
  • Home
  • Myanmar
  • Yangon

ပျော်ရွှင်လှပကျန်းမာသောဘဝ *အာရောဂျံ ပရမံလာဘံ

10/04/2024

#လေးဘက်နာ အကြောင်း သိကောင်းစရာ (part 1)

လေးဘက်နာရောဂါသည် သာမာန် အရိုးအဆစ်ရောဂါများနှင့်မတူပဲ အရိုးအဆစ်ကို ဒုက္ခပေးသည်သာမက ခန္ဓာကိုယ် အနှံ့မှ ပြသနာ မျိုးစုံနှင့် တွဲဖက်ဖြစ်ပေါ်တတ်သော ရောဂါ တမျိုးဖြစ်သည်။ မကြာခဏ ပြန်ဖြစ်တတ်သော ရောဂါ တမျိုးလည်းဖြစ်သည်။

အဖြစ်များသော လေးဘက်နာ ရောဂါများမှာ -
(1) အရေးပြား လေးဘက်နာ (SLE)
(2) သွေးလေးဘက်နာ (RA)
(3) ပိုး​လေးဘက်နာ (သို့)နှလုံး လေးဘက်နာ
(4)အရေးပြားထူ လေးဘက်နာ (Scleroderma)

❗(1) အရေပြား လေးဘက်နာ
(Systemic Lupus Erythematosus - SLE / Lupus)

SLE သည် အရိုးအဆစ်ရောဂါ တင်မဟုတ်ပဲ ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းေသာ ရောဂါ တမျိုးဖြစ်သည်။
မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်‌တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune disease) ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရေးပြားလေးဘက်နာ ရောဂါရှင်များတွင် ပဋိပစ္စည်းဟုခေါ်သော Antibodies များသည် ပုံမမှန်မှု ဖြစ်ပေါ်ပြီး မိမိခန္ဓာကိုယ်မှ ဆဲလ်များ အဂ်ါများကိုပြန်လည် တိုက်ခိုက်ခြင်းဖြင့် ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေပါသည်။

✳ဖြစ်ရတဲ့ အကြောင်းရင်း
အကြောင်းရင်းကို တိတိပပ မသိရသေးပေမယ့် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ဟော်မုန်းတွေကြောင့်လို့ ယူဆကြပါတယ်။

✳ရောဂါလက္ခဏာများ
• မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေထွက်ခြင်း ( အထူးသဖြင့် နှာခေါင်းနဲ့ ပါးမှာထွက်တဲ့ လိပ်ပြာနဲ့ တူတဲ့ အနီကွက်ကြီး butterfly rash)
• နေပူထဲသွားရင် အနီကွက်တွေထွက်ခြင်း ၊ နေရောင်ခံရင် ရောဂါပိုဆိုးခြင်း၊
• ဆံပင်ကျွတ်ခြင်း၊
• ပါးစပ်ထဲမှာ အနာလေးတွေ ခဏခဏ ပေါက်ခြင်း၊
• အဆစ်အမြစ်တွေ ရောင်ခြင်း ၊ နာခြင်း၊
• မကြာခဏ ဖျားခြင်း
• နုန်းပြီး ကိုယ်လက်မသယ်ချင်ဖြစ်ခြင်း
စတာတွေအပြင် ခန္ဓာကိုယ်အနှံ့ရောင်ရမ်းစေတတ်ပါတယ်။

✳နောက်ဆက်တွဲ ပြသနာများ အဖြစ်
– နှလုံးအမြေးပါး‌ ယောင်ခြင်း၊ အဆုတ်အမြှေးပါး‌ ယောင်ခြင်း ၊ ကျောက်ကပ်ရောင်ရမ်းခြင်း
– ဦးနှောက်‌ ရောင်ခြင်း၊ အာရုံကြော‌ ရောင်ခြင်း
– သွေးအားနည်းခြင်း၊ ရိုးတွင်းခြင်ဆီအားနည်းခြင်း သွေးကြော‌လေးတွေ ရောင်ရမ်းခြင်း
– အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ခြင်းကြောင့် ဗိုက်နာ ၊ ဝမ်းလျောခြင်း။
– သွေးပြစ်ခြင်း၊ သွေးခဲခြင်းများ စတာတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်တတ်ပါတယ် ။

❗သေသေချာချာ မကုသပဲထားပါက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရခြင်း ကျောက်ကပ်လဲရခြင်း စသည့်နောက်ဆက်တွဲ ပြသနာများကြောင့်ပင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

✳အရေပြား လေးဘက်နာ နှင့် ကိုယ်ဝန်ဆောင်ခြင်း

အရေပြားလေးဘက်နာ ဝေဒနာသည်အမျိုးသမီးတွေဟာ ပုံမှန်ကိုယ်ဝန်ဆောင်တွေထက် သားပျက်သားလျောဖြစ်ခြင်း နှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးခဲခြင်း များကို ပိုမိုခံစားရနိုင်ပါတယ်။ ‌ကုသရတဲ့ ဆေးဝါးများကြောင့် သန္ဓေသားကို ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ် ။ ပုံမှန်သုံးနေကျ ဟော်မုန်း‌တားဆေးတွေကလည်း ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ မိခင်မှာ ရောဂါရှိရင် မိမိရင်သွေးမှာလဲ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အဲ့တာကြောင့် အိမ်ထောင်ပြု၊ ကိုယ်ဝန်ဆောင်တာတွေ မလုပ်ခင် ရောဂါကို ထိန်းနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြပြီး ကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ် ။

✳ဒီရောဂါက ကုသနိုင်သလား၊ ကုလို့ပျောက်နိုင်သလား?
ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ကုသလို့ အရှင်းပျောက်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန် ဆေးကုသမှုခံယူမယ်ဆိုရင် လူတန်းစေ့နေနိုင်ပါတယ် ။

❗ဆောင်ရန် ရှောင်ရန်များ
‌‌ - နေရောင်ခြည်က ရောဂါကို ကြွစေတာကြောင့် နေပူဒဏ်မခံရအောင် အထူးရှောင်ကြဉ်ရပါမယ်။ နေပူထဲသွားရင် အင်္ကျီလက်ရှည်၊ ဦးထုတ်စတဲ့ အကာအကွယ်များနှင့် UV ကာကွယ်တဲ့ sunscreen များကို လိမ်းပေးဖို့လိုပါတယ်။
- မိမိရဲ့ ကိုယ်ခံအားစနစ်ဟာ သူများထက် ထိခိုက်လွယ်တာ ဖြစ်လို့ ကူးစက်တတ်တဲ့ ရောဂါပိုးများကို ကာကွယ်ရန်အတွက် လူထူထပ်တဲ့နေရာများကို ရှောင်ကြဉ်ခြင်း၊Mask တပ်ခြင်း၊ လက်ဆေးခြင်းများ၊ ဖျားနေသူများနှင့် ခပ်ခွာခွာနေခြင်း
- သာမာန်ဖျားတာကအစ မပေါ့ဘဲ ဂရုစိုက်ရပါမယ်။
- ဆေးလိပ်သောက်ခြင်း ၊ အရက်ကို အလွန်အကျွံ မသောက်ခြင်း
- အာဟာရပြည့်ဝအောင် စားသုံးခြင်း
- ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးရပါမယ်။ ရက်ချိန်း မှန်မှန် သေချာပြရပါမယ်။

အရေပြားလေးဘက်နာရောဂါ ခံစားရလျှင် ကျွမ်းကျင်ရာဆရာဝန်များနဲ့ သေချာပြသဆွေးနွေးခြင်း၊ လိုအပ်သောဆေးဝါးများကို ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါရှိပေမယ့်လည်း ဝေဒနာတွေ သိသိသာသာ မခံစားရဘဲ အသက်ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ် ။
Credit #

Kyaw Thet Paing

19/08/2021

🎈🎈 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး🎈🎈
================================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။

🌻ကိုယ်ခံအား၊ ဖျားနာခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ကိုယ်ခံအားစနစ်သည် ‌ရောဂါပိုးဝင်မှုကို ကာကွယ်ပ...
03/08/2021

🌻ကိုယ်ခံအား၊ ဖျားနာခြင်းနှင့် ရောဂါပိုးကူးစက်ခြင်း
ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

ကိုယ်ခံအားစနစ်သည် ‌ရောဂါပိုးဝင်မှုကို ကာကွယ်ပေးသည့် ခန္ဓာကိုယ်၏ ကာကွယ်ရေးစနစ်ဖြစ်သည်။ အထူးဆဲလ်များ၊ တစ်ရှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများပါဝင်သည့် ကွန်ရက်တစ်ခုသည် "ကျူးကျော်ဝင်ရောက်လာသူများ" သို့မဟုတ် "ရောဂါပိုးများ" တို့၏ရန်မှ ခန္ဓာကိုယ်အား ကာကွယ်ပေးရန် အတူတကွအလုပ်လုပ်ကြပါသည်။ ထိုပိုးမွှားများ သို့မဟုတ် ရောဂါပိုးများ တွင်ဘတ်တီးရီးယားများ၊ ကပ်ပါးပိုးများ၊ ဗိုင်းရပ်စ်များ၊ နှင့်မှိုများပါဝင်ပါသည်။ ခန္ဓာကိုယ်သည် အန္တရာယ်ရှိနိုင်သော တိုက်ခိုက်မှုများမှ များသောအားဖြင့် သူ့ဟာသူ ကာကွယ်နိုင်ပါသည်။ လူတချို့တွင် ကိုယ်ခံအားစနစ်အားနည်းသောကြောင့် ရောဂါပိုးများကို မတိုက်ခိုက်နိုင်ပါ။
ကိုယ်ခံအားစနစ်၏ ပထမဆုံးကာကွယ်မှုသည် ရောဂါပိုးများကို ခန္ဓာကိုယ်တွင်းသို့ ဝင်လာခြင်းမှ ကာကွယ်ခြင်းဖြစ်သည်။ အရေပြားသည် ‌ရောဂါပိုးတို့၏ တိုက်ခိုက်မှုကိုတွန်းလှန်ရန် ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုအဖြစ် ဆောင်ရွက်သော အဓိက ဒိုင်း ဖြစ်သည်။ အသက်ရှူလမ်းကြောင်းနှင့် အစာခြေလမ်းကြောင်းတို့ကို ဖုံးကာပေးထားသည့်(အမြှေပါး) သည် အန္တရာယ်ရှိသောရောဂါပိုးများ ဝင်လာခြင်းကို တားဆီးပေးပါသည်။

နျူထရိုဖီးလ်ဟုခေါ်သော သွေးဖြူဥများသည် ခန္ဓာကိုယ်အတွင်းမှာ ကင်းလှည့်နေပြီး၊ သွေးနှင့် ပြန်ရည်စနစ်တို့ကို ဖြတ်သန်းကာ ရောဂါဖြစ်စေသည့် ပိုးမွှားများ သို့မဟုတ် ရောဂါပိုးများကို လိုက်လံရှာဖွေပြီး၊ ဖျက်ဆီးပစ်ပါသည်။

🌻Instock available 🌻ကိုဗစ် ကာလာ အတွင်း သင့်ရဲ့ကိုယ်ခံ စွမ်းအားကို Immune Booster နဲ့ မြှင့်တင်လိုက်ပါ။🌻Germany မှ formul...
30/07/2021

🌻Instock available

🌻ကိုဗစ် ကာလာ အတွင်း သင့်ရဲ့ကိုယ်ခံ စွမ်းအားကို Immune Booster နဲ့ မြှင့်တင်လိုက်ပါ။

🌻Germany မှ formula နဲ့ Singapore မှာထုတ်လုပ်သော Immune booster Vit c 1000mg+Zinc & vit e ပါတဲ့ ရေဆူဆေးပြား တဗူး ၂၀ပြားပါ ပါတယ်တနေ့တပြား ဖျော်ရည်လိုသောက်ခြင်းဖြင့် သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုက်ပါ။

🌻လိုသလောက်မှာယူ နိုင်ပါတယ်
တဗူး 13,000/-

🌻တိုက်ရိုက်မှာယူဆက်သွယ်ချင်ရင်တော
📞09757831119
ကိုဆက်သွယ်မှာယူနိုင်ပါသည်။

🌻 Page messenger မှလဲ မှာယူနိုင်ပါသည်။

🦠💉ကာကွယ်​ဆေးထိုးပြီးသူများ / P ပြီးသူများ Antibody စစ်ဖို့ပါ💉🦠+++++++++++++++++++++++++++++++++++++++++++++++👉Antibody T...
30/07/2021

🦠💉ကာကွယ်​ဆေးထိုးပြီးသူများ / P ပြီးသူများ Antibody စစ်ဖို့ပါ💉🦠
+++++++++++++++++++++++++++++++++++++++++++++++

👉Antibody Test kit နဲ့ စစ်ပါ
👉Positive ထွက်ပြီး ၁ပတ်ကနေ (၃) ပတ်အတွင်းစစ်ရင် ပိုကောင်းပါတယ်
👉Antibody ရှိရင် Covid (3)လ မကူးနိုင်တော့ပါ

🩸Antibody Test Kit ဆိုတာ ဘာလဲ ?
=======================
Antibody Test Kit ဆိုတာကတော့
Covid နလံထလူနာတွေအနေနဲ့ ဖြစ်ပြီး ၁၄ ရက်အကြာမှာ
မိမိ ခန္ဓာကိုယ်က resistence လုပ်နိုင်တဲ့ Anti Body ထွက်မထွက်ကို စစ်ဆေးတဲ့ အရာ

🩸ဘယ် အချိန်မှာ စစ်သင့်လဲ?
================
Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့
Antigen Test kit နဲ့စစ်လို့ Covid (+) ဖြစ်ပီး 1ပတ် ကနေ 3ပတ်မှာ
antibody စစ်လို့ရပါပြီ။
Antibodyထွက်တာအစောဆုံး နှစ်ပတ် (14ရက်)အကြာမှာ ထွက်တာမို့
နှစ်ပတ်မှာ စစ်ရင် အကောင်းဆုံးပါ။

🩸ဘယ်လို စစ်မလဲ
============
သူ့ထဲမှာ အဆင်သင့်ပါလာပြီးဖြစ်တဲ့ တခါသုံးအပ်နဲ့ လက်ထိပ်ကို ဆီးချိုစစ်ရင်ဖောက်သလို တချက်ကလေးဖောက်ပြီး တခါသုံး Rapid Test Kit ထဲကို တစက်ချ ပြီးရင် ပါလာတဲ့အရည်ဘူးထဲက အရည်ကို 2စက်ချပြီး အဖြေကို ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ ။

🩸Result များ
========
Test Kit မှာ C , G , M သုံးနေရာတွေ့ရပါမယ်
🦠C နေရာမှာပေါ်ရင် => Covid Negative
🦠C နေရာရယ် Mနေရာရယ် နှစ်နေရာ ပေါ်နေရင် => positive ဖြစ်ပြီး isolate နေရမဲ့အချိန်ဖြစ်ပါတယ်။
🦠C နေရာရယ် Gနေရာရယ် နှစ်နေရာပေါ်နေရင် => positive ဖြစ်ဖူးးခဲ့ပြီး ကိုယ်ခံအားထွက်ပြီး recovery state အကောင်းဆုံးအခြေအနေဖြစ်ပါတယ် ။

Credit✍️

====================================================

👇ဒီပို့စ်လေးကို ထပ်ပြီး ဆရာကြီး ပါမောက္ခဦးညွန့်သိန်းက အမှန်ဖြည့်စွက်ပေးတာပါ

⭕️Covid Antibody test မှာ

🦠C နေရာမှာပေါ်ရင် negative ဆိုတာ သိတ် တော့မမှန်ဘူး
C က Control မို့ အဲဒါပေါ်မှ ဒီ test Kit က ရက်မကျော်သေးတဲ့ အဖြေမှန်ရမဲ့ kit ပါ

🦠Antibody မှာ IgM and IgG (၂)မျိုးမှာ IgM က ရောဂါပိုးဝင်ပြီးမကြာခင်မှာ
သွေးထဲမှာပေါ်ပြီး IgG က နောက်ပိုင်းမှပေါ်တာပါ

🦠C မှာပေါ်တဲ့ အတန်းလေးရဲ့ အရောင်အတိုင်း
M မှာပေါ်ရင် လောလောလတ်လတ်ရောဂါပိုးဝင်ထားတာ
သူများကိုကူးနိုင်သလို ရောဂါဖြသိနေဆဲမို့ isolate လုပ်နေရမှာဖြစ်ပြီး

🦠C မှာ အတိုင်းG မှာပေါ်ရင် ရောဂါကိုခုခံကာကွယ်နိုင်
စွမ်း ရှိတဲ့အဆင့်လို့ပြော နိုင်ပါပြီ

🦠C တခုထဲပေါ်ပြီး M ရော G ရော မပေါ်ရင် ရောဂါမရှိသေးဘူး ၊ ဒါမှမဟုတ် အရမ်းစောလို့ မပေါ်သေးတာလဲဖြစ်နိင်ပါတယ်

🦠C ပါထင်ထင်ရှားရှား မပေါ်ရင်တော့ ဒီ kit ကမှားနေပါပြီ

စာကြွင်း Crd✍️Professor Nyunt Thein

30/07/2021

အာလုံးပဲ မင်္ဂလာပါ အခုလို ကိုဗစ် ( COVID-19) ကာလ မှာ လူတိုင်းလူတိုင်း ရောဂါကူးစက်မှု ကြောင့်ပူပင်သောက စိုးရိမ်မူတွေနဲ့ ဖြတ်သန်း နေရပါတယ် လူကြီးမင်းတို့ ရဲ့ တနေ့တာ ယုံကြည်စိတ်ချ နိုင်ဖို့ အတွက် မကြာခင်မှာ ကိုယ်ခံအား ကို မြှင့်တင်ပေးမဲ့ Immune Booster ကို လူတိုင်း သုံးစွဲ နိုင်အောင် ဈေးသက်သာစွာနဲ့ ရောင်းချပေးသွားမှာ ကို သတင်းကောင်းပါး အပ်ပါ်တယ်ဗျာ။

ပျော်ရွှင်လှပကျန်းမာသောဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ 🌻🌻🌻

Be careful !
23/05/2017

Be careful !

ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊သားအိမ်ကင်ဆာ စသဖြင့် ရောဂါတွေကြောင့် အမျိုးသမီးတွေမှာ သေဆုံးမှု များပြားလျက်ရှိပါတယ် ။ယခုလို အဖြစ်များတဲ့ ရောဂါတွေထဲက သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၄)ခုကိုဖော်ပြပေးချင်ပါတယ် ။

29/04/2017

အမျိုးသမီးတွေဟာ ကင်ဆာနဲ့ ပတ်သတ်လို့ ပုံမှန်စစ်ဆေးပေးသင့်ပါဘူး။ အမျိုးသမီးတွေမှမဟုတ်ပါဘူး လူတိုင်းလည်း ကင်ဆာနဲ့ပတ်သတ်လို့ ...

သူငယ်ချင်းတို့ရေ...ကျွန်မတို့တွေ စီးပွားရေးလုပ်ပြီးငွေရှာကြပါတယ်...ခိုင်မာတဲ့ Company တခုနဲ့ လက်တွဲထားရင်တော့ ဘဝအတွက် ရေ...
30/07/2015

သူငယ်ချင်းတို့ရေ...
ကျွန်မတို့တွေ စီးပွားရေးလုပ်ပြီးငွေရှာကြပါတယ်...
ခိုင်မာတဲ့ Company တခုနဲ့ လက်တွဲထားရင်တော့ ဘဝအတွက် ရေရှည် အာမခံချက်ရှိပါတယ်။
Successmore companyဆိုရင် တော်၂ များ၂သိပြီးကြမှာပါ။
Onlineမှာ အရမ်း hotနေတဲ့ Fillymor. Phytovy .Brazil Coffe အပါအဝင် product ပေါင်း ၂၅ မျိုးလောက်ရနိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရုံးခွဲ ၂၀ ခုရှိနေပါပြီ။
နောက် ၅နှစ် အတွင်း ရုံးခွဲ ပေါင်း ၅၀ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။
ရင်းနှီးငွေ ၁သိန်း၃သောင်းကနေ စတင်ပြီး အများဆုံး ၅သိန်း ရင်းနှီးရုံနဲ့ ခိုင်မာတဲ့ စီးပွားရေးကိုစတင်နိုင်ပါပြီ။
ရင်းနှီးငွေဆိုလို့ ရုံးကိုပေးလိုက်ရတာမဟုတ်ပါဘူး။
ငွေ ၅၀၀၀ကျပ်နဲ့ member ဝင်ပြီး တို့ နှစ်သက်ရာ Products တွေဝယ်ယူလိုက်ရမှာကိုပြောတာပါ။
Memberဈေးနဲ့ ဝယ်ယူပြီး ကိုယ်တိုင်လည်းသုံး မိတ်ဆွေတွေကိုလည်း ပြန်ရောင်းနိုင်ပါတယ်။
ဒါဟာmemberသက်တန်းတလျောက် တကြိမ်ပါပဲ။ လစဉ် အမှတ်ထိန်း စရာလဲမလိုလို့ တခါရင်းပြီးရင် ဘာမှထပ်ဝယ်စရာ မလိုတော့ပါဘူး။
ကျွန်မတို့ ဘဝအတွက် ခိုင်မာတဲ့စီးပွားရေးစတင်ဖို့ ဒီလောက်လေးနဲ့ပဲစတင်ရမှာပါ။
ဒီ company ကစစ်မှန်တဲ့ Network Marketing Companyပါ။
Network marketingဆိုတာ ဘာလဲလို့ သင်ပေးသလို network marketing နဲ့ ဘယ်လိုငွေရှာမလဲဆိုတာလည်းသင်ပေးပါတယ်။
Memberဝင်ပြီး လူဆွယ်ရမှာလားလို့ မေးတတ်ကြပါတယ်။
Company က မဆွယ်ခိုင်းပါဘူး။
Company ကဈေးမရောင်းခိုင်းပါဘူး။
Memberဝင်ရင် memberဈေးနဲ့ရပါတယ်။
Company ကပေးတဲ့ Bonus လိုချင်လို့ အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်တစ်ယောက် ညာတစ်ယောက်ကိုယ်နဲ့ အကျိုးတူလုပ်မဲ့သူရှိရပါတယ်။ အဲဒီတော့ လူရှာတာ ကိုယ့် အတွက်ကိုယ်ရှာတာပါ။

စိတ်ဝင်စားတဲ့ မိတ်ဆွေများph ဆက်ပေးပါမယ် comment ပေးခဲ့ပါ OR ဖုန်းဆက်ချင်ရင် 0997 3252 633 ကို ဆက်သွယ်မေးမြန်းပါနော်

Address

No. (26), Ground Floor, Kyate Tan Street, N/E Ma Kyi Tan Quarter, Kyee Myin Taing Tsh, YGN
Yangon
11180

Telephone

+959254552823

Website

Alerts

Be the first to know and let us send you an email when ပျော်ရွှင်လှပကျန်းမာသောဘဝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share