Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

  • Home
  • Myanmar
  • Yangon
  • Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် Shwe La Min Hospital

ကိုယ်ဝန်ဆောင် မေမေတို့ရေ....ဗိုက်ထဲက ရင်သွေးလေးကို တွေ့ရဖို့ နီးကပ်လာတာနဲ့အမျှ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လိုအပ်တာတွေအတွက...
30/03/2026

ကိုယ်ဝန်ဆောင် မေမေတို့ရေ....ဗိုက်ထဲက ရင်သွေးလေးကို တွေ့ရဖို့ နီးကပ်လာတာနဲ့အမျှ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လိုအပ်တာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်နေရပြီဟုတ်?🤰🏻

ကိုယ်ဝန်စရကတည်းက ကိုယ့်ရဲ့ ရင်သွေးလေးကို မွေးဖွားဖို့ ဦးနှောက်စားနေရတဲ့ မေမေတို့အတွက်🧠
အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ မေမေတို့ စိတ်ပူပန်မှု လုံးဝမရှိဘဲ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ စိတ်အေးသက်သာရှိစေဖို့ ရွှေလမင်းဆေးရုံ(လမ်းမတော်) ကနေ Maternity Package (ကလေးမွေးဖွားခြင်းအစီအစဉ်) ကို အထူးအစီအစဉ်နဲ့ ကြိုတင်ရောင်းချပေးနေပါတယ်။✅🤗

ဒီလိုကြိုတင်ဝယ်ယူထားတဲ့မေမေတို့အနေနဲ့
🔰ဘယ်လို ကုန်ဈေးနှုန်းတွေပဲတက်တက် ဝယ်ယူထားတဲ့ ဈေးနှုန်းအတိုင်းပဲဆိုတော့
ငွေကြေးများစွာ ထပ်ဆောင်းကုန်ကျဖို့မလိုအပ်တော့ပါဘူးနော်။🙅🏼‍♀️❌

ဒါ့အပြင် ပထမဆုံးဝယ်ယူသူအယောက်(၂၀)ကိုလည်း ရွှေလမင်းဆေးရုံ(လမ်းမတော်)မှ သီးသန့်စီစဉ်ထားတဲ့ အမှတ်တရ အိတ်လေးကို လည်းလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။🎁

🌕ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ကျွမ်းကျင်တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနဲ့ ခေတ်မီစက်ကိရိယာတွေ အပြည့်အစုံနဲ့ ဝန်ဆောင်မှုပေးနေတာကြောင့် မေမေရော ရင်သွေးလေးပါ ဘေးကင်းလုံခြုံစွာ မွေးဖွားနိုင်မှာပါ။😍💛

ဈေးနှုန်းတက်မှာကို စိတ်ပူစရာမလိုတဲ့အပြင် အမှတ်တရအိတ်လေးကိုပါ လက်ဆောင်ရမယ့် ဒီ Maternity Package ကို အခုပဲ စုံစမ်းဝယ်ယူလိုက်တော့နော်🤗💚💛

📌အိတ်အရောင် အပြောင်းအလဲရှိနိုင်ပါတယ်ရှင်📌

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809

🚨Heatstroke (အပူလွန်ကဲခြင်း) အကြောင်း သိထားသင့်သောအချက်များ🚨Heatstroke ဆိုသည်မှာ ခန္ဓာကိုယ်မှ အပူချိန်ကို မထိန်းညှိနိုင်...
29/03/2026

🚨Heatstroke (အပူလွန်ကဲခြင်း) အကြောင်း သိထားသင့်သောအချက်များ🚨

Heatstroke ဆိုသည်မှာ ခန္ဓာကိုယ်မှ အပူချိန်ကို မထိန်းညှိနိုင်တော့ပဲ အလွန်မြင့်မားသည့် အပူချိန် (များသောအားဖြင့် 40°C နှင့်အထက်) ရောက်ရှိသည့် အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် အလွန်ပူပြင်းသော အချိန်တွင် အပြင်မှာ အချိန်ကြာရှည် နေရခြင်း၊ ရေဓါတ်မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။

Heatstroke ဖြစ်ပေါ်စေသောအကြောင်းရင်းများကတော့
……

📌နေပူထဲတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်း
📌ရေဓါတ်မလုံလောက်ဘဲ ခန္ဓာကိုယ်ခြောက်သွေ့ခြင်း
📌အားကစား သို့မဟုတ် အလုပ်ကြမ်းများကို
ပူပြင်းသောနေရာတွင် ပြုလုပ်ခြင်း
📌လေဝင်လေထွက်မကောင်းသော နေရာများတွင် နေထိုင်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။

🚨Heatstroke ရဲ့ လက္ခဏာများမှာ…🚨

📌ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း
📌ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
📌နှလုံးခုန်မြန်ခြင်း
📌ချွေးမထွက်တော့ခြင်း (တချို့တွင် ဖြစ်နိုင်သည်)
📌အန်ခြင်း နှင့် စိတ်ရှုပ်ထွေးခြင်း
📌အလွန်ဆိုးရွားပါက သတိလစ်မေ့လျော့ခြင်း စသည်တို့ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ကျရောက်စေနိုင်ပါတယ်။

🚨Heatstroke မဖြစ်ပေါ်စေရန် အောက်ပါနည်းလမ်းများဖြင့်ကာကွယ်နိုင်ပါတယ်။ 🚨

✅နေပူချိန်အမြင့်ဆုံးအချိန် (နေ့လယ် ၁၂ မှ ၃ နာရီအတွင်း) တွင် အပြင်မထွက်ခြင်း
✅ရေများများ သောက်သုံးခြင်း
✅ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစား ဝတ်ဆင်ခြင်း
✅နေရောင်ကာပစ္စည်းများ (ဦးထုပ်၊ ထီး) အသုံးပြုခြင်း
စတဲ့အချက်တွေပဲဖြစ်ပါတယ်။

🚨မိမိ၏ပတ်ဝန်းကျင်တွင် Heatstroke ရသောလူနာများအားတွေ့ရှိပါက အရေးပေါ်အခြေအနေများတွင်
………….🚨🚨🚨

✅လူနာကို အရိပ်ထဲ သို့မဟုတ် အေးသောနေရာသို့ ချက်ချင်း ရွှေ့ခြင်း
✅အဝတ်အစားများကို ချောင်ချိပြီးလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးခြင်း
✅ရေစိုသောအဝတ်ဖြင့် ခန္ဓာကိုယ်အားသုတ်ပေးခြင်း
✅ရေသောက်နိုင်သောအခြေအနေတွင်ရေတိုက်ပေးခြင်း

စတဲ့ပြုစုမှုများပြုလုပ်ပေးပြီးလက္ခဏာများ ပြင်းထန်ပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ယခုလိုပူပြင်းတဲ့ရာသီဥတုမှာ မိမိနဲ့မိမိရဲ့မိသားစုဝင်များရဲ့ ကျန်းမာရေးကို အထူးဂရုပြုနိုင်ရန်နှင့် Heatstroke ကြောင့် အသက်အန္တာရာယ်မှကာကွယ်နိုင်ရန်အတွက် အလေးထားဖော်ပြပေးလိုက်ပါတယ်ရှင်။
🚨🚨🚨

#ရွှေလမင်း
#လမ်းမတော်
#အပူလွန်ကဲခြင်းအန္တာရယ်

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ အချိန်မရွေးဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါဟာ ကလေးငယ်တွေအတွက...
28/03/2026

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးဟာ မေမေတို့အတွက် အရေးအကြီးဆုံးပါ။ အချိန်မရွေးဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါဟာ ကလေးငယ်တွေအတွက်တော့ ပုံမှန်များတာထက် ပိုပြင်းထန်တဲ့ဖျားနာမှုတွေကို ခံစားရတဲ့အပြင် အဆုတ်ရောင်တာတွေအထိဖြစ်နိုင်လို့ မေမေတို့အတွက်လည်း အလွန်ပင်ပန်းရပါတယ်။👶🏻🥹

ဒါ့ကြောင့် ဒီလိုတုပ်ကွေးတွေနဲ့ပတ်သတ်ပြီး ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်တယ်၊ဘယ်အချိန်မှာထိုးနှံရမလဲဆိုတာကို ဒေါက်တာလမင်းက အသေးစိတ််ရှင်းပြပေးသွားမှာပါ။✅

ကလေးအတွက်ရော မေမေတို့အတွက်ပါ စိတ်ဒုက္ခပေးနိုင်တဲ့ တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ "တုပ်ကွေးကာကွယ်ဆေး" ထိုးနှံခြင်းပဲ ဖြစ်ပါတယ်။💉

တုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့အခါ တုပ်ကွေးကြောင့်ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါများကို ကာကွယ်ပေးနိုင်တဲ့အပြင် ကလေးတွေဖျားနာတာလျော့နည်းသွားစေပါတယ်။🤒⬇️

ဒါဆို တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာထိုးရမလဲ?🤔
တုပ်ကွေးရာသီမတိုင်မီ ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပါ။✅
ကလေး (၆) လကျော်ပြီဆိုတာနဲ့ တုပ်ကွေးကာကွယ်ဆေး စတင်ထိုးနှံသင့်ပါပြီ။ တစ်နှစ်တစ်ခါ ပုံမှန်ထိုးပေးခြင်းက ကလေးအတွက် အကောင်းဆုံး ဖြစ်စေမှာပါ။🤗

🛡️ကာကွယ်ခြင်းဟာကုသခြင်းထက် အဆပေါင်းများစွာသာလွန်လို့ တုပ်ကွေးတွေမဖြစ်လာခင်ကတည်းက တုပ်ကွေးကာကွယ်ဆေးထိုးပေးထားခြင်းဟာ ကလေးတွေအတွက် ဖျားနာခြင်းကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါပဲ။👀

ကဲ...မေမေတို့ရေ ဒီနှစ်အတွက် ကိုယ့်ကလေးကို တုပ်ကွေးကာကွယ်ဆေးထိုးပေးပြီးပြီလား? မထိုးပေးရသေးဘူးဆိုရင်တော့ ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး တုပ်ကွေးကာကွယ်ဆေးထိုးပေးဖို့ ဒေါက်တာလမင်းက ဖိတ်ခေါ်လိုက်ပါတယ်နော်😍💛💚

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809

#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း
#တုပ်ကွေးကာကွယ်ဆေး

ရင်သွေးငယ်လေးတွေ နေမကောင်းဖြစ်တဲ့အခါ မိဘတိုင်း ဗျာများပြီး စိုးရိမ်တတ်ကြတာ သဘာဝပါ။ 👨‍🍼🥹အထူးသဖြင့် ဆေးခန်းတွေပိတ်တဲ့ ညနက်...
21/03/2026

ရင်သွေးငယ်လေးတွေ နေမကောင်းဖြစ်တဲ့အခါ မိဘတိုင်း ဗျာများပြီး စိုးရိမ်တတ်ကြတာ သဘာဝပါ။ 👨‍🍼🥹
အထူးသဖြင့် ဆေးခန်းတွေပိတ်တဲ့ ညနက်ချိန်မျိုးမှာဆိုရင် ပိုပြီးတော့ အားကိုးရာမဲ့သလို ခံစားရတတ်ပါတယ်။🫠

ဒီလိုအခြေအနေမျိုးမှာ မိဘတွေ စိတ်အေးချမ်းသာစွာ အားကိုးနိုင်ဖို့ ရွှေလမင်းဆေးရုံ (လမ်းမတော်) ရှိ ကလေးအထူးကုဌာနမှ (၂၄) နာရီပတ်လုံး အဆင်သင့်ရှိနေပါပြီ။ 🏥🕛

ဒါတွေသာမကသေးဘဲ ရွှေလမင်းဆေးရုံ(လမ်းမတော်)ဟာ သွားလာရလွယ်ကူပြီး အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတဲ့အပြင် ကလေးတို့အတွက် အချိန်နဲ့အမျှ အရေးတကြီးလိုအပ်တဲ့ ဆေးကုသဝန်ဆောင်မှုတွေကိုပါ ရယူနိုင်မှာဖြစ်ပါတယ်။✅

🩺 ဒါကြောင့် အဖိုးတန်သားသားမီးမီးတို့ရဲ့အရေးပေါ်ကုသမှုများအတွက် ကလေးအထူးကုဆရာဝန်ကို စောင့်ဆိုင်းစရာ မလိုအပ်တော့ဘဲ ရွှေလမင်းဆေးရုံကြီးတွင် ကလေးလူနာများကို အချိန်မရွေး လာရောက်ပြသ နိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 💛💚

#ရွှေလမင်း
#လမ်းမတော်

#ကလေးအရေးပေါ်

20/03/2026

ရွှေလမင်းဆေးရုံရဲ့ ဒေါက်တာလမင်းကို မိတ်ဆက်လိုက်ပါပြီ! 🥳🌕
🩺ဒေါက်တာလမင်းက ဘယ်သူလဲ?ဘယ်လို ဝန်ဆောင်မှုတွေပေးမှာလဲ?🤔

သေချာတာတစ်ခုက ကိုယ်ဝန်ဆောင်မေမေတို့၊သားဖွားမီးယပ်လူနာများနဲ့ ကလေးလူနာများ စပါယ်ရှယ်အားကိုးရမှာပါ!🤰🏻👶🏻😍

ဒေါက်တာလမင်းအကြောင်းကို ပိုပြီးသိရအောင် အောက်က video လေးကို အဆုံးထိကြည့်လိုက်ရအောင်နော်🤗💛💚

#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း

မေမေဗိုက်တို့ရေ... "ကိုယ်ဝန်ရှိရင် လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေရမယ်" ဆိုပြီး ရှေးလူကြီးတွေ ပ...
17/03/2026

မေမေဗိုက်တို့ရေ... "ကိုယ်ဝန်ရှိရင် လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေရမယ်" ဆိုပြီး ရှေးလူကြီးတွေ ပြောတာကို ကြားဖူးကြမှာပါ။ 😇
တကယ်တော့ ပုံမှန်ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက မေမေ့အတွက်ရော ကလေးအတွက်ပါ ပိုပြီး အကျိုးရှိစေတယ် ဆိုတာ သိကြရဲ့လားနော်👀🤰🏻

ဒီလို ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက မွေးဖွားရလွယ်ကူစေသလို၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ခြေထောက်ဖောတာ၊ ခါးနာတာနဲ့ စိတ်ဖိစီးမှုတွေကိုပါ လျော့ကျစေပါတယ်ရှင်။✅

ဒီနေ့မှာတော့ရွှေလမင်းဆေးရုံ(လမ်းမတော်)က မေမေဗိုက်တို့ ကိုယ်ဝန်ဆောင်ချိန်မှာ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။😍

✨ မေမေတို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးများ💛
🚶‍♀️လမ်းလျှောက်ခြင်းက အလွယ်ကူဆုံးနဲ့ အန္တရာယ်အကင်းဆုံးပါ။ တစ်နေ့ကို မိနစ် (၂၀) ကနေ (၃၀) ခန့် ပုံမှန်လမ်းလျှောက်ပေးခြင်းက နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေပါတယ်။🫀🫁

နောက်တစ်ခုကရေကူးခြင်းပါ။🏊‍♀️
ထူးဆန်းပေမယ့် ရေထဲမှာ ရှိနေတဲ့အခါ မေမေဗိုက်တို့ရဲ့ ကိုယ်အလေးချိန်ကို ရေက ထိန်းထားပေးလို့ ခါးနာတာ၊ ခြေထောက်နာတာတွေကို သက်သာစေပြီး တစ်ကိုယ်လုံးကို ပေါ့ပါးလန်းဆန်းစေပါတယ်။

🧘‍♀️ ကိုယ်ဝန်ဆောင်ယောဂ ဟာ ခန္ဓာကိုယ် ရိုးဆစ်တွေကို ပျော့ပျောင်းစေပြီး အသက်ရှူစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေလို့ မေမေတို့အတွက် အသင့်တော်ဆုံးပါပဲ။

နောက်ဆုံးကတော့ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းပါ။ ✨
ဒါကတော့ အပြင်ပန်းကြည့်ရင် မသိသာပေမယ့် မွေးဖွားတဲ့အခါမှာ အားစိုက်ရလွယ်ကူစေဖို့နဲ့ မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်တဲ့ပြဿနာကို ကာကွယ်ဖို့ အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

⚠️ သတိထားဖို့ကတော့...
လေ့ကျင့်ခန်း မလုပ်ခင်မှာ ဗိုက်အပ်ထားတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်နော်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ ပြုတ်ကျနိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ (လုံးဝ)ရှောင်ကြဉ်ရပါမယ်။🙅🏼‍♀️

ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ မေမေဗိုက်တို့အတွက် အတွေ့အကြုံရင့် ဆရာဝန်ကြီးများက အနီးကပ် စောင့်ရှောက်ပေးနေတာဖြစ်လို့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးကို စိတ်ချလက်ချ ဖြတ်သန်းနိုင်မှာပါ။💛



Shwe Lamin Hospital (Lanmadaw)  is seeking qualified candidates for the following position:Medical Officer - 5 postsResp...
14/03/2026

Shwe Lamin Hospital (Lanmadaw) is seeking qualified candidates for the following position:

Medical Officer - 5 posts

Responsibilities
✅Provide daily inpatient care, including patient rounds, progress notes, treatment monitoring, and reporting to consultants.
✅Ensure timely response to emergencies, critical cases, pre- and post-operative patients, and VIP patients.
✅Accurately transcribe and administer prescribed medications, treatments, and investigations.
✅Supervise and support nursing staff to ensure accurate medication administration and treatment compliance.
✅Prepare and manage patient documentation, including medical records, treatment charts, consent forms, and discharge summaries.
✅Communicate with consultants, patients, and families regarding medical conditions, treatment plans, and follow-up care.
✅Assist consultants during rounds, surgeries, and procedures as required.
✅Oversee pre- and post-operative assessments, ensuring patient readiness and accurate reporting of results.
✅Ensure accurate and timely reporting of critical, post-op, and referred cases to supervisors and administration.
✅Maintain professional conduct, punctuality, and adherence to hospital policies and protocols.
✅Ability to work flexible schedules including day and night shifts.
✅Strong team player with the ability to work effectively within a healthcare team.
✅Good communication and interpersonal skills.
Requirements
💠MBBS or equivalent medical degree from a recognized university.
💠Valid medical license to practice.
💠Fresh graduates may apply for Junior Medical Officer; minimum 2 years’ clinical experience preferred for Medical Officer.
💠Strong knowledge of inpatient care, medical procedures, and hospital operations.

𝐂𝐨𝐧𝐭𝐚𝐜𝐭: HR Department
📧 Email: shwelaminhr2019@gmail.com

☎️ HR department Hot Line:
☎️ 012301949, 012301948, 012301950, 012314825, 012314826, 012314892, 012314809 01-2314750, 09-758972866 , 09-899338813 , 09-883988327☎
☎📞 Ext: 7204

🚀 Join our team at Shwe Lamin Hospital (Lanmadaw) and contribute to delivering safe, quality healthcare!

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အစားအသောက်ကို အထူးဂရုစိုက်ရမယ့် အချိန်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ထား...
13/03/2026

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အစားအသောက်ကို အထူးဂရုစိုက်ရမယ့် အချိန်တစ်ခုပါ။
ကိုယ်ဝန်ဆောင်ထားချိန်မှာ မိခင်အနေနဲ့ မိမိစားလိုက်တဲ့ အစားအသောက်တိုင်းဟာ ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုကို တိုက်ရိုက်သက်ရောက်မှုရှိစေတာကြောင့် အောက်ပါအစားအစာတွေကိုတော့ မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

၁။ အစိမ်း သို့မဟုတ် မကျက်တကျက် အသား/ငါးများ 🥩
အသားစိမ်းတွေမှာ ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် အကင်စားတဲ့အခါမျိုးမှာ သေချာကျက်အောင် ကင်ထားတာမျိုးကိုပဲ စားသုံးသင့်ပါတယ်။ (ဥပမာ - ကြက်ဥအစိမ်း၊ ဆူရှီ၊ အသားအစိမ်းသုပ်များ)

၂။ ပြဒါး ဓာတ်များသော ငါးများ 🐟
ပင်လယ်ငါးကြီးအချို့ (ဥပမာ- ငါးမန်း၊ ဓားရှည်ငါး) တွေမှာ ပြဒါးဓာတ်ပါဝင်မှု မြင့်မားတတ်ပါတယ်။ ဒါဟာ ဗိုက်ထဲက ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်လို့ တတ်နိုင်သမျှ ရှောင်ရပါမယ်။

၃။ မသန့်စင်ထားသော နို့နဲ့ နို့ထွက်ပစ္စည်းများ 🥛
ပိုးသတ်မထားတဲ့ (Unpasteurized) နို့စိမ်းတွေမှာ Listeria ဘက်တီးရီးယား ပါဝင်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် စောစီးစွာ မွေးဖွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ ကဖိန်း (Caffeine) အလွန်အကျွံ သောက်သုံးခြင်း ☕
ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေကို လျှော့သောက်သင့်ပါတယ်။ ကဖိန်းဓာတ်များရင် ကလေးရဲ့ ကိုယ်အလေးချိန် မပြည့်မီတာမျိုး ဖြစ်စေနိုင်ပါတယ်။

၅။ အရက်နဲ့ ဆေးလိပ် 🍷
ဒါကတော့ အရေးကြီးဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းဟာ ကလေးရဲ့ ဉာဏ်ရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေနိုင်တဲ့အတွက် လုံးဝ (လုံးဝ) ရှောင်ကြဉ်ရပါမယ်။

ဒီနေရာမှာ သတိပြုစရာတစ်ခုက ကိုယ်က အပေါ်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေမစားဘဲ ရှောင်ကျဉ်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါမှာလည်း မြေကြီးနဲ့ ပိုးသတ်ဆေးကြွင်းကျန်မှုတွေ ကင်းစင်အောင် ရေစင်စင်ဆေးကြောပြီးမှ စားသုံးကြဖို့ မမေ့ပါနဲ့နော်။

ရွှေလမင်းဆေးရုံ( လမ်းမတော်)မှာ အတွေ့အကြုံရင့်ကျက်တဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနဲ့ ခေတ်မီစက်ကိရိယာများရှိတာကြောင့် မေမေနဲ့ ရင်သွေးလေးတို့ရဲ့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ပါတယ်။ 🏥

🏨Shwe La Min Hospital (Lanmadaw)
Building-B, Level-4, No.15/19, Zaw Gyi Street, Lanmadaw Tsp, Yangon.
☎️ 012301948, 012314825, 012314826, 012314809





🚫 Myth: ဆေးလိပ်အစားထိုး V**e သောက်တာက အန္တရာယ်မဖြစ်စေဘူး ရောဂါလည်းကင်းတယ်။✅ Fact: လုံးဝလုံးဝ မဟုတ်ပါဘူး။ V**e သောက်တာက က...
12/03/2026

🚫 Myth: ဆေးလိပ်အစားထိုး V**e သောက်တာက အန္တရာယ်မဖြစ်စေဘူး ရောဂါလည်းကင်းတယ်။

✅ Fact: လုံးဝလုံးဝ မဟုတ်ပါဘူး။ V**e သောက်တာက ကျန်းမာရေးအတွက် အန္တရာယ်များစေပါတယ်။

V**e မှာက ဆေးလိပ်လိုပဲ နီကိုတင်းပါဝင်တဲ့အပြင် Formaldehyde လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ အနံ့အရသာတွေနဲ့ သတ္တုမှုန်လေးတွေ ပါဝင်ပြီးတော့ အဲ့အမှုန်လေးတွေ
က အဆုတ်ထဲထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားပြီးတော့ အဆုတ်ကိုရောင်ရမ်းစေပါတယ်။(depressed)
V**e ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါ (EVALI) ဟာဆိုရင် ရုတ်တရက် အသက်အန္တရာယ်ကိုတောင် ရန်ရှာနိုင်တဲ့အန္တရာယ်များပါတယ်။(mapleleaf)
ဒါ့ကြောင့် ဆေးလိပ်ကနေ V**e ကို ပြောင်းသောက်တာဟာ ကျန်းမာရေးအတွက် ဘေးကင်းစေတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူးနော်




✅Kidney Health for All – Caring for People, Protecting the Planet✅ဒီနေ့ မတ်လ ၁၂ ရက်နေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့လေးဖြစ်ပ...
12/03/2026

✅Kidney Health for All – Caring for People, Protecting the Planet✅

ဒီနေ့ မတ်လ ၁၂ ရက်နေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့လေးဖြစ်ပါတယ်။😇🗓️

ဒီနှစ်ရဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ 'လူသားတွေကို ဂရုစိုက်စို့၊ ကမ္ဘာမြေကို ကာကွယ်စို့' ဆိုတဲ့အတိုင်း လူသားများ ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ မသန့်ရှင်းတဲ့ရေ၊လေထုညစ်ညမ်းတာတွေနဲ့ အပူချိန်မြင့်မားတာတွေဟာ ကျောက်ကပ်ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်နေပါတယ်။✅

ဒါကြောင့် မိမိရဲ့ ကျောက်ကပ်ကို ဂရုစိုက်တဲ့အနေနဲ့ သန့်ရှင်းတဲ့ရေအရင်းအမြစ်များ ပေါများလာဖို့နဲ့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အတူတူဖန်တီးကြဖို့လိုအပ်ပါတယ်။😍🤗

လူသားအချင်းချင်း ဖေးမကူညီကာ ကျောက်ကပ်ရောဂါကို အမြစ်ဖြတ်တိုက်ထုတ်နိုင်ကြဖို့ ရွှေလမင်းဆေးရုံ(လမ်းမတော်)က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။💚💛

#ရွှေလမင်း
#လမ်းမတော်
#ကျောက်ကပ်ရောဂါနေ့

ခွဲစိတ်မွေးဖွားတဲ့ Package တွေပဲ ဈေးလျော့ပေးတာလား ရိုးရိုးမွေးတဲ့ Package တွေကရော မပါဘူးလားဆိုတဲ့ မေမေတွေအတွက် …..ရွှေလမ...
12/03/2026

ခွဲစိတ်မွေးဖွားတဲ့ Package တွေပဲ ဈေးလျော့ပေးတာလား ရိုးရိုးမွေးတဲ့ Package တွေကရော မပါဘူးလားဆိုတဲ့ မေမေတွေအတွက် …..
ရွှေလမင်းဆေးရုံ(လမ်းမတော်) ကနေပြီးတော့ အထူးလျော့ဈေးလေးနဲ့ စီစဉ်ပေးလိုက်ပါပြီရှင့်🥳
ဘေဘီပေါက်စလေးကို သဘာဝအတိုင်းပဲ မွေးဖွားသန့်စင်ချင်ပါတယ်ဆိုတဲ့မေမေတို့အတွက် ရွှေလမင်းဆေးရုံမှာ Silver Package , Ruby Package ,Gold package နဲ့ Diamond package ဆိုပြီး ရွေးချယ်စရာ Package 4️⃣ မျိုး ရှိပါတယ်ရှင့်💚
ရွေးချယ်စရာ 4️⃣ မျိုးလုံးကို
✴️Special Discount ✴️တွေနဲ့ ပြုလုပ်ပေးထားဖြစ်ပြီးတော့
⚜️Silver Package - 1,500,000ks
⚜️Ruby Package - 1,600,000ks
⚜️Gold Package - 1,700,000ks နဲ့
⚜️Diamond Package - 1,800,000ks
ဖြစ်တာမို့ မေမေတို့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။🤗
ဘယ်မှာမှ မရနိုင်တဲ့ ဒီလိုသက်သာတဲ့ဈေးနှုန်း ၊ အပြည့်ဝ ပေးစွမ်းနိုင်တဲ့ ဘေးကင်းစိတ်ချရမှုများနဲ့အတူ ကောင်းမွန်တဲ့ Service တွေအပြည့်ပေးဖို့ အတွက် ကိုယ်ဝန်ဆောင်မေမေတို့ကို ရွှေလမင်းဆေးရုံ(လမ်းမတော်) ကနေပြီးတော့ စောင့်ကြိုနေပါတယ်ရှင့်😘
ဒီ ရိုးရိုးမွေးဖွားတဲ့ Package လေးနဲ့ ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက Chat box ဒါမှမဟုတ် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
📱09-8839 883 27
📱09-7589 728 66
📱09-4582 945 15
☎️01-2314 892
☎️01-2314 826
☎️01-2314 750
☎️01-2301 948
☎️01-2301 950
☎️01-2301 949




Address

အမှတ်-၁၅/၁၉၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Yangon
11131

Alerts

Be the first to know and let us send you an email when Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်:

Share

Category