Dr Kyal Sin - Mom & Nutritionist

Dr Kyal Sin - Mom & Nutritionist Dr Kyal Sin Yu Mon is a medical doctor and nutritionist from Myanmar and an author of 3 books. And a happy mom/wife too!

Probiotic (ကောင်းကျိုးပြု ဘက်တီးရီးယား) နဲ့ Prebiotic (ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက်အစာ- အမျှင်ဓာတ်) ဒီ ၂ မျိုးကို ...
15/12/2025

Probiotic (ကောင်းကျိုးပြု ဘက်တီးရီးယား) နဲ့ Prebiotic (ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက်အစာ- အမျှင်ဓာတ်)

ဒီ ၂ မျိုးကို နေ့စဉ် စားတဲ့ အစားအစာတွေထဲမှာ ပါဝင်အောင် ထည့်သွင်းစားမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကြံ့ခိုင်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေပါတယ်။

ဝမ်းမှန်စေခြင်း၊ စားသုံးလိုက်တဲ့ အာဟာရများ စုပ်ယူမှု ပိုကောင်းစေခြင်း၊ ကိုယ်ခံအားကောင်းစေသဖြင့် ပြင်ပမှ ရောဂါပိုးများဝင်ရောက်လာပါက တိုက်ထုတ်နိုင်ခြင်း စတဲ့ ကောင်းကျိုးများစွာ ရရှိစေပါတယ်။

ကလေးတွေရော၊ လူကြီးတွေပါ လိုအပ်တဲ့ အာဟာရဓာတ်တွေပါ။ နေ့စဉ်စားသုံးဖို့ တိုက်တွန်းလိုက်ပါရစေ။

မေတ္တာဖြင့်

Dr ကြယ်စင်


ဂျပန်နိုင်ငံမှာ ကလေးတွေကို မူလတန်းအရွယ်ကတည်းက အာဟာရ ပညာပေး ကို သင်ကြားပေးပါတယ်။ ကိုယ်စားတဲ့ အစားအစာတွေက ကိုယ့်အတွက် ဘာတွ...
12/12/2025

ဂျပန်နိုင်ငံမှာ ကလေးတွေကို မူလတန်းအရွယ်ကတည်းက အာဟာရ ပညာပေး ကို သင်ကြားပေးပါတယ်။ ကိုယ်စားတဲ့ အစားအစာတွေက ကိုယ့်အတွက် ဘာတွေ အကျိုးပြုနေသလဲဆိုတာကို ကလေးတွေ နားလည်နိုင်မယ့် ပုံစံနဲ့ သင်ကြားပေးကြတာ တွေ့ရပါတယ်။

ကျမတို့ တွေလည်း အိမ်မှာ/ကျောင်းမှာ ကလေးတွေကို အာဟာရပညာပေး တွေ လုပ်ပေးနိုင်မယ်ဆိုရင် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ကို အများကြီး အကျိုးရှိစေမှာပါ။

ဒါကြောင့် 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 လ ၇ ရက်နေ့မှာ Little Critters × Pyi Thar Yar Medical Center တို့ပူးပေါင်းပြီး

"𝐒𝐦𝐚𝐫𝐭 𝐅𝐨𝐨𝐝 𝐅𝐨𝐫 𝐋𝐢𝐭𝐭𝐥𝐞 𝐎𝐧𝐞𝐬"🤍
ဉာဏ်ရည်ဖွံ့ဖြိုးအားအင်တိုးစေမယ့် အာဟာရရွေးချယ်မှု🌟
ပွဲလေးကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

အချိန်ပေးပြီး တက်ရောက်ကြသူများအားလုံးကို ကျေးဇူးအထူးတင်လျက်ပါရှင်။ ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြတဲ့ Pyi Thar Yar Medical Center နဲ့ L’il Critters အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

မေတ္တာဖြင့်

Dr ကြယ်စင်

💙

📌 နာတာရှည်ကျောက်ကပ်ရောဂါနှင့် အာဟာရကုထုံးDr ကြယ်စင်ယုမွန်အာဟာရဆိုင်ရာ အထူးပြုဆရာဝန်
09/12/2025

📌 နာတာရှည်ကျောက်ကပ်ရောဂါနှင့် အာဟာရကုထုံး

Dr ကြယ်စင်ယုမွန်
အာဟာရဆိုင်ရာ အထူးပြုဆရာဝန်

ကလေးတွေအတွက် စားသောက်ကုန်တွေ ဝယ်ရင် ဘာတွေ စစ်ဆေးဖို့လိုသလဲ? 🧇🥮🥭🧈မေမေတွေကတော့ စျေးဝယ်ရင် ကလေးတွေ အတွက်ပဲ  ဦးစားပေး ဝယ်ကြပ...
06/12/2025

ကလေးတွေအတွက် စားသောက်ကုန်တွေ ဝယ်ရင် ဘာတွေ စစ်ဆေးဖို့လိုသလဲ? 🧇🥮🥭🧈

မေမေတွေကတော့ စျေးဝယ်ရင် ကလေးတွေ အတွက်ပဲ ဦးစားပေး ဝယ်ကြပါတယ်။ ကလေးကို ကျွေးတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်တွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ အရည်အသွေးကောင်းမွန်ဖို့ အဓိကပါပဲ။ ကလေးစားလိုက်တဲ့ အစားအသောက်တိုင်းဟာ အာဟာရကြွယ်ဝပြီး ကြီးထွား ဖွံ့ဖြိုးမှု၊ ဥာဏ်ရည်နဲ့ ကိုယ်ခံအား ကို ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် မေမေတို့ စျေးဝယ်တဲ့ အခါ သတိထားကြည့်ရမယ့် အချက်လေးတွေကို ဝေမျှ ချင်ပါတယ်။ Nutrition label လို့ခေါ်တဲ့ အာဟာရတန်ဖိုးအညွှန်း ကို သေချာ ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။

(၁) ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ
သက်တမ်းကုန်ဆုံးခါနီး/သက်တမ်းကုန်ဆုံးတဲ့ စားသောက်ကုန်တွေကို မဝယ်မိဖို့ သေချာ သတိထားပေးပါ။

(၂) အင်အားဓာတ် ပါဝင်မှု
အစားအသောက်တစ်ခုမှာ အင်အားဓာတ် (ကယ်လိုရီ) ဘယ်လောက် ပါဝင်သလဲ ဆိုတာကြည့်ရပါမယ်။ တစ်ကြီအဆာပြေ မုန့် ဆိုရင် တစ်ခုကို ၁၀၀-၂၀၀ ကယ်လိုရီ ဝန်းကျင်ရှိသင့်ပါတယ်။

(၃) သကြားပါဝင်မှု
သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကို ရှောင်ပါ။ အသက် ၂ နှစ်နဲ့ အထက် ကလေးတစ်ယောက်ဟာ တစ်နေ့ကို သကြားစားသုံးမှု ၂၅ ဂရမ်/လဖက်ရည်ဇွန်း ၆ ဇွန်းစာ ပမာဏ ထက် နည်းသင့်ပါတယ်။ အဓိက ကတော့ အချိုရည်/သကြားများတဲ့ ကိတ်/ကွတ်ကီး တို့ကို ကျွေးတာ လျှော့ပါ။ အချိရည်/ဖျော်ရည် အစား နို့/ဒိန်ချဉ် တိုက်သင့်ပါတယ်။

(၄) အသားဓာတ်
အသားဓာတ် (ပရိုတင်း) ဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု အတွက် အရေးတကြီး လိုအပ်ပါတယ်။ အသားဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို ရွေးချယ် ဝယ်ယူပါ။ ကလေးတစ်ယောက်ဟာ တစ်ရက်တာ အသားဓာတ် အကြမ်းဖျင်း ၁၉-၃၄ ဂရမ် ထိ လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် အနည်းငယ် ကွာခြားမှုရှိပါတယ်။ နို့ ၁ ခွက် မှာ အသားဓာတ် ၇-၈ ဂရမ် ပါဝင်တာကြောင့် အဆာပြေ/မနက်စာ/ည မအိပ်ခင် ကလေးကို နို့ တိုက်ပေးပါ။

(၅) အမျှင်ဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်
ကစီဓာတ် နဲ့ အဆီ မများတဲ့ အစားအစာ ရွေးချယ်ပါ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်များကတော့ ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကြံ့ခိုင်စေပြီး ကိုယ်ခံအား တက်စေပါတယ်။

(၆) ထပ်ဖြည့်ထားသော အာဟာရဓာတ်များ
ကလေးအတွက် ဝယ်မယ့် စားသောက်ကုန်တွေမှာ ကလေးတွေရဲ့ ကြီးထွားမှု နဲ့ ဥာဏ်ရည်ကို အားပေးတဲ့ အာဟာရဓာတ်တွေ ဘာတွေ ထပ်ဖြည့်ထားသလဲ ဆိုတာကို ကြည့်ပါ။ ဥပမာ- ဥာဏ်ရည် ဖွံ့ဖြိုးစေမယ့် DHA အိုမီဂါ ၃-၆-၉ စတာတွေ၊ အရိုးအကြောသန်မာဖို့ အရပ်ရှည်ဖို့ ကယ်လဆီယမ်၊ သွေးအားကောင်းစေပြီး၊ ဦးနှောက်နဲ့ အာရုံကြော အတွက် ဗီတာမင် ဘီ၁၂၊ သွေးအားကောင်းစေပြီး ကိုယ်ခံအားအတွက် သံဓာတ် စတဲ့ အာဟာရတွေ ပါဝင်မှု ရှိမရှိ ဖတ်ကြည့်သင့်ပါတယ်။

ဒီလို အရေးကြီးတဲ့ အာဟာရဓာတ်တွေ ပါဝင်မှု အချိုးအစား၊ ထုတ်လုပ်တဲ့ရက်၊ သက်တမ်းကုန်တဲ့ရက်ကို သေချာကြည့်ဖို့ လိုတဲ့ အပြင်၊ စားသောက်ကုန်ကို ဘယ်လို သိမ်းဆည်းရမယ် ဆိုတာကိုပါ သေချာလေ့လာဖို့ လိုအပ်ပါတယ်။ သားသားမီးမီး တွေကို အကောင်းဆုံးတွေပဲ ဖြည့်ဆည်းချင်တဲ့ ဖေဖေမေမေတို့ အတွက် အရေးကြီးတဲ့ အကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

မေတ္တာဖြင့်

Dr ကြယ်စင်
💙

03/12/2025

မေမေဖေဖေတို့ရဲ့ ကလေးလေးတွေက လှုပ်လှုပ်ရှားရှားဆော့ကစားတာနည်းတယ် ၊ အမြဲထိုင်းမှိုင်းနေတတ်တယ်ဆိုရင် ဒေါက်တာပြောပြတာလေးတွေနားထောင်ကြည့်နော်။

မေမေတို့ရဲ့ တခြားသိလိုတဲ့မေးခွန်းလေးတွေကို Comment မှာမေးသွားလို့ရပါတယ်။

🤍”Smart Foods for Little Ones” ဉာဏ်ရည်ဖွံ့ဖြိုးအားအင်တိုးစေမယ့် အစားအစာရွေးချယ်မှု✨ ဟောပြောပွဲလေးကို လာမယ့် ဒီဇင်ဘာလ ၇ ရ...
01/12/2025

🤍”Smart Foods for Little Ones”
ဉာဏ်ရည်ဖွံ့ဖြိုးအားအင်တိုးစေမယ့် အစားအစာရွေးချယ်မှု✨ ဟောပြောပွဲလေးကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့
🤍Pyi Thar Yar Medical Center မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့ ဖေဖေမေမေ တို့ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

📅 Event Details
Date: 7-12-2025 (Sunday)
Time: 12:00 PM to 3:00 PM
Location: Pyi Thar Yar Medical Center

Event လေးမှာ
✅ကလေးများအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခမဲ့တိုင်းတာပေးခြင်း
✅ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း
✅ Lucky Draw, Coloring Activities တွေလည်းရှိမှာဖြစ်ပါတယ်

☎️ ဖုန်းနံပါတ်(09-269037711,09-269037722)📍
လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

27/11/2025

📌 "ရှောင်လွှဲလို့မရတဲ့ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုအနိုင်ယူကျော်ဖြတ်မလဲ..."







 #ကိုယ်ဝန်ဆောင်ဆီးချို နဲ့ မျှတသောအာဟာရ #လွယ်ကူသောနည်းလမ်းများကိုယ်ဝန်ဆောင်ဆီးချို ဆိုတာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ မှသွေး...
21/11/2025

#ကိုယ်ဝန်ဆောင်ဆီးချို နဲ့ မျှတသောအာဟာရ
#လွယ်ကူသောနည်းလမ်းများ

ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ မှသွေးတွင်းသကြားဓာတ် မြင့်တက်လာတာဖြစ်ပြီး၊ မီးဖွားပြီး နောက်ပိုင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ စဖြစ်တဲ့ အချိန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယနဲ့ တတိယ ၃ လ မှာ ဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီးချိုရှိနေတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ရှိပါသေးတယ်။ ဒီလို မေမေတွေကျတော့ ကလေးမွေးပြီးပေမယ့် ဆီးချိုက ပြန်မကောင်းသွားပါဘူး။

ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုတက်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ များတာကြောင့် ဆီးချိုကို သေချာထိန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ သောက်ဆေး/အင်ဆူလင်ထိုးဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်သလို၊ အစားအသောက်ကိုလည်း သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အစားရှောင်လွန်းရင်လည်း ကလေးရဲ့ ကြီးထွားမှုကို ထိိခိုက်စေနိုင်တာကြောင့် နည်းလမ်းမှန်မှန် ရွေးချယ်စားတတ်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) အစာစားချိန် မှန်ပါစေ

ဆီးချိုဆေး သောက်ချိန်/ထိုးချိန်နဲ့ အစာစားချိန် ကွက်တိဖြစ်ပါစေ။ ဆေးတခြား အစာတခြား ဖြစ်နေရင် ဆီးချိုကို မထိန်းနိုင်ပါဘူး။
မနက်စာစားချိန် - မနက် ၇-၈ နာရီ
နေ့လယ်စာ- ၁၂-၁ နာရီ
နေ့ခင်း အဆာပြေ- ၃ နာရီ
ညနေစာ- ၅-၆ နာရီ

(၂) အစားအစာရွေးချယ်မှု

မနက်စာ- အသားဓာတ်ပါဝင်သော မနက်စာဖြစ်ပါစေ။ ကစီဓာတ်ချည်းပဲ မစားသင့်ပါ။
ဥပမာ
- ကြက်ဥပြုတ် ၂ လုံး (အနှစ် ၁ လုံးပဲစားပါ) + ပေါင်မုန့်ကြမ်း ၁ ချပ်
- အုတ် ၃ ဇွန်း + အဆီလျှော့ထားသော နွားနို့ ၁ ခွက် (ရောကျိုပြီး စားပါ)
- ထမင်း ၆ ဇွန်း + ပဲပြုတ် ၃ ဇွန်း + ကြက်ဥကြော် ၁ လုံး

နေ့လယ်စာ နှင့် ညနေစာ
- ဆီးချိုပန်းကန်ပြားပုံစံဖြင့် စားသုံးခြင်းက ဆီးချိုကို ထိန်းစေပြီး၊ ဝိတ်အလွန်အကျွံတက်ခြင်းကို ကာကွယ်ပေးပါတယ်။ လုံလောက်တဲ့ အသားဓာတ်နဲ့ အမျှင်ဓာတ် ရရှိစေသောကြောင့် မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။
- ပုံမှန်စားနေကျ ထမင်းပန်းကန်ပြားရဲ့ တစ်ဝက်ကို အရွက်ကြော် ထည့်ပါ။ ပန်းကန်ပြားရဲ့ ၄ ပုံ ၁ ပုံကို ထမင်း ပုံပါ။ ကျန် ၄ ပုံ ၁ ပုံကို အသား/ငါး/ပဲ/ဥ တစ်မျိုးထည့်ပါ။ အသားဟင်းချက်ရင် ဆီပြန်အစား ဆီနည်းနည်းနဲ့ ချက်ပြုတ်တဲ့နည်း သုံးပါ။

အဆာပြေ (တစ်ကြိမ် မှာ ၁ မျိုးစားပါ) - နေ့ခင်း ၁ ကြိမ်၊ ညဗိုက်ဆာရင် ၁ ကြိမ် အချိန်မှန် စားပါ။
- ကိုယ်ဝန်ဆောင်အာဟာရမှုန့် ၁ ခွက်/အဆီထုတ်ထားသောနွားနို့ ၁ ခွက်
- အသီးအနှံ (အသီးအတိုင်းပဲ စားပါ၊ ဖျော်ရည်လုပ်မသောက်ပါနဲ့) ပမာဏ- လက်တဖဝါးစာ
- ဒိန်ချဉ်/ပဲနို့ (သကြားမထည့်တာပိုသင့်တော်ပါတယ်)
- ကြက်ဥပြုတ်
- အစေ့အဆန် လက်တစ်ဆုပ်

(၃) ရှောင်ကျဉ်ရန်
- အချိုရည်၊ လဖက်ရည်
- ကောက်ညှင်း
- နို့ဆီ/မလိုင်/ထန်းလျက်
- အဆီများလွန်းသောဟင်းများ
- ထပ်ခါထပ်ခါ ကြော်ထားသော ဆီကြော်စာများ
- အချိုမှုန့်
- လျှော့ရန် - ဆား/ငံပြာရည်/ငါးပိ/ငါးခြောက်

(၄) လေ့ကျင့်ခန်း
အစာစားပြီးတိုင်း ၁၀-၁၅ မိနစ် လမ်းလျှောက်ပေးပါ။ ဆီးချိုကို ထိန်းနိုင်စေပါတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။

(၅) စိတ်ဖိစီးမှု လျှော့ချခြင်း
အစာစားချင်စိတ်ကို ထိန်းနိုင်လာရင် ဆီးချိုကို ထိန်းနိုင်လာပါလိမ့်မယ်။ စိုးရိမ်လွန်တာ မကောင်းပါဘူး။ ကိုယ်နဲ့ မသင့်တော်တဲ့ အစားအသောက်တွေကိုပဲ စဉ်းစားနေမယ့်အစား စားသင့်တာကိုပဲ အာရုံထားပြီး စည်းကမ်းတကျ စားဖို့ အကြံပြုချင်ပါတယ်။ ဒါဆိုရင် စိတ်လည်း မရှုပ်တော့ဘဲ မိခင်ရော ကလေးပါ ပိုကျန်းမာလာပါလိမ့်မယ်။

အရေးကြီးတာကတော့ ဆရာဝန်ရက်ချိန်းသေချာပြဖို့နဲ့ ဆေးတွေကို သေချာသောက်ဖို့ လိုပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ လျှော့တာ၊ တခြားဆေးတွေ ထပ်သောက်တာမျိုး မလုပ်ပါနဲ့။

ဆရာမ အကြံပြုထားတာလေးတွေက ယေဘုယျ လိုက်နာသင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးလိုအပ်ချက် မတူညီနိုင်တာကြောင့် မိမိပြနေကျ ဆရာဝန်/အာဟာရကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်တာက အကောင်းဆုံးဖြစ်ပါတယ်။

ဘေးကင်းကျန်းမာကြပါစေရှင်။

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်
အာဟာရအထူးပြုဆရာဝန်

 #မီးဖွားပြီးစမေမေတွေ ဘာတွေ ခံစားရနိုင်သလဲ? 🤰👩ကလေးအိပ်ရင် လိုက်အိပ်ပါလို့ ပြောကြပေမယ့် ကလေးအိပ်မှ လုပ်စရာရှိတာတွေ ထလုပ်ရ...
27/10/2025

#မီးဖွားပြီးစမေမေတွေ ဘာတွေ ခံစားရနိုင်သလဲ? 🤰👩

ကလေးအိပ်ရင် လိုက်အိပ်ပါလို့ ပြောကြပေမယ့် ကလေးအိပ်မှ လုပ်စရာရှိတာတွေ ထလုပ်ရတဲ့ မေမေတွေလည်း ရှိပါတယ်။ မေမေတွေရဲ့ ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးဖို့လိုပါတယ်။ ကူညီပေးပါ။ စိတ်မာတဲ့ မေမေတွေ ရှိသလို၊ စိတ်နုတဲ့ မေမေတွေလည်း ရှိတာကြောင့် ဘယ်လို သေးမွှားတဲ့ ကိစ္စလေးတွေ ဖြစ်ဖြစ် သေချာလေး နားထောင် ဖြေရှင်းပေးဖို့ အရေးကြီးပါတယ်။

မှတ်ချက် - ဆရာမ ကိုယ်တိုင်လည်း မီးဖွားပြီးစ တစ်လ မပြည့်သေးပါဘူး။ အောက်ပါ အတိုင်း သေချာလိုက်နာပါတယ်။

ခွဲမွေးတာဖြစ်ဖြစ်၊ ရိုးရိုးမွေးတာဖြစ်ဖြစ် မီးတွင်းကာလမှာ မေမေတွေ စိတ်ရောလူရော ပင်ပန်းရပါတယ်။ အိပ်ရေးပျက်တာ၊ စိတ်ပင်ပန်းတာ၊ ဗိုက်နာတာ စတာတွေ အပြင် တခြား စိတ်ရောကိုယ်ပါ ပင်ပန်းရတာတွေရှိသေးတာကြောင့် ကလေးမီးဖွားပြီးစ မေမေတွေကို မိသားစုက သေချာ ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးငယ်လေးက အရေးကြီးတယ် ဆိုပေမယ့် မေမေကိုလည်း ချန်ထားလို့ မရပါဘူး။

(၁) မီးဖွားပြီး သွေးဆင်းခြင်း

အဖြူ/အနီ ဆင်းနိုင်ပါသေးတယ်။ ပုံမှန်ထက် သွေးဆင်းများရင် အိုဂျီကို အကြောင်းကြားပါ။
မွေးလမ်းကြောင်းတစ်ဝိုက် နာကျင်တာ/အောင့်တာ ရှိနိုင်ပါတယ်။ ခွဲကြောင်းပတ်လည် နာကျင်တာလည်း ဖြစ်နိုင်ပါသေးတယ်။ အလေးအပင် မမ ပါနဲ့။
ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်ကိုက်တာ ဖြစ်နိုင်ပါသေးတယ်။ သားအိမ်ကျုံံ့နေဆဲ ကာလ ဖြစ်ပါတယ်။
ဆီးများများ သွားတာ ကောင်းပါတယ်။ ဆီးမအောင့်ထားပါနဲ့။
ဝမ်းမချုပ်စေပါနဲ့။

(၂) နို့မထွက်ခြင်း/နို့ထွက်များပြီး ရင်သားတင်းခြင်း/ကိုက်ခဲခြင်း/ဖျားခြင်း

နို့ထွက်နည်းတာ/များတာ ဖြစ်တတ်ပါတယ်။ ကလေးဆာတိုင်း နို့တိုက်ပေးပါ။
နို့တင်းတာ နာတာ ဖြစ်ပါက တတ်ကျွမ်းသူကို ပြောပြပါ။
နို့ထွက်များဖို့ ဆိုရင် နို့မတိုက်ခင် ရေနွေးအိတ်ကပ်ပါ။
နို့တိုက်ပြီး နာတာ သက်သာအောင် ရေခဲကပ်ပါ။ ဂေါ်ဖီထုပ်အရွက်ကို ရေခဲသေတ္တာထဲ အေးအောင်ထားပြီး ကပ်ပေးတာလည်း သက်သာပါတယ်။

အမေနို့ကတော့ ကလေးနို့စို့လေ ထွက်လေ ဖြစ်ပါတယ်။ မေမေတွေ နို့တိုက် ဘော်လီ ဝတ်ပါ။ နို့ရည်ခံ pad ခံပြီး ဝတ်ပေးပါ။

(၃) ခွဲကြောင်းကို ဂရုစိုက်ခြင်း

ရိုးရိုးမွေးထားပါက ချုပ်ထားတဲ့ နေရာ သက်သာအောင် ဖိထိုင်ပါ။ သန့်ရှင်းရေးလုပ်/ဆေးသေချာ ထည့်ပါ။
ခွဲမွေးထားပါက ခွဲကြောင်းတစ်လျှောက် သန့်သန့်ရှင်းရှင်းထားပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေး အလွန်အရေးကြီးပါတယ်။

မနက်တိုင်း ရေမိုးချိုးပြီး ညဝတ်အဝတ်အစားကို လဲပါ။ စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၄) အနားယူခြင်း
ပင်ပန်းတာ နှုံးတာ ရှိနေသေးတာကြောင့် နားဖို့ လိုပါတယ်။ ကလေးအိပ်တဲ့ အချိန် လိုက်အိပ်ပါ။ တကယ်တမ်းက ကလေးအိပ်မှ လုပ်စရာရှိတာတွေ ထလုပ်ရတာပါ။ ဒါပေမယ့် ရသလို အနားယူပါ။
အာဟာရရှိတာ စားပါ။ အရည်များများ သောက်ပါ။

(၅) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

Baby Blues ဆိုတာ ဘာလဲ?
မွေးပြီးစ မေမေတွေ ကြုံတွေ့ရတတ်တဲ့ အခြေအနေတစ်ခုပါ။ လူတိုင်းတော့ မဖြစ်ပါဘူး။ မွေးပြီး ၃-၄ ရက်မှာ စဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ -
စိတ်ပျက်ခြင်း/အလိုမကျခြင်း
အကြောင်းရင်းမရှိ ငိုခြင်း
စိတ်တိုလွယ်ခြင်း
စိတ်မရှည်ခြင်း
အလွန်အမင်းစိုးရိမ်ပူပန်ခြင်း
အိပ်မရ ထိုင်မရ ထမရ ဖြစ်ခြင်း တို့ ဖြစ်ပါတယ်။

ဒီ လက္ခဏာလေးတွေက သိပ်မကြာခင် ပျောက်သွားလေ့ရှိပါတယ်။ အဓိကကတော့ မေမေ ကို သေချာ ပြုစုစောင့်ရှောက်ပေးပါ။ အစားအစာ သေချာကျွေးပါ။ နားလို့ ရအောင် ကူညီပေးပါ။ အားပေးပါ။ မိသားစုရဲ့ ချစ်ခင်မှု အပြည့်အဝ ပေးဖို့ လိုပါတယ်။

လိုအပ်ပါက ဆရာဝန်ကို တိုင်ပင်ပါ။

မေမေတွေ ခံစားနေရတာတွေကို လျစ်လျူမရှုသင့်ပါဘူး။

မွေးကင်းစ ကလေး ပြုစုနည်း
မွေးပြီးပြီးချင်း နာရီဝက်မှ ၁ နာရီ အတွင်း မိခင်နို့ကို တိုက်ပါ။
ကလေး၏ ခန္တာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပါ။ ကလေးကို နွေးနွေးထွေးထွေး ထားပါ။ ကလေး၏ ခေါင်းကို ကာထားပါ။
မိခင်နို့ကို ဆာတိုင်းတိုက်ပါ။ သို့မဟုတ် ၂ နာရီခြား တိုက်ပါ။ (၈-၁၂ ကြိမ် တိုက်ပါ)
နို့တစ်ခါ တိုက်ရင် ၂၀-၄၅ မိနစ်ထိ ကြာတတ်ပါတယ်။
ကလေး ဆီး/ဝမ်းသွားလျှင် ချက်ချင်း လဲပေးပါ။
အနှီးလဲရင် ချက်ကို သတိထားပါ။ ချက်ကြွေမှ ရေချိုးပေးပါ။ ချက်ထဲ ဘာမှ မထည့်ရ။

‼️‼️‼️
အန္တရာယ်ရှိသည့် လက္ခဏာများ - ချက်ချင်း ဆေးရုံ/ဆေးခန်း သွားရန်
နို့ လုံးဝ မစို့ခြင်း/နို့စို့ သိသိသာသာ နည်းသွားခြင်း
ကိုယ်ပူလွန်းခြင်း/အေးစက်ခြင်း
တက်ခြင်း
အသားဝါခြင်း (မျက်လုံး/လက်ဖဝါး/ခြေဖဝါးများ ဝါခြင်း)
ကလေးလှုပ်ရှားမှု မရှိခြင်း/မှိန်းလွန်းခြင်း
အသက်ရှုမြန်ခြင်း/အသက်ရှုတိုင်း ရင်ဘတ်ချိုင့်ဝင်ခြင်း
နို့တိုက်ရအခက်အခဲရှိခြင်း (ဆိုးဆိုးဝါးဝါး နို့အန်ခြင်း/နို့စို့ပြီးတာနဲ့ အန်ခြင်း ဝမ်းလျှောခြင်း)

မေမေတွေရော ကလေးတွေပါ ကျန်းမာကြပါစေရှင်။

မေတ္တာဖြင့်
Dr ကြယ်စင်

⛄️ ဆောင်းတွင်းမှာ ကလေးတွေ ခဏခဏ မဖျားအောင် ဘာတွေ ကျွေးဖို့လိုသလဲ? ❄️‼️‼️မိုးအကုန် ဆောင်းအကူးမှာ ကလေးတွေ အအေးမိနှာစေးတာ၊ ခ...
25/10/2025

⛄️ ဆောင်းတွင်းမှာ ကလေးတွေ ခဏခဏ မဖျားအောင် ဘာတွေ ကျွေးဖို့လိုသလဲ? ❄️

‼️‼️မိုးအကုန် ဆောင်းအကူးမှာ ကလေးတွေ အအေးမိနှာစေးတာ၊ ချောင်းဆိုးရင်ကျပ်တာ၊ ရာသီပေါ် တုပ်ကွေးမိတာလေးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေ ပိုဂရုစိုက်ဖို့ လိုပါတယ်။ လေပြွန်ရောင်တာ၊ အဆုဆ်အအေးမိတာတွေအထိ မဖြစ်အောင် အစားကို သေချာကျွေး၊ တုပ်ကွေး ကာကွယ်ဆေးထိုး၊ လက်ကို သေချာဆေးဖို့ လိုအပ်ပါတယ်။

🚨🚨အသီးအရွက်မကြိုက်တဲ့ ကလေးတွေ၊ အသားစားတာနည်းလွန်းတဲ့ ကလေးတွေနဲ့ ပိန်လွန်း/ဝလွန်းတဲ့ ကလေးတွေက ကိုယ်ခံအားနည်းတတ်တာကြောင့် ပိုဂရုစိုက်ပေးပါ။

✅✅✅ ကိုယ်ခံအားတက်စေမယ့် အစားအစာတွေကို ရွေးချယ် ကျွေးပါ။

(၁) အစိမ်းရောင် အရွက်ကြော် ၁ ရက် ၂ ကြိမ် ကျွေးပါ။ ထမင်းစားတိုင်း အစိမ်းရောင် အရွက် ၁ မျိုး ပါဝင်အောင် စားစေပါ။

(၂) အဝါရောင် - မုန်လာဥနီ၊ ရွှေဖယုန်သီး၊ အာလူး၊ သရက်သီး၊ သင်္ဘောသီး ကို တစ်ပတ် ၃ ကြိမ် ကျွေးပါ။

(၃) စွပ်ပြုတ် တိုက်ပါ။ ကြက်စွပ်ပြုတ်၊ အမဲရိုး၊ ဆိတ်ရိုး စွပ်ပြုတ် ကို ထမင်းနဲ့ ရောကျွေးနိုင်ပါတယ်။

(၄) ငါး တစ်ပတ်ကို ၂-၃ ကြိမ် ကျွေးပါ။ အသား ကိုလည်း ကျွေးပါ။ အသားမစားတဲ့ နေ့ဆိုရင် ပဲ/ကြက်ဥ တို့နဲ့ အစားထိုးနိုင်ပါတယ်။

(၅) ဟင်းချက်ရင် ကြက်သွန်ဖြု၊ချင်း၊ ကြက်သွန်နီ ထည့်ချက်တာက ကိုယ်ခံအားကို တက်စေပါတယ်။

(၆) ဗီတာမင်စီ ရအောင် လိမ်မော်ရည်/သံပုရာရည် တစ်ရက် ၁ ခွက် တိုက်ပါ။

(၇) အစေ့အဆန် လက်တစ်ဆုပ် ကို တစ်ပတ် ၃-၄ ကြိမ် ကျွေးပါ။

(၈) နေ့ခင်း ထမင်းကျွေးပြီးရင် အသီး တစ်မျိုး ကျွေးပါ။

(၉) ကြက်ဥ ၁ ရက် ၁ လုံး ကျွေးပါ။

(၁၀) ဒိန်ချဉ် တစ်ပတ် ၃-၄ ကြိမ် တိုက်ပေးပါ။

(၁၁) နို့ မနက် ၁ ခွက်၊ ည ၁ ခွက် တိုက်ပါ။

(၁၂) အမျှင်ဓာတ်ဟာလည်း ကိုယ်ခံအားကို တက်စေတာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲအမျိုးမျိုး၊ လုံးတီးဆန်၊ ဆန်လုံးညို၊ အစိမ်းရောင်အရွက်များ၊ အစေ့အဆန်များ၊ အခွံပါအာလူး၊ ပန်းသီး၊ ဘယ်ရီသီးများ၊ ပြောင်းဖူး စတာတွေကို နေ့စဉ် အနည်းဆုံး ၁-၂ မျိုး ပါဝင်အောင် ကျွေးပေးပါ။

ဒီလို အစာအုပ်စုတွေကို စုံလင်အောင် ကျွေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခံအားကို တက်စေပြီး ရောဂါပိုးမွှားတွေကို အကောင်းဆုံး တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဆောင်းရာသီကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်ကြဖို့ အစားစုံအောင် စားကြပါစို့။

မေတ္တာဖြင့်
Dr ကြယ်စင်
💙

25/10/2025

ဆောင်းတွင်းကာလမှာ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ အနေနဲ့ ဂရုစိုက်ရမယ့်အပိုင်းတွေကို အာဟာရဆိုင်ရာ အထူးပြုဆရာဝန် ဒေါက်တာ ကြယ်စင်ယုမွန်မှ ဆွေးနွေးပြောပြပေးသွားမှာပါ...

👨‍⚕️ Health Fix
🗒️ Mon to Fri
🕡 6:00 PM
🕡 8:45 PM(ပြန်လည်ပြသခြင်း)
📺 Watch On MRTV-4
👨‍⚕️ Pyone Play တွင် တိုက်ရိုက် Live ကြည့်ရှုနိုင်ပါသည်..



25/10/2025

အစားအစာရွေးတတ်တဲ့ကလေးငယ်တွေအတွက် ပြုလုပ်ရမယ့်အချက်တွေ ဂရုစိုက်ရမယ့်အချက်တွေကို အာဟာရဆိုင်ရာ အထူးပြုဆရာဝန် ဒေါက်တာ ကြယ်စင်ယုမွန် မှ ဆွေးနွေးပြောပြပေးခဲ့ပါတယ်...

👨‍⚕️ Health Fix
🗒️ Mon to Fri
🕡 6:00 PM
🕡 8:45 PM(ပြန်လည်ပြသခြင်း)
📺 Watch On MRTV-4
👨‍⚕️ Pyone Play တွင် တိုက်ရိုက် Live ကြည့်ရှုနိုင်ပါသည်..



Address

Kabaraye Pagoda Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr Kyal Sin - Mom & Nutritionist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Kyal Sin - Mom & Nutritionist:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram