Mommy’s Wilson

Mommy’s Wilson We are providing the BEST quality Japan Health Cosmetic and Supplements products and excellent servi

ဟိုတခါက ကလေးပစ္စည်းတွေ လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ သွားပြီးမရောက်ဖြစ်လိုက်တဲ့ အသုတ်ထဲက ပစ္စည်းလေးတွေ...
17/09/2022

ဟိုတခါက ကလေးပစ္စည်းတွေ လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ သွားပြီးမရောက်ဖြစ်လိုက်တဲ့ အသုတ်ထဲက ပစ္စည်းလေးတွေပါ

လမ်းခရီးက ဘာမှန်းမသိ အခြေအနေမသေချာလိုလဲ Japan ပစ္စည်းတွေထဲက စိုက်ခြင်းစိုက် ငါပဲ စိုက်ထားမယ် သူများကိုတော့ မျက်နှာမပူချင်ဘူးဆိုပြီး ဘယ်ပစ္စည်းမှ Deposit ကြိုမယူတော့တာပါ

ဒီဘက်မှာ ငွေကြိုမကောက်ထားပေမယ့် တခြားတဖက်မှာတော့ Deposit ကြိုတင်ပြီးမှ မှာခဲ့ရတာပါ

ပြသာနာတွေဖြစ်တော့ သူတို့ဘက်ကလဲ ပိုက်ဆံပြန်မပေးနိုင် ပစ္စည်းဆိုရင်တော့ စောင့်နိုင်ရင် တဖြည်းဖြည်းထပ်မှာပေးမယ်

ဆိုပေမယ့် ၅ လ ၆ လ လောက်ကြာပြီးတဲ့နောက် ကလေးတွေလဲ ဆိုဒ်တွေပြောင်းကုန်ပြီပေါ့လေ

ဒါကြောင့် အရင်မှာထားတဲ့ သူတွေမပို့ပေးတော့ပါဘူးနော် (ရတာကလဲ အော်ဒါထည့်ပေးရအောင်လဲ မစုံပါဘူး ။ တခါလာတထည်ပါ နှစ်ထည်ပါနဲ့မို့ အော်ဒါစည်းဖို့ အဆင်မပြေတော့လိုပါ

အဆင်မပြေဖြစ်မှူ့အတွက်တောင်းပန်ပါတယ်

တကယ်လို့ လိုချင်တဲ့သူများရှိရင် လွန်ခဲ့တဲ့ ၆လ အရင်စျေးနဲ့ပဲ ပေးပါမယ်နော်

ဆိုဒ်တွေကတော့ ၃ နှစ် ၄ နှစ် ၅နှစ် ( နဲနဲလေးမထွားရင်) ဝတ်လို့ရနိုင်ပါတယ်

မဟုတ်ရင်လဲ အားလုံး ဖိုးဝယ်ဆန်ကြီးဆီ ရောက်တော့မှာပါ 😖

Wilson’s Mommy

KBZPay အသုံးပြုသူများ လိုက်နာရမည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်း ငွေကြေးလွှဲပြောင်းမ...
26/06/2022

KBZPay အသုံးပြုသူများ လိုက်နာရမည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်း ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား ရယူအသုံးပြုကြမည့် လူပုဂ္ဂိုလ်များအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အတိအကျလိုက်နာကြရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ KBZPay Application မှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား တောင်းခံခြင်း သို့မဟုတ် ယင်းအား အသုံးပြုသူကိုယ်စား အခြားသူတစ်ဦးဦးအား အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် အသုံးပြုသူအနေဖြင့် အခါအားလျော်စွာပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကို ဝန်ခံအသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းပင်ဖြစ်သည်။

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ဖော်ပြပါ အဓိပ္ပာယ်အသုံးအနှုန်းများသည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဤနေရာတွင် ရည်ညွှန်းထားသော မည်သည့်စာရွက်စာတမ်းကိုမဆို အသုံးပြုသောအခါတွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်သည်-

၁၊၊၁၊၊ Account ဆိုသည်မှာ အသုံးပြုသူများအား ဘဏ်တွင် ငွေသားများ သိမ်းဆည်းထားရှိနိုင်စေရန် ဘဏ်နှင့်ပြုလုပ်သည့် အစီအစဉ်တစ်ရပ်တစ်ခုကို ဆိုလိုပါသည်။

၁၊၂။ အလုပ်ဖွင့်ရက် ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ် ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။

၁၊၃။ ကိုယ်စားလှယ် ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ ကိုယ်စား ဘဏ်လုပ်ငန်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသကို ကမ္ဘောဇဘဏ်နှင့် သဘောတူညီချက်ရယူကာ လုပ်ဆောင်သည့် ကြားခံဝန်ဆောင်မှု ပေးသူတစ်ဦးဟု ဆိုလိုပါသည်။

၁၊၄။ သဘောတူညီချက် ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသည့် အသုံးပြုသူ စာရင်းသွင်းမှု ပုံစံအပါအဝင် ဤစည်းကမ်းသတ်မှတ်ချက်များဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားချက်နှင့်အညီ အခါအားလျော်စွာ ပြောင်းလဲမည် ဖြစ်ပါသည်။

၁၊၅။ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုလိုသည်။

၁၊၆။ E-Money ဆိုသည်မှာ 'အီလက်ထရောနစ်ငွေကြေး' ဖြစ်ပြီး မြန်မာကျပ်ငွေအားဖြင့် အသုံးပြုသူများ၊ ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် ကမ္ဘောဇဘဏ်တွင် ထားရှိသည့် မိုဘိုင်းငွေကြေး ဖြစ်ပါသည်။

၁၊၇။ အခကြေးငွေ ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသော ဝန်ဆောင်မှုအသုံးပြုမှုအတွက် ကောက်ခံသည့် အခကြေးငွေ၊ ကောက်ခံမှုအားလုံးကို ဆိုလိုပြီး အခကြေးငွေဇယားတွင် ထည့်သွင်းဖော်ပြထားပါသည်။

၁၊၈။ကမ္ဘောဇဘဏ် ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်ကထူထောင်မည့် မည်သည့်ဘဏ်ခွဲမဆိုအပါအဝင် ကမ္ဘောဇဘဏ် လီမိတက် နှင့် ကမ္ဘောဇဘဏ်၏ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။

၁၊၉။ KBZPay ဆိုသည်မှာ KBZPay Application နှင့် ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသည် ကိုယ်စားလှယ်များမှတစ်ဆင့် KBZPay အသုံးပြုသူများအား ကမ္ဘောဇဘဏ်မှကမ်းလှမ်းသော Mobile Financial Services များအားဆိုလိုခြင်းဖြစ်သည်။

၁၊၁၀။ KYC ဆိုသည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့်/သို့ အခြား အခွင့်အာဏာပိုင်များမှ ထုတ်ပြန်ထားသော "သင်၏ ဖောက်သည်ကို သိပါ" ဟူသော မှတ်ပုံတင်ရန် လိုအပ်ချက်များကို ဆိုလိုသည်။

၁၊၁၁။ ကုန်သည် ဆိုသည်မှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ငွေပေးချေမှုများအတွက် မိုဘိုင်းငွေကြေးကို လက်ခံသူများ အွန်လိုင်းကုန်ပစ္စည်း ရောင်းချသူများအပါအဝင် ကို ဆိုလိုပါသည်။

၁၊၁၂။ မိုဘိုင်း ဘဏ္ဍာရေး ဝန်ဆောင်မှု Account သို့မဟုတ် MFS Account ဆိုသည်မှာ ဝန်ဆောင်မှုနှင့် ပတ်သက်၍ Transaction ပြုလုပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ ပေးအပ်ထားသည့် သိမ်းဆည်းမှု တန်ဖိုးတစ်ခုဖြစ်သည်။

၁၊၁၃။မြန်မာကျပ် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင်လှည့်ပတ်သုံးစွဲနေသည့် ငွေကြေးစနစ်ကို ဆိုလိုသည်။

၁၊၁၄။ ကွန်ယက်ဝန်ဆောင်မှုပေးသူ ဆိုသည်မှာ KBZPay အသုံးပြုသူများနှင့် ကမ္ဘောဇဘဏ်တို့အကြား ချိတ်ဆက်၍ ငွေကြေးလွှဲပြောင်းပေးပို့မှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်ရေးနှင့် ဒေတာကွန်ယက် ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေးနှင့် ဒေတာ ဝန်ဆောင်မှုပေးသူများကို ဆိုလိုပါသည်။

၁၊၁၅။Non-registered Services/Over-The-Counter (OTC) ဆိုသည်မှာ အသုံးပြုသူအနေဖြင့် စာရင်းသွင်းးစရာမလိုအပ်သည့် ကမ္ဘောဇဘဏ်မှ ပေးအပ်သည့် ဝန်ဆောင်မှုကို ဆိုလိုပါသည်။

၁၊၁၆။ ငွေလက်ခံသူ ဆိုသည်မှာ ငွေလက်ခံမည့်သူအား ဆိုလိုသည်။

၁၊၁၇။ PIN နံပါတ် သို့မဟုတ် Identity နံပါတ် ဆိုသည်မှာ Transaction များကို စစ်ဆေးရန်နှင့် အတည်ပြုနိုင်ရန် အသုံးပြုသူမှ သတ်မှတ်ထားသော ဂဏန်းများဖြင့် တည်ဆောက်ထားသည့် စကားဝှက်ဖြစ်သည်။

၁၊၁၈။ POS/Agent သို့မဟုတ် Point-of-Sale/Agent ဆိုသည်မှာ KBZPay ကိုယ်စား အသုံးပြုသူများထံသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးရန် ကမ္ဘောဇဘဏ် နှင့် အေးဂျင်စီ စာချုပ်ချုပ်ဆိုထားသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုလိုပါသည်။

၁၊၁၉။ အခကြေးငွေဇယား ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင်သည့် နှင့် ပြောင်းလဲ ထုတ်ပြန်နိုင်သည့် ပမာဏကန့်သတ်ချက်နှင့် အခကြေးငွေ ဖော်ပြပါရှိသော စာရွက်စာတမ်း ကိုဆိုလိုခြင်းဖြစ်သည်။

၁၊၂၀။ ဝန်ဆောင်မှု ဆိုသည်မှာ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများဖြစ်ပြီး အထူးသဖြင့် အီလက်ထရောနစ် terminal များအပါအဝင် မိုဘိုင်းနည်းပညာ အခြေခံအဆောက်အဦများကို အသုံးပြုခြင်းမှတဆင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ငွေပေးခြေမှုများကို ပေးအပ်ခြင်း ဖြစ်သည်။

၁၊၂၁။ SIM ဆိုသည်မှာ Subscriber Identity Module ဖြစ်ပြီး မိုဘိုင်းကွန်ယက်ပေါ်တွင် အသုံးပြုသူအား သုံးစွဲခွင့်ပေးသည့် microchip သုံး စက်ကိရိယာတစ်ခုဖြစ်ပါသည်။

၁၊၂၂။ SMS ဆိုသည်မှာ စာတိုပို့စနစ်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်းများအကြား စာတိုများ အပြန်အလှန် ပေးပို့နိုင်သည့် ဆက်သွယ်ရေး နည်းပညာတစ်ခု ဖြစ်ပါသည်။

၁၊၂၃။ Transaction ဆိုသည်မှာ လက်ကိုင်ဖုန်းကို အသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ပြည်တွင်း/နိုင်ငံတကာသို့ ငွေလွှဲခြင်း၊ ငွေပေးချေမှု ပြုလုပ်ခြင်း၊ ကုန်သည် ငွေပေးချေမှု ပြုလုပ်ခြင်း၊ ငွေစာရင်း စစ်ဆေးခြင်း အစရှိသည်တို့ အပါအဝင် ယင်းတို့သာဖြစ်သည်ဟု ကန့်သတ်ထားခြင်း မရှိသော ဘဏ္ဍာရေး ဆိုင်ရာ သို့ ဘဏ္ဍာရေးနှင့် သက်ဆိုင်ခြင်း မရှိသော စီးပွားရေး လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

၁၊၂၄။ အသုံးပြုသူ သို့မဟုတ် Customer ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ KBZPay ကို အသုံးပြုသည့် သုံးစွဲသူများကို ဆိုလိုပါသည်။

၁၊၂၅။ အတည်ပြုကုဒ် ဆိုသည်မှာ အသုံးပြုသူများမှ KBZPay Application ကို ဖွင့်သည့်အခါ အတည်ပြုကုတ် ပေးပို့ပါကို နှိပ်ပါက စာရင်းသွင်းမည့်ဖုန်းထံသို့ SMS ဖြင့်ရောက်ရှိလာမည့် ဂဏန်း ၆ လုံးဖြစ်ပြီး Application တွင် ထည့်သွင်းအတည်ပြုရမည် ဖြစ်ပါသည်။

၂။ ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဖော်ပြချက်များ

၂၊၁။ ဝန်ဆောင်မှု အကျဉ်းချုပ် ဖော်ပြချက်

KBZPay ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော ကိုယ်စားလှယ်များမှ တစ်ဆင့် အသုံပြုသူများထံ ကိုယ်စားလှယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်သည်။ KBZPay အသုံးပြုသူသည် ယင်း၏ လက်ကိုင်ဖုန်း နှင့်/သို့ ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများ ပြုလုပ်ရယူနိုင်မည် ဖြစ်သည်။

၂၊၂။ လုပ်ငန်းအဆင့်များ၏ နယ်ပယ် သတ်မှတ်ချက်

ဤစည်းမျဉ်းသတ်မှတ်ချက်များ၏ သတ်မှတ်ချက်အောက်တွင် KBZPay သည် အသုံးပြုသူများထံ အောက်ပါ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်မည် ဖြစ်သည်။

၂၊၃။ Account အမျိုးအစားများ

KBZPay သည် အောက်ပါ Account အမျိုးအစား ၃မျိုးကို ဝန်ဆောင်မှုပေးနေပါသည်။

၂၊၃၊၁။ အဆင့် ၁ Customer Account - Customer အနေဖြင့် ယင်း၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် KBZPay အသုံးပြုရန် ကိုယ်တိုင် စာရင်းသွင်းနိုင်သည်။

၂၊၃၊၂။ အဆင့် ၁.၅ Customer Account: Customer သည်ဤ Account အမျိုးအစားကို ကမ္ဘောဇဘဏ် KYC မူဝါဒနှင့် အညီ ကိုယ်တိုင်အဆင့်မြှင့်တင်နိုင်သည်။

၂၊၃၊၃။ အဆင့် ၂ Customer Account - Customerသည် ဤ Account အမျိုးအစားကို ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များသို့ ကမ္ဘောဇဘဏ်ခွဲများတွင် နှင့်/သို့ ကမ္ဘောဇဘဏ်မှ အတည်ပြုပေးထားသော အခြား ကိုယ်စားလှယ်များထံတွင် ကမ္ဘောဇဘဏ် KYC မူဝါဒနှင့် အညီ အဆင့်မြှင့်တင်နိုင်သည်။

၂၊၃၊၄။ KBZPay အဆင့် ၁.၅ နှင့် အဆင့် ၂ အသုံးပြုသူ Accountများ- အသုံးပြုသူသည် KBZPay Application ရှိ ကန့်သတ်ချက်များနှင့် အခကြေးငွေဇယားတွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များနှင့်အညီ KBZPay Accountကို ကမ္ဘောဇဘဏ် Accountနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။

၂၊၄။ Transaction အမျိုးအစားများ

KBZPay အသုံးပြုသူများ အနေဖြင့် အောက်ပါ ဝန်ဆောင်မှု အမျိုးအစားများကို အသုံးပြု ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၂၊၄၊၁။ ငွေသွင်းခြင်း

၂၊၄၊၁။ ငွေထုတ်ခြင်း

၂၊၄၊၂။ KBZPay Account, ကမ္ဘောဇဘဏ် Account များ နှင့် အခြား Account များ သို့/မှ ငွေလွှဲခြင်း

၂၊၄၊၃။ ငွေပေးချေခြင်း

၂၊၄၊၅။ အရောင်းကုန်ဆိုင်သို့ ငွေပေးချေခြင်း

၂၊၄၊၆။ ဖုန်းငွေဖြည့်ခြင်း

၃။ အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့၏ တာဝန်ဝတ္တရားများ

၃၊၁။ ကမ္ဘောဇဘဏ်၏ တာဝန်ဝတ္တရားများ

၃၊၁၊၁။ ကမ္ဘောဇဘဏ်သည် ဘဏ်၏ ထိန်းချုပ်နိုင်စွမ်း မရှိသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်ပွားသော ဝန်ဆောင်မှု ပြတ်တောက်ခြင်းများမှ လွဲ၍ ကျန်ရှိသော အချိန်တိုင်းတွင် အသုံးပြုသူမှ KBZPay ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပါမည်။

၃၊၁၊၂။ ငွေကြေးခဝါချခြင်းအား တားဆီးခြင်း၊ အကြမ်းဖက်မှုများ၏ ဘဏ္ဍာရေးအား တန်ပြန်ခြင်း သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားသော အာဏာပိုင်များမှ ပိတ်ပင်ထားသော ငွေစာရင်းများသို့ ငွေလွှဲခြင်း အစရှိသော လုပ်ရပ်များအား တားဆီးရန် ရေးဆွဲထားသော ဥပဒေများ အပါအဝင် အခြားသော ဥပဒေများကို ဖောက်ဖျက်ရန်အတွက် အသုံးပြုသူသည် KBZPay ဝန်ဆောင်မှုကို အသုံးပြုနေခြင်း မရှိကြောင်း သေချာစေနိုင်မည့် လိုအပ်သော ထပ်ပေါင်းအချက်အလက်များကို ရရှိအောင် ကမ္ဘောဇဘဏ်မှ လုပ်ဆောင်ခွင့်ရှိသည်။

၃၊၁၊၃။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူအား ပေးအပ်ထားသော ဝန်ဆောင်မှုများကို လွတ်လပ်စွာ ထပ်ပေါင်းခြင်း၊ ပြောင်းလဲခြင်းနှင့် ရွှေ့ဆိုင်းခြင်း လုပ်ဆောင်ခွင့်ရှိသည်။

၃၊၁၊၄။ ကမ္ဘောဇဘဏ်သည် KBZPay ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများနှင့် Transaction ပမာဏ ကန့်သတ်မှုများကို သတ်မှတ်နိုင်ပြီး သတ်မှတ်ထားသော နှုန်းထားများဖြင့် ကောက်ခံသွားမည် ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများ၊ ကော်မရှင်ကြေးနှင့် Transaction ပမာဏ ကန့်သတ်မှုများကို မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကြိုတင်အကြောင်းကြားချက်မရှိဘဲ ကမ္ဘောဇဘဏ်၏ တစ်ဉီးတည်း ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ပြင်ဆင်ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

၃၊၁၊၅။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် နေ့စဉ် သို့ လစဉ် ကန့်သတ်မှု စုစုပေါင်း Transaction ပမာဏများထက် အသုံးပြုသူ သည် ကျော်လွန်ခြင်း မရှိစေရ။ ကမ္ဘောဇဘဏ်သည် သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်သော Transaction များကို တားဆီးခြင်း (သို့) Transaction ကန့်သတ်မှုကို ကျော်လွန်သော မည်သည့် Transaction အတွက်မဆို Account ပိတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

၃၊၁၊၆။ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူမှ KBZPay Application အသုံးပြုရန် လျှောက်ထားခြင်း ငြင်းပယ်ခြင်း သို့မဟုတ် အသုံးပြုသူအား ဝန်ဆောင်မှုပေးနေခြင်းအား ရပ်ဆိုင်းခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိသည်။

၃၊၁၊၇။ အကယ်၍ Customer သည် KBZPay Account သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်၏ ညွှန်ကြားချက်များကို မလိုက်နာပါက သို့မဟုတ် Customer သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို သော်လည်းကောင်း သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုသော်လည်းကောင်း လိုက်နာခြင်းမရှိပါက ကမ္ဘောဇဘဏ်သည် Customer အား အသိပေးခြင်းမပြုပါဘဲ Customer ၏ KBZ Account နှင့် ဝန်ဆောင်မှုများအား ပိတ်ခြင်း၊ ရုပ်သိမ်းခြင်းတို့ပြုလုပ်နိုင်သည်။

၃၊၁၊၈။ ကမ္ဘောဇဘဏ်သည် အာဏာပိုင်များက အခါအားလျော်စွာ ချမှတ်ထားသော စည်းမျဉ်းများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ KBZPay Accountနှင့် ဝန်ဆောင်မှုပေးခြင်းကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲပိုင်ခွင့်ရှိမည်ဖြစ်သည်။

၃၊၂။ အသုံးပြုသူ၏ တာဝန်ဝတ္တရားများ

၃၊၂၊၁။ အသုံးပြုသူသည် အမျိုးသားမှတ်ပုံတင်ကဒ် (NRC) သို့မဟုတ် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်တရားဝင်အမည်အပြည့်အစုံဖြင့် KBZPay မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်။

၃၊၂၊၂။ KBZPay အပြာရောင် Application အသုံးပြုမှုသည် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး အခြားရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ လူပုဂ္ဂိုလ်အမည်ဖြည့်စွက်ရမည့်နေရာတွင် (အဆင့် 1 အပါအဝင်) လူပုဂ္ဂိုလ်အမည်မဟုတ်သော အမည်နာမများကို ဖြည့်စွက်ထားပါက ထိုဖြည့်စွက်ထားသော အသုံးပြုသူ၏ KBZPay အပြာရောင် Application အသုံးပြုခွင့်အား ကမ္ဘောဇဘဏ်မှ ငြင်းပယ်မည်ဖြစ်သည်။

၃၊၂၊၃။ KBZPay မှတ်ပုံတင်ခြင်းကိုပြုလုပ်ရာတွင် အသုံးပြုသူမှ ပေးသော စာရွက်စာတမ်းများနှင့် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအားလုံးသည် မှန်ကန်၊ တိကျပြီး အသုံးပြုသူ၏ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသော အချက်အလက်များဖြစ်ကြောင်း အသုံးပြုသူမှ ဝန်ခံကတိပြုပါသည်။

၃၊၂၊၄။ အကယ်၍ အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပြောင်းလဲခြင်း သို့ KYC လိုအပ်ချက်များ သို့ အခြား တရားရေး/ဥပဒေကြောင်းလမ်း လိုအပ်ချက်များအရ ကမ္ဘောဇဘဏ်မှ တောင်းခံမှုများ ပြုလုပ်လာပါက အသုံးပြုသူမှ အသစ်ပြင်ဆင်ထားသော ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် အခြားသော ပူးတွဲပါအထောက်အထား စာရွက်စာတမ်းများ ပေးရမည် ဖြစ်သည်။

၃၊၂၊၅။ အသုံးပြုသူများမှ လက်ရှိအသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ပြောင်းလဲလိုခြင်း (သို့) KBZPay Account နှင့် ပတ်သက်သော ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်းအတွက် မိမိကိုယ်တိုင်ပြောင်းလဲခွင့်အားပေးရန် တောင်းဆိုသည့် မည်သည့် တောင်းဆိုမှု များကိုမဆို ခွင့်ပြုပေးမည်မဟုတ်ပါ။ အသုံးပြုသူများသည် KBZPay Call Center သို့ ဆက်သွယ်ပြီး လိုအပ်သည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။

၃၊၂၊၆။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူများကို ယင်းတို့၏ တစ်မျိုးတည်းသာ ရှိသော လက်ကိုင်ဖုန်း နံပါတ်များနှင့် လျှို့ဝှက် PIN နံပါတ် တို့ဖြင့် ခွဲခြားသတ်မှတ်မှု ပြုပါသည်။ Transaction များ အားလုံးသည် လက်ကိုင်ဖုန်း နံပါတ်ဖြင့်သာ စတင်ရသည် ဖြစ်ပြီး Transaction များကို အသုံးပြုသူက ပြုလုပ်သည်ဟု အတည်ပြုပြီး ဖြစ်သည်။ အကယ်၍ အသုံးပြုသူ၏ Transaction PIN/OTP နံပါတ်ရရှိပြီး လက်ကိုင်ဖုန်းနံပါတ်နှင့် မှတ်ပုံတင်ထားသော KBZPay Account အား ဝင်ရောက်အသုံးပြုနိုင်ခွင့် ရရှိခဲ့ပါက ထို Transaction များသည် အသုံးပြုသူ ကိုယ်တိုင် (သို့) ၎င်း၏ အခွင့်ရသူ ပုဂ္ဂိုလ်တစ်ဦးဦးမှ အသုံးပြုခြင်း ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ သုံးပြုသူမှ အတည်ပြုပြီး ဖြစ်သော Transaction တစ်ခုသည် လုပ်ငန်းပြီးမြောက်ပါက ကမ္ဘောဇဘဏ်မှ ပြန်လည် ပြင်ဆင် ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၃၊၂၊၇၊။ အသုံးပြုသူသည် Transaction PIN/OTP အား လျှိုဝှက်ထားရန် လိုအပ်ပြီး လုံခြုံမှုနှင့်မသမာသူများရန်မှ ကာကွယ်ရန်အတွက်အသုံးပြုသူတစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။ အသုံးပြုသူသည် Transaction PIN/ OTP များအား ထုတ်ဖော်ပြောကြားခြင်းကြောင့်သော်လည်းကောင်း၊ တစ်စုံတစ်ဦးမှ တရားမဝင် အသုံးပြုခြင်းကြောင့် သော်လည်းကောင်း၊ မိမိအကောင့်အား လုံခြုံစွာမထိန်းသိမ်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသည့် မည်သည့်အကျိုးဆက်မဆို အသုံးပြုသူ၏ တာဝန်သာဖြစ်သည်။

၃၊၂၊၈။ အသုံးပြုသူသည် အသုံးပြုနေသော လျှို့ဝှက် PIN နံပါတ် အား ကမ္ဘောဇဘဏ်ကို ကိုယ်စားပြုသည်ဟု ဆိုသူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ခြင်း မပြုလုပ်ရ။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူထံမှ သင်၏ လျှို့ဝှက် PIN နံပါတ် ကို မည်သည့်အခါမျှ တောင်းခံမည် မဟုတ်ကြောင်းနှင့် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသည် အသုံးပြုသူ၏ လျှို့ဝှက် PIN နံပါတ် ကို အသုံးပြုသူအား မေးမြန်းမည်မဟုတ်ကြောင်း အသုံးပြုသူမှ သိရှိပြီးဖြစ်ပါသည်။

၃၊၂၊၉။ အခြားသောငွေကြေးဝန်ဆောင်မှုစနစ်များနှင့် KBZPay Account အား အသုံးပြု၍ အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့် ငွေလဲလှယ်မှုများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့အတွက် ကုစားပေးရန် ကမ္ဘောဇဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

၃၊၂၊၁၀။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် ငွေစာရင်းဆိုင်ရာ သတင်းအချက်အလက်များအား တရားရုံးနှင့် အစိုးရအာဏာပိုင်များထံ ပေးရန်လိုအပ်လာပါက ပေးပိုင်ခွင့်ရှိကြောင်း အသုံးပြုသူမှ သိရှိသဘောတူ ပါသည်။

၃၊၂၊၁၁။ Transaction အား ပြုလုပ်ခြင်းမပြုမှီ တဖက်မှငွေလက်ခံရရှိမည့်သူ၏ အချက်အလက်များကို အသုံးပြုသူအနေဖြင့် သေချာစွာစစ်ဆေးရန်လိုအပ်ပြီး ငွေသွင်းငွေထုတ်၊ ငွေလွှဲ၊ငွေပေးချေခြင်းနှင့်ပတ်သက်သည့် အမှားအယွင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ဆုံးရှုံးမှု(သို့) နစ်နာမှုအတွက်မဆို ကမ္ဘောဇဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

၃၊၂၊၁၂။ အခွင့်မရှိသော Transaction များဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုသူသည် ၄င်း၏ လက်ကိုင်ဖုန်း (သို့) SIM ခိုးယူခံရခြင်း/ပျောက်ဆုံးခြင်းများ ဖြစ်ပွားပါက ကမ္ဘောဇဘဏ်မှ အသုံးပြုသူ၏ KBZPay Account အား ယာယီပိတ်ပင်နိုင်ရန်အတွက် အသုံးပြုသူမှ ကမ္ဘောဇဘဏ်ထံ ချက်ချင်းအကြောင်းကြားရပါမည်။

၃၊၂၊၁၃။ အသုံးပြုသူမှ ယင်း၏ KBZPay Account အား အခွင့်မရှိဝင်ရောက်ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ် အသုံးပြုခြင်းများအပါအဝင် လိမ်လည်မှုများလုပ်ဆောင်နေသည်ဟု ယုံကြည်နိုင်ရန် လုံလောက်သော အကြောင်းပြချက် ရှိပါက ယင်းအဖြစ်အပျက်ကို သတင်းပို့ရန် KBZPay Call Center သို့ခေါ်ဆို၍ ချက်ချင်း အကြောင်းကြားရန် လိုအပ်ပါသည်။

၃၊၂၊၁၄။ ကမ္ဘောဇဘဏ်၏တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးပြီးနောက် လိုအပ်နေသည့် သတင်းအချက်အလက်များအား ရရှိနိုင်ရန်အတွက် အသုံးပြုသူမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်အနေဖြင့် စုံစမ်းစစ်ဆေးသည့် နောက်ဆုံးရလဒ်အခြေအနေများကို အသုံးပြုသူအား သက်ဆိုင်ရာဌာနမှတစ်ဆင့် အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

ဆက်လက်ဖော်ပြမည်

Facebook က တရားဝင်ကြေညာလိုက်တဲ့ Policy အသစ်တွေအကြောင်း သိပြီးကြပြီလားကဲ... မနေ့ကပဲ Facebook ရဲ့အလားအလာ ဘာညာ ပြောနေတုန်းရ...
25/06/2022

Facebook က တရားဝင်ကြေညာလိုက်တဲ့ Policy အသစ်တွေအကြောင်း သိပြီးကြပြီလား

ကဲ... မနေ့ကပဲ Facebook ရဲ့အလားအလာ ဘာညာ ပြောနေတုန်းရှိသေး ဇူဇူရက်စက်ပါပြီ။ 😥
page owner တွေအတွက် အကျပ်အတည်းဖြစ်စေမဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကို Facebook က တရားဝင်ကြေညာလိုက်ပြီး ဒီစည်းကမ်းတွေဟာ 26-7-2022 ကနေ စတင်ပါမယ်တဲ့။

သိပ်တော့လည်း စိတ်ညစ်မသွားကြပါနဲ့နော်။
စိတ်ဓာတ်ကျမဲ့သူတွေ ဖြေသိမ့်နိုင်အောင်လို့ ပြောပြရရင် အခုထုတ်ပြန်လိုက်တဲ့ policy တွေအကုန်လုံးက အသစ်တွေချည်းပဲမဟုတ်ဘဲ အရင်ကတည်းက Facebook က ကန့်သတ်ပြီးသားအချက်တွေ တော်တော်များများပြန်ပါပြီးသားမို့လို့ ကျနေတဲ့စိတ်ဓာတ်လေးတွေ ပြန်ကောက်တင်ပြီး ဖတ်ကြည့်ကြပါဦး။

🔸သူများ page ကတင်ထားတဲ့ စာတွေ၊ ပုံတွေ၊ Google တို့ Pinterest တို့က save ထားတဲ့ပုံတွေကို ကူးတင်လို့မရဘူးတဲ့၊ ဒါက အရင်ကတည်းကရှိပြီးသား policy ပါပဲ။ ပိုပြီးတင်းကျပ်လာတာပဲရှိတယ်၊ အရင်က အဲ့လိုကူးတင်တာတွေကို ခွင့်မပြုပေမဲ့ သိပ်မတင်းကျပ်သေးတော့ တခါတလေကူးမိတာ ကံကောင်းရင် လွတ်နိုင်ပေမဲ့ ကံဆိုးရင်တော့ ပယ်ချခံရပါတယ်။ အခုတော့ လုံးဝကိုမရတော့ဘဲ တစ်ခါကူးတစ်ခါပယ်ချတော့မယ်ဆိုတဲ့သဘော။ ကိုယ့် page မှာကိုယ် အရင်ကတင်ဖူးတဲ့ post တွေကို တသွေမတိမ်း ပြန်ကူးမတင်ရဘူးဆိုတာလည်း အရင်ကတည်းကကန့်သတ်ထားပြီးသားပါ။ သို့သော် အနည်းအကျဉ်းလောက်ပြန်တင်တာကိုတော့ သူခွင့်ပြုပါတယ်။ အခုကတော့ သူကြေညာထားတဲ့ ၇လပိုင်း ၂၆ရက်နေ့ကစပြီး လုံးဝခွင့်မပြုတော့ဘူးဆိုတဲ့အတွက် တစ်ခါသုံးပြီးတဲ့ post ကို ၏၊ သည်၊ ၍ မလွဲ ပြန်ကူးတင်လို့မရတော့ပါဘူး။ နည်းနည်းပါးပါးပြောင်းလဲပြီး တင်ရင်တော့ ရနိုင်ပါသေးတယ်။ သူများတင်ထားတဲ့ post ကိုတော့ page မှာ ပြန်ကူးတင်ဖို့မပြောနဲ့ ရှဲတောင်ရှဲလို့မရပါဘူးတဲ့။ ဒီပို့စ်လေးကြိုက်လိုက်တာ page မှာရှဲမယ်လို့တွေးမိရင် အချိန်မီ ဘရိတ်အုပ်ကြပါလို့ 😵

🔸နောက်တစ်ခုက ကိုယ့် page မှာတင်ထားတဲ့ post တွေကို ဂရုတွေမှာရှဲလို့မရဘူးဆိုတဲ့ကိစ္စ။ ဒါလည်းအရင်ကရှိပြီးသား policy ကို ပိုတင်းကျပ်လိုက်တာပါ။ Kay အမြဲတမ်းပြောပါတယ်။ ကိုယ့် page က post တွေကို group ပေါင်းသောင်းခြောက်ထောင်ရှဲတာကို Facebook က မကြိုက်ပါဘူး။ သို့သော် အတိုင်းအတာတစ်ခုထိတော့ ခွင့်ပြုထားပါတယ်။ မတရားသဖြင့် group တွေအများကြီးကို ခဏခဏရှဲနေမှသာ page quality ထိတတ်တာပါ။ အခုတော့ group တွေမပြောနဲ့ ကိုယ့် acc မှာတောင် မရှဲရဘူးတဲ့ 🤧။ နည်းနည်းများသွားပြီ 😒

အသစ်တိုးတာတွေကတော့
🔸Content တွေကို ပိဋကတ်သုံးပုံလို အရှည်ကြီးတွေရေးပြီး တင်ခွင့်မပြုတော့ပါဘူး 😵။ ဒီလောက်ကတော့ သိပ်ကိစ္စမရှိဘူးထင်တာပဲ။ ကိုယ်တွေလည်း စာအရှည်ကြီးတွေရေးဖို့ပျင်းသလို ဖတ်တဲ့သူတွေလည်း စာရှည်ရင် မဖတ်မှန်းသိတော့ တိုတိုတုတ်တုတ်ပဲ ဆော်ကြရုံပေါ့။ ဒီပို့စ်ရှည်တာတော့ လာမပြောနဲ့နော်။ ဒါက ရှည်ကိုရှည်ရမဲ့ post မို့လို့ရယ် 🥺
(Content Writer လက်သစ်လေးတွေတော့ သတိထားကြပါ။ ကိုယ်တွေလည်း Writer ပေါက်စဘဝတုန်းက Content တစ်ပုဒ်ရေးရင် ပြောချင်တာ ရေးချင်တာတွေများပြီး အရှည်ကြီးတွေဖြစ်ဖြစ်သွားတတ်တယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိမိအောင် မချုံ့တတ်သေးဘူးလေ။ အခုတော့ စာအရေးအသားကောင်းဖို့အပြင် ကျစ်လျစ်ပြီး လိုရင်းရောက်ဖို့၊ အဓိကကျတဲ့အချက်တွေကို ရွေးထုတ်တတ်ဖို့ များများလေ့ကျင့်ကြပါတော့နော်။)

🔸Live လွှင့်နေတုန်း youtube ကသီချင်းတွေ tiktok ကသီချင်းတွေ လုံးဝမဖွင့်ရတော့ပါဘူး။ အရင်ကလည်း Live ထဲမှာ နိုင်ငံခြားသီချင်းတွေဖွင့်ထားမိရင် copyright ငြိပြီးဖျက်ချခံရပါတယ်။ အခုက youtube ကသီချင်းအကုန်ပါမဲ့သဘောမှာရှိတယ်။ ပြီးတော့ tiktok သီချင်းတွေမဖွင့်ရဘူးဆိုတော့ tiktok marketing ကို facebook နဲ့ချိတ်ဆက်ပြီးလုပ်နေတဲ့ page တွေ ထိပါပြီ။ 😕

🔸တင်လိုက်တဲ့ post တွေထဲမှာ link တွေမထည့်ရတော့ဘူးတဲ့။ ရှိသမျှ Facebook link, website link, youtube link တွေအကုန်ပါပါတယ်။ "Promotion လေးရှိတယ်နော် ဒီ link ကိုသွားကြည့်ပါ" တို့၊ "link ထဲဝင်ပြီး page ကို like & follow လုပ်ပေးကြပါဦး" တို့ Link ချပေးပြီးကြော်ငြာလို့ မရတော့ပါဘူး။ 😖

🔸 ဘယ်လောက်တောင်ဆိုးလဲဆိုတော့ ကိုယ့် page မှာ video တင်တယ်ဆိုရင် အဲဒီ video ကို ကိုယ်တိုင်ဝင်ကြည့်လို့မရဘူးတဲ့ဗျာ။ ကဲ... ကိုယ်ရိုက်ထားတဲ့/editထားတဲ့ video လေးကို တစိမ့်စိမ့်ပြန်ကြည့်တတ်တဲ့ ကိုယ်တွေဆိုရင် အဲ့မှာထိပါပြီ 🤧။ တစိမ့်စိမ့်ကြည့်ချင်ရင် page က video ကိုမကြည့်ဘဲ ကိုယ့်ဖုန်းထဲက video လေးကိုပဲ ပြန်ကြည့်ရတော့မဲ့အဖြစ်။ video တင်ရင်လည်း 10mins ထက်နည်းတဲ့ video တွေ တင်လို့မရဘူးလို့လည်းတွေ့ပါတယ်။ အဲဒါတော့သေချာမသိသေးဘူး။ တကယ်သာဟုတ်ရင် Video viwer တွေ ကျလာနိုင်ပါတယ်။ 10min နဲ့အထက် video အရှည်ကြီးတွေ ဘယ်သူကကြည့်ချင်မလဲနော်။ bill လည်းကုန်သေး 😫။ Video တင်ဖို့ ဒီတိုင်းပစ္စည်းတွေရိုက်တင်တာမဟုတ်ဘဲ Video Content ကောင်းကောင်းလေးနဲ့ အဆုံးထိကြည့်ချင်အောင် ဆွဲခေါ်ပြီးတင်မှ ကြည့်မယ့်သူရှိတော့မှာ။ ☹️

ကဲ... page admin တွေ တူတူဖက်ငိုကြမလား 🥺
ဘယ်လိုပဲဖြစ်ဖြစ် ဒီ Facebook ကြီးကို ဆက်ပြီးသုံးနေရဦးမှာပဲဆိုတော့ နိုင်ငံကြီးသားပီသစွာ စည်းကမ်းလိုက်နာပြီး ရသလောက်တော့ ဆက် run ကြမယ်လေနော်။ ရှေ့သို့လှမ်းချီ ကုန်ပါပြီ မဖြစ်ရအောင် ပေါ်လစီလေးတွေတော့ သတိထားကြပေါ့... အသစ်တိုးတာတွေရှိရင်လည်း ထပ်ပြီးဝေမျှပေးသွားမယ်နော် 🥺 ဖိုက်တိုး အဲဗီးဝမ်း 💪

အလုပ်ကို ချစ်လို့ လုပ်ပါလုပ်ချင်လို့ကို လုပ်ပါမလုပ်ရရင် မနေနိုင်လို့ လုပ်ပါ သင်သည်လည်း ကျနုပ်လို့ ပင်ပန်းဇာတာပါလို့ဖြစ်ပ...
29/05/2022

အလုပ်ကို ချစ်လို့ လုပ်ပါ
လုပ်ချင်လို့ကို လုပ်ပါ
မလုပ်ရရင် မနေနိုင်လို့ လုပ်ပါ
သင်သည်လည်း ကျနုပ်လို့ ပင်ပန်းဇာတာပါလို့ဖြစ်ပါလိမ့်မည် 🥴🥴🥴

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ********************************* #ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့ကဆုန...
14/05/2022

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

ကြေငြာချက်အရ လကုန်ဝင်မယ့် ကုန်များ ထပ်ပြီး အချိန်ကြာမြင့်နိုင်ပါသည် ရှင့် 🙏🏽
26/03/2022

ကြေငြာချက်အရ လကုန်ဝင်မယ့် ကုန်များ ထပ်ပြီး အချိန်ကြာမြင့်နိုင်ပါသည် ရှင့် 🙏🏽

မှာကုန်တွေက မရောက် ကြာလွန်းတော့ ကျမရဲ့ နောက်ထပ် စီးပွါးရေး အသစ်ကတော့ ဆီဆိုင်ရှေ့မှာ သွေးကျဆေး ရောင်းမှာပါ အားပေး ကြအုန်း...
07/03/2022

မှာကုန်တွေက မရောက် ကြာလွန်းတော့ ကျမရဲ့ နောက်ထပ် စီးပွါးရေး အသစ်ကတော့ ဆီဆိုင်ရှေ့မှာ သွေးကျဆေး ရောင်းမှာပါ အားပေး ကြအုန်းနော် 🤷🏻‍♀️

05/03/2022
အသားအေးအေးလေးတွေအို့ မီးမီးလေးတို့ တကယ်ကို ဝတ်ရ သက်တောင့်သက်သာလဖြစ်ဲ စတေကာ အရုပ်မျိူးစုံ ပုံစံမျိုးစုံလေးနဲ့ အရမ်းကို ကိ...
04/03/2022

အသားအေးအေးလေးတွေအို့ မီးမီးလေးတို့ တကယ်ကို ဝတ်ရ သက်တောင့်သက်သာလဖြစ်ဲ စတေကာ အရုပ်မျိူးစုံ ပုံစံမျိုးစုံလေးနဲ့ အရမ်းကို ကို မိမိုက်စေမှာနော် 👗👗👗

Freeszie ပုံစံမတူ ရမ်းလှပါနော် ❤️

Price 17500 ks

ဒီဇိုင်းမတူဆိုဒ်မတူ အရောင်မတူPost မတူထဲက လည်းရောယူလို့ရပါတယ်

မှာချင်တဲ့ပုံပါတဲ့ပိုစ့်ကိုစျေးကြည့်လို့ ရအောင် screenshort ရိုက်ပို့ပေးပါရှင့်

Top Fan 5%OFF 🌟
Early Birds Promotion 5 OFF % 🌟

Preorder 4-6 weeks

မိမိလိုချင်သော ပုံ ကို လိပ်စာ ဖုန်းနံပါတ် လိုချင်တဲ့ size နဲ့တကွ message box တွင်ပေးပို့ မှာယူနိုင်ပါသည်

ကလေး/လူကြီး အဝတ်အစားများ မှာလိုလျှင် ပေါင်ချိန်နှင့် အရပ်လေးပါပြောပေးနိုင်လျှင်ပိုကောင်းပါတယ်ရှင်

ဖိနပ်များမှာလိုလျှင် ယခုဝတ်နေသောဆိုဒ် သို့ ခြေမ မှ ခြေဖနောင့်ထိ cm ဖြင့်တိုင်းပေးလျှင် ပိုကောင်းပါသည်ရှင့်

မှာပြီး order များ cancel လို့မရပါရှင့် ... customer အသစ်များ 30% deposit 💸 လေးပေးထားရပါမယ်ရှင်

အားပေးတဲ့ customer တယောက်ချင်းစီတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာ လိုရာဆန္ဒ တလုံးတဝ ပြည့်စုံနိုင်ကြပါစေရှင် 🙏🏽

Wilson Mommy Online Shop

ယူတို့ အကျီင်္လေးတွေက တအား ဘိုဆန်ပဲနော် 👗မင်မင်တကယ်ကြိုက်တယ်သိလား ဒီလိုဘိုဆန်ဆန်လေးတွေ တော်ရုံမတွေ့ဘူးရယ် ... ဒီလိုစျေးမ...
03/03/2022

ယူတို့ အကျီင်္လေးတွေက တအား ဘိုဆန်ပဲနော် 👗

မင်မင်တကယ်ကြိုက်တယ်သိလား

ဒီလိုဘိုဆန်ဆန်လေးတွေ တော်ရုံမတွေ့ဘူးရယ် ... ဒီလိုစျေးမျိုးနဲ့ဆိုရင်တော့လုံးဝပဲ ... ဒီစက်ရုံနဲ့မင်မင်လက်တွဲခွင့်ရတာ ဘုရားပေးတဲ့ ကျေးဇူးပါ

ပင်လယ်ရေသောက်မကုန်ပါဘူး ... လုပ်ငန်းတူ လုပ်ငန်းမတူ မည်သူ့အပေါ်မှ မနာလိုဝန်တိုမရှိခဲ့ဖူးပါ ... မင်မင်အပေါ်လဲ မရှိစေချင်ပါဘူး ... အလုပ်သဘောအရ ကြိုးစားနိုင်သူ လုံ့လဝီရိယ ပိုရှိသူသာ ပိုအောင်မြင်စမြဲမို့ ပင်လယ်ရေကို အေးအေးချမ်းချမ်း တူတူသောက်ကြရအောင်ပါ 🙏🏽🙏🏽🙏🏽

Freeszie ပုံစံမတူ ရမ်းလှပါနော် ❤️

Price 18500 ks

ဒီဇိုင်းမတူဆိုဒ်မတူ အရောင်မတူPost မတူထဲက လည်းရောယူလို့ရပါတယ်

မှာချင်တဲ့ပုံပါတဲ့ပိုစ့်ကိုစျေးကြည့်လို့ ရအောင် screenshort ရိုက်ပို့ပေးပါရှင့်

Top Fan 5%OFF 🌟
Early Birds Promotion 5 OFF % 🌟

Preorder 4-6 weeks

မိမိလိုချင်သော ပုံ ကို လိပ်စာ ဖုန်းနံပါတ် လိုချင်တဲ့ size နဲ့တကွ message box တွင်ပေးပို့ မှာယူနိုင်ပါသည်

ကလေး/လူကြီး အဝတ်အစားများ မှာလိုလျှင် ပေါင်ချိန်နှင့် အရပ်လေးပါပြောပေးနိုင်လျှင်ပိုကောင်းပါတယ်ရှင်

ဖိနပ်များမှာလိုလျှင် ယခုဝတ်နေသောဆိုဒ် သို့ ခြေမ မှ ခြေဖနောင့်ထိ cm ဖြင့်တိုင်းပေးလျှင် ပိုကောင်းပါသည်ရှင့်

မှာပြီး order များ cancel လို့မရပါရှင့် ... customer အသစ်များ 30% deposit 💸 လေးပေးထားရပါမယ်ရှင်

အားပေးတဲ့ customer တယောက်ချင်းစီတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာ လိုရာဆန္ဒ တလုံးတဝ ပြည့်စုံနိုင်ကြပါစေရှင် 🙏🏽

Wilson Mommy Online Shop

ဒီနေ့ Wilson လေးတွေ ဒီဇိုင်းလေးတွေ အရမ်းလှပါနော် ... Summer မှာ တအားကို လွင့်နေမယ့် ကယလာဒီဇိုင်းလေးတွေ  ... အသက် ၁ နှစ်မ...
02/03/2022

ဒီနေ့ Wilson လေးတွေ ဒီဇိုင်းလေးတွေ အရမ်းလှပါနော် ... Summer မှာ တအားကို လွင့်နေမယ့် ကယလာဒီဇိုင်းလေးတွေ ... အသက် ၁ နှစ်မှ ၁၀ နှစ်ထိရလို့ မေမေတွေအတွက် ဒီဇ်ုင်းရောအရွယ်ရောအတွက် တအားတန်နော် 👕🩳👕🩳

မေမေက Wilson အတွက်ဆို ကြိုက်ရင် ၄ ၅ စုံ ဆိုဒ်မတူ ဒီဇိုင်းမတူတာထဲက ယူထားလိုက်တာ ဥပမာ 3 years 4 years 5 years စသဖြင့် ယူထားတော့ဈေးလဲ သက်သာ တနှစ်ပြီးတနှစ် ဝယ်ဆန်လဲ မရိုးအောင်ဝတ်ရ ...

၅ ထည် တခါထဲယူရင်5% တထည်ချင်းစီလျော့ပေးမယ်နော်

ဒီဇိုင်းမတူဆိုဒ်မတူ အရောင်မတူPost မတူထဲက လည်းရောယူလို့ရပါတယ်

ပုံစံမတူ ရမ်းလှပါနော်

Price 19500ks

မှာချင်တဲ့ပုံပါတဲ့ပိုစ့်ကိုစျေးကြည့်လို့ ရအောင် screenshort ရိုက်ပို့ပေးပါရှင့်

Top Fan 5%OFF 🌟
Early Birds Promotion 5 OFF % 🌟

Preorder 4-6 weeks

မိမိလိုချင်သော ပုံ ကိုsize နဲ့တကွ message box တွင်ပေးပို့ မှာယူနိုင်ပါသည်

Wilson’s Mommy online Shop

Address

Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00

Telephone

+959441415470

Alerts

Be the first to know and let us send you an email when Mommy’s Wilson posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mommy’s Wilson:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram