Health & Beauty Knowledge Store

Health & Beauty Knowledge Store Positive thoughts on this site ကျန်းမာခြင်းသည် လာဒ်တစ်ပါး

  ဗဟုသုတရရှိအောင် မျှဝေခြင်းဖြစ်ပါတယ်သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning...မကြာသေးခင်က အင်တာနက်ပေါ်မှာ သတင်း ...
10/06/2019



ဗဟုသုတရရှိအောင် မျှဝေခြင်းဖြစ်ပါတယ်

သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning...

မကြာသေးခင်က အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်... အဲဒါကတော့... အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန်တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ်လိုက်တယ်လို့ ဆိုပါတယ်... မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်...

ခဏအကြာ သားဖြစ်သူကို သွားကြည့်လိုက်တဲ့ အချိန်မှာ ပါးစပ်ကနေ အမြုပ်တွေ ထွက်ပြီး အသက် မရှုတော့တာကို တအံ့တသြ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်.. ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံဝန်ထမ်းတွေက ကလေးဟာ Dry drowning ကြောင့် ဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်...

အမေရိကန်နိုင်ငံမှာ Dry drowning ရေ မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄,၀၀၀ ခန့် ရှိပြီး... သူတို့ထဲက အရေအတွက် ၄၀၀ ကနေ ၆၀၀ လောက်ဟာ နှစ်စဉ် အသက် ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်...

Dry Drowning နဲ့ Secondary Drowning ဆိုတာ ဘာလဲ?

မိမိအပါအ၀င် ကလေးမိဘတွေဟာ ကလေးတွေကို ရေကူးကန်တွေ၊ ရေချိုးခန်းတွေမှာ ရေပေးချိုး၊ ရေပေးကစားလေ့ ရှိပါတယ်... ဒီလို ကစားပြီးလို့ ရေအပြင်ဘက် ရောက်တာနဲ့ ရေဘေးအန္တရာယ် မရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်... တကယ်တော့ Dry drowning နဲ့ Secondary drowning ဆိုတာဟာ ရေထဲမှာ ရှိနေစဉ် ရေနစ်သေဆုံးတာ မဟုတ်ပဲ... ကလေးတွေ ရေချိုး၊ ရေကစားပြီးလို့ ခန္ဓာကိုယ်က ရေတွေကို ခြောက်သွေ့အောင် တဘက်နဲ့သုတ်၊ အ၀တ်အစားလဲ... စသဖြင့် ဒီလိုလုပ်နေချိန် နာရီပိုင်း အတွင်းမှာ ဖြစ်ပွားတဲ့ ရေမရှိတဲ့နေရာမှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်သား ရပါတယ်...

ဒီလိုပုံစံနဲ့ ရေနစ်တာဟာ... ကလေးတွေ သူတို့ ကိုယ်တိုင် ရေကန်ထဲမှာ ရေကစားနေတဲ့အချိန် (ဒါမှမဟုတ်) ကလေးမိဘတွေက သူတို့ရဲ့ ကလေးတွေကို ချစ်စနိုးနဲ့ ခေါင်းကို ရေထဲနှစ်ပြီး ကစားနေတဲ့ အချိန်တွေမှာ မတော်တဆ (ရေမွန်းပြီး) ရေတွေကို သူတို့ရဲ့ နှာခေါင်းတွေကတဆင့် ရှူသွင်း မိလိုက်တဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်...

Dry drowning ရေနစ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြောင်းအရင်း တွေကတော့... ရေကစားနေစဉ်အတွင်း ကလေးငယ် မတော်တဆ ရှူရှိုက်မိလိုက်တဲ့ ရေတွေဟာ အဆုတ်ထဲထိ ရောက်ရှိမသွားပဲ လေ၀င်အသက်ရှူ လမ်းကြောင်းကို ရုတ်တရက် ဆိုးကျိုးသက်ရောက်မှု တစ်ခု ဖြစ်စေ ပါတယ်... ဒီလိုနဲ့ ကုန်းပေါ် ရောက်တဲ့ အချိန် Asphyxiation ခေါ် အောက်ဆီဂျင် လုံလောက်စွာ မရရှိတော့ပဲ အသက်ရှူမ၀တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်...

Secondary drowning (Delayed drowning လည်း ခေါ်ပါတယ်) ကတော့ Dry drowning နဲ့ အနည်းငယ် ကွာခြားပါတယ်... သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာ ယူသွားတာ ဖြစ်ပါတယ်... အဆိုပါ အဆုတ်ထဲရှိ ရေတွေဟာ ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ သွေးထဲသို့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး... နောက်ဆုံး ဦးနှောက်ကပါ အောက်ဆီဂျင် လုံလောက်စွာ မရတော့တဲ့ထိ ပြဿနာ ဖြစ်လာပါတယ်... ဒီလို အခြေအနေကို 'Pulmonary edema' လို့လည်း ခေါ်တယ်လို့ သိရပါတယ်...

Dry drowning ရေနစ်တဲ့ လက္ခဏာတွေက အများအားဖြင့် ရေ မတော်တဆဖြစ်ပြီး ခဏအတွင်းမှာ ဖြစ်ပေါ်လာပြီး... Secondary drowning ရဲ့ လက္ခဏာတွေကတော့ ယေဘုယျအားဖြင့် ရေ မတော်တဆဖြစ်ပြီးနောက်ပိုင်း ၁ နာရီကနေ ၂၄ နာရီအတွင်း (တချို့ဆေးစာတွေမှာ ၁ နာရီကနေ ၇၂ နာရီကြား) မှာ စတင် ဖြစ်ပေါ်တယ်လို့ Children's Hospital of Pittsburgh ရဲ့ အရေးပေါ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Raymond Pitetti က ဆိုပါတယ်...

ဒီလို ရေမတော်တဆမှုဟာ လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်... ဒါပေမယ့် လူကြီးတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာ Pitetti က ပြောပါတယ်...

၂ မျိုးလုံးဟာ အတော်လေး ဖြစ်ခဲတဲ့ရောဂါတွေ ဖြစ်ပါတယ်... ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြား မှာသာ ရှိတယ်လို့ အမေရိကန်နိုင်ငံရှိ Florida Hospital Tampa ဆေးရုံက ဒေါက်တာ James Orlowski ကလည်း ဆိုထားပါတယ်... ဒါပေမယ့် သတိတော့ ထားရပါမယ်...

Dry Drowning နဲ့ Secondary Drowning ၂ မျိုးလုံးမှာ တူညီတဲ့ လက္ခဏာ တွေကတော့ အသက်ရှူရ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာခြင်း.... တွေပဲ ဖြစ်ပါတယ်... ဒါ့အပြင် ကလေးဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း စတဲ့ အမူအရာ ပြောင်းလဲ လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်... ဒီလက္ခဏာတွေ အားလုံးဟာ ကလေးငယ်ရဲ့ ဦးနှောက်က အောက်ဆီဂျင် လုံလောက်စွာ မရရှိတဲ့သဘော သက်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်...

ဒီလက္ခဏာတွေ အားလုံးကို ကလေးမိဘတွေက သတိမပြုမိဘဲ အချိန်မီ မကုသဘူးဆိုရင် အသက် ဆုံးရှုံးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်....

မိမိရဲ့ကလေးဟာ အထက်မှာ ဖော်ပြခဲ့အတိုင်း ရေကစားပြီးတဲ့အချိန် Dry Drowning နဲ့ Secondary Drowning တွေထဲက ရှေ့ပြေး လက္ခဏာ တစ်ခုခု ပြနေပြီဆိုရင် နီးစပ်ရာမှာ ဆေးရုံမှာ ဆေးဝါး အကူအညီ ရယူပါ... မျက်ခြေမပြတ် စောင့်ကြည့်ပါ... ဒီလက္ခဏာတွေဟာ သူ့အလိုလို ပျောက်သွားတယ် ဆိုရင်တောင်မှ ဓာတ်မှန်ရိုက်ပြီး ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်...

ကလေးငယ်တွေ ရေကူးကန်၊ ရေချိုးကန်တွေမှာ ရေကစားစဉ် Water Safety ရေလုံခြုံမှု ရှိပြီး ရေမတော်တဆမှုက ကင်းဝေးစေဖို့ အတွက် American Academy of Emergency Medicine က အကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာ Mark Reiter က ကလေးမိဘတွေကို...
(၁) ရေထဲ (ဒါမှမဟုတ်) ရေအနီးအနားမှာ ရှိနေတဲ့ ကလေးတွေကို အမြဲတမ်း မျက်ခြေမပျက် အနီးကပ် စောင့်ကြည့်ဖို့...
(၂) ကလေးတွေကို အသက်ကယ် ပစ္စည်းတွေ ရှိတဲ့ နေရာတွေမှာသာ ရေကစားခွင့် ပြုဖို့နဲ့..
(၃) ရေကစားတဲ့ ကလေးတွေကိုလည်း လူကြီးတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိစေဖို့ အကြံပြုထားပါတယ်....။

(မိမိလို မသိသေးတဲ့ ဘ၀တူ ကလေး မိဘများအတွက် ဗဟုသုတအနေနဲ့ ရေးသား တင်ပြပေးလိုက်တာပါ... Cause and Effect နဲ့ Prevention အပိုင်းကိုသာ တင်ပြလိုတဲ့အတွက် ဆေးနဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းများ ရေးထားတာ မရှင်း မလင်း ဖြစ်ခဲ့ရင် မိမိရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်...)

ကိုမျိုး
Ref:google/http://www.m.webmd.com/children/features/secondary-drowning-dry-drowning
http://www.homehealthyrecipes.com/this-boy-died-an-hour-after-swimming-all-parents-should-see-this/
http://www.parents-space.com/drowning-types-summer-dangers/

lwanmapyay.blogspot.com

Typhoid fever တိုက်ဖွိုက်ရောဂါ ဆရာ ကျမသမီးအသက်က ၉ နှစ်ပါ ယခုလ  ၈  ရက်နေ့ကကိုယ်ပူတာပါ  ၁၀  ရက်နေ့ဆရာဝန်သွားပြတော့ ကိုယ်ပူ...
12/11/2018

Typhoid fever တိုက်ဖွိုက်ရောဂါ

ဆရာ ကျမသမီးအသက်က ၉ နှစ်ပါ ယခုလ ၈ ရက်နေ့ကကိုယ်ပူတာပါ ၁၀ ရက်နေ့ဆရာဝန်သွားပြတော့ ကိုယ်ပူတာ ၁၀၃ ရှိပါတယ် သွေးလွန်တုပ်ကွေးလဲ စစ်ပါတယ် မရှိပါဘူးဆရာ ဒါပေမဲ့ဆရာဝန်က ကိုယ်အရမ်းပူလို့ အူရောင်ငန်းဖျားလက္ခဏာတွေ့တယ်ဆိုပြီး သွေးစစ်ခိုင်းပါတယ် တနင်္ဂနွေနေ့က ဆေးခန်းပိတ်ရက်မို့ဆရာဝန်နဲ့ ပြန်မပြရသေးပါဘူးဆရာ ကိုယ်ပူတော့ကျသွားပါပြီ စိုးရိမ်ရတဲ့အခြေအအနေလားသိချင်လို့ပါဆရာ သွေးအဖြေကိုပုံ နှင့်အတူပို့လိုက်ပါတယ် ကျေးဇူးတင်ပါတယ် ဆရာ

Typhoid fever တိုက်ဖွိုက်ရောဂါ https://doctortintswe.blogspot.com/2014/11/typhoid-fever.html
Typhoid vaccine တိုက်ဖွိုက်ကာကွယ်ဆေး https://doctortintswe.blogspot.com/2017/10/typhoid-vaccine.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
Credit...
Dr. တင့်ဆွေ

Supplementary foods ကလေးအတွက် ဖြည့်စွက်စာ ၁။ မင်္ဂလာပါဆရာ ကျွန်တော့်သားလေး ၇ လပိုင်း ၁၇ ရက် ၆ လ ပြည့်ပါပြီဆရာ ကလေးမွေးရက် ...
31/07/2018

Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

၁။ မင်္ဂလာပါဆရာ ကျွန်တော့်သားလေး ၇ လပိုင်း ၁၇ ရက် ၆ လ ပြည့်ပါပြီဆရာ ကလေးမွေးရက် ၃ လပိုင်း ၁၀ ရက်နေ့ ၉ လပိုင်း ၁၀ ရက်မှ ကလေး ၆ လပြည့်မည်လို့ ပြောပါတယ်ဆရာ အခုကလေးကို ဘားမှ မကျွေးခိုင်းပါဘူး နို့တမျိုးတည်း တိုက် ခိုင်းပါသည်ဆရာ ယုံသင့် မယုံသင့် ဖြေကြား ပေးပါဆရာ ကျေးဇူးများစွာဖြင့်

၂။ မင်္ဂလာပါဆရာ။ ကျွန်မသားလေးက ၁၁လရှိပါပြီ။ သားလေးကို မွေးတုန်းက ရိုးရိုးပဲမွေးထားတာပါ။ ကျွန်မ သားလေးကို (ဆန်+မုန်လာဥနီ+ပဲနီလေး+အာလူး+ရွှေဖရုံသီး+ကြက်သား/ငါး)တွေကို ရောကြိုပြီး တနေ့၎ခါ ကျွေးပါတယ်။ ကျန်တဲ့အချိန်က formulaတိုက်ပါတယ်။ တခြား ဘာတွေများကျွေးလို့ ရနိုင်အုံးမလဲရှင့်။ ဒီနေ့ညနေက သားရဲ့အဒေါ်ထိန်းနေတုံး ပါးစပ်ပြင်နေလို့ဆိုပြီး ထမင်းကို ဝါကျွေးပါတယ်။ ကျွန်မက မကျွေးဖို့ ပြောတော့ တခြားတူမတွေလဲ အဲလိုပဲ ကျွေးတယ်လို့ပြောပါတယ်။ ကျွန်မလဲ မကောင်းဘူးဆိုတာဘဲ သိပြီး သေသေချာချာ ပြန်မပြောတတ်လို့ ဆရာ့ကို လှမ်းမေးလိုက်တာပါ။ ဝါကျွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ပြောပြပေးပါလားဆရာ။ ပြီးတော့ ကလေးအစာထဲကို ဆားမထည့်လို့လည်း ဆူကြပါတယ်။ ဆားက ၁နှစ်ကျော်မှ ထည့်ရမယ်လို့သိထားလို့ပါ။အဲဒါ ဟုတ်မဟုတ်လဲ သိချင်ပါတယ်။ ဆရာ နေကောင်း၊ ကျန်းမာ၊ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်စွာဖြင့်

စားခွံတာ ခုခေတ်မှာ မသင့်တော့လို့ပြောပါရစေ။ ကလေးတွေအလွယ်စားနိုင်တဲ့ အဆင်သင့်အစာတွေ ဝယ်လို့လွယ်တယ်။ ကိုယ်တိုင်လုပ်ရတာလည်း မခက်ပါ။ ကူးစက်ရောဂါ ရှိ မရှိ မသိလို့ ယေဘုယျပြောရရင် မသင့်ပါ။ ဆားကတော့ အနေတော်လိုတယ်။ ရေကို ဆဲလ် ခေါ် အသေးဆုံးအစိတ်အပိုင်းလေးတွေထဲဝင်ဘို့ ဆားအနေတော်လိုတယ်။ ဝ့၉% လိုတယ်။

၃။ ဆရာရှင့် ကျမသမီးလေးက တနှစ်ပြည့်ပြီးပါပြီ။ မွေးစက လေးပေါင်ကျော်ပဲရှိပြီး နဲနဲညှက်ပါတယ်ဆရာ။ ခု တနှစ်တောင် ၁၈ ပေါင်ပဲ ရှိပါတယ်။ သိချင်တာလေး ရှိလို့ပါ ဆရာ။ သမီးလေးက ခုနဲနဲ လှုပ်လှုပ်ရှားရှားနေတဲ့ အရွယ်လဲရောက်ရော အငြိမ်လဲတစက်မှမနေသလို အသားလေးတွေက ပျော့နေလို့ပါဆရာ။ ကျွေးတာကလဲ အသားဆို ကြက်သားနဲ့ငါးပဲ ကျွေးလို့များ ဖြစ်သလားလို့ပါ။ တခြားအသားတေရော ကျွေးလို့ရပါသလားရှင်။ အစားတော့စားပေမဲ့ လူလဲ မဖွံ့ အသားလေးတွေပါ မတင်းလို့ပါ။ အားဆေးကတော့ nutroplex တိုက်ပါတယ် ဆရာ။ ကျမကို ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်ရှင့်။

မေးခွန်းကို သတ်ပုံပြင်လိုက်။ ဆောရီး။ အသား + ပဲ + အသီးအရွက်ကို လူကြီးတွေစားသလို ကျွေးနိုင်။

၎။ ဆရာရှင့် သမီးလေးကို ကိုယ်တိုင်လုပ်မကျွေးဖြစ်ပဲ ဖြည့်စွက်စာအဖြစ် Nestel တို့ Ninolac တို့ကိုပဲ ပါဝင်ပစ္စည်းအစုံ တိုက်ကျွေးနေရင် လုံလောက်ပါ့မလားဆရာ။ ဖြေပေးပါဆရာရှင့်။

၅။ ဆရာရှင့် အများအားဖြင့် ကလေးငယ်တွေကို ၆ လပြည့်မှ ဖြည့်စွက်စာ ကျွေးရမယ်လို့ သိထားတယ်။ ဒါပေမယ့် ကျမသားလေးကို ၄ လပြည့်ပြီး၊ နေမကောင်းလို့ ဆေးခန်းသွားပြတော့ ကလေးအထူးကုက ဖြည့်စွက်စာကျွေးလို့ရပြီလို့ ပြောပါတယ်ရှင့်။ ကျမလည်း nestle ကလေးအဟာရမှုန့် ကျွေးနေပါတယ်ဒေါက်တာ။ အဲ့ဒါ ဘယ်လိုနားလည်ရမလဲဆိုတာ ရှင်းပြပေးပါရှင့်။ ဘာတွေဖြစ်နိုင်သလဲလို့လည်း သိချင်ပါတယ်ဆရာ။

ကလေးအတွက် ဖြည့်စွက်စာ မေးလာသူတွေ မနည်းပါ။ ကလေးဆေးပညာလိုရေးရင် ဖတ်ရတဲ့သူအတွက် ခက်နေမှာမို့ ရိုးရိုးရှင်းရှင်းသာ ရေးပါရစေ။ အစဉ်အလာ ဆရာဝန်တွေသင်ခဲ့တာက ကလေးတွေကို ၄-၆ လကစပြီး ဖြည့်စွက်စာကျွေး၊ ၁ နှစ်၊ ၁ နှစ်ခွဲရှိလာရင် နို့ဖြတ်။ နောက် နောက်ကိုယ်ဝန် ရှိလာရင်လဲ နို့ဖြတ်။ နို့မဖြတ်ခင်မှာ မိခင်နို့လဲတိုက်ပါ၊ ဖြည့်စွက်စာလည်း ကျွေးပါ။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။

ဘယ်လိုအစာကျွေးပါဆိုတာ ယေဘုယျပြောရရင် လူကြီးစားတာထဲက မမာတာ နဲ့ မစပ်တာတွေအကုန်ဖြစ်ပါတယ်။ သွားမပေါက်ခင် တခါတည်းမြိုချနိုင်တာကို ကျွေးရပါမယ်။ အသား-ငါး၊ အသီး-အရွက်၊ ပဲ၊ ထမင်း။ ဆီနည်းနည်းပါပါစေ။ ဝါးစရာ မလိုလောက်အောင် ပျော့တာ၊ နူးတာလုပ်ပြီး ကျွေးနိုင်ပါတယ်။ ဟင်းရည်၊ ပဲဟင်းရည် တိုက်နိုင်တယ်။ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စတာတွေ ကျွေးနိုင်တယ်။ အဆင်သင့်လုပ် ကလေးစာတွေလည်း ရပါတယ်။

ကလေးတွေလည်း လူကြီးတွေလိုဘဲ အကြိုက်ဆိုတာ ရွေးမယ်။ အသီးဖျော်ရည်ကို အိမ်မှာလုပ်တာ ကောင်းတယ်။ ဆိုင်က အသင့်လုပ်တွေ အဆင်ပြေတာ သုံးနိုင်ပါတယ်။ ဂျန့်ဖုဒ် ခေါ်တဲ့ အသင့်ထုပ်ပိုးပြီး ခေတ်ပေါ်အစာတွေ ရှောင်ပါ။ အိမ်မှာ လူကြီးထမင်းဝိုင်းက ကလေးနဲ့ မပူမစပ်တဲ့ ဟင်းအရည်ကို တိုက်နိုင်တယ်။ အသီးအနှံထဲကလဲ ဝါးစရာမလိုတာကို သေးသေးလေးတွေလုပ်ပြီး ကျွေးနိုင်ပါတယ်။ ကလေးဆိုတာ တနေ့မှာ အကြိမ်များများ၊ တခါမှာနည်းနည်း ကျွေးရမယ်။ ကြက်ဥ၊ အာလူး၊ ပဲ၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ သင်္ဘောသီး စတာတွေ ရပါပြီ။ ပျားရည်ကတော့ သတိထားစရာရှိတယ်။ စာတပုဒ်ရေးထားပါတယ်။ ကြက်ဥအစိမ်းတော့ မသင့်ပါ။

အသက်တနှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလိုဘဲ နွားနို့၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သွားရည်စာများရင် ပင်မအစား ထမင်းနည်းတတ်တယ်။ နွားနို့ကို နိုင်ငံတွေမှာ ရောင်းချပုံမတူကြပါ။ ကျန်းမာရေးနဲ့ညီတာ စံသတ်မှတ်ချက်နဲ့အညီသာရောင်းချရတဲ့ဆီမှာတော့ ထူးပြောစရာမရှိပါ။ မြန်မာပြည်မှာတော့ ပြောစရာတွေ များလွန်းတဲ့အထဲမှာ နွားနို့လဲပါတယ်။ နွားကနေကူးစက်တဲ့တီဘီဆိုတာရှိလို့ နွားနို့ကို ပါချာရိုက်စ် ခေါ်တဲ့ သတ်မှတ်ထားတဲ့အပူချိန်အထိပေးထားတာကိုသာ ရောင်းချခွင့်ရှိတယ်။ နွားနို့ကို 165° F ရောက်အောင်အပူပေးပါ။ ၁၅ စက္ကန့်ကြာအပူပေးရင် ပါစချာရိုက်စ်နွားနို့ရပြီ။ ကလေးတိုက်ဘို့ဆိုရင် လူကြီးတွေလို အဆီထုတ်နေစရာမလိုပါ။ ဖူးလ်ခရင်မ်ခေါ်တာလည်းရတယ်။

ချောကလက်လည်း ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားသတိထားရမယ်။ အချိုစာတွေထဲမှာပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ယံကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းလျှက်၊ ချောကလက်၊ အိုက်စ်ခရင်မ်၊ အချိုရည်။

ကလေးဉာဏ်ကောင်းဘို့ဆိုတာ ဆေးမရှိပါ။ အစာအာဟာရက သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

ကလေး အားဆေးဆိုတာ အခြေခံက ဗီတာမင်ဘီအုပ်စုဖြစ်တယ်။ သွားပေါက်ချိန်မို့ ကယ်လ်စီယမ်ပါပေးနိုင်တယ်။ အားဆေးတွေကို နာမည်အမျိုးမျိုးနဲ့ နေရာတကာဝယ်လို့ရတယ်။ ဈေးကြီးတိုင်း ပိုကောင်းမယ် မဟုတ်ပါ။ နာမည်ရတဲ့ ကုမ္ပဏီကနေ ထုတ်တာဆိုရင် ပြီးတာပါဘဲ။ အားဆေးတိုက်တာ အစာစားပြီချိန် ကောင်းပါတယ်။ လူကြီးတွေလို တနေ့ ၂ ကြိမ်၊ မနက်-ညနေ တိုက်နိုင်ပါတယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုကောင်းတယ်မထင်ပါ။

တချို့မိဘတွေက တမျိုးမျိုးကျွေးပြီး တခုခုဖြစ်ရင် ကျွေးလိုက်တာနဲ့ မတည့်ဘူးလို့ တထစ်ချမှတ်တတ်ကြတယ်။ မမှန်ပါ။ မတည့်ဘူးဆိုတာ ရှားလွန်းပါတယ်။ မတည့်တဲ့လက္ခဏာတွေ သပ်သပ်ရှိပါတယ်။ အလာဂျီနဲ့ အစာအဆိပ်သင့်ခြင်း လက္ခဏာတွေဖြစ်တယ်။ ဝမ်းပျက်ရင် အဲဒီတနပ်မှာ ဝမ်းပျက်စေတာ ပါသွားလို့ဖြစ်မယ်။ မကျွေးပဲထားရင် ကလေးရဲ့ အစာချေလမ်းက အဲလိုအစားအသောက်မျိုးကို ကျေချက်ဘို့ ချက်ချင်းမလုပ်တတ်တော့ပဲဖြစ်သွားမယ်။ ကျင့်ယူနေရလိမ့်မယ်။ လက်တို့စ်ခေါ်နို့မှန်သမျှထဲမှာပါတဲ့ သကြားဓါတ်နဲ့မတည့်သူတွေကို မိခင်နို့၊ နွားနို့၊ နို့မှုံ့ အကုန်ရှောင်ပြီး လက်တို့စ်ဖရီးနို့မှုံ့ကိုသာတိုက်ရမယ်။ ပဲကနေထုတ်တာဖြစ်တယ်။

အစာလမ်းကနေ ကူးစက်ရောဂါတွေကို ရှောင်ဘို့သာ အရေးကြီးပါတယ်။ ဝမ်းပျက်၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ အသည်းရောင် အေ၊ စတာတွေဖြစ်ပါတယ်။ ဒါတွေအားလုံးဟာလဲ အပူလုံလောက်အောင်ပေးတာနဲ့ ပိုးတွေက သေကြတယ်။ မီးပေါ်မတင်ရတဲ့အစားတွေကို ပိုဂရုစိုက်ပါ။ ယင်၊ ပိုးဟပ်၊ ကြွက်တွေရန်က ရှောင်ပါ။ ပုလင်း၊ ဇွန်း၊ ပန်းကန်၊ အိုး၊ ခွက်၊ ဒယ်တွေကို သန့်ပါစေ။ ကာကွယ်ဆေးတွေ စနစ်တကျထိုးပါလေ။

တိုးတက်တဲ့တိုင်းပြည်တွေမှာတော့ ကလေးငယ်လေးတွေအတွက် အစားအစာအမျိုးစုံကို အဆင်သင့်လုပ်ထားတာတွေ အမျိုးမျိုးရနိုင်တယ်။ ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းဖူး၊ ဘာလီစေ့ အသီးအနှံတွေနဲ့လုပ်ထားတယ်။ ဆီရီရယ်ခေါ် မနက်စာကိုလည်း သုံးနိုင်ကြပါတယ်။ မြန်မာပြည်မှာ အဆင်သင့်လုပ်ထားတဲ့ ဆီရီရယ်မနက်စာ ရနေပြီလို့သိရတယ်။ ကောင်းပါမယ်။

Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2017/05/supplementary-foods.html
Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html

Credit to ဒေါက်တာ ဆရာဦးတင့်ဆွေ

07/01/2018
28/12/2017
Amenorrhea ရာသီမလာခြင်း (ကန်တော့ပါ)၁။ အသက် ၁၉ မ၊ ၂လကျော်ပါပြီ။ အပျို၊ ရည်းစားမရှိပါ။ ဓမ္မတာမလာတာ နှစ်လကျော်ပါပြီဆရာ။ အဲ့ဒ...
23/12/2017

Amenorrhea ရာသီမလာခြင်း

(ကန်တော့ပါ)

၁။ အသက် ၁၉ မ၊ ၂လကျော်ပါပြီ။ အပျို၊ ရည်းစားမရှိပါ။ ဓမ္မတာမလာတာ နှစ်လကျော်ပါပြီဆရာ။ အဲ့ဒါ ဘယ်လိုလုပ်သင့်လည်း ပြောပြပါ။

၂။ ဆရာကျွန်မအသက်က ၃၅ ပါ။ အိမ်ထောင်ကျတာ ၈ နှစ်ရှိပါပြီဆရာ။ ကလေးမရှိပါ။ ၂ဝ၁ဝ ကနေ၂ဝ၁၂ လောက်ထိ မာဘလွန်၂၈ သောက်ပါတယ်ဆရာ။ ၂ဝ၁၃ လောက်ကစပြီး မသောက်တော့ပါ။ မသောက်တော့သည့်လမှစပြီး ရာသီမလာတာ ခုထိပါဆရာ။ ကျန်ခဲ့တဲ့ ၆ လလောက်က မာဘလွန် ပြန်သောက်တော့ ပြန်လာပါတယ်ဆရာ။ အဲဒိနောက်ပိုင်း မသောက်တော့ မလာတော့ပါဘူးဆရာ။ ဆေးခန်းတခေါက်ပြဖူးပါတယ်ဆရာ scan လဲဖတ်ပါတယ်ဆရာ။ ဗိုက်ထဲမှာတော့ အလုံးတို့ဘာတို့မရှိဘူး ပြောပါတယ်။ ဆေးပေးပါတယ်ဆရာ သောက်လို့ကုန်တဲ့အထိ ရာသီမလာပါဘူးဆရာ။ နောက်တခေါက် မသွားတော့ပါဆရာ။့ မှာက ဆေးခန်းတခေါက်သွားတာ၂၅ဝ ကျော်ကျလို့ပါ ဆရာ။ ဘာဆေးများ ဝယ်သောက်ရမလဲဆရာ။ စိုးရိမ်စရာရှိပါသလားဆရာ။

၃။ ကျွန်မ တားဆေးကို နှစ်နှစ်ခန့်သောက်ခဲ့ပြီးနောက် ဆေးကို ရပ်လိုက်ပါတယ်။ သောက်လက်စ ဆေးကဒ်အကုန် ရာသီလာအပြီးမှာ နောက်တစ်ကဒ် မသောက်တော့ဘဲ ရပ်လိုက်တာပါ။ အခု တစ်လနေတော့ ရာသီလာရမယ့် အချိန်မှာ မလာဘဲဖြစ်နေပါတယ်။ ရက်ကျော်တာ (၇) ရက်ရှိပါပြီ။ Test နဲ့ စစ်ကြည့်တော့လည်း Negative ဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဆေးခန်း သွားဖို့လိုမလား။ လမမှန်ရင် ကလေးရောရနိုင်ပါ့မလား သိချင်ပါတယ်။

၎။ ကျမညီမလေး၊ အသက် ၃ဝ၊ အပျို၊ ရာသီမလာတာကြာနေလို့ (့) ကို သွားကုတာ၊ တားဆေး သောက်ခိုင်းတယ်။ သောက်နေတုံးမှာ လာတယ်။ မသောက်တော့ မလာတော့ပြန်ဘူး။

ရာသီထိန်တာ ရာသီမလာတာ ရောဂါ မဟုတ်ပါ။ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ရာသီမလာစေတဲ့ အခြေခံ တခုခုရှိမယ်။ ရာသီမလာခြင်း (၂) မျိုးရှိတယ်။
၁။ Primary Amenorrhea မွေးကတည်းက ရာသီမလာတာ နဲ့
၂။ Secondary amenorrhea အရင်ကလာဘူးပြီး နောက်မှာမလာတာ၊

၁။ မွေးကတည်းက ရာသီတခါမှ မလာသေးခြင်း
မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီတခါမှ မလာတာကို ခေါ်တယ်။ အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ်။ လူကသိပ်ပိန်နေသူတွေ၊ အားကစား ပြင်းပြင်းထံထံ လုပ်သူတွေ၊ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘားကစားတဲ့ မိန်းကလေးတွေမှာ ရာသီလာတာ နောက်ကျတတ်တယ်။

အဲဒါတွေ မဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။
• မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ Vaginal septum ဗဂျိုင်းနား အခန်း ၂ ကန့်ဖြစ်နေတာ နဲ့ Imperforate h***n အပျိုမှေး ပိတ်နေတာ။
• Hypothalamic Problems and Pituitary Disease ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ (ဟိုက်ပိုသဲလ်မတ်စ်) ရောဂါ၊
• Ovulation Abnormality မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊
• အဝလွန်တာ၊ လည်ပင်းကြီးနဲ့ဆိုင်တဲ့ (Hypothyroidism ဟော်မုန်းနည်းတာ၊ Hyperthyroidism ဟော်မုန်းများတာ)။
• Turner’s syndrome လိင် (ခရိုမိုဇုမ်း) ရောဂါဖြစ်နေတာ၊ (ခေါင်းကိုက်၊ နို့ရည်ထွက်၊ လူက ပိုဝလာ၊ ဝက်ခြံပေါက်၊ လိင်စိတ်ပြောင်းလဲ၊ စကားသံ နိမ့်လာ၊ မျက်နှာမှာ အမွှေး ပိုပေါက်၊ မျက်စိကြည့်ရ မကောင်း ဖြစ်လာတာတွေရှိမယ်။)

၂။ အရင်က လာပြီးနောက်မှ ရာသီမလာခြင်း
• ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားရမယ်။
• သွေးဆုံးချိန်စောတာလဲ ထည့်တွက်ရမယ်။
• တချို့ သန္ဓေတားဆေး-တားနည်းတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။
• Busulfan, Chemotherapy, Chlorambucil, Cyclophosphamide, Phenothiazines ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။

• ဘဝလူနေမှုပုံစံကြောင့် ဖြစ်နိုင်တာတွေလဲ ရှိတယ်။
- စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်၊ ကလေးနို့တိုက်နေချိန်၊
- ကိုယ်လက် လှုတ်ရှားမှု သိပ်များနေသူ။ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊
- အစာအာဟာရ ချို့တဲ့သူ၊ အဆီ 15% - 17% body ထက်နည်းနေသူ၊
- ချက်ချင်း ပိန်ကျသွားသူတွေမှာ ပိုဖြစ်လာနိုင်တယ်။

အခြေခံရောဂါရှိသူတွေဆိုရင် -
1. O***y မျိုးဥအိမ်ကြောင့် ၄ဝ%၊ Polycystic o***y syndrome (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေ ရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ ကိုယ်မွှေးတွေပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)။

2. Hypothalamus (ဟိုက်ပိုသဲလမတ်စ်) ကြောင့် ၃၅%၊

3. Pituitary (ပစ်ကျူထရီ) ကြောင့် ၁၉%၊

4. Uterus သားအိမ်ကြောင့် ၅%၊ Uterine scarring (Asherman's syndrome) ကိုယ်ဝန်ပျက်-ဖျက်လို့ သားအိမ်ခြစ်ရာကနေ သားအိမ်ထဲ အမာရွတ်၊

5. တခြားအကြောင်းတွေကြောင့် ၁% ဖြစ်တာတွေ့ရတယ်။

ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာ၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာ လုပ်တယ်။
• Pregnancy test ကိုယ်ဝန်ရှိ-မရှိ စစ်သင့်တယ်။
• Blood tests သွေးထဲက ဟော်မုန်းအခြေအနေတွေကို စစ်မယ်။ Estradiol, Follicle stimulating hormone (FSH), Luteinizing hormone (LH), Prolactin, Testosterone နဲ့ Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။
• Thyroid function test လည်ပင်းကြီး-ဟော်မုန်း အခြေအနေတွေကိုလဲ စစ်မယ်။ (TSH) များနေရင် Hypothyroidism ဟော်မုန်းနည်းရောဂါ ဖြစ်နေမယ်၊
• O***y function test မျိုးဥအိမ်အလုပ် စစ်ဆေးခြင်း၊
• Pelvic ultrasound တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။ CT scan of the head, MRI of the head ဦးခေါင်းကိုရိုက်တာတွေ၊ Endometrial biopsy သားအိမ်အတွင်းသားစ ထုတ်ပြီးစစ်ဆေးတာ၊ Hysteroscopy သားအိမ်ထဲကို ကရိယာနဲ့ကြည့်တာနဲ့ Genetic testing မျိုးဗီဇစစ်တာတွေလဲ လိုရင်စစ်မယ်။

ရာသီလာမမှန်တာ အမျိုးသမီး ၃ဝ% လောက်မှာ ဖြစ်တယ်။ ရာသီ မမှန်ဘူးဆိုယုံနဲ့မပြီးပါ။ ရာသီမလာတာ၊ စောတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေ အားလုံးကို မမှန်စာရင်း သွင်းတယ်။ ရာသီမှန်ဘို့ရာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ မှန်ရမယ်။ ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)၊ (ပစ်ကျူထရီ-ဂလင်း) နဲ့ မ-မျိုးဥအိမ်အင်္ဂါတွေ ကောင်းနေရမယ်။

ရေရှည်မှာ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေးမရနိုင်တာ နဲ့ Osteoporosis အရိုး အားနည်းတာတွေ ဖြစ်တယ်။ ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ရာသီမလာသလဲ သိရင် ကုသပေးနိုင်တယ်။

ရောဂါအဆန်းအပြားတွေ ထည့်ရေးရပေမဲ့ အများဆုံးဖြစ်တာတွေကို ရွေးထုတ်ပါမယ်။
1. ကိုယ်ဝန်ရှိခြင်း၊
2. စိတ်ဖိအား များခြင်း၊
3. အစားအသောက် နည်းလွန်းခြင်း၊
4. ကိုယ်လက်လေ့ကျင့်ခန်း များလွန်းခြင်း၊
5. အပျိုဖြစ်စကာလ၊
6. သွေးဆုံးစောခြင်း နဲ့
7. ဟော်မုန်းပါ တားဆေးတွေ ဖြစ်တယ်။

အလွယ်ကုသနည်းတွေကတော့ -
• လူနေမှု အကြောင်းခံတွေကို အရင်ပြင်ပါ။ ကိုယ်ဝန်ရှိ-မရှိစစ်ပါ။ အစာအာဟာရ မျှတ လုံလောက်အောင် စားသုံးပါ။ ကိုယ်လက်လှုတ်ရှားမှု အတင့်တင့်အောင်သာ လုပ်ပါ။ စိတ်ဖိအားတွေ စနစ်တကျ လျှော့ချပါ။
• တကယ်လို့ (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း များနေသူဆိုရင် ဟော်မုန်း အစားထိုးကုသနည်း လုပ်ရမယ်။
• Inflammatory Bowel Disease အစာလမ်းရောဂါတခုနဲ့လဲ ရာသီမမှန်တာက ဆက်စပ်နေတတ်တယ်။ လူက ပိန်လာတယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။
• ဟော်မုန်းပါ ကိုယ်ဝန်တားဆေးသုံးပါ။ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကို သုံးရမယ်။ အမေရိကားမှာ ၁့၅ သန်းသော အမျိုးသမီးတွေက တားဆေးကို ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် သုံးနေကြတယ်။ ရာသီလာချိန် နာတာသက်သာဘို့၊ ဝက်ခြံပေါက်တာ သက်သာဘို့၊ ရာသီလ-ရက် မှန်ဘို့အတွက် သုံးကြတာ ဖြစ်တယ်။ Hirsutism ဟော်မုန်းရောဂါ၊ ရာသီလာချိန်မှာ (မိုင်ဂရင်း) ခေါင်းမူးရောဂါ ဖြစ်တတ်တာ နဲ့ Fibroids သားအိမ်-အကျိတ် ရောဂါတွေအတွက်လဲ ပေးတယ်။ တားဆေးကို အပျိုတွေသုံးပေမဲ့ အပျိုရည် မပျက်စေပါ။ ကိုယ်နံ့ကိုလဲ မပြောင်းစေပါ။ Pheromones (ဖီရိုမုန်း) ထုတ်မပေးလို့ လိင်ဆွဲဆောင်မှုကိုလဲ မကဲစေပါ။ လိင်စိတ်ပိုတာလဲ မဖြစ်ပါ။
• Polycystic O***y Syndrome က မျိုးဥပိမ်မှာ အကျတ်ကလေးတွေရှိနေတာ အဖြစ်မနည်းလှပါ။ စာတပုဒ် ရေးထားပါတယ်။

credit Dr. တင့်ဆွေ

21/12/2017

Address

Thingangyun
Yangon
11071

Telephone

+959979527243

Website

Alerts

Be the first to know and let us send you an email when Health & Beauty Knowledge Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram