Flexth Yoga

Flexth Yoga Certified 200hrs YTTC ( The Yoga Mandala - Singapore), 300hrs YTTC ( Yoga Vidya Mandirum- India)

Aim to promote the three factors for essential foundation of physical fitness:
- Flexibility
- Strength
- Mobility

10/04/2026

သင်္ကြန်မှာ အိမ်တွင်းအောင်းမယ့် မမတို့အတွက်... ပျင်းရိခြင်းကို ကျော်လွှားပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးမယ့် "First Step" လျှို့ဝှက်ချက် 💦🧘‍♀️
ဒီနှစ် သင်္ကြန်မှာတော့ အသွားအလာအခက်အခဲလေးတွေရော၊ ရာသီဥတု ပူတာတွေကြောင့်ရော အပြင်မထွက်ဘဲ အိမ်မှာပဲ နားနားနေနေ ဖြတ်သန်းမယ့်သူတွေ အများကြီး ရှိကြမယ်ထင်ပါတယ်။
ပိတ်ရက်ရှည်ရောက်ပြီဆိုရင် တချို့က အိမ်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မုန့်တွေ လုပ်စားကြတယ်၊ ဇာတ်လမ်းတွဲတွေ ကြည့်ကြတယ်၊ တချို့လည်း ရိပ်သာဝင်ပြီး စိတ်ကို အေးချမ်းအောင် ထားကြပါတယ်။ ဒါပေမဲ့ စားလိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်သွားတဲ့အခါ ခန္ဓာကိုယ်ကြီးက လေးလံထိုင်းမှိုင်းပြီး ပိုတောင် ပျင်းလာသလို ခံစားရတတ်ပါတယ်။ဒီလို ပိတ်ရက်မျိုးမှာ ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုပါ အကောင်းဆုံး ပြန်လည်အားဖြည့် (Boost) ပေးနိုင်တဲ့ နောက်ထပ် Option တစ်ခု ရှိပါတယ်။ ဒါကတော့ "ယောဂလေ့ကျင့်ခြင်း" ပါပဲရှင်။
🤔 "ယောဂစကျင့်ဖို့ စိတ်ကူးရှိပေမဲ့ စလုပ်ဖို့ အရမ်းပျင်းနေတယ်" ဆိုတာ ဖြစ်တတ်တဲ့ သဘာဝပါ
ငယ်ငယ်က သင်ဖူးတဲ့ နယူတန်ရဲ့ ပထမနိယာမ (Newton's First Law of Inertia) မှာ "ငြိမ်နေတဲ့အရာက ဆက်ပြီး ငြိမ်နေဖို့ပဲ အားသန်သလို၊ ရွေ့လျားနေတဲ့ အရာကလည်း ဆက်ပြီး ရွေ့လျားနေဖို့ အားသန်တယ်" လို့ ဆိုပါတယ်။လူတွေရဲ့ စိတ် (Psychological Inertia) ကလည်း ဒီအတိုင်းပါပဲ။ ပိတ်ရက်မှာ ဆိုဖာပေါ်လှဲပြီး အိပ်နေတဲ့အခါ ဆက်ပြီး လှဲနေချင်တာ သဘာဝပါ။ အဲ့ဒီလို ငြိမ်သက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ "ပထမဆုံး ခြေလှမ်း (First Step)" ကို စတင်ဖို့က အခက်ခဲဆုံးပါပဲ။ ဒါပေမဲ့ အဲ့ဒီ First Step လေးဖြစ်တဲ့ ယောဂဖျာလေးကို ဖြန့်ပြီး စတင်လှုပ်ရှားလိုက်တာနဲ့ နောက်ရက်တွေမှာ ဆက်ပြီး လုပ်ဖြစ်သွားဖို့ဆိုတာ အများကြီး လွယ်ကူသွားပါပြီ။
🌿 ဒီသင်္ကြန်ပိတ်ရက်ဟာ အခက်ခဲဆုံး First Step ကို စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ
အလုပ်တွေ မရှိတဲ့ ဒီပိတ်ရက်မှာ အချိန်တွေ အများကြီး ပိုနေပါတယ်။ ဒီအချိန်လေးကို အသုံးချပြီး အခက်ခဲဆုံးဖြစ်တဲ့ ယောဂအလေ့အကျင့်ရဲ့ "ပထမဆုံး ခြေလှမ်း" ကို Flexth Yoga App နဲ့အတူ စတင်ကြည့်လိုက်ပါ။ အပြင်ထွက်စရာမလိုဘဲ အိမ်မှာတင် ကျင့်နိုင်လို့ အသွားအလာ အခက်အခဲအတွက်လည်း ပူစရာမလိုတော့ပါဘူး။သင်္ကြန်ရက်တွင်း မုန့်တွေ အများကြီးစားမိလို့ ဝိတ်တက်လာမှာကိုလည်း ယောဂက ထိန်းပေးနိုင်သလို၊ ချွေးထွက်သွားတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်ပြီး Positive Energy တွေ အပြည့် ပြန်ရလာမှာ အသေအချာပါပဲရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"အရာရာတိုင်းအတွက် ပထမဆုံး ခြေလှမ်းက အခက်ခဲဆုံးပါ။ ဒီအခက်ခဲဆုံး အဆင့်ကို ကျော်လွှားနိုင်ဖို့ ဒီသင်္ကြန်ပိတ်ရက်လေးမှာ Flexth Yoga နဲ့အတူ အစပြုလိုက်ကြပါစို့ရှင်။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျန်းမာပေါ့ပါးတဲ့ ခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...

Namaste 🙏
Flexth Yoga.
















Send a message to learn more

04/04/2026

အသက် (၅၀) ကျော်သော်လည်း နုပျိုသွက်လက်ဆဲ... လူငယ်ထုများပင် အံ့ဩရသည့် ခံနိုင်ရည် Stamina ပိုင်ဆိုင်ခြင်း၏ လျှို့ဝှက်ချက် 🧘‍♀️💪

"ယောဂဆိုတာ ကိုယ်အကြောလျှော့ပြီး ပျော့ပြောင်းစေရန်သာ" ဟူသော အယူအဆဟောင်းကို ယုံကြည်နေဆဲလား? ပြေးခြင်း၊ ဝိတ်မခြင်းတို့လို ပြင်းထန်သော လေ့ကျင့်ခန်းများမှသာ စစ်မှန်သော သက်လုံနှင့် ခံနိုင်ရည်ကို ရနိုင်သည်ဟု ထင်နေပါသလား?

ဒါဆိုရင်တော့... ကျွန်မဆီက Flexth Yoga App မှာ (၂) နှစ်၊ (၃) နှစ်လောက် စွဲစွဲမြဲမြဲ လေ့ကျင့်နေတဲ့ အသက် ၅၀ ကျော် မမကြီးတွေရဲ့ အတွေ့အကြုံလေးကို ဝေမျှပေးချင်ပါတယ်ရှင်။

မကြာသေးခင်က သူတို့ ကျွန်မကို ပြန်ပြောပြကြတယ်။ "တီချယ်ရေ... အရင်ကဆို လှေကားနည်းနည်း တက်လိုက်တာနဲ့ မောနေပြီ။ အခုက လှေကားထစ်တွေ အများကြီးတက်လည်း မမောတော့ဘူး။ တချို့ နေရာတွေမှာဆို လူငယ်တွေထက်တောင် ပိုပြီး အမောခံနိုင်လာလို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေရတယ်" တဲ့။

ဟုတ်ပါတယ်... တကယ်တော့ ယောဂဆိုတာ အကြောပျော့ရုံ သက်သက်မဟုတ်ဘဲ သက်လုံနဲ့ ခံနိုင်ရည် ကို အံ့မခန်း တိုးတက်စေနိုင်ပါတယ်။

\ဘာကြောင့်လဲဆိုတော့-
⏱️ Hold Poses Longer (ပုံစံတခုကိုကြာရှည်စွာ ထိန်းထားခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားရခြင်း):
Chair Pose ၊ Plank စတဲ့ Pose တွေမှာ အသက်ရှူနှုန်း ၅ ကြိမ်ကနေ ၈ ကြိမ်လောက်အထိ ငြိမ်ငြိမ်လေး ထိန်းထားရတဲ့အခါ ကြွက်သားတွေရဲ့ ခံနိုင်ရည် ဟာ ဝိတ်မနေရသလိုမျိုး အလိုလို တက်လာပါတယ်။

🌊 Dynamic Flow (ဆက်တိုက်လှုပ်ရှားမှု):
Sun Salutation လိုမျိုး Pose တစ်ခုနဲ့တစ်ခု မရပ်မနား ဆက်တိုက် ကူးပြောင်းရတဲ့အခါ နှလုံးခုန်နှုန်း ကို မြန်လာစေပြီး ပြေးနေရသလိုမျိုး သက်လုံကို အများကြီး ကောင်းလာစေပါတယ်။

🫁 Focus on Breath (အသက်ရှူစနစ်):
ယောဂရဲ့ အသက်ရှူစနစ် နဲ့ လှုပ်ရှားမှုတွေကို ချိန်ကိုက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် ပိုရောက်လာပြီး အလွယ်တကူ မမောပန်းတော့ပါဘူး။

ဒါ့အပြင် Beginner ကနေ Advanced ကို တက်လာတာနဲ့အမျှ Crow Pose လိုမျိုး လက်နှစ်ဖက်တည်းနဲ့ တစ်ကိုယ်လုံးကို မတင်ထားရတဲ့ အဆင့်တွေရောက်လာရင် ခွန်အားနဲ့ Stamina ကို အပြည့်အဝ သုံးရတော့တာပါပဲရှင်။

🌿 တစ်နေ့ နာရီဝက်၊ ၄၅ မိနစ် လောက် လေ့ကျင့်ရုံနဲ့ သက်လုံကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါပြီ။

Stamina ကောင်းဖို့အတွက် ပြေးစက်ပေါ်မှာ အမောတကြီး ပြေးစရာမလိုပါဘူး။ အိမ်မှာတင် ယောဂဖျာလေး တစ်ချပ်ရှိရုံနဲ့ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိ စွဲစွဲမြဲမြဲ လေ့ကျင့်ပေးသွားမယ်ဆိုရင် အံ့သြလောက်တဲ့ ရလဒ်ကို ရရှိမှာ သေချာပါတယ်ရှင်။

စနစ်ကျတဲ့ လမ်းညွှန်မှုတွေနဲ့အတူ မမတို့ရဲ့ Stamina ကို တည်ဆောက်ဖို့ Flexth Yoga App က အသင့်စောင့်ကြိုနေပါတယ်။

📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)

"အသက်အရွယ်ဆိုတာ ဂဏန်းတစ်ခုသက်သက်ပါ။ မှန်ကန်တဲ့ လေ့ကျင့်မှုရှိရင် လူငယ်တွေထက်တောင် ပိုပြီး သွက်လက်လာနိုင်ပါတယ်ရှင်။"

အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျန်းမာသွက်လက်တဲ့ ခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.












24/03/2026

အတင်းအကျပ် လုပ်ယူစရာမလိုဘဲ ယောဂကို နေ့စဉ် Lifestyle တစ်ခုဖြစ်လာအောင် Flexth Yoga က ဘယ်လို ဖန်တီးပေးထားလဲ?" 🧘‍♀️✨
မြန်မာပြည်က ကျွန်မတို့တွေ အများစုက ငယ်ငယ်ကတည်းက စာသင်ရင်တောင် ဆရာက အနားကနေ ကြပ်မတ်ပြီး သင်ပေးမှ လုပ်တတ်တဲ့ အကျင့်လေးတွေ ရှိကြပါတယ်။ အားကစားလုပ်တဲ့နေရာမှာလည်း ဒီအတိုင်းပါပဲ။ "ဆရာမ အနားမှာမရှိရင် မကျင့်ချင်ဘူး၊ App နဲ့ ကိုယ့်ဘာသာ Self-study လုပ်ဖို့ကျတော့ ပျင်းတယ်" ဆိုတာမျိုးတွေ မကြာခဏ ကြားရတတ်ပါတယ်။
နိုင်ငံတကာက Sports တွေနဲ့ ကြီးပြင်းလာတဲ့ လူငယ်တွေဆိုရင်တော့ App တွေသုံးပြီး ကိုယ့်ဘာသာ ကျင့်ဖို့ ဝန်မလေးကြပါဘူး။ ကျွန်မတို့ဆီမှာလည်း အခုနောက်ပိုင်း အားကစားလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကို ပိုသိလာကြပေမဲ့... တကယ်တမ်း နေ့စဉ်မလုပ်မနေရတဲ့ အလေ့အကျင့် (Lifestyle) တစ်ခုဖြစ်လာဖို့ကျတော့ ရုန်းကန်နေရဆဲပါပဲ။
ဒီလို အိမ်မှာ ကိုယ့်ဘာသာ ကျင့်ရတာ ပျင်းတတ်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး Flexth Yoga App ကို သာမန် ဗီဒီယိုကြည့်တဲ့ App မျိုးမဟုတ်ဘဲ၊ ကမ္ဘာကျော် စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာရှင် BJ Fogg ရဲ့ (B = MAP) ဆိုတဲ့ အလေ့အကျင့်တည်ဆောက်ခြင်း သီအိုရီနဲ့အညီ စနစ်တကျ ဖန်တီးတည်ဆောက်ထားပါတယ်ရှင်။
အိမ်မှာတင် ယောဂကို အလိုလို ကျင့်ဖြစ်သွားစေဖို့ ဒီအချက် (၃) ချက်နဲ့ ပံ့ပိုးပေးထားပါတယ်။
✅ Motivation (ကိုယ့်ဘက်က ပြောင်းလဲချင်စိတ်): ယောဂကျင့်မယ်၊ ကျန်းမာရေး ပိုကောင်းချင်တယ်ဆိုတဲ့ ကနဦး စိတ်အားထက်သန်မှုလေးကတော့ မမတို့၊ ညီမလေးတို့ ကိုယ်တိုင်ဆီမှာ အနည်းဆုံးတော့ ရှိထားဖို့ လိုပါတယ်ရှင်။ ကိုယ့်ဘက်က ပြောင်းလဲချင်တဲ့စိတ်လေး တစ်ဝက်ပါပြီဆိုတာနဲ့... အဲ့ဒီစိတ်လေး ရေရှည်တည်တံ့သွားအောင် ကျန်တဲ့တစ်ဝက်ကို Flexth Yoga က အကောင်းဆုံး တာဝန်ယူ ဆွဲခေါ်သွားပေးမှာပါ။
✅ Ability (အခက်အခဲမရှိ လွယ်ကူစေခြင်း): အပြင်သင်တန်းသွားဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ ကုန်ကျစရိတ် များမှာစိုးရိမ်သူတွေအတွက်... အချိန်မရွေး၊ နေရာမရွေး ကိုယ့်ဖုန်းလေးဖွင့်လိုက်ရုံနဲ့ အပြင်သင်တန်းထက် အများကြီး သက်သာတဲ့ နှုန်းထားနဲ့ အလွယ်တကူ ကျင့်နိုင်အောင် App ထဲမှာ အားလုံးကို အဆင်သင့် ပြင်ဆင်ပေးထားပါတယ်။
✅ Prompt (အနားမှာ ဆရာမရှိနေသလို ခံစားရခြင်း): ဒါကတော့ တခြား App တွေနဲ့ Flexth Yoga ကို လုံးဝ ကွဲထွက်သွားစေတဲ့ အချက်ပါပဲ။ အိမ်မှာ ကိုယ့်ဘာသာ ကျင့်တဲ့အခါ အလွယ်တကူ လက်လျှော့တတ်ကြတာက သတိပေးမယ့်သူ၊ အားပေးမယ့်သူ မရှိလို့ပါ။ Flexth Yoga မှာတော့ သင်တန်းသူအချင်းချင်း အမြဲဆွေးနွေး အားပေးလို့ရတဲ့ Viber Group ရှိသလို၊ Pose တွေ မှန်၊ မမှန် ကျွန်မကိုယ်တိုင် ပြန်စစ်ပေးမယ့် တစ်လတစ်ခါ Zoom Session တွေ ပါဝင်ပါတယ်။ ဒါကြောင့် "ယောဂကျင့်ဖို့ အချိန်တန်ပြီနော်၊ တူတူကျင့်မယ့်သူတွေ ရှိတယ်" ဆိုတာကို အမြဲ နွေးနွေးထွေးထွေး သတိပေးနေမှာပါရှင်။

🌿 အတင်းအကျပ် လုပ်ယူစရာမလိုဘဲ ယောဂကို Lifestyle တစ်ခုဖြစ်အောင် စတင်လိုက်ပါ
ဒါကြောင့် "ဆရာမ အနားမှာမရှိရင် မလုပ်ဖြစ်ဘူး" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ထားလိုက်ပါ။ Flexth Yoga ဟာ သင်ခန်းစာတွေ ရောင်းတဲ့ App သက်သက်မဟုတ်ဘဲ၊ မမတို့ကို နေ့စဉ် ယောဂကျင့်ဖြစ်အောင် ဖေးမကူညီပေးမယ့် "နွေးထွေးတဲ့ ယောဂ Community" တစ်ခုဖြစ်ပါတယ်ရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ ယောဂကျင့်တဲ့ အလေ့အထကို စတင်ဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
အခုပဲ Flexth Yoga App ကို Download လုပ်ပြီး ကျွန်မတို့ရဲ့ တက်ကြွတဲ့ Community လေးထဲ ပါဝင်ဖို့ Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖

Namaste 🙏
Flexth Yoga.












16/03/2026

လှေကားကို နှစ်ထပ်ကျော်တက်ရင် မောသလိုပဲ...
ယောဂမှာလည်း Level ကျော်ကျင့်ရင် လိုရာမရောက်ပဲ
ဒဏ်ရာရတတ်ပါတယ်" 🧘‍♀️
ကျွန်မဆီ သင်တန်းလာတက်တဲ့သူတွေ၊ App သုံးတဲ့သူတွေဆီကနေ
အမြဲကြားရတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိပါတယ်။
"တီချယ်... အိမ်မှာ YouTube ကနေ ကြည့်ကျင့်နေတာ ၊ ယောဂကို လည်း အချိန်အတိုင်းအတာ တစ်ခုထိ ကြာနေပြီဆိုတော့ Intermediate (သို့) Advanced Program ကနေပဲ တန်းစဝယ်လိုက်မယ်နော်" လို့ ပြောတတ်ကြပါတယ်။
'ယောဂလေ့ကျင့်ဖူးတဲ့ အချိန်ကာလ' ဆိုတဲ့ အချက်လေးတစ်ခုတည်းကိုပဲ ကိုင်ပြီး အမြင့် Program တွေကို တန်းဝယ်လိုက်ကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဝယ်ပြီး ကျင့်ကြည့်တဲ့အခါ အခြေခံ သေချာမခိုင်ထားတော့
လိုက်မလုပ်နိုင်ဘဲ ရုန်းကန်ရပြီး...
နောက်ဆုံးတော့ Beginner ၊ Pre Intermediate တို့ ကနေ
ပြန်ဆင်းကျင့်ရတာမျိုးတွေ ခဏခဏ ကြုံရပါတယ်။

ယောဂဆိုတာ လှေကားတစ်ထပ်ချင်း တက်ရသလိုပါပဲ။
အမြင့်ကြီးကို တန်းခုန်တက်ရင် မောမယ်၊ ပြုတ်ကျမယ်၊ ဒဏ်ရာရမယ်။
ဒါပေမဲ့ တစ်ဆင့်ချင်းစီ တက်သွားရင်တော့ မပင်ပန်း၊
မမောဘဲ အထွတ်အထိပ်ကို ရောက်သွားမှာပါ။
ဒါကြောင့် ကျွန်မရဲ့ Flexth Yoga App မှာ Program တွေကို
ဝယ်ပြီး လိုက်မလုပ်နိုင်တာမျိုး မဖြစ်အောင်
Level တစ်ခုချင်းစီအလိုက် စနစ်တကျ တည်ဆောက်ထားပါတယ်ရှင်။

📌 ဒါဆို... ကိုယ်နဲ့ ဘယ် Program က အသင့်တော်ဆုံး ဖြစ်မလဲ?
ကိုယ့် Level ထက် နိမ့်တာကို ရွေးမိရင် လွယ်လွန်းလို့ ပျင်းသွားတတ်သလို၊ မြင့်လွန်းတာကို ကျော်ရွေးမိရင်လည်း ခန္ဓာကိုယ်က မလိုက်နိုင်ဘဲ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး ယောဂကျင့်ရတာ ပင်ပန်းတဲ့ဒဏ်ကြီးလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မမောဘဲ ခရီးရောက်ဖို့ဆိုရင် ကိုယ်နဲ့ အကိုက်ညီဆုံး Level ကို သေချာရွေးချယ်ဖို့ လိုပါတယ်ရှင်။
🟢 Beginner Program (အခြေခံကို စနစ်တကျ အုတ်မြစ်ချချင်သူများအတွက်)
ယောဂကို အခုမှ စတင်လေ့လာမယ့်သူတွေ၊ အပြင်မှာ ကြိုကြားကြိုကြား ကျင့်ဖူးပေမဲ့ Alignment (ကိုယ်ဟန်နေထား) သေချာမသိသေးတဲ့သူတွေ ရွေးချယ်သင့်တဲ့ အဆင့်ပါ။ ဒီ Program မှာ အသက်ရှူနည်းနဲ့ ကြွက်သားတွေကို ဘယ်လို Engage လုပ်ရမလဲ (အလုပ်ပေးရမလဲ) ဆိုတဲ့ အခြေခံ Foundation ကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက်ပေးသွားမှာပါ။ Foundation ပိုင်သွားပြီဆိုရင် နောက်အဆင့်တွေကို အလွယ်တကူလုပ်နိုင်မှာပါ။
🟡 Pre-Intermediate Program (ခွန်အားနဲ့ ပျော့ပြောင်းမှုကို အဓိက မြှင့်တင်လိုသူများအတွက်)
Beginner အဆင့်ကို ဖြတ်သန်းပြီးလို့ အခြေခံ Pose တွေကို ရင်းနှီးနေပြီဆိုရင်တော့ ဒီအဆင့်ကို ကူးလာလို့ ရပါပြီ။ Foundation ခိုင်သွားပြီဖြစ်လို့ Posture ကို သိပ်အာရုံစိုက်စရာမလိုတော့ဘဲ၊ ပုံစံတစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့ Flow တွေနဲ့အတူ ခန္ဓာကိုယ်ရဲ့ Flexibility (ပျော့ပြောင်းမှု) နဲ့ Strength (ကြံ့ခိုင်မှု) ကို တိုးမြှင့်ဖို့ သီးသန့် အာရုံစိုက်ကျင့်ရုံပါပဲ။ (အခြေခံမရှိဘဲ ဒီအဆင့်ကို တန်းလာရင် ဒဏ်ရာရတတ်ပါတယ်)
🟠 (၃) Intermediate Program (စိန်ခေါ်မှုအသစ်တွေနဲ့ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို စမ်းသပ်ချင်သူများအတွက်)
Pre-Intermediate မှာ သေချာပျိုးထောင်ခဲ့တဲ့ သန်မာမှုနဲ့ ပျော့ပြောင်းမှုတွေကို လက်တွေ့အသုံးချမယ့် အဆင့်ပါ။ ကိုယ့်ခန္ဓာကိုယ် အလေးချိန်ကို လက်နှစ်ဖက်တည်းနဲ့ ထိန်းရမယ့် Arm Balance တွေ၊ ခပ်ပြင်းပြင်း Challenge ဖြစ်စေမယ့် Pose အသစ်တွေကို စတင်ထည့်သွင်းထားပါတယ်။ ယောဂနဲ့ အတော်လေး ရင်းနှီးနေပြီဖြစ်ပြီး ကိုယ့်ရဲ့ Limit ကို နောက်တစ်ဆင့် ထပ်တိုးစမ်းသပ်ချင်တဲ့ မမတို့အတွက် အကြိုက်တွေ့စေမယ့် Program ပါရှင်။
🔴 (၄) Advanced Program (ခက်ခဲနက်နဲတဲ့ နည်းစနစ်တွေနဲ့ အဆင့်မြင့် Transitions များကို လေ့ကျင့်လိုသူများအတွက်)
ဒီ Program ကတော့ နှစ်ရှည်လများ ယောဂလေ့ကျင့်လာသူတွေ၊ ယောဂဆရာ၊ ဆရာမတွေအတွက် အထူးရည်ရွယ်ပါတယ်။ Pose တစ်ခုချင်းစီကို သီးသန့်သင်တာထက် Pose တစ်ခုနဲ့တစ်ခုကြား အဆင့်မြင့်မြင့် ချိတ်ဆက်သွားတဲ့ အကူးအပြောင်း (Advanced Transitions) တွေနဲ့ သက်လုံကို အဓိက သင်ပေးပါတယ်။
👉 (ဥပမာအနေနဲ့ ပြောရရင် - Crow Pose လုပ်နေရာကနေ Head Stand ခေါင်းထောက်တဲ့ ပုံစံကို ကူးသွားမယ်... အဲ့ဒီကနေ Crow ကို ပြန်ဆင်းမယ်ဆိုတဲ့ transitions တွေနဲ့ နည်းစနစ် (Techniques) မျိုးတွေကို သေချာသင်ကြားပေးထားတာပါ)

🌿 အခက်အခဲမရှိဘဲ မိမိစိတ်တိုင်းကျ ယောဂခရီးစဉ်ကို စတင်လိုက်ပါ
ကိုယ့် Level ကို သေချာသိပြီး စနစ်တကျ ကျင့်တဲ့အခါ ဒဏ်ရာရမှာကို ပူစရာမလိုတော့ဘဲ ယောဂရဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါ။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံး ယောဂ Program လေးကို ရွေးချယ်နိုင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
Namaste 🙏
Flexth Yoga.











07/03/2026

ခန္ဓာကိုယ်ပြည့်လို့ ယောဂကျင့်လို့မရဘူးဆိုတာ အထင် အမှားတခုပါ...
(ယောဂမှာ လုပ်လို့မရဘူးဆိုတဲ့ Pose မရှိပါဘူး)" 🧘‍♀️✨
"ကျွန်မက ပေါင် ၂၀၀ ကျော်နေပြီ၊ ယောဂကျင့်လို့ ရပါ့မလား"
"ဗိုက်လေးနည်းနည်းရှိတော့ ဒူးခေါင်းကို လိမ်တဲ့အခါ (Twist လုပ်တဲ့အခါ) အဆင်မပြေဘူး... ယောဂက ပိန်တဲ့သူတွေ၊ အကြောပျော့တဲ့သူတွေမှ လုပ်လို့ရတာလား?"
ဒီလို မေးခွန်းတွေ၊ စိုးရိမ်စိတ်တွေက ခန္ဓာကိုယ်ပြည့်ဝတဲ့ မမတို့၊ ညီမလေးတို့ဆီကနေ မကြာခဏကြားရတဲ့ စကားတွေပါ။ တကယ်တော့ ယောဂဆိုတာ ခန္ဓာကိုယ်ကို ပုံစံသွင်းဖို့ မဟုတ်ဘဲ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေအောင် ညှိယူရတဲ့ အနုပညာတစ်ခုသာ ဖြစ်ပါတယ်ရှင်။ ✨
ကျွန်မရဲ့ အပြင်သင်တန်းတွေရဲ့ Beginner Class တွေမှာဆိုရင် အသက်အရွယ်စုံ၊ ခန္ဓာကိုယ်ပုံစံစုံ (လူငယ်၊ လူရွယ်၊ အသက်ကြီးပိုင်းနဲ့ ခန္ဓာကိုယ်ပြည့်တဲ့သူတွေပါ) အတူတူ လေ့ကျင့်ရလေ့ရှိပါတယ်။ အဲ့ဒီအခါ အစပိုင်းမှာ ခန္ဓာကိုယ်နည်းနည်းပြည့်တဲ့သူတွေ၊ အသက်ကြီးတဲ့ မမတွေအနေနဲ့ သွက်လက်တဲ့ လူငယ်တွေနဲ့ ယှဉ်လုပ်ရတဲ့အခါ လိုက်မလုပ်နိုင်လို့ စိတ်အားငယ်သွားတတ်ကြပါတယ်။"ဗိုက်လေး ခံနေလို့ ရှေ့ကို ကုန်းမရဘူး"၊ "အောက်ကနေ ထိုင်ရာထမရဘူး"၊ "ဒူးလေးပတ်လို့မရဘူး" စသဖြင့် အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ တကယ်တော့ အဲ့ဒါ သူတို့ မလုပ်နိုင်တာ မဟုတ်ပါဘူးရှင်။ သူတို့ ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုး (Modifications) ကို မသိသေးလို့ပါ။
သူတို့နဲ့ ကိုက်ညီမယ့် မတူညီတဲ့ ပုံစံလေးတွေ အမျိုးမျိုး ပြောင်းပြီး သေချာသင်ပေးလိုက်တဲ့အခါ (၁) လလောက်ကြာတော့ အများနည်းတူ ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်နိုင်သွားကြပါတယ်။
တကယ်တော့ "ယောဂမှာ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ လိုက်မလုပ်တာပဲ ရှိတာပါ"။
ယောဂမှာ ကိုယ့်ခန္ဓာကိုယ်ကို အပြစ်တင်စရာ မလိုပါဘူး... နိုင်ငံတကာက ကျွမ်းကျင်တဲ့ ယောဂပညာရှင်တွေ လက်ခံထားတဲ့ အချက်က ယောဂဆိုတာ လူတိုင်း (Plus-size တွေပါမကျန်) လုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ
အဓိက လျှို့ဝှက်ချက်ကတော့ "နေရာလွတ် (Space) ရှာတတ်ဖို့" ပါပဲ။
ဥပမာ - ဗိုက်လေးရှိလို့ ရှေ့ကို ကိုင်းတဲ့အခါ (Forward Fold) အသက်ရှူကျပ်တယ်ဆိုရင် ခြေထောက်ကို နည်းနည်း ပိုကားပေးလိုက်ရုံပါပဲ။
Block တွေ၊ Strap တွေလို သင်ထောက်ကူပစ္စည်း တွေကို သုံးပြီး မူရင်းပုံစံ၊ မူရင်းအကျိုးကျေးဇူး မပျက်စေဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် လေ့ကျင့်လို့ ရပါတယ်ရှင်။

🛡️ Flexth Yoga App မှာ "My Body, My Choice" ဆိုတဲ့အတိုင်း...
ကျွန်မတို့ဆီက သင်တန်းသူ ခြူးခြူး ဆိုရင်လည်း ခန္ဓာကိုယ် နည်းနည်းပြည့်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် အံ့သြသွားတာက ကျွန်မရဲ့ App ထဲက ဗီဒီယိုတွေမှာ လူတိုင်းကို တစ်ပုံစံတည်း အတင်းလုပ်ခိုင်းတာမျိုး မရှိလို့ပါပဲ။
၂၀၀၈ ခုနှစ်ကတည်းက ယောဂစလုပ် ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်မှာ ကိုယ်ပိုင်သင်တန်းစဖွင့်ခဲ့တဲ့ ကျွန်မရဲ့ နှစ်ရှည်လများ အတွေ့အကြုံတွေအရ...
✅ Alternative Options (ရွေးချယ်စရာ နည်းလမ်းများ): Pose တိုင်းကို အတင်းလုပ်ခိုင်းတာမျိုး မရှိပါဘူး။ ဥပမာ - Twist လုပ်လို့ မရရင် ဘယ်လို ပြောင်းလုပ်မလဲ။ ပေါင်ကြောတင်းတဲ့သူ၊ ခါးကြောတင်းတဲ့သူတွေအတွက် ဘယ်လို ပြောင်းလဲကျင့်ရမလဲဆိုတဲ့ Option လေးတွေ အမြဲထည့်သင်ပေးပါတယ်။
✅ လိုအပ်ရင် လိုအပ်သလို ခွဲခြားပြသခြင်း: ဥပမာအနေနဲ့ ပြောရရင် ကျွန်မတို့ရဲ့ Expand Your Horizon Program လိုမျိုးမှာဆိုရင် Pose တစ်ခုတည်းကိုပဲ ခန္ဓာကိုယ်လိုအပ်ချက်ပေါ် မူတည်ပြီး Shoulderstand ကို ပုံစံ ၄ မျိုးလောက်အထိ ခွဲပြီး လုပ်ပြထားပါတယ်ရှင်။

🌿 လူတိုင်းအတွက် နေရာရှိတဲ့ ယောဂခရီးစဉ်ကို စတင်လိုက်ပါ
"ငါဝလို့၊ ငါအကြောတင်းလို့ မရဘူး" ဆိုတဲ့ အတွေးတွေကို ဖယ်ထားခဲ့ပြီး စနစ်ကျတဲ့ အတွေ့အကြုံရှိတဲ့ လမ်းညွှန်မှုနဲ့အတူ Flexth Yoga App မှာ အခုပဲ စတင်လိုက်ပါရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ ကိုယ့်ခန္ဓာကိုယ်ကို နားလည်လာစေဖို့)
(၆) လစာ: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"ယောဂဆိုတာ ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ထက်၊ ရှိပြီးသား ခန္ဓာကိုယ်ကို ပိုပြီး ချစ်မြတ်နိုးတတ်လာဖို့ပါ။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံး ယောဂခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖

Namaste 🙏
Flexth Yoga.






Flexth Yoga မှာ အသင်အပြကောင်းပြီး သဘောကောင်းတဲ့ တီချယ်ရတနာ ရဲ့ ညနေပိုင်းအတန်းလေးတွေရှိပါတယ်ရှင်။Weekend ညနေပိုင်းတက်ချင်...
28/02/2026

Flexth Yoga မှာ
အသင်အပြကောင်းပြီး သဘောကောင်းတဲ့ တီချယ်ရတနာ ရဲ့ ညနေပိုင်းအတန်းလေးတွေရှိပါတယ်ရှင်။

Weekend ညနေပိုင်းတက်ချင်သူတွေ
ဒီအတန်းလေးတက်ဖို့ ညွှန်းပါရစေနော်။

Namaste 🙏🏻
Flexth Yoga.








28/02/2026

"အကြောတွေ တကယ်ပျော့ပြောင်းဖို့... အပြင်က အားနဲ့ အတင်းဖိချစရာ မလိုပါဘူးရှင် (
ယောဂမှာ အရေးကြီးဆုံးက ကိုယ့်ခွန်ကိုယ့်အားနဲ့ Space ရှာတတ်ဖို့ပါ)" ✨🧘‍♀️
ယောဂကျင့်တဲ့အခါ "ဆရာက ကိုင်ပေး၊ အတင်းဖိပေးမှ အကြောတွေ ပွင့်လာမှာ" လို့ မမတို့၊ ညီမလေးတို့ အထင်မှားတတ်ကြပါတယ်ရှင်။ နာကျင်မှုကို အံကြိတ်အောင့်ခံပြီး ဆရာ့ကို အတင်းဖိခိုင်းတာဟာ "ထိရောက်တယ်" လို့ အထင်မှားတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တော့... ခန္ဓာကိုယ်ရဲ့ သဘာဝအရ အပြင်ကနေ အတင်းအားသုံးပြီး ဖိချခြင်းဟာ အကြောတွေကို ပျော့ပြောင်းသွားစေတာထက် ဒဏ်ရာရဖို့ ပိုနီးစပ်ပါတယ်ရှင်။
ဘာလို့ အတင်းဖိတာက မကောင်းတာလဲ?
🧘‍♀️ Stretch Reflex (ပြန်ကန်အား): ကြွက်သားတွေကို အတင်းဆွဲဆန့်လိုက်ရင် ဦးနှောက်ကနေ ကာကွယ်တဲ့အနေနဲ့ အကြောတွေကို ပိုတင်းပစ်လိုက်ပါတယ်။ ဒါကြောင့် ခဏပဲ ပျော့သလိုရှိပြီး အချိန်တန်ရင် အရင်လိုပဲ ပြန်တင်းသွားတာပါ။
🧘‍♀️Internal Space vs External Force: ယောဂဆိုတာ အပြင်က အားနဲ့ ပုံစံသွင်းတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသက်ရှူမှုနဲ့ ကြွက်သားအလုပ်ပေးမှု (Muscle Engagement) ကို သုံးပြီး အတွင်းကနေ Space ရှာတတ်ဖို့က ပိုအရေးကြီးပါတယ်။
🧘‍♀️ Proprioception (အာရုံသိ): ကိုယ့်ခွန်ကိုယ့်အားနဲ့ ကျင့်တဲ့အခါမှာပဲ ခန္ဓာကိုယ်က ဘယ်လောက်ထိ သွားနိုင်တယ်ဆိုတဲ့ "အာရုံသိ" ကို ရရှိမှာဖြစ်ပြီး ဒါမှသာ ဒဏ်ရာမရဘဲ ရေရှည်တိုးတက်မှာပါရှင်။ ✨🤝

🛡️ Flexth Yoga App: စနစ်တကျနဲ့ ဘေးကင်းစွာ လေ့ကျင့်နိုင်ဖို့
"အနားမှာ ဆရာမမရှိဘဲ ကျင့်ရင်ရော အကြောတွေ ပွင့်ပါ့မလား" လို့ စိုးရိမ်နေစရာ မလိုပါဘူးရှင်။
✅ Targeted Warm-up Flow: Pose တစ်ခုချင်းစီ မလုပ်ခင်မှာ သက်ဆိုင်ရာ ကြွက်သားတွေကို အရင်အလုပ်ပေးတဲ့ Warm up တွေကို အသေးစိတ် ထည့်ပေးထားလို့ ကိုယ့်ခွန်ကိုယ့်အားနဲ့တင် Final Pose ကို ဘေးကင်းကင်း ရောက်နိုင်ပါတယ်။
✅ Scientific Guidance: အတင်းဖိချစရာမလိုဘဲ ဘယ်ကြွက်သားကို Engage လုပ်ပြီး ဘယ်လို အသက်ရှူရမလဲဆိုတာကို ကျွန်မက ဗီဒီယိုထဲမှာ အနီးကပ် ရှင်းပြပေးနေမှာပါ။
✅ Full Support (Viber & Zoom): ကျင့်ရင်း မသိတာရှိရင် အမြဲမေးလို့ရမယ့် Viber Group ရှိသလို၊ တစ်လတစ်ခါ Zoom Session နဲ့လည်း ကျွန်မကိုယ်တိုင် Pose တွေကို အသေးစိတ် ပြန်ကြည့်ပေးပါသေးတယ်ရှင်။ ✨💎

🌿 ကျန်းမာရေးအတွက် အတန်ဆုံး ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်လိုက်ပါ
နာကျင်မှုတွေနဲ့ အတင်းဖိကျင့်စရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ်ကို စနစ်တကျ ပြုပြင်ချင်တဲ့ မမတို့အတွက် Flexth Yoga App ရဲ့ သင်တန်းကြေးတွေက ပြင်ပသင်တန်းတွေနဲ့စာရင် အရမ်းကို တန်ဖိုးရှိလှပါတယ်ရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ကို ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ကျွမ်းကျင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို ယုံကြည်ပြီး စနစ်ကျ ကျင့်ကြည့်ရအောင်နော်။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျွန်မနဲ့အတူ ဘေးကင်းတဲ့ ယောဂခရီးစဉ်လေးကို စတင်လိုက်ရအောင်။ အသေးစိတ်သိလိုပါက Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖

Namaste 🙏🏻
FlexthYoga.


#2026


March လ အတွက် Yoga လေ့ကျင့်ချိန်ဇယားလေးပါရှင်။Weekday အတွက် နေရာလေးတွေကတော့ ပြည့်ခါနီးပါပြီရှင်။ Weekend နေရာလွတ်လေးတွေက...
28/02/2026

March လ အတွက် Yoga
လေ့ကျင့်ချိန်ဇယားလေးပါရှင်။

Weekday အတွက် နေရာလေးတွေကတော့ ပြည့်ခါနီးပါပြီရှင်။
Weekend နေရာလွတ်လေးတွေကျန်ပါသေးတယ်ရှင်။

Flexth Yoga page ရဲ့ messenger ကနေပြီးတော့စာရင်းပေးသွင်းလို့ရပါပြီ။

သင်တန်းနေရာက အမှတ်၃၂ တတိယထပ် ကျောက်မြောင်းစျေးလမ်း တာမွေမြို့နယ်ပါ။

Namaste 🙏
Flexth Yoga.





17/02/2026

"ယောဂမှာ သတိမမူပဲ လုပ်လို့ရတဲ့ အရာဆိုတာ မရှိပါဘူး...
စနစ်ကျတဲ့ Pose တိုင်းမှာ Challenge ရှိပါတယ်" 💎🧘‍♂️

ယောဂကျင့်သူ တော်တော်များများက အခြေခံ Pose လေးတွေကို ပေါ့ပေါ့ပါးပါးပဲလို့ စဉ်းစားတတ်ကြပါတယ်။ အထူးသဖြင့် အတွေ့အကြုံရှိတဲ့ လေ့ကျင့်သူတွေထင်တတ်ကြတယ် "ဒါကတော့ လွယ်ပါတယ်၊ မတ်တပ်ရပ်ရုံပဲဟာ" လို့ တွေးမိတတ်ကြတာပါ။ ဒါပေမဲ့ တကယ်တော့...
"ယောဂမှာ ဘယ် Pose မှ လွယ်ကူမှု မရှိပါဘူး။" ✨

ကျွန်မ အိန္ဒိယက Yoga Vidya Mandiram မှာ 300hrs YTTC တက်တုန်းက ဒီအမှန်တရားကို လက်တွေ့သိခဲ့ရတာပါ။ အခြေခံအကျဆုံးဖြစ်တဲ့ Mountain Pose (Tadasana) ကို စနစ်တကျ ကျင့်ကြည့်တဲ့အခါမှာတော့ အတွေ့အကြုံရှိတဲ့လူတစ်ယောက်အတွက်တောင် တကယ့်ကို ထိထိရောက်ရောက် Challenge ဖြစ်သွားစေပါတယ်။
ဘာလို့ လွယ်ကူမှု မရှိတာလဲ?
လူအများစုက Pose တစ်ခုကို လုပ်တဲ့အခါ အရိုးအဆစ်တွေကိုပဲ အားပြုပြီး အပေါ်ယံ ပုံစံဖော်ကြတာပါ။ တကယ်တော့ ယောဂရဲ့ အနှစ်သာရက "ကြွက်သားတွေရဲ့ ညှစ်အား" ပေါ်မှာ ရှိပါတယ်။
ဥပမာ - Mountain Pose မှာ...
✅ ဒူးဆစ်ကို အတင်းတောင့်ထားခြင်း: ဒါဟာ ဒူးနာစေတဲ့ အဓိကတရားခံပါ။ ဒူးကို အတင်းမတောင့်ဘဲ ပေါင်ကြွက်သားကို အပေါ်ဆွဲတင်တဲ့အားနဲ့ ထိန်းရပါမယ်။ (ဒါမှ ဒူးခေါင်းကို ကြွက်သားက အကာအကွယ်ပေးမှာပါ)
✅ ဗိုက်ကြွက်သားကို လွှတ်ထားခြင်း: ဗိုက်ကို ပျော့မထားဘဲ ခိုင်ခိုင်လေး အလုပ်ပေးထားမှသာ ကျောရိုးကို ထိန်းပေးနိုင်မှာပါ။
ဒီလို သက်ဆိုင်ရာ Muscle တွေကို စနစ်တကျ အသုံးချပြီး ကျင့်မယ်ဆိုရင် အခြေခံအကျဆုံး Pose တစ်ခုဟာတောင် ခန္ဓာကိုယ်အတွက် တကယ့်ကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်လာမှာပါ။ အပေါ်ယံ Pose လှဖို့ထက် အတွင်းကြွက်သားတွေ တကယ်အလုပ်လုပ်ဖို့က ပိုအရေးကြီးပါတယ်ရှင်။ ✨🤝

🛡️ Flexth Yoga App: စနစ်တကျနဲ့ Challenge ခေါ်နိုင်ဖို့
မမတို့၊ ညီမလေးတို့ အိမ်မှာတင် ကျင့်ပေမဲ့ အပေါ်ယံပုံစံနောက်ပဲ လိုက်နေမိမှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။ ကျွန်မရဲ့ Flexth Yoga App မှာ-
✅ Detail Muscle Instruction: Pose တိုင်းမှာ ဘယ်ကြွက်သားကို ဘယ်လိုညှစ်ပြီး အလုပ်ပေးရမလဲဆိုတာ ကျွန်မက အသေးစိတ် ပြောပြထားပါတယ်။
✅ Internal Challenge: အခြေခံ Pose တွေမှာတောင် တကယ်ထိရောက်တဲ့ Challenge မျိုး ရအောင် စနစ်တကျ လမ်းညွှန်ပေးထားပါတယ်။
✅ စနစ်တကျ လေ့ကျင့်နိုင်မှု: ဒူးနာ၊ ခါးနာ မဖြစ်အောင် "တစ်ဆင့်ချင်းစီ" သေချာသင်ပေးထားလို့ စိတ်အေးရမှာပါ။
✅ Support System: Viber Group နဲ့ တစ်လတစ်ခါ Zoom Session တွေမှာလည်း မမတို့ရဲ့ Pose တွေ စနစ်ကျရဲ့လားဆိုတာ ကျွန်မက ဆန်းစစ်ပေးသွားမှာပါရှင်။ ✨💎

🎁 ၃ နှစ်ပြည့် အမှတ်တရ ၂၀% Discount နဲ့ စနစ်တကျ စတင်လိုက်ပါ
အပေါ်ယံ Pose တွေထက် တကယ့်ကို စနစ်တကျနဲ့ ထိရောက်တဲ့ ရလဒ်ကို လိုချင်တဲ့ မမတို့ ညီမလေးတို့ အတွက် ကျွန်မတို့ရဲ့ (၃) နှစ်ပြည့် လက်ဆောင် ရှိတုန်းမှာ အမြန်ဆုံး အပ်နှံဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
📍 အတန်ဆုံး ၂၀% Discount ဈေးနှုန်းများ:
(၃) လစာ: ~~၃၂,၅၀၀~~ -> ၂၆,၀၀၀ ကျပ် (အခြေခံကို အပီအပြင် ကျွမ်းကျင်စေဖို့)
(၆) လစာ Bundle: ~~၆၄,၅၀၀~~ -> ၅၁,၆၀၀ ကျပ် (ကြွက်သားတွေ အလုပ်လုပ်လာစေဖို့)
Unlimited (၃) နှစ်စာ: ~~၂၆၁,၀၀၀~~ -> ၂၀၈,၈၀၀ ကျပ် (တစ်လ ၅,၈၀၀ ဝန်းကျင်နဲ့ ရေရှည်ကျန်းမာဖို့) 💎
"မှန်ကန်တဲ့ အခြေခံရှိမှ... ခိုင်မာတဲ့ ရလဒ်ရမှာပါ။" စနစ်ကျတဲ့ လေ့ကျင့်ခန်းတွေနဲ့ မမတို့ ညီမလေးတို့ရဲ့ ယောဂခရီးစဉ်ကို အခုပဲ Flexth Yoga App မှာ အတူတူ စတင်နိုင်အောင် Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
Namaste 🙏
Flexth Yoga.

14/02/2026

" အနားမှာ Yoga Studio မရှိလို့ စိတ်ပူနေလား? အိမ်မှာတင် App နဲ့ကျင့်လည်း မအေးနန္ဒာလို ရလဒ်မျိုး ရနိုင်ပါတယ်" 🧘‍♀️📱

​"ယောဂတော့ လေ့ကျင့်ချင်တယ်... ဒါပေမဲ့ အနားမှာ သင်တန်းမရှိလို့ App နဲ့ပဲ ကျင့်ရမှာဆိုရင်ရော တကယ် ထိရောက်ပါ့မလား..."

​ဒီလို သံသယရှိနေတဲ့ မမတို့၊ ညီမတို့အတွက် ကျွန်မတို့ရဲ့ သင်တန်းသူ မအေးနန္ဒာ ရဲ့ အတွေ့အကြုံက အဖြေပါပဲရှင်။ ✨

​မအေးနန္ဒာက Flexth Yoga App လေးကို Facebook မှာတွေ့ပြီး "တစ်သောင်းကျော်လေးပဲ ရင်းနှီးရမှာဆိုတော့... အရှုံးမရှိပါဘူးလေ" ဆိုတဲ့စိတ်နဲ့ အိမ်မှာတင် စတင်လေ့ကျင့်ခဲ့တာပါ။ သူကိုယ်တိုင် App နဲ့ ကျင့်ကြည့်တဲ့အခါမှာတော့...

​✅ သင်ခန်းစာတွေက စနစ်တကျရှိပြီး တစ်ဆင့်ချင်း လိုက်လုပ်ရတာ အရမ်းလွယ်ကူတယ်။

✅ အိမ်မှာတင် ကိုယ်အားတဲ့အချိန် လေ့ကျင့်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ထူးခြားမှုကို သိသိသာသာ ခံစားလာရတယ်။

​ယောဂရဲ့ အနှစ်သာရက ကိုယ်တိုင်ကျန်းမာရုံတင်မကဘဲ မိမိရရှိတဲ့ ကောင်းကျိုးတွေကို ပြန်လည် "မျှဝေခြင်း (Sharing)" ကလည်း အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကြောင့်လည်း မအေးနန္ဒာက ယောဂရဲ့အကျိုးကျေးဇူးတွေကို ကိုယ်တိုင်ခံစားရလို့သူ့ရဲ့ အမနဲ့ အဒေါ်ကိုပါ "ကျန်းမာရေးက အဓိကပဲ၊ အတူတူကျင့်ကြရအောင်" ဆိုပြီး Flexth Yoga အထိ လက်တွဲခေါ်လာခဲ့တာပါ။ ✨🤝

​ဒါကြောင့် အဝေးမှာရှိနေလို့ သင်တန်းလာဖို့ ခက်ခဲနေတဲ့ မမတို့အတွက်လည်း စိတ်ပူစရာမလိုပါဘူးရှင်။ မအေးနန္ဒာကို ယုံကြည်မှုအပြည့်ပေးနိုင်ခဲ့တဲ့ Flexth Yoga App ထဲက သင်ခန်းစာတွေအတိုင်း မမတို့လည်း အိမ်မှာတင် စနစ်တကျ လေ့ကျင့်လို့ ရနေပါပြီ။

​🎁 ၃ နှစ်ပြည့် အမှတ်တရ ၂၀% Discount နဲ့ App မှာ စတင်လိုက်ပါ

​အဝေးမှာ ရှိနေပေမဲ့ မအေးနန္ဒာလိုပဲ "အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု" လေးကို အိမ်မှာတင် အခုပဲ စတင်လိုက်ပါ။ အခုဆိုရင် ၂၀% Discount လက်ဆောင်ပါ ရှိနေတာမို့ ပိုတန်နေပါပြီ။

​📍 App မှာ လေ့ကျင့်နိုင်မယ့် အတန်ဆုံးနှုန်းထားများ:

​(၃) လစာ: ~~၃၂,၅၀၀~~ -> ၂၆,၀၀၀ ကျပ် (တစ်နေ့ ၃၀၀ တောင် မပြည့်ပါဘူး)

​(၆) လစာ Bundle: ~~၆၄,၅၀၀~~ -> ၅၁,၆၀၀ ကျပ် (အထိရောက်ဆုံး)

​Unlimited Program: (၃) နှစ်စာဆိုရင် တစ်လ ၅,၈၀၀ ဝန်းကျင် အထိ တန်သွားပါပြီ။ 💎

​မအေးနန္ဒာကတော့ ယောဂရဲ့ မျှဝေခြင်းအနုပညာအတိုင်း သူ့မိသားစုကိုပါ လက်တွဲခေါ်လာခဲ့ပါပြီ။ မမတို့လည်း ဒီ ၂၀% Discount လက်ဆောင်ရှိတုန်းမှာ မအေးနန္ဒာလိုပဲ ယုံကြည်စိတ်ချစွာနဲ့ စတင်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 😊💖

​Namaste 🙏
Flexth Yoga.

09/02/2026

ရွေးချယ်မှုတိုင်းမှာ စေတနာပါတယ်... ဒါပေမဲ့ ပိုတန်တဲ့လမ်းကိုတော့ ညွှန်ပြပါရစေ" 💎✨
ယောဂစလေ့ကျင့်တော့မယ့် ယောဂချစ်သူ မမတို့၊ ညီမလေးတို့အတွက်... ဘယ် Program က ကိုယ့်အတွက် အကိုက်ညီဆုံးနဲ့ အတန်ဆုံးဖြစ်မလဲဆိုတာ ကျွန်မ သေချာလေးတွက်ချက်ပြချင်ပါတယ်ရှင်။ 🧘‍♀️

Flexth Yoga Appမှာ (၁) လစာကနေ (၃) နှစ်စာအထိ စိတ်ကြိုက်ရွေးချယ်စရာတွေ
ရှိပါတယ်။ ဒါပေမဲ့ အခု Flexth Yoga (၃) နှစ်ပြည့် အမှတ်တရ ၂၀% Discount လက်ဆောင်ကတော့ တကယ်ရလဒ်ထွက်စေမယ့် လမ်းကြောင်းတွေအတွက်ပဲ သီးသန့်ပြင်ဆင်ထားတာပါရှင်။ ✨

၁။ (၃) လစာ Program - "စတင်ခြင်းအတွက်... အတန်ဆုံး"

🎯 "ယောဂက ငါနဲ့ တကယ်ကိုက်ရဲ့လား" ဆိုတာထက် "ငါတကယ်ပြောင်းလဲချင်ပြီ" ဆိုတဲ့ လူတွေအတွက် ဒါဟာ အခြေခံအကျဆုံးနဲ့ အတန်ဆုံး လမ်းစပါ။
(၁) လစာကို ၁၂,၅၀၀ နဲ့ ၃ လဆက်တိုက် အပ်
ရင် ၃၇,၅၀၀ ကျသင့်မှာကို၊
အခု (၃) လစာ Beginner Package ကို
၂၀% Discount နဲ့ဆိုရင်
၂၆,၀၀၀ ကျပ် ပဲ ကျသင့်ပါတော့တယ်။
(၁၁,၅၀၀ တောင် သက်သာသွားတာပါရှင်)။ ဒါ့အပြင် Program ၃ခုတောင် ပါဝင်ပါသေးတယ်။

၂။ (၆) လစာ Bundle - "ရလဒ်အတွက်... ပိုတန်တယ်" 🌟 [ကျွန်မ အညွှန်းဆုံး]

ဒါကတော့ သင်တန်းသူအများစု
ရွေးချယ်ကြတဲ့ လမ်းကြောင်းပါ။
ဘာလို့လဲဆိုတော့ Beginner ကနေ Pre-Intermediate အထိ လမ်းကြောင်းမပြတ်သွားအောင်စုစည်းပေးထားလို့ပါ။
(၆) လစာ Bundle တစ်ခုတည်းမှာ
Program (၅) မျိုးလုံးကို တစ်လ ၈,၆၀၀ ဝန်းကျင် နဲ့တင် ရမှာပါ။
(၃) လစာမှာ ပေးရတဲ့ တစ်လစာနှုန်းထားနဲ့တင် (၅) ဆ ပိုရမှာမို့ (၃) လစာထက် အများကြီး ပိုတန်သွားပါပြီ။ ✨

၃။ Unlimited Program - "တစ်သက်စာအတွက်... အတန်ဆုံး"

💎 ဒါကတော့ ကျွန်မရဲ့ သင်တန်းသူအရင်းတွေ အကြိုက်ဆုံး အပြည့်စုံဆုံးလမ်းပါ။ ဘယ်အချိန်၊ ဘယ်လိုပဲ ကျင့်ချင်ကျင့်ချင်ရွေးချယ်စရာ Program (၁၁) ခုလုံး (Beginner to Advanced + Wellness Programs) အဆင်သင့် ရှိနေစေမှာပါ။
(၃) နှစ်စာ Unlimited ဆိုရင် ၂၀% Discount နဲ့ တစ်လကို ၅,၈၀၀ ကျော် ပဲ ရှိပါတော့တယ်။ တစ်ရက်ကို ၂၀၀ မပြည့်တဲ့ ပမာဏလေးနဲ့ Flexth Yoga မှာ ရှိသမျှ Programတွေအကုန်လုံးကို အပိုင်ယူလိုက်တာမို့ ဒါဟာ "အတန်ဆုံးထဲက အတန်ဆုံး" ပါပဲရှင်။ 🤝🌿

🎁 ၃ နှစ်ပြည့် အမှတ်တရ
၂၀% Discount ဈေးနှုန်းများ

အားလုံး နှိုင်းယှဉ်ကြည့်ရလွယ်အောင်
မူရင်းဈေးနဲ့ ခုရမယ့် Discount ဈေးကို
ယှဉ်ပြပေးလိုက်ပါတယ်ရှင်။

📍(၃) လစာ Program(တန်တဲ့ ရွေးချယ်မှု):
Beginner Level:၃၂,၅၀၀->၂၆,၀၀၀ကျပ် (၆,၅၀၀ သက်သာ)

Pre-Intermediate:၃၅,၀၀၀->၂၈,၀၀၀ ကျပ်

Intermediate: ၃၇,၅၀၀-> ၃၀,၀၀၀ ကျပ်

Advanced Level: ၄၅,၀၀၀-> ၃၆,၀၀၀ ကျပ်

(၆) လစာ Bundle(ပိုတန်တဲ့ ရွေးချယ်မှု):

Beginner + Pre-Inter
( Program ၅ ခုတွဲ):
၆၄,၅၀၀-> ၅၁,၆၀၀ ကျပ်
(တစ်လ ၈,၆၀၀ ဝန်းကျင်)

Pre-Inter + Intermediate:
၆၉,၀၀၀-> ၅၅,၂၀၀ ကျပ်

Intermediate + Advanced:
၇၄,၀၀၀-> ၅၉,၂၀၀ ကျပ်

📍 Unlimited Program
(အတန်ဆုံး ရွေးချယ်မှု):

(၁) နှစ်စာ: ၁၁၅,၀၀၀-> ၉၂,၀၀၀ ကျပ် (တစ်လ ၇,၆၀၀ ဝန်းကျင်)

(၂) နှစ်စာ: ၂၀၅,၀၀၀-> ၁၆၄,၀၀၀ ကျပ်

(၃) နှစ်စာ: ၂၆၁,၀၀၀-> ၂၀၈,၈၀၀ ကျပ် (တစ်လ ၅,၈၀၀ ဝန်းကျင်)

"ကျန်းမာရေးအတွက်လည်း ရေရှည်ရင်းနှီးချင်တယ်၊ ပိုက်ဆံလည်း အသက်သာဆုံး ဖြစ်ချင်တယ်" ဆိုရင်တော့... အခု ၂၀% Discount လက်ဆောင်ရှိတုန်းမှာ ကိုယ့်အတွက် အတန်ဆုံးလမ်းကိုပဲ ရွေးချယ်နိုင်ဖို့ Messenger မှာမေးမြန်းနိုင်ပါတယ်။

Namaste 🙏
Flexth Yoga.

Address

No 32, Kyaut Myaung Zay Street, Tarmwe Township
Yangon
11211

Telephone

+959799224954

Website

Alerts

Be the first to know and let us send you an email when Flexth Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Flexth Yoga:

Share

Category