All Access Myanmar

All Access Myanmar ပညာရေး ဝန်ဆောင်မှုလုပ်ငန်း
Ph-09 421153690/09 795284

19/03/2017

John C. Maxwell ၏ “15 Invaluable Laws of Growth”
သင်၏ အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးမဖြတ်နိုင်သော ဥပဒေသ ၁၅ ချက်

Live Them & Reach Your Potential

ဒီဥပဒေသများကို လိုက်နာပြီး သင့်ရဲ့ အလားအလာရှိသလောက် ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ပါ။

တိုးတက်မှုအလားအလာဆိုတဲ့ စကားလုံးဟာ မည်သည့်ဘာသာစကားမှာမဆို အရမ်းပျော်စရာကောင်းတဲ့ စကားလုံး ဖြစ်ပါတယ်။ အဲဒါဟာ အကောင်းမြင်ဝါဒနဲ့အတူ ရှေ့ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ မျှော်လင့်ချက်တွေအပြည့်ရှိစေပါတယ်။ အောင်မြင်ဖို့ကို သေချာစေပါတယ်။ ဒါဟာ စိတ်ချမ်းသာမှုကို ညွှန်ပြပါတယ်။ နာမည် ဂုဏ်သတင်းကျော်ဇော်ခြင်းကို ဖော်ပြပါတယ်။ အလားအလာဆိုတာဟာ ဖြစ်နိုင်ခြေတွေပေါ်မှာ မူတည်ပါတယ်။ သင့်ရဲ့ အလားအလာအကြောင်းကို လူသားတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ပါ။ သင်စိတ်လှုပ်ရှားလာပါလိမ့်မယ်။ သင်တွေးကြည့်မှာ သေချာပါတယ်။ ဒါဟာ ဘယ်လောက်ကောင်းတဲ့ အကောင်းမြင်အတွေးအခေါ်ပါလဲ။ သင့်ရဲ့အလားအလာကို ကျွန်တော့်ရဲ့အလားအလာလိုပဲ ကျွန်တော်ယုံကြည်ပါတယ်။ သင့်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိပါသလားလို့ မေးရင် သေချာပေါက်ကို ရှိပါတယ်။

မပြည့်ဝတဲ့ အလားအလာဆိုတာရော ဘာလဲ။ အဲဒါဟာ တော်တော်ကို မကောင်းတဲ့သဘောကို ဆောင်ပါတယ်။ အဲဒီလို ဖြစ်ခဲ့တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ သူက နာမည်ကျော် အဆိုတော်ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် သူလုံးဝ မဖြစ်လိုက်ဘူး။ သူ့ရဲ့ ရင်ထဲမှာ သီချင်းတွေနဲ့ သူသေသွားတယ်။ အဲဒါဟာ မပြည့်ဝခဲ့တဲ့ အလားအလာပါပဲ။ သင့်ရဲ့ အလားအလာဖြစ်နိုင်ခြေရှိသလောက် မရောက်နိုင်တာဟာ သင့်ရင်ထဲမှာ သီချင်းတွေရှိပြီး ထုတ်မပြလိုက်ရပဲ သေသွားတာနဲ့တူတူပါပဲ။

သင်ဟာ ဒီစာကို ဖတ်နေတဲ့အတွက် သင့်မှာ သင့်အလားအလာအတွက် စိတ်ဆန္ဒရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မေးခွန်းတစ်ချို့ရှိတာက သင်ဘယ်လိုလုပ်မလဲဆိုတာပါ။
အဖြေကတော့ သင့်ရဲ့ အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့ပါပဲ။ သင့်အလားအလာရှိတဲ့အတိုင်းဖြစ်ဖို့အတွက် သင်တိုးတက်လာဖို့ လိုပါတယ်။ အရည်အချင်းတွေဆိုတာဟာ တိုးတက်ပြီးတော့ ထပ်ပြီးတိုးတက်လာဖို့ လိုပါတယ်။ သင့်အနေနဲ့ အဲဒီအတွက် ရည်မှန်းချက် ကြီးကြီးမားမား ရှိဖို့လိုပါတယ်။ ဒီစာရဲ့ ရည်ရွယ်ချက်က သင့်အနေနဲ့ သင့်ကို သဘာဝတရားက ဖန်တီးပေးထားတဲ့ အလားအလာရှိသလောက် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို သင်ယူနိုင်ဖို့ပါပဲ။

သင့်အနေနဲ့
- မှန်ကန်တဲ့ စိတ်နေသဘောထားတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့၊
- သင့်ရဲ့ အားသာချက်တွေကို လေ့လာဖို့၊
- သင့်ဖြစ်ချင်စိတ်တွေကို ဖွင့်ချဖို့၊
- သင့်ရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဖြစ်လာဖို့၊
- သင်ဖြစ်တန်စွမ်းရှိတဲ့ အလားအလာအတိုင်း ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို တိုးတက်လာအောင် လုပ်ဖို့ သင်ယူလေ့လာရပါမယ်။

သင့်ရဲ့ ရည်ရွယ်ချက်တွေကို သိနိုင်ဖို့ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးသိလာဖို့ လိုပါတယ်။ ပိုမိုတိုးတက်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ သင့်အနေနဲ့ သင့်ရဲ့ အကျင့်စရိုက်တွေကို တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ သင့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာဖို့ သင့်ရဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် မိဘဖြစ်လာဖို့ သင့်ရဲ့ ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာဖို့လိုပါတယ်။ သင့်ရဲ့ ငွေရေးကြေးရေး အခြေအနေ ပိုမိုတိုးတက်လာဖို့ ငွေကြေးဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ ဗဟုသုတတွေ သင့်မှာ ပိုမိုတိုးတက်လာဖို့လိုပါတယ်။ သင့်ရဲ့ စိတ်မှာ ပိုပြီး ပြည့်ပြည့်၀၀ရှိလာဖို့အတွက် သင့်ရဲ့ သက်ဆိုင်ရာ ဘာသာရေး ဗဟုသုတကို ပိုမိုတိုးတက်လာအောင် လုပ်ဖို့လိုပါတယ်။ တိုးတက်အောင်လုပ်တဲ့ အသေးစိတ်အချက်တွေက လူတစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ ဒါပေမယ့် တိုးတက်အောင်လုပ်ဖို့ ဥပဒေသတွေကတော့ လူတိုင်းအတွက် အတူတူပါပဲ။

အခု ဒီစာမှာပါတဲ့ အချက်တွေက သင့်ကို ထိုက်တန်တဲ့ တိုးတက်ရာတိုးတက်ကြောင်း ရည်မှန်းချက်ဆီကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာကို ပြသမှာဖြစ်ပါတယ်။ အဲဒါဟာ တံခါးတွေကို ဖွင့်လှစ်မယ့် သော့တွေပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ တော့ တကယ်တိုးတက်အောင်မြင်လာအောင် အလုပ်လုပ်ရပါမယ်။

သင့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သင်နေ့စဉ်လုပ်နေတဲ့ အရာတွေကို ပြောင်းလဲရပါမယ်။ ဒီဥပဒေသတွေကို သင်ယူပြီး အမှန်တကယ်လိုက်နာရပါမယ်။ ဒါဆိုရင် သင်ဟာ သင့်ရဲ့အလားအလာရှိတဲ့အထိ ရောက်ရှိဖို့လမ်းကြောင်းပေါ်ကို ရောက်သွားပါလိမ့်မယ်။ အကယ်၍ သင်ဟာ နှစ်ပေါင်းများစွာ သင်ယူပြီး တိုးတက်အောင်လုပ်မယ်ဆိုရင် အဲဒီ ဥပဒေသတွေဟာ သင့်ကို ဘယ်လောက်အထိ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတာကို သင့်ကိုယ်သင် အံ့အားသင့်ရလောက်အောင်ကို ဖြစ်လာပါလိမ့်မယ်။

၁။ The Law of Intentionally
ဖွံ့ဖြိုးတိုးတက်မှုဆိုတာက အလိုလိုတော့ ဖြစ်မလာပါဘူး။ သင့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ရည်မှန်းချက် ကြီးကြီး ရှိဖို့လိုပါတယ်။

၂။ The Law of Awareness
သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သင့်ကိုယ်သင်သိဖို့လိုပါတယ်။ ပထမခြေလှမ်းက သင့်ကိုယ်သင်သိဖို့ဖြစ်ပြီး နောက်တစ်လှမ်းက ပြောင်းလဲဖို့ ဖြစ်ပါတယ်။

၃။ The Law of Mirror
သင့်ကိုယ်သင် တန်ဖိုးတက်အောင် လုပ်ဖို့ သင့်ရဲ့ တန်ဖိုးကို သင့်ဟာသင် မဖြစ်မနေ မြင်ဖို့ လိုပါတယ်။ သင့်ကိုယ်သင် အခြားလူတွေနဲ့ မယှဉ်ပါနဲ့။ သင့်ကိုယ်သင် မကောင်းမြင်စေတဲ့ စကားတွေ စိတ်ထဲမှာ လုံးဝမပြောပါနဲ့။

၎။ The Law of Reflection
ဘယ်လိုခဏရပ်ရမလဲဆိုတာကို သင်ယူတာဟာ သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်စေတဲ့အကြောင်းရင်းပါပဲ။ Peter Drucker ကပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်ဆိတ်ဆိတ်ပြန်သုံးသပ်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ပါ။ တိတ်တိတ်ဆိတ်ဆိတ် ပြန်သုံးသပ်ခြင်းကနေ ပိုမိုထိရောက်တဲ့ ဆောင်ရွက်ချက်တွေရနိုင်ပါတယ်။ ဒါကို မဖြစ်မနေကို လုပ်ရပါမယ်။

၅။ The Law of Consistency
Motivation စိတ်အားတက်ကြွမှုရှိခြင်းဟာ သင့်ကို ရှေ့ကို သွားစေပါတယ်။ စည်းကမ်းရှိခြင်း Discipline ကတော့ သင့်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ကောင်းမွန်တဲ့အမူအကျင့်တွေ မွေးမြူခြင်းဟာ အောင်မြင်ဖို့ကို ဦးတည်စေပါတယ်။ အမှန်တကယ်လုပ်ဆောင်ခြင်းဟာ အောင်မြင်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ရစေပါတယ်။ တစ်ချို့လူတွေဟာ အမှန်တကယ် မလုပ်ဆောင်ကြပါဘူး။ သင့်အနေနဲ့ မှန်မှန်လုပ်ဆောင်ခြင်းဖြင့် အဲဒီလိုလူမျိုးတွေကို အသာလေး အနိုင်ယူနိုင်ပါတယ်။

၆။ The Law of Environment
ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒါကို ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန်နိုင်ပါတယ်။ Mark Cane ကပြောပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမခြေလှမ်းဟာ သင့်ကိုယ်သင် ပိတ်မိနေတယ်လို့ သင်မြင်ရတဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားခြင်း ဖြစ်ပါတယ်။ သင်ဟာ အမြဲတမ်းထိပ်ဆုံးမှာ ရောက်နေတယ်ဆိုရင် သင်ဟာ မှားယွင်းတဲ့ စာသင်ခန်းထဲကို ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။

၇။ The Law of Design
ဖွံ့ဖြိုးတိုးတက်ဖို့ကို အမြင့်ဆုံးမြှင့်တင်နိုင်ဖို့ မဟာဗျူဟာတွေကို မြှင့်တင်ရပါမယ်။ Jim Rohn ကပြောပါတယ်။ အကယ်၍ သင့်ဘ၀ကိုသင် အစီအစဉ်မချလို့ရှိရင် သင်ဟာ အခြားလူရဲ့ အစီအစဉ်ထဲကို ရောက်သွားဖို့ အခွင့်အလမ်းက များပါတယ်။ အခြားလူများဟာ သင့်ဘ၀အတွက် အစီအစဉ်ဆွဲပေးမယ်လို့ ထင်ပါသလား။ သိပ်အများကြီးတော့ မဖြစ်နိုင်ပါဘူး။

၈။ The Law of Pain
မကောင်းတဲ့ အတွေ့အကြုံတွေကို အကောင်းဆုံး စီမံခန့်ခွဲခြင်းဟာ အကြီးကျယ်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေပါတယ်။ သင့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နာကျင်မှုကို မဖြစ်မနေ ခံစားရဖို့ လိုပါတယ်။ No Pain, No Gain ပါ။ ရင်းနှီးမြှုပ်နှံမှုမရှိရင် အကျိုးအမြတ်ဆိုတာလည်း မရှိနိုင်ပါဘူး။

၉။ The Law of Ladder
သင့်ရဲ့ အကျင့်စရိုက်တွေ တိုးတက်မှုဟာ သင့်ရဲ့ အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ပေးပါတယ်။ Doug Firebaugh ကပြောပါတယ်။ လူအများစုအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သင်လုပ်နေတဲ့အရာတွေကနေလာပြီး အမြင့်ဆုံးအောင်မြင်သူအတွက် အောင်မြင်မှုဆိုတာဟာ သင်ဘယ်သူလဲ ဆိုတာကနေ လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ် မြင့်မြတ်သူဖြစ်အောင် နေပါ။

၁၀။ The Law of Rubber Band
သင်ရောက်နေတဲ့ နေရာကနေ သင်ရောက်ချင်တဲ့နေရာအကြားမှာ စိုးရိမ်ပူပန်မှု မရှိတော့ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုက ရပ်တန့်သွားပါတယ်။ W. Somerset Maugham ကပြောပါတယ်။ သာမန်လူတွေသာ သူတို့ကိုယ်သူတို့ အကောင်းဆုံးနေရာမှာ ရောက်နေတယ်လို့ မြင်ပါတယ်။ သင့်အားကို ဆွဲဆန့်ပြီး မသုံးရင် သင်ဟာ မတိုးတက်နိုင်ပါဘူး။ ရာဘာကွင်းကို ပျော့မနေပါစေနဲ့။

၁၁။ The Law of Trade Offs
သင့်အနေနဲ့ တိုးတက်ဖို့အတွက် စွန့်လွှတ်ရပါမယ်။ Eric Hoffer က ပြောပါတယ်။ လူတွေဟာ သူတို့ဘ၀မှာ ပိုမိုပြောင်းလဲအောင် ပြောင်းလဲရမယ့်အစား အဆိုးဆုံးတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် စိတ်ကျေနပ်စရာမကောင်းတဲ့ ဘ၀နေထိုင်ပုံကို တွယ်ဖက်ထားကြတယ်။ ကျွန်တော်တို့ ဘယ်ကိုရောက်နေသလဲဆိုတာနဲ့ ဘယ်ကို သွားချင်လဲဆိုတာ နှစ်ခု ကွဲပြားချက်ကို ကျွန်တော်တို့ဘ၀မှာ ဘာတွေကိုပြောင်းလဲဖို့ စိတ်ကူးရှိသလဲဆိုတာက ဖန်တီးပါတယ်။

၁၂။ The Law of Curiosity
ဘာကြောင့်လဲလို့ မေးတတ်တဲ့အကျင့်က ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးပါတယ်။ မေးခွန်းများများ မေးပါ။ လုပ်နိုင်တဲ့လူတွေဟာ အမြဲတမ်းအလုပ်ရပြီး ဘာကြောင့်လဲဆိုတာကို သိတဲ့လူတွေဟာ အမြဲတမ်း အထက်အရာရှိဖြစ်ကြပါတယ်။

၁၃။ The Law of Modeling
အကယ်၍ သင့်မှာ နမူနာယူဖို့ ဘယ်သူမှ မရှိဘူးဆိုရင် တိုးတက်ဖို့အတွက် ခက်ခဲပါတယ်။ ကိုယ့်ကိုလမ်းပြပေးမယ့် Mentor ဒါမှမဟုတ် Coach တစ်ယောက်ကို ရှာပါ။ သင့်အနေနဲ့ သူတို့ကိုယ်တိုင် မရောက်ဖူးတဲ့ လူတစ်ယောက်ဆီက သင်ယူလို့ မရပါဘူး။ အမှန်တကယ်အတွေ့အကြုံရှိပြီး တကယ်ကိုဖွံ့ဖြိုးတိုးတက်တဲ့လူတွေကို ရှာပါ။ မေးခွန်းတွေ မေးပါ။

၁၄။ The Law of Expression
ဖွံ့ဖြိုးတိုးတက်မှုဟာ သင့်ရဲ့ လုပ်နိုင်စွမ်းကို တိုးတက်စေပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်အလားအလာရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုတယ်လို့ ကျွမ်းကျင်သူအများစုက ဆိုပါတယ်။ ကြည့်ပါ။ တစ်ချိန်တည်းမှာ ဘယ်လောက်စိုးရိမ်စရာ စိတ်လှုပ်ရှားစရာကောင်းပါသလဲ။ ကျွန်တော်တို့ အားလုံးမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လုပ်နိုင်စွမ်းအားတွေ ရှိပါတယ်။

၁၅။ The Law of Contribution
သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းဟာ အခြားလူတွေကို တိုးတက်အောင်မြင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်အရေးတွေ ပေးပါတယ်။ သင့်မှာ မရှိတဲ့အရာကို သင်ပေးလို့မရပါဘူး။ အဲဒါကြောင့် သူများတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့အတွက် အရင်ဆုံး သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ။ အရှေ့က ဥပဒေသ ၁၄ ခုက သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြပါလိမ့်မယ်။

Naing Win Aung - Executive & Business Coach
Leadership Development Facilitator
MBA (Northampton, UK)
Associate Certified Coach (ICF)
Certified John Maxwell Coach, Trainer & Speaker
Certified NLP Trainer & Master Coach
Certified Master Time Line Therapist



အထက်ပါ ဥပဒေသများကို မျှဝေတာဟာ သင့်အတွက် ကျွန်တော်တို့ရဲ့ စေတနာ ဖြစ်ပါတယ်။ အကြိမ်ကြိမ် ဖတ်ရှုပြီး လိုက်နာဆောင်ရွက်ပါ။ သင့်အတွက် အကျိုးရှိမှာ သေချာပါတယ်။

ဒါမှမဟုတ် သင့်ဘ၀ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ရန်အတွက် ကမ္ဘာ့ နံပါတ် ၁ ခေါင်းဆောင်မှု ဂုရု John C. Maxwell ရဲ့ 15 Invaluable Laws of Growth သင်ခန်းစာ အပြည့်အ၀ကို John Maxwell Team ရဲ့ သင်ရိုးအတိုင်း သင်ကြားမှုနဲ့ Group Coaching လုပ်ပေးတာကို လိုချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပထမဆုံး Certified John Maxwell Coach, Trainer & Speaker ဖြစ်သော U Naing Win Aung – Executive Coach ၏ Breakthrough Coaching, Training & Consulting မှ ဧပြီလအတွင်းမှာ ဖွင့်လှစ်မယ့် 2 Days “15 Invaluable Laws of Growth” သင်တန်းကို တက်ရောက်နိုင်ပါတယ်။

အခြားအစီအစဉ်များနှင့် မတူသည့်အချက်မှာ Breakthrough Coaching, Training & Consulting မှ အစီအစဉ်များသည် နိုင်ငံတကာတွင် နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ အပါအ၀င် လူသန်းပေါင်းများစွာကို ပြောင်းလဲစေခဲ့သော သင်ရိုးများ ဖြစ်ခြင်း၊ သင်ကြားပေးမည့် U Naing Win Aung (Executive Coach) အနေနှင့် ကိုယ်တိုင် လုပ်ငန်းကြီးတစ်ခုတွင် လုပ်ငန်းရှင်အဖြစ်လည်းကောင်း၊ Management Level တွင် ၉ နှစ်ဝန်းကျင် လုပ်ကိုင်ခဲ့သော Executive Director တစ်ဦးအဖြစ်လည်းကောင်း၊ ၀န်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာပေါင်းများစွာကို ကိုယ်တိုင်ဦးဆောင်ခဲ့သော အတွေ့အကြုံများရှိခြင်းကြောင့်လည်းကောင်း၊ ကိုယ်ကိုယ်တိုင် MBA အပြင် ပြည်တွင်း၊ ပြည်ပ သင်တန်းပေါင်းများစွာကို လေ့လာသင်ယူခဲ့သူဖြစ်သည့်အတွက်ကြောင့်လည်းကောင်း သင်လိုအပ်နေသည်များကို သင်ကိုယ်တိုင်သိရှိလာအောင် Coach လုပ်ပေးနိုင်သူဖြစ်ပါသည်။

ထို့အပြင် ထူးခြားမှုအနေနှင့် ယခုအစီအစဉ်တွင် ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ From Business Owner to Business Leader ခေါင်းစဉ်ဖြင့် ပါဝင်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် သင့်အတွက် အလွန်တန်ဖိုးရှိမည့် အစီအစဉ် ဖြစ်ပါသည်။

Honourable Speaker - Prof. Dr. Aung Tun Thet
Main Trainer - U Naing Win Aung (Executive Coach)
ပြုလုပ်မည့်ရက် - 1st, 2nd April, 2017
ပြုလုပ်မည့်အချိန် - နံနက် ၈ နာရီခွဲမှ - ညနေ ၅ နာရီိခွဲအထိ
ပြုလုပ်မည့် နေရာ - စိမ်းလန်းစိုပြည် Zapyar Restaurant Hall, ရန်ကုန်မြို့
အစားအသောက် - Meals & Refreshments Provided
သင်တန်း ၂ ရက် ပြီးပါက John Maxwell Team နှင့် Breakthrough Coaching, Training & Consulting အနေနှင့် ပူးတွဲပေးအပ်သော Certificate ကိုရရှိပါမည်။
သင်တန်းကြေး - ၂ သိန်းကျပ်
မတ်လ ၂၅ ရက်နေ့မတိုင်ခင် အပ်နှံသော ပထမဆုံး အယောက် ၃၀ အတွက် - ၁ သိန်းခွဲကျပ်
မတ်လ ၂၅ ရက်နေ့ ကျော်ပါက မူရင်းနှုန်းအတိုင်းသာ အပ်နှံရပါမည်။

အကယ်၍ သင့်အနေနဲ့ သင့်ဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရေးအတွက် အမှန်တကယ် စိတ်ဆန္ဒပြင်းပြတယ်ဆိုရင် ဒီအချိန်ဟာ အချိန်ကောင်းပါပဲ။

လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သေချာတဲ့ ဥပဒေသတွေ ၇ှိပါတယ်။

သင့်ဖြစ်တန်စွမ်းရှိသလောက် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်တဲ့ ဥပဒေသတွေကို သင်ကိုယ်တိုင် သင်ယူလေ့လာနိုင်ပါတယ်။

သင်သာ သင့်အလားအလာရှိတဲ့အတိုင်း သင့်ရည်မှန်းချက်ကို တကယ်ကို ရယူချင်တယ်ဆိုရင် ဒါက သင့်အတွက်ဆိုတာ သေချာပါတယ်။

အရာရာဟာ ပြောင်းလဲနေမှာတယ်။

ဒီအချိန်မှာမှ သင့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို မလုပ်ရင် ဘယ်အချိန်မှာ လုပ်မလဲ။

သင်ကိုယ်တိုင်မှ သင့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို မလုပ်ရင် ဘယ်သူလုပ်ပေးမလဲ။

အဖြေက သင့်လက်ထဲမှာ ရှိပါတယ်။

Breakthrough Company Limited အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 095506539, 09254712530 ကို ဆက်သွယ်၍ အပ်နှံနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when All Access Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to All Access Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram