U Than Hlaing Pharmacy

U Than Hlaing Pharmacy Value your health. Take good quality drugs.

🏥ဆိုင်မှာ ရပါပြီ🏥💊Molnupiravir 2️⃣0️⃣0️⃣ mg ကိုCOVID (+) လူနာများ ၊SPO2>9️⃣3️⃣%နှင့် high risk of progression of the dis...
15/02/2022

🏥ဆိုင်မှာ ရပါပြီ🏥

💊Molnupiravir 2️⃣0️⃣0️⃣ mg ကို
COVID (+) လူနာများ ၊SPO2>9️⃣3️⃣%နှင့် high risk of progression of the disease including hospitalization & death ရှိတဲ့သူတွေကို covid (+) ထွက်ပြီးရောဂါလက္ခဏာ စပြပြီး ၅ ရက်အတွင်း သုံးပါတယ်

❌🤰🏻အရေးကြီးတာက ကိုယ်ဝန်ဆောင်တွေ မသောက်သင့်ပါဘူး❌🤰🏻
Planning to be pregnant အမျိုးသမီးများ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်
❌❌အသက် ၁၈ နှစ်အောက် မသောက်ရပါဘူး❌❌

✅အိမ်ထောင်သည် အမျိုး သမီးများ molnupiravir သောက်ရမည်ဆိုလျှင် ကိုယ်ဝန်တားဆေးကို သေချာလေး သုံးပေးရပါမယ်။✅
molnupiravir နောက်ဆုံးအကြိမ်သာက်ပြီး ၄ ရက် အထိ ကိုယ်ဝန်တာဆေးကို သေချာလေး သောက်ပေးရပါမယ်
👩‍❤️‍👨အိမ်ထောင်သည် အမျိုးသား လူနာများကတော့ molnupiravir သောက်ရမယ်ဆိုလျှင် ဆေးသောက်နေစဉ်နှင့် နောက်ဆုံးအကြိမ် ဆေးသောက်ပြီး အနည်းဆုံး၃ လ အထိ အမျိုးသမီးအားကိုယ်ဝန်ဆောင်ခိုင်းလို့မရပါဘူး
(တားဆေးသေချာသောက်/barrier သုံး)

⏰ဆေးသောက်ဖို့ မေ့ပြီဆိုလျှင်⏰

❗️❗️ဆေးသောက်ချိန်က molnupiravir 800 mg (200 mg လေးလုံး) တစ်နေ့လျှင် ၁၂ နာရီခြား (၂ ကြိမ် )၅ ရက် သောက်ပေးရပါမယ်❗️❗️
✅✅တစ် ကြိမ်နဲ့ တစ်ကြိမ်အတွင်း ဆေးသောက်ဖို့ မေ့တာ ၁၀ နာရီ မကျော်သေးဘူးဆိုလျှင် မေ့တဲ့ အကြိမ်အတွက် ချက်ချင်းသောက်ပြီး ကျန်တဲ့ ဆေးများကို ပုံမှန် အချိန်မှာ ပုံမှန်အတိုင်း ဆက်သောက်ပေးရပါမယ်✅✅

❌တစ် ကြိမ်နဲ့ တစ်ကြိမ်အတွင်း ဆေးသောက်ဖို့ မေ့တာ ၁၀ နာရီ ကျော်ပြီ ဆိုလျှင် မေ့တဲ့ အကြိမ်အတွက် မသောက်ပဲကျန်တဲ့ ဆေးများကို ပုံမှန် အချိန်မှာ ပုံမှန်အတိုင်း ဆက်သောက်ပေးရပါမယ်(တပြိုင်နက် ၂ ကြိမ်စာ မသောက်ရပါဘူး)

🥛🥛ဆေးကို ရေများများနဲ့ သောက်ပေးရပါတယ်
❌ဆေးတောင့်ကို ဖောက်မသောက်ရ ၊မချေရ ၊ဝါးမစားရပါဘူး ။

ဆေးသောက်ပြီး side effects တွေကတော့
နောက်ဆုံးအကြိမ်သောက်ပြီး ၁၄ ရက် အတွင်းမှာ ဝမ်းလျှောတာ ပျို့တာ မူးဝေတာ နဲ့ ခေါင်းခဲတာလေးတွေ ရှိတတ်ပါတယ်(၁၀ ယောက်မှာ ၁ ယောက်လောက်သာ ဖြစ်ပါသည်)

အန်ခြင်း အနီစက်ထွက်ခြင်း ကျို့ထိုးတာလေးတွေက တော့ ၁၀၀ မှာ ၁ ယောက် လောက် ဖြစ်တတ်ပါသည်။

တခြား မျက်စိယားခြင်း၊ဗိုက်နာခြင်း ၊အားနည်းခြင်း၊နှာစေး ပြီး ကြွက်သားနာခြင်း ဖျားနာခြင်းများက ၁၀၀၀ မှာ ၁ ယောက်လောက်သာ ဖြစ်တတ်တာမို့ ရှားတယ်လို့ ပြောရပါမယ်

ဆေးကို အချိန်မှန် ပုံမှန် ပမာဏ အတိအကျ သောက်ဖို့က
အရေးကြီးဆုံးပါ

Exp date jun 2023 ဆိုတော့ ဆောင်ထားချင်တဲ့သူများ ဆောင်ထားပါ
ဆေးပြတ်တဲ့အချိန် O2 အိုးတွေလို remdesivir တွေလို အဆမတန် ပေးဝယ်နေရမှာထက်စာရင်
ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်(just my opinion)


ရာသီတုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra) ကို👨‍👩‍👧ဘယ်သူတွေ ထိုးလို့ရမလဲ?👨‍👩‍👧👶🏻အသက် ၆ လမှ စရျ် ထိုးလို့ရပါတယ်👶🏻🤰🏻ကိုယ်ဝန်ဆေ...
05/02/2022

ရာသီတုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra) ကို

👨‍👩‍👧ဘယ်သူတွေ ထိုးလို့ရမလဲ?👨‍👩‍👧

👶🏻အသက် ၆ လမှ စရျ် ထိုးလို့ရပါတယ်👶🏻

🤰🏻ကိုယ်ဝန်ဆောင် မိခင်များ ထိုးထားပါက မွေးလာသော ကလေးလေးကို ၆ လ အထိ ထိုးစရာ မလိုပါဘူး

🤱🏻နို့တိုက်မိခင်များ ထိုးလို့ရပါတယ်🤱🏻

🫁🫀🦵🏻✅G6PD ရှိသူများ ၊ကျောက်ကပ်၊နှလုံး ၊သွေးတိုး ၊ဆီးချို ၊ဂေါက် ၊သွေးလေးဖက်နာ စသည့် ရောဂါအခံရှိသူများခည်း ထိုးလို့ရပါတယ်✅✅✅

အော် ဆေးထိုးပြီး တခြားသွေးစစ်ရမည့်သူများ သွေးအဖြေပေါ် သက်ရောက်မှုရှိတာကြောင့် ဆရာဝန်ကို ပြောပြသင့်ပါတယ်

📆ဘယ်လိုထိုးရမလဲ?📆

အသက် ၉ နှစ်အောက်ကလေးများ ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြားရျ် ၂ ကြိမ် ထိုးနှံပေးရပါမယ်
(0,1 month)
နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။

ကျန်တဲ့သူများကတော့ တစ်နှစ်ကို တစ်ကြိမ် ထိုးပေးရပါမယ်။

❌ဘာတွေရှောင်ရမလဲ❌

Egg albumin ,neomycin စတာတွေနဲ့ ဓါတ်မတည့်သူတွေ ထိုးလို့ မရပါဘူး။

🤒ဖျားနေသူများအဖို့ နေကောင်းသက်သာမှ
ထိုးရပါမယ်။

ဆေးထိုးပြီးရင်ရော?

ထိုးသည့်နေရာ အောင့်ခြင်း၊ ရောင်ယမ်းခြင်း၊ခေါင်းကိုက်ခြင်း၊ နုံးခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာလေးတွေကို တစ်ချို့ ခံစားရပါမယ်

👌👌ဆိုးဆိုးဝါးဝါး ဘေးထွက်ဆိုးကျိုး ယခုထိ မတွေ့ဖူးသေးပါ။

ဘာတွေကာကွယ်မလဲ?

နှစ်စဉ်နှစ်တိုင်းအဖြစ်များတဲ့
1️⃣H1N1
2️⃣H3N2
3️⃣Washington
4️⃣Phuket
Strain 4 မျိုး✅✅✅✅
ကာကွယ်တဲ့
Northern strain တုပ်ကွေးကာကွယ်ဆေး 2022 အတွက်
October to March လတွေက ထိုးဖို့ အသင့်တော်ဆုံး လတွေ ဖြစ်ပါတယ်
ထိုးပြီးပြီးချင်း ရောဂါပိုးကို ပြန်တိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်/ဆေးအာနိသင် (antibody ) က ၂ ပတ်ကြာမှ ထွက်တာဖြစ်လို့ စောထိုးထားတာက အကောင်းဆုံးပါ။

တခြားကာကွယ်ဆေးတွေနဲ့ရော?

Inactivated vaccine ဖြစ်တာကြောင့် opposite site မှာထိုးလျှင် ရပါတယ်

ကိုဗစ်ကာကွယ်ဆေးနဲ့ တစ်ပတ်ခြားထိုးလျှင် စိတ်ချရပါတယ်။

Cold chain စိတ်ချရတာမို့ အာမခံပါတယ်

2022 ,ဆောင်းရာသီ တုပ်ကွေးကာကွယ်ဆေးများရောက်ပါပြီ

📲09777748310,09755006175📲
Edit >> out of stock ပါ ခင်ဗျာ

Covishield Vaccine ထိုးသူများအတွက်-အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်-ဆေးမထိုးမှီ ကိုဗစ်ရှိမရှိ စစ်ရန်-သာမန်လူများ ရောဂါကူ...
14/09/2021

Covishield Vaccine
ထိုးသူများအတွက်

-အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်
-ဆေးမထိုးမှီ ကိုဗစ်ရှိမရှိ စစ်ရန်
-သာမန်လူများ ရောဂါကူးစက်ခံရခြင်းမရှိပါက ထိုးနိုင်သည်။
-ကိုဗစ် ကူးစက်ခံထားရသူများ ရောဂါ ပျောက်ပြီး ၂ ပတ်ကြာမှသာ ထိုးရမည်။
-ဆေးထိုးပြီး ၂ ပတ်ကြာမှသာ ခန္ဓာကိုယ်မှရောဂါကို ကာကွယ်နိုင်သော antibody (ကိုယ်ခံအား) ထွက်မည် ဖြစ်သဖြင့် ၂ ပတ်အတွင်း လူများသော နေရာများရှောင်ပါ ။Mask တပ်ပါ။လက်ဆေးပါ။
-ကိုဗစ်ရောဂါပိုးသည် ကူးစက်ပြီး ၅ ရက်မှ ၇ ရက်ရောက်မှသာ လက္ခဏာပြသဖြင့်
ဆေးမထိုးမှီ နှင့် ဆေးထိုးပြီး ၃-၄ ရက်တွင် ရောဂါပိုးရှိသူနှင့် ထိတွေခဲ့ပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့် ကာကွယ်ဆေးထိုးပြီး ၃-၄ ရက်တွင် ကိုဗစ် ဖြစ်နိုင်ပါသေးသည်။
-မတည့်သောဆေးဝါးများရှိပါက ကြိုတင်ပြောကြားပါရန်။
-ဆေးထိုးပြီးလျှင် ထိုးသည့်နေရာ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ဖျားခြင်း ၊မူးဝေခြင်းများရှိတတ်ပါသည်။
-ထိုးသည့်နေရာ အရမ်းနာလျှင် ရေခဲ ကပ်ပေးပါ။
-ကိုက်ခဲခြင်း ၊ဖျားခြင်းများအတွက် paracetamol 500 mg သောက်သုံးပေးပါ။
-အရည်များများသောက်ပေးပါ။
-ကောင်းစွာအနားယူပါ။
-အရက် ဘီယာ သောက်သုံးသူများအတွက် ဆေးမထိုးမှီ နှင့် ထိုးပြီး ၂၄ နာရီ ရှောင်ရမည်။

Spirometer ရပါပြီခင်ဗျာ🔵Spirometer လေ့ကျင့်နည်းပါ✅လက်တွေ့ကျကျ အဆုတ်အားဘယ်လောက်ကောင်းပြီဆိုတာကို မျက်မြင်သိချင်တဲ့သူတွေဖြ...
02/09/2021

Spirometer ရပါပြီခင်ဗျာ

🔵Spirometer လေ့ကျင့်နည်းပါ

✅လက်တွေ့ကျကျ အဆုတ်အားဘယ်လောက်ကောင်းပြီဆိုတာကို မျက်မြင်သိချင်တဲ့သူတွေဖြစ်စေ
-အဆုတ်ထဲ ရှူသွင်းချိန်မှာရောက်တဲ့အောက်ဆီဂျင်ပမာဏက်ို အတိအကျသိချင်တဲ့သူတွေအတွက်ဖြစ်စေ
အဆုတ်အားအတွက်လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းဖြစ်တဲ့ Lung exerciser “Spirometer” (အဆုတ်အားကျင့် ဘောလုံး)ကို အသုံးပြုနိုင်ပါတယ်။

Spirometer ကို နှလုံးခွဲစိတ်ပီးသူတွေ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ ပန်းနာရင်ကြပ်သမားတွေ COPDတွေအတွက်လည်း အသုံးပြုလေ့ရှိပါတယ်။

Post Covid မှာ ဒီပစ္စည်းကို သုံးပီး အသက်ရှူလေ့ကျင့်ခန်းလုပ်ချင်သူများအတွက် အသုံးပြုပုံနဲ့ အသုံးဝင်ပုံကို ရေးပေးပါ့မယ်။

❇️အားသာချက်ကတော့ Spirometer ကိုအသုံးပြုပီး အသက်ရှူသွင်းအားကော အသက်ရှူထုတ်အားပါ (၂)မျိုးစလုံးကို ဘောလုံးနဲ့လက်တွေ့လေ့ကျင့်နိုင်တာဖြစ်ပါတယ်။

⬆️အသက်ရှူသွင်းအား (inspiration) ကို လေ့ကျင့်ရာမှာ spirometer ကိုအတည့်ထားရမှာဖြစ်ပီး

⬇️အသက်ရှူထုတ်အား (expiration ) ကိုလေ့ကျင့်ရာမှာတော့ spirometer ကိုပြောင်းပြန်လှန်ထားရမှာ ဖြစ်ပါတယ်။

🔹ခါးမတ်မတ်ထိုင် အနေအထားနဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။

🔹Spirometer နဲ့ လေပိုက်က်ို ပါးစပ်နဲ့ တစ်တန်းတည်းထားပီး အသုံးပြုပါ။

(For Inspiration )⬆️ အသက်ရှူသွင်းအားအတွက် လေ့ကျင့်ခြင်း
🔹Spirometer ကိုအတည့်ထားရန် -

1) အသက်ကိုရှည်ရှည် ပါးစပ်ကနေရှူထုတ်ပါ။
2) ပီးမှ spirometer ရဲ့ Mouthpiece ကိုပါးစပ်မှာ တပ်ပီး အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်းရှူသွင်းပါ။
3)ဒီလိုရှူသွင်းလိုက်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။ (တက်လာတဲ့ ဘောလုံးဟာ တစ်လုံးဖြစ်စေ နှစ်လုံးဖြစ်စေ သုံးလုံးဖြစ်စေ မိမိရဲ့ အဆုတ်အားပေါ်မူတည်ပီး တွေ့ရပါလိမ့်မယ်)

4) တက်လာတဲ့ဘောလုံးလေးတွေကို ပြန်ပြုတ်မကျသွားအောင် ၄-၅စက္ကန့်စာ ထိန်းထားပါ။ (ဒါဟာ ၄-၅စက္ကန့်စာ အသက်ကိုအောင့်ခိုင်းထားတာဖြစ်ပါတယ်)
5) ၅စက္ကန့်အောင့်ထားပီးနောက်မှာ လေပိုက်ကို ပါးစက်ကနေ ဖြုတ်ပီး ပါးစပ်ကနေ အသက်ကိုဖြေးဖြေးချင်းရှူထုတ်ပီး ခဏနားပါ။
(For Expiration) ⬇️ အသက်ရှူထုတ်အားအတွက် လေ့ကျင့်ခြင်း
🔹spirometer ကိုပြောင်းပြန်ထားရန် -

1) အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်း အဝရှူသွင်းပါ။
2) ပီးမှ spirometer ရဲ့ mouthpiece ကိုပါးစပ်မှာတပ်ပီး အသက်ကို ရှည်ရှည် ရှူထုတ်ပါ။
3) ရှူထုတ်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။
4) ရှူထုတ်ချိန်မှာ စိတ်ထဲကနေ ၁ကနေ၈အထိ ရေတွက်ပါ။
5) ၈အထိ ရှူထုတ်ပီးရင် လေပိုက်ကို ပါးစပ်ကနေ ဖြုတ်ပီး ခဏနားပါ။
🔴🟡🔵ဘောလုံး၃လုံးပါ spirometer လေးတွေဟာ ပစ္စည်းတမျိုးနဲ့တမျိုးအပေါ်မူတည်ပီးဘောလုံးအရောင်၃ရောင် အနီ အဝါ အပြာ မဟုတ်တာလည်း ရှိတတ်ပါတယ်။

ဒီဘောလုံးအရောင်၃ရောင် ဟာဘာကိုဆိုလိုတာလဲဆိုရင်
မိမိအဆုတ်ထဲရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏကို ဖော်ပြသလို မိမ်ိအဆုတ်အားကိုပါ ဒီဘောလုံးလေးတွေကနေ သိနိုင်ပါတယ်။
တစ်ရောင်စီမှာ သတ်မှတ်ထားတဲ့ 🔴600cc, 🟡900cc, 🔵1200cc ပမာဏအသီးသီးရှိပါတယ်။

အပေါ်ကအတိုင်း ရှူသွင်း ရှူထုတ် လေ့ကျင့်ရာမှာ ဘောလုံး တလုံးတက်တာလား နှစ်လုံး တက်တာလား သုံးလုံးလုံးတက်တာလားအပေါ် မူတည်ပီး မိမိရဲ့အဆုတ်အားကို လက်တွေ့သိနိုင်ပါတယ်။

❗️ဘောလုံး၃လုံးလုံးတက်မှ အဆုတ်အားကောင်းတာဆိုပီးလည်း မရမချင်း ဇွတ်ဖိလုပ် အဆုတ်ကို pressure ပေးလို့လည်း မဖြစ်ဘူး။ ဖြေးဖြေးနဲ့မှန်မှန် လေ့ကျင့်ပေးသွားဖို့ လိုပါတယ်။

‼️Spirometer ကို နီးစပ်ရာ ဆရာဝန် သို့ physiotherapist နဲ့ တိုင်ပင်ပီးမှ မိမိအတွက် အသုံးပြုလို့ရတဲ့ အခြေအနေဟုတ်မဟုတ်လည်း ချိန်ဆပီးမှ သုံးစေချင်ပါတယ်။

❇️ ပါးစပ်ထဲထည့် လေမှုတ်တဲ့ ပိုက်နေရာ mouthpiece ကို အသုံးမပြုခင်ကော အသုံးပြုပြီးပါ သေချာ သန့်စင်ပေးဖို့လိုအပ်ပါတယ်။ (Oximeter လိုတအိမ်လုံးမျှသုံးလို့ရတဲ့ ပစ္စည်းမဟုတ်ပါ။ တစ်ကိုယ်ရည်သုံး အဆုတ်အားလေ့ကျင့်တဲ့ပစ္စည်းဖြစ်ပါတယ် ။)

Credit - emkknowledge sharing

⭐️ရေနွေးအိတ် quality ကောင်းတာလေးတေ ရောက်ပါတယ်ခင်ဗျာ⭐️အရေအတွက် နည်းနည်းပဲ ပါပါတယ် ခင်ဗျာ⭐️ဦးသန်းလှိုင် ဆေးဆိုင်      ရေစက...
31/08/2021

⭐️ရေနွေးအိတ် quality ကောင်းတာလေးတေ ရောက်ပါတယ်ခင်ဗျာ

⭐️အရေအတွက် နည်းနည်းပဲ ပါပါတယ် ခင်ဗျာ

⭐️ဦးသန်းလှိုင် ဆေးဆိုင်
ရေစကြိုမြို့

☎️ 09755006175

ရောက်ပါတယ်ခင်ဗျာ
30/08/2021

ရောက်ပါတယ်ခင်ဗျာ

Meropenum 1 G ရောက်ပါတယ်
29/08/2021

Meropenum 1 G ရောက်ပါတယ်

Antigen & Antibody test kit များ စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ပါတယ် ခင်ဗျာ👉🏻Antigen test kit  တခု -၂၅၀၀ ကျပ်👉🏻Antibo...
29/08/2021

Antigen & Antibody test kit များ စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ပါတယ် ခင်ဗျာ

👉🏻Antigen test kit
တခု -၂၅၀၀ ကျပ်

👉🏻Antibody test kit
တခု -၅၅၀၀ ကျပ်

Spirometer ရပါပြီခင်ဗျာ🔵Spirometer လေ့ကျင့်နည်းပါ✅လက်တွေ့ကျကျ အဆုတ်အားဘယ်လောက်ကောင်းပြီဆိုတာကို မျက်မြင်သိချင်တဲ့သူတွေဖြ...
28/08/2021

Spirometer ရပါပြီခင်ဗျာ

🔵Spirometer လေ့ကျင့်နည်းပါ

✅လက်တွေ့ကျကျ အဆုတ်အားဘယ်လောက်ကောင်းပြီဆိုတာကို မျက်မြင်သိချင်တဲ့သူတွေဖြစ်စေ
-အဆုတ်ထဲ ရှူသွင်းချိန်မှာရောက်တဲ့အောက်ဆီဂျင်ပမာဏက်ို အတိအကျသိချင်တဲ့သူတွေအတွက်ဖြစ်စေ
အဆုတ်အားအတွက်လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းဖြစ်တဲ့ Lung exerciser “Spirometer” (အဆုတ်အားကျင့် ဘောလုံး)ကို အသုံးပြုနိုင်ပါတယ်။

Spirometer ကို နှလုံးခွဲစိတ်ပီးသူတွေ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ ပန်းနာရင်ကြပ်သမားတွေ COPDတွေအတွက်လည်း အသုံးပြုလေ့ရှိပါတယ်။

Post Covid မှာ ဒီပစ္စည်းကို သုံးပီး အသက်ရှူလေ့ကျင့်ခန်းလုပ်ချင်သူများအတွက် အသုံးပြုပုံနဲ့ အသုံးဝင်ပုံကို ရေးပေးပါ့မယ်။

❇️အားသာချက်ကတော့ Spirometer ကိုအသုံးပြုပီး အသက်ရှူသွင်းအားကော အသက်ရှူထုတ်အားပါ (၂)မျိုးစလုံးကို ဘောလုံးနဲ့လက်တွေ့လေ့ကျင့်နိုင်တာဖြစ်ပါတယ်။

⬆️အသက်ရှူသွင်းအား (inspiration) ကို လေ့ကျင့်ရာမှာ spirometer ကိုအတည့်ထားရမှာဖြစ်ပီး

⬇️အသက်ရှူထုတ်အား (expiration ) ကိုလေ့ကျင့်ရာမှာတော့ spirometer ကိုပြောင်းပြန်လှန်ထားရမှာ ဖြစ်ပါတယ်။

🔹ခါးမတ်မတ်ထိုင် အနေအထားနဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။

🔹Spirometer နဲ့ လေပိုက်က်ို ပါးစပ်နဲ့ တစ်တန်းတည်းထားပီး အသုံးပြုပါ။

(For Inspiration )⬆️ အသက်ရှူသွင်းအားအတွက် လေ့ကျင့်ခြင်း
🔹Spirometer ကိုအတည့်ထားရန် -

1) အသက်ကိုရှည်ရှည် ပါးစပ်ကနေရှူထုတ်ပါ။
2) ပီးမှ spirometer ရဲ့ Mouthpiece ကိုပါးစပ်မှာ တပ်ပီး အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်းရှူသွင်းပါ။
3)ဒီလိုရှူသွင်းလိုက်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။ (တက်လာတဲ့ ဘောလုံးဟာ တစ်လုံးဖြစ်စေ နှစ်လုံးဖြစ်စေ သုံးလုံးဖြစ်စေ မိမိရဲ့ အဆုတ်အားပေါ်မူတည်ပီး တွေ့ရပါလိမ့်မယ်)

4) တက်လာတဲ့ဘောလုံးလေးတွေကို ပြန်ပြုတ်မကျသွားအောင် ၄-၅စက္ကန့်စာ ထိန်းထားပါ။ (ဒါဟာ ၄-၅စက္ကန့်စာ အသက်ကိုအောင့်ခိုင်းထားတာဖြစ်ပါတယ်)
5) ၅စက္ကန့်အောင့်ထားပီးနောက်မှာ လေပိုက်ကို ပါးစက်ကနေ ဖြုတ်ပီး ပါးစပ်ကနေ အသက်ကိုဖြေးဖြေးချင်းရှူထုတ်ပီး ခဏနားပါ။
(For Expiration) ⬇️ အသက်ရှူထုတ်အားအတွက် လေ့ကျင့်ခြင်း
🔹spirometer ကိုပြောင်းပြန်ထားရန် -

1) အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်း အဝရှူသွင်းပါ။
2) ပီးမှ spirometer ရဲ့ mouthpiece ကိုပါးစပ်မှာတပ်ပီး အသက်ကို ရှည်ရှည် ရှူထုတ်ပါ။
3) ရှူထုတ်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။
4) ရှူထုတ်ချိန်မှာ စိတ်ထဲကနေ ၁ကနေ၈အထိ ရေတွက်ပါ။
5) ၈အထိ ရှူထုတ်ပီးရင် လေပိုက်ကို ပါးစပ်ကနေ ဖြုတ်ပီး ခဏနားပါ။
🔴🟡🔵ဘောလုံး၃လုံးပါ spirometer လေးတွေဟာ ပစ္စည်းတမျိုးနဲ့တမျိုးအပေါ်မူတည်ပီးဘောလုံးအရောင်၃ရောင် အနီ အဝါ အပြာ မဟုတ်တာလည်း ရှိတတ်ပါတယ်။

ဒီဘောလုံးအရောင်၃ရောင် ဟာဘာကိုဆိုလိုတာလဲဆိုရင်
မိမိအဆုတ်ထဲရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏကို ဖော်ပြသလို မိမ်ိအဆုတ်အားကိုပါ ဒီဘောလုံးလေးတွေကနေ သိနိုင်ပါတယ်။
တစ်ရောင်စီမှာ သတ်မှတ်ထားတဲ့ 🔴600cc, 🟡900cc, 🔵1200cc ပမာဏအသီးသီးရှိပါတယ်။

အပေါ်ကအတိုင်း ရှူသွင်း ရှူထုတ် လေ့ကျင့်ရာမှာ ဘောလုံး တလုံးတက်တာလား နှစ်လုံး တက်တာလား သုံးလုံးလုံးတက်တာလားအပေါ် မူတည်ပီး မိမိရဲ့အဆုတ်အားကို လက်တွေ့သိနိုင်ပါတယ်။

❗️ဘောလုံး၃လုံးလုံးတက်မှ အဆုတ်အားကောင်းတာဆိုပီးလည်း မရမချင်း ဇွတ်ဖိလုပ် အဆုတ်ကို pressure ပေးလို့လည်း မဖြစ်ဘူး။ ဖြေးဖြေးနဲ့မှန်မှန် လေ့ကျင့်ပေးသွားဖို့ လိုပါတယ်။

‼️Spirometer ကို နီးစပ်ရာ ဆရာဝန် သို့ physiotherapist နဲ့ တိုင်ပင်ပီးမှ မိမိအတွက် အသုံးပြုလို့ရတဲ့ အခြေအနေဟုတ်မဟုတ်လည်း ချိန်ဆပီးမှ သုံးစေချင်ပါတယ်။

❇️ ပါးစပ်ထဲထည့် လေမှုတ်တဲ့ ပိုက်နေရာ mouthpiece ကို အသုံးမပြုခင်ကော အသုံးပြုပြီးပါ သေချာ သန့်စင်ပေးဖို့လိုအပ်ပါတယ်။ (Oximeter လိုတအိမ်လုံးမျှသုံးလို့ရတဲ့ ပစ္စည်းမဟုတ်ပါ။ တစ်ကိုယ်ရည်သုံး အဆုတ်အားလေ့ကျင့်တဲ့ပစ္စည်းဖြစ်ပါတယ် ။)

Credit - emkknowledge sharing

Enoxaprin 0.4 mg /0.4 ml Enoxaprin 0.6 mg /0.6 ml ရောက်ပါပြီ Abbott ကမို့ ပစ္စည်း စိတ်ချပါ ခင်ဗျာ
28/08/2021

Enoxaprin 0.4 mg /0.4 ml
Enoxaprin 0.6 mg /0.6 ml
ရောက်ပါပြီ
Abbott ကမို့ ပစ္စည်း စိတ်ချပါ ခင်ဗျာ

Remdesivir 100 mgရောက်ပါပြီinstock
28/08/2021

Remdesivir 100 mg
ရောက်ပါပြီ

instock

Address

Yesagyo
04181

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

+959755006175

Website

Alerts

Be the first to know and let us send you an email when U Than Hlaing Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to U Than Hlaing Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram