16/01/2026
သူတစ်ပါးအပေါ် စာနာနားလည်ပေးရင်း၊ ကူညီပေးရင်းနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ပါသလား? 😔
သူများကို ကူညီပေးတာ ကောင်းမွန်တဲ့အရာဖြစ်ပေမဲ့၊ ကိုယ့်စိတ်ကို မထိခိုက်စေဖို့၊ ကိုယ့်ရဲ့အတိုင်းအတာကို သိနားလည်ဖို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် ဒီနေ့ည (သောကြာနေ့) မှာ ပြုလုပ်မယ့် Serenity ရဲ့ Emotional Support Session လေးမှာ "Being There For Others Without Losing Ourselves" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Self-Compassion Teacher တစ်ယောက်ဖြစ်တဲ့ Ms. Agnes Mary က ဦးဆောင်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ စာရင်းပေးသွင်းပြီး အတူတူလာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။
🗓 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက် (သောကြာနေ့)
⏱️အချိန် - ည ၈:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ (မြန်မာစံတော်ချိန်)
💻- ZOOM Application
စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5
စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်မှာ ပါဝင်ပေးနိုင်ပါတယ်ခင်ဗျ။