Hanifa Optical Wholesales Centre

Hanifa Optical Wholesales Centre အရည်အသွေးကောင်းမွန်သော မျက်မှန်မျိုးစုံကို
စျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။

“အတာသင်္ကြန် နှစ်သစ်ကူး ပိတ်ရက် အသိပေးကြေညာခြင်း” “ဧပြီလ ၁၄ ရက်နေ့ မှ ဧပြီလ ၁၇ ရက်နေ့” အထိဆိုင်ပိတ်ထားမည်ဖြစ်ပါသည်။ ဧပြီ...
12/04/2025

“အတာသင်္ကြန် နှစ်သစ်ကူး ပိတ်ရက် အသိပေးကြေညာခြင်း”

“ဧပြီလ ၁၄ ရက်နေ့ မှ ဧပြီလ ၁၇ ရက်နေ့” အထိဆိုင်ပိတ်ထားမည်ဖြစ်ပါသည်။ ဧပြီလ ၁၈ ရက်နေ့ အား ပုံမှန်ပြန်လှည် ဖွင့် လှစ်မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ပျော်ရွှင်ဖွယ်ရာ အတာသင်္ကြန် နှစ်သစ်ကူးပိတ်ရက် ဖြစ်ပါစေကြောင်းနှင့် မြန်မာပြည်သူ၊ ပြည်သားအား လုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း HANIFA Optical မိသားစုမှ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။

PRADA (model-8804)Colour-BlackSIZE & FIT 54mm lens width17mm bridge width170mm temple lengthစျေးနှုန်းများသိရှိလိုပါက Ch...
27/06/2024

PRADA (model-8804)

Colour-Black

SIZE & FIT
54mm lens width
17mm bridge width
170mm temple length

စျေးနှုန်းများသိရှိလိုပါက Chatbox ကတဆင့်မေးမြန်းနိုင်ပါတယ်။

ဟနီဖာမျက်မှန်ဆိုင် လက်လီ-လက်ကားဖြန့်ချီ ရေး
အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန်: နံနက် (10:00) မှ ည (7:00) ထိ

HANIFA OPTIC......
No.(200), Shwe Bon Thar Street'(middle block)
Yangon....

PH: (01377580) (095018589) (09965018589)
(0973016733) (09450011453)

Gucci  (model - 8821)Colour-Black Frame in White,BlackSIZE & FIT 53mm lens width18mm bridge width138mm temple lengthစျေး...
27/06/2024

Gucci (model - 8821)

Colour-Black Frame in White,Black
SIZE & FIT
53mm lens width
18mm bridge width
138mm temple length

စျေးနှုန်းများသိရှိလိုပါက Chatbox ကတဆင့်မေးမြန်းနိုင်ပါတယ်။

ဟနီဖာမျက်မှန်ဆိုင် လက်လီ-လက်ကားဖြန့်ချီ ရေး
အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန်: နံနက် (10:00) မှ ည (7:00) ထိ

HANIFA OPTIC......
No.(200), Shwe Bon Thar Street'(middle block)
Yangon....

PH: (01377580) (095018589) (09965018589)
(0973016733) (09450011453)

BVLGARI  4127-B/504( (Tortoise Gold Cat Eye Full Rim)Instock အရေအတွက် အနည်းငယ်သာပါရှိလို့ မြန်မြန်ဦးမှရမယ်နော်။VERTICAL:...
23/06/2024

BVLGARI 4127-B/504( (Tortoise Gold Cat Eye Full Rim)

Instock အရေအတွက် အနည်းငယ်သာပါရှိလို့ မြန်မြန်ဦးမှရမယ်နော်။

VERTICAL: 38 mm
PATTERN: Tortoise Shell
FRAME WIDTH: 130 mm
MPN: 4127-B 504
BRIDGE WIDTH: 17 mm
FRAME COLOR: Brown,Red,Black
TYPE: Eyeglasses
DEPARTMENT: Women
MODEL: 4127-B 504
THEME: 90s,Modern
STYLE: Cat Eye
FRAME MATERIAL: Acetate
LENS SOCKET WIDTH: 53mm
TEMPLE LENGTH: 135 mm

စျေးနှုန်းများသိရှိလိုပါက Chatbox ကတဆင့်မေးမြန်းနိုင်ပါတယ်။

ဟနီဖာမျက်မှန်ဆိုင် လက်လီ-လက်ကားဖြန့်ချီ ရေး
အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန်: နံနက် (10:00) မှ ည (7:00) ထိ

HANIFA OPTIC......
No.(200), Shwe Bon Thar Street'(middle block)
Yangon....

PH: (01377580) (095018589) (09965018589)
(0973016733) (09450011453)

Linda Farrow - CALTHORPE(Made in Japan)COLOURFrame in Black,Frame in Steel,Frame in Black and NeckelSIZE & FIT51mm lens ...
20/06/2024

Linda Farrow - CALTHORPE
(Made in Japan)
COLOUR
Frame in Black,Frame in Steel,Frame in Black and Neckel

SIZE & FIT
51mm lens width
20mm bridge width
145mm temple length

Price - 55000ks

ဟနီဖာမျက်မှန်ဆိုင် လက်လီ-လက်ကားဖြန့်ချီ ရေး
အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန်: နံနက် (10:00) မှ ည (7:00) ထိ

HANIFA OPTIC......
No.(200), Shwe Bon Thar Street'(middle block)
Yangon....

PH: (01377580) (095018589) (09965018589)
(0973016733) (09450011453)

မျက်စိစွမ်းအင် မြှင့်တင်ဖို့ -------------------------Reader’s Digest မှာ ပါ၀င်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး မျက်စိ အစွ...
05/11/2020

မျက်စိစွမ်းအင် မြှင့်တင်ဖို့
-------------------------

Reader’s Digest မှာ ပါ၀င်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး မျက်စိ အစွမ်းကို မြှင့်တင်လို့ရပါတယ်။
ကျွန်တော်တို့မျက်စိဟာ အလင်းရောင်ကို ကောင်းမွန်စွာ မြင်တွေ့ရဖို့အတွက် အထူးသဖြင့် ညဘက်မှာ ကောင်းကောင်း တွေ့ဖို့ အတွက် Vitamin A ဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် Vitamin A ပါ၀င်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ငါးနဲ့ နို့ထွက် ပစ္စည်းတွေကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။ Vitamin A တွေ အများကြီး ရချင်ဇောနဲ့ အထက်က အစားအသောက်တွေကိုတော့ မစားဘဲ အားဆေးတွေကို အများကြီး သောက်ခြင်းမှလည်း ရှောင်ကြဉ် သင့်ပါတယ်။ တန်ဆေး လွန်ဘေးပါ။

Vitamin Cနဲ့ Vitamin E တို့ဟာ လူအတော်များများသိကြတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ English လို Anti oxidant ပေါ့။ အဲဒီ ဓာတ်တွေက မျက်စိမျာ အသက်ကြီးလာလို့ တိမ်စွဲတဲ့ဖြစ်စဉ်ကို ကာကွယ်ပေးပါတယ်။ တကယ်လို့ အပြင်တိမ် ရောဂါ ရှိနေရင်တောင် ရောဂါကို ပိုပြီး မဆိုးသွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် Vitamin C တွေ ပါ၀င်တဲ့ အရည်ရွှမ်းတဲ့ အသီးတွေ ဥပမာ လိမ္မော်သီး နဲ့ Vitamin E တွေ ပါ၀င် တဲ့ မြေပဲစေ့နှင့် တခြား အစေ့အဆံတွေကို များများ စားသုံး ပေးသင့်ပါတယ်။

Luteinနဲ့ Zeaxanthin ဓာတ်တွေဟာ မျက်ကြည်လွှာတွင် ပါ၀င်ပြီး မျက်စိကို ထိခိုက်နိုင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးကြသည့် ဓာတ် များ ဖြစ်ကြပါသည်။ Lutein ဓာတ်ဟာ အစိမ်းရင့်ရောင် ရှိတဲ့ အသီးအရွက်တွေနဲ့ ကြက်ဥ အနှစ်တွေမှာ ပါ၀င်ပြီး Zeaxanthin ဓာတ်ကတော့ ပဲသီးစိမ်း နဲ့ ပြောင်း တို့မှာ ပါ၀င်ကြပါသည်။ အဆိုပါ အစားအစာများကိုလည်း များများ မှီဝဲသင့်ပါတယ်။

Zinc လို့ ခေါ်တဲ့ ဇင့် ဓာတ်ဟာ အသက်ကြီးလာလို့ မျက်စိ ယိုယွင်းပျက်စီးတာကို နှေးကွေးစေပါတယ်။ Zinc ဓာတ်ဟာ ပင်လယ်စာနဲ့ အသားတွေ ပဲတွေမှာ ပါ၀င်တတ်ပါတယ်။


Reader’s Digest မှာ ပါ၀င်လို့သာ ဖော်ပြလိုက်ရတာပါ။ တကယ်တော့ အထက်ပါ ဓာတ်တွေဟာ မြန်မာ့ရိုးရာ အစားအသောက်တွေမှာ အဓိက ပါ ၀င်ပြီး ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝအောင် စားသောက်ဖို့သာ လိုအပ်ပါတယ်။ တောနယ်တွင် နေထိုင်သော ပရိသတ်တွေ အတွက် ပြဿနာ မရှိပေ မယ့် မြို့ပြတွင် နေထိုင်ကြတဲ့ မိဘတွေအနေနဲ့ မိမိတို့၏ ကလေးများစားသုံးနေကြတဲ့ အစားအသောက်တွေထဲမှာ အထက်ပါ အမျိုးအစားတွေ ပါ ၀င်အောင် လုပ်ဆောင်ရပါမယ်။ ကလေးက ပူဆာတိုင်း နိုင်ငံခြားက လာတဲ့ Junk food တွေကို ကျွေးမည့်အစား မျက်စိကို အားအင် ပြည့်ဖြိုးစေသော အထက်ပါ အစားအသောက်များကို ဦးစားပေး ကျွေးသင့်ပါတယ်။ ကလေးငယ်များ အနေဖြင့် မျက်စိကို အားကောင်းစေသော အစားအသောက်များကို စားကြခြင်းဖြင့် မျက်စိကို အဆမတန် အသုံးပြုပြီး အလုပ်လုပ်ရသော ယနေ့ခေတ်ကြီးတွင် အရွယ် မတိုင်မီ အမြင် အာရုံ ပျက်စီး ယိုယွင်းခြင်းမှ ရှောင် ရှားနိုင်မှာ ဖြစ်ပါတယ်။

~ သင် ၏ မျက်လုံး ကို သနားရင် !!!
ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်း ခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကို လိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ
သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာ မှန် ထားတက်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ. လက်တဆန့် စာ အကွာ နဲ. မျက်လုံး ရဲ. ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှ မှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာ၀န်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် (၂၀) ၊ ပေ (၂၀) ၊ အခါ (၂၀)
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့် ပေးပါ။ ဒါနည်းလမ်း ဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက် လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည်ပတ် စေပါတယ်။


မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်၇ဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိ ညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်း ခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက် အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်စိ ရောဂါ ကင်းဝေ ကြပါစေ။

 #မျက်လုံးပြဿနာပေါင်း_သောင်းခြောက်ထောင်Eyestrain ( မျက်လုံးညောင်းခြင်း)စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်...
04/11/2020

#မျက်လုံးပြဿနာပေါင်း_သောင်းခြောက်ထောင်

Eyestrain ( မျက်လုံးညောင်းခြင်း)

စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစားဖူးတဲ့အရာပါ။ အခြားကိုယ်ပေါ်က အရာတွေလိုပါပဲ။ မျက်လုံးကလည်း အကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် ပိတ်ထားပါ ( ဒါမှမဟုတ်) ၁၀ပေ အကွာအဝေးလောက်မှာရှိတဲ့ အရာတစ်ခုကို ၁၀ စက္ကန့်လောက်ကြည့်ပါ။ စိမ်းနေတဲ့ အပင်တွေဆို ပိုကောင်းပါတယ်။

မျက်လုံးနီရဲခြင်း။ ။

မျက်လုံးရဲ့ မျက်နှာပြင်ဆိုတာ သွေးကြောမျှင်လေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ သွေးကြောမျှင်လေးတွေဖောင်းလာစေတဲ့ မျက်လုံးထဲပိုးဝင်တာ၊ မျက်ကြည်လွှာရောင်တာ၊ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့အခါမျိုးမှာ မျက်လုံးနီနေတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးညောင်းတာ၊ ညဘက်အိပ်ရေးပျက်တာ တွေကလည်း မျက်လုံးနီရဲစေတဲ့အကြောင်းတွေပါ။ တော်တော်နဲ့ မပျောက်ရင်တော့ ဆေးခန်းသွားပြဖို့လိုပါတယ်။

Night Blindness ( ကြက်မျက်သင့်)

ရုပ်ရှင်ရုံလိုမျိုး မှောင်နေတဲ့ နေရာကို ဝင်ဝင်ချင်းမှာ ဘာမှ မမြင်ရဘဲ တဖြည်းဖြည်းမှ အမှောင်ကိုကျင့်သားရပြီး ပတ်ဝန်းကျင်ကို မြင်လာရတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။ ကြက်မျက်သင့်ဝေဒနာခံစားနေရတဲ့ သူတွေကျတော့ ညဘက်မှောင်နေတဲ့အခါမျိုး၊ အလင်းမှိန်တဲ့ နေရာတွေ ရောက်တဲ့အခါမျိုးဆို သူတို့ မြင်ရတဲ့ ပတ်ဝန်းကျင်က လုံးဝကို အမှောင်အတိပါ။ ကြက်မျက်သင့်တာဆိုတာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ဗီတာမင် A ချို့တဲ့တာရဲ့ အဓိက လက္ခဏာတစ်ခုပါ။ မွေးရာပါကြက်မျက်သင့်ဝေဒနာခံစားရတဲ့သူတွေလည်း ရှိပါတယ်။

Lazy eye ( မျက်ကြောသေ ရောဂါ)

မျက်ကြောသေရောဂါဆိုတာ သန္ဓေသား ဘဝတည်းက မျက်လုံးကောင်းကောင်း မဖွံဖြိုးတဲ့အတွက်ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ မျက်ကြောသေတယ်ဆိုတာ မျက်လုံး ၂ ဘက်လုံးမှာ ဖြစ်တယ်ဆိုတာရှားပါတယ်။ မျက်လုံး တစ်ဘက်ကို ပဲ ထိတာများပြီး ငယ်ငယ်တည်းက ကုသဖို့လိုအပ်ပါတယ်။

Strabismus ( မျက်စိစွေခြင်း)

မျက်စိစွေတဲ့ ဝေဒနာကို လူတိုင်းသိကြမှာပါ။ သူကတော့ ကိုယ့်ကိုကြည့်ပြီး စကားပြောနေပေမယ့် သူမျက်လုံးက အခြားနေရာကို ရောက်နေမျိုးပေါ့။ မျက်လုံး ဆရာဝန်ဆီမှာ သေချာသွားပြမှာ ပျောက်တဲ့ ရောဂါမျိုးပါ။ ။

အရောင်တွေ မခွဲနိုင်တော့ခြင်း ။ ။

colorblind လို့လူတွေသိကြတဲ့ အရောင်တွေကို မခွဲခြားနိုင်တဲ့ ရောဂါဟာ မျက်လုံးအတွင်းမှာရှိတဲ့ အရောင်တွေကို အာရုံခံတဲ့ colour cone cell တွေ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ရတာပါ။ တစ်ချို့ဆိုးဆိုးဝါးဝါးဖြစ်တဲ့သူတွေမှာဆို ကြည့်လေရာ မီးခိုးရောင်ကြီးပဲ မြင်နေတတ်ပါတယ်။ မွေးရာပါဖြစ်တာများပါတယ်။ အမျိုးသားတွေကပိုအဖြစ်များပြီး သူ့ကို ပျောက်အောင် ကုသနိုင်တာမျိုးတော မရှိသေးပေမယ့် ခုနောက်ပိုင်း colorblind ကို ကောင်းအောင် ပြန်တည့်မတ်ပေးနိုင်တဲ့ မျက်မှန်ပေါ်လာပါပြီ။

Uveitis

မျက်လုံးအလယ်ပိုင်းမှာရှိတဲ့ သွေးကြောတွေ အများကြီးရှိတဲ့ uvea အလွှာရောင်တာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံး တစ်ရှူးကိုထိခိုက်စေပြီး မျက်လုံးဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ဝေဒနာတစ်ခုပါ။ သူ့ရဲ့ လက္ခဏာတွေကတော့ အမြင်အာရုံဝေဝါးလာတာ၊ မျက်လုံးအောင့်လာတာ၊ မျက်လုံးတွေနီရဲပြီး အလင်းရောင်ကို မခံနိုင်တော့တာတွေဖြစ်ပါတယ်။

Presbyopia( မျက်လုံး အနီးမှုန်လာတာ)

အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အနီးမှာရှိတဲ့ အရာတွေကို သေချာ မမြင်ရဘဲ အဝေးမှာရှိနေတဲ့ အရာတွေကို သေချာရှငိးလင်းပြတ်သားစွာ မြင်ရတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အနီးမြင်ရတဲ့ မျက်မှန်တွေတပ်တာမျိုး၊ ဆရာဝန်ဆီသွားပြပြီး ဆေးကုသမှု သေချာခံယူတာမျိုးတွေ လုပ်လို့ရပါတယ်။

Floaters ( မြင်ကွင်းထဲမှာ မီးခိုးရောင်အမျှင်တွေ ပေါ်နေတာ)

ကြည့်လေရာနေရာတိုင်း အထူးသဖြင့် အဖြူရောင်နံရံတွေကို ကြည့်လိုက်တိုင်း မြင်ကွင်းထဲမှာ အမျှင်လေးတွေ ပြေးနေတာကို ပြောတာဖြစ်ပါတယ်။ Floaters တွေမြင်ရရင်သိပ်တော့စိုးရိမ်စရာ မရှိပေမယ့် ရုတ်တရက်ကြီး မြင်နေရတဲ့ အမျှင်အရေ အတွက်တွေများလာတာ၊ ကြည့်လိုက်တဲ့နေရာတိုင်းမှာ ကန့်လန့်ကာ ကာထားသလိုမျိုးဖြစ်နေပြီဆိုရင်တော့ retina ကွာကျတဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ သေချာသွားပြစေချင်ပါတယ်။

မျက်လုံးခြောက်ခြင်း။ ။

ကွန်ပျူတာ အရမ်းသုံးတဲ့သူတွေ၊ အဲယားကွန်းခန်းထဲမှာအနေများတဲ့ သူတွေ ကြုံတွေ့ရတဲ့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ ခြောက်နေတဲ့ မျက်လုံးအတွက် မျက်စဉ်းဆေးတွေခတ်ပေးလို့ရပါတယ်။

မျက်ရည်တွေကျနေတာ။

အလင်းရောင်စူးစူးကို ကြည့်လိုက်တဲ့အခါမျိုး၊ လေအရမ်းတိုက်တဲ့အခါမျိုးမှာဆို မျက်လုံးတွေစပ်ပြီး မျက်ရည်ပူတွေကျလာတာမျိုး ခံစားကြဖူးကြမှာပါ။ ဒါတွေဟာ မျက်လုံးက သာမန်တုံ့ပြန်တာမျိုးဖြစ်ပေမယ့် မျက်ရည်ကြောင်းပိတ်တဲ့သူတွေနဲ့ မျက်လုံးထဲ ပိုးဝင်တဲ့သူတွေမှာလည်း မျက်ရည်တစ်ချိန်လုံး ကျနေတတ်ပါတယ်။

အတွင်းတိမ် ။ ။

ကြည့်လေရာနေရာတိုင်းမှာ တိမ်တွေဖုံးနေသလို အုံ့ဆိုင်းဆိုင်းဖြစ်နေပြီဆိုရင်တော့ မျက်လုံးတိမ်စွဲနေပြီလို့ ပြောလို့ရပါတယ်။ မျက်လုံးရဲ့ မှန်ဘီလူးမှာ ဖြစ်တတ်တဲ့ အတွင်းတိမ်ပါ။ မျက်လုံးကို နာကျင်စေတာ၊ မျက်လုံးနီရဲစေတာ၊ မျက်ရည်ပူကျစေတာမျိုးတွေ မရှိ ဘဲ အသံတတ်နဲ့ တဖြည်းဖြည်းချင်းရောက်လာတတ်မျိုးပါ။

ရေတိမ် ။ ။

မျက်လုံးကို တစ်ခုခုထိခိုက်မိတာ၊ မျက်လုံးသွေးကြောတွေ ပိတ်တာ၊ မျက်လုံးရောင်တာတို့ကြောင့် ဖြစ်တတ်တဲ့ ရေတိမ်ပါ။ မျက်လုံးထဲ ဖိအားတွေများလာပြီး နောက်ဆုံး မျက်လုံးအကြောကို သွားထိတတ်လို့သေချာကုသသင့်တဲ့ ရောဂါတစ်ခုပါ။

ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးနဲ့ ပက်သက်တဲ့ရောဂါတွေ ပဲဖြစ်ပါတယ်။ မျက်လုံးဆိုတာလည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ့်မျက်လုံးလေးကို သေချာ ဂရုစိုက်ပေးဖို့လိုတယ်နော် ။ ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်အရ  24.9.2020 ရက်နေ့မှ 7.10.2020 ရက်နေ့အထိ St...
01/10/2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်အရ
24.9.2020 ရက်နေ့မှ 7.10.2020 ရက်နေ့အထိ Stay at Home ကာလသတ်မှတ်ထားပါသဖြင့် Customers များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးကို အလေးထားသောအနေဖြင့် ဟနီဖာမျက်မှန် လက်လီလက်ကားဖြန့်ချိရေးဆိုင်ကို 7.10.2020 ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ပါသည်။

8.10.2020 ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Hanifa Optical Wholesale Centre တွင် အစဉ်အမြဲ အားပေးလျှက်ရှိသော Customers များကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

COVID 19 ရောဂါကပ်ဆိုးကြီးမှကင်းလွတ်၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

⛔️ဆိုင်ပိတ်​ရက်အ​ကြောင်းကြားခြင်း⛔️လတ်တလော ဖြစ်ပွားနေသော ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ (Covid-19) ပြန့်ပွားမှုနှုန်...
19/09/2020

⛔️ဆိုင်ပိတ်​ရက်အ​ကြောင်းကြားခြင်း⛔️

လတ်တလော ဖြစ်ပွားနေသော ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ (Covid-19) ပြန့်ပွားမှုနှုန်းမြင့်တက်နေပြီး အများပြည်သူများစိုးရိမ်နေရသော အခြေအနေသို့ရောက်ရှိနေပါသည်။

သို့ပါသောကြောင့် HANIFA Optical အား (20.9.2020)မှ(29.9.2020)ထိခေတ္တယာယီ ပိတ်ထားမည်ဖြစ်ပါသည်။

ဝယ်ယူအားပေးနေသောလူကြီးမင်းအပေါင်း ဘေးဘယာ ဝေးကွာပြီးစိတ် ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ

ဟနီဖာမျက်မှန်ဆိုင် လက်လီ-လက်ကားဖြန့်ချီရေး
အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

PH: (01377580) (095018589) (09965018589)
(0973016733)




23/07/2020

ANN 365 CAFE,PRESSO,LATTE
Lens material : Silicone hydrogel
Diameter: 14.0mm
Graphic Diameter : 13.4mm
Base Curve: 8.6mm
Weight : 42g
Water contents: 55%
Validity Duration: 5 years
Expiry date after open: 1month
UV Blocking Function
(2p in one pack)

ဆိုင်လိပ်စာကတော့ အမှတ် (200) ရွှေဘုံသာလမ်း (အလယ်),
ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

ဆိုင်ဖွင့်ချိန်: နံနက် (10:00) မှ ည (7:30) ထိ
ဖုန်း-095018589,09965018589,01377580,0973016733

Address

No. 200, Middle Block Of Shwe Bon Thar Road, Pabedan Township
Yangon
11141

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 18:00

Telephone

+9595018589

Website

Alerts

Be the first to know and let us send you an email when Hanifa Optical Wholesales Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram