02/04/2026
မွေးရာပါနှလုံးရောဂါခံစားနေရသော မြန်မာနိုင်ငံမှ ကလေးငယ်များအတွက် သတင်းကောင်း✨
ကမ္ဘာ့အဆင့်မီ နှလုံးကုသမှုတွေကို ပြည်ပသို့ သွားရောက်ကုသရန်မလိုဘဲ ပန်းလှိုင်-လှိုင်
သာယာဆေးရုံ မှာပဲ ကုသနိုင်ပြီနော်…
မလေးရှားနိုင်ငံ၊ ကမ္ဘာ့အဆင့်မီ အထူးပြုနှလုံးဆေးရုံကြီး Institut Jantung Negara (IJN) မှ မွေးရာပါနှလုံးအထူးကုဆရာဝန်ကြီးများက ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) သို့ လာရောက်ကာ အောက်ပါ နှလုံးရောဂါများကို ခွဲစိတ်ကုသပေးတော့မှာ ဖြစ်ပါတယ်။
✅ Atrial Septal Defect (ASD) Occlusion – နှလုံးအပေါ်ခန်းနှစ်ခုကြားရှိ နံရံတွင် အပေါက်ဖြစ်နေခြင်း (မွေးရာပါ နှလုံးနံရံပေါက်ရောဂါ)
✅ Patent Ductus Arteriosus (PDA) Occlusion – PDA ပိတ်ခြင်း
✅RVOT stenting (non-complex RVOT)
နှလုံးညာဘက်ခန်းမှ အဆုတ်သို့သွားသော သွေးကြောလမ်းကြောင်း ကျဉ်းခြင်းကို စတန့်
ပိုက်ထည့်၍ ချဲ့ပေးခြင်း"
✅Balloon valvuloplasty of stenotic valves
နှလုံးအဆို့ရှင် (Valve) ကျဉ်းမြောင်းနေခြင်းကို ခွဲစိတ်စရာမလိုဘဲ ပူဖောင်း (Balloon) အသုံးပြု၍ ပြန်လည်ချဲ့ပေးသော ကုသမှု
✅Ventricular Septal Defect Closure
နှလုံး၏ အောက်ခန်းနှစ်ခု (ဘယ်နှင့်ညာ) ကြားရှိ နံရံတွင် ပါရှိနေသော အပေါက်ကို ခွဲစိတ်ကုသမှုပြုလုပ်၍ ပြန်ပိတ်ပေးခြင်း
✅Partial Atrioventricular Septal Defect (AVSD) Repair
နှလုံးအပေါ်ခန်းကြားရှိ အပေါက်အား ခွဲစိတ်
ပြုပြင်ခြင်း
✅ PDA Stenting Procedure – PDA တွင် သွေးကြောချဲ့ကိရိယာထည့်ခြင်း သွေးကြောချဲ့ကုသခြင်း
✅ Surgical Repair of Atrial Septal Defect (ASD) – နှလုံးအပေါ်ခန်းတွင်အပေါက်ဖြစ်နေခြင်းကို ခွဲစိတ်ကုသခြင်း
✅ Surgical Repair of Tetralogy of Fallot (TOF) – နှလုံးချို့ယွင်းချက် ၄ မျိုးပါရှိသည့်ရောဂါကို ခွဲစိတ်ကုသခြင်း
ယခုလို ပူးပေါင်းဆောင်ရွက်မှုအရ IJN မှ အထူးကုဆရာဝန်ကြီးများသည် ပန်းလှိုင်ဆေးရုံသို့ ပုံမှန်လာရောက်ကာ လူနာများအား တိုင်ပင်
ဆွေးနွေးခွဲစိတ်ကုသခြင်းများကို မကြာမီကာလအတွင်း ပြုလုပ်ပေးတော့မည် ဖြစ်ပါတယ်။ လိုအပ်ပါက မလေးရှားနိုင်ငံရှိ IJN သို့လည်း လွှဲပြောင်းကုသမှုခံယူနိုင်မည် ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါကစတင်ပြီး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
👉 အသေးစိတ်စုံစမ်းရန် 👈
🏥 ပန်းလှိုင်ဆေးရုံ - လှိုင်သာယာ
ပန်းလှိုင်အိမ်ယာ၊ စက်မှုဇုန်မှတ်တိုင်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
𝐌𝐚𝐩𝐬 – https://maps.app.goo.gl/RqeFLxvK7tFj63fm7
📲 𝐌𝐨𝐛𝐢𝐥𝐞 - 𝟎𝟗 𝟒𝟐𝟏 𝟎𝟒𝟐 𝟔𝟕𝟗 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟐𝟐 (၂၄ နာရီအချိန်မရွေး ဆက်သွယ်ရန်)
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞