09/12/2025
ကိုယ်ဝန်မဆောင်ခင် ကြိုတင်ပြင်ဆင်တဲ့ Preconception အဆင့် နဲ့ Antenatal လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင် ကာလတွေမှာ မိခင် ဖခင် လောင်းတွေ မဖြစ်မနေ ပြုလုပ်သင့်တဲ့ Garbha sanskar (Sanskrit) Or Manifestation
ကိုယ်လိုချင်တဲ့ ကလေးလေးပုံစံလေးကို စိတ်ကူးလေး နဲ့ပုံဖော်ပြီး ထပ်ကာ ထပ်ကာ တွေးပေးနေတာမျိုးကိုဆိုလိုတာပါ။
အဲ့လိုလုပ်တဲ့နေရာမှာ အမျိုးသမီးတစ်ဦးတည်း ပြုလုပ်ရမှာ မဟုတ်ဘဲ အမျိုးသားပါ စိတ်တူ ကိုယ်တူ လုပ်နိုင်ရင် ပိုပြီးကောင်းမွန်ပါတယ်။
ယနေ့ခေတ်ရဲ့lifestyle အရ ကိုယ်ဝန်ဆောင်ဖို့ရှိတယ်ဆိုရင် သက်ဆိုင်ရာ OG ဆီသွားပြီး လိုအပ်တဲ့ ဆေးဝါးများ ကြိုတင်သောက်သုံးလေ့ရှိကြပါတယ် ၊။
ဒါကတော့ physical ကို prepare လုပ်ကြတာပေါ့နော်။
Physical ပိုင်းကို ကြိုတင်ပြင်ဆင်သလိုဘဲ mental ပိုင်းကိုလဲ ကြိုတင်ပြင်ဆင်ဖို့ အရေးပါလှပါတယ်။
မိဘတိုင်း စိတ်နေသဘောထား ပျော့ပြောင်းပြီး ယဉ်ကျေးလိမ္မာတဲ့ ရင်သွေးလေးတွေပိုင်ဆိုင်ချင်ကြမှာ သဘာဝ ပါဘဲ။ အဲ့လို ရင်သွေးမျိုး ပိုင်ဆိုင်ဖို့ကို မိခင် ဖခင် လောင်းတွေဘက်က 100% မဟုတ်တာတောင် 70% လောက်တော့ ကြိုးစားကြည့်ရင်ဖြစ်နိုင်ပါသတဲ့ 🥰
ကျွန်မတို့ ဘယ်လိုကြိုးစားကြမှာလဲ?
❤️အရင်ဦးဆုံး ဇနီးမောင်နှံ ၂ဦးလုံးရဲ့ relationship ကို positive energy တွေများနိုင်သမျှများအောင် တည်ဆောက်ထားပါ
❤️တစ်ဦးမကြိုက်တာ တစ်ဦးသတိပြုဆင်ခြင်ပေးကြပြီး စကားများ ရန်ဖြစ်ခြင်းများကိုကြိုတင်ကာကွယ်ပါ
❤️ အပြန်အလှန်မေတ္တာ ပေးကြပြီး နူးညံ့သောစကားများသာပြောဆိုပေးပါ
❤️ သာယာ ချမ်းမြေ့ဖွယ်ကောင်းသော ဂီတအမျိုးအစားများ၊ ရုပ်ရှင်များကြည့်ပေးပါ
❤️ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရ ပြည့်ဝပြီး လတ်ဆတ်တဲ့ အစားအစာ များစားသုံးပေးပါ
အထက်ပါကဲ့သို့ ကောင်းမွန်တဲ့စကား၊ ကောင်းမွန်တဲ့ အစာ၊ ကောင်းမွန်တဲ့ ဂီတ၊ ကောင်းမွန်တဲ့ positive energy များဟာ မိမိတို့ရဲ့ ရင်သွေးဆီကို စီးဆင်းဝင်ရောက်နိုင်စွမ်းရှိပြီး ကောင်းမွန်တဲ့ သန္ဓေ ဖြစ်ဖို့ အများကြီး အထောက်အကူပေးနိုင်ပါသတဲ့ ။
ကျွန်မ ကိုယ်တိုင် သားသမီး ၂ ဦးရဲ့ မိခင်
ဖြစ်တာမို့ ကလေး၂ ယောက်ကို ကိုယ်ဝန်ဆောင်စဉ် ကာလများ ပြန်စဉ်းစားကြည့်မိပါတယ်။
အိမ်ထောင်ကျပြီး ၂ နှစ်ခန့်မှာသမီးကြီး ကိုယ်ဝန်လွယ်ထားတဲ့ ကာလမှာ အိမ်ထောင်ဦး ကာလဖြစ်တာတစ်ကြောင်း၊ လင်မယား ၂ ယောက်မှာ အသက်ငယ်ရွယ်တာတာနဲ့အမျှ တစ်ဦးနဲ့ တစ်ဦးမှာ အပေးအယူ မမျှ နားလည်မှုမရှိဖြစ်ကြပြီး တစ်ကျက်ကျက်ရန်ဖြစ်မိကြပါတယ်။
ပြောရရင် အတော််ပူလောင်တဲ့ ကာလပါဘဲ။ အဲ့လိုခြေနေမျိုးနဲ့ မွေးလာတဲ့ သမီးကြီးဟာလဲ အတော်လေးဒေါသကြီးသလို ဆတ်ဆတ်ထိမခံ၊ ထိန်းရခက်တဲ့ ကလေးလေးတစ်ယောက်ဖြစ်လာပါတယ် ။
သားငယ်ကိုယ်ဝန်နဲ့ကျတော့ အိမ်ထောင်သက် တစ်ခုရလာတာရော၊ အရာရာ အသားကျလာတဲ့ လင်မယား relationship ဟာလဲ အတော်လေး positive ဘက်ကိုရောက်လာပါတယ်။
ကိုယ်ဝန်မဆောင်ခင်တည်းက ကလေးအဖေက ဘီယာ၊ အရက် ဖြတ်တာမျိုး၊ လင်မယား အတတ်နိုင်ဆုံး စကားမများအောင် နေတာမျိုးစသဖြင့်ပေါ့။
ဒီလိုနဲ့ မွေးလာတဲ့ သားငယ်ဟာ အင်မတန်အေးဆေးပြီး ထိန်းရကျောင်းရလွယ်တဲ့အပြင် အသံကျယ်ကျယ် ပြောရင်တောင် မကြိုက်တဲ့ စိတ်သဘောထားလေးနဲ့ ကလေးလေးဖြစ်လာတာပါဘဲ။
အချုပ်ဆိုရရင်ဖြင့် ကိုယ်ဝန်မဆောင်မီရော၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလတွေမှာပါ ပျော်ရွှင်ကျန်းမာတဲ့ ရင်သွေးလေးရဖို့ ကောင်းမွန်တဲ့ အကြောင်းတရားများ၊ positive energy များကို ထပ်ကာ ထပ်ကာ စုဆောင်းရင်း Garbha sanskar လို့ခေါ်တဲ့ Manifestation ကို မမေ့မလျော့ ပြုလုပ်သင့်ပါတယ်ဆိုတာလေး သတိချပ်သင့်လှပါတယ်ရှင် ။
-------------
Yoga land မှာ မိခင်လောင်းတွေအတွက် Pregnancy Yoga Class ရှိပါတယ်ရှင်
Yoga Land ရဲ့ ကိုယ်ဝန်ဆောင် အတန်းမှာ
🌬ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့အသက်ရှုလေ့ကျင့်ခန်း
🍃စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြ ပူပန်မှုတွေလျော့ပါးစေဖို့အတွက် Meditation
🧘♀️မီးဖွားရလွယ်ကူစေဖို့ Pelvic Floor သန်မာစေမယ့် Yoga Pose များ
💪ကြွက်သားနာကျင်မှုနဲ့ ခြေထောက်ယောင်ယမ်းမှုတွေကို သက်သာစေတဲ့ ကျင့်စဉ်နဲ့
🥺ကိုယ်ဝန်ဆောင်စဉ် ခံစားရလေ့ရှိတဲ့ (ခါးနာ၊ မူးဝေ၊ ခေါင်းကိုက် အစရှိသော )ဝေဒနာတွေကို သက်သာစေပြီး ✅Physical Wellbeing အတွက် ထိရောက်သော Yoga ကျင့်စဉ်များကို အသေးစိတ် တိကျစွာ သင်ကြားပြပေးသွားမှာဖြစ်ပါတယ်
Yoga Land ရဲ့ ကိုယ်ဝန်ဆောင် အတန်းက Online Class ရော Stuudio Class မှာပါ သင်ထောက်ကူပစ္စည်းလေးတွေနဲ့ သေချာ သင်တာဖြစ်လို့ Safety အတွက်လည်း စိတ်ချရပါတယ်ရှင်
🕐သင်တန်းချိန်
ဗုဒ္ဓဟူးနေ့ ( နေ့လယ် ၂ နာရီခွဲ မှ ၃ နာရီ ၁၅ မိနစ်ထိ)
📍အမှတ် 90/C , ကမ္ဘာအေးဘုရားလမ်း, ပုလဲကွန်ဒိုဘေး , ရွှေနိုင်ငံဝင်းအတွင်း , ဗဟန်း , ရန်ကုန်
သင်တန်းကြေးနဲ့ အသေးစိတ်အချက်အလက်အတွက် Chat Box (သို့) ☎️09 778 916000
ဆက်သွယ်ဆွေးနွေးနိုင်ပါပြီရှင်
ကျန်းမာလှပပါစေရှင့်
Yoga Land
Yoga, Yoga Accessories and Sport wears DistributionYoga, Yoga Accessories and Sport wears Distribution