Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး

  • Home
  • Myanmar
  • Yangon
  • Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး

Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး, Hospital, No. 73, Ohn Pin Street, Kyeemyindaing, Yangon.

ဆေးရုံပေါင်း၇၃ ရုံဖြင့် ကျန််းမာရေးစောင့်ရှောက်မှုပေးနေသော India နိုင်ငံအပိုလိုဆေးရုံတွင်ဆေးကုသမှုခံယူလိုပါက ၂၀၁၅ခုနှစ်မှစတင်၍လူနာပေါင်းများစွာကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေသည့် ဆရာစိုင်းဦးစီးသောမြန်မာပြည်ကိုယ်စားလှယ်ရုံးကို ဆက်သွယ်လိုက်ပါ ဖုန််း095373256 WeCare Health Care Services Co.,Ltd သည် ၂၀၁၅ ခုနှစ်မှ စတင်၍ အပိုလိုဆေးရုံ၏ မြန်မာပြည် ကိုယ်စားလှယ်ရုံးအဖြစ် အပိုလိုဆေးရုံသို့ သွားရောက်ဆေးကုသမှု

ခံယူလိုသော လူနာပေါင်းများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ပါသည်။

👨‍⚕️👨‍⚕️👨‍⚕️ဆေးကုသမည့် လူနာများအတွက် မြန်မာပြည်ကိုယ်စားလှယ်ရုံးမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။

✜ လူနာ၏ ရောဂါနှင့် ပတ်သက်သော ဆေးမှတ်တမ်းများကို ဆေးရုံသို့ ပို့၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများထံမှ ကုသမည့်နည်းလမ်းနှင့် လမ်းညွှန်ချက်များ ရယူပေးခြင်း။

✜မြန်မာနိုင်ငံတွင် လိုအပ်သော ကြိုတင်ဆေးစစ်ချက်များ စီစဉ်ဆောင်ရွက်ပေးခြင်း။

✜ ခန့်မှန်း ကုန်ကျစားရိတ် တွက်ချက်ပေးခြင်း။

✜ နိုင်ငံကူးလက်မှတ် စီစဉ်ဆောင်ရွက်ပေးခြင်း။

✜နိုင်ငံ ဝင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း။

✜ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း။

✜လေယာဉ်ကွင်းမှ တည်းခိုရမည့်နေရာအထိ လူနာအကြိုအပို့ စီစဉ်ပေးခြင်း။

✜စကားပြန် စီစဉ်ပေးခြင်း ။

✜ ဆေးရုံအနီးတွင် နေထိုင်နိုင်ရန် တည်းခိုခန်း၊ ဟိုတယ် စီစဉ်ပေးခြင်း။

✜ ဆေးကုသမှုပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လာပြီးနောက် လစဉ်ပုံမှန်စစ်ဆေးနေကျ ဆေးစစ်ချက်များကို သက်ဆိုင်ရာ ဆရာဝန်ကြီးများထံသို့ ပို့ပေး၍ ညွှန်ကြားချက်များ ရယူပေးခြင်း။

🙏🏻🙏🏻🙏🏻“ ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့။”🙏🏻🙏🏻🙏🏻

🚗💨 ဆီကုန်စရာမလိုဘဲ ကျန်းမာရေးအတွက် အခမဲ့ ဆွေးနွေးမယ် ✨ဆီချွေတာနေရလို့ ကျန်းမာရေးကိစ္စတွေအတွက် အချိန်မပေးနိုင်ဖြစ်ပြီး စိ...
27/03/2026

🚗💨 ဆီကုန်စရာမလိုဘဲ ကျန်းမာရေးအတွက် အခမဲ့ ဆွေးနွေးမယ် ✨

ဆီချွေတာနေရလို့ ကျန်းမာရေးကိစ္စတွေအတွက် အချိန်မပေးနိုင်ဖြစ်ပြီး စိတ်ညစ်နေရပါသလား? 😫⛽

မိတ်ဆွေ စိတ်မညစ်ရတော့အောင် ကျွန်တော်တို့အပိုလိုဆေးရုံကိုယ်စားလှယ်ရုံးကနေ ကျန်းမာရေးကိစ္စအားလုံးအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်တဲ့ ဆေးကုသမှုတွေအတွက် အခမဲ့ (အခမဲ့) တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ! 🏥🤝

✅ ဘယ်လိုလုပ်ရမလဲ?
မိတ်ဆွေရဲ့ ဆေးစစ်ထားတဲ့ အဖြေတွေကို Viber ကနေ ပို့ပေးလိုက်ရုံနဲ့ တာဝန်ခံ ဆရာဝန်တွေမှ သေချာဖတ်ရှုစစ်ဆေးပြီး ကုသမှုနည်းလမ်းတွေအတွက် အသေးစိတ် ဆွေးနွေးကူညီဆောင်ရွက်ပေးသွားမှာပါ။📱🩺

💰 ဝန်ဆောင်မှုစရိတ်?
ဒီဝန်ဆောင်မှုအတွက် အခကြေးငွေ လုံးဝ (လုံးဝ) ပေးဆောင်စရာ မလိုပါဘူးနော်။ 🆓✨

ဆီအကန့်အသတ်ရှိနေလို့ တစ်နေရာသွားမယ်ဆို အရေးပေါ်အတွက် ဆီချွေတာဖို့ အမြဲစဉ်းစားနေရပေမဲ့... ကျန်းမာရေးအတွက်တော့ ဆီချွေတာစရာမလိုဘဲ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။ 📞💨

❤️ မိတ်ဆွေကျန်းမာဖို့သာ အဓိက Apolloရုံးကို သတိရ❤️

-----------------------------------------------------------------------------------------------
ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာ မှန်သမျှကိုရုံးခန်းသို့လာရောက် အသေးစိတ်မေးမြန်းနိုင်သလို Page Messenger
https://m.me/ApolloHospitalMyanmar
နှင့် အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်များတွင်ပါ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
𝐖𝐞𝐂𝐚𝐫𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨.,𝐋𝐭𝐝.
ရန်ကုန်ရုံး
🏥 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎ 09 970716074
☎ 09 254364535
☎ 09 5373256

မန္တလေးရုံး
📪 အမှတ်၁၈၅၊ ၃၅လမ်း၊ ၇၇×၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎ 09 451922992

✨ 🏥ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့အဆင့်မီ ဆေးကုသမှုတွေဆီ လမ်းစတင်ဖို့ ကျွန်တော်တို့ဆီမှာ ဆေးမှတ်တမ်းလေး လာပြရုံပါပဲ"📄✈️နိုင်ငံခ...
26/03/2026

✨ 🏥ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့အဆင့်မီ ဆေးကုသမှုတွေဆီ လမ်းစတင်ဖို့ ကျွန်တော်တို့ဆီမှာ ဆေးမှတ်တမ်းလေး လာပြရုံပါပဲ"📄

✈️နိုင်ငံခြားမှာ ဆေးကုသဖို့ စဉ်းစားတဲ့အခါ "ဘယ်က စရမလဲ" ဆိုတဲ့ မေးခွန်းအတွက် အဖြေက အခုဆို အနီးနားမှာတင် ရှိနေပါပြီ။ 📍✨

🏥အပိုလိုဆေးရုံ (မြန်မာပြည်ကိုယ်စားလှယ်ရုံး) ရဲ့ ရန်ကုန်နဲ့ မန္တလေး ရုံးခွဲများမှာ တာဝန်ခံဆရာဝန်များနဲ့ လူကိုယ်တိုင် သာမက ဖုန်းလေးဆက်ရုံနဲ့လည်း မိမိတို့ရဲ့ ကျန်းမာရေးအတွက် ကုသမှုတွေအကြောင်းကို အခမဲ့ (Free) ဆွေးနွေးနိုင်ပါပြီ။ 👨‍⚕️👩‍⚕️📞

🤔တာဝန်ခံဆရာဝန်တွေနဲ့ ဘာတွေ ဆွေးနွေးနိုင်မှာလဲ❓

✅ ဆေးမှတ်တမ်း စစ်ဆေးပေးခြင်း: 📑
စစ်ဆေးထားတဲ့ ဆေးမှတ်တမ်းတွေကို တာဝန်ခံဆရာဝန်တွေက သေချာကြည့်ရှု စစ်ဆေးပေးမှာပါ။

✅ အိန္ဒိယအထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပေးခြင်း: 🇮🇳👨‍⚕️
ရုံးခွဲရှိ တာဝန်ခံဆရာဝန်မှတစ်ဆင့် အိန္ဒိယနိုင်ငံ အပိုလိုဆေးရုံကြီးမှ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများထံသို့ ဆေးမှတ်တမ်းများ ပေးပို့ကာ ကုသမှုအစီအစဉ် (Treatment Plan) အကြံပြုချက်များကို အခမဲ့ ရယူပေးခြင်း။

✅ ကုန်ကျစရိတ်နှင့် ကြာမြင့်ချိန် ခန့်မှန်းပေးခြင်း: 💰⏳
ဆေးကုသစရိတ်နဲ့ ဆေးရုံတက်ရမယ့် ရက်အနည်းအများအပြင် ခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို ကြိုတင်တွက်ချက်ပေးခြင်း။

ကိုယ်စားလှယ်ရုံးမှာရှိတဲ့ တာဝန်ခံဆရာဝန်တွေနဲ့ အမြဲအဆက်အသွယ်မပြတ် အကြံဉာဏ်တွေ ရယူနိုင်တာကြောင့် သင့်ရဲ့ နိုင်ငံခြားဆေးကုသမှုခရီးစဉ်ကို ပိုပြီး ယုံကြည်စိတ်ချစွာ စတင်နိုင်မှာပါ။ 🤝

နိုင်ငံခြားမှာ ဆေးကုဖို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်လိုပါသလား? 🌏✈️

ဒီနေ့ပဲ "အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး" ကို သတိရလိုက်ပါ။ 💡

ကျွန်တော်တို့က သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်မှုကို ပေးဖို့ အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 🤗💙
————————————————————————
"ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ "
🛑WeCare Health Care Services Co.,Ltd.

📍 ရန်ကုန်ရုံးခွဲ:
📞 09 970716074, 09 254364535
🏠 အမှတ် (၇၃)၊ မြေညီထပ်၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်။

📍 မန္တလေးရုံးခွဲ:
📞 09 451922992, 09 765397900
🏠 အမှတ် (၁၅၈)၊ ၃၅ လမ်း၊ ၇၇ x ၇၈ လမ်းကြား။
ေးရုံမြန်မာပြည်ကိုယ်စားလှယ်ရုံး

#ရန်ကုန်ရုံးခွဲ
#မန္တလေးရုံးခွဲ

🇮🇳 India နိုင်ငံ Apollo ဆေးရုံမှ ထိပ်တန်းအထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးဆွေးနွေးပွဲ နဲ့ ကျန်းမာခြင်းလက်ဆောင်ပေးအပ်ခဲ့ တ...
23/03/2026

🇮🇳 India နိုင်ငံ Apollo ဆေးရုံမှ ထိပ်တန်းအထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးဆွေးနွေးပွဲ နဲ့ ကျန်းမာခြင်းလက်ဆောင်ပေးအပ်ခဲ့ တဲ့ ပွဲလေးမှ ပုံရိပ်တစ်ချို့✨

ပြီးခဲ့တဲ့ ၂၁ ရက်နေ့စနေနေ့တွင် ရန်ကုန် Zealax Hotel၌ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ 🩺 ကျောက်ကပ်အစားထိုး🧠 ဦးနှောက်နှင့် အာရုံကြော❤️ ရင်ခေါင်းနှင့် နှလုံးသွေးကြော
ဆိုင်ရာရောဂါဝေဒနာရှင်များအတွက် ခေတ်မီကုသနည်းများကို ကမ္ဘာ့အဆင့်မီ အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပွဲမှ ပုံရိပ်များ ✨

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝

————————————————————————

🔴WeCare Health Care Services Co.,Ltd.

🏥Yangon ရုံး
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074, 09 779 825 852

🏥Mandalay ရုံး
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
☎️📞 09 451 922 992

Wishing you peace, happiness, and good health this Eid al-Fitr. Warm wishes from Apollo Hospitals Myanmar Office.       ...
21/03/2026

Wishing you peace, happiness, and good health this Eid al-Fitr.
Warm wishes from Apollo Hospitals Myanmar Office.

#အိန္ဒိယဆေးကု

“ကျောက်ကပ်အစားထိုးခြင်း စိတ်ချရတဲ့ အာမခံချက်ရှိလား❓”🧠 လူနာများအများစု မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ “ကျောက်ကပ်အစားထိုး...
19/03/2026

“ကျောက်ကပ်အစားထိုးခြင်း စိတ်ချရတဲ့ အာမခံချက်ရှိလား❓”

🧠 လူနာများအများစု မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ “ကျောက်ကပ်အစားထိုးပြီးရင် ဘယ်လောက်ကြာရှည်ခံမလဲ?” ဆိုတာပါ။

🧑‍⚕️ အမှန်တော့ ကျောက်ကပ်အစားထိုးခြင်း (Kidney Transplant) ဟာ “End-Stage Renal Disease (ESRD)” နောက်ဆုံးအဆင့်ရောက်နေသူတွေအတွက် 💙 အသက်ရှင်နိုင်မှုကိုသာမက💙 ဘဝအရည်အသွေးကိုပါ ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ အရေးပါတဲ့ ကုသမှုတစ်ခုပါ။

💡 အစားထိုးထားတဲ့ ကျောက်ကပ် ဘယ်လောက်ခံနိုင်လဲ?
📊 ယေဘုယျအားဖြင့် အသက်ရှင်နေတဲ့ အလှူရှင် (Living donor)ထံမှကျောက်ကပ်ဟာ➡️ 15 နှစ်အထိ ကြာရှည်ခံနိုင်ပြီး 🕊️ သေဆုံးပြီးအလှူရှင် (Deceased donor)ဆီကတော့ ➡️ 10 နှစ်အထိ ကြာရှည်ခံနိုင်ပါတယ်။

✨ ဒါပေမယ့်…
👉 ဆရာဝန်ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပြီး
👉 ဆေးဝါးတွေကို ဂရုတစိုက် မပျက်မကွက် သောက်သုံးနိုင်မယ်ဆိုရင်
🗓️ အနှစ် 20–30 ကျော်အထိကြာရှည်ခံနိုင်ပါတယ်။

ကျောက်ကပ်အစားထိုးမှုရဲ့ “ကြာရှည်ခံနိုင်မှု” ဟာ
✔️ ကိုယ်နဲ့ ကိုက်ညီမှု (Tissue matching)
✔️ ကိုယ်ခံအားစနစ် (Rejection risk)
✔️ ဆေးဝါးလိုက်နာမှု (Immunosuppressants)
✔️ လူနာရဲ့ ကျန်းမာရေးအခြေအနေ (Comorbidities)
✔️ Follow-up care ကို တိတိကျကျ လုပ်နိုင်မှု တွေအပေါ်သက်ရောက်မှုရှိပါတယ်။


📈 အသက်ရှင်နိုင်မှု (Survival Rate)
✅ ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်နှင့် အစားထိုးကုသမှု ခံယူထားတဲ့ အသက် 65 နှစ်အထက် လူနာတွေဟာ ငါးနှစ်တာ အသက်ရှင်ဖို့ ရာခိုင်နှုန်း (5-year survival rate) 83.9% ရှိပြီး အသက် 18 နှစ်မှ 35 နှစ်အတွင်းရှိသူတွေမှာတော့ 97.8% အထိရှိပါတယ်။

👉 “ကျောက်ကပ်အစားထိုးခြင်း”က ကုသပြီးတာနဲ့ အကုန်ပြီးတာမျိုး မဟုတ်ပါဘူး
💊 ဆေးဝါးကို တိတိကျကျ သောက်ရမယ်
🏥 ဆရာဝန်နဲ့ ပုံမှန် follow-up ပြရမယ်
🥗 ကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်း လုပ်နိုင်မယ်ဆိုရင်
✨ အစားထိုးထားတဲ့ ကျောက်ကပ်ကို နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပြီးဘဝကို သာမန်လူတစ်ယောက်လို နေထိုင်နိုင်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရပြီး အစားထိုးကုသဖို့စဉ်းစားနေပါက 🇮🇳အိန္ဒိယနိုင်ငံ New Delhi မြို့🏣အပိုလိုဆေးရုံကြီးမှ ကျောက်ကပ်ကျွမ်းကျင်အထူးကုသမားတော်ကြီးနှင့် တွေ့ဆုံဆွေးနွေးနိုင်မဲ့ အခွင့်အရေး ✨
👨‍⚕️ 🩺 Dr. Sandeep Guleria
Kidney Transplant Specialist Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။

စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992



#နာတာရှည်ကျောက်ကပ်ရောဂါ

❓ ကျောက်ကပ်အစားထိုးဖို့ အချိန်တန်ပြီလား? ဘယ်အချိန်မှာ လိုအပ်တာလဲ? ❓🫧 နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney Disease) ဟာ...
18/03/2026

❓ ကျောက်ကပ်အစားထိုးဖို့ အချိန်တန်ပြီလား? ဘယ်အချိန်မှာ လိုအပ်တာလဲ? ❓

🫧 နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney Disease) ဟာ များသောအားဖြင့် အစပိုင်းမှာမသိသာပေမဲ့ တဖြည်းဖြည်းရောဂါအဆင့်မြင့်လာပြီး End-Stage Renal Disease (ESRD) သို့ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ရွေးချယ်မှုတစ်ခုကို ဆုံးဖြတ်ဖို့လိုလာပါတယ်။
👉 အဲ့ဒါကတော့ ကျောက်ကပ်အစားထိုးကုသမှု ဖြစ်ပါတယ်။

🧠 ဘယ်အချိန်မှာ ကျောက်ကပ်အစားထိုး စဉ်းစားသင့်လဲ?
🔸 ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု အလွန်ကျဆင်းပြီး dialysis ကျောက်ကပ်ဆေးခြင်း အပေါ် မှီခိုနေရတဲ့အခါ
🔸 Dialysisကျောက်ကပ်ဆေးခြင်း လုပ်နေပေမယ့် နေထိုင်မှုဘဝအရည်အသွေး ကျဆင်းလာတဲ့အခါ
🔸 ဆရာဝန်မှ ရေရှည်အတွက် transplant အစားထိုးကုသမှုသာ ပိုသင့်တော်ကြောင်း အကြံပြုတဲ့အခါ မှာမဖြစ်မနေစဉ်းစားသင့်ပါပြီ။

🫀 ကျောက်ကပ်အစားထိုးကုသမှုဆိုတာဘာလဲ?
ကျောက်ကပ်အစားထိုးကုသမှုဆိုတာက အလုပ်မလုပ်တော့တဲ့ ကျောက်ကပ်အစား အလှူရှင်ရဲ့ ကျောက်ကပ်အသစ်တစ်ခုကို ထည့်သွင်းပေးခြင်း ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ သဘာဝလုပ်ငန်းဆောင်တာတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။

👨‍👩‍👧‍👦 ကျောက်ကပ်အလှူရှင် (Donor)က✔️ ဆွေမျိုးတော်စပ်သူ ✔️ သွေးအုပ်စု ကိုက်ညီမှုရှိသူဖြစ်ရပါမယ်။

✨ကျောက်ကပ် အစားထိုးပြီးတဲ့အခါ
🌿 Dialysis ကျောက်ကပ်ဆေးခြင်းအတွက် အချိန်ပေးစရာ မလိုတော့ခြင်း
🌿 အစားအသောက်ကန့်သတ်ချက်များ လျော့နည်းခြင်း
🌿 ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် ပြန်လည်ကောင်းမွန်လာခြင်း
🌿 ပုံမှန်ဘဝကို ပြန်လည်ခံစားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။

ကျောက်ကပ် အစားထိုးခြင်း၏ အားနည်းချက်များ 🔸 မေ့ဆေးဖြင့်အကြီးစားခွဲစိတ်မှုပြုလုပ်ရခြင်း 🔸 ခွဲစိတ်စဉ်သွေးထွက်လွန်ခြင်း၊ရောဂါပိုးဝင်နိုင်ခြင်း 🔸 အစားထိုးကျောက်ကပ်အားခန္ဓာကိုယ်မှလက်မခံခြင်း(Rejection) 🔸 အစားထိုးပြီးနောက်ခုခံအားချဆေးများကိုအမြဲတစေသောက်ရခြင်း 🔸ကျောက်ကပ်ကျန်းမာရေးအတွက် လိုအပ်သောဆေးစစ်မှုများမကြာခဏပြုလုပ်ရခြင်း တို့ပါပဲ။

ကျောက်ကပ်အစားထိုးခြင်းဟာ နာတာရှည်ကျောက်ကပ်ရောဂါဝေဒနာကိုခံစားနေရသူများမှာ ရေရှည်အတွက်စဉ်းစားသင့်တဲ့ အသင့်တော်ဆုံးကုသမှုတစ်ခုဖြစ်ပါတယ်။

📌 သင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးမှာ နာတာရှည် ကျောက်ကပ်ရောဂါCKD ရှိနေပြီဆိုရင်…
👉 "ကျောက်ကပ်အစားထိုးဖို့ အချိန်တန်ပြီလား?" ဆိုတာကို
💬 ဆရာဝန်နဲ့ အချိန်မီ ဆွေးနွေးကြည့်ဖို့ အရေးကြီးပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရပြီး အစားထိုးကုသဖို့စဉ်းစားနေပါက 🇮🇳အိန္ဒိယနိုင်ငံ New Delhi မြို့🏣အပိုလိုဆေးရုံကြီးမှ ကျောက်ကပ်ကျွမ်းကျင်အထူးကုသမားတော်ကြီးနှင့် တွေ့ဆုံဆွေးနွေးနိုင်မဲ့ အခွင့်အရေး ✨
👨‍⚕️ 🩺 Dr. Sandeep Guleria
Kidney Transplant Specialist Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။
စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992



#နာတာရှည်ကျောက်ကပ်ရောဂါ

💁‍♀️ နာတာရှည်ကျောက်ကပ်ရောဂါကို ဘယ်လိုရင်ဆိုင်မလဲ❓🫧 “ကျောက်ကပ်” ဆိုတာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့ အရေးကြီ...
17/03/2026

💁‍♀️ နာတာရှည်ကျောက်ကပ်ရောဂါကို ဘယ်လိုရင်ဆိုင်မလဲ❓

🫧 “ကျောက်ကပ်” ဆိုတာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုပါ။ ဒါပေမယ့် နာတာရှည်ကျောက်ကပ်ရောဂါ (CKD) ဖြစ်လာတဲ့အခါ ဒီလုပ်ငန်းစဉ်ဟာ တဖြည်းဖြည်း ချို့ယွင်းလာပြီး ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာတတ်ပါတယ်။

🫧 အရေးကြီးတာက ဒီရောဂါဟာ အစောပိုင်းမှာ လက္ခဏာမပြသလောက်ဖြစ်တာပါ။ ရောဂါဖြစ်မှန်းမသိ ဖြစ်နေမှန်း မသိ နိုင်တာမျိုးရှိပြီး တစ်ဖြည်းဖြည်းချင်းဆိုးလာကာမှ လက္ခဏာပြကာ ကျောက်ကပ်ပျက်ဆီးမှုအဆင့်မြင့်တက်လာခြင်းဖြစ်ပါတယ်။

🔍 ဒါဆို ဘယ်လိုရင်ဆိုင်သင့်လဲ?

💡 (1) ကိုယ့်ကျောက်ကပ်အခြေအနေကို သိထားပါ
GFR (Glomerular Filtration Rate) ဆိုတာ ကျောက်ကပ်ဘယ်လောက်အလုပ်လုပ်နေသလဲဆိုတာကို ပြသတဲ့အတိုင်းအတာပါ။
ကျောက်ကပ်အဆင့် ၅ ဆင့်တွေကတော့
• Stage 1 with normal or high GFR (GFR > 90 mL/min)
• Stage 2 Mild CKD (GFR = 60-89 mL/min)
• Stage 3A Moderate CKD (GFR = 45-59 mL/min)
• Stage 3B Moderate CKD (GFR = 30-44 mL/min)
• Stage 4 Severe CKD (GFR = 15-29 mL/min)
• Stage 5 End Stage CKD (GFR

🧬 ကင်ဆာကုသမှုအတွက် ထပ်မံတိုးတက်လာတဲ့ နည်းပညာ ✨ 💁‍♀️ခွဲစိတ်စရာမလိုဘဲ 🧬ကင်ဆာကို တိကျစွာ ကုသနိုင်မယ့်  Varian EDGE🇮🇳India န...
14/03/2026

🧬 ကင်ဆာကုသမှုအတွက် ထပ်မံတိုးတက်လာတဲ့ နည်းပညာ ✨

💁‍♀️ခွဲစိတ်စရာမလိုဘဲ 🧬ကင်ဆာကို တိကျစွာ ကုသနိုင်မယ့် Varian EDGE

🇮🇳India နိုင်ငံ 🏥Apollo ဆေးရုံကြီးမှာ Varian EDGE Radiosurgery System ကို မိတ်ဆက်အသုံးပြုလိုက်ပြီဖြစ်ပြီး ကင်ဆာကုသမှုအတွက် အဆင့်မြင့် နည်းပညာအသစ်တစ်ခုကို လူနာများအနီးသို့ ယူဆောင်လာနိုင်ခဲ့ပါပြီ။

✨Varian EDGE ဆိုတာဘာလဲ?

Varian EDGE ဆိုတာ အလွန်တိကျတဲ့ ဓာတ်ရောင်ခြည်ပေးကုသတဲ့ Radiation Radiosurgery System တစ်ခုဖြစ်ပြီး ကင်ဆာနှင့် အကျိတ်အမျိုးမျိုးကို ခွဲစိတ်ရန်မလိုဘဲ ဓာတ်ရောင်ခြည်နဲ့ (Non-invasive) ကုသပေးနိုင်သော နည်းပညာတစ်ခုပါ။
✔️ ဦးနှောက်ကင်ဆာ (Brain Tumor)
✔️ အဆုတ်ကင်ဆာ (Lung Cancer)
✔️ ဆီးကျိတ်ကင်ဆာ (Prostate Cancer)
✔️ အကျိတ်အချို့ (Benign Tumors)
စတာတွေကို Varian EDGEကိုအသုံးပြုပြီး အလွန်တိကျသော Radiation Therapy ဖြင့် ကုသနိုင်ပါတယ်။

✨ Varian EDGE ၏ ထူးခြားချက်များ
🔹 Sub-millimetric precision – မီလီမီတာထက်တောင် ပိုမိုတိကျသော ကုသမှု
🔹 Real-time imaging – ကုသနေစဉ်အတွင်း အနေအထားကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ခြင်း
🔹 RapidArc / HyperArc technology – အချိန်တိုအတွင်း ထိရောက်စွာ ကုသနိုင်ခြင်း
🔹 Healthy tissue protection – ကင်ဆာကျိတ်ပတ်ဝန်းကျင်ကျန်းမာသော tissue များကို ထိခိုက်မှု အနည်းဆုံးဖြစ်စေခြင်း

ဒါကြောင့် လူနာများအတွက်
✔️ ကုသချိန် ပိုတိုလာခြင်း
✔️ ခွဲစိတ်စရာမလိုသော ကုသမှု
✔️ နာကျင်မှုနည်းပြီး ပိုမိုလုံခြုံသော Treatment
တို့ကိုVarian EDGEမှတစ်ဆင့် ရရှိနိုင်ပါသည်။

🇮🇳India နိုင်ငံ 🏥Apollo ဆေးရုံကြီးအနေဖြင့် ကမ္ဘာ့အဆင့်မီ ကင်ဆာကုသမှုနည်းပညာများကို လူနာများအနီးသို့ ပိုမိုနီးကပ်စွာ ယူဆောင်လာရန် အကောင်းဆုံးဆောင်ရွက်လျက်ရှိပါတယ်။

📩 ဦးနှောက်အကျိတ် သို့မဟုတ် အာရုံကြောဆိုင်ရာ ရောဂါများအတွက် 🇮🇳 India မှ ကမ္ဘာ့အဆင့်မီ ဆရာဝန်ကြီး နှင့် အခမဲ့ ဆွေးနွေးနိုင်မဲ့ အခွင့်အရေး✨
👨‍⚕️ 🩺 Dr. Sudheer Kumar Tyagi
Neuro & Spine Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင်
အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။
စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။
💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992



#ဦးနှောက်ကင်ဆာကျိတ်
#အခမဲ့ဆွေးနွေးမယ်

🫀နှလုံးသွေးကြောကျဥ်း/ နှလုံးသွေးကြောပိတ်ရောဂါခံစားနေရလို့ ရင်ဘတ်တွေအောင့် နေရတာအဆင်မပြေဖြစ်နေပြီလား❓❓မြန်မြန်ပျောက်ကင်းသ...
13/03/2026

🫀နှလုံးသွေးကြောကျဥ်း/ နှလုံးသွေးကြောပိတ်ရောဂါခံစားနေရလို့ ရင်ဘတ်တွေအောင့် နေရတာအဆင်မပြေဖြစ်နေပြီလား❓

❓မြန်မြန်ပျောက်ကင်းသက်သာဖို့ ခွဲစိတ်ကုသမှုခံယူဖို့စဥ်းစားနေပြီလား❓

❓နှလုံးခွဲစိတ်ရမှာမို့ နာကျင်မှုတွေအတွက်ရော စိုးရိမ်နေသေးလား❓

❓ကုန်ကျစရိတ်ကိုရော စမ်းတဝါးဝါးဖြစ်နေရလား ❓ ဒါတွေအားလုံးရဲ့အဖြေကို ဒီ post တစ်ခုထဲမှာပဲ တွေ့နိုင်ပါပြီ။

India နိုင်ငံ Apollo ဆေးရုံကြီးမှာ နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းကို စိုးရိမ်စရာမလိုပဲ ခွဲစိတ်ကုသလို့ရနေပါပြီ✨

🫀နှလုံးသွေးကြောကျဉ်းရောဂါတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေ ဖြစ်တဲ့ MICS ( Minimal invasive surgery ) သို့ စက်ရုပ်နည်းပညာသုံး (Robotic Surgery) နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းတွေကို Apollo ဆေးရုံကြီးမှာ တွင်ကျယ်စွာနေ့စဉ်နဲ့အမျှ အသုံးပြုခွဲစိတ်နေပါပြီ။

💖ရင်ဘတ်ဖွင့်စရာမလိုတဲ့ နှလုံးခွဲစိတ်မှုများ 🤖MICS & Robotic 🇮🇳 India အပိုလိုဆေးရုံကြီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်ကြီးနှင့်အခမဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အခွင့်အရေး ကြီးရှိလာပါပြီ။✨
👨‍⚕️ Dr. Mukesh Goel
Cardiothoracic & Vascular Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။

စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992


#စက်ရုပ်နည်းပညာသုံးနှလုံးခွဲစိတ်မှု
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း

✨India နိုင်ငံအပိုလိုဆေးရုံကြီးရှိ နှလုံးအထူးကုသဌာနဟာ Center of Excellence (ထိပ်တန်းအထူးကုဌာန) တစ်ခုဖြစ်ပြီး နှလုံးခွဲစိတ်မှုပေါင်း 2,00,000 ကျော်ကို ပြုလုပ်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်း 99.6% ရှိတဲ့ စိတ်အချရဆုံးဆေးရုံကြီးဖြစ်ပါတယ်။

📍Minimally invasive coronary artery bypass grafting ၏ ကောင်းကျိုးများမှာ
✨နာကျင်မှု နည်းပါးခြင်း
✨ခွဲစိတ်ပြီးနောက် ဆိုးကျိုးများနည်းပါးခြင်း၊ ရောဂါပိုးမွှားဝင်နှုန်း၊ လေးဖြန်းခြင်း နှင့် နှလုံးခုန်နှုန်း မမှန်မှုတို့ နည်းပါးခြင်း။
✨ခွဲစိတ်စဥ် သွေးထွက်နှုန်းနည်းတာမို့ မလိုအပ်ပဲ သွေးသွင်းရခြင်းကို လျော့ချနိုင်ခြင်း
✨ခွဲစိတ်ချိန်တိုတောင်းခြင်း နှင့် မေ့ဆေးပေးရသောအချိန်တိုတောင်းခြင်း
✨ဆေးရုံမှာအကြာကြီးတက်စရာမလိုခြင်း
✨ခွဲစိတ်ဒဏ်ရာသေးခြင်း
✨ ခွဲစိတ်ပြီးနောက် လူနာများမှာ ပုံမှန်ကျန်းမာသောလူနေမှုပုံစံဘဝကို မြန်ဆန်စွာပြန်လည်ရရှိစေနိုင်ခြင်း စတဲ့
အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

13/03/2026

🏆အောင်မြင်မှုမှတ်တမ်းများစွာ ပိုင်ဆိုင်ထားသည့် 🇮🇳India နိုင်ငံ Apollo ဆေးရုံမှ 🩸ကျောက်ကပ်အစားထိုးခွဲစိတ်ဆရာဝန်ကြီးနဲ့ အမေးအဖြေ ✨

🩺 Prof Dr. Sandeep Guleria
MBBS, MS, DNB, FRCS, FRCP, MNAMS
Kidney Transplant Specialist Surgeon
Indraprastha Apollo Hospital, New Delhi, India

🩸ကျောက်ကပ်အစားထိုးခွဲစိတ်မှုအတွေ့အကြုံ ၃၀ နှစ်ကျော် ရှိပြီး
ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ၁၀,၀၀၀ ကျော် ကို အောင်မြင်စွာ ပြုလုပ်ပေးထားသော
နိုင်ငံတကာတွင်လည်း လူသိများသည့် ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ဆရာကြီးဟာ All India Institute of Medical Sciences (AIIMS), New Delhi တွင် ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း Kidney–Pancreas Transplant ကို ပထမဆုံး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် အဖွဲ့ကို ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

🔹 နာတာရှည်ကျောက်ကပ်ရောဂါ (CKD)
🔹 Dialysis ပြုလုပ်နေရသူများ
🔹 ကျောက်ကပ်အစားထိုးကုသရန် လိုအပ်နေသူများ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ဆရာဝန်ကြီးနှင့် တိုက်ရိုက် အခမဲ့ ဆွေးနွေးတိုင်ပင်ခွင့် ကို လက်မလွတ်ရအောင် တက်ရောက်နိုင်ရန် ကြိုတင်စာရင်းပေးဆက်သွယ်နိုင်ပါသည်။

စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝

🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992




#နာတာရှည်ကျောက်ကပ်ရောဂါ
#ကျောက်ကပ်အစားထိုးကုသခြင်း

🤖“Robotic-Assisted Minimally Invasive Cardiac Surgery, A Surgery that doesn’t feel like one" 🫀အရင်က နှလုံးခွဲစိတ်ကုသမှုတ...
13/03/2026

🤖“Robotic-Assisted Minimally Invasive Cardiac Surgery, A Surgery that doesn’t feel like one"

🫀အရင်က နှလုံးခွဲစိတ်ကုသမှုတွေပြုလုပ်ရာမှာ ခွဲကြောင်းရာ မဖြစ်မနေပေးရသော်လည်း ထိုခွဲကြောင်းရာသည် ကုသမှုတွင်တိုက်ရိုက်အကျိုးဖြစ်ထွန်းခြင်းမရှိဟူသော ယူဆချက်ကြောင့် Minimally Invasive Cardiac Surgery နည်းလမ်းများကို အစားထိုးအသုံးပြုလာခဲ့ကြပါတယ်။
အဲ့ကမှတဆင့် Robotic Cardiac Surgery (စက်ရုပ်နည်းပညာသုံး နှလုံးခွဲစိတ်မှု)၏ ခြေလမ်းအစဖြစ်လာခဲ့ပါတယ်။

✍️ 𝐌𝐢𝐧𝐢𝐦𝐚𝐥𝐥𝐲 𝐈𝐧𝐯𝐚𝐬𝐢𝐯𝐞 𝐒𝐮𝐫𝐠𝐞𝐫𝐲 မှာတော့ ခွဲကြောင်းသေးသေးနဲ့ ခွဲစိတ်ရတဲ့ နည်းလမ်းကို အသုံးပြုတာကြောင့် ခွဲကြောင်းက 5 to 7 centimeter သာရှိပြီး လူနာနာလန်ထတာလည်း ပိုမြန်ပါတယ်။ အမာရွတ်လည်း သေးသလို သွေးထွက်နည်းပြီး အနာကျက်တာလည်း မြန်ပါတယ်။

🤖Robotic Cardiac Surgery ဆိုတာဘာလဲ။
ကွန်ပျူတာစနစ်တပ်ဆင်ထားသော ခွဲစိတ်ကိရိယာများနှင့် စက်ရုပ်နည်းပညာကိုအသုံးပြု၍ နာကျင်မှုအနည်းဆုံးနှင့် ခွဲကြောင်းရာအသေးဆုံးနှလုံးခွဲစိတ်မှုကို နှလုံးခွဲစိတ်ဆရာဝန်မှတာဝန်ယူ ခွဲစိတ်ကုသပေးခြင်းဖြစ်ပါတယ်။

🫀နှလုံးသွေးကြောကျဥ်းရောဂါရှင်များအတွက် ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး နှလုံးသွေးကြောချဲ့ခြင်း ( coronary stenting) နှင့် သွေးကြောဖြတ်ဆက်ခြင်း (CABG) ပြုလုပ်ကြပါတယ်။
🫀CABG လုပ်ဖို့လိုအပ်သောလူနာများအတွက် ခွဲစိတ်ရာတွင် ယခင်က ပုံမှန်သမာရိုးကျခွဲစိတ်ခြင်း (ရင်ခေါင်းမှ ခွဲကြောင်းရာပေးပြီး ခွဲစိတ်ခြင်း) ပြုလုပ်ကြပါသည်။ အသက်ကြီးသော၊ ရောဂါအခံများသော လူနာများအတွက်ဆို ထိုကဲ့သို့ ခွဲစိတ်ခြင်းမျိုးဟာ အန္တရာယ်အရမ်းများပါတယ်။
🫀ဒီလိုလူနာမျိုးအတွက် အခြားနည်းလမ်းတစ်ခုကတော့ Robotic Assisted OR minimally invasive CABG ( စက်ရုပ်နည်းပညာသုံးထိခိုက်မှုအနည်းဆုံး သွေးကြောဖြတ်ဆက်ခွဲစိတ်ခြင်း) ပဲဖြစ်ပါတယ်။

📍Minimally invasive Or Robotic coronary artery bypass grafting ၏ ကောင်းကျိုးများ
✨နာကျင်မှု နည်းပါးခြင်း
✨ခွဲစိတ်ပြီးနောက် ဆိုးကျိုးများနည်းပါးခြင်း၊ ရောဂါပိုးမွှားဝင်နှုန်း၊ လေးဖြန်းခြင်း နှင့် နှလုံးခုန်နှုန်း
မမှန်မှုတို့ နည်းပါးခြင်း။
✨ခွဲစိတ်စဥ် သွေးထွက်နှုန်းနည်းတာမို့ မလိုအပ်ပဲ သွေးသွင်းရခြင်းကို လျော့ချနိုင်ခြင်း
✨ခွဲစိတ်ချိန်တိုတောင်းခြင်း နှင့် မေ့ဆေးပေးရသောအချိန်တိုတောင်းခြင်း
✨ဆေးရုံမှာအကြာကြီးတက်စရာမလိုခြင်း
✨ခွဲစိတ်ဒဏ်ရာသေးခြင်း
တို့ဖြစ်ပြီး ၄င်း၏ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ ခွဲပြီးနောက်လျင်မြန်စွာပြန်ကျန်းမာလာခြင်း (short recovery time) ပဲဖြစ်ပါတယ်။ လူနာအများစုအတွက် ခွဲစိတ်ပြီး ၁၀ ရက် ၁၅ အကြာမှာတော့ ပုံမှန်နေ့စဥ်လုပ်ငန်းဆောင်တာများကိုပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

💖ရင်ဘတ်ဖွင့်စရာမလိုတဲ့ နှလုံးခွဲစိတ်မှုများ 🤖MICS & Robotic 🇮🇳 India အပိုလိုဆေးရုံကြီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်ကြီးနှင့်အခမဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အခွင့်အရေး ကြီးရှိလာပါပြီ။✨
👨‍⚕️ Dr. Mukesh Goel
Cardiothoracic & Vascular Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။

စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။

💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992


#စက်ရုပ်နည်းပညာသုံးနှလုံးခွဲစိတ်မှု
#နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း

🩺အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့Aortic Aneurysm သွေးလွှတ်ကြောမကြီးဖောင်းခြင်း🩺 အရေးပေါ် နှလုံးခွဲစိတ်ကုသမှု🫀Aortic Aneu...
12/03/2026

🩺အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့Aortic Aneurysm သွေးလွှတ်ကြောမကြီးဖောင်းခြင်း🩺 အရေးပေါ် နှလုံးခွဲစိတ်ကုသမှု

🫀Aortic Aneurysm ဆိုတာခန္ဓာကိုယ် ရဲ့ အဓိကသွေးလွှတ်ကြောမကြီးက ပုံမှန်အရွယ်အစားအထက် ပိုကြီးနေတဲ့အခြေအနေဖြစ်ပြီး ၆ စင်တီမီတာထက် ပိုကြီးလာပါက ပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

🫀ပုံမှန်အားဖြင့် ရောဂါလက္ခဏာ ပြလေ့မရှိပဲ အခြားရောဂါတွေကို စစ်ဆေးရင်းနဲ့မှပဲ တွေ့ရလေ့ရှိပါတယ်။ အရွယ်အစားကြီးလာရင်တော့ ဗိုက်အောင့်ခြင်း၊ခါးနာခြင်း၊ ဗိုက်တွင်သွေးခုန်နှုန်းစမ်းမိခြင်း တို့ကိုခံစားရနိုင်ပါတယ်။

🫀Aortic Aneurysm သွေးလွှတ်ကြောမကြီးဖောင်းခြင်းဟာပေါက်ထွက်သွားတဲ့အခါမှာအသက်အန္တရာယ်ရှိပြီး အရေးပေါ်ခွဲစိတ်ရန်လိုအပ်ပါတယ်။

🫀သွေးလွှတ်ကြောမကြီးဖောင်းတဲ့အရွယ်အစားနဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လိုမလို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

✨အရွယ်အစားသေးငယ်ရင်တော့ ဆေးသောက်ခြင်း၊ သွေးပေါင်ထိန်းခြင်း၊ သွေးတွင်း အဆီချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း နဲ့ lifestyle modification များပြုလုပ်ခြင်းအားဖြင့် ထိန်းနိုင်ပါတယ်။

✨အရွယ်အစား ၅.၅ စင်တီမီတာထက်ကြီးနေခြင်း၊ ရောဂါလက္ခဏာများပြလာရင်တော့ ခွဲစိတ်ဖို့လိုအပ်ပါတယ်။

🫀ခွဲစိတ်ရာတွင် Minimally Invasive Surgery နည်းလမ်းဖြစ်သော Endovascular Aortic Aneurysm Repair (EVAR) or Thoracic Endovascular Repair နည်းလမ်းဖြင့် ခွဲစိတ်ကုသနိုင်ပါတယ်။
💁EVAR ဆိုတာသွေးကြောမကြီးကို တိုက်ရိုက်ခွဲစိတ်မှုပြုလုပ်ရန်မလိုပဲ သေးငယ်သောခွဲစိတ်ရာတစ်ခု မှတဆင့် ကျုံ့လွယ်ဆန့်လွယ်သော အစားထိုးပစ္စည်းတစ်ခုကို သွေးကြောမကြီးအတွင်းသို့ ထည့်သွင်းကုသခြင်းဖြစ်ပါတယ်။

✨EVAR ကို
✅ကြီးမားသောသွေးကြောဖောင်းခြင်း(သို့)လျှင်မြန်စွာကြီးမားလာသောသွေးကြောဖောင်းခြင်းများ
✅သွေးကြောမကြီးကို တိုက်ရိုက်ခွဲစိတ်မှု ပြုလုပ်ရန် မသင့်တော်သောလူနာများ
✅တခြားရောဂါအခံရှိသောလူနာများ တွင် အသုံးပြုနိုင်ပါတယ်။

💁ခွဲစိတ်မှုပုံစံမှာ ပေါင်ခြံနေရာတွင်အသေးစားခွဲစိတ်ရာပေး၍ ထိုနေရာမှတစ်ဆင့် ပါးလွှာ၍ပျော့ပျောင်းသော ပိုက်ပုံစံပြွန်အသေးနှင့်အစားထိုးမည့် Stent ကို ဖောင်းနေသောသွေးကြောမကြီးထိရောက်အောင်ထည့်ကာ တည်မြဲအောင်နေရာချခြင်းဖြင့် သွေးကြောမကြီးပေါက်မထွက်အောင် ထိန်းပေးကာ သွေးစီးဆင်းမှုကို ပုံမှန်လည်ပတ်စေတာဖြစ်ပါတယ်။
💁ခွဲစိတ်ကုသမှုပြီးလျှင် ဆေးရုံတွင်တစ်ညတာစောင့်ကြည်ရန်လိုအပ်ပြီး နောက်နေ့မှာတော့ပုံမှန်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သို့သေည်အလေးအပင်မခြင်းကိုတော့ ခွဲစိတ်ပြီး ၄ ပတ်မှ ၆ပတ်အထိ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

💁EVAR ကိုအသုံးပြုခြင်းအားဖြင့်
✅ဆေးရုံတတ်ရက်တိုတောင်းခြင်း
✅သွေးထွက်နည်း၍ ခွဲစိတ်ချိန်တိုတောင်းခြင်း
✅ပုံမှန်လုပ်ငန်းဆောင်တာများကို အချိန်တိုတွင်း ပြန်လည်လုပ်ဆောင်နိုင်ခြင်း
✅ပုံမှန်ခွဲစိတ်မှုများနှင့် ယှဉ်လျှင် ခွဲနေစဉ်အတွင်း ရုတ်တရက်နှလုံးဖောက်ခြင်း အန္တရာယ်များကို လျော့ချနိုင်ပါတယ်။

💖 နှလုံးနှင့် သွေးကြောဆိုင်ရာခွဲစိတ်မှုများ အတွက် 🇮🇳 India အပိုလိုဆေးရုံကြီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်ကြီးနှင့်အခမဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အခွင့်အရေး ကြီးရှိလာပါပြီ။✨
👨‍⚕️ Dr. Mukesh Goel
Cardiothoracic & Vascular Surgeon နှင့် 📅 ၂၁.၃.၂၀၂၆တွင် ကျင်းပမည့် ကျန်းမာရေးဆွေးနွေးပွဲတွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။
စိတ်ပါဝင်စားပါက 📞 စာရင်းပေးသွင်းရန်: 09 885373256 , 09970716074
📅 နေ့ရက်: 21.3.2026 (Saturday)
⏰ အချိန်: 10:00AM to 2:00PM
📍 နေရာ: ZEALAX HOTEL (Ballroom) ကမ်းနားလမ်း၊ အလုံမြို့နယ်။
💟 ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့ 💟🙏🤝
🔴WeCare Health Care Services Co.,Ltd.
📪အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
☎️📞 09 5373256 ,09 970 716 074
, 09 779 825 852
📪 အမှတ် ၁၈၅ ၊ ၃၅ လမ်း ၊၇၇ * ၇၈ ကြား ၊ မန္တလေးမြို့။
📞 09 451 922 992



#သွေးလွှတ်ကြောမကြီးဖောင်းခြင်း

Address

No. 73, Ohn Pin Street, Kyeemyindaing
Yangon
11101

Alerts

Be the first to know and let us send you an email when Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Apollo Hospitals Myanmar - အပိုလိုဆေးရုံ မြန်မာပြည်ကိုယ်စားလှယ်ရုံး:

Share

Category

Our Story

WeCare Health Care Services Co.,Ltd သည် ၂၀၁၅ ခုနှစ်မှ စတင်၍ အပိုလိုဆေးရုံ၏ မြန်မာပြည် ကိုယ်စားလှယ်ရုံးအဖြစ် အပိုလိုဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူလိုသော လူနာပေါင်းများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ပါသည်။

အပိုလိုဆေးရုံသည် အိန္ဒိယမှာ အကြီးမားဆုံး ဆေးရုံ ဖြစ်ရုံသာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးလည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၂၀ကျော်မှ လူ၄၂သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

အပိုလိုဆေးရုံသည် အာရှတွင်သာမက ကမ္ဘာ့အနှံ့အပြားတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။ လက်ရှိမှာ ကုတင် ၁၀၀၀၀ ကျော်ဆန့်သော ဆေးရုံပေါင်း (၇၀) ရုံ၊ ဆေးခန်းပေါင်း ၂၂၀၀ကျော်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစစ်ဆေးမှုဓာတ်ခွဲခန်း စင်တာပေါင်း (၁၀၀) ကျော်၊ နိုင်ငံ(၉)နိုင်ငံတွင် Telemedicine unit (၁၁၅) ခု၊ ကျန်းမာရေးအာမခံများ၊ ကျန်းမာရေးဆွေးနွေးပွဲများ၊ clinical trial (ဆေးစမ်းသပ်သုတေသနပြုလုပ်မှုများ)၊ အရေပြားနှင့်ပတ်သက်ပြီးသုတေသနများ၊ stem cell နှင့် မျိုးရိုးဗီဇသုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

“ ကရုဏာရှေ့ ထားကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝအတွက် အပိုလိုဆေးရုံနဲ့ဆက်သွယ်လိုက်ကြပါစို့ “