Aye Gabar - ဧကမ္ဘာ

Aye Gabar - ဧကမ္ဘာ Nutritious Herbal Supplements
သဘာဝဆေးမြစ်၊ ပျားရည်အစစ်တို့ဖြင့် အသုံးပြုထားသော မြန်မာတိုင်းရင်းဆေးဝါး

ရောဂါကြီးလေးပါးကို ကာကွယ်နိုင်တဲ့ကျန်းမာအသက်ရှည်ဆေး လာပါပြီ ။ 🥳….သွေးတိုး နှလုံး လေငန်း နဲ့ ဆီးချို ဆိုတာ ဒီလူသားတွေကို ...
10/11/2025

ရောဂါကြီးလေးပါးကို ကာကွယ်နိုင်တဲ့
ကျန်းမာအသက်ရှည်ဆေး လာပါပြီ ။ 🥳….

သွေးတိုး နှလုံး လေငန်း နဲ့ ဆီးချို ဆိုတာ
ဒီလူသားတွေကို ဒုက္ခအပေးနိုင်ဆုံးသော ရောဂါတွေပါ

ဒီရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့
ဖြစ်ပြီးသားဆိုရင်လည်း သက်သာ ပျောက်ကင်းဖို့
အရေးကြီးလှပါတယ် ။

ဒီရောဂါကြီးလေးမျိုးကို
ကာကွယ်/ပျောက်ကင်းစေနိုင်သော
“သက်ရှည်ကျန်းမာဆေးလုံး”ကို
ဧကမ္ဘာဆေးတိုက်ကနေ ထုတ်လုပ်ဖြန့်ချိလိုက်ပါပြီ ။

🔸အာယုဗ္ဗေဒ ဆေးကျမ်းတွေမှာ
မအို မနာ မသေလို့ တညီတညွတ်တည်း
မအို မနာ မသေလို့ ညွှန်းဆိုကြတဲ့
ဥနှဲ၊ငု ၊ဆင်တုန်းမနွယ်ဆိုတဲ့ အဓိက ဆေးဖက်များကို အခြေခံပြီး နနွင်းခါး ဆူးကောက်နက်၊ လက်ပံခါး၊
ဘုမ္မရာဇာ၊​မင်းကိုကာနဲ့ ပျားရည်တို့ အချိုးအစားကျနမှန်ကန်စွာ ပေါင်းစပ်ထုတ်လုပ်ထားပါတယ် ။

🔸သွေးတိုး နှလုံး လေငန်းနဲ့ ဆီးချိုရောဂါများကို
ကြိုတင် ကာကွယ်ဆေးအနေနဲ့
နံနက် (သို့) ည အိပ်ယာဝင် ဆေး၃ လုံး ရေအေးနဲ့ မှီဝဲပေးပါ။

▫️ရောဂါရှိနှင့်ပြီးသားသူများအနေနဲ့ကတော့
မနက် + ည တစ်နေ့နှစ်ကြိမ် မှန်မှန် မှီဝဲပေးသင့်ပါတယ်။

🔺ပုံမှန်မှီဝဲပေးရင် ပူလွန်း အေးလွန်း စတဲ့
ရာသီ ဥတုဖောက်ပြန်မှုဒဏ်ခံနိုင်ခြင်း၊
ဓါတ်လေးပါးညီညွတ်မျှတခြင်း
အစာကြေခြင်း လေသက်ခြင်း၊ အိပ်ပျော်စားဝင်စေခြင်း
ဖြစ်ဆဲ ဝေဒနာများသက်သာလျော့ပါးစေခြင်း
ဖြစ်ပေါ်လာမည့် ရောဂါများ ကာကွယ်ပေးခြင်း
စတဲ့ အကျိုးထူးများနှင့် ပြည့်စုံစေပါတယ်။

🙏🏻 အသက်ရှည်ရာ အနာကင်းကြောင်း
ဆေးကောင်းတစ်လက် ဖြစ်တဲ့
“သက်ရှည်ကျန်းမာ ဧကမ္ဘာဆေးလုံး”ကို
နေ့စဥ်မှီဝဲပြီး မိမိအကျိုး သူတစ်ပါးအကျိုး
လောကီအကျိုး လောကုတ္တရာအကျိုးများ
တိုးပွားနိုင်ကြပါစေကြောင်း
ဦးဘညိန်သား ဧကမ္ဘာဆေးတိုက်မှ
ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။ 🙏🏻🙏🏻🙏🏻

"ဝါလကင်းလွတ် သီတင်းကျွတ်" မြန်မာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ ဓလေ့ရိုးရာအတိုင်း လူကြီးသူမ ဘိုးဘွားမိဘတွေကို လက်စုံမိုးပြီး...
05/10/2025

"ဝါလကင်းလွတ် သီတင်းကျွတ်"

မြန်မာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ ဓလေ့ရိုးရာအတိုင်း လူကြီးသူမ ဘိုးဘွားမိဘတွေကို လက်စုံမိုးပြီး ဂါရဝပြု ကန်တော့ကြတဲ့ ဝါကျွတ်ချိန်ခါမှာ မိသားစုတိုင်း ကျန်းမာချမ်းသာပါစေကြောင်း အဘိုးဦးဘညိန် သား ဧကမ္ဘာ မြန်မာတိုင်းရင်းဆေးထုတ်လုပ်ရေးမိသားစုက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

➡️ ဆေးဝါးဂါရဝလက်ဆောင်များ ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ၊
☎️ Hotline 09-985855500 ကနေ ဖြစ်စေ မှာယူနိုင်ပါတယ်။

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ
#သီတင်းကျွတ်လပြည့် #ဆေးဝါးလက်ဆောင်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့် ဓမ္မစေကြာအခါတော်နေ့လေး ဖြစ်ပါစေ။ အခုလို ကောင်းမွန်ခြင်း မင်္ဂလာနဲ့ ပြည့်စုံတဲ့...
09/07/2025

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့် ဓမ္မစေကြာအခါတော်နေ့လေး ဖြစ်ပါစေ။

အခုလို ကောင်းမွန်ခြင်း မင်္ဂလာနဲ့ ပြည့်စုံတဲ့ လမြတ်ဝါဆိုမှသည် ဝါတွင်းသုံးလ ကာလပတ်လုံး ကုသိုလ်ဘာဝနာများ ပွားများနိုင်ကြပါစေကြောင်း ဧကမ္ဘာဆေးတိုက်မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဥပုသ်သီလ ဆောက်တည်ကြမည့် လူကြီးသူမများ၊ ရဟန်းသံဃာတော်များအတွက် ဆေးဝါးများ လှူဒါန်းချင်တယ်ဆိုရင်တော့ ဧကမ္ဘာဆေးတိုက်မိသားစုကို သတိရလိုက်ပါနော်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်

🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ
#ဝါဆိုလပြည့်

မစာမကြေ၊ ရင်ပြည့်ရင်ကယ် ပြဿနာဟာ အသက်အရွယ်မရွေး၊ လူကြီးလူငယ်မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ 👉 အစားကို အချိန်မှ...
06/06/2025

မစာမကြေ၊ ရင်ပြည့်ရင်ကယ် ပြဿနာဟာ အသက်အရွယ်မရွေး၊ လူကြီးလူငယ်မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။

👉 အစားကို အချိန်မှန် မစားဖြစ်တာ၊
👉 ပြည့်အင့်စာတွေ အစားများတာ၊
👉 အစားကို လိုအပ်တာထပ်ပိုပြီး မြန်မြန်စားမိတာ၊
👉 စိတ်ဖိစီးမှုများတာ၊
👉 အစာချေစနစ် အားမကောင်းနာတွေကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ်ပြဿနာတွေ ခံစားရလေ့ ရှိပါတယ်။

ဒီလိုပြဿနာတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ကို ရှာဖွေနေတယ်ဆိုရင် အဘိုးဦးဘညိန်သား ဧကမ္ဘာဆေးတိုက်က ထုတ်လုပ်တဲ့ ရဲယိုသီး ဆေးလုံးရှိပါတယ်။

ရဲယိုသီးမှုန့်နဲ့ ပျားရည်စစ်စစ်ကို အသုံးပြုဖော်စပ်ထားပြီး ရဲယိုသီး ဆေးလုံးကို တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်လျှင် (၃) လုံးအထိ သောက်သုံးရုံနဲ့ ကိုယ်ခံစွမ်းအား မြင့်တက်စေမဲ့အပြင် အစာမကြေ၊ လေနာ၊ သည်းခြေနာတို့ကို ထိထိရောက်ရောက် သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

ဒါ့အပြင် သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကို ထိန်းညှိပေးနိုင်ပြီး ချောင်းဆိုးခြင်း၊ အကြောအဆစ်ရောင်ခြင်း၊လေးဖက်နာကြောင့်အဆစ်အမြစ်ကိုက်ခဲခြင်းတို့ကိုလဲ သက်သာစေနိုင်ပါတယ်။

ဧကမ္ဘာ မြန်မာတိုင်းရင်းဆေးစွမ်းကောင်းတွေကို ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ၊ 09785389326 ကို ဖုန်း သို့မဟုတ် Viber ကနေ ဖြစ်စေ ဆက်သွယ် မှာယူနိုင်ပါတယ်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ
#မြန်မာတိုင်းရင်းဆေး #ရဲယိုသီးဆေးလုံး

နှစ်သစ်ကူး သင်္ကြန်အချိန်အခါကစလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အချိန်အခါကစပ...
13/04/2025

နှစ်သစ်ကူး သင်္ကြန်အချိန်အခါကစလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အချိန်အခါကစပြီး မိသားစုတိုင်း ကျန်းမာ၊ ချမ်းသာ၊ အနာရောဂါဘယဝေးကွာပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း အဘိုးဦးဘညိန်သား ဧကမ္ဘာဆေးတိုက်မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မင်္ဂလာရှိတဲ့ မဟာသင်္ကြန်အကြိုနေ့ အခါသမယလေး ဖြစ်ပါ‌စေ။

#ဧကမ္ဘာ #သင်္ကြန်ဆုတောင်း

ဒီနေ့မှာကျရောက်တဲ့ တပေါင်းလပြည့် (မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့) မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ...
13/03/2025

ဒီနေ့မှာကျရောက်တဲ့ တပေါင်းလပြည့် (မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့) မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကုသိုလ်ဘာဝနာများ ပွားများနိုင်ကြပါစေလို့ အဘိုးဦးဘညိန်သား ဧကမ္ဘာဆေးတိုက် မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒါ့အပြင် တပေါင်းလပြည့်ပြီဖြစ်တဲ့အတွက် နွေဦးရဲ့ အငွေ့အသက်တွေကို သိသိသာသာ ခံစားလာရပြီ ဖြစ်ပါတယ်။ "နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း" ဆိုတဲ့အတိုင်း တစ်နေ့တာလုံး အင်မတန် ပူပြင်းတဲ့ နေအပူရှိန်ကို ခံစားရပြီ ဖြစ်တဲ့အတွက် လူကြီးမိဘတွေနဲ့ ကလေးငယ်တွေကို ရေဓာတ်မဆုံးရှုံးအောင် အထူးတလည် ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် သင့်တင့်မျှတတဲ့ အာဟာရနဲ့ ‌ဆေးဝါဓာတ်စာများကို ပုံမှန်တိုက်ကျွေးပေးဖို့ မမေ့ပါနဲ့နော်။

➡️ ဆေးဝါးဂါရဝလက်ဆောင်များ ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ၊
☎ 09785389326 ကို ဖုန်း သို့မဟုတ် Viber ကနေ ဖြစ်စေ ဆက်သွယ် မှာယူနိုင်ပါတယ်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ
#တပေါင်း #တပေါင်းလပြည့်

ပြည်ထောင်စုနေ့ပွဲ ဧကမ္ဘာတိုင်းရင်းဆေးဝါး ပြခန်း
13/02/2025

ပြည်ထောင်စုနေ့ပွဲ ဧကမ္ဘာတိုင်းရင်းဆေးဝါး ပြခန်း

Happy New Year 2025!ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပြီး ဘေးဘယာကင်းကွာတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း အဘိုး  ဦးညိန်သား ဧ...
31/12/2024

Happy New Year 2025!
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပြီး ဘေးဘယာကင်းကွာတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း အဘိုး ဦးညိန်သား ဧကမ္ဘာ မြန်မာတိုင်းရင်းဆေးထုတ်လုပ်ရေးမိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

နှစ်သစ်အခါသမယမှ စတင်ပြီး ချစ်ခင်လေးစားရတဲ့ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးနိုင်ဖို့ မြန်မာဆေးစွမ်းကောင်းတွေနဲ့အတူ ကျန်းမာခြင်းလက်ဆောင် ပေးချင်တယ်ဆိုရင် ဧကမ္ဘာ မြန်မာတိုင်းရင်းဆေးထုတ်လုပ်ရေးကနေ ထုတ်လုပ်ဖြန့်ချိတဲ့ ဆေးစွမ်းတွေကောင်းကို သတိရလိုက်ပါနော်။

➡️ နှစ်သစ်ကူးဆေးဝါးဂါရဝလက်ဆောင်များ ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ၊
☎️ 09 77 30 20 725 ,
Viber : 09-957873928 ကနေ ဖြစ်စေ မှာယူနိုင်ပါတယ်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ
#2025

ခရစ္စမတ်အခါသမယမှာ မိသားစုတိုင်း  ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း ‌ဧကမ္ဘာဆေးတိုက် မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတ...
25/12/2024

ခရစ္စမတ်အခါသမယမှာ မိသားစုတိုင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း ‌ဧကမ္ဘာဆေးတိုက် မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်များစွာ ရရှိပိုင်ဆိုင်နိုင်ပါစေ။ Merry Christmas to you all!!

#ဧကမ္ဘာ

မြင်းခွာရွက်ဆိုတာ မြန်မာလူမျိုးတွေရဲ့ နေ့စဉ် ထမင်းဝိုင်းမှာ ပါနေကျ အတို့အမြုပ်လဲ ဖြစ်သလို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက...
06/12/2024

မြင်းခွာရွက်ဆိုတာ မြန်မာလူမျိုးတွေရဲ့ နေ့စဉ် ထမင်းဝိုင်းမှာ ပါနေကျ အတို့အမြုပ်လဲ ဖြစ်သလို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက်ဟင်းခါးဆိုတာလဲ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ရိုးရာအစားအစာပါ။ ဒါ့အပြင် တရုတ်ရှေးဟောင်းဆေးကျမ်းတွေရဲ့ ဖော်ပြချက်အရ မြင်းခွာရွက်ကို သက်ရှည်ဆေးဖြစ်တယ်လို့လဲ ယုံကြည်ကြပါတယ်။

ဒါကြောင့် ဆေးဖက်ဝင် သဘာဝ မြင်းခွာပင်လို့ ဆိုလိုက်တာနဲ့ မျက်စိအားကောင်းစေဖို့ အထောက်အပံ့ပေးတာ၊ မျက်စိကြည်လင်စေတာ၊ မှတ်ဉာဏ်အားကောင်းစေပြီး ရောဂါကာကွယ်ပေးနိုင်တာကို အတော်များများ သိထားပြီးဖြစ်ပါတယ်။

ဒီနေ့မှာတော့ မြင်းခွာရွက်ကို အဓိကထားပြီး ဖော်စပ်ထားတဲ့ ဧကမ္ဘာ မြင်းခွာရွက်ဆေးလုံးရဲ့ အခြားအားသာချက်တွေကို ဖော်ပြပေးချင်ပါတယ်။ ဧကမ္ဘာ မြင်းခွာရွက်ဆေးလုံးမှာ မြင်းခွာရွက်၊ ငရုတ်ကောင်း၊ ပျားရည် စတာတွေ အချိုးကျကျ ပါဝင်တဲ့အတွက်
👉 ဆီးကျဉ်၊ ဆီးအောင့် ဆီးရောဂါ ဖြစ်ခြင်း၊
👉 မျက်စိ ဝေဒနာခံစားရခြင်း၊
👉 ခြေလက် မပေါ့ပါးခြင်း၊
👉 ထိုင်းမှိုင်းတွေဝေခြင်း၊
👉 မအီမသာ ဖြစ်ခြင်း၊
👉 အသက်ရလာသဖြင့် မောပန်းခြင်း၊
👉 မကြာခဏ ချူချာခြင်း စတဲ့ ဝေဒနာတွေကို သိသိသာသာ သက်သာစေပြီး အသားအရေကိုပါ စိုပြည်လာစေနိုင်ပါတယ်။

ဒါကြောင့် ဧကမ္ဘာ မြင်းခွာရွက်ဆေးလုံးကို နေ့စဉ်ပုံမှန် မှီဝဲပြီး ရေများများ သောက်ဖို့တော့ မမေ့နဲ့နော်။

➡️ ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ၊
☎️ 09 962 595 279, Viber : 09-957873928 ကနေ ဖြစ်စေ မှာယူနိုင်ပါတယ်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာမြင်းခွာရွက်ဆေးလုံး

အစာကြေညက်၊ လေကို သက်ပြီး အပုပ်အစပ် အညစ်အကြေးကင်းစင်စေတဲ့ နနွင်းခါးနဲ့ ယုတ်လျော့နေတဲ့ အားအင်တွေကို ပြန်လည်ဖြည့်စွက်နိုင်ရ...
21/11/2024

အစာကြေညက်၊ လေကို သက်ပြီး အပုပ်အစပ် အညစ်အကြေးကင်းစင်စေတဲ့ နနွင်းခါးနဲ့ ယုတ်လျော့နေတဲ့ အားအင်တွေကို ပြန်လည်ဖြည့်စွက်နိုင်ရုံမကဘဲ တွဲဖက်ဆေးကိုပါ ပိုမို အစွမ်းထက်စေတဲ့ ပျားရည်တို့ ပေါင်းစပ်လိုက်တဲ့အခါ အစာအိမ်၊ သွေးတိုးနဲ့ လေငန်းရောဂါအတွက် အထိရောက်ဆုံး ဆေးစွမ်းကောင်းတစ်လက် ဖြစ်လာပါတယ်။

ဘဦးညိန် သား ဧကမ္ဘာ မြန်မာတိုင်းရင်းဆေးထုတ်လုပ်ရေးမိသားစုကနေ ထုတ်လုပ်ဖြန့်ချိတဲ့ ဧကမ္ဘာနနွင်းခါးဆေးလုံးကို တစ်နေ့ နှစ်ကြိမ် ပုံမှန်မှီဝဲပေးခြင်းအားဖြင့် သွေးတိုး ရောဂါကြောင့် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ ဦးနှောက်မကြည်လင်ခြင်း၊ သွေးတက်ခြင်းများကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါကြောင့် လေချဉ်မကြာခဏ တက်ခြင်း၊ အစာအချဉ်ပေါက်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

‌မှီဝဲနည်းအနေနဲ့
👉 သွေတိုးရောဂါအတွက်ဆိုရင် နံနက် အိပ်ရာထတစ်ကြိမ်၊ အိပ်ရာဝင်တစ်ကြိမ် သောက်ပါ။ ဆေးသောက်ပြီး ရေအေးသောက်ပါ။
👉 အစာအိမ်ရောဂါအတွက် အစာစားပြီးတိုင်း တစ်ကြိမ်သောက်ပါ။ ဆေးသောက်ပြီးရေနွေးသောက်ပါ။
👉 လေငန်း ဝေဒနာရှင်များ နံနက်တစ်ကြိမ် ညတစ်ကြိမ် ရေအေးနှင့်သောက်ပါ။

➡️ ဝယ်ယူလိုပါက ဧကမ္ဘာဆေးတိုက် Page Messenger က ဖြစ်စေ
☎️ 09 77 30 20 725 , Viber : 09-957873928 ကနေ ဖြစ်စေ မှာယူနိုင်ပါတယ်။

“ဧကမ္ဘာ” မြန်မာဆေးဆိုင်
🏢 အမှတ် ၂၈၊ ဗိုလ်ချုပ်စျေး မြောက်ဘက်တန်း (အပေါ်ထပ်) ရန်ကုန်မြို့။
🏢 အမှတ် ၁၃၄၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#ဧကမ္ဘာ #နနွင်းခါးဆေးလုံး

Address

No. 134, New University Avenue Road, Bahan
Yangon

Alerts

Be the first to know and let us send you an email when Aye Gabar - ဧကမ္ဘာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Gabar - ဧကမ္ဘာ:

Share