30/01/2021
မိမိတို့ Society for Peace and Justice - SPJ (ငြိမ်းချမ်းရေးနှင့် တရားမျှတမှုလူ့အဖွဲ့စည်း) မှ ဒီမိုကရက်တစ် အင်အားစုများနှင့်အတူ ဤသဘောထားထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်သည်။
မျက်မှောက်နိုင်ငံရေး အခြေအနေအပေါ်
သဘောထားထုက်ပြန်ချက်
---------------------
ရက်စွဲ ။ ၃၀ . ၁ . ၂၀၂၁ ( စနေနေ့ )
- ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်သူလူထု၏ ဒီမိုကရေစီလိုလာကြောင်း ဖော်ပြမှုကို လေးစား၊ လက်ခံရမည်။
- မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ထိခိုက်ပျက်ပြားစေမည့် နိုင်ငံတော် အာဏာသိမ်းမှုကိုလည်းကောင်း၊ အာဏာသိမ်းရန် ခြိမ်းခြောက်မှု မျိုးစုံကိုလည်းကောင်း ကျွန်ုပ်တို့က လက်မခံကြောင်းနှင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။