Dr Kyal Sin - Mom & Nutritionist

Dr Kyal Sin - Mom & Nutritionist Dr Kyal Sin Yu Mon is a medical doctor and nutritionist from Myanmar and an author of 3 books. And a happy mom/wife too!

“ကလေး ဘဝ အဝလွန်ခြင်း၏ နောက်ဆက်တွဲများ”  🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။ ကလေးအသက် ၂ နှစ်နဲ့ ၁၀...
05/03/2026

“ကလေး ဘဝ အဝလွန်ခြင်း၏ နောက်ဆက်တွဲများ”

🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။ ကလေးအသက် ၂ နှစ်နဲ့ ၁၀ နှစ်ကြားမှာ အဝမလွန်အောင် ထိန်းထားပေးဖို့ အရေးကြီးပါတယ်။

အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းရှိဖို့ အရေးကြီးပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ကျန်းကျန်းမာမာ ကြီးထွားဖို့ က အရေးအကြီးဆုံးပါ။

⏩⏩⏩ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဝိတ် ယှဉ်စရာ မလိုပါဘူး။ ကြီးထွားမှု ဟာ တပ်အပ် မတူနိုင်ပါ။

ငယ်ဘဝမှ အဝလွန်ခဲ့ရင် နောင်တစ်ချိန်မှာ ရောဂါတွေ တိုးနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ကာကွယ်ပြီးသားဖြစ်အောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်အတွင်းဝင် ဖို့ပဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝစေချင်လို့ မတရား ကျွေးတာဟာ ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။

‼️‼️‼️ ငယ်ဘဝ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲများ

ဆီးချိုအမျိုးအစား ၂ (စောစောဖြစ်နိုင်ခြင်း)
သွေးတိုးခြင်း
သွေးတွင်းအဆီဓာတ်များခြင်း
အသည်းရောဂါ
အရိုးနှင့် အဆစ်အမြစ် ပြဿနာများ
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အိပ်လျှင် ဟောက်ခြင်း၊ အိပ်ရင်း အသက်ရှုရပ်တပ်သည်
အပျိုဖော် ဝင်တာ စောခြင်း
စားသောက်မှု မမှန်သည့် ရောဂါ (အလွန်အကျွံရှောင်ခြင်း၊ အလွန်အကျွံစားခြင်း)
အရေပြားရောဂါများ
နှုံနယ်ခြင်း၊ မတက်ကြွခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ တွင်လည်း-
အနိုင်ကျင့် ခံရခြင်း
စခံရခြင်း၊ လှောင်ပြောင်ခံရခြင်း
မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်း
လူမှုဆက်ဆံရေး ချို့တဲ့လာခြင်း
စိတ်ဖိစီးမှုများခြင်း
အမူအကျင့်များ ပုံမမှန်ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

‼️ ငယ်ငယ်က အဝလွန်သည့် ကလေးများ ကြီးလာလျှင် -

သွေးတိုးရောဂါ
နှလုံးရောဂါ
လေဖြတ်ခြင်း
အသည်းရောဂါ
ဆီးချိုအမျိုးအစား ၂
အတိတ်မေ့ရောဂါ
ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

✅ ဒါကြောင့် ကလေးတွေကို ပုံမှန် ဝိတ်ချိန်ပေးပါ။ အာဟာရမျှတအောင် ကျွေးပါ။ ဆော့ကစားစေပါ။

❌ အချိုရည်၊ သွားရေစာ လျှော့ပါ။ အချိုလျှော့ပါ။
ဆား အငန်များတာ လျှော့ပါ။

အပြင်စာကျွေးတာ ကိုလည်း ချင့်ချိန်ပြီး ကျွေးမွေးကြဖို့ အကြံပြုချင်ပါတယ်။

ကျန်းမာကြပါစေရှင်

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်

အချိန်လေး ခဏယူပြီး survey လေးကို ဖြည့်ပြီး Diet Plan လေး ရယူနိုင်ပါတယ်ရှင်
04/03/2026

အချိန်လေး ခဏယူပြီး survey လေးကို ဖြည့်ပြီး Diet Plan လေး ရယူနိုင်ပါတယ်ရှင်

Your voice matters. At Dermaluxe, we believe weight management is not just about appearance — it is about health, confidence, and long-term wellbeing. This 3 mintues survey helps us design programs that truly support you.

 #နည်းမှန်လမ်းမှန်ကိုယ်အလေးချိန်လျှော့ချခြင်း   ကိုယ်အလေးချိန်များနေသူတွေ အနေဖြင့် ခန္တာကိုယ်အလေးချိန်ရဲ့ ၅-၁၀% ကို လျှေ...
03/03/2026

#နည်းမှန်လမ်းမှန်ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်များနေသူတွေ အနေဖြင့် ခန္တာကိုယ်အလေးချိန်ရဲ့ ၅-၁၀% ကို လျှော့ချခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။ အသက်ငယ်တဲ့ သူတွေပဲ လှဖို့ ဝိတ်ချရမှာ မဟုတ်ပါဘူး။ ကိုယ်အလေးချိန်များတဲ့ လူကြီးတွေလည်း ကျန်းမာဖို့ ဝိတ်ချရမှာပါ။

ကိုယ်အလေးချိန် ၁၀% လျှော့ချခြင်း၏ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများ
သွေးဖိအား၊ ကိုလက်စထရော ကို လျှော့ချပေးပြီး၊ အင်ဆူလင် အသုံးပြုမှုကို တိုးတက်ခြင်းအားဖြင့် နှလုံးနှင့် ခန္တာကိုယ် ဇီဝဖြစ်စဉ်များ ကို ကောင်းမွန်စေသည် (အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ရန် သို့မဟုတ် ထိန်းချုပ်ရန် အထောက်အကူဖြစ်စေသည်)။ ထို့အပြင် နှလုံးရောဂါနှင့် ကင်ဆာအချို့ ဖြစ်စေနိုင်သော အချက်များကို လျှော့ချပေးပြီး၊ အိပ်ပျော်နေစဉ် အသက်ရှူပိတ်မှု လက္ခဏာများ (OSA) ကို သက်သာစေသည်။ အရိုးအဆစ်နာကျင်မှုနှင့် ခါးနာကျင်မှုကို လျှော့ချပေးသည်။ ဝမ်းဗိုက်အတွင်းရှိ အဆီ (visceral fat) လျှော့ချခြင်းဖြင့် ရောင်ရမ်းမှုကို လျော့နည်းစေပြီး၊ ကလေး ရရန် ခက်ခဲသူများ (Infertility) အတွက်လည်း အထောက်အကူပြုပါသည်။ အသည်း လုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်လာစေ ပြီး အသည်းအဆီဖုံးခြင်းကို သက်သာစေနိုင်သည်။

ကိုယ်အလေးချိန် ၁၀% လျှော့ချခြင်း၏ အလှအပနှင့် နေထိုင်မှုပုံစံဆိုင်ရာ အကျိုးကျေးဇူးများ
ကိုယ်အလေးချိန်၏ ၁၀% ခန့် လျှော့ချနိုင်ပါက မျက်နှာသဏ္ဍာန် သိသာသော ပြောင်းလဲမှု ဖြစ်စေပါသည်။ မျက်နှာရှိ အဆီပိုများကို လျှော့ချပေးသည်။ အဝတ်အစား ဆိုဒ်များ လျော့ကျလာစေသည်။ ထို့အပြင် အင်အားနှင့် လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။ ချွေးထွက်များခြင်း သို့မဟုတ် လှုပ်ရှားရာတွင် မသက်သာမှုများကို လျှော့ချပေးနိုင်သည်။ မိမိကိုယ်ကို ယုံကြည်မှု တိုးလာခြင်းနှင့် စိတ်ခံစားချက် ပိုမိုကောင်းမွန်လာခြင်းကိုလည်း တွေ့ရတတ်သည်။

ကိုယ်အလေးချိန်များကြောင်း ဘယ်လိုသိနိုင်မလဲ?
(၁) BMI တွက်ကြည့်ရပါမယ်။
BMI = ကိုယ်အလေးချိန် (kg)/အရပ် (m2)
အင်တာနက်မှာ BMI calculator ဆိုပြီး ရှာတွက်ကြည့်လို့ရပါတယ်။

အာရှသားများအတွက် သတ်မှတ်ချက် (WHO သတ်မှတ်ချက်ထက်ကို ပိုနည်းပါတယ်)

၁၈.၅-၂၂.၉ - ပုံမှန်ကိုယ်အလေးချိန် ရှိသောသူ
(၂၃ အထက်ဆိုရင်ကို ရှိသင့်တဲ့ ကိုယ်အလေးချိန် ထက် များနေပြီလို့ ဆိုနိုင်ပါတယ်)

BMI တစ်ခုတည်းနဲ့တော့ အတိအကျ မမှန်နိုင်ပါဘူး။

(၂) Body fat % ကို တိုင်းတာ တာက ပိုတိကျပါတယ်။

(၃) ခါးပတ်လည် (ချက်နေရာ) ကိုလည်း တိုင်းပါ။ အမျိုးသားဆိုရင် ၃၆ လက်မ အောက်၊ အမျိုးသမီးဆိုရင် ၃၂ လက်မအောက် ရှိသင့်ပါတယ်။ အဲထက်များနေရင် ဝိတ်ချဖို့ လိုနေပါပြီ။

ကိုယ်အလေးချိန် လျှော့ချနည်းများ
(၁) အစားအသောက်ထိန်းညှိခြင်း
(၂) လေ့ကျင့်ခန်းပြုလုပ်ခြင်း
(၃) ဆေးဝါးဖြင့် ကုသခြင်း
(၄) ခွဲစိတ်ကုသခြင်း

(၁) အစားအသောက်ထိန်းညှိခြင်း

မိမိ ကိုယ်တိုင် စတင်လုပ်ဆောင်နိုင်တဲ့ အလွယ်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ခက်ခဲတဲ့ diet plan များက ရေရှည် လိုက်နာဖို့ မလွယ်ကူတာကြောင့် Low Carbs (ကစီဓာတ်လျှော့)၊ Low fats (အဆီလျှော့) စားတဲ့ ပုံစံက ရေရှည်လိုက်လုပ်ရ ပိုလွယ်ကူစေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။

လွယ်ကူအောင် ဘယ်လိုလုပ်မလဲ?

အစားကို အချိန်မှန်မှန် စားဖို့ အရင်ဆုံး စည်းကမ်းသတ်မှတ်ပါ။ (ဥပမာ - မနက်စာ ၇-၈ နာရီကြား၊ နေ့လယ်စာ ၁၂-၁ နာရီကြား၊ ညနေစာ ၅-၆ နာရီကြား)
မနက်စာ- အသားဓာတ်ပါအောင် စားဖို့ လိုပါတယ်။ အလွယ်ကူဆုံးကတော့ ကြက်ဥပြုတ်/ကြက်ဥကြော်/ပဲပြုတ်/နို့ /ဒိန်ချဉ် ပါ။ ထမင်း/ခေါက်ဆွဲ/မုန့်ဟင်းခါးဖတ်/ပေါင်မုန့် ကို ပမာဏ စလျှော့ကြည့်ပြီး အသားဓာတ် ၁ မျိုး ပါအောင် စကြိုးစားကြည့်ပါ။
ဥပမာ -
ထမင်းဖြူ ပန်းကန် ၁ ဝက် + ကြက်ဥပြုတ် ၁ လုံး
ပေါင်မုန့်ကြမ်း ၁ ချပ် + ကြက်ဥပြုတ် ၁ လုံး
အုတ် ၃ ဇွန်း + နို့/ဒိန်ချဉ်
ထမင်းဖြူ ပန်းကန် ၁ ဝက် + ပဲပြုတ် ၄-၅ ဇွန်း

နေ့လယ်စာနဲ့ ညနေစာ

လွယ်ကူတဲ့ နည်းလမ်းကတော့ ထမင်း ပန်းကန်ပြားကို သုံးပြီး စားတဲ့ နည်းပါ။ အချင်း ၉ လက်မ ရှိတဲ့ ထမင်းပန်းကန်ပြား (ကျမတို့ စားနေကြ ထမင်းပန်းကန်ပါပဲ) ရဲ့ တစ်ဝက်တိတိကို အရွက်ထည့်၊ ၁/၄ ပုံကို အသားဓာတ် ၁ မျိုးထည့်၊ ၁/၄ ပုံကို ထမင်းထည့် ပုံပါ။ ဒီပမာဏ ကိုပဲ ထိန်းပြီး စားနိုင်ရင် ဝိတ်ကျတာ မြန်စေပါတယ်။
အသားဓာတ် ပိုလိုအပ်တဲ့ သူတွေ အနေနဲ့က ကြက်ဥ ထပ်စားတာဖြစ်ဖြစ်၊ protein powder ထပ်ဖြည့်သောက်တာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်း ပိုလုပ်တဲ့ သူကတော့ အာဟာရ ပိုလိုအပ်ပါတယ်။

(၂) လေ့ကျင့်ခန်း ပြုလုပ်ခြင်း

တစ်ရက်ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်း ပြုလုပ်ဖို့က အနည်းဆုံး လိုအပ်တဲ့ အခြေခံ ဖြစ်ပါတယ်။ ကြွက်သားလေ့ကျင့်ခန်းတွေကို တစ်ပတ် ၂-၃ရက် ကစားခြင်းအားဖြင့် ကြွက်သားတွေကို ထိန်းထားစေနိုင်ပြီး ဝိတ်ချရမှာလည်း ရေရှည် အကျိုးရှိစေပါတယ်။ အသေးစိတ်ကိုတော့ လေ့ကျင့်ခန်း ပညာရှင် များနဲ့ တိုင်ပင်ဖို့ အကြံပြုပါရစေရှင်။

လေ့ကျင့်ခန်း လုံးဝ မလုပ်ဘဲ ဝိတ်ချတာကိုတော့ ကျမတော့ အားမပေးပါဘူး။ အနည်းဆုံး နေ့စဉ် နာရီဝက် လမ်းလျှောက်တာလောက်တော့ လူတိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။

(၃) ဆေးဝါးဖြင့် ကုသခြင်း

ကုသခြင်း လို့ ပြောရတာကလည်း ဝိတ်ကျစေတဲ့ ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ လိုက်နာစေလိုတဲ့ ဆန္ဒကြောင့်ပါ။ ကိုယ့်သဘောနဲ့ကိုယ် weight loss pen တွေ ထိုးတာ တကယ်ကို အန္တရာယ်များပါတယ်။

တချို့ ထင်နေကြတာလေး တစ်ခုကို ရှင်းပြချင်ပါတယ်။ ကိုယ်တိုင်ထိုးလို့ရတယ် ဆိုတာက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအကြောင်းကို သေချာနားလည်/side effects တွေကို သိရှိ/ဆေး dose ကို ဆရာဝန်က တွက်ချက်ပေးပြီး မှ၊ ဆေးထိုးနည်းကို သေချာ သင်ယူပြီးမှ ဆေးကို အိမ်မှာ ထိုးလို့ရတယ်ဆိုတာ ကို ပြောတာပါ။ ဆေးကို စိတ်ကြိုက်ဝယ်ပြီး မိမိသဘောနဲ့ မိမိ ထိုးခြင်းကို ဆိုလိုတာ မဟုတ်ပါ။ weight loss medications တွေက Prescribed drugs တွေ ဖြစ်ပါတယ်။ OTC မဟုတ်ပါဘူး။

Weight loss ဆေးတွေကတော့ သောက်ဆေးတွေရှိသလို၊ ထိုးဆေး တွေလည်း ရှိပါတယ်။ ဆေး တစ်မျိုးနဲ့ တစ်မျိုး အမျိုးအစားလည်း မတူသလို၊ dose တွေလည်း မတူပါဘူး၊ titration လုပ်ပြီး တိုးပြီး ထိုးရတဲ့ ဆေးတွေဆိုရင်လည်း ဘယ်အချိန်မှာ ဆေးကို တိုးရမလဲ? ဘယ်အချိန်မှာ ဆေးကို ခဏရပ်ထားမလဲ? ဘယ်အချိန်မှာတော့ လုံးဝ ဆက်မထိုးသင့်တော့တာလဲ ဆိုတာကို ကျွမ်းကျင်တဲ့ ဆရာဝန်ကသာ အကြံပေးကုသနိုင်မှာပါ။

Evidence- based medicine မှာ ဆေးကုတယ်ဆိုတာ Guidelines တွေကို အမှီပြုပြီး ကုကြရပါတယ်။ ဆိုလိုတာကတော့ ဝိတ်သေချာ ချမယ်ဆိုရင် ကုသမှုလည်း လိုအပ်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်စေချင်ပါတယ်။ ဘေးကင်းစေချင်လို့ပါ။

(၄) ခွဲစိတ်ကုသခြင်း

Endoscopic procedures - မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း နည်းလမ်းများ
Bariatric surgery - အစာအိမ်ကိုဖြတ်တောက်ခြင်း/လမ်းကြောင်းလွှဲခြင်း နည်းလမ်းများ
Obesity class မြင့်သည့် အဝလွန်သူများတွင် အသုံးပြုလေ့ရှိသည့်နည်းများ ဖြစ်ပါတယ်။ လူအများတွင်တော့ လုပ်လေ့မရှိပါ။ အမှန်တကယ် ခွဲစိတ်ကုသဖို့ လိုအပ်သူများအတွက် ကုသမှုများ ဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဖို့ လိုပါတယ်။

ဝိတ်ကျနှုန်း

(၁) အစားအသောက်ထိန်းညှိခြင်း - ကိုယ်အလေးချိန်၏ ၅-၁၀%
(၂) လေ့ကျင့်ခန်း - ကိုယ်အလေးချိန်၏ ၅-၁၀%
(၃) ဆေးဝါးဖြင့် ကုသခြင်း- ကိုယ်အလေးချိန်၏ ၃-၂၂.၅ %
(၄) ခွဲစိတ်ကုသခြင်း - ကိုယ်အလေးချိန်၏ ၂၀-၃၀%

အစားအသောက်နဲ့ လေ့ကျင့်ခန်းကတော့ ရေရှည်မှာလည်း အမြဲတွဲပြီး ပြုလုပ်သွားရမှာပါ။ ကျမတို့ရဲ့ နေ့စဉ်ဘဝမှာ နေ့စဉ်ဘဝမှာ ချန်ထားခဲ့လို့ မရတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေဖြစ်ပါတယ်။

ဒါကြောင့် ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီးရင် ရေရှည်လုပ်ရမယ်လို့ပဲ စိတ်ထဲ ထည့်စေချင်ပါတယ်။ ရေတို ဝိတ်ချတာ မျိုးကို အားမပေးပါဘူး။ ဆေးဝါးတွေရဲ့ အကူအညီ လိုအပ်လာရင်လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ်။ ဘေးကင်းဖို့က အဓိက ပါ။

“ကျမရေးတဲ့ စာတွေဟာ ခိုင်မာတဲ့ သုတေသနစာတမ်းတွေနဲ့ ကျမရဲ့ ဆရာသမားတွေဖြစ်တဲ့ ဝါရင့် ပါမောက္ခဆရာဝန်ကြီးများရဲ့ ဟောကြားမှု သင်ကြားမှု တွေကို မှီငြမ်းပြီး ရေးသားထားတာဖြစ်ပါတယ်။”

၂၀၂၆ မှ စပြီး စာဖတ်သူ မိတ်ဆွေ အားလုံး ပိုပြီး ကျန်းမာကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်
အာဟာရအထူးပြုဆရာဝန်

03/03/2026

✨ 𝐄𝐥𝐞𝐯𝐚𝐭𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐟𝐫𝐨𝐦 𝐖𝐢𝐭𝐡𝐢𝐧: 𝐌𝐞𝐞𝐭 𝐎𝐮𝐫 𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 𝐃𝐫. 𝐊𝐲𝐚𝐥 𝐒𝐢𝐧 𝐘𝐮 𝐌𝐨𝐧 ✨
Dermaluxe ကို စတင်တည်ထောင်ကတည်းက ယုံကြည်ထားတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ "စစ်မှန်တဲ့အလှအပဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းနဲ့ ကျန်းမာပျော်ရွှင်ခြင်းကနေ စတင်တယ်" ဆိုတာပါပဲ။

ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့ ဒီရည်မှန်းချက်ကို ပိုမိုပြည့်စုံစေဖို့အတွက်တကယ်ကို ထူးချွန်ထက်မြက်တဲ့ Clinical Nutritionist Dr Kyal Sin Yu Mon ကို Dermaluxe မှ မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ✨

🎓 Dr. Kyal Sin Yu Mon

- MBBS
- MSc Nutrition & Dietetics ( Bedfordshire UK)
- PG course in Advanced Dietetics ( Harvard )

Dr Kyal Sin Yu Monသည် သွေးကင်ဆာဝေဒနာရှင်များ၏ အာဟာရပြည့်ဝမှုအခြေအနေ (Nutritional status in hematological malignancies)၊ SLE ရောဂါရှင်များဆိုင်ရာ လေ့လာမှုများနှင့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ကာကွယ်ရာတွင် အာဟာရဖြည့်စွက်စာများ (Nutraceuticals) ၏ အခန်းကဏ္ဍ အစရှိသည့် ဆေးပညာရပ်ဆိုင်ရာ research and publication တွေမှာ တက်ကြွစွာ ပါဝင်သူ တစ်ယောက်ဖြစ်ပါသည် ။

Dr Kyal Sin Yu Mon ၏ သုတေသနလုပ်ငန်းများကို ESPEN၊ PENSA နှင့် အခြားသော international conference တွင် တင်သွင်းပြသခဲ့ပြီး ဖြစ်သည် ။

🩺 ဘာတွေ ဆွေးနွေးတိုင်ပင်လို့ ရမလဲ?

ဆရာမက "One-size-fits-all" လို့ခေါ်တဲ့ အားလုံးနဲ့တူညီတဲ့ နည်းလမ်းမျိုးထက် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အရင်းခံအကြောင်းရင်းအလိုက် ကုသမှုကို အလေးပေးတာပါ။

Weight Management: အဝလွန်ခြင်းရဲ့ အရင်းခံအကြောင်းရင်းတွေကို ရှာဖွေပြီး စနစ်တကျ ကိုယ်အလေးချိန် ထိန်းညှိပေးမှာပါ။

Diabetes & Metabolic Health: ဆီးချို၊ ဆီးချို အကြို နဲ့ အင်ဆူလင် ခုခံမှု (Insulin Resistance) ရှိသူတွေအတွက် အာဟာရဗေဒနည်းကျ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

Heart Health: နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါအန္တရာယ် လျှော့ချဖို့အတွက် Therapeutic Nutrition အကြံပြုချက်များ။

Chronic Care: နာတာရှည်ရောဂါရှိသူတွေအတွက် လိုအပ်တဲ့ အာဟာရဆိုင်ရာ ထောက်ပံ့မှုများ။

✨ Dr Kyal Sin's Clinical Philosophy

Dr Kyal Sin က လူနာတွေကို ကိုယ်တိုင်နားလည်သဘောပေါက်စေပြီး long term life style modification ဖြစ်အောင် စိတ်ရှည်လက်ရှည် ကုသပေးတတ်သူပါ။ ဆေးပညာ (Clinical Medicine) နဲ့ အာဟာရဗေဒ (Dietetics) ကို ပေါင်းစပ်ပြီး လူနာဗဟိုပြု (Patient-centered) ကုသမှုကို အကောင်းဆုံး ပေးသွားမှာဖြစ်ပါတယ်။

Beauty & Science
Dermaluxe
➖➖➖➖➖➖
📍 Dermaluxe (𝐘𝐚𝐧𝐠𝐨n)
No. 6, Yadanar Road, in Front of Hotpot Country& Sweety Home, Yangon.
Hotline: 09409183344
Opening hours: 9 AM - 6 PM
Location: https://maps.app.goo.gl/YM2dYatXRyDHSKKW9

📍 Dermaluxe (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲)
No.186, 31st Street, between 82nd and 83rd Streets, Mandalay
Hotline: 09677736243 , 09677736213
Opening hours: 9 AM - 6 PM
Location: https://maps.app.goo.gl/coJBjsKEb6iBLEqS9

📍 Dermaluxe (𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢)
No. (33/7), Kamboza Road (2), Yay Aye Kwin Ward, Taunggyi
Hotline: 09 889 988 504
Open hours: 9 AM - 6 PM(Closed every Thursday)
Location: https://maps.app.goo.gl/xr8mb7onHatmTdPBA?g_st=ic

01/03/2026
14/02/2026

ကင်ဆာနဲ့ အာဟာရ

12/02/2026
10/02/2026

Padamyar FM Live 📻 #ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်အာဟာရ

ဒီနေ့ Live လေး ရှိပါမယ်ရှင်
10/02/2026

ဒီနေ့ Live လေး ရှိပါမယ်ရှင်

ဒီနေ့ PM Live (3:00 to 3:30) pm

မှာ

"ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်အာဟာရ" အကြောင်း ဆွေးနွေးမေးမြန်းဖို့အတွက်

ဒေါက်တာကြယ်စင်ယုမွန် (MOM & Nutritionist) ကိုဖိတ်ခေါ်ထားပါတယ်....

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မိခင်များအနေနဲ့
သိလိုတာများရှိရင် မေးခွန်းလေးတွေချန်ခဲ့လို့ရပါတယ်ရှင့်။

တက်ရောက်ကြသူများနဲ့ စီစဉ်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်လျက်ပါရှင်
04/02/2026

တက်ရောက်ကြသူများနဲ့ စီစဉ်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်လျက်ပါရှင်

နွားနို့ပရိုတင်းဓာတ်နှင့် မတည့်ခြင်း (Cow's Milk Protein Allergy - CMPA) မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသည့် ကလေးငယ်များ...
30/01/2026

နွားနို့ပရိုတင်းဓာတ်နှင့် မတည့်ခြင်း (Cow's Milk Protein Allergy - CMPA)

မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသည့် ကလေးငယ်များ၏ ၀.၅% ခန့်တွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း၊ မိခင်မှတစ်ဆင့် မိခင်နို့ထဲသို့ရောက်ရှိလာသော နွားနို့ပရိုတင်းဓာတ်ကို ကလေး၏ ခုခံအားစနစ်က တုံ့ပြန်ရာမှ နွားနို့ပရိုတင်းဓာတ်နှင့် မတည့်ခြင်း (Cow's Milk Protein Allergy - CMPA) ဖြစ်ပွားတတ်ပါသည်။

အမျိုးအစားများနှင့် လက္ခဏာများ

လက္ခဏာများ ပေါ်ပေါက်လာသည့် အချိန်ပေါ်မူတည်၍ အုပ်စုနှစ်စု ခွဲခြားနိုင်သည်-

* ချက်ချင်းဖြစ်ပေါ်သောလက္ခဏာ (IgE-mediated):မိနစ်ပိုင်းမှ ၂ နာရီအတွင်း ဖြစ်ပေါ်တတ်သည်။

* လက္ခဏာများ: အင်ပြင်ထွက်ခြင်း၊ နှုတ်ခမ်း၊ မျက်လုံး သို့မဟုတ် မျက်နှာ ရောင်ရမ်းခြင်း၊ အန်ခြင်း နှင့် အသက်ရှူရခက်ခဲခြင်း (တရွှီရွှီမြည်ခြင်း)။

* နောက်ကျမှဖြစ်ပေါ်သောလက္ခဏာ (Non-IgE-mediated): မိခင်နို့တိုက်သော ကလေးများတွင် အဖြစ်အများဆုံးဖြစ်ပြီး ၂ နာရီမှ ၇၂ နာရီအတွင်း ပေါ်လာတတ်သည်။

* လက္ခဏာများ: ဝမ်းထဲတွင် သွေး သို့မဟုတ် အကျိအချွဲပါခြင်း၊ နာတာရှည်နှင်းခူနာဖြစ်ခြင်း၊ အစားအစာ ပြန်ကန်ထွက်ခြင်း (Reflux)၊ ဝမ်းလျှောခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ အဆက်မပြတ်ငိုခြင်း (Colic)။

မိခင်များအတွက် လိုက်နာရန် လမ်းညွှန်ချက်များ

NHS နှင့် Mayo Clinic တို့၏ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များအရ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-

* အစားအသောက်ကို ရှောင်ကြဉ်ခြင်း (Elimination Diet): CMPA ဟု သံသယရှိပါက မိခင်၏ အစားအသောက်ထဲမှ နွားနို့နှင့် နို့ထွက်ပစ္စည်းအားလုံးကို ၂ ပတ်မှ ၆ ပတ်အထိ ဖယ်ထုတ်ကြည့်ရန် အကြံပြုပါသည်။

* ပြန်လည်စမ်းသပ်ခြင်း (Milk Challenge): လက္ခဏာများ ပျောက်ကွယ်သွားပြီးနောက် ရောဂါဟုတ်မဟုတ် အတည်ပြုရန် ဆရာဝန်ကြီးကြပ်မှုအောက်တွင် နို့ထွက်ပစ္စည်းကို ပြန်လည်စားသုံးကြည့်ရပါမည်။

* အာဟာရဖြည့်စွက်ခြင်း: နို့ထွက်ပစ္စည်း ရှောင်ထားရသဖြင့် လိုအပ်သော အာဟာရများအတွက် ဖြည့်စွက်စာများ လိုအပ်နိုင်ပါသည်။ ဆေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော အာဟာရဓာတ်များကို ဖြည့်စွက်နိုင်ပါသည်။

* အခြားနို့များကို ရှောင်ကြဉ်ခြင်း: ဆိတ်နို့၊ သိုးနို့ နှင့် ကျွဲနို့များတွင်ပါသော ပရိုတင်းများသည် နွားနို့နှင့် ဆင်တူသဖြင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါသည်။

ရောဂါရှာဖွေခြင်းနှင့် အလားအလာ

ရောဂါရှာဖွေရာတွင် ကလေး၏ ရာဇဝင်နှင့် အစားအသောက်ရှောင်ပြီးနောက် တိုးတက်မှုကို အဓိကကြည့်ပါသည်။ နောက်ကျမှဖြစ်ပေါ်သော လက္ခဏာများအတွက် သွေးစစ်ခြင်း သို့မဟုတ် အရေပြားစစ်ဆေးခြင်း (Skin prick test) များမှာ အဖြေမထွက်တတ်ပါ။ ကလေးအများစုမှာ အသက် ၃ နှစ်မှ ၅ နှစ်အတွင်း ဤဓာတ်မတည့်မှု ပျောက်ကွယ်သွားလေ့ရှိပါသည်။

သင့်ကလေးတွင် အထက်ပါ လက္ခဏာများ ထဲမှ တစ်ခုခုကို တွေ့ရှိနေရပါသလား?

သင့်ကလေးအတွက် အစားအသောက်ပြောင်းလဲမှု သို့မဟုတ် ဖြည့်စွက်စာများ မပြုလုပ်မီ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် အမြဲတိုင်ပင်ဆွေးနွေးသင့်ပါသည်။

Address

Kabaraye Pagoda Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr Kyal Sin - Mom & Nutritionist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Kyal Sin - Mom & Nutritionist:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram