ပဒုမ္မာ ယောဂ

  • Home
  • ပဒုမ္မာ ယောဂ

ပဒုမ္မာ ယောဂ “ ကျွန်မနဲ့ ထိတွေ့ရေစက်ဆုံသူတိုင်း စိတ်နှင့်ခန္ဓာကျန်းမာဖို့ ကူညီပေးချင်တယ်။ “

Tr. Nan Kay
ပဒုမ္မာ Yoga Studio

08/12/2025

#ရင်ထဲက စကားများ

#နှလုံးသားရဲ့ ခေါ်ဆောင်ရာ

“ဆရာမရေ ကျွန်မလည်း နာရေးတခုလိုက်ပို့ ချင်လို့ အတန်း တစ်ရက်ပျက်မယ်နော် ““ဟုတ်ရပါတယ်အစ်မရေ ဒါနဲ့ ဘယ်သူလဲ အစ်မ ““ အိမ်ရှေ့အ...
07/12/2025

“ဆရာမရေ ကျွန်မလည်း နာရေးတခုလိုက်ပို့ ချင်လို့ အတန်း တစ်ရက်ပျက်မယ်နော် “

“ဟုတ်ရပါတယ်အစ်မရေ ဒါနဲ့ ဘယ်သူလဲ အစ်မ “

“ အိမ်ရှေ့အိမ်ကပါ အသက် ၃၅ နှစ်ပဲရှိသေးတယ် ၊သားအိမ်ကင်ဆာလေ ဆရာမ ငွေမလိုက်နိုင်တော့လို့ ဆက်မကုပဲ ထားတာ “

အော် ….စိတ်ထဲမှာ တာဝန်မကျေဘူးလို့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးတခု သတိရမိတယ်။
လူနာက နှလုံးနဲ့ ဆိုင်တဲ့ ရောဂါဖြစ်တာ အဲ့ခေတ်အဲ့အခါက သိန်း ၂၀ ကုန်ကျခံမယ် ဆိုသက်သာနိုင်တယ် ပေါ့

အသိမိတ်ဆွေတွေ ၅၀၀၀/၁၀၀၀၀ /၁၀၀၀၀၀ စုနေရင်းနဲ့ သိန်း ၂၀ မပြည့်ခင် လူနာ ဆုံးသွားတယ်။

ရင်ထဲနင့်နေအောင် ခံစားရတယ်၊ စိတ်မကောင်း ဖြစ်မိတယ်။
ရောဂါတခု မဖြစ်ခင် ၊ မကြီးထွားခင်မှာ ကျန်းမာအောင် စိတ်ချမ်းသာအောင် နေဖို့ပဲ အကြံပြုချင်တယ်။

🌻Yoga သင်တန်း လူမလာနိုင်ရင် ၊သင်တန်းကြေးမတတ်နိုင်သေးရင် ကျွန်မ Page မှာတင်ထားတဲ့ Videos များကိုလေ့ကျင့်ပါ။ ကျွန်မရဲ့ Free Class များ ဝင်တက်ပါ။

🌻သင်တန်းလာပြီး လူကိုယ်တိုင်လာရောက်လေ့ကျင့်မယ်ဆိုလည်း စနစ်တကျ လေ့ကျင့်နိုင်ပါတယ်။

🌻Free တွေမှာ သင်တာနဲ့ Pay Class မှာသင်တာအားစိုက်ထုတ်မှုက လျော့မသွားပါဘူး အတူတူပါပဲရှင်။

🍀လူတိုင်းလူတိုင်းကို ကျန်းမာစေချင်တယ်ရှင်။
ကျန်းမာရေးကြောင့် ငွေကြေးကြောင့် စိတ်ပူပန်ခြင်းများကင်းဝေးစေချင်ပါတယ်။

နေ့စဉ်ဘဝမှာ ပျော်ရွှင် ကျန်းမာ အောင်မြင်စေမယ့် Happiness Habits များကို နှလုံးသားထဲထိ ၊ နေ့စဉ်ဘဝမှာ လက်တွေ့ ကျကျ ကျင့်သုံး နေထိုင်စေချင်တယ်။

🌻Happiness Habits အတွက် သင်တန်းလေးလဲရှိတယ်ရှင်။ စိတ်ဝင်စားရင် Comments & Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင်။

Happiness Coach Kay

ဒီနေ့ Gratitude မှာ ရေးရတဲ့ အကြောင်းအရာက  #ဘယ်သူတွေကို ကျေးဇူးတင်ပါသလဲ။ #ဘာ့ကြောင့်ကျေးဇူးတင်ပါသလဲ။ ပထမဆုံး မြင်မိတာတော့...
05/12/2025

ဒီနေ့ Gratitude မှာ ရေးရတဲ့ အကြောင်းအရာက

#ဘယ်သူတွေကို ကျေးဇူးတင်ပါသလဲ။

#ဘာ့ကြောင့်ကျေးဇူးတင်ပါသလဲ။

ပထမဆုံး မြင်မိတာတော့ ဖေဖေနဲ့ မေမေ
😍မိသားစုပေါ့

ဒုတိယ မြင်မိတာကတော့ ကျွန်မရဲ့ ဒုတိယ မိသားစုဖြစ်တဲ့
ကျွန်မရဲ့ သင်တန်းသူ သင်တန်းသားတွေပါပဲ။
သူတို့ သင်တန်းလာပေးတဲ့အတွက် ကျွန်မ သင်ယူထားတာတွေ ပြန်လည်မျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

သင်တန်းသူတွေများလာတဲ့အတွက် ငွေကြေးအားဖြင့်လည်း အဆင်ပြေလာတယ်။ ဒီငွေတွေနဲ့ ပညာရေး လူမှုရေး ကျန်းမာရေးတွေမှာ အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်။
🙏ဒါ့ကြောင့် ကျွန်မရဲ့ သင်တန်းသူသင်တန်းသားများအားလုံးကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ်ရှင်။

တတိယကတော့ ကျွန်မရဲ့ Yoga ဆရာများ နှင့် Coach ဆရာများပါ ။ ဆရာ ဆရာမများရဲ့ ပံ့ပိုးပြီး တွန်းတက်ပေးလို့သာ
ကျွန်မ ဒီနေရာမှာ ရပ်တည်ခွင့်ရနေရတာပါ။

အထောက်အပံ့များအားလုံးကို ရင်ထဲ နှလုံးထဲကနေပြီး ကျေးဇူးတင်မိပါတယ်ရှင်။

Thank you
Thank you
Thank you

Tr.Nan Kay
ပဒုမ္မာ Yoga Studio
09263635607

“ဘဝမှာလက်တွေ့ကျကျ ပျော်ရွှင်အောင်မြင်စေဖို့အတွက် Happiness Habits “ကေ့ကိုတွေ့လိုက်တဲ့ 1)အချိန်တိုင်းမှာ ပျော်ရွှင်အမြဲတက...
04/12/2025

“ဘဝမှာလက်တွေ့ကျကျ ပျော်ရွှင်အောင်မြင်စေဖို့အတွက်
Happiness Habits “

ကေ့ကိုတွေ့လိုက်တဲ့

1)အချိန်တိုင်းမှာ ပျော်ရွှင်အမြဲတက်ကြွ နေတာ ဘာ့ကြောင့်လဲ ..???

2)အသားအရည်တွေ အရင်ကထက်ကြည်လင်နေတာဘာကြောင့်လဲ…???

3)လုပ်ခဲ့သမျှအလုပ်တိုင်း အောင်မြင်တာ ဘာ့ကြောင့်လဲ…???

4)Manifesting တွေ အမြန်ပြည့်စေတာ ဘာ့ကြောင့်လဲ…???

5)Relationships မှာ ပျော်ရွှင်အောင်မြင်တာ ဘာ့ကြောင့်လဲ…???

6)ပိုက်ဆံနဲ့ပတ်သတ်ပြီး ပူစရာမလိုတာဘာ့ကြောင့်လဲ…???

7)Time Management အရမ်းတော်တာ ဘာ့ကြောင့်လဲ…???

ဒီမေးခွန်း (၇) ခုက ကေ့ရဲ့ သင်တန်းသူတွေ ၊သူငယ်ချင်းတွေ
ခင်မင်ရသူတွေက ကေ့ကို အမြဲမေးတဲ့ မေးခွန်းလေးပါ။

ဒီမေးခွန်းကို ပြန်လည်ဖြေကြားရမယ်ဆိုရင်တော့ …ကေအမြဲလက်ခံကျင့်သုံးဖြစ်နေတဲ့ “ Happiness Habits “ ကြောင့်ပါ။

2025 တစ်နှစ်လုံး သေချာစနစ်တကျ လက်ခံကျင့်သုံးခဲ့တဲ့အရာများအားလုံးကို ကေနဲ့ ရေစက်ဆုံသူများကို ပြန်လည်မျှဝေပေးချင်ပါတယ်။

2026 တစ်နှစ်လုံးစာ Plans ပါတာမို့

မိမိအနေ ဘယ်အချိန်မှာ Energy အပြည့်ဖြည့်ရမလဲ၊ Energy ဘယ်လိုဖြည့်ရမလဲ။

Times Management ဘယ်လိုလုပ်ရမလဲ။

2025မှာမကြိုက်တဲ့ အကျင့်တွေကို လွယ်ကူစွာ ဘယ်လို လွတ်ချရမလဲ။

ပိုက်ဆံကို ဘယ်လိုဆွဲငင်ရမလဲ။

ဒါတွေအားလုံးကို သေချာပေါက် လက်ခံရရှိမှာဖြစ်ပါတယ်။

🌻အားသာချက်အနေနဲ့ကတော့ ကေကိုယ်တိုင် တစ်နှစ်ပတ်လုံး လက်ခံကျင့်သုံးလာတဲ့ အကြောင်းအရာများကို Sharing လုပ်မှာဖြစ်လို့ လွယ်ကူပြီး ထိရောက် တယ်ဆိုတာပါပဲ။

သင်တန်းချိန်ကတော့ Dec .12 ည ၈:၃၀ မှာ Zoom App နဲ့ Face to Face သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးတဲ့အခါ
Zoom Recording ပေးမှာ ဖြစ်ပါတယ်။

🩷သင်တန်းကြေးအနေနဲ့ကတော့ …55555 MMK ပါရှင်။
💵ပထမဆုံး သင်တန်းအပ်သူ ၁၀ ဦးအတွက် ၁၀% Discount လက်ဆောင်ယူပါရှင်။

📌မိမိကိုယ်ကို အမှန်တကယ် တိုးတက်ချင်တယ် ၊ ပြောင်းလဲချင်တယ် ၊ကိုယ့်ပတ်ဝန်းကျင်မှ လူတွေကို ကူညီပေးချင်တယ် ဆိုရင်တော့ လက်မလွတ်သင့်တဲ့ အတန်းပဲ ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာ ဖြစ်လို့ အမြန်စာရင်းပေးဖို့ လိုမယ်နော်။

HypnoYogi,
Happiness Coach Nan Kay
09263635607

အသက်ဆိုတာ ကိန်းဂဏန်း တခုပါရှင် မတူညီသော အသက်အရွယ် ၃ ဦးရဲ့ လေ့ကျင့်မှု
03/12/2025

အသက်ဆိုတာ ကိန်းဂဏန်း တခုပါရှင်

မတူညီသော အသက်အရွယ် ၃ ဦးရဲ့ လေ့ကျင့်မှု

  December မှာ ပိုကောင်းတဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ ပထမဆုံး စတင်ခြင်းဆို Body ကို Energy တက်အောင်လုပ်ခြင်းပါပဲ။စိတ်နှင့်...
01/12/2025

December မှာ ပိုကောင်းတဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ ပထမဆုံး စတင်ခြင်းဆို Body ကို Energy တက်အောင်လုပ်ခြင်းပါပဲ။

စိတ်နှင့်ခန္ဓာမှာ Energy အပြည့်ရရှိဖို့အတွက် ကူညီပေးနိုင်တဲ့ တခုထဲသော လေ့ကျင့်စဉ်သည်

Yoga လေ့ကျင့်စဉ် ဖြစ်သည်။

လူတွေကမိမိမှာရှိတဲ့ ကောင်းတဲ့ အကြောင်းတရားများကို မေ့ပြီး သူများဆီမှာရှိတဲ့ အရာတွေကို လိုချင်နေသမျှ မိမိရဲ့ တိုးတက်မှုတွေက နှေးနေဦးမှာပါ။

Yoga pose တွေ လေ့ကျင့်တဲ့အခါ သူများနဲ့နှိုင်းယှဉ်တာမျိုးမဟုတ်ဘဲ ဖျာတချပ်ထဲပေါ်မှာ အာရုံစိုက်ပြီး
မိမိခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်

ကိုယ်လေ့ကျင့်နိုင်တဲ့ Yoga pose လေးတွေကိုကောင်းဆုံးလက်ခံပေးပြီး ဖြေးဖြေးမှန်မှန်လေ့ကျင့်သွားမယ်ဆို
ကိုယ့်ရဲ့လေ့ကျင့်မှုတွေက တနေ့အကောင်းဆုံးဖြစ်မှာပါ။

📌ကိုယ်က…ယခုမှစပြီး ယောဂ နှင့် ထိတွေ့ချင်တယ်
ယောဂဆိုတာဘာလဲ ယောဂကို အခြေခံမှစပြီး ထိတွေ့ချင်တယ် ဆိုသူများအတွက် …
🌻Mon to Wed …7:30 Am to 8:30 Am
🌻Sat & Sun ..4:30 Pm to 5:30 Pm

📌လေ့ကျင့်မှု တစ်ခုထိလည်းရှိတယ် ကိုယ့်လေ့ကျင့်မှုလည်းတိုးတက်ချင်တယ် Weight လည်းကျချင်တယ် ဆိုရင်တော့ …
🪷Mon to Wed…6:30 Pm to 7:30 Pm
🪷Sat & Sun …7:30 Am to 8:30 Am
🪷Sat & Sun ..6:00 Pm to 7:00 Pm

အတန်းချိန်တိုင်းမှာ ပျော်ရွှင်ပေါ့ပါးစွာလေ့ကျင့်ရမှာဖြစ်ပြီး
မလေ့ကျင့်နိုင်မှာ ဆရာမက ဂရုမစိုက်မှာ စိတ်မပူရပါဘူးရှင်
အတန်းချိန်တိုင်းကို လူနည်းနည်းနဲ့ သေချာဂရုစိုက်သင်ကြားပေးခြင်းက ပဒုမ္မာ Yoga Studio ရဲ့ logo ပါပဲရှင်။

📌သင်တန်းကြေး တစ်ပတ် ၂ ရက် တစ်လ ၈ ရက် ၇၀၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး
တစ်ပတ် ၃ ရက် တစ်လ ၁၂ ချိန် ၁၀၅၀၀၀ ကျပ်ပါရှင်။🩷

❤️စိတ်ဖိစီးမှုကင်းပြီး ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ရှင်။
Class တခုတွင် (၁၀)ဦးသာ လက်ခံ သင်ကြားပေးမှာဖြစ်လို့ …
🌺မည်သူ့မှ နေရာ မချန်ပေးပါ။ သင်တန်းကြေးပေးသွင်းပြီးregister လုပ်မှသာ Confirm
ဖြစ်သောကြောင့် နေရာ အတွက် စိတ်ချ ရအောင် ကြိုတင် သင်တန်းအပ်နိုင်ပါတယ်။

Tr.Nan Kay
ပဒုမ္မာ Yoga Studio
အမှတ် ၄၆/၁
မြင်သာ ၄ လမ်း
၁၄/၁ ရပ်ကွက်
တောင်ဥက္ကလာ
09263635607

30/11/2025

လေး အကျိုးကျေးဇူးများ

အားသာချက်က ကိုယ့်နဲ့ ထိတွေ့ ရေစက်ဆုံသူများကိုခန္ဓာကိုယ်ကျန်းမာဖို့လည်း လေ့ကျင့်ပေးနိုင်သလိုစိတ်ပိုင်းဆိုင်ရာ အရလည်းစနစ်တ...
25/11/2025

အားသာချက်က ကိုယ့်နဲ့ ထိတွေ့ ရေစက်ဆုံသူများကို
ခန္ဓာကိုယ်ကျန်းမာဖို့လည်း လေ့ကျင့်ပေးနိုင်သလို

စိတ်ပိုင်းဆိုင်ရာ အရလည်းစနစ်တကျ စောင့်ရှောက်ပေးတယ်။

ဘာ့ကြောင့်လဲဆိုတော့ တီချယ်ကေ က Yoga & Coaching ပညာရပ်ကို Professional ကျကျ သေချာလေ့လာသင်ယူထားလို့ပဲ ဖြစ်ပါတယ်။

စိတ်တွေ မွန်းကြပ်ပြီး ထွက်ပေါက်ပိတ်နေရင်

အထီးကျန်နေရင်

အတွေးမျိုးစုံ ပြန့်နေရင် ….ပဒုမ္မာ Yoga Studio မှာ လာရောက် လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Happiness Coach Nan Kay
09263635607

အသားအရည်လှပ ချောမွေ့ တင်းရင်း ချင်ရင် ဆီလိမ်းပါ……………………………………………………………………………… တနေ့ကုန် နီးပါး Yoga သင်ပြနေရသူ အတွက် body...
24/11/2025

အသားအရည်လှပ ချောမွေ့ တင်းရင်း ချင်ရင် ဆီလိမ်းပါ
………………………………………………………………………………

တနေ့ကုန် နီးပါး Yoga သင်ပြနေရသူ အတွက် body lotion 🧴 လိမ်းဖို့ အချိန် ဆိုတာ မရှိပါဘူး ။

ကြာလာတော့လည်း အသားအရည်လေးတွေက ခြောက်လာတယ် ။အသားအရောင်မညီတော့ဘူး ။

အခုပြောပြမယ့် နည်းလေးက Indian ကဆရာ တစ်ယောက်ပြောပြတဲ့ နည်းလေးပါ ။

ကိုယ်တိုင် သေချာလေး လုပ်ဖြစ်လို့ ပြန်လည် ဝေမျှလိုက်ပါတယ်။

🧿မကျန်းမာဘူးလို့ ထင်ရင် ခန္ဓာကိုယ်ကို ဆီလိမ်း နှိပ်နယ်ပေးပါ။

အသားအရေ ကြည်လင်တောက်ပမှု မရှိရင် ညနေဘက် & ညအိပ်ယာဝင်ခါနီး ရေခပ်နွေးနွေးနဲ့ ရေချိုးပြီး ဆီလိမ်းပေးပါ။

ဒူးမဲ ၊တံတောင်မဲ ၊ဂျိုင်းမဲ တာ တွေအတွက် ဆီလိမ်းပေးခြင်းကအကောင်းဆုံး ဖြစ်သလို

ခြေဖနှောင့်ကွဲခြင်း အသားမာတက်ခြင်း တွေ ခံစားရရင်လည်း ဆီလိမ်းနိုင်ပါတယ်။

မိတ်ကပ်ဖျက်တဲ့ အခါလည်း ဆီက အကောင်းဆုံးမိတ်ကပ်ဖျက်ဆေးထက် ပိုကောင်းပါတယ်။

အုန်းဆီ ၊သံလွင်ဆီ ကိုအသုံးပြုနိုင်ပါတယ်။
အသားအရည်ပေါ် ကပ်စေးစေး ဖြစ်နေမှာလည်း စိုးရိမ်စရာ မရှိဘူးနော် ၊လိမ်းလိုက်တာနဲ့ အသားထဲ စိမ့် ဝင်သွားလို့ အခြောက်မြန်ပါတယ်။🧿

Copy ယူခြင်းသီးခံပါ။လွတ်လပ်စွာShare နိုင်ပါသည်။

Nan Kay

ပိန်တဲ့သူတွေရော Yoga လေ့ကျင့်လို့ရလား ???ကျွန်မက ဝချင်တာ Yoga လေ့ကျင့်လို့ ရလား ???🌻သိပ်ရတာပေါ့။ပိန်သူက ဝသူတွေထက် အကြောလ...
21/11/2025

ပိန်တဲ့သူတွေရော Yoga လေ့ကျင့်လို့ရလား ???

ကျွန်မက ဝချင်တာ Yoga လေ့ကျင့်လို့ ရလား ???

🌻သိပ်ရတာပေါ့။ပိန်သူက ဝသူတွေထက် အကြောလေးတွေ ပိုတောင့်တင်းပါတယ်။
🌻ခန္ဓာကိုယ်ထဲ အောင်းပူ ပိုများပါတယ်။

🍀ဒီအချက်တွေကြောင့်သာ သွေးသားမညီညွတ်တာပါ။

🌸Yoga လေ့ကျင့်ခြင်းဖြင့် အကြောတွေပြေလျော့ကာ ကိုယ်တွင်း အောင်းပူ တွေကို လျော့ပေးပါတယ်။

🌸သွေးသားကိုညီညွတ်မျှတစေပြီး အသားအရည်ကို စိုပြေလှပစေပါတယ်။

🌸ခန္ဓာကိုယ်ကို ကျန်းမာပြည့်ဖြိုးစေပါတယ်။

💎Yoga လေ့ကျင့်ခြင်းဖြင့် မိမိခန္ဓာကိုယ် အတွက် ကျန်းမာရေး လက်ဆောင် ရယူပါ 💎💎

Hypno Yogi .
Happiness Coach Nan Kay
ပဒုမ္မာ Yoga. Studio 🕎🕎🕎
အမှတ် ၄၆/၁
မြင်သာ ၄ လမ်း
၁၄/၁ ရပ်ကွက်
တောင်ဥက္ကလာ
ရန်ကုန်
09263635607

အဲ့လို ဖြစ်သွားရင် တောင်းပန်ပါတယ် ..လို့
17/11/2025

အဲ့လို ဖြစ်သွားရင် တောင်းပန်ပါတယ် ..လို့

Address

14/1 Quarter, Myin Thar 4th Street

11091

Opening Hours

Monday 09:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959263635607

Website

Alerts

Be the first to know and let us send you an email when ပဒုမ္မာ ယောဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပဒုမ္မာ ယောဂ:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram