Grand Hantha Diabetes Center
Grand Hantha Diabetes Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Hantha Diabetes Center, Hospital, No. 3, Corner of Narnat Taw Road & Kyimyaing Daing Kanar Road, Yangon.
14/11/2022
🔵 ယနေ့ဟာ ကမ္ဘာ့ဆီးချို၊သွေးချိုရောဂါ
ကာကွယ်ထိန်းသိမ်းရေးနေ့လေး ဖြစ်ပါတယ် 🔵
🔷 ဆီးချို၊ သွေးချို ရောဂါ အကြောင်းကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ပြီး ဆီးချိုကို optimal level တစ်ခုမှာ ထိန်းနိုင်ဖို့၊
🔷 ဆီးချို ကောင်းကောင်းထိန်းနိုင်ဖို့အတွက် လိုအပ်တဲ့ စားသောက်နေထိုင်မှု ပုံစံ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေးများအကြောင်း အသိပညာကြွယ်ဝဖို့
🔷 ဆရာဝန်ကြီးများ ညွှန်ကြားသည့်အတိုင်း ဆီးချိုဆေးကို စနစ်တကျ သောက်သုံးခြင်းများ၊ ဆီးချိုကြောင့် နောက်ဆက်တွဲ အန္တရာယ်များကို နားလည်ထားပြီး ဂရုတစိုက် ကာကွယ်ခြင်းများ စသည်တို့ကို ဆီးချိုဝေဒနာရှင်တိုင်း သဘောပေါက်နားလည်စေဖို့ 𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟐 မှာ 𝐀𝐜𝐜𝐞𝐬𝐬 𝐭𝐨 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ဆိုပြီး 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 လုပ်ပြထားပါတယ်။
🔹 ဆီးချို၊ သွေးချိုရောဂါသည် နာတာရှည်ရောဂါ တစ်ခုဖြစ်ပါတယ်။ အရှင်းပျောက်သွားအောင် ကုသလို့မရပါ၊ ပိုမဆိုးလာအောင် ထိန်းသိမ်းလို့ပဲ ရပါတယ်။
🔹 ဆီးချိုရောဂါလို့ စသိတည်းက ဆရာဝန် နှင့် စနစ်တကျ ကုသမှု ခံယူထားတယ်၊ အစားအသောက် ဆင်ခြင်တယ်၊ ကိုယ်လက် လှုပ်ရှားလေ့ကျင်းခန်းလည်း လုပ်တယ်ဆိုရင် ပုံမှန်လူကဲ့သို့ သေချာပေါက် သက်တမ်းစေ့ နေနိုင်ပါတယ်။
🔶 သို့သော် ဆီးချိုရောဂါကို ကြောက်တတ်ရမည်၊
ဘာမှမှ မဖြစ်သေးတာ၊ ဘာမှမှ မခံစားရတာဆိုပြီး
ပေါ့ပေါ့တန်တန် သဘောထားပြီး ထိန်းထိန်းသိမ်းသိမ်း မနေရင် ရေရှည်မှာ သူကပေးတဲ့ ဒုက္ခတွေချည်းပဲ ကြုံတွေ့ရဖို့ပဲ ရှိပါတော့တယ်
❗️ဆီးချိုရှိနေမှန်းလည်း သိတယ်၊ ဆီးချိုဆေးလည်း မသောက်ဘူး၊ အစားအသောက်လည်း မဆင်ခြင်ဘူး❗️
🔶ဒီလိုနဲ့ နေထိုင်လာတာကြာရင် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက် စတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းထိလာမယ်၊
🔸မျက်လုံး အာရုံကြောတွေထိပြီး မျက်လုံးကွယ်တာထိ ဖြစ်နိုင်တယ်၊
🔶 အာရုံကြော အားနည်းပြီး ခြေထောက် ထုံနာ၊ ကျဥ်နာ ဖြစ်တာကစလို့ ပိုးဝင်ကာ ခြေထောက်ပုတ်ပြီး ဖြတ်ပစ်ရတဲ့ထိလည်း ဖြစ်နိုင်တယ်။
🔸 ဆီးချိုဆိပ်သင့်ပြီး အသက်အန္တရာယ် ဆုံးရှုံးရတဲ့ အရေးပေါ်အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။
🔶 တော်ရုံနဲ့ ဆေးမတိုးတော့ဘဲ ဆေးပမာဏ အများကြီးသောက်ရတာ၊ ထိုးရတာတွေ ဖြစ်လာတဲ့အခါမှာ ဆေးရဲ့
Side effect တွေလည်း ခံစားလာရဦးမယ်၊
🔸 ဆီးချိုရောဂါနှင့် အတူ အခြားသော ရောဂါတွေလည်း နောက်ဆက်တွဲမှာ ဖြစ်လာတဲ့အခါ ဝေဒနာတွေ ပိုခံစားရတယ်၊ ကုသရခက်၊ ထိန်းသိမ်းရခက်နဲ့ ဆိုးကျိုးတွေ အများကြီး လိုက်လာတာပါ။
🟠 ဒါ့ကြောင့် ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါနှင့်
ဆိုင်တဲ့ အသိပညာတွေ ကြွယ်ဝစေချင်ပါသည်။
ဆီးချိုအထူးကု ဆရာဝန်ကြီးများနှင့် ပုံမှန်ပြကာ စနစ်တကျ ဆီးချို ထိန်းသိမ်းပြီး ကျန်းမာသော Lifestyle တစ်ခုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ 😇
💁🏼‍♀️ 𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 အထိမ်းအမှတ်အနေနဲ့ ဆီးချိုရောဂါ သီးသန့် ကျန်းမာရေးစစ်ဆေးသည့် packages များကိုလည်း discount ချပေးထားပါတယ်။
https://m.facebook.com/story.php?story_fbid=3296797670573100&id=1741260349460181
13/11/2022
📣ဆီးချိုသွေးချိုဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်း
📌၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ တနင်္လာနေ့ နံနက်(၉) နာရီ တွင်မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (Myanmar Diabetes Association) မှကြီးမှူးကျင်းပသော ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် "ဆီးချိုသွေးချိုဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ" Facebook Live အစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
📌ဆီးချိုသွေးချိုဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ပါမောက္ခ တင့်ဆွေလတ်နှင့် ဒုဥက္ကဌ ပါမောက္ခ သန်းသန်းအေး တို့ဦးဆောင်ပြီး အောက်ပါဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီး တို့မှဆွေးနွေးဟောပြောသွားမှာဖြစ်ပါသည်။
👩‍⚕️ပါမောက္ခ မိုးဝင့်အောင်
(အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း)
👨‍⚕️ပါမောက္ခ သိန်းမြင့်
(တွဲဖက်အတွင်းရေးမှုး၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း)
👨‍⚕️တွဲဖက်ပါမောက္ခ မောင်မောင်သန့်
(အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း)
👩‍⚕️ဒေါက်တာ နီနီလှိုင်
(အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း)
📌 အဆိုပါ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆီးချိုသွေးချိုဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို Zifam Company မှ ဂုဏ်ယူစွာဖြင့် ကူညီပံ့ပိုးပေးထားပါသည်။
Organized by
Supported by
28/01/2022
☎ ဖုန်းလိုင်းအဆင်မပြေမှုများအတွက် အနှုးအညွတ် တောင်းပန်အပ်ပါသည်။ 🙏ဂရန်း(ဒ်)ဟံသာအင်တာနေရှင်နယ်ဆေးရုံသို့ ဆက်သွယ်ရန် အခက်အခဲရှိပါက Appointment Booking နှင့် အထွေထွေ စုံစမ်းမေးမြန်းမှုအတွက် 𝗩𝗶𝗯𝗲𝗿 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 : 𝟬𝟵 𝟰𝟮𝟮𝟬 𝟰𝟵𝟵 𝟭𝟭, 𝟬𝟵 𝟱𝟮𝟬 𝟮𝟮𝟴𝟮 သို့ ဆက်သွယ်နိုင်ပါသည်။
15/11/2021
𝐂𝐨𝐯𝐢𝐝-𝟏𝟗 ကာကွယ်ဆေးကို Grand Hantha International Hospital ကြီးတွင် စတင်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် 📣📣📣
------------------------------------------------------------------------
👉ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း 𝐖𝐇𝐎 မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားသော 𝐒𝐢𝐧𝐨𝐯𝐚𝐜 𝐂𝐨𝐯𝐢𝐝-𝟏𝟗 𝐕𝐚𝐜𝐜𝐢𝐧𝐞 (𝐕𝐞𝐫𝐨 𝐂𝐞𝐥𝐥) အမျိုးအစား၊ တရုတ်နိုင်ငံ 𝐁𝐞𝐢𝐣𝐢𝐧𝐠 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠 ဖြစ်ပါသည်။
👉Grand Hantha International Hospital ဆေးရုံကြီးမှ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသော အပူချိန်များအတိုင်း ကာကွယ်ဆေး ထိန်းသိမ်းခြင်း၊ စနစ်တကျ ထိုးနှံခြင်းနှင့် ဆေးထိုးနှံပြီး နောက်ဆက်တွဲ လက္ခဏာများ ကြည့်ရှုစောင့်ရှောက်ပေးသွားမှာ ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ် (Certificate) လည်း ထုတ်ပေးမည် ဖြစ်ပါသည်။
👉ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ပြီး နှစ်ကြိမ်စာ အတွက် (၉၅,၀၀၀) ကျပ် ကျသင့်ပါမယ်။
👨‍⚕️ဒါ့ကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ အသက် (၁၂) နှစ်အထက် ကလေးများ၊ အခြားထိုးနှံလိုသူများနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ ထိုးနှံလိုသူများ အခုမှစ၍ ဆေးရုံသို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ 📣📣📣
👉အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
📱 𝟎𝟗 𝟒𝟎 𝟔𝟔𝟔 𝟒𝟎𝟎𝟏
☎️ 𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟏𝟕, 𝟎𝟏 𝟓𝟐𝟑 𝟎𝟎𝟎, 𝟎𝟏 𝟓𝟐𝟑 𝟏𝟏𝟏
14/12/2020
14/11/2020
09/08/2020
Facebook Live Program 📣📣📣
=========================
Myanmar Wound Care Society နှင့်အတူ Grand Hantha International Hospital နှင့် Glenmark Pharmaceuticals Limited တို့ မှပူးပေါင်းတင်ဆက်တဲ့ Wound Care 360 Drgree Expert Talk (2) Diabetic Foot Ulcer လို့ခေါ်တဲ့ "ဆီးချိုနှီးနွယ် ခြေထောက်အနာ" အကြောင်းဆွးနွေးဟောပြောခြင်းကို Grand Hantha International Hospital page တွင် တိုက်ရိုက် Live လွှင့်ပေးမည် ဖြစ်ပါသဖြင့် ဆရာဝန်များ၊ သူနာပြုများ နှင့် စိတ်ဝင်စားသူ ပြည်သူများ ကြည့်ရှုနားဆင် နိုင်ပါရန် ကြိုတင်သတင်းကောင်း ပါးအပ်ပါသည်။ 📣📣📣
👨‍⚕️ဟောပြောပေးမည့်သူ -
▪️ အရိုးအကြောနှင့်ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြင့်သောင်း
▪️ သွေးချို၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆေးပညာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သန်းသန်းအေး
▪️ သွေးချို၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆေးပညာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မိုးဝင့်အောင် နှင့်
▪️ ပြည်သူ့ကျန်းမာရေး ပါရဂူ နှင့် မိသားစုဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာ တင်မျိုးဟန်
📜 ဟောပြောမည့် ခေါင်းစဉ်
Diabetic Foot Ulcer (ဆီးချိုနှီးနွယ် ခြေထောက်အနာ)
⏰ ဟောပြောမည့် နေ့ရက်နှင့် အချိန်
၉.၈.၂၀၂၀ (နေ့လည် ၁ နာရီ)
💻 Live ကြည့်ရှုနိုင်သည့် Page များ :
✔️Grand Hantha International Hospital page
✔️Myanmar Wound Care Society page
✔️Candid Myanmar page
🏥 ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီး
Grand Hantha International Hospital
အမှတ် (၃)၊ နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 01 231 7617 ၊ 01 523 000 ၊ 01 523 111
" Green. Grand. Care For The People “
“Covid-19 နှင့် ဆီးချိုရောဂါ”===================အမေရိကန် ဆီးချိုအသင်း (The American Diabetes Association- ADA) က ဆီးချို...
06/04/2020
“Covid-19 နှင့် ဆီးချိုရောဂါ”
===================
အမေရိကန် ဆီးချိုအသင်း (The American Diabetes Association- ADA) က ဆီးချို အမျိုးအစား ၁ ဖြစ်စေ၊ အမျိုးအစား ၂ ဖြစ်စေ ရှိတဲ့ လူတွေဟာ Covid-19 ပိုဖြစ်စေတာမျိုး မရှိဘူးလို့ သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်… ဒါပေမဲ့ Covid-19 ကူးစက်ခြင်း ခံရရင်တော့ ဖြစ်ပေါ်လာတဲ့ လက္ခဏာနဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ဆီးချိုလူနာတွေမှာ ပိုမိုပြင်းထန်တတ်ပါတယ်။
ဆီးချိုအပြင် သက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ နဲ့ ကင်ဆာရောဂါ စတဲ့ နာတာရှည် ရောဂါအခံရှိသူတွေ မှာ အပြင်းအထန်အဆုတ်ရောင် တဲ့ အဆိုးဆုံး အဆင့်တွေ ပိုဖြစ်တတ်ပါတယ်။
ဘာကြောင့် ရောဂါ ပိုဆိုးရလည်းဆိုတော့ Covid-19 ဖြစ်လာရင် သွေးချို နိမ့်မြင့် ဖြစ်လွယ်ခြင်းကြောင့် ထိန်းသိမ်းရခက်ခဲခြင်း ၊ ခုခံအားနည်းတဲ့ အခံကြောင့် Covid-19 ရောဂါကို မတွန်းလှန်နိုင်ခြင်းနဲ့ ပင်ကိုယ် နှလုံး နဲ့ ကျောက်ကပ် အားမကောင်း၍ ကျောက်ကပ် ပိုပျက်လွယ်ခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ ဝေဒနာတွေ ပေါင်းစပ်ပြီး သေဆုံးမှုနှုန်း ပိုများတာတွေ့ရပါတယ်။
ဆီးချိုသမားတွေအတွက် Covid-19 ကနေ ကာကွယ်ဖို့ နဲ့ အကယ်၍ ရောဂါကူးစက်ခြင်း ခံရရင် ပြုလုပ်သင့်တဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…
၁။ Covid-19 အကြောင်း သိရှိနားလည်ခြင်း
- Covid-19 ဗိုင်းရပ်စ်ပိုးဟာ ရာသီတုပ်ကွေးရောဂါထက် ပိုမိုပြင်းထန်ပါတယ်။
- ရောဂါလက္ခဏာများဖြစ်တဲ့ ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း၊ နှုန်းခြင်း၊ အနံ့မရခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်း စတဲ့ လက္ခဏာများ တွေ့ရှိရနိုင်ပါတယ်။
- ရောဂါဖြစ်ပွားခဲ့ရင် ၈၀% ကျော်လောက်ဟာ ဝေဒနာမပြင်းထန်ဘဲ ပြန်ကောင်းတတ်ပြီး ၁၄% ကျော်လောက်က ရောဂါပြင်းထန်တတ်ပါတယ်။ ကျန် ၅% ကတော့ အလွန်အခြေအနေဆိုးတဲ့အထိ ဖြစ်ပွားတတ်ပြီး ICU (Intensive Care Unit) ခေါ် အထူးကြပ်မတ်ကုသခန်းထဲ ရောက်ပြီး အသက်ရှူစက်တပ်ကာ ကုသရန် လိုအပ်တတ်ပါတယ်။
- လက်ရှိအချိန်အထိ လေ့လာမှုအရ ဆီးချိုရောဂါ ရှိသူတွေမှာ Covid-19 ဖြစ်ပွားခဲ့ရင် ရောဂါလက္ခဏာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပိုမိုပြင်းထန်တတ်ပါတယ်။
၂။ လိုက်နာရမည့် အချက်များ
- ရာသီတုပ်ကွေးကာကွယ်မှုပြုလုပ်သလိုပဲ Covid-19 ကာကွယ်ဖို့အတွက် မကြာခန လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် (စက္ကန့် ၂၀ ကြာ) ဆေးပါ။
- ရေနှင့် ဆပ်ပြာ အသုံးပြုရန် မလွယ်ကူသော အခြေအနေဖြစ်ပါက အရက်ပြန် ပါဝင်မှု 60% ကျော်ပါဝင်သော လက်သန့်ဆေးကို အသုံးပြုပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူး၊ လက်မောင်း တံတောင်ကွေးကို အသုံးပြုပါ။ အသုံးပြုထားသည့် တစ်ရှူးကို စနစ်တကျ စွန့်ပစ်ပါ။ ပြီးလျှင်လက်ဆေးပါ။
- လူအများနဲ့ ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှ လျှော့ချပါ။ (တနည်းအားဖြင့် အပြင်မထွက်ဘဲ အိမ်မှာနေပါ။)
- မတတ်သာလို့ အပြင်ထွက်ရတဲ့အခါ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ ပေမှ ၆ ပေ အကွာ လောက် ခြားပြီးနေပါ။
- အပြင်သွားတဲ့အခါတိုင်း Mask ခေါ် နှာခေါင်းစည်း တပ်ပါ။ လက်ရှိအချိန်ထိ လေ့လာမှုများအရ Mask တပ်ခြင်းဟာ ရောဂါကူးစက်မှုကို ပိုမိုလျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။
- လူတွေနဲ့ ထိတွေ့မှုများတဲ့ နေရာတွေကို မကြာခန သန့်စင်/ပိုးသတ်ပါ။ (ဥပမာ - ဖုန်းမျက်နှာပြင်၊ စားပွဲခုံ၊ မီးခလုပ်၊ တံခါးလက်ကိုင်၊ အိမ်သာထိုင်ခုံ စသည်)
- လူအများ အသုံးပြုရတဲ့ အရာဝတ္ထုတွေကို တတ်နိုင်သမျှ ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပါ။
- လက်ကို စနစ်တကျ ဆေးကြောမထားဘဲ မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ပွတ်သပ်ခြင်းကို ရှောင်ကြဉ်ပါ။
၃။ ဖျားနာလျှင် ပြုလုပ်သင့်သည့်အချက်များ
- အပြင်မသွားဘဲ အိမ်မှာဘဲ အနားယူပါ။
- အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုဘဲ သီးသန့် အသုံးပြုပါ။
- အခန်းခွဲ၍ သီးသန့်နေထိုင်ပါ။ ကျန် မိသားစုဝင်များနှင့် ထိတွေ့မှု မရှိအောင် ဂရုပြုပါ။
- အရေးပေါ်ဆက်သွယ်ရန် ကျန်းမာရေး ဌာနများ၊ Call Center များ၊ ဆေးဝါးဆိုင်ရာ ပစ္စည်း ဝယ်ယူရရှိနိုင်သည့် နေရာများနှင့် ဖုန်းနံပတ်များ စုံစမ်း မှတ်သားထားပါ။
- အကယ်၍ ဆေးရုံဆေးခန်းသို့ သွားရောက်ရန် လိုအပ်ပါက မိမိ၏ အခြေအနေကို သွားရောက်မည့် ဆေးရုံဆေးခန်းမှ တာဝန်ရှိသူအား ဖုန်းဖြင့် ကြိုပြောြပထားပါ။ (တဖက်မှ လိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်ရန် ဖြစ်ပါသည်။)
- လက်ထိပ်သွေးချို စစ်ခြင်းကို ယခင်ကထက် ပို၍ အကြိမ်ရေများများ စစ်ပေးပါ။ (တစ်နေ့ ဘယ်နှကြိမ် စစ်သင့်သည်ကို ပြသသည့် ဆရာဝန်နှင့် တိုင်ပင်ပါ။)
- သောက်နေကျ ဆေးဝါးများနှင့် သောက်ရသည့် ဆေးဝါးနှင့် ဆေးညွှန်းများကို စာရင်းပြုစုထားပြီး လုံလောက်အောင် စုဆောင်းထားပါ။
- အင်ဆူလင်ထိုးနေရသူ လူနာများအနေဖြင့် မိမိအသုံးပြုနေသည့် အင်ဆူလင်ကို အနည်းဆုံး နောက်ထပ် တစ်လစာ ကြိုတင် ထားရှိပါ။
- အကယ်၍ အရေးပေါ်အခြေအနေ ကြေညာပါက အပြင်သို့ တတ်နိုင်သမျှ မသွားရအောင် သောက်သုံးနေကျဆေးဝါးများ၊ သွေးချိုစစ်သည့် Strips ပြားများကို ပိုဝယ်ယူ ထားရှိပါ။ Delivery (ဆေးဝါးပို့ဆောင်ခြင်း ဝန်ဆောင်မှု) ပေးသော ဆိုင်များ စုံစမ်းမှတ်သားထားပါ။
နိဂုံးချုပ် အနေနဲ့ ဆီးချိုသွေးချိုရှိသူတွေ အဖို့ Covid-19 ရောဂါ မဖြစ် အောင်ညွှန်ကြားထားတဲ့ ကာကွယ်နည်းတွေအားလုံးကို တိတိကျကျလိုက်နာဆောင်ရွက်ပြီး ရောဂါဖြစ်လာရင်လည်း လူအများထံ ထပ်မံ မကူးစက်စေရန် သက်ဆိုင်ရာဌာနသို့ အကြောင်းကြားပြီး ကုသမှုကို စောလျင်စွာ ခံယူရန် အရေးကြီးကြောင်း အထူးသတိပေးလိုပါတယ်။ ဆီးချိုလူနာများအားလုံးလည်း Covid-19 ရောဂါမှ ကင်းလွတ်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ရေးသားသူ - ပါမောက္ခ သန်းသန်းအေး
တွဲဖက်ရေးသားသူ - Dr. ကျော်စွာသက်
သင်္ကြန် Promotion!!!!
21/03/2020
သင်္ကြန် Promotion!!!!
UnicodeNew Year မှာ Check Up Package Promotion လေးတွေ ချနေပြီနော်ZawgyiNew Year မွာ Check Up Package Promotion ေလးေတြ ခ်...
14/12/2019
Unicode
New Year မှာ Check Up Package Promotion လေးတွေ ချနေပြီနော်
Zawgyi
🎄 🎄🎄
'Grand Hantha International Hospital ဆေးရုံကြီး၏ နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု Medical Checkup New Year Special Promotion အစီအစဉ်'
🗓️🗓️🗓️
ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့ အထိ
🎅🏻🎅🏻🎅🏻
မိမိတို့ရဲ့ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးဆရာသမားများနှင့် ချစ်သူ ခင်သူများ အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု Medical Checkup ပြုလုပ်ပေးဖို့ အခွင့်အရေး။
📢📢📢
Grand Hantha ဆေးရုံကြီးသည် နှစ်စဉ်လူနာပေါင်း ၅ဝဝဝ ကျော် ကျန်းမာရေး စောင့်ရှောက်မှု Medical Checkup များ ဆောင်ရွက်ပေးလျက်ရှိရာ Grand Hantha မိသားစုမှ ပြန်လည်ကျေးဇူးတုံ့ပြန်သောအားဖြင့် Medical Checkup Package များကို Special Promotion များပေးနေပါပြီ။
🎊🎊🎊
Grand Hantha International Hospital ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ Medical Checkup များကို
၁ မျိုးဝယ်ယူလျှင် နောက်တစ်မျိုးအား ၃ဝ%
Discount ချပေးမယ့်အစီအစဥ် လေးရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
💡💡💡
Discount တွင်ပါဝင်သည့် Medical Checkup
အမျိုးအစားများနှင့် စျေးနှုန်းများကို First Comment
တွင် ဖော်ပြပေးထားပါသည်။
💪💪💪
Grand Hantha International Hospital ကြီးမှ
သင့်တော်သည့် Medical Checkup Package များကို ရှင်းပြဆောင်ရွက်ပေးခြင်း၊
Blood Tests, Xray, Ultrasound ကျန်းမာရေး စစ်ဆေးဝန်ဆောင်မှုများကို Checkup Center တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သောကြောင့် အချိန်တိုတွင်း ပြီးစီးနိုင်ခြင်း၊
ဂျာမနီနိုင်ငံမှ အကောင်းဆုံး Siemens ဓါတ်ခွဲခန်းသုံးစက်များနှင့် ဆွစ်(စ်)ဇာလန်နိုင်ငံမှ Roche အမှတ်တံဆိပ် စက်များသုံးထားသောကြောင့် တိကျသောအဖြေများပေးနိုင်ခြင်း၊
အတွေ့အကြုံရှိ ဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှု မတိုင်ခင် ဆွေးနွေးပေးခြင်း၊ စစ်ဆေးပြီး အဖြေများနှင့် ဆွေးနွေးမှု ဆောင်ရွက်ပေးခြင်း၊ အထူးကုသမားတော်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊
EMR System ဖြင့် အဖြေများ စနစ်တကျသိမ်းထားသဖြင့် အထူးကုဆရာဝန်များနှင့် ပြသလိုပါက ဆေးရုံကဒ် တစ်ခုသာယူဆောင်လာရန်လိုခြင်း၊
Online ငွေပေးချေမှုဖြင့် Checkup Package များကိုဝယ်ယူနိုင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း၊
အစရှိသော ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။
❤️❤️❤️ဒါ့ကြောင့်
" နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ လို့ ဆုတောင်းပေးရင်း Grand Hantha International Hospital တွင် ကျန်းမာရေးစစ်ဆေးကြပါစို့ "
" Green. Grand. Care For The People “
☎️ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် 09 423423421, 01 231 7617, 01 523 000, 01 523 111 ဆက်သွယ်နိုင်ပါသည်။
🏥 ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံအမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
(Unicode)🌲🌲🌲Grand Hantha International Hospital ဆီးချိုစင်တာ၏ New Year Special Promotion များ🎉🎉🎉ဆီးချို သွေးချို ဝေဒနာရှ...
14/12/2019
(Unicode)
🌲🌲🌲
Grand Hantha International Hospital ဆီးချိုစင်တာ၏ New Year Special Promotion များ
🎉🎉🎉
ဆီးချို သွေးချို ဝေဒနာရှင်များအတွက် အထူးသင့်တော်
သော Diabetes Package များကို နှစ်သစ်ကူး အထူး
အစီအစဥ် အဖြစ် ၁ဝ% သက်သာသောနှုန်းထားဖြင့်
Grand Hantha International Hospital ၏ ဆီးချိုစင်တာတွင် "တစ်နေရာတည်းမှာဘဲ ပြည့်စုံစွာ"
စစ်ဆေးနိုင်ပါပြီ။....
ဆီးချို၏ နောက်ဆက်တွဲရောဂါများကို အစဥ်စောင့်ကြည့်နေရန် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းသည် အလွန်အရေးကြီးပါသည်။....
🎉🎉🎉
ဒါကြောင့် ဒီ New Year Special Promotion လေးကို
လက်လွတ်မခံပဲ မိမိကိုယ်တိုင်အတွက်ဖြစ်ပါစေ
ချစ်ခင်ရသူ ဆီးချိုရောဂါရှင်များအတွက်ဖြစ်ပါစေ
ဆီးချိုဆိုင်ရာ ကျန်းမာရေး လက်ဆောင်ကို
ရယူလိုက်ရအောင်။
💡💡💡
Package တွင်ပါဝင်သည့်စစ်ဆေးမှုများကို
First Comment တွင်ဖော်ပြပေးထားပါသည်။
🗓️🗓️🗓️
Promotion ကာလကတော့
ဒီဇင်ဘာလ ၁၄ရက်နေ့မှ ဇန်နဝါရီလ ၁၄ရက်နေ့အထိ
🥳🥳🥳
နှစ်သစ်တွင် မိဘပြည်သူများ ဆီးချို သွေးချိုရောဂါ
ကင်းဝေးစွာဖြင့် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင်း ...
" Green. Grand. Care For The People “
☎️ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် 01 231 7617,
01 523 000, 01 523 111 ဆက်သွယ်နိုင်ပါသည်။
🏥 ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံအမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
(Zawgyi)
🌲🌲🌲
Grand Hantha International Hospital ဆီးခ်ိဳစင္တာ၏ New Year Special Promotion မ်ား
🎉🎉🎉
စစ်ဆေးနိုင်ပါပြီ။....
🎉🎉🎉
ရယူလိုက်ရအောင်။
💡💡💡
🗓️🗓️🗓️
Promotion ကာလကတော့
🥳🥳🥳
Address
No. 3, Corner Of Narnat Taw Road & Kyimyaing Daing Kanar Road
Yangon
Telephone
+95 1 523 000
Website
Alerts
Be the first to know and let us send you an email when Grand Hantha Diabetes Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category