Health4U Medical Services

Health4U Medical Services Medical Service

“ စနစ်တကျ သေချာ ကုသမှု ခံယူရမယ့် အရေပြားလေးဖက်နာ “ ✅ SLE ( အရေပြားလေးဖက်နာ ) ဆိုတာကတော့ မိမိခုခံအားစနစ်က မူမမှန်ဖြစ်ပြီး...
30/03/2026

“ စနစ်တကျ သေချာ ကုသမှု ခံယူရမယ့် အရေပြားလေးဖက်နာ “

✅ SLE ( အရေပြားလေးဖက်နာ ) ဆိုတာကတော့ မိမိခုခံအားစနစ်က မူမမှန်ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့ ဆဲလ်တွေနဲ့ တစ်ရှူးတွေကို ရန်သူအမှတ်နဲ့ ပြန်လည်တိုက်ခိုက်တဲ့ Autoimmune Disease (မိမိခုခံအား မိမိပြန်တိုက်သည့်ရောဂါ) တစ်မျိုး ဖြစ်ပါတယ်..

❗️Systemic ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းတင်မဟုတ်ဘဲ အင်္ဂါအစိတ်အပိုင်း အတော်များများကို ထိခိုက်နိုင်ပါတယ် ..

❗️ရေရှည်ကုသထိန်းချုပ်ရတဲ့ ရောဂါမျိုးဖြစ်ပြီး ရောဂါထလာလိုက် (Flaring)၊ ပြန်ငြိမ်သွားလိုက် (Remission) ဖြစ်တတ်ပါတယ်..

💁🏻‍♀️ SLE ရဲ့ လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး မတူညီတတ်ပေမဲ့ အတွေ့ရများတာတွေကတော့
- ပါးပြင်နှစ်ဖက်နဲ့ နှာခေါင်းပေါ်မှာ လိပ်ပြာပုံသဏ္ဍာန် အနီကွက်များ ထွက်ပေါ်လာခြင်း..
- ခန္ဓာကိုယ်အနှံ့မှာ discoid rash လို့ခေါ်တဲ့ အနီအကွက်အကွက်တွေ ပေါ်လာခြင်း...
- ဘာကြောင့်မှန်းမသိဘဲ ခဏခဏ ဖျားခြင်း..
- ဆံပင်များ သိသိသာသာ ပါးလာခြင်း သို့မဟုတ် ကျွတ်ခြင်း..
- အဆစ်များ ရောင်ရမ်းခြင်း..
- အလွန်အမင်း နုံးချည့်ခြင်း..
- နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ အနီကွက်တွေထွက်ခြင်း..
- ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း ( ကျောက်ကပ်၊ နှလုံး၊ အဆုတ် နဲ့ ဦးနှောက် စတာတွေကို ထိခိုက်ပြီး ဆက်စပ်ဝေဒနာများ ခံစားရခြင်း.. )

❗️SLE ကို ကိုယ့်သဘောနဲ့ကိုယ် ခန့်မှန်းလို့ မရပါဘူး..

❗️SLE ရဲ့ လက္ခဏာတွေဟာ တခြားသော အရေပြားရောဂါ (သို့) အဆစ်အမြစ် ရောင်ရမ်းတဲ့ ရောဂါတွေနဲ့ မှားယွင်းတတ်လို့ တတ်ကျွမ်းတဲ့ ဆရာဝန်များကသာ တိတိကျကျ စစ်ဆေးဆုံးဖြတ်ပေးနိုင်တာ ဖြစ်ပါတယ်..

💁🏻‍♀️ဆရာဝန်က ရောဂါရာဇဝင်ကို မေးမြန်းတာ၊ ကိုယ်ခန္ဓာကို စစ်ဆေးတာအပြင် သွေးစစ်ဆေးမှု နဲ့ ဆီးစစ်ဆေးမှုတွေကို ပေါင်းစပ်ပြီးမှသာ အတည်ပြုပေးမှာ ဖြစ်ပါတယ်...

💡ရောဂါဖြစ်ပွါးရတဲ့ အတိအကျ အကြောင်းရင်းကို မသိရသေးပေမယ့်
- မျိုးရိုးဗီဇ ( မိသားစုထဲမှာ ရောဂါအခံရှိခြင်း )
- ဟော်မုန်း ( အမျိုးသမီး ဟော်မုန်းများနဲ့ ဆက်စပ်မှုရှိခြင်း )
- ပတ်ဝန်းကျင် ဆိုင်ရာ ( ပြင်းထန်တဲ့ နေရောင်ခြည်၊ စိတ်ဖိစီးမှု နဲ့ အချို့သော ပိုးဝင်မှုများ ) ကြောင့် ဖြစ်ပွားတတ်တယ်လို့ ယူဆကြပါတယ်..

🍀 SLE ဟာ လုံးဝအမြစ်ပြတ်ပျောက်ကင်းအောင် ကုသလို့မရသေးပေမဲ့ ခေတ်မီဆေးပညာနဲ့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ထားလို့ ရပါတယ်..
အဓိက ကတော့ ရောဂါထကြွမှုကို လျှော့ချဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ မပျက်စီးအောင် ကာကွယ်ဖို့ပါ...🍀

🍀SLE လူနာများအနေနဲ့ ..

- လုံလောက်အောင် အိပ်ပါ..
- နေရောင်ခြည်နှင့်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ..
- အာဟာရပြည့်ဝအောင် စားပါ..
- ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပုံမှန်သောက်/စစ်ပါ..
- မိမိသဘောနဲ့မိမိ ဆေးဖြတ်ခြင်း (သို့) ဆေးလျှော့ခြင်းမပြုလုပ်ပါနှင့်..
- ရက်ချိန်အတိုင်း လိုအပ်တာ ဆေးစစ်/ ဆရာဝန်နှင့် ပြသရပါမယ် ..

❗️ဘာကြောင့်လဲ ဆိုတော့ မှန်ကန်တဲ့ ကုသမှု ခံယူခြင်းကသာ ပုံမှန်နေ့စဉ်ဘဝတွေကို ပြန်လည်ရောက်ရှိဖို့ ကူညီပေးမှာ ဖြစ်လို့ပါ..

✅ နည်းပညာတိုးတက်ခေတ်မီတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတွေမှာ အရေပြားလေးဖက်နာ SLE ပတ်သတ်ပြီး စစ်ဆေးသွားချင်တာပဲဖြစ်ဖြစ်၊ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ် ပြုလုပ်လိုပါက " 𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 “ ကို ခုပဲဆက်သွယ်လိုက်တော့နော်🤩🤩

☎️ 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑

🏡အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

🧳ဘန်ကောက်ရောက်တုန်းရောက်ခိုက် ဆေးစစ်ချင်တယ်ဆိုရင် 𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 ဘယ်ဆေးရုံတွေမှာရလဲ ❓✅𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ...
29/03/2026

🧳ဘန်ကောက်ရောက်တုန်းရောက်ခိုက် ဆေးစစ်ချင်တယ်ဆိုရင်
𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 ဘယ်ဆေးရုံတွေမှာရလဲ ❓

✅𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 (နခွန်ထွန်ဆေးရုံကြီး)
✅𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝐏𝐡𝐚𝐡𝐨𝐥𝐲𝐨𝐭𝐡𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 (ဖရာထိုင်း ပဟိုရိုသင်းဆေးရုံကြီး)
✅𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢𝟐 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ( ဖရာထိုင်း 𝟐 ဆေးရုံကြီး)
✅𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ( ဖရာထိုင်း 𝟑 ဆေးရုံကြီး)
✅𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢 𝐁𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 (ထွန်ဘူရီ ဘမ်ရွန်မွန်ဆေးရုံကြီး)
✅𝐒𝐚𝐦𝐢𝐭𝐢𝐯𝐞𝐣 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ( ဆစ်မီတဝေ့ ဆေးရုံကြီး )
✅𝐕𝐢𝐛𝐡𝐚𝐫𝐚𝐦 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ( ဝိဘာရာမ် ဆေးရုံကြီး )

✨ ဒီဆေးရုံတွေမှာ တစ်ယောက်စစ် တစ်ယောက်အခမဲ့ စစ်လို့ရပါတယ်

အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်တော့ ပုံမှန် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 လုပ်ခြင်းက ကိုယ်အတွက်
အကောင်းဆုံး ကြိုတင်ကာကွယ်မှုနည်းလမ်းလို့လည်း ပြောချင်ပါတယ်

👨🏻‍⚕️ကျွန်တော်တို့ အတွေ့အကြုံအရ တစ်ချို့မှာ ဆေးစစ်ရင်းနဲ့မှ ရင်သားကင်ဆာအကြိတ်၊ နှလုံးသွေးကြောကျဉ်း နှင့်တခြားသော ရောဂါများတွေ့ရှိလာရပြီး လိုအပ်သော ခွဲစိတ်မှုများကိုလည်း သိသိချင်း ရောဂါအစပျိုးလေးမှာပဲ ကုသခွင့်ရလိုက်တော့ ဆိုးဆိုးရွားရွားမဖြစ်ဘဲ စိတ်အေး လက်အေးနဲ့ ပိုပြီးစိတ်ချသွားရပါတယ်..

💁🏻‍♂️ အဲ့ဒါကြောင် ဘန်ကောက် ရောက်တုန်းရောက်ခိုက်ဆေးစစ်ချင်လို့ပဲဖြစ်ဖြစ်
ဆေးစစ်ဖို့ကို သေချာစီစဉ်ပြီး သွားချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ ဝန်ဆောင်မှု လုံးဝ (လုံးဝ) မယူဘဲ အခမဲ့ ဝန်ဆောင်မှုပေးပြီး အစအဆုံးစီစဉ်ပေးပါတယ်ဆိုတာလည်း ပြောပြချင်ပါတယ်ခင်ဗျာ…

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက

𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔 𝐌𝐄𝐃𝐈𝐂𝐀𝐋 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
ဆက်သွယ်ရန်လိပ်စာ
📍ရန်ကုန်ရုံး
အမှတ်(၅)၊ သစ္စာလမ်း၊ ပထမထပ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်းနံပါတ်
☎️ရန်ကုန်ရုံး
𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟖𝟑𝟑𝟑

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞
#𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔
#𝐁𝐮𝐲𝐨𝐧𝐞𝐆𝐞𝐭𝐨𝐧𝐞
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

ရုံးဝန်ထမ်းများ မကြာခဏ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပင်ပန်းမှု သို့မဟုတ် ကိုယ်ခန္ဓာနာကျင်မှုများ ဖြစ်ပေါ်နေပါက — အလုပ်ဖိအားကြ...
26/03/2026

ရုံးဝန်ထမ်းများ မကြာခဏ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပင်ပန်းမှု သို့မဟုတ် ကိုယ်ခန္ဓာနာကျင်မှုများ ဖြစ်ပေါ်နေပါက — အလုပ်ဖိအားကြောင့်တစ်ခုတည်း မဖြစ်နိုင်ပါ။ သင့်ခန္ဓာကိုယ်တွင် အရေးကြီးသော ဗီတာမင်များ လုံလောက်စွာ မရှိခြင်း၏ လက္ခဏာဖြစ်နိုင်ပါသည် 🧑‍💼💊
ဗီတာမင် B၊ ဗီတာမင် D၊ မဂ္ဂနီဆီယမ် (Magnesium) နှင့် အိုမီဂါ-၃ (Omega-3) ⚡ တို့သည် စွမ်းအင်တိုးမြှင့်ပေးခြင်း၊ အာရုံစိုက်နိုင်မှုကို မြှင့်တင်ပေးခြင်း၊ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းနှင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍကို ပါဝင်သည်။
🔹 သို့သော် လူတိုင်း၏ ခန္ဓာကိုယ်သည် တစ်ဦးနှင့်တစ်ဦးမတူညီသကဲ့သို့ လိုအပ်သော အာဟာရပမာဏများလည်း မတူညီပါ။ အထွေထွေ ဖြည့်စွက်ဆေး (Multiviltamin) များကို သောက်သုံးခြင်းဖြင့် ကောင်းမွန်သောရလဒ်ကို မရရှိနိုင်ပါ။ ကိုယ်တိုင်အတွက် သင့်တော်သော Personalized Vitamins ကို ရွေးချယ်သုံးစွဲခြင်းသည် သင့်ခန္ဓာကိုယ်လိုအပ်သော အာဟာရများကို တိကျစွာ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပြီး ဖြည့်စွက်ဆေး၏ အကျိုးကျေးဇူးများကို အပြည့်အဝ ရရှိစေကာ ကျန်းမာသန်စွမ်းသောဘဝကို ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးပါသည်။

☎️09 964 445 333, 09 964 448 333
🏡အမှတ် ၅, ပထမထပ် A, ပြည်မြန်မာကွန်ဒို ပထမထပ်, သစ္စာလမ်း ရန်ကင်းမြို့



ကင်ဆာအဆင့်များကိုဘယ်လို သိရှိနိုင်မလဲ?⸻0 အဆင့်ကင်ဆာဆဲလ် မဖြစ်သေးပါ (သို)အပြောင်းအလဲ စတင်နေသည့် ဆဲလ်များဖြစ်ပြီးကုသရန် လွ...
26/03/2026

ကင်ဆာအဆင့်များကို
ဘယ်လို သိရှိနိုင်မလဲ?



0 အဆင့်
ကင်ဆာဆဲလ် မဖြစ်သေးပါ (သို)
အပြောင်းအလဲ စတင်နေသည့် ဆဲလ်များဖြစ်ပြီး
ကုသရန် လွယ်ကူသည့် အဆင့်ဖြစ်သည်။



1 အဆင့် (က)
ကင်ဆာဆဲလ် အနည်းငယ်သာ ဖြစ်ပေါ်နေပြီး
အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများသို မပြန့်သေးပါ။



2 အဆင့် (ခ)
ကင်ဆာဆဲလ် အရွယ်အစား ကြီးလာပြီး
အနီးအနားရှိ တစ်ချိုသော အင်္ဂါများသို
ပြန့်ပွားလာနိုင်သည်။



3 အဆင့် (ဂ)
ကင်ဆာဆဲလ် အရွယ်အစား ပိုမိုကြီးမားလာပြီး
အနီးအနားရှိ အင်္ဂါများနှင့်
နှာခေါင်းခေါင်း လမ်းကြောင်းများသို
ပိုမို ပြန့်ပွားလာသည်။



4 အဆင့် (ဃ)
ကင်ဆာဆဲလ်များ အခြားအင်္ဂါများသို
အလွန်ပြင်းထန်စွာ ပြန့်ပွားသွားပြီး
ကိုယ်ခန္ဓာ အနှံသို ပျံ့နှံသွားသော
အဆင့်ဖြစ်သည်။

☎️ 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑
🏡အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬

#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥

𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐈𝐑𝐋𝐈𝐍𝐄𝐒 𝐱 𝐍𝐀𝐊𝐎𝐑𝐍𝐓𝐇𝐎𝐑𝐍 𝐇𝐎𝐒𝐏𝐈𝐓𝐀𝐋, 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐑𝐄𝐏𝐑𝐄𝐒𝐄𝐍𝐓𝐀𝐓𝐈𝐕𝐄 𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔မြန်မာအမျိုးသားလေကြောင်း နှင့် 𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡...
24/03/2026

𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐈𝐑𝐋𝐈𝐍𝐄𝐒 𝐱 𝐍𝐀𝐊𝐎𝐑𝐍𝐓𝐇𝐎𝐑𝐍 𝐇𝐎𝐒𝐏𝐈𝐓𝐀𝐋, 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐑𝐄𝐏𝐑𝐄𝐒𝐄𝐍𝐓𝐀𝐓𝐈𝐕𝐄 𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔

မြန်မာအမျိုးသားလေကြောင်း နှင့် 𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐫𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ 𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐫𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တွင် 𝐌𝐍𝐀 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐨𝐚𝐫𝐝𝐢𝐧𝐠 𝐏𝐚𝐬𝐬 ပြရုံဖြင့်

✅ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ အတွက် 𝟏𝟎% လျော့ဈေးရရှိမည်ဖြစ်ပြီး

✅ထပ်ဆောင်းအနေဖြင့် 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ဖြင့် 𝐛𝐨𝐨𝐤𝐢𝐧𝐠 ယူပါက 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကိုလည်း အထူးဈေးနှုန်းများဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ပြုလုပ်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

အသေးစိတ်အချက်အလက်များကို 𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐫𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံးဖြစ်သည့် 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

𝐖𝐞 𝐚𝐫𝐞 𝐞𝐱𝐜𝐢𝐭𝐞𝐝 𝐭𝐨 𝐚𝐧𝐧𝐨𝐮𝐧𝐜𝐞 𝐚 𝐜𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 𝐚𝐧𝐝 𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐫𝐧
𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐨𝐟𝐟𝐞𝐫𝐢𝐧𝐠 𝐌𝐍𝐀 𝐩𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫𝐬 𝐚 𝟏𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐚𝐧𝐝 𝐞𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐝𝐞𝐚𝐥𝐬 𝐨𝐧 𝐭𝐡𝐞 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐩𝐚𝐜𝐤𝐚𝐠𝐞. 𝐓𝐚𝐤𝐞
𝐚 𝐬𝐭𝐞𝐩 𝐭𝐨𝐰𝐚𝐫𝐝𝐬 𝐛𝐞𝐭𝐭𝐞𝐫 𝐡𝐞𝐚𝐥𝐭𝐡 𝐰𝐡𝐢𝐥𝐞 𝐞𝐧𝐣𝐨𝐲𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐭𝐫𝐚𝐯𝐞𝐥𝐬!

𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 𝐛𝐲 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔

📍 ရန်ကုန်ရုံး - အမှတ် (၅) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ရန်ကုန် - 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟖𝟑𝟑𝟑

📲𝐏𝐚𝐠𝐞 𝐂𝐁 (သို့) 𝐕𝐢𝐛𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။

#𝐧𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧𝐢𝐧𝐭𝐞𝐫
#𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

သင်္ကြန် ပိတ်ရက်တွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်း စစ်ဆေးချင်တဲ့ မိတ််ဆွေများအတွက် ..အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြ...
22/03/2026

သင်္ကြန် ပိတ်ရက်တွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်း စစ်ဆေးချင်တဲ့ မိတ််ဆွေများအတွက် ..

အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းအားဖြင့် မိနစ်ပိုင်းအတွင်း ပုံမှန်မဟုတ်သော အနေအထားများ ( အစာအိမ်အနာ၊ အသားပိုများ သို့မဟုတ် ကင်ဆာအစောပိုင်းအဆင့် )ကိုသိရှိနိုင်သလို လိုအပ်သည့် တချို့သော ကုသမှုများကိုလည်းတစ်ခါတည်း ပြုလုပ်နိုင်ပါတယ်

အသက် ၄၅ နှစ်အထက် ဖြစ်တဲ့အပြင်

အစာအိမ်လမ်းကြောင်းပြဿနာတွေဖြစ်တဲ့ 💁🏻‍♀‍
- အစာမျိုချရခက်ခြင်း
- မကြာခဏ အစာမကြေ လေပွ ခြင်း
- ပျို့ခြင်း / အန်ခြင်း / သွေးအန်ခြင်း
- ဝမ်းဗိုက်အထက်ပိုင်းနာကျင်ခြင်း

အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ 💁🏻‍♀‍
- မကြာခဏဝမ်းချုပ်ခြင်း
- ဝမ်းသွားနေကျပုံစံပြောင်းလာခြင်း
- ဝမ်းသွားရင်းသွေးပါခြင်း
- အိမ်သာသွားပြီးတိုင်း ကျန်နေသလိုခံစားရခြင်း

ဒါ့အပြင်
- ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန်ကျလာခြင်း
- အစာစားချင်စိတ်လျော့နည်းလာခြင်း
- အသက်လေးဆယ်နှစ် နှင့် အထက်လူကြီးများ
- ကင်ဆာမျိုးရိုးရှိသူများ လည်း ဂရုပြုစစ်ဆေးဖို့လိုပါတယ်

✅ နည်းပညာတိုးတက်ခေတ်မီတဲ့ ထိုင်းနိုင်ငံ ရှိဆေးရုံကြီးတွေမှာ မှန်ပြောင်းကြည့်ရှုတဲ့ 𝐩𝐚𝐜𝐤𝐚𝐠𝐞 တွေစျေးသက်သက်သာသာနဲ့ ရှိနေတာဆိုတော့ ထိုင်းရောက်တုန်း စစ်ဆေးသွားချင်တာပဲဖြစ်ဖြစ်၊ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ် ပြုလုပ်လိုပါက " 𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 “ ကို ခုပဲဆက်သွယ်လိုက်တော့နော်🤩🤩

☎️ 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑

🏡အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐆𝐚𝐬𝐭𝐫𝐨𝐬𝐜𝐨𝐩𝐲
#𝐂𝐨𝐥𝐨𝐧𝐨𝐬𝐜𝐨𝐩𝐲
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥

👶🏻👧🏻 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ( ဒေါင်းစင်ဒရုန်း ) ကလေးလေးတွေ ကိုအတော်များ မြင်ဖူး၊ ကြားဖူးကြမှာပါ .. 🙌🏻 ဒီနေ့ 𝟐𝟏.𝟑.𝟐𝟔 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲...
21/03/2026

👶🏻👧🏻 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ( ဒေါင်းစင်ဒရုန်း ) ကလေးလေးတွေ ကိုအတော်များ မြင်ဖူး၊ ကြားဖူးကြမှာပါ ..

🙌🏻 ဒီနေ့ 𝟐𝟏.𝟑.𝟐𝟔 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 နေ့လေးမှာတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗဟုသုတတွေမျှဝေပေးလိုက်ပါတယ်နော် ..

❗️𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ဘာလို့ဖြစ်ရတာလဲ။

လူတစ်ယောက်စီတိုင်းမှာ အဖေနဲ့အမေဆီကနေ မျိုးရိုးဗီဇ 𝐜𝐡𝐫𝐨𝐦𝐨𝐬𝐨𝐦𝐞 စုစုပေါင်း ၄၆ ခု ( ၂၃ စုံ ) လက်ခံရရှိပါတယ် ။

ဒါပေမယ့် 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးတွေမှာတော့ ၂၁ စုံမြောက် 𝐜𝐡𝐫𝐨𝐦𝐨𝐬𝐨𝐦𝐞 မှာ ပုံမှန်မဟုတ်ဘဲ အပိုတစ်ခု ပါဝင်လာတာကြောင့် စုစုပေါင်း 𝐜𝐡𝐫𝐨𝐦𝐨𝐬𝐨𝐦𝐞 ၄၇ ခုဖြစ်သွားပါတယ်။

👶🏻 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးတွေမှာ ထူးခြားတဲ့ မျက်နှာသွင်ပြင် ကွဲပြားမှုလေးတွေရှိကြပါတယ် ။

- မျက်နှာဝိုင်းပြီး ပြားခြင်း
- ခေါင်းသေးခြင်း၊ နောက်စေ့ပြားခြင်း
- နှာခေါင်းသေးပြီး နှာရိုးပြားခြင်း
- မျက်လုံး အပြင်ထောင့်များ အပေါ်ဖက်သို့ တက်၊ စွေခြင်း
- မျက်စံအတွင်း အဖြူအပြောက်များရှိခြင်း
- ပါးစပ်သေးပြီး လျှာအပြင်သို့ထွက်နေခြင်း
- လက်ချောင်းလေးများတိုခြင်း
- လက်ဖဝါးတွင် လက္ခဏာအစင်းကြောင်းတစ်ခုသာပါခြင်း
- လက်သန်းလေးကွေးနေခြင်း
- ကြွက်သားများအားပျော့ခြင်း
- အရိုးအဆစ်များ ကွေး၍လွယ်ခြင်း
- ခြေမနဲ့ ခြေညှိုးကြား ကျဲနေခြင်း
စသဖြင့် သတိထားမိနိုင်ပါတယ် …

💁🏻‍♀️ ဒါ့အပြင်
- ဥာဏ်ရည်ဖွံဖြိုးမှုနောက်ကျခြင်း
- မွေးရာဂါရောဂါများ ( နှလုံး၊ အူလမ်းကြောင်း၊ အကြားအာရုံ၊ သိုင်းရွိုက်၊ သွေးရောဂါ၊ အတွင်းတိမ် ) စတာတွေနဲ့လည်း တွဲပြီး တွေ့ရှိရပါတယ်

⚠️ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ဟာ ကလေး ၈၀၀ ခန့်မှာ ၁ ယောက်ဖြစ်နိုင်ပြီး မျိုးရိုးဗီဇ ရောဂါဖြစ်တဲ့အတွက်ကြောင့် လူမျိုးမရွေး ဖြစ်နိုင်ချေရှိပါတယ်

🤰🏻 ကိုယ်ဝန်ဆောင်မိခင် အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ် ( အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၃၀ မှာ ၁ ယောက်ခန့်ဟာ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးမွေးဖွားနိုင်ချေရှိပါတယ် )

👶🏻 မွေးဖွားပြီးကာလမှာ ကလေးရဲ့ လက္ခဏာများကြည့်ရှုစစ်ဆေးခြင်း၊ 𝐜𝐡𝐫𝐨𝐦𝐨𝐬𝐨𝐦𝐞 စစ်ဆေးခြင်း၊ 𝐃𝐍𝐀 စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်

🤰🏻မမွေးဖွားခင် ကိုယ်ဝန်ဆောင်ချိန်ကာလ ၁၀ ပတ်ကနေ ၁၄ ပတ်အတွင်း သွေးစစ်ခြင်း ၊ 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ခြင်း ဖြင့် သိရှိနိုင်ပါတယ် ။ အခြားသော သွေးစစ်ခြင်းများ၊ ရေမွှာရည် စစ်ဆေးခြင်းများဖြင့်လည်း စောစီးစွာသိရှိနိုင်ပါတယ်။

👶🏻 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးဟာ ဖွံ့ဖြိုးမှု ( ဝမ်းလျားမှောက်ခြင်း၊ လေးဖက်ထောက်ခြင်း၊ လမ်းလျှောက်ခြင်း ) နောက်ကျတတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဥာဏ်ရည် စွမ်းရည်တွေလည်း ကွာတတ်ကြပါတယ် ။
စကားပြောဆိုရာမှာလည်း ဘာသာစကားသင်ယူနိုင်မှုနှေးတာကြောင့် အခက်အခဲရှိတတ်ကြပါတယ်။

❌ အိမ်မှာပဲထားရင် ပေါင်းသင်းဆက်ဆံရေး အားနည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ စနစ်တကျ သင်ယူမှုနည်းပါးခြင်း များကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမိုနောက်ကျတတ်ပါတယ် ❌

✨ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးတွေဟာ ကုသလို့မရနိုင်တာမှန်ပေမယ့် ပေါင်းသင်းဆက်ဆံရေး ကောင်းသောကြောင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု၊ ကူညီဖေးမမှု၊ မိမိဘာသာရပ်တည်နိုင်ဖို့ သင်ကြားပေးမှုတွေကို ရရှိနိုင်ပါက အခက်အခဲမရှိ နေထိုင်နိုင်မှာပါ ✨

✅ ဒါကြောင့် တတ်ကျွမ်းသော သူများရှိသော အထူးလေ့ကျင့်ခန်းတွေဖြစ်တဲ့ စကားပြောသင်ကြားပေးမှု၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းတွေ၊ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 တွေ သွားရောက်လေ့လာပြီး တက်ရောက်သင့်ပါတယ် ✅

🩺 မွေးရာပါရောဂါများလည်း ယှဉ်တွဲ ရှိတတ်တာကြောင့် ပုံမှန်ကျန်းမာရေး စစ်ဆေးပြီး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။

✅ ဖိအားပေးခြင်းများမပြုလုပ်ဘဲ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေး၏ အခြေအနေမှန်ကို သိရှိလက်ခံပြီး တတ်ကျွမ်းသောသူများနှင့် ပူးပေါင်းတိုင်ပင်သင့်ပါတယ်။

👨‍👩‍👧‍👦 အရေးကြီးဆုံး ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ မိဘတွေ၊ အုပ်ထိန်းသူတွေအပြင် ပတ်ဝန်းကျင်ကလည်း လုံခြုံသော ပြုစုစောင့်ရှောက်မှု၊ ဖေးမကူညီမှု၊ စနစ်တကျသင်ကြားပေးမှု တွေပေးနိုင်ပါက 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးတွေဟာ ကောင်းမွန်သော လူမှုဆက်ဆံရေးဖြင့် ပျော်ရွှင်စွာ၊ အမှီခိုနည်းပါးစွာ နဲ့ ကြီးပြင်းလာမှာပဲဖြစ်ပါတယ်။

🏥 မိမိ၏ ကလေးမှာ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 လို့သံသယရှိပါက တတ်ကျွမ်းသူများနဲ့တိုင်ပင်ပြီး ပြသဖို့အကြံပြုလိုက်ပါတယ်နော်။

ဒီလောက်ဆိုရင်တော့ 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးလေးတွေအကြောင်း သိလောက်ပြီထင်ပါတယ်နော်

𝟐𝟏.𝟑.𝟐𝟔 မှာကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 𝐃𝐚𝐲 လေးမှာ တစ်ခြားသူတွေလည်း ဒီအကြောင်းအရာလေးသိရအောင် မျှဝေလိုက်ကြရအောင်နော်။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐇𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐖𝐨𝐫𝐥𝐝𝐃𝐨𝐰𝐧𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞
#𝐃𝐨𝐰𝐧𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

😰 ကင်ဆာရောဂါဟာ ကြောက်ဖို့ကောင်းတာမှန်ပေမဲ့ ကနဦးအစမှာသိရှိခဲ့လျှင် ကုသနိုင်တာကြောင့် ရှေ့ပြေးလက္ခဏာတွေကို စတင်ခံစားနေရပြီ...
17/03/2026

😰 ကင်ဆာရောဂါဟာ ကြောက်ဖို့ကောင်းတာမှန်ပေမဲ့ ကနဦးအစမှာသိရှိခဲ့လျှင် ကုသနိုင်တာကြောင့် ရှေ့ပြေးလက္ခဏာတွေကို စတင်ခံစားနေရပြီဆိုတာနဲ့ စိတ်အေးအေးထားပြီး တိကျသေချာတဲ့ စစ်ဆေးမှုမျိုး ခံယူသင့်ပါတယ်။

💁🏻 ကင်ဆာရောဂါများအတွက် ထိရောက်တဲ့ ရောဂါရှာဖွေစစ်ဆေးမှုများကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က အဆင့်မြင့်ဆေးရုံကြီးတွေမှာ စစ်ချင်သူများအတွက် 𝟐𝟎𝟐𝟔 𝐂𝐚𝐧𝐜𝐞𝐫 𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 များကိုဖော်ပြပေးလိုက်ပါတယ် ..

✅ ကျွန်တော်တို့ 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှာ ရောဂါဝေဒနာရှင်တွေရဲ့ ရောဂါတွေအကြောင်းကို အသေးစိတ်ကအစ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပြီး လိုအပ်သောစစ်ဆေးကုသဖို့အတွက် အသင့်တော်ဆုံးဆေးရုံ/ ဆရာဝန်များကို ညွှန်ပြ ပေးမှာဖြစ်ပါတယ်



အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာလည်း ယိုယွင်းလာတတ်ကြတယ်မဟုတ်လား??🤕✅ အသက်အရွယ်ပြောင်းလဲမူအလိုက် မိမိကို...
15/03/2026

အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာလည်း ယိုယွင်းလာတတ်ကြတယ်မဟုတ်လား??🤕

✅ အသက်အရွယ်ပြောင်းလဲမူအလိုက် မိမိကိုယ်ကို ဆောင်ရန်/ရှောင်ရန်တွေကို လေ့လာပြီး ဂရုတစိုက်နဲ့စောင့်ကြည့်နေသင့်ပါတယ်

✅ ဒါ့အပြင် ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့အခါမှာရော ဘယ်အချက်တွေကို အဓိကထားပြီးစစ်ဆေးကြမလဲ❓

💁 ပုံမှန်စစ်ဆေးသင့်တဲ့အချက်များ

1. သွေးပေါင်ချိန်စစ်ဆေးခြင်း။
အသက်ကြီးလာတဲ့အလျောက် သွေးတိုးဖြစ်နိုင်ချေ ပိုများလာပါတယ်. အသံတိတ်လူသတ်သမားဖြစ်တဲ့ သွေးတိုးရောဂါဟာ ထင်ရှားတဲ့ရောဂါလက္ခဏာမပြတတ်ပါ။ အသက်၅၀နောက်ပိုင်း အာရှလူမျိုးများတွင် အမျိုးသား ၆၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၆၉ ရာခိုင်နှုန်းတွင် သွေးတိုးရှိတတ်ကြပါတယ်. သွေးတိုးရောဂါကို မထိန်းချုပ်နိုင်တဲ့နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါကဲ့သို့သော အသက်အန္တရာယ်အတွက်စိုးရိမ်ရတဲ့ရောဂါများ ကြုံတွေ့နိုင်တာမို့ မိမိ၏ ပုံမှန်သွေးပေါင်ချိန်ကိုစစ်ဆေးရပါမယ်။

2. သွေးတွင်းအဆီဓာတ် စစ်ဆေးမှု
မိမိ၏ခန္ဓာကိုယ်သွေးကြောများတွင် ကောင်းကျိုးပေးသောအဆီဓာတ်များရှိသလို ကောင်းကျိုးမပေးသော အဆီဓာတ်များလည်းရှိပါသည်။ အကယ်၍ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏများနေပါက ဆရာဝန်ထံမှ သင့်နေထိုင်မှုပုံစံ၊ အစားအသောက် သို့မဟုတ် လိုအပ်သောဆေးဝါးများအတွက် ဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။

3. ဆီးချိုရောဂါစစ်ဆေးခြင်း။
အာရှတိုက်၏ အစားအသောက်ပုံစံကြောင့် ဆီးချိုရောဂါသည်လည်း သတိထားရမည့်အချက်ဖြစ်ပါတယ်။
အသက် ၄၅ နှစ်နှင့်အထက် အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ၈ နာရီ အစာရှောင်ပြီးနောက်( HbA1C ) သွေးတွင်းသကြားဓာတ်ပမာဏကို စစ်ဆေးရန် အကြံပြုချင်ပါတယ်.ပုံမှန်စစ်နေကျ (Fasting Blood Sugar)ထက် (HbA1C)သည် ဆီးချိုရောဂါရှိမရှိ သေချာစွာသိရှိနိုင်၍ ဆီးချိုအတွက် စောစီးစွာ ထိန်းသိမ်းကုသနိုင်ပါတယ်။

4. အကြားအာရုံစမ်းသပ်ခြင်း။
အသက်ကြီးလာသည်နှင့် နားမကြားခြင်း (သို့) (High Frequency Sounds) ကြိမ်နူန်းမြင့်သော အသံများကြောင့် အကြားအာရုံဆုံးရှုံးခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
အထူးသဖြင့် ကြိမ်နှုန်းမြင့်သောအသံများကြောင့် အကြားအာရုံဆုံးရှုံးမှု၊ ချို့ယွင်းမူများအတွက် 2-3 နှစ်တစ်ကြိမ် မိမိအကြားးအာရုံကို စစ်ဆေးသင့်ပါတယ်။

5. ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း။
သက်ကြီးရွယ်အိုများတွင် အဖြစ်များဆုံး ခံတွင်းကျန်းမာရေးပြဿနာမှာ သွားများ ဆုံးရှုံးခြင်းနှင့် ခံတွင်းအနံ့ဆိုးရွားခြင်း ဖြစ်ပါတယ်။
သွားပိုးစားခြင်း၊ အမြစ်ဖောက်ခြင်း သို့မဟုတ် သွားဖုံးရောင်ခြင်း ၊ ရေစီးကမ်းပြိုရောဂါ ၊ ခံတွင်းနံ့ဆိုးရွားခြင်း၊ တံတွေးနည်းခြင်း စသည့်အပြောင်းအလဲတွေကြုံတွေ့ရပါတယ်။
အနည်းဆုံး တစ်နှစ် တစ်ကြိမ်စစ်ဆေးခြင်းဖြင့် ခံတွင်းကင်ဆာနှင့် အခြားရောဂါများ၏ အစောပိုင်းလက္ခဏာများကို သိရှိနိုင်သောကြောင့် ခံတွင်းကျန်းမာရေးစစ်ဆေးမှုကိုလည်း အကြံပြုချင်ပါတယ်။

6. အရေပြားကျန်းမာရေး
အရေပြားအရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်း ၊အ‌ရေပြားပေါ်မှ အသားပို၊ အစက်အပြောက်များ၊ အရေပြားရောဂါများ သို့မဟုတ် နာတာရှည်အနာများ အပါအဝင် အခြားသော အရေပြားရောဂါများအတွက် ကြိုတင်စစ်ဆေးကာ ရောဂါရှာဖွေကုသင့်ပါတယ်။

7. သိုင်းရွိုက်လုပ်ဆောင်ချက် စမ်းသပ်မှု
ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်စနစ်ကို ထိန်းချုပ်သည့် သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်ချက်ကို စစ်ဆေးရန် သွေးစစ်ဆေးမှုဖြစ်တယ်။ သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်းကြောင့် ကိုယ်အလေးချိန်အပြောင်းအလဲများ ၊ ခန္ဓာကိုယ်အပူချိန်မညီမျှခြင်းများအစရှိသော ဇီဝရုပ်ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

8. အရိုးသိပ်သည်းဆစစ်ဆေးခြင်း။
အရိုးပွရောဂါသည် မတော်တဆ ထိခိုက်လွယ်သော အရိုးကျိုးခြင်းများကို ဖြစ်စေနိုင်သောကြောင့် သတိထားသင့်တဲ့အချက်ပါ။အသက်၅၀ကျော်လာည်နှင့်အမျှ မိမိအရိုးကျန်းမာရေးကို စတင်သတိထားသင့်သည်။

9. ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင် D ပမာဏကို စစ်ဆေးခြင်း။
ဗီတာမင် D ချို့တဲ့ခြင်းက အရိုးပွခြင်းကို ပိုဆိုးစေနိုင်ပြီး အရိုးကျိုးနိုင်ခြေများပါတယ်။
ဒါ့အပြင် ဗီတာမင် Dသည် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း အထောက်အကူပြုသောကြောင့် ဗီတာမင် D ပမာဏကို တိုင်းတာရန်လိုအပ်ပါတယ်။

10. မျက်စိရောဂါစစ်ဆေးခြင်း။
အသက်အရွယ်ကြီးရင့်မှုနှင့် အခြားမျက်စိရောဂါများဖြစ်သည့် အတွင်းတိမ်၊ ရေတိမ် သို့မဟုတ် အမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်စေနိုင်တာကြောင့် မျက်စိကျန်းမာရေးကလည်း ပုံမှန်စစ်ဆေးသင့်တဲ့အချက်တစ်ခုပါပဲ။

11. အူမကြီးကင်ဆာစစ်ဆေးခြင်း။
အူမကြီးကင်ဆာသည် အ‌ရှေ့တောင်အာရှတွင် တတိတယအဖြစ်များဆုံး ကင်ဆာအမျိုးအစားတစ်ခုအဖြစ်တွေ့ရပါတယ်။ အူမကြီးကင်ဆာအတွက် လိုအပ်သော ကင်ဆာဇီဝအမှတ်ကို တိုင်းတာစစ်ဆေးခြင်းဖြင့် စောစီးစွာရှာဖွေတွေ့ရှိ၍ ပျောက်ကင်းနိုင်ခြေကို တိုးစေပါတယ်။

12. ရင်သားကင်ဆာစစ်ဆေးခြင်း။
အမျိုးးသမီးများအနေဖြင့် ရင်သားမယ်မိုဂရမ် (Mammogram) သို့မဟုတ် ရင်သားအာထရာဆောင်း(Ultrasound Breast) များ (၁-၂ နှစ်တစ်ကြိမ်) စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာကို ကြိုတင်သိရှိနိုင်မှာပါ။အသက်(၅၀)အထက် အမျိုးသမီး(၃ဦးမှ ၁ဦး)သည် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပြီး အသက်(၄၀)အောက် အမျိုးသမီး (၄)ရာခိုင်နူန်းမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေများလာကြောင်း လေ့လာတွေ့ရှိရပါတယ်။

13. ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း။
“ယောကျ်ားမှာဆီး…မိန်းမမှာမီး”ဆိုသလို အသက် 50 နှစ်အထက် အမျိုးသားများတွင် ကြုံတွေ့နိုင်တဲ့ ဆီးကျိတ်ကင်ဆာကို ကြိုတင်စစ်ဆေး ကာကွယ်ထားဖို့လည်းအရေးကြီးပါတယ်။ဆီးကျိတ်ကြီးရာမှတစ်ဆင့် ဆီးကျိတ်ကင်ဆာမဖြစစ်ခင် ကြိုတင်စစ်ဆေးထားခြင်းဖြင့် ဆီးကျိတ်ကင်ဆာကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

14. သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း။
ပုံမှန် အမျိုးသမီးမီးယပ်ရောဂါစစ်ဆေးခြင်း နှင့် Pap smears သည် သားအိမ်ခေါင်း ကင်ဆာကြိုတင်သိရှိရန် ကူညီပေးပါတယ်။ အသက် ၆၅ နှစ်အထိ ၃ နှစ်တစ်ကြိမ် မီးယပ်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် သားအိမ် သို့မဟုတ် သားအိမ်တွင်းအကျိတ်များ (သို့) ပုံမှန်မဟုတ်သောအလုံး နှင့် သားဥအိမ်ရောဂါပြသနာများကို ရှာဖွေစစ်ဆေးနိုင်ပါတယ်။

ဒါ့ကြောင့်မို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမူပြုလုပ်တဲ့အခါမှာ ဖော်ပြပါအချက်တွေကို အဓိက‌ စစ်ဆေးသင့်ပါတယ်‼

ကျွန်‌တော်တို့ရဲ့ခန္ဓာကိုယ်မှ ပြောင်းလဲခြင်းများကို စောင့်ကြည့်ခြင်းနှင့် ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် အစောပိုင်းအဆင့်တွင် ရောဂါများကိုရှာဖွေတွေ့ရှိပြီး ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်မှာပါ

💥နည်းပညာတိုးတက်ခေတ်မီသော ဘန်ကောက်မြို့ကြီးတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမူများပြုလုပ်လိုပါက
One Stop Service ဖြင့်ကူညီဆောင်ရွက်ပေးနေတဲ့ “Health 4U Medical Services”ကို ခုပဲဆက်သွယ်လိုက်တော့နော်🤩🤩

☎️09 964 445 333, 09 964 448 333
🏡အမှတ် ၅, ပထမထပ် A, ပြည်မြန်မာကွန်ဒို ပထမထပ်, သစ္စာလမ်း ရန်ကင်းမြို့




🌸 ရင်သား ကျန်းမားရေးပဲ သီးသန့်စစ်ချင်တဲ့ အမျိုးသမီးများအတွက် 🌸🍀ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဆေးရုံကြီးတွေရဲ့...
12/03/2026

🌸 ရင်သား ကျန်းမားရေးပဲ သီးသန့်စစ်ချင်တဲ့ အမျိုးသမီးများအတွက် 🌸

🍀ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဆေးရုံကြီးတွေရဲ့ ရင်သားစစ်ဆေးမှု 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 လေးတွေကို မိတ်ဆက်ပေးလိုက်ရပါတယ်ရှင့် 🍀

❗️ရင်သားကင်ဆာဖြစ်နိုင်ချေများတဲ့ သူတွေဖြစ်တဲ့ ❗️

- ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓမ္မတာလာသူများ
- ရင်သားကင်ဆာဖြစ်ခဲ့ဖူးသူများ
- မိသားစုတွင် ရင်သားကင်ဆာဖြစ်ခဲ့ဖူးသောရာဇဝင်ရှိသူများ
- ရင်ဘတ်တစ်ဝိုက်တွင် ဓာတ်ရောင်ခြည်ဖြင့် ကုသဖူးသူများ
- ရင်သားဓာတ်မှန်ရိုက်ပြီးနောက် မူမမှန်မှုတွေ့ရှိခြင်း
- ဟော်မုန်းဆေး ( အီစထရိုဂျင် သို့မဟုတ် ပရိုဂျက်စတိုဂျင်များ) အသုံးပြုခြင်း
- အဝလွန်ခြင်း
- ကျန်းမာရေးနှင့်မညီညွတ်စော စားသောက် နေထိုင်မှု ပုံစံ ရှိသူများ
အနေနဲ့ ပုံမှန် ရင်သား စစ်ဆေးမှုကိုပြုလုပ်သင့်ပါတယ် ..

🍀ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်..

🍀ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်..

🍀ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး စောစီးစွာ ကုသမှု ခံယူဖို့လိုအပ်တာဖြစ်တဲ့အတွက် တစ်နှစ်တစ်ခါတော့ စစ်ဆေးမှုပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်ရှင့် ..

𝐇𝐄𝐀𝐋𝐓𝐇𝟒𝐔 𝐌𝐄𝐃𝐈𝐂𝐀𝐋 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
📍 ရန်ကုန်ရုံး - အမှတ် (၅) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ရန်ကုန် - 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟖𝟑𝟑𝟑

📲𝐏𝐚𝐠𝐞 𝐂𝐁 (သို့) 𝐕𝐢𝐛𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

#𝐂𝐚𝐧𝐜𝐞𝐫

06/03/2026

‎❗️အသည်းရောင်ရောဂါဆိုတာ အသည်းကို ဗိုင်းရပ်စ်ပိုးအမျိုးမျိုးရဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ရပါတယ်..

‎🔹ဖြစ်ပွားတဲ့ပုံစံတွေကလည်း တစ်ခုနဲ့တစ်ခု မတူခြားနားကြပြီး ဗိုင်းရပ်စ်အမျိုးအစားမျိုးစုံက အသည်းကို ရောင်ရမ်း စေခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်စေတာ ဖြစ်ပါတယ်..

‎🔹အသည်းရောင်ရောဂါတွေကို အဓိကခွဲခြားရမယ်ဆိုရင်တော့ ရုတ်တရက်အသည်းရောင်ရမ်းခြင်း နဲ့ နာတာရှည်အသည်းရောင်ရောဂါ ဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်..

‎🔹အသည်းရောင်ရောဂါတွေအားလုံးဟာ ဖြစ်ပွားတဲ့လက္ခဏာချင်းတူညီတယ်ထင်ရပေမယ့် အဓိကျတဲ့ ကွဲပြားမှုတွေကတော့ အများအပြားရှိနေမှာဖြစ်ပါတယ်..

‎⭕️အသည်းရောင်ရောဂါ A ကို ခံစားနေရတဲ့လူနာတွေဟာ ပုံမှန်အားဖြင့် ဆေးကုသမှုမပြုလုပ်ဘဲနဲ့တောင် သက်သာလာနိုင်ပြီးတော့ ရေရှည်ဖြစ်ပွားတတ်တာမျိုးလည်း မဟုတ်ပါဘူး...

‎⭕️ဒါပေမယ့် အသည်းရောင်ရောဂါ B နဲ့ C ကို ခံစားနေရရင်တော့ နာတာရှည်ဖြစ်ပွားနိုင်ပြီးတော့ ရေရှည်မှာ အသည်းကို ထိခိုက်မှုတွေကိုဖြစ်ပွားနိုင်ပါတယ်..

‎❌အဆိုးဆုံးကတော့ C ပိုးဟာ အသည်းရောင်ရောဂါ A နဲ့ B လို ကာကွယ်ဆေးမရှိသေးတာပါပဲ...

‎🔹အသည်းရောင်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းများ အနေနဲ့

‎⭕️အသည်းရောင်ရောဂါ A ကိုဖြစ်စေတဲ့အရာတွေကတော့ ရောဂါပိုးရှိတဲ့ / မသန့်ရှင်းတဲ့ ရေ နှင့် အစားအသောက်တွေကတစ်ဆင့်၊ ပိုးရှိသူနှင့်အနီးကပ်နေခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါတယ် ..

‎⭕️အသည်း‌ရောင်ရောဂါ B ကတော့ ပိုး‌ရှိသူရဲ့ သွေး သို့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တချို့နဲ့ ထိတွေ့မိရင် ကူးနိုင်ပါတယ် ..
‎ဥပမာအနေနဲ့ ..
‎ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊
‎အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတာ၊
‎တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်း အတူသုံးတာ၊
‎‌ရောဂါပိုးရှိသူသုံးထားတဲ့ / ပိုးမသတ်ထားတဲ့ အပ်များကိုမျှဝေသုံးစွဲတာ ( မူးယစ်ဆေး၊ တတ်တူး၊ အပ်စိုက်ကု )
‎ ရောဂါပိုးရှိသောကိုယ်ဝန်သည် မိခင်မှ ကလေးဆီကူးစက်ခြင်း

‎⭕️နောက်ဆုံးဖြစ်တဲ့ အသည်းရောင်ရောဂါပိုး C ကတော့ အခုရောဂါပိုး ၃ မျိုးထဲမှာ အန္တရာယ် အများဆုံးဖြစ်ပြီးတော့ B ပိုးကဲ့သို့ ရောဂါပိုးရှိတဲ့ သွေးကနေ တစ်ဆင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တာပဲဖြစ်ပါတယ်။

‎🔹ဘယ်လိုကာကွယ်မှုတွေပြုလုပ်နိုင်မလဲ?

‎🍀အသည်းရောင်ရောဂါကြိုတင်ကာကွယ်ဆေးတွေဟာ A နဲ့ B အတွက်ရရှိနိုင်ပါတယ် ...

‎⭕️B အတွက် ကြိုတင်ကာကွယ်ဆေးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ B ပိုးရှိသူနှင့်အနီးကပ်နေရသူတွေ၊ အသက် 60 နှင့်အထက်လူကြီးများ၊ လိင်ဆက်ဆံဖော်များသူများ၊ ကိုယ်ခံအား နည်းသူများ ထိုးနှံနိုင်ပါတယ် ..

⭕️‎A အတွက် ကြိုတင်ကာကွယ်ဆေးကိုတော့ ကူးစက်ဖို့ အခွင့်အလမ်းများတဲ့ နေရာတွေကို ခရီးသွားတဲ့သူတွေ/ အလုပ်လုပ်သူတွေ ၊ နာတာရှည်အသည်းရောဂါရှိသူတွေ၊ ယောင်္ကျားချင်း လိင်ဆက်ဆံတဲ့သူတွေ၊ ကိုယ်ခံအားနည်းသူတွေ ကို အဓိကထိုးဖို့ တိုက်တွန်းတတ်တာဖြစ်ပါတယ်။


‎🔹အသည်းရောင်ရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ
‎ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ အန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေဟာ အသည်းရောင်ရောဂါဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်ပါတယ်…

‎❗️ကံမကောင်းစွာနဲ့ အသည်းရောင်ရောဂါပိုး C လိုမျိုး ဗိုင်းရပ်စ်တွေဟာ သိသာတဲ့လက္ခဏာတွေကို နာတာရှည်အသည်းရောင်ရောဂါအဖြစ်မကူးပြောင်းခင် ပြသခြင်းမရှိပါဘူး။ နာတာရှည်အသည်းရောင်ရောဂါ ကိုတော့ အသည်းကို စစ်ဆေးမှသိရှိနိုင်မှာဖြစ်ပါတယ်..


‎🍀တကယ်လို့ ကိုယ့်မှာ အသည်းရောင်ရောဂါလက္ခဏာတွေဖြစ်ပွားနေတယ်လို့ သံသယရှိနေတယ်၊ ဒါမှမဟုတ် ကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတဲ့သူ ဆိုရင် ကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါတယ်...

‎🍀ကိုယ့်ကိုကိုယ် မကူးစက်အောင် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးကောင်းအောင် သတိထားနေထိုင်ခြင်းဖြင့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေဆီ ကူးစက်ဖြစ်ပွားမှုကိုပါလျှော့ချနိုင်တာ ဖြစ်ပါတယ်...

‎‌🔹ရောဂါပိုး ကူးစက်ခံရပါကလည်း ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပစ်ခြင်းနဲ့ ထိရောက်တဲ့ ကုသမှုတွေဟာလည်း အသည်းထိခိုက်မှုကို လျော့ကျ စေမှာပါ ..

‎🔹အသည်းနှင့်ပတ်သတ်ပြီး နိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီ နခွန်ထွန်ဆေးရုံကြီးမှာ ကာကွယ်ဆေးထိုးချင်တာဖြစ်ဖြစ်၊ အထူးကုဆရာဝန်ကြီးများနှင့် ဖြစ်ဖြစ် ဆွေးနွေးလိုပါက

‎𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 𝐛𝐲 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔
📍 ရန်ကုန်ရုံး - အမှတ် (၅) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ရန်ကုန် - 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟖𝟑𝟑𝟑

📲𝐏𝐚𝐠𝐞 𝐂𝐁 (သို့) 𝐕𝐢𝐛𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။

#𝐧𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧𝐢𝐧𝐭𝐞𝐫
#𝐍𝐚𝐤𝐨𝐫𝐧𝐭𝐡𝐨𝐧
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

‎❗️အသည်းရောင်ရောဂါဆိုတာ အသည်းကို ဗိုင်းရပ်စ်ပိုးအမျိုးမျိုးရဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ရပါတယ်..‎‎🔹ဖြစ်ပွားတဲ...
06/03/2026

‎❗️အသည်းရောင်ရောဂါဆိုတာ အသည်းကို ဗိုင်းရပ်စ်ပိုးအမျိုးမျိုးရဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ရပါတယ်..

‎🔹ဖြစ်ပွားတဲ့ပုံစံတွေကလည်း တစ်ခုနဲ့တစ်ခု မတူခြားနားကြပြီး ဗိုင်းရပ်စ်အမျိုးအစားမျိုးစုံက အသည်းကို ရောင်ရမ်း စေခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်စေတာ ဖြစ်ပါတယ်..

‎🔹အသည်းရောင်ရောဂါတွေကို အဓိကခွဲခြားရမယ်ဆိုရင်တော့ ရုတ်တရက်အသည်းရောင်ရမ်းခြင်း နဲ့ နာတာရှည်အသည်းရောင်ရောဂါ ဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်..

‎🔹အသည်းရောင်ရောဂါတွေအားလုံးဟာ ဖြစ်ပွားတဲ့လက္ခဏာချင်းတူညီတယ်ထင်ရပေမယ့် အဓိကျတဲ့ ကွဲပြားမှုတွေကတော့ အများအပြားရှိနေမှာဖြစ်ပါတယ်..

‎⭕️အသည်းရောင်ရောဂါ A ကို ခံစားနေရတဲ့လူနာတွေဟာ ပုံမှန်အားဖြင့် ဆေးကုသမှုမပြုလုပ်ဘဲနဲ့တောင် သက်သာလာနိုင်ပြီးတော့ ရေရှည်ဖြစ်ပွားတတ်တာမျိုးလည်း မဟုတ်ပါဘူး...

‎⭕️ဒါပေမယ့် အသည်းရောင်ရောဂါ B နဲ့ C ကို ခံစားနေရရင်တော့ နာတာရှည်ဖြစ်ပွားနိုင်ပြီးတော့ ရေရှည်မှာ အသည်းကို ထိခိုက်မှုတွေကိုဖြစ်ပွားနိုင်ပါတယ်..

‎❌အဆိုးဆုံးကတော့ C ပိုးဟာ အသည်းရောင်ရောဂါ A နဲ့ B လို ကာကွယ်ဆေးမရှိသေးတာပါပဲ...

‎🔹အသည်းရောင်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းများ အနေနဲ့

‎⭕️အသည်းရောင်ရောဂါ A ကိုဖြစ်စေတဲ့အရာတွေကတော့ ရောဂါပိုးရှိတဲ့ / မသန့်ရှင်းတဲ့ ရေ နှင့် အစားအသောက်တွေကတစ်ဆင့်၊ ပိုးရှိသူနှင့်အနီးကပ်နေခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါတယ် ..

‎⭕️အသည်း‌ရောင်ရောဂါ B ကတော့ ပိုး‌ရှိသူရဲ့ သွေး သို့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တချို့နဲ့ ထိတွေ့မိရင် ကူးနိုင်ပါတယ် ..
‎ဥပမာအနေနဲ့ ..
‎ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊
‎အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတာ၊
‎တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်း အတူသုံးတာ၊
‎‌ရောဂါပိုးရှိသူသုံးထားတဲ့ / ပိုးမသတ်ထားတဲ့ အပ်များကိုမျှဝေသုံးစွဲတာ ( မူးယစ်ဆေး၊ တတ်တူး၊ အပ်စိုက်ကု )
‎ ရောဂါပိုးရှိသောကိုယ်ဝန်သည် မိခင်မှ ကလေးဆီကူးစက်ခြင်း

‎⭕️နောက်ဆုံးဖြစ်တဲ့ အသည်းရောင်ရောဂါပိုး C ကတော့ အခုရောဂါပိုး ၃ မျိုးထဲမှာ အန္တရာယ် အများဆုံးဖြစ်ပြီးတော့ B ပိုးကဲ့သို့ ရောဂါပိုးရှိတဲ့ သွေးကနေ တစ်ဆင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တာပဲဖြစ်ပါတယ်။

‎🔹ဘယ်လိုကာကွယ်မှုတွေပြုလုပ်နိုင်မလဲ?

‎🍀အသည်းရောင်ရောဂါကြိုတင်ကာကွယ်ဆေးတွေဟာ A နဲ့ B အတွက်ရရှိနိုင်ပါတယ် ...

‎⭕️B အတွက် ကြိုတင်ကာကွယ်ဆေးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ B ပိုးရှိသူနှင့်အနီးကပ်နေရသူတွေ၊ အသက် 60 နှင့်အထက်လူကြီးများ၊ လိင်ဆက်ဆံဖော်များသူများ၊ ကိုယ်ခံအား နည်းသူများ ထိုးနှံနိုင်ပါတယ် ..

⭕️‎A အတွက် ကြိုတင်ကာကွယ်ဆေးကိုတော့ ကူးစက်ဖို့ အခွင့်အလမ်းများတဲ့ နေရာတွေကို ခရီးသွားတဲ့သူတွေ/ အလုပ်လုပ်သူတွေ ၊ နာတာရှည်အသည်းရောဂါရှိသူတွေ၊ ယောင်္ကျားချင်း လိင်ဆက်ဆံတဲ့သူတွေ၊ ကိုယ်ခံအားနည်းသူတွေ ကို အဓိကထိုးဖို့ တိုက်တွန်းတတ်တာဖြစ်ပါတယ်။


‎🔹အသည်းရောင်ရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ
‎ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားအနည်းငယ်ရှိခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ အန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေဟာ အသည်းရောင်ရောဂါဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်ပါတယ်…

‎❗️ကံမကောင်းစွာနဲ့ အသည်းရောင်ရောဂါပိုး C လိုမျိုး ဗိုင်းရပ်စ်တွေဟာ သိသာတဲ့လက္ခဏာတွေကို နာတာရှည်အသည်းရောင်ရောဂါအဖြစ်မကူးပြောင်းခင် ပြသခြင်းမရှိပါဘူး။ နာတာရှည်အသည်းရောင်ရောဂါ ကိုတော့ အသည်းကို စစ်ဆေးမှသိရှိနိုင်မှာဖြစ်ပါတယ်..


‎🍀တကယ်လို့ ကိုယ့်မှာ အသည်းရောင်ရောဂါလက္ခဏာတွေဖြစ်ပွားနေတယ်လို့ သံသယရှိနေတယ်၊ ဒါမှမဟုတ် ကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတဲ့သူ ဆိုရင် ကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါတယ်...

‎🍀ကိုယ့်ကိုကိုယ် မကူးစက်အောင် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးကောင်းအောင် သတိထားနေထိုင်ခြင်းဖြင့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေဆီ ကူးစက်ဖြစ်ပွားမှုကိုပါလျှော့ချနိုင်တာ ဖြစ်ပါတယ်...

‎‌🔹ရောဂါပိုး ကူးစက်ခံရပါကလည်း ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပစ်ခြင်းနဲ့ ထိရောက်တဲ့ ကုသမှုတွေဟာလည်း အသည်းထိခိုက်မှုကို လျော့ကျ စေမှာပါ ..

‎🔹အသည်းနှင့်ပတ်သတ်ပြီး နိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးမှာ ကာကွယ်ဆေးထိုးချင်တာဖြစ်ဖြစ်၊ အထူးကုဆရာဝန်ကြီးများနှင့် ဖြစ်ဖြစ် ဆွေးနွေးလိုပါက

𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔
📍 ရန်ကုန်ရုံး - အမှတ် (၅) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ရန်ကုန် - 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒 𝟖𝟑𝟑𝟑

📲𝐏𝐚𝐠𝐞 𝐂𝐁 (သို့) 𝐕𝐢𝐛𝐞𝐫 မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

Address

No. 5, 1st Floor (A), Thitsar Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959964449666

Website

Alerts

Be the first to know and let us send you an email when Health4U Medical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram