Aye Mya Myitta Health Care Services & Training Centre

Aye Mya Myitta Health Care Services & Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Mya Myitta Health Care Services & Training Centre, Medical and health, No. 171/B, Mya Lay Street, 14/1 Qt, South Okkalapa Tsp, Yangon. (Near Si-Man-Kein Bus Stop), Yangon.

အေးမြမေတ္တာမှ သူနာပြုအကူ နဲ့ ဆေးဝါးအကူတန်းခွဲသစ်များကိုလည်း  ဖွင့်လှစ်သင်ကြားပေးနေပါတယ်။သင်တန်းကြေးကလည်း သူနာပြုအကူအတွက်...
13/06/2023

အေးမြမေတ္တာမှ သူနာပြုအကူ နဲ့ ဆေးဝါးအကူတန်းခွဲသစ်များကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။သင်တန်းကြေးကလည်း သူနာပြုအကူအတွက် ၂၀၀၀၀၀ နဲ့ ဆေးဝါးအကူအတွက် ၁၅၀၀၀၀ ပဲကျသင့်ပါမယ်နော်။သင်တန်းကြေးသက်သာစွာနဲ့ quality ကောင်းကောင်းလေးတွေပဲပေးချင်တာ ကျွန်တော်တို့ရဲ့ စေတနာပါ။သင်တန်းပြီးခဲ့ရင်လည်း အလုပ်အကိုင်တွေ ဖန်တီးချိတ်ဆက်ပေးဖို့ အသင့်ရှိနေပါ့မယ်နော်။ စိတ်ဝင်စားလို့တက်ဖို့စိတ်ကူးရင်တော့ 09 254207844, 09 975705637 နဲ့ 09 978743437 စတဲ့ ဖုန်းလေးတွေကို မြန်မြန်သာဆက်သွယ်လိုက်တော့နော်။
(အောက်က ပုံလေးတွေကတော့ ဝမ်းချူပေးခြင်း သင်ခန်းစာကို ဆရာမက လက်တွေ့တတ်မြောက်မှုစစ်ဆေးနေတာလေးပါ)

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အေးမြမေတ္တာ ဆေးခန်းနှင့်ဆေးဆိုင်မှာ အောက်ပါဝန...
13/06/2023

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အေးမြမေတ္တာ ဆေးခန်းနှင့်ဆေးဆိုင်မှာ အောက်ပါဝန်ဆောင်မှုများကို ရနိုင်ပါပြီနော်။အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း ပေးပါတယ်။လူကြီးမင်းတို့ လိုအပ်တဲ့ ဆေးဝါးမျိုးစုံကိုလည်း စျေးနှုန်းမှန်ကန်သက်သာစွာ ဝယ်ယူရရှိနိုင်ပါတယ်။ဆက်သွယ်ရမယ့်ဖုန်းလေးတွေကတော့ - 09 254207844, 09 975705637, 09 978743437
တို့ကို ခေါ်ဆိုဆက်သွယ်နိုင်ပါတယ်ဗျ။
လိပ်စာ - အမှတ် ၁၇၁/B ၊ မြလေးလမ်း၊ ၁၄/၁ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။

Home case ဝင်နိုငိသူNA (၁) ဦး အလို ရှိပါသည် တောင်ဒဂံုမှာ နေတဲ့သူဆို ပိုအဆငိပြေပါသည် Day only လစာ- ညှိနိှုင်း
21/05/2023

Home case ဝင်နိုငိသူ

NA (၁) ဦး အလို ရှိပါသည်

တောင်ဒဂံုမှာ နေတဲ့သူဆို ပိုအဆငိပြေပါသည်

Day only

လစာ- ညှိနိှုင်း

ရာသီတုပ်ကွေး ကာကွယ်ဆေး Vaxigrip tetra ( Myanmar FDA) ထိုးနှံနိုင်ပါပြီ  Vaxigrip Tetra  ထိုးနှံ ခြင်း ဖြင့်  - Influenza...
19/05/2023

ရာသီတုပ်ကွေး ကာကွယ်ဆေး
Vaxigrip tetra ( Myanmar FDA)
ထိုးနှံနိုင်ပါပြီ

Vaxigrip Tetra ထိုးနှံ ခြင်း ဖြင့်
- Influenza Type A ( H1N1 , H3N2)
- Influenza Type B ( Austria / Phuket )
စတဲ့ virus strain (4) မျိုး ကို ကာကွယ်ပေးပါတယ်

ရာသီအကူးအပြောင်းကာလ မှာ မကြာခဏ ဖျားနာတကိသူများ အနေဖြင့် ထိုးနှံသင့်ပါတယိ

ကိုယ်ဝန်ဆောင် မိခင်များ နဲ့ သက်ကြီးရွယ်အို များလည်း ထိုးနှံ နိုင်ပါတယ်

ကလေး အသက် (၆) လမှ စ၍ ထိုးနှံ နိုင်ပါတယ်

အသက် (၉) နှစ်အောက် ကလေးများ အနေဖြင့် တကြိမ် မှ မထိုးရသေးပါက ပထမ အကြိမ်ထိုးပြီး
နောက်ထပ် (၄) ပတ်ခြား ၍ ဒုတိယ အကြိမ် ထိုးနှံရမှာ ဖြစ်ပါတယိ

အသက်(၉) နှစ်နဲ့ အထက် (၁) ကြိမ်သာ ထိုးရန် လို အပ်ပါတယ်

အိမ်တိုင်ရာရောက် ထိုးနှံပေးပါတယ်

မိုးရာသီ ရောက်တော့မှာမို့ တုပိကွေးကာကွယ်ဆေးထိုး ပြီး ကျန်းမာစွာ မိုးရာသီကို ဖြတ်သန်း လိုက်ပါ

ဧပြီလအတွင်း အထူး(အထူး) promotion များနဲ့ သင်တန်းလေးတွေ ဖွင့်လှစ်နေပါပြီနော်။သူနာပြုအကူ ပုံမှန်သင်တန်းကြေး- ၂၅၀၀၀၀ ks  &ဆ...
17/04/2023

ဧပြီလအတွင်း အထူး(အထူး) promotion များနဲ့ သင်တန်းလေးတွေ ဖွင့်လှစ်နေပါပြီနော်။
သူနာပြုအကူ ပုံမှန်သင်တန်းကြေး- ၂၅၀၀၀၀ ks &
ဆေးဝါးအကူ ပုံမှန်သင်တန်းကြေး- ၂၀၀၀၀၀ ks
ပါပဲနော်။ အဲဒါကိုမှ ဒီဧပြီလအတွင်းအပ်မယ်ဆိုရင်
30-50% ထိ သင်တန်းကြေးကိုလျှော့ပေးဦးမှာနော်။
သင်တန်းသားများအလုပ်အကိုင်ရရှိရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်လို့ သင်တန်းပြီးရင် အလုပ်တခုမဟုတ်တခု ချိတ်ဆက်ရှာဖွေပေးဖို့က မင်မင်တို့ တာဝန်သာထားလိုက်ပါ။နယ်မှ လာတက်ချင်သူတွေအတွက်ကလည်း အခပေးအဆောင်စီစဥ်ပေးမှာပါနော်။
👉 ကဲ ဒီတော့ သင်တန်းတက်ချင်သူ အားလုံးကို ဒီ promotion ကာလလေးအမှီလာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။သင်တန်းက 4.5.2023 မှာစပါမယ်နော်။သင်တန်းအကြောင်း အသေးစိတ်သိဖို့ အောက်ကပေးထားတဲ့ ဖုန်းနံပါတ်လေးတွေကို မြန်မြန်သာ ဆက်သွယ်လိုက်ပါ။
Ph:09 975705637, 09 254207844, 09 978743437

ဆိုင်ရဲ့ နှစ်ဦးအလှူလေးပါ 😊😊😊နောက်ထပ်လည်း ဒီထက်မက လှူတန်းခွင့်ရရပါစေသား။အေးမြမေတ္တာ ရဲ့ သူနာပြုအကူသင်တန်းနဲ့ ဆေးဝါးကျွမ်...
17/04/2023

ဆိုင်ရဲ့ နှစ်ဦးအလှူလေးပါ 😊😊😊
နောက်ထပ်လည်း ဒီထက်မက လှူတန်းခွင့်ရရပါစေသား။

အေးမြမေတ္တာ ရဲ့ သူနာပြုအကူသင်တန်းနဲ့ ဆေးဝါးကျွမ်းကျင်အကူသင်တန်းများကိုလည်း ယခု ဧပြီလအတွင်း အထူး(အထူး) promotion ပေးထားတဲ့သင်တန်းကြေးတွေနဲ့ တက်ရောက်ခွင့်ရမှာနော်။ မြန်မြန်သာ လာရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။
အေးမြမေတ္တာဆိုတဲ့အတိုင်း မင်မင်တို့ကတော့ အေးမြမှု၊ အေးချမ်းမှုတွေကိုပဲပေးချင်တာမို့ မေတ္တာတွေခံယူဖို့ ဆက်သွယ်လိုက်ကြပါဦးဗျ 😊☺️😘
Ph:09 975705637, 09 254207844, 09 978743437

Hello မင်္ဂလာပါ   ကျွန်တော်တို့ `အေးမြမေတ္တာ´သင်တန်းကျောင်းမှ မြန်မာ့နှစ်ကူး အထူးအစီအစဥ်အဖြစ် သူနာပြုအကူနှင့်ဆေးဝါးကျွမ်...
18/03/2023

Hello မင်္ဂလာပါ
ကျွန်တော်တို့ `အေးမြမေတ္တာ´သင်တန်းကျောင်းမှ မြန်မာ့နှစ်ကူး အထူးအစီအစဥ်အဖြစ် သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းများကို မကြာခင်ဖွင့်လှစ်သင်ကြားပေးသွားတော့မှာဖြစ်လို့ လာရောက်ခဲ့ဖို့ နွေးထွေးစွာဖိတ်ခေါ်ပါရစေ။
➡️ ကျွန်တော်တို့သင်တန်းကို အတွေ့အကြုံရင့်ကျက်၍ အရည်အချင်းပြည့်ဝသော သူနာပြုဘွဲ့ရဆရာ/မများဖြင့်ဖွဲ့စည်းထားရှိပါသည်။
➡️သင်တန်းသားတစ်ဦးချင်းစီ၏ ကျွမ်းကျင်တတ်မြောက်မှုကို အထူးအလေးထားလျှက် သင်ထောက်ကူပစ္စည်းအစုံအလင်ဖြင့်စာတွေ့၊လက်တွေ့ကို မတတ်မချင်း စိတ်ရှည်စွာ စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
➡️ ဒါကြောင့် မိမိဘဝတိုးတက်ရန် စိတ်အားထက်သန်သူများအတွက် ဘဝအာမခံချက်ရှိသောအသက်မွေးဝမ်းကျောင်းပညာရပ်များကို သေချာကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပြသပေးသွား မယ့် ကျွန်တော်တို့ရဲ့သင်တန်းသို့ အမြန်လာရောက် အပ်နှံတက်ရောက်ဖို့ တိုက်တွန်းလိုက်ပါရစေ။

🔈ဖွင့်လှစ်မည့်သင်တန်းများ
(1) Nurse-aid training course(သူနာပြုအကူ သင်တန်း)
သင်တန်းကာလ : ၃လ(စာတွေ့+လက်တွေ့)
သင်တန်းချိန် : တနင်္လာမှသောကြာ(တစ်ပတ် ၅ရက်)
9:30Am-11:30Am
တနင်္ဂနွေ သီးသန့် 8Am- 1Pm
သင်တန်းစမည့်ရက် : 3.4.2023
သင်တန်းကြေး : ပုံမှန်သင်တန်းကြေး 250000,
ယခုနှစ်ကူး promotion ကာလ
220000(နှစ်သိန်းနှစ်သောင်းကျပ်သာ)
[ uniform၁ထည်+သာမိုမီတာ+BP cuff+နားကြပ်
စသည့်ပစ္စည်းများပါဝင်ပြီး]

👨‍💻သင်ကြားမည့် သင်ခန်းစာများ
-အခြေခံသူနာပြုစုမှု
-ခန္ဓာဗေဒနှင့်ဇီဝကမ္မဗေဒ
-အခြေခံဆေးဝါးဗေဒ
-ရောဂါအလိုက် လူနာပြုစုစောင့်ရှောက်မှု
-မိခင်နှင့်ကလေးပြုစုစောင့်ရှောက်မှု
-ပြန်လည်သန်စွမ်းရေးဆိုင်ရာလေ့ကျင့်ခန်းများ
-လူမှုဆက်ဆံရေးပညာရပ်
အထက်ပါဘာသာရပ် သင်ခန်းစာများအပြင် အခြေခံအသက်ကယ်ပြုစုနည်း (Basic Life Support) ကိုလည်းထပ်ဆောင်း၍ လက်တွေ့ကျွမ်းကျင်အောင် သင်ကြားပြသပေးပါမည်။

(2)Pharmacist-aid training course(ဆေးဝါးကျွမ်းကျင်အကူသင်တန်း)
သင်တန်းကာလ : ၂လ(စာတွေ့+လက်တွေ့)
သင်တန်းချိန် : တနင်္လာမှသောကြာ(တစ်ပတ် ၅ရက်)
12 Pm-1:30Pm
တနင်္ဂနွေ သီးသန့် 1:30Pm-4Pm
သင်တန်း​စမည့်ရက် : 3.4.2023
သင်တန်းကြေး : ပုံမှန်သင်တန်းကြေး 200000,
ယခုနှစ်ကူး promotion ကာလ
180000(တစ်သိန်းရှစ်သောင်းကျပ်)
[uniform၁ထည်+BP cuff+နားကြပ်ပါဝင်ပြီး]

👨‍💻သင်ကြားမည့် သင်ခန်းစာများ
-ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ
-ဆေးဝါးဗေဒ(ဆေးဝါးတခုချင်းစီ၏ အာနိသင်၊ပြုလုပ်
ပုံ၊သုံးစွဲပုံ၊ပေးရသည့်ပမာဏ၊အကျိုး အပြစ်များ)
-ရောဂါဖြစ်စဥ်အခြေခံသဘောတရားနှင့် ရောဂါ
အလိုက် သုံးစွဲရသည့်ဆေးများ
-အသုံးများသော ဆေးဝါးများ၊Trade name များ
အထက်ပါဘာသာရပ် သင်ခန်းစာများအပြင် အခြေခံအသက်ကယ်ပြုစုနည်း(Basic Life Support)ကိုလည်း ထပ်ဆောင်း၍ လက်တွေ့ကျွမ်းကျင်အောင် သင်ကြားပြသပေးပါမည်။

(3)Online Nurse-aid training course

သင်တန်းကြေး : 100000 (တစ်သိန်းကျပ်)
၂၀၂၃ မေလမှစတင်၍ဖွင့်လှစ်ပါမည်။သင်တန်းအပ်နှံ၍ သင်တန်းကြေးပေးသွင်းပြီးသည်နှင့်တပြိုင်နက် စတင်တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းမှသတ်မှတ်ထားသောရက်များတွင် တစ်လ ၂ကြိမ်(သို့)၃ကြိမ် သင်တန်းသို့လာရောက်၍ လက်တွေ့သင်ကြားရပါမည်။

(4)Online Pharmacist-aid training course

သင်တန်းကြေး : 70000 (ခုနစ်သောင်းကျပ်)
၂၀၂၃ မေလမှစတင်၍ဖွင့်လှစ်ပါမည်။သင်တန်းအပ်နှံ၍ သင်တန်းကြေးပေးသွင်းပြီးသည်နှင့်တပြိုင်နက် စတင်တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းမှသတ်မှတ်ထားသောရက်များတွင် တစ်လ၂ကြိမ် သင်တန်းသို့လာရောက်၍ လက်တွေ့သင်ကြားရပါမည်။

👉 သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူ အထူးအမြန်သင်တန်းများကိုလည်း သင်တန်းသား/သူ (သို့) အဖွဲ့လိုက်နှင့်အချိန်ညှိနှိုင်း၍ ကျွမ်းကျင်တတ်မြောက်အောင်လေ့ကျင့်သင်ကြားပေးပါသည်။

♦️သင်တန်းများကို အနိမ့်ဆုံးအခြေခံပညာအထက်တန်းအဆင့်မှ ဘွဲ့ရများအထိတက်ရောက်နိုင်ပါသည်။
♦️ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အမှန်တကယ်ဝါသနာပါပြီး ရိုးသားကြိုးစား၍ အမှန်တကယ် အလုပ်လုပ်ချင်သူ၊အလုပ်လုပ်နိုင်သူ၊လူနာအပေါ်စေတနာထား၍သည်းခံနိုင်သူ၊ကျန်းမာရေးအသိပညာများကိုသေချာနားလည်တတ်ကျွမ်း၍ အသုံးချလိုသူများအတွက် အထူးသင့်လျော်ပါသည်။
♦️စာသင်ကြားမှုများထိရောက်မှုရှိစေရန်အတွက် အတန်းတစ်တန်းတွင် လူဦးရေ(၂၀)မှ အများဆုံး(၂၄)ဦးအထိသာလက်ခံသင်ကြားပါသည်။
♦️သင်တန်းကြေးများကို ၂လ၊၃လအရစ်ကျဖြင့်ပေးသွင်းနိုင်ပြီး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူ သင်တန်း၂မျိုးလုံးတက်ရောက်လိုပါက စုစုပေါင်း 300000(သုံးသိန်းကျပ်)ဖြင့်သာတက်ရောက်နိုင်ပါသည်။သင်တန်းကြေးကို တစ်ကြိမ်တည်းအကုန်ပေးသွင်းပါလျှင်လည်း %များထပ်မံလျှော့ပေးပါသည်။
♦️သင်တန်းအားလုံး၌ သက်ဆိုင်ရာဘာသာရပ်များအပြင်ဆေးပညာဆိုင်ရာဝေါဟာရများ၊ဗဟုသုတများနှင့်လူမှုပေါင်းသင်းဆက်ဆံရေးပညာရပ်များကိုပါထည့်သွင်းသင်ကြားပေးပါသည်။ ထပ်မံ၍ Basic English
4 skills(ပညာဒါန)အပါအဝင် အခြားဘာသာစကားကျွမ်းကျင်မှုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးသွားပါမည်။
♦️လက်တွေ့သင်ကြားမှုအတွက် သင်တန်း၏ကိုယ်ပိုင်ဆေးခန်းနှင့်ဆေးဆိုင်၌ ဦးစွာသင်ကြားပေးပြီး သင်တန်းမှချိတ်ဆက်ပေးသော ပုဂ္ဂလိကဆေးရုံကြီးများ၊ဘိုးဘွားစောင့်ရှောက်ရေးရိပ်သာများ၊ကလေးငယ်စောင့်ရှောက်ရေးဂေဟာများတွင်ထပ်မံ၍ Field training အနေဖြင့်လေ့လာသင်ယူရပါမည်။
♦️သင်တန်း၌ wifi free ပါရှိမည်ဖြစ်ပြီး Air-conများလည်းတပ်ဆင်ထား၍ သက်တောင့်သက်သာစွာဖြင့် စာလေ့လာနိုင်ပါမည်။
♦️သင်တန်းပြီးဆုံးအောင်မြင်သူများအား Certificate သင်တန်းဆင်းလက်မှတ်၊လက်တွေ့ Internships training ဆင်းခဲ့သည့် အထောက်အထားလက်မှတ်များကို အခမ်းအနားဖြင့်ပေးအပ်ချီးမြှင့်သွားပါမည်။တစ်ဆက်ထဲတွင် `အေးမြမေတ္တာ´၏အဖွဲ့ဝင်(member)အဖြစ်သတ်မှတ်၍ လုပ်ငန်းခွင်သို့ အမြန်ဆုံးဝင်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။
♦️တန်းခွဲသစ်များကို ၃လတစ်ကြိမ်ဖွင့်လှစ်မည်ဖြစ်ပြီး နယ်မှလာရောက်၍ သင်တန်းတက်လိုသူများအတွက် အခပေးအဆောင်စီစဥ်ပေးပါမည်။

📌`အေးမြမေတ္တာ´ member ဝင်တစ်ဦးအတွက်
အလုပ်အကိုင် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ

🔶Home(or) Hospital ၌ Day/Night case များထည့်သွင်းပေးခြင်း။(15000 kyats/duty) တစ်ဂျူတီလျှင် ၁၅၀၀၀ကျပ်ဖြင့်
🔶Newborn baby care စိတ်ဝင်စားသောညီမလေးများအတွက် Home(or) Hospital ၌ caseများရရှိအောင် စီစဥ်ပေးခြင်း။
🔶လချုပ်ဖြင့် Home case များစီစဥ်ပေးခြင်း။
🔶ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများ၊ဆေးဆိုင်များ၊
ဆေး companyများ၊အလှအပဆိုင်ရာဆေးခန်းများ၊ သွားဆေးခန်းများ၊ ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းများ၊ ကိုယ်ပိုင်ကျောင်းများတွင်သူနာပြုအကူရာထူးဖြင့် လုပ်ကိုင်လိုသူများအား အလုပ်တစ်ခုပြီးတစ်ခုမရမချင်း ချိတ်ဆက်ပေးခြင်း။
🔶ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများအတွက် လိုအပ်သည်များကို ညွှန်ကြားပေးခြင်း၊ကူညီ ပံ့ပိုးပေးခြင်း။
🔶ပြည်ပနိုင်ငံကြီးများ(ဂျပန်၊စင်ကာပူ)သို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် သင်တန်းမှချိတ်ဆက်ထားသော ခိုင်မာမှန်ကန်သည့်ပြည်တွင်း၊ပြည်ပအလုပ်အကိုင် agency များနှင့်ပူးပေါင်း၍ တစ်ဖက်နိုင်ငံသို့ရောက်ရှိသည်အထိ အစ အဆုံး တာဝန်ယူဆောင်ရွက်ပေးခြင်း၊ လိုအပ်သောစာရွက်စာတမ်းများပြုလုပ်ရာတွင်လည်း ကူညီလမ်းညွှန်ပေးခြင်း
စသည့် အခွင့်အရေးများကို ရရှိနိုင်ပါသည်။
သင်တန်း page ကို like & follow လုပ်ထားခြင်းဖြင့်လည်း သင်တန်းမှတင်သော သင်ခန်းစာ video များ၊update medical အကြောင်းအရာများ၊အလုပ်အကိုင် အခွင့်အလမ်းများကို အချိန်နှင့် တပြေးညီ ဖတ်ရှုလေ့လာသိရှိနိုင်ပါသည်။

✳️✳️✳️ ကျန်းမာရေးစောင့်ရှောက်မှု အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြင့် မိမိဘဝကို ရပ်တည်လိုသူများအတွက် ကျွန်ုပ်တို့နှင့်လာရောက်လက်တွဲရန် ကျွန်ုပ်တို့၏သင်တန်းမှ အစဥ်အမြဲကြိုဆိုလျှက်ရှိနေပါသည်။သင့်ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

` Our sharing and caring are for you.´

⚡No.171/B,မြလေးလမ်း,14/1ရပ်ကွက်,တ/ဥက္ကလာပ
မြို့နယ်,ရန်ကုန်။(စီမံကိန်းမှတ်တိုင်အနီး)
📞Ph. 09 975705637, 09 254207844,
09 978743437

20/12/2021

Hello

Address

No. 171/B, Mya Lay Street, 14/1 Qt, South Okkalapa Tsp, Yangon. (Near Si-Man-Kein Bus Stop)
Yangon

Telephone

+959975705637

Website

Alerts

Be the first to know and let us send you an email when Aye Mya Myitta Health Care Services & Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram