  • Home
  • Myanmar
  • Yangon
(395)
တူးအောင်ကင်ထားတဲ့ အစားအစာတွေဟာ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အဓိကဖြစ်ရတဲ့ ကင်ဆာအမျိ...
27/09/2023
တူးအောင်ကင်ထားတဲ့ အစားအစာတွေဟာ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အဓိကဖြစ်ရတဲ့ ကင်ဆာအမျိုးအစားတွေကတော့ အူမကြီးကင်ဆာ (Colorectal)၊ ပန်ကရိယကင်ဆာ (Pancreatic cancer)၊ ဆီးကျိတ်ကင်ဆာ (Prostate cancer) နဲ့ မမျိုးဥအိမ်ကင်ဆာ (Ovarian cancer) တို့ ဖြစ်ပါတယ်။ အသားငါး တွေကို ကင်လိုက်တဲ့အခါမှာ သူ့မှာပါဝင်တဲ့ Amino acid တချို့ဟာ HCA လို့ခေါ်တဲ့ Heterocyclic amines အဖြစ်ကိုပြောင်းသွားပါတယ်။ သူဟာ အပူချိန်မြင့်မှ ပြောင်းနိုင်တာမို့ တူးအောင်ကင်ထားတဲ့ အစားအစာ၊ အပူချိန်မြင့်မြင့်နဲ့ ထိတွေ့တဲ့အသား၊ ငါးတွေမှာသာ ပါဝင်လာတာဖြစ်ပါတယ်။ သူ့လိုပဲနောက်ထပ် ဒုက္ခပေးနိုင်တဲ့ ဓာတ်ပစ္စည်းကတော့ Benzopyrenes လို့ခေါ်ပါတယ်။ အဲဒီပစ္စည်းတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းစာရင်း (Carcinogen list) တွေထဲမှာ 1981 ကစပြီး ထည့်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အကင်စားသုံးမှုဟာ တစ်နေ့ထက်တစ်နေ့ များလာတာတွေ့ရတယ်။ အထူးသဖြင့် လူငယ်လူရွယ်ပိုင်းတွေမှာ စားလာတာများတော့ နောင်မှာ ကင်ဆာဖြစ်တဲ့နှုန်း တွေ မြင့်တက်လာမှာမလွဲမသွေဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
ဝိတ်ချနည်း ပြောပြမယ်နော်…ထမင်းတွေကို နိုးနိုးချင်း အဝကြီး စားတယ်အများကြီးစားတယ်ပြီးရင် ပေါင်မုန့်တွေ နွားနို့တွေ အာလူးကြ...
18/06/2023
ဝိတ်ချနည်း ပြောပြမယ်နော်…
ထမင်းတွေကို နိုးနိုးချင်း အဝကြီး စားတယ်
အများကြီးစားတယ်
ပြီးရင် ပေါင်မုန့်တွေ နွားနို့တွေ
အာလူးကြော်တွေ မြင်မြင်သမျှ အကုန်စားတယ်
နေ့လည် ၁၂ လောက်ရောက်ရင်
ထမင်းတွေကို ဆီပြန်ဟင်းနဲ့ ငါးပိရည်တွေနဲ့
နယ်ပြီး ၂ ပန်းကန်လောက် စားပြန်တယ်..
ထမင်းစားပြီး အချိုတည်းမယ် ဆိုပြီး
အချို မှန်သမျှ ပါးစပ်ထဲ ထည့်တယ်
အားလုံး မျက်လုံး နှစ်လုံးပွင့်ကတည်းက
မြင်မြင်သမျှ အကုန်စားပြီး သကာလ
နေ့လည်စာ ၁၂ လောက် ထမင်းစားပြီး နောက်ပိုင်း
အစားအစာ ဆိုတာ ကိုယ်နဲ့ မဆိုင်သလို နေပစ်လိုက်တယ်
ဘယ်အချိုရည်
ဘာသရေစာ
ဘယ် snack မှ ပါးစပ်ထဲ မထည့်တော့ပဲ
ပါးစပ်ထဲကို သောက်ရေသန့် တစ်မျိုးထဲ
ညအိပ်တဲ့ အထိ အဝင်ခံတော့တယ်
ပါးစပ်လှုပ်တဲ့ အချိန်က
စကားပြောချိန် တခုတည်း ရှိတော့တယ်
အဲလိုနေလိုက်တာနောက်နေ့ အိပ်ယာ ပြန်နိုးတဲ့ အထိ
မယုံမရှိပါနဲ့
အဲဲဒီနည်းကို ပြောပြလိုက်တာ
အသိအမ တစ်ယောက် ၆ လလောက်နေတော့
ပေါင် ၄၅/၅၀ လောက် ကျသွားတယ်
ဘာလေ့ကျင့်ခန်းမှ မလုပ်ပါဘူး
ကိုယ်လုပ်တာကိုယ် ပြောပြတာပါ.
မှန်တာ မှားတာတော့ မပြောတတ်ပါဘူး
အဲလို လုပ်လာတာ
၁ နှစ်ကျော်နေပါပြီ
အစာအိမ်သမားဖြစ်တဲ့ ကိုယ်တောင်
အဲလို လုပ်လို့ အစာအိမ်ရောဂါ မဖြစ်ပါဘူး
အစားကို အချိန်နဲ့ပဲ သေချါ စားသွားတဲ့ နည်းပါ
ဟိုအရင်လို ဝိတ်ချချင်လို့ဆိုပြီး
တနေကုန် အစာခံရလို့
ညီးစီစီ နဲ့ အားအင် ကုန်ခမ်း
ခေါင်းမူး ၊ ချိနဲ့ပြီး အလုပ်မလုပ်နိုင် မဖြစ်သလို
ရှိနေတဲ့ အစာအိမ်ရောဂါတောင်
ပြန်မထတာ ကြာနေပါပြီ..
ရလဒ်တွေကတော့
ဘယ်တော့မှ ဝိတ်ပြန်တက်မလာတော့ပါဘူး
မျက်နှာ မေးရိုး သွယ်လာတယ်
ဝမ်းမှန်လာတယ်
ဝက်ခြံ အပေါက်နည်းလာတယ်
ခန္ဓာကိုယ်ပေါ့ပါးတယ်
စိတ်ကြည်တယ်
ပိုမိုက်တဲ့ ဖက်ရှင်တွေ ဝတ်နိုင်လာပါတယ်
လိုချင်တဲ့ ဝိတ်ရရင်တော့
ညနေစာလေး နည်းနည်း ပြန်စားလို့ရပါပြီ
ထမင်းတွေ ဟော့ပေါ့တွေတော့ မစားနဲ့ပေါ့နော်
ဒီနည်းကို ခင် ပေးခဲ့တာ
လူမနည်းတော့ပါဘူး
သေချာ လိုက်လုပ်တဲ့ သူ ၂ ယောက်ကတော့
အများစုက တအံ့တဩ မေးယူရတဲ့ အထိ
ဝိတ်တွေ ကျသွားတာ ကိုယ်တွေ့ပါ
အာမခံပါတယ် လုပ်ကြည့်ကြပါ
စိတ်နိုင်ဖို့တော့ လိုပါတယ်
ချစ်တဲ့
ခင်သဇင် ✍️
Sharing is Caring 🤗
အရည်တွေရဲ့ အက်ဆစ်ဓါတ်ကို pH level နဲ့ တိုင်းတာပါတယ်၊ pH 14 ဟာ အက်ဆစ်ဓါတ်အနည်းဆုံး တစ်နည်းအယ်ကာလိုင်းပျော်ရည်လို့ပြောလို့...
27/01/2023
အရည်တွေရဲ့ အက်ဆစ်ဓါတ်ကို pH level နဲ့ တိုင်းတာပါတယ်၊ pH 14 ဟာ အက်ဆစ်ဓါတ်အနည်းဆုံး တစ်နည်းအယ်ကာလိုင်းပျော်ရည်လို့ပြောလို့ရပြီး pH 1 က အက်ဆစ်ဓါတ်အများဆုံးပါ၊ ဘက်ထရီတွေမှာပါတဲ့အက်ဆစ်က pH 1 ရှိတဲ့အမျိုးအစားပါ
အစာအိမ်ထဲကအက်ဆစ်တွေကတော့ pH 1 ကနေ 2 အထိရှိနိုင်တဲ့အတွက် အလွန်ပြင်းတဲ့အက်ဆစ်လို့ အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်၊ အသားတွေ အမျှင်ဓါတ်များတဲ့အပင်တွေလိုမျိုး အစားအသောက်အမျိုးမျိုးခြေဖျက်ဖို့ အာဟာရဓါတ်တွေစုပ်ယူရာမှာ လွယ်ကူစေဖို့ ဒီလိုမြင့်မားတဲ့အက်ဆစ်ပြင်းအားလိုအပ်ပါတယ်
အစာအိမ်အက်ဆစ်ကို ဟိုက်ဒြိုကလိုရစ်အက်ဆစ်နဲ့ ဖွဲ့စည်းထားတယ်လို့ အများဆုံးသိကြပေမဲ့ ပိုတက်ဆီယမ်ကလိုရိုဒ်နဲ့ ဆိုဒီယမ်ကလိုရိုဒ်ရော ပါဝင်ပြီး အစာအိမ်နံရံဆဲလ်က ထုတ်လုပ်ပေးတာဖြစ်ပါတယ်၊ အစာအိမ်နံရံဆဲလ်တွေဟာ ဘိုင်ကာဘွန်နိတ်ဒြပ်ပေါင်းနဲ့ အကျိအချွဲတွေကိုလဲ ထုတ်ပေးပါသေးတယ်၊ ဘိုင်ကာဘွန်နိတ်ဟာ ဘေ့စ်တစ်မျိုးဖြစ်လို့ အက်ဆစ်ကို ပျက်ပြယ်စေပြီး အကျိအချွဲတွေကတော့ အစာအိမ်နံရံကို အလွှာတစ်ခုအဖြစ် ကာကွယ်ပေးတာပါ၊ ဒါကြောင့်လဲ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ဒီလိုပြင်းအားမြင့်အက်ဆစ်ပျော်ရည်ကို ခံနိုင်ရည်ရှိနေတာပါ
ပုံထဲမှာပါတဲ့ အစာအိမ်အက်ဆစ်ဟာ ဘလိပ်ဓါးတစ်ချောင်းကို ပျော်ဝင်သွားစေတဲ့ဂုဏ်သတ္တိရှိတယ်ဆိုတာ မှန်ပါတယ်
Reference :
healthline
national institute of health by us government
wonderpolis
wikipedia
Gynomix 🥏 အကြောင်းလေး လာမေးထားလို့ တင်ပေးလိုက်ပါတယ်.....🥏 Gynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။ 🥏 Gynomix က...
06/10/2022
Gynomix 🥏 အကြောင်းလေး လာမေးထားလို့ တင်ပေးလိုက်ပါတယ်.....
🥏 Gynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။
🥏 Gynomix က ပိုးသတ်ဆေး Antibiotics တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲသုံးစွဲလျှင် သော်လည်းကောင်း၊ ခဏခဏသုံးစွဲလျှင် သော်လည်းကောင်း ပိုးသတ်ဆေး ယဉ်ပါးခြင်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ မိန်းမကိုယ်ယားယံခြင်း၊ အဖြူဆင်းခြင်းတွေမှာ လိုအပ်မှသာ OG တွေက ​ပေးပါတယ်။ သားအိမ်ရေအိတ်တည်တာ (လွန်စွာသေးတဲ့အချိန်) မျိုးမှာလည်း သုံးပါတယ်။
🥏 Gynomix မှာ က ပိုးသတ်ဆေး၃မျိုးကို ပေါင်းပြီးထုတ်လုပ်ထားတာပါ။
1.Metronidazole (မက်ထရိုနိုင်ဒဇော)
သူ့ကြောင့် ဘက်တီးရီးယား တွေနဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။
2.Nystatin (နိုင်စတက်တင်)
သူ့မှာက မိန်းမကိုယ်အတွင်းမှာ ယားယံခြင်း၊ အဖြူဆင်းခြင်းတို့ကိုဖြစ်စေတဲ့ မှို (fungus)တွေကို သေစေပါတယ်။
3.Neomycin(နီရိုမိုင်ဆင်)
သူ့မှာပါတဲ့ Aminoglycoside(အမိုင်နိုဂလိုက်ကိုစိုက်)တွေကြောင့်လည်း မိန်းမကိုယ်မှာဖြစ်ပွားစေတတ်တဲ့ Bacteria အတော်များများ ကို နှိမ်နင်းနိုင်ပါတယ်။
ဆိုတော့ကာ ဒီလိုမျိုး ၃ မျိုး ပေါင်းထားတဲ့ ပိုးသတ်ဆေးတွေက အမျိုးသမီးများ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သုံးဖို့ရာမသင့်တော်ပါဘူး။
🔘 ကိုယ်ကဘာကြောင့် မိန်းမကိုယ်ယားယံရတယ်၊ အဖြူဆင်းတယ်၊ အရောင်ပြောင်းတယ် ဆိုတာတွေကို သိဖို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပါ။
🔘 ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပိုးသတ်ဆေးတွေကိုသုံးမယ်ဆိုရင် ဖြစ်လာနိုင်တာက ကိုယ်တကယ် ပိုးသတ်ဆေးသုံးရတော့မယ့်အခြေအနေမှာ ဆေးမတိုးတော့တာ ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။
❌ Gynomix က မိန်းမကိုယ်အတွင်းကိုထည့်ရပေမဲ့ မိန်းမကိုယ် သန့်ဆေး သားအိမ်သန့်ဆေး မဟုတ်ပါဘူး။
🔘 ဘက်တီးရီးယား၊မှို၊ကပ်ပါးကောင်တို့ မိန်းမကိုယ်မှာပေါက်ဖွားလာလို့သာ သုံးရတာပါ။
❌ Gynomix ကို ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာလဲ မသုံးသင့်ပါဘူး။ Gynomix မှာ ပါတဲ့ Metronidazole က ကိုယ်ဝန်လနုစဉ် အခါမှာသုံးမိမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျ နိုင်ချေတွေ အများကြီးရှိနေပါတယ်။
အရေပြားယားယံခြင်း၊ အလာဂျီ(allergy)ဖြစ်ခြင်းတွေတော့ ဆေးသုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖြစ်ကြပါတယ်။ ဖြစ်တဲ့သူကတော့ တော်တော်နဲပါတယ်။
အသုံးပြုပုံ ။ ။ ညအိပ်ခါနီး ဆီးအရင် သွားထားပါ။ လက်ကို ဆပ်ပြာဖြင့် ဦးစွာဆေးပါ။ ထို့နောက် မိန်းမကိုယ်အား အမျိုးသမီး သန့်စင်ဆေးရည်ဖြင့် ဆေးပါ။ ဆေးရည် မရှိပါက အပြင်ပိုင်းအား ရေဖြင့်သာ ဆေးကြောပါ။ ပြီးမှ Gynomix ဆေးလုံးကို မိန်းမကိုယ်ထဲ ထည့်ပါ။ ထည့်ရာမှာ မိမိလက် ထည့်နိုင်သလောက်ထိ ထည့်ပါ။ မနက် မိုးလင်းလို့ ဆေးကြောင့် အဆီလိုလိုတွေ၊ ဝါညစ်ညစ်တွေ ပြန်ထွက်နေရင် စိတ်မပူပါနဲ့ ဘာမှ မဖြစ်ပါ။ ရေဖြင့် ထပ်မံ ဆေးကြောပေးပါ။
Photo Crd
🍀 Every thought you think and every word you speak is creating your future.                                             ...
28/12/2021
🍀 Every thought you think and every word you speak is creating your future.
Louise Hay
🍀ချစ်နုက ဒီစကားလေးကို အရမ်းတန်ဖိုးထားပြီး အရမ်းသဘောကျခဲ့တာ။လူတယောက်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ကာယကံရှင် ကိုယ်တိုင်က လိုက်ပါပြီး ကိုယ်ရော -စိတ်ပါ မပြောင်းလဲဘူးဆိုရင် ဘယ်လိုအရာကိုမှ ပြောင်းလဲလို့ မရပါဘူး။
🍀ချစ်နုက အရမ်းဝခဲ့လို့ uniတက်တော့လည်း confident မရှိခဲ့ဘူး။”My body ,My Choice” ဆိုပေမယ့် ကိုယ့်စိတ်ကိုယ် ကျေနပ်မှု ပျော်ရွှင်မှု မရခဲ့ဘူး။ဒီလိုတွေ ခံစားရတာကြာလာတော့ “ငါ့ ကျန်းမာရေးအတွက် … ငါ့အတွက်ငါ “ ပြောင်းလဲမှ ဖြစ်တော့မယ်ဆိုတဲ့ အသိ ဝင်လာတဲ့နေကစပြီး ဒီနေ့အချိန်ထိ တရက်မှ မနားဘဲ Physically အရ ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ ခန္ဓာကိုယ် အချိုးအစားဖြစ်အောင် ချစ်နု ပြောင်းလဲလာခဲ့တာဟာ ချစ်နုရဲ့ body က သက်သေပါ။
🍀ကိုယ့်Body ကို ပြောင်းလဲလိုက်တဲ့အခါ ရလာတဲ့အကျိုးကျေးဇူးတွေက ခန္ဓာကိုယ်တခုထဲတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊lifestyle ပါ ပြောင်းလဲလာခဲ့တယ်။ကိုယ်ခန္ဓာကြံ့ခိုင်သန်မာလာရုံတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ဇွဲ၊လုံ့လ၊ဝီရိယဆိုတဲ့ (၃)မျိုးကို ချစ်နု ပိုင်ဆိုင်လာတယ်။
ဒီအရာတွေကို မွေးမြူရတာဟာ ဘယ်လောက်ထိ ခက်ခဲလဲ အားလုံးသိကြပါတယ်။
🍀ကိုယ်ကိုယ်တိုင်ပြောင်းလဲလာပြီးနောက် အကျိုးကျေးဇူးတွေကို သိရှိလာရတယ်။ဒါကြောင့် လူတွေကို ကျန်းမာလာစေချင်တယ်…လှစေချင်တယ်။healthy lifestyle တခုကို ပေးချင်လာတယ်။
ဒါကြောင့်လည်း ချစ်နုရဲ့ professional life carrier ဟာ Fitness Instructor တယောက် ဖြစ်လာခဲ့တာပါ။
🍀နောက်လည်း ချစ်နုရဲ့အကြောင်းလေးတွေ လေ့ကျင့်ခန်းလေးတွေ daily blogလေးတွေ self-awareness အတွက် စတာလေးတွေ ချစ်နု တင်ပေးသွားပါမယ်။
🙏အရေးကြီးသတင်းတွေ ချစ်နုပို့စ်ကြောင့် အနှောက်ယှက်ဖြစ်ရင် တောင်းပန်ပါတယ်ရှင်။🙏
📍Fitness instructor တယောက်ရဲ့ Body and lifestyle ပြောင်းလဲခဲ့ပုံကို ပြသချင်တဲ့အတွက် အခုလို ထုဆစ်ထားရတဲ့ ကိုယ်ခန္ဓာအလှပြောင်းလဲပုံတွေ တင်ရခြင်းဖြစ်ပါတယ်။
စိတ်အနှောက်ယှက်ဖြစ်စေတဲ့ comment ပါရင် block ပါမယ်ရှင့်။📍
Credit - Chitnu@Myu (Page Name)
ကျန်းမာရေး နဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် စိတ်အာဟာရအတွက် လိုအပ်တဲ့ ဆောင်းပါးလေး တခုပါ...**ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှ...
12/09/2021
ကျန်းမာရေး နဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် စိတ်အာဟာရအတွက် လိုအပ်တဲ့ ဆောင်းပါးလေး တခုပါ...
**ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ်**
Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ ၁၂ ဒေါ်လာ၊ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ၊ ရောင်းတဲ့သူက ရောင်းတယ် လာစားတဲ့သူကလည်း စားနိုင်တဲ့လူတန်းစား​ေတွ၊ အဲ့တော့ ဘာမှပြသနာမှ မရှိဘူး။
အဲ့လိုပဲ ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက အ.မ.က ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့ ဒေါ်နှင်းဆီမုန့်ဟင်းခါး၊ တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀လောက်ရှိမယ်၊ ရောင်းလာတာ နှစ် ၂၀ လောက် ရှိပြီ၊ လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြဿနာမှ မရှိခဲ့ဘူး။
ဒီ ဆိုင်နှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊ စျေးလည်း သိပ်မကွာဘူး။
သို့ပေမယ့် ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး ဖေ့ဘုတ်မှာတင်တော့ တို့လူမျိုး ထုံးစံအတိုင်းဝိုင်းဆဲကြသည်ပေါ့။
ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက်ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲရှိတယ်။ (တကယ်လည်း သူတို့မိသားစုက ၁၅၀၀၀ နဲ့ နှစ်ရက်လောက် ထမင်းစားနေရတာလည်းဖြစ်ချင်ဖြစ်မယ်)
နောက်ထပ်ဆဲတဲ့ လူတန်းစားတစ်မျိုးကျတော့ Roof Top Bar မှာ Mild Seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့လူတွေပါတယ်၊ Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့လူတွေလည်းပါတယ်။ KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီးထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီးစားတဲ့ လူတွေလည်းပါတယ်။ ဘာမှန်းမသိညာမှန်းမသိနဲ့ မှုတ်ရပြီးရောဆိုပြီး ရှီရှားတစ်အိုး တစ်သိန်းလောက်ပေးသောက်တဲ့အဖွဲ့တွေလည်းပါတယ်။ အဲ့လူတွေက အပျော်အပါး အတွက် ဆိုရင်တော့ သုံးချင်ရာ သုံး မတွက်ကပ်တတ်တဲ့သူတွေကို ဆိုလိုတာ။
ပြောချင်တာကတော့ ဒီလူတွေအကုန်လုံးက
ဆဲချင်လို့ကိုဝင်ဆဲတာ။
နေဝင်းက အိမ့်ချစ်ချောကို ကြည့်တဲ့အကြည့်က
အင်မတန်နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျရတယ်။ ဗိုလ်တစ်ထောင်ညစျေးက မုန့်လင်မယားရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း ဒီအကြည့်ပါပဲ။ ဒါပေမယ့် နှစ်လိုဖွယ် မကောင်းဘူး၊ မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။ အရက်ဖိုးတောင်းမလို့ မျက်နှာချိုသွေးနေတယ်လို့တောင် ပြောတဲ့လူ ရှိသေးတယ်။
မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။
**ချမ်းသာအောင် ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်** တဲ့
အဲ့တော့ ကိုယ့်ကိုယ်ကို ခမ်းနားအောင်သာ တည်
ဆောက်ပါ၊ လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။ ပိုက်ဆံဆိုတာ ဘာတွေတော့ မဖန်ဆင်းနိုင်ဘူး ညာတွေတော့ ပုံဖော်မရဘူး ဆိုတဲ့ ဗော်ရှီဘစ် ဂျင်းတွေကို သွားမယုံနဲ့...
ဥပါယ်တံမျဉ်ဇာတ်ကားထဲက ဗီလိန်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ **ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ စောက်ဖက်မလုပ်ဘူး** တဲ့
#ကျန်းမာရေးဆောင်းပါးများ
🙏🏻🙏🏻ဆရာကြီး လုပ်တာမဟုတ်ပါ 🙏🏻🙏🏻မအားတဲ့ကြားက Health education info လေး share ပါရစေ🙂❌✅Vaccine ကိုဂျီးမများပါနဲ့ 💊ကျွန်တော်ဒ...
01/08/2021
🙏🏻🙏🏻ဆရာကြီး လုပ်တာမဟုတ်ပါ 🙏🏻🙏🏻
မအားတဲ့ကြားက Health education info လေး share ပါရစေ🙂
❌✅Vaccine ကိုဂျီးမများပါနဲ့
💊ကျွန်တော်ဒီဆေးပစ္စည်းတွေပဲသွင်းဖြစ်တော့ သတိထားမိတာလေးတခုပြောပါရစေ -
Vaccine ထိုးပြီးသားလူတွေတော်တော်များများဟာ မထိုးရသေးသူတွေနဲ့ လုံးလုံးလျားလျားမှမသက်ဆိုင်ပါ
💉Vaccine ထိုးပြီးသားလူတွေဟာMild symptoms low grade fever လောက်နဲ့ သက်သာသွားကြတာပါ။
ထိုးပြီးသားမှာမှPredisposing factors နဲ့ အခံရောဂါရှိတဲ့သူတွေ အသက်အရမ်းကြီးသူတွေ နောက်ပြီးလူနာတွေနဲ့ နေ့တိုင်းတွေ့ရတဲ့ဆရာဝန် တွေ(High risk persons) တွေလောက်ပဲ ဆိုးရွားစွာခံရတာပါ။
📌Vaccine တွေ ဝင်တော့မယ်ဆိုတော့ တချို့က တရုတ်ဆေး india ဆေးဘာညာ နဲ့ မထိုး ကြနဲ့ရေးနေတာတွေ တွေ့ရပါတယ်
❌မထိုးရင်သေဆုံးဖို့များပါတယ် အနည်းဆုံးတော့ရတဲ့vaccine sinopharm or covaxin လည်းဂျီးများလို့မရတော့ပါ ။
ကျွန်တော်နားလည်သလောက်လေး ဝေမျှပါရစေ
Covid Vaccine မှာ အကြမ်းအားဖြင့်၄ မျိုးရှိပါတယ်
1.MRna vaccine
2.Viral Vector
3.Inactivated virus
4.Protein based ဆိုပြီး
1.MRna vaccine
=============
MRna vaccine ဆိုတာ အရမ်းသေးငယ်တဲ့ basic protein structure messengerRna ကိုသုံးပြီး ခန္ဓာကိုယ်က ခုခံအားကိုထွက်လာအောင် လှုံ့ဆော်ပေးတဲ့ vaccine ပါ ၊သက်ရှိ live virus မပါပဲထုတ်ထားတာပါ၊ Dna Rna molecular level အထိ အသေးစိတ်လွန်းတော့ ပိုကောင်းပြီး စျေးကြီးပါတယ်
E.g. Pfizer Biontech , Moderna
Storage က pfizer ဆို-80 to -60’ C , Moderna -25 to -15 ‘C way below freeze ဖြစ်တဲ့အတွက် ပို့ဆောင်သိမ်းဆည်းရတဲ့ limitation တွေရှိပါတယ်
2.Viral Vector vaccine
==================
Viral Vector vaccine ဆိုတာ COVID -19 မဖြစ်စေတဲ့၊ဒုက္ခမပေးတဲ့ virusကိုခန္ဓာကိုယ်ထဲထည့်ပြီးcell ထဲvirus ရောက်တဲ့အခါ cell က spike protein ဆိုတဲ့ အချွန်ပုံစံလေးကို ထွက်လာစေပါတယ် ၊အဲ့မှာimmune system က သူမှတ်မိတဲ့ cell နဲ့ပုံစံမတူတဲ့အခါ မှတ်ထားပြီး COVID တကယ်ဝင်တဲ့အခါ antibody ထွက်နေပါတယ်
E.g. Oxford AstraZeneca (Covishield;Oxford Az franchise), Sputnik V(Russia)နဲ့ Johnson& Johnson ပါ
Storage ; AZ (2-8’C ), Sputnik (dry form 2-8’C)(liquid form -18.5’C),J&J 2-8’C ဖြစ်တဲ့အတွက်storage နဲ့logistics အဆင်ပြေပါတယ်
3.Inactivated Virus vaccines
======================
Inactivated Virus vaccine ဆိုတာတော့ virus ကို culture media မှာစနစ်တကျမွေးမြူပြီး chemical and physical method တွေသုံးပြီး ရောဂါဖြစ်နိုင်ချေကိုလျော့ချထားပြီး ခန္ဓာကိုယ်ထဲသွင်းတာပါ၊အဲ့မှာ ဝင်သွားတဲ့virus ကရောဂါမဖြစ်နိုင်တော့ လူလည်းဘာမှမဖြစ်ပဲ ရောဂါပိုး inactivated virus ကိုမြင်တော့ ခန္ဓာကိုယ် က ခုခံအား immune response ထွက်လာတာပါ
E.g.Sinovac(China), Sinopharm (China)နဲ့ Covaxin (India ) တို့ပါ
Storage ကတော့- 3 ခုလုံး 2 to 8’C ပါပဲ ပို့ဆောင်သိမ်းဆည်းလွယ်ပါတယ်
4.Protein based vaccine
====================
ဒီကောင်က market ထဲမှာလည်းသိပ်မရှိတော့ မရှင်းပြတော့ပါဘူး ဗျ Novavax(2-8’C)
✅💡Efficacy data တွေကတော့ disease period အရမ်းမကြာသေးတာရယ် နိုင်ငံတော်တော်များများမှာ full course မပြီးသေးတာတွေရယ်ကြောင့် အကြမ်းဖျင်း data၊ general media တွေရဲ့data တွေပဲ ရှာလို့ရပါတယ် အောက်မှာပြမှာတွေက estimate efficacy data တွေပါ။ Delta မျိုးကွဲနဲ့တခြား strain တွေကြောင့်ရယ် uprising death rate တွေကြောင့်ရယ် အတည်ယူလို့မရပါဘူး
Estimate efficacypercentages;
1.Pfizer Biontech -around 95%
2.Moderna -around 95%
3.Astrazenecca-around 70%
4. J&J -around 85%
5.Sputnik(Russia) - around 90-92%
6.Sinovac -no confirmed data retrieved (around 50%)
7.Sinopharm-around 79%
8.Covaxin-around 75%(Not confirmed)
9.Novavax usa-89.3% (rare on market)
Sinopharm ရဲ့ ရှောင်ရန်ဆောင်ရန်လေးကို who စာတမ်းလေး တင်ပေးထားပါတယ် ဝင် ဖတ်ကြည့်နိုင်ပါတယ် 👇👇👇
https://www.who.int/news-room/feature-stories/detail/the-sinopharm-covid-19-vaccine-what-you-need-to-know
💉💉Vaccine ထိုးထားတဲ့သူဟာ Recent infection ဖြစ်တဲ့ လူထက် 4 fold လောက် antibody ပိုထွက်ပါတယ်၊ ရောဂါဖြစ်ပြီးသားလူလဲ vaccine ထိုးလို့ရပါတယ်၊ ထိုးကိုထိုးရမှာပါ
Covid antibody က lifelong မဟုတ်ပါဘူး နောက်တခါ နောက် strain လာရင် ထပ်ကူးနိုင်ပါတယ်
Scientific data တွေအရ cross vaccines ထိုးရင်ပိုကောင်းပါတယ် cross ဆိုတာ အပေါ်က vaccine မျိုးကွဲတွေထဲက ၂ မျိုးထိုးတာပေါ့
E.g. Viral Vector vaccine COVID shield ထိုးပြီး MRna တွေကံကောင်းပြီး ရခဲ့သည်ရှိသော် Double combo ထိုးတာပါ တခြား မျိုးမတူတာထိုးလည်း ရပါတယ်
ဘာ vaccine မှ မထိုးတာထက်စာရင် ရတာကို အရင် ထိုးသင့်ပါတယ် 👍
Side effect လေးတွေကတော့ physiological fever, swelling, arm pain, nausea လေးတွေတော့ vaccine တိုင်းရှိပါမယ်။ vaccine အလုပ်လုပ်နေတာကို ပြတဲ့ response လေးတွေပါ
❗️❗️🚨အရမ်း side effect များတယ်လို့ နာမည်ကြီးတဲ့ vaccine တွေတော့ ရှောင်ပေါ့နော် 🚫
🙏🏻🙏🏻များမကြာမီလည်း vaccine တွေရောက်လာရင်် နိုင်ငံရေးကို ခဏလေး မေ့ထားပြီး မိသားစု အသက်ရှင်ရေးကို ရှေးရှု၍ ရရာကို အရင်ထိုးထားသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ
မတတ်တခေါက်နဲ့ ရေးရတာမို့ အမှားပါရင်လည်း ပြုပြင်ပေးပါ
အားလုံးကို နေကောင်းစေချင်သော ဆန္ဒလေးဖြင့်
Dr. Zay
ကျန်းမာရေးဆောင်းပါးများ ပရိသတ်များခင်ဗျာ...သူတို့မကြိုက်တာလေးတွေကို အတတ်နိုင်ဆုံးမလုပ်ကြနဲ့နော် 🤗🥰ကျန်းမာရေးဂရုစိုက်ကြပါ...
25/06/2021
ကျန်းမာရေးဆောင်းပါးများ ပရိသတ်များခင်ဗျာ...
သူတို့မကြိုက်တာလေးတွေကို အတတ်နိုင်ဆုံးမလုပ်ကြနဲ့နော် 🤗🥰
ကျန်းမာရေးဂရုစိုက်ကြပါလို့ 🤗🥰
Photo :: မူရင်း
လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ချလို့ရသလား?============================အဖြေအတော်များများကတော့ မဖြစ်နိုင်ဘူးလို့ ပြောပါလိမ့်မယ်။...
05/05/2020
လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ချလို့ရသလား?
============================
အဖြေအတော်များများကတော့ မဖြစ်နိုင်ဘူးလို့ ပြောပါလိမ့်မယ်။ ကျတော်ကတော့ ဖြစ်နိုင်တယ်လို့ ဖြေပါမယ်။ ဒီနည်းလမ်းရဲ့ အကျိုးသက်ရောက်ပုံ pros and cons တွေကိုလည်း သေချာရေးပြသွားမှာဖြစ်လို့ စာဟာ အသေးစိတ်ဆန်ပြီး ရှည်ပါလိမ့်မယ်။ (ဒီစာမှ ဆုံးအောင်မဖတ်နိုင်ရင် သင်ဘယ်တော့မှ ဝိတ်ကျမှာ မဟုတ်ပါဘူးလို့လည်း တခါတည်း ပြောလိုက်ပါတယ် 😁)
နည်းလမ်းရဲ အဓိကက Calorie ကို​လျှော့ချပြီးတော့ အဆီကျစေတာဖြစ်လို့ ပြီးပြည့်စုံတဲ့ နည်းလမ်း​တော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ပဲ ပိန်ချင်သူတွေအတွက် ဇောင်းပေးပြီးရေးမှာပါ။
အဆီပိုဖြစ်လာခြင်း
=============
ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီတွေ ဘာလို့များလာရသလဲဆိုတဲ့ အကြောင်းအရင်းကို အရင်သိရပါမယ်။ အဆီမှာ Good Fat (Unsaturated Fat - မပြည့်ဝဆီ) , Bad Fat (Saturated Fat - ပြည့်ဝအဆီ) ဆိုပြီး နှစ်မျိုးရှိပါတယ်။
မြန်မာဟင်းလျာမှာ သုံးနေတဲ့ ဆီအမျိုးအစားတွေက ပြည့်ဝအဆီတွေများပါတယ်။ ဒီပြည့်ဝဆီတွေက ခန္ဓာကိုယ်ထဲရောက်သွားရင် ပြိုကွဲပျက်စီးဖို့ အင်မတန်ကြာပါတယ်။ အဲ့အပြင် ဗိုက်ဝသည်ထက် ပိုမိုစားသုံးခြင်းပြုတဲ့အခါ အဆီကိုမဖြိုခွဲနိုင်တော့ နောက်မှဖြိုတော့မယ်ဆိုပြီး အိမ်စာသဘောမျိုးနဲ့ သိုလှောင်လိုက်ပါတယ်။ အဲ့အိမ်စာကို အပြီးမသတ်နိုင်သေးခင်မှာပဲ အသစ်အသစ်သော အဆီတွေ ထပ်မံစားသုံးခြင်းပြုလို့ ဗိုက်ခေါက်ကြီးတွေထွက်ပြီး ဝလာခြင်းသာဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ အစာလောင်ကျွမ်းပုံ
======================
ပထမဦးဆုံး Metabolism (ဇီဝကမ္မာ) အကြောင်းကို အရင်ရှင်းပြပါမယ်။ လူ့ခန္ဓာကိုယ် လူငန်းဆောင်တာများအတွက် လိုအပ်သော Energy အတွက် စားသောက်ခြင်းဆိုတာ အဓိကနေရာက အရေးပါနေပါတယ်။ သို့သော် တကယ်လိုအပ်တဲ့ Output ထက် ကိုယ့်ရဲ့ Input က ပိုများနေတဲ့အခါ "ဝ"လာပါတယ်။
အဲ့တော့ လူတစ်ယောက်က သူ့ခန္ဓာကိုယ်အတွက် ကယ်လိုရီ ၁၈၀၀ လောက် သွင်းပေးနေတယ်ဆိုပါစို့။ အဲ့လိုသွင်းပေးရာကနေ ၁၆၀၀ ကိုလျော့ချလိုက်မယ်ဆိုရင် ပုံမှန်လိုအပ်တဲ့ ၁၈၀၀ ကနေ ၁၆၀၀ ဖြစ်သွားလို့ လိုတဲ့ ၂၀၀ ကို သူဟာ "အဆီ"တွေကို ဖျော်ချလိုက်ပါတယ်။ အဲ့မှာ ဝိတ်ကျတယ်တို့၊ ပိန်တယ်တို့ ဆိုတာဖြစ်လာတယ်။ သို့သော် ဒါဟာ ခနပဲရပါလိမ့်မယ်။ ဘာလို့ဆိုတော့ ခန္ဓာကိုယ်ကို သင်ခနပဲလိမ်လို့ရမယ်။ ၁၀- ၁၅ရက်လောက်ဆိုရင် "သြော်... ဒင်းငါ့ကို ၁၆၀၀ ပဲပေးပါလား"လို့သိသွားပြီး ခန္ဓာကိုယ်ကလည်း သူ့ Burning rate ကို ၁၆၀၀ အထိ လျော့ချလိုက်ပါတယ်။ အဲ့အခါ လူတစ်ချို့ပြောသလို "ငါ အစားတော့လျော့တာပဲ၊ ဝိတ်ကမကျဘူး"ဆိုတဲ့ အသံမျိုး ထွက်လာတာပါ။
နည်းလမ်း
=======
ဒီသဘောတရားကို သဘောပေါက်တဲ့အခါမှာ ကျတော်တို့ဟာ အစားအသောက် စားခြင်းကို သေချာစီစစ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို လူလည်ကျလို့ရသွားပါပြီ။ ကျတော်တို့ချမယ့်နည်းက တစ်လခြင်း ကိုယ်စားမယ့်အစားအစာကို ဖြတ်တောက်ပစ်တဲ့ နည်းပါပဲ။
သင်ဟာအိမ်စာလည်းအရမ်းစားသူ၊ အပြင်လည်း တစ်လကို (၃)ခါလောက်ထွက်စားသူ၊ စားတိုင်းလည်း အများကြီးစားသူ တစ်ယောက် ဆိုကြပါစို့။ ဒီ့အတွက် နည်းလမ်းကတော့ -
ပထမလ - အပြင်စာ နှစ်ခါပဲစားပါတော့
ဒုတိယလ - အပြင်စာ တစ်ခါပဲ စားပါတော့
တတိယလ - အပြင်စာ လုံးဝမစားပါနဲ့တော့
စတုတ္ထလ - အိမ်စာကို တစ်ပန်းကန် ဝဝစားပါ (ထမင်း၊ဟင်း ထပ်မထည့်ပါနှင့်)
ပဥ္စမလ - အိမ်စာကို ထမင်းနည်းနည်းဖြတ်လိုက်ပါ
စသည်နည်းနဲ့ လျှော့သွားပြီး နောက်ဆုံး ထမင်းလုံးဝဖြတ်ပီး အသားနှင့် အရွက်ပဲစားရမှာ ဖြစ်ပါတယ်။
ဒီလို တထစ်ခြင်း ကိုယ်ကလျှော့လိုက်တိုင်းမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ဟာ ကို့အစားအသောက်ကို လိုက်ပြီး ချိန်ညှိရတာ ဖြစ်တဲ့အတွက် လတိုင်းမှာ ကိုယ်ရည်စစ်ပြီး ဝိတ်ကျလာမှာဖြစ်ပါတယ်။
သင့်ရဲ့အလုပ်ဟာ တစ်နေကုန် ကွန်ပြူတာရှေ့မှာသာ ထိုင်နေရတဲ့ အလုပ်မျိုးဆိုရင်တော့ သင်ဝိတ်ကျနှုန်းဟာ နှေးမှာဖြစ်ပြီး၊ လှုပ်လှုပ်ရှားရှား (ကာယအသားပေး) အလုပ်ဆိုရင် ပိုပြီး ဝိတ်ကျမြန်ပါလိမ့်မယ်။
သင်ရောက်ချင်သော ပမာဏအထိကို ဖြုတ်ချသွားရမှာလည်း ဖြစ်ပါတယ်။ ကျတော်ဆိုရင် တစ်နေ့ကို ၆လုံးချက်ကနေ (တစ်ခါတရံ) တပြည်အထိ စားတဲ့အနေအထားကနေ တစ်နေ့ကို မနက်ကြက်ဥပြုတ်တလုံး၊ ညနေ ကြက်ဥပြုတ်တလုံးသာ စားတဲ့အထိ ဖြုတ်ချပစ်ခဲ့ပါတယ်။ သင်ရောက်ချင်တဲ့ ဝိတ်ပမာနအထိ တစ်လခြင်း နည်းနည်းဆီ ဖြတ်တောက်ရမှာဖြစ်ပါတယ်။
မှားယွင်းစွာသိရှိထားမှု
================
ဝိတ်ချတဲ့အခါ အချို့က ညစာမစားရဘူးလို့ ယူဆထားကျပါတယ်။ တကယ်တော့ ညစာမစားရတာမဟုတ်ပါဘူး။ ညစာသုံးဆောင်ခြင်းနှင့် အိပ်စက်ချိန်ဟာ (၆) နာရီ ကွာဝေးမယ်ဆိုရင် ညစာစားလို့ရပါတယ်။
အသားမစားသော (အရွက်သီးသန့်စားသည့်) ဝိတ်ချခြင်းမှသာ ဝိတ်ကျနိုင်သည် ဆိုခြင်းသည်လည်း မှားယွင်းပါတယ်။ အသားစားခြင်းသည် ဝိတ်မတတ်ပါ။ အသားသည် ပရိုတင်းဓာတ်ဖြစ်ပြီး ကြွက်သားများကိုပင် ပိုသန်မာစေပါတယ်။ ဝိတ်တက်စေတဲ့ အဓိက အကြောင်းအရင်းက အသားစားတဲ့အခါ ပါတဲ့ အရေခွံရယ်၊ အသားကို ကြော်ခြင်း၊ ချက်ခြင်းကြောင့် စိမ့်ဝင်နေတဲ့ ပြည့်ဝဆီတွေသာဖြစ်ပါတယ်။ (အသားကို ရေလုံပြုတ်ခြင်း၊ အရွက်ကိုရေလုံပြုတ်စားခြင်းသည် ထိရောက်ဆုံးသော နည်းဖြစ်သည်)
အဓိကရန်သူ
=========
အစားအသောက်မှာ သင့်ကို အဓိကဝိတ်တက်စေတဲ့ အရာတွေကိုတော့ (ဘယ်လိုနည်းနဲ့ ဝိတ်ချချ) ဖြတ်ထားသင့်ပါတယ်။ မဖြတ်နိုင်တဲ့ လူတွေကတော့ တစ်လမှာ တစ်ခါဖြစ်ဖြစ် Cheat Day သဘောမျိုးနှင့်သာ သုံးဆောင်စေချင်ပါတယ်။
သကြား (အချိုဓာတ်) - သကြားဟာ သင့်ကိုအင်မတန်မှ ဝိတ်တက်အောင်လုပ်ပေးမယ့် ရန်သူဖြစ်ပါတယ်။ ဒါကြောင့် အချိုဓာတ်ပါနေတဲ့ မုန့်များအားလုံးသည်လည်း ရန်သူသာဖြစ်ပါတယ်။ ရေခဲမုန့်၊ ချော့ကလက်၊ အအေးများကို အဓိကရှောင်ရပါမယ်။ မဖြစ်မနေ အာဆွတ်ယုံ သောက်ချင်ရင်တော့ 100Plus နဲ့ Pocari Sweat ကို သောက်ပါလို့ ညွှန်းပါရစေ။ အချို့ကတော့ Coke Zero ကို သောက်ကျပါတယ်။ သို့သော်လည်း Coke Zero က အချိုဓာတ်ပါသေးတယ်လို့ ပြောလို့ရပါတယ်။
ပြည့်ဝဆီ - မြန်မာဟင်းလျာတွေမှာ အသုံးအများဆုံးပါပဲ။ ဒါကြောင့် သင်ဟာ စားတဲ့အခါ အဆီကို နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်သင့်ပါတယ်။ Diet plan တွေ ဝယ်စားဖို့လည်းအဆင်မပြေ၊ ကိုယ်တိုင်လည်း မချက်ပြုတ်နိုင်သူများ အဖို့ အကြံပေးချင်တာက ဆီကြော်အတုံးဆို အရင်ဆုံး အရေခွံဖယ်လိုက်ပါ၊ ပြီးရင် တစ်ရှူးနဲ့ဖြစ်ဖြစ် ဆီစုပ်စက္ကူနဲ့ ဖြစ်ဖြစ် အသားကိုပက်ပြီး လက်နဲ့ညှစ်လိုက်ပြီးမှသာ သုံးဆောင်ပါ။ ကြက်သားဟင်းလို ဆီတွေအိနေပြီဆိုရင်တော့ ကိုယ်စားသလောက်ကို ခပ်ယူပြီး တစ်ရှုးခင်းထားတဲ့ ပန်းကန်လေးထဲမှာဖြစ်ဖြစ် ဇကာတစ်ခုမှာဖြစ်ဖြစ် ဆီကိုစစ်ပြီးမှသာ သုံးဆောင်ခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။
မှန်ကန်စွာစားနည်း
=============
သင်ဟာ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ချမှာဖြစ်တဲ့အတွက် အသေးစိတ်အချက်လေးတွေကိုတော့ လိုက်နာဖို့လိုပါတယ်။ ဒါမှသာ ကိုယ်လုပ်သလောက် ထိရောက်မှုရှိမှာပါ။
သင် အစာစားတဲ့အခါမှာ အစာကို ကြေကြေညှပ်ညှပ် ဝါးစားတဲ့အကျင့်ကိုမွေးပါ။ (သိပ္ပံနည်းကျ အချက်အလက်အရ သင်ဟာ တစ်လုတ်ကို ၃၂ ကြိမ်ဝါးရမယ်လို့ကို ဆိုထားပါတယ်)။ သင်လုပ်ရခက်တယ်ဆို အစာဝါးတဲ့အခါ ရုပ်ရှင်ကြည့်နေတာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ဒီအတိုင်းစားလိုက်တာထက်တော့ နှေးနိုင်ပါတယ်။ ဒီလို ကြေညှပ်စွာ ဝါးထားတဲ့အခါ သင့်အစာတွေကို အစာအိပ်က လွယ်လွယ်ကူကူ​ ခြေပေးနိုင်မှာ ဖြစ်လို့ အဆီဖြစ်ခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဗိုက်ပြည့်ခြင်းမပြည့်ခြင်းကို သိဖို့အတွက် ဦးနှောက်ဟာ အစာအိမ်ထက် မိနစ်ပိုင်းနောက်ကျပြီးမှ သိတာဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ အစားကို အမြန်စားမယ်ဆိုရင် ဗိုက်တကယ်ပြည့်ပြီး ပိုရှန်တော့မှသာ ဦးနှောက်က ဗိုက်ပြည့်ပြီဟု သိသွားပြီး အစာမချက်နိုင်တော့တဲ့ အပိုစာတွေဟာ သင့်ကိုဝိတ်တက်စေမှာပါ။
အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်အနည်းဆုံး သောက်သုံးပေးခြင်းသည်လည်း အင်မတန်အကျိုးရှိပါတယ်။ ရေကို နာရီဝက်အလို ကြိုသောက်ရင် အစာခြေခြင်းမှာလည်း လုပ်ဆောင်မှု ပိုအားကောင်းစေသလို သင့်အစာအိမ်ကို အစာမဖြည့်သေးပဲ ရေနဲ့ ပြည့်စေခဲ့တဲ့ နည်းဖြစ်ပါတယ်။ အစာစားပြီးပြီးခြင်းမှာလည်း နာရီဝက်ခြားပြီးမှသာ ရေသောက်သင့်ပါတယ်။ ရေဟာလည်း ရိုးရိုးရေသာ ဖြစ်ရပါမယ်။
အားသာချက်
=========
ဒီနည်းလမ်းရဲ့အားသာချက်တွေကတော့ တကူးတက လေ့ကျင့်ခန်း လုပ်နေခြင်း၊ ချက်ပြုတ်နေရခြင်းတွေ ဘာမှမလိုတဲ့အတွက် အပျင်းတစ်သောသူ၊ အပင်ပန်းမခံချက်သူ၊ အလုပ်ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရသူတွေအတွက် အသင့်တော်ဆုံးပါပဲ။ နောက်ပြီး ဝုန်းခနဲ၊ ဒိုင်းခနဲ့ အစားတွေလျှော့ပစ်လိုက်တာမဟုတ်လို့ သင့်ခန္ဓာကိုယ်အတွက် ကျန်းမာရေးထိခိုက်မှာ မဟုတ်ပါဘူး။
ဒီနည်းလမ်းမှာက ကယ်လိုရီကို လျှော့ချတဲ့နည်းကို သုံးထားတာဖြစ်တဲ့အတွက် လူအပင်ပန်းခံဖို့ မလိုတာပါပဲ။
အားနည်းချက်
==========
ကယ်လိုရီလျှော့ပစ်တာဖြစ်လို့ protein နဲ့ micro nutritient ပိုင်းတွေမှာတော့ အားနည်းပါလိမ့်မယ်။ ဒါပေမယ့်လည်း လုပ်ချင်တဲ့လူတွေနဲ့ ကိုက်မယ့်နည်းလမ်းကို ချိန်ဆပြီးရေးထားတာဖြစ်လို့ အထက်ကပြောခဲ့သလို ကောင်းမွန်ပြီးသော ပြီးပြည့်စုံမနေပါဘူး။
တထစ်ခြင်း ဖြတ်တောက်သောနည်းဖြစ်လို့ အင်မတန်ကြာပါတယ်။ ဇွဲမကောင်းတဲ့လူတွေ မလုပ်နိုင်တဲ့နည်းပါပဲ။ ဝိတ်လည်းကျချင်တယ်၊ လေ့ကျင့်ခန်းလည်း မသွားနိုင်ဘူး၊ အစားလည်းမလျှော့နိုင်ဘူး၊ စိတ်လည်းမရှည်ဘူးဆိုရင်တော့ သင့်အတွက် မဖြစ်နိုင်ပါဘူး။
ပြီးတော့ ဝိတ်ကျပြီး ကိုယ်ရည်စစ်သွားဖို့ဟာ အချိန်လိုတယ်ဆိုတာကို သဘောပေါက်စေချင်ပါတယ်။ သင့်ရဲ့ဝနေတဲ့ခန္ဓာကိုယ်ဟာလည်း နေ့ချင်းညချင်း ဝလာတာမဟုတ်ဘူးဆိုတာကို သင်သဘောပေါက်ရင် နေ့ချင်းညချင်း မပိန်ဘူးဆိုတာကို လက်ခံရပါလိမ့်မယ်။ဒါကြောင့်ဇွဲတော့ရှိသင့်ပါတယ်။
အစားအသောက်တွေ ဖြတ်တောက်လိုက်တဲ့ နေရာမှာ အဆီတွင်မကပါဘူး (လေ့ကျင့်ခန်းမလုပ်တဲ့အတွက်) သင့်ရဲ့ကြွက်သားအချို့ပါ ဆုံးရှုံးပါလိမ့်မယ်။ ဒါကြောင့်လည်း အသားမဖြတ်နဲ့လို့ ပြောရခြင်းဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ကြွက်သားအချို့ ပြန်ကာမိဖို့ပါ။
အဓိကသက်ရောက်မှုကတော့ သင်ပိန်သွားမယ် သို့သော် နည်းနည်းလေးတော့ ချိသွားပါလိမ့်မယ်။ အရင်ကလို လေးလေးပင်ပင်တွေမဖို့အတွက် လုံလောက်သောကြွက်သားအဖွဲ့အစည်း လျော့နည်းသွားလို့ပါ။ သို့သော်လည်း သိပ်သိသာနေမှာတော့မဟုတ်ပါဘူး။
သတိပြုရန်
========
သင်ဒီနည်းလမ်းကိုလုပ်ပြီဆိုရင် (စိတ်မခိုင်ဘူးဆိုရင်တော့) တစ်ယောက်ထဲသာ စားပါ။ အများနဲ့ ဝိုင်းဖွဲ့စားတဲ့အခါမှာ သူတို့စားသောက်နေတာ ကြည့်ပြီး ကိုယ်စားချင်တဲ့စိတ်တွေဖြစ်လာတာ အန္တရာယ်ပါပဲ။
မီးဖို့ချောင်နှင့် ထမင်းစားခန်းကို လုံးဝမသွားပါနဲ့။ သင်ရဲ့အစားလျှော့ခြင်းကို အင်မတန် အနှောင့်အယှက်ပြုမှာဖြစ်ပါတယ်။ အဲ့အခါမှာ သင့်ချုပ်ထိန်းမှု တွေပျက်သွားမှာ ဖြစ်ပါတယ်။
Unsaturated Fat
============
Coconut oil, Olive oil, Fish oil တို့ကြတော့ Unsaturated ဖြစ်လို့ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ပြိုကွဲသွားပြီး အဆီပိုတွေပိုတာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် ဒီဆီနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာကိုတော့ သင်စိတ်သန့်သန့်စားလို့ရပါတယ်။
ကရိကထ
=======
အချို့က အစားအသောက်ပြင်ဆင်ခြင်းဆိုတာကို သိပ်ပြီး အလုပ်တစ်ခုလို့ ထင်ပုံမရပါဘူး။ ကရိကထနိုင်တယ်လို့မြင်ပါတယ်။ တကယ်တော့ ဒါက မြန်မာနိုင်ငံမှာ မှားယွင်းစွာသုံးဆောင်မိနေလို့ အချိန်ပေးပြီး လုပ်ရတယ်လို့ထင်နေတာပါ။ အစကတည်းက မှန်နေရင် သီးသန့်အလုပ်လို့ထင်စရာမရှိပါဘူး။
ကိုယ့်တစ်နှပ်စာကို စားရုံမဟုတ်ပဲ ကျန်းမာရေးအတွက် ညီညွှတ်စွာ ပြင်ဆင်တဲ့အလေ့အထက အမြဲတမ်းတွဲလျှက်ပါနေသင့်ပါတယ်။ ဒါမှလည်း ကျန်းမာရေးကောင်းမှာပါ။
I am on diet ဆိုပြီး Diet ဟာ Period လိုဖြစ်နေတာထက် life style ဖြစ်ဖို့လိုတယ်ဆိုတဲ့ ခံယူချက်ရှိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်အစားအစာကို ဝယ်ပြီးပြင်ဆင်ခြင်းဟာ စိတ်ကိုလည်းပိုပြီးတော့ လမ်းကြောင်းပေါ်မှာ ရှိနေစေပါတယ်။ ။
ဒီလိုမှမတွေးနိုင်ရင် သင်ရဲ့လုပ်ချင်စိတ်လည်း တက်လာမှာမဟုတ်ပဲ ပြည့်ဝဆီတွေနဲ့သာချက်ထားတဲ့ ဟင်းလျာမျိုးကို သင်စားနေရတော့မှာဖြစ်တယ်။
အကယ်၍ သင်သာဂရုစိုက်မယ်ဆို ကြက်ရင်ပုံလိုအသားမျိုးကို Coconut oil နည်းနည်းလောက်နဲ့ ကင်ပြီးစားမယ်ဆိုရင် စားရတာလည်းမြိန်မယ်၊ ဘေးလည်းဖြစ်မှာမဟုတ်ပါဘူး။ ဒီလို အစားအသောက်ကို မချိန်ဆနိုင်တဲ့အခါ မြန်မာပြည်ကလူအတော်များများက ဝိတ်ကျဖို့ အသားမစားရလို့ပဲ ထင်လာကြတာပါ။
ဆောင်ရန်
=======
သင်အစားအသောက်ဖြတ်တောက်မှုမှာ အမြဲတမ်း Motivation ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် phone၊ computer မှာ Body မိုက်တဲ့ ပုံတွေ save ထားပြီး ကြည့်ပေးသင့်ပါတယ်။ Youtube မှာ workout motivation တွေလည်း မကြာမကြာ ကြည့်ပေးသင့်ပါတယ်။ နောက်ပြီး ကိုယ့်သူငယ်ချင်းထဲမှာ ဝိတ်ကျသွားတဲ့ လူတွေရှိရင် ကိုယ့်စိတ်ကအစာပြန်စားချင်တိုင်း သူတို့ထံကနေ အကြံဉာဏ်တောင်းခံသင့်ပါတယ်။ ဒီနည်းနဲ့ သင့်စိတ်ကို ပြန်မြှင့်တင်လို့ရပါတယ်။
အဓိကက စိတ်
==========
စိတ်ဆောင်ရင်အောင်တယ် ဆိုတဲ့ စကားအတိုင်း သင်စိတ်နိုင်တော့မှသာ ဝိတ်ကျမှာဖြစ်ပါတယ်။ ဝိတ်ချတဲ့အခါ ဖြစ်လေ့ရှိတာက အစပိုင်းမှာ သင်ဟာ အင်မတန်မှ တက်ကြွတဲ့ ကြက်ဖ ဖြစ်နေပါလိမ့်မယ်။ တစ်လခွဲ နှစ်လဆိုရင်တော့ အဲ့စိတ်တွေအားလုံး ကြက်ပျောက်၊ ငှက်ပျောက်ပြန်ဖြစ်သွားပါလိမ့်မယ်။
အဲ့အခါမှာ စိတ်ကို "တော်ပါပြီကွာ..."ဆိုပြီး မလွှတ်ချလိုက်ပါနဲ့။ ပြန်ခေါ်ပါ။ ပြန်ဆွဲတင်ပါ။ သင်နဂိုတက်ကြွတဲ့စိတ်မျိုး ပြန်ရချင်မှရပါလိမ့်မယ် သို့သော်လည်း အရေးကြီးတာ အဆက်မပြတ်သွားဖို့ပါပဲ။ အလိုမလိုက်လိုက်ပါနဲ့။ အလိုလိုက်လို့ဝတာကို သတိရပါ။ အနည်းဆုံးတော့ သင့်ဝတ်ရစားရတာတွေ၊ လှုပ်ရှားရတာတွေ ခက်တာအပထား သင့်ပုံကိုတောင်သင် facebook မှာ ပြန်တင်ဖို့ ဝန်လေးနေပြီဆိုတာ သိပါစေ။ ဒါကြောင့် အောင်မြင်အောင်လုပ်ပါ။
တကယ်တော့ ဝိတ်ချတယ်ဆိုတာ အစပိုင်းမှာသာ စိတ်ကို ဆွဲတင်ရတာပါ။ သင်သာ သိသာတဲ့ အနေအထားတစ်ခုကို ရောက်သွားပြီဆိုရင်တော့ လူအားလုံးက "ပိန်သွားတယ်နော်၊ ကြည့်ကောင်းလာတယ်နော်၊ သားတော်တော်လှလာပီ" လို့ အပြောခံရတဲ့အခါ သင်ပျော်နေမှာဖြစ်ပါတယ်။ အဲ့အခါကျရင်တော့ အဲ့အားပေးစကားတွေဟာ သင့်အတွက် motivation တွေပါပဲ။ အဲ့လိုစကားသံတွေ မကြားမ​​ခြင်းကိုတော့ သင်တယောက်ထဲ အသည်းအသန် ရုန်းကန်ရမယ်ဆိုတာ သတိပြုပါ။
နောက်ကြောက်စရာတစ်ခုက သင့်ကိုယ်သင်ပြန်ပေးမယ့် ဆင်ခြေပါ။ ငါ့မှာစော်ချောချောလေးရနေပီပဲ ပိန်ဖို့မလိုပါဘူး၊ ငါအချိန်မရှိဘူး၊ ငါဝလည်း ကျန်းမာနေတာပဲလေ စတဲ့ ကိုယ့်ကိုယ်ကို Comfort zone မှာနေနေစေမယ့် အကောင်းမြင်မှုမျိုးကို ဖြတ်ပစ်ရပါမယ်။
သင်လှလာတာ မလှတာ အပထား၊ ဝရင်ကျန်းမာရေးမကောင်းနိုင်ပါဘူး။ "ငါဝနေတာပဲ ဘာမှမဖြစ်ဘူး"လို့ အချို့က ဆင်ခြေပေးကျပါလိမ့်မယ်။ ဒါပေမယ့် ဝတဲ့လူအတွက် နှလုံးရောဂါ၊ အသည်းအဆီဖုံး၊ သွေးတိုး၊ ဆီးချိုတို့ အင်မတန်ဖြစ်လွယ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ကြည့်ကောင်းပြီး ကိုယ်ရည်စစ်တဲ့ ခန္ဓာကိုယ်တစ်ခုရဖို့အတွက်တော့ အားထုတ်သင့်တယ်လို့ အမြဲနှလုံးသွင်းဖို့ လိုပါတယ်။
သင့်တော်သောအစားအစာ
==================
ဒီနည်းလမ်းနဲ့ ဝိတ်ချမယ့်လူတွေအတွက် အကောင်းဆုံးကတော့ အသီးအရွက်၊ ဟင်းချို များများသုံးဆောင်ပေးသင့်ပါတယ်။ အချိုမှုန့်ရော၊ ဆား ထည့်ချက်ထားတဲ့ ဟင်းရွက်နှင့် ဟင်းချိုများကိုရှောင်ရပါမယ်။ အရွက်ကြော်တပွဲဆိုပေမယ့် ဆားတို့ ခရုဆီတို့ ထည့်မယ်ဆိုရင်လည်း သင့်အရွက်ကြော်တပွဲဟာ ပုံမှန်ထက် သုံးဆလောက် ကယ်လိုရီကြွယ်ဝစေမယ်ဆိုတာကို သတိချပ်စေလိုပါတယ်။
နောက်ပြီး ကယ်လိုရီလျှော့ချတဲ့နည်းလမ်းဖြစ်လို့ ကယ်လိုရီနည်းနည်းနဲ့ အချိန်ကြာကြာအစာခံမယ့် အသီးများဖြစ်တဲ့ ကဗ္ဗလာသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ သရက်သီး၊ ဖရဲသီးတို့ များများစားသုံးပေးသင့်ပါတယ်။
အဲ့အပြင် အသီးအရွက်များမှာ အစာခြေခြင်းစနစ်ကို ပိုပြီး အထောက်အူပြုတဲ့အတွက် သင့်အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာက အရင်ထက်ပိုပြီး လုပ်ဆောင်နေမှာဖြစ်ပါတယ်။
၈နာရီ ၂နှပ်နည်းလမ်း
===============
ဒီဝိတ်ချခြင်းကို ပိုမိုအထောက်အကူဖြစ်စေမှာက သင်ဟာ တစ်နေ့ကို ရှစ်နာရီခြားပြီး နှစ်နှပ်စားသုံးပေးသော နည်းလမ်းကို ကျင့်သုံးမယ်ဆိုရင် ပိုပြီးသိသာလာမှာဖြစ်ပါတယ်။
သဘောတရားကတော့ သင့်မနက်စာကို ၈နာရီမှာစားတယ်ဆိုရင် နောက်တစ်နှပ်ကို (ပုံမှန်လို့ ၁၂နာရီမှာ မစားတော့ပဲ) ညနေ ၄နာရီမှသာ စားသုံးတဲ့ နည်းဖြစ်ပါတယ်။ အချို့က မနက် ၉နာရီ တစ်နှပ် - ညနေ ၃နာရီ တစ်နှပ်စားပြီး ည ၁၀ နာရီလောက်ဆို အိပ်လိုက်ကျပါတယ်။ ထိုကဲ့သို့ ၆နာရီ ၂နှပ် နည်းလမ်းနဲ့လည်း စားလို့ရပါတယ်။
သို့သော် အစပိုင်းလတွေမှာ ချက်ခြင်းမလုပ်ဖို့ အကြံပေးပါတယ်။ သင့်တော်လောက်သော ပမာနနဲ့ သုံးနှပ်ပဲစားတော့တဲ့ အကျင့်ကိုရပြီဆိုတော့မှ ဒီနည်းလမ်းကိုဆက်လုပ်မယ်ဆိုရင် အတော်သိသာတာကို တွေ့ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းပေါင်းထည့်ခြင်း
====================
သင့်မှာ အချိန်မရှိဘူးဆိုပေမယ့် လေ့ကျင့်ခန်းအတွက် တစ်ရက်ကို မိနစ် ၂၀ လောက်တော့ အချိန်ပေးစေချင်ပါတယ်။ ဒီနည်းလမ်းနဲ့အတော်လေးကျလာပြီဆိုတဲ့အခါ ဒိုက်ထိုး၊ Belly ရိုက်၊ အိပ်ထမတင်၊ Plank ထောက်တာ၊ ခါးလှည့်တာ စတဲ့ကိုယ့်အိမ်မှာပဲ Equipment မပါပဲလုပ်နိုင်မယ့် ခပ်ပါးပါးကစားနည်း လေးငါးမျိုးလောက်ကိုပဲ အကြိမ်ရေ ၂၀လောက်ကစပြီး တစ်လကို ငါးခါလောက်တိုးတိုးကစားသွားမယ်ဆို တစ်ဖက်ကလည်း အဆီချခြင်းအောင်မြင်ပြီး စစ်သွားတဲ့ကိုယ်ရည်မှာ ကြွက်သားဆုံးရှုံးမှုမဖြစ်တော့ပဲ (ပိန်တယ်လို့မထင်ရတဲ့) ကြည့်ကောင်းသော ခန္ဓာကိုယ်ကို ရမှာဖြစ်ပါတယ်။
ကျတော်ဆို ပေါင် ၂၀၀ ကနေ ၁၇၅ အထိ ဘာလေ့ကျင့်ခန်းမှမလုပ်ပဲ ချတာပါ ၁၇၅ ကနေ ၁၆၀ ထိကျတော့မှသာ လေ့ကျင့်ခန်းတွဲခဲ့တာဖြစ်ပါတယ်။ တစ်နေ့ကို တစ်မိနစ် plank ကနေစတာ အခုဆို နှစ်မိနစ်ခွဲအထိရလာပါပြီ။ ဒါကြောင့်လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ပိုလည်းထိရောက်မြန်ဆန်လို့ပါ။
ကျတော်လျှော့သွားပုံ
===============
ကျတော်က သင်္ဘောမတက်ခင် တစ်လအလိုမှာ အပြင်စာစားခြင်းကို ရှောင်လိုက်တယ်၊ မဖြစ်မနေစားရမယ်ဆို အိမ်ပြန်လာရင် မစားတော့ဘူး။
သင်္ဘောတက်တက်ခြင်း ပထမလမှာ ညစာကို တစ်ပန်းကန်ပဲစားတယ်၊ ထပ်မယူဘူး။ နေ့လည်စာကိုတော့ ပိုထည့်စားတယ်။
ဒုတိယလမှာ နေ့လည်စာကိုပါ ထမင်းလိုက်ပွဲမယူတော့ဘူး။
တတိယလမှာ ညနေစာထမင်းကို သုံးလုတ်ပဲစားတယ်။
စတုတ္ထလမှာ နေ့လည်စာကိုပါ ထမင်းသုံးလုတ်ပဲစားတော့တယ်။
ပဥ္စမလမှာ ညစာကို သင်္ဘောက ထမင်းချက် ချက်ကျွေးတဲ့ အသားနဲ့ အရွက်နှစ်မျိုးပဲစားတော့တယ်။ ထမင်းလုံးဝ မစားတော့ဘူး။
ဆဋ္ဌမလမှာ နေ့လည်စာကိုပါ ထမင်းဖယ်လိုက်တယ်။
ကောင်းတာတစ်ခုက တရုတ်သင်္ဘောမို့လို့ ဟင်းတွေက ရေလုံပြုတ်များတယ်၊ ပေါ့တယ်။ အဲ့အပြင် သင်္ဘောသားဖြစ်လို့ အလုပ်က ပင်ပန်းတယ်။ အဲ့မှာ အတော်လေးကိုယ်ရည်စစ်သွားခြင်းဖြစ်တယ်။
လေ့ကျင့်ခန်းကိုတော့ ဆဋ္ဌမလမှ ထည့်ဆော့တာ အခုအဲ့ဒီ့ ၆လ အတွင်းမှာ ပေါင်ချိန်ဟာ ၂၀၀ ကနေ ၁၆၀ အထိကျသွားလို့ အခုလို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။
နိဂုံး
===
ဒီလောက်ဆိုရင်တော့ အတော်လေးလည်း စုံပြီမို့လို့ စာကိုရပ်ပါရစေ။ ကျတော်ဟာ အွန်လိုင်းကနေစာဖတ် တတ်သိသူများထံလေ့လာပြီး ကိုယ်နဲ့ကိုက်မယ်ထင်တဲ့နည်းနဲ့ ဝိတ်ချခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းမှာ မှားယွင်းချွတ်ချော်မှု ရှိနိုင်ပါတယ်။ သို့သော်လည်း ကိုယ်တိုင်လုပ်ဆောင်ပြီးသားမို့ အမှားအယွင်းနည်းမယ်လို့လည်း ယူဆပါတယ်။ အမှားမြင်ရင်လည်း အပြုသဘောဆန်စွာ ထောက်ပြခြင်းကို အမြဲကိုဆိုမှာဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ဒီနည်းနဲ့မှမဟုတ်ဘူး ခန္ဓာကိုယ် တောင့်တင်းကြံခိုင်အောင် ဘယ်နည်းနဲ့မဆို ကြိုးစားကြည့်ပါ၊ ဇွဲမလျော့ပါနဲ့ သင်ရဲ့ ကျန်းမာရေးနဲ့ လှပလာမှုက သင့်အတွက်ပါလို့ ပြောပါရစေ။
Credit - Arkar Grey
သင် ဤ Post အား Share ပေးခြင့်ဖြင့် အခြားသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါ....
Address
Min Nandar Road
Yangon
11241
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Telephone
+9595414119
Alerts
Be the first to know and let us send you an email when ကျန်းမာရေးဆောင်းပါးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to ကျန်းမာရေးဆောင်းပါးများ:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category