ensure the best possible patient experience. We care with compassion for the nation.