Aung Clinic

Aung Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Clinic, Medical and health, Tar Gyi Tan, Daunggyi, Zalun.

01/10/2025

4.10.25 စနေနေ့ ( ပုံမှန်ပိတ်ရက် ) မှ 7.10.25 အင်္ဂါနေ့အထိ ဆေးခန်း 4 ရက်ပိတ်ပါသည် ။

သောက်ဆေးထုတ်ချင်တဲ့လူနာများ ........ဆေးခန်းပိတ်ရက်နဲ့ ဆေးခန်းပိတ်ချိန်တွေ ဆိုရင် ကျနော်တို့နှစ်ယောက်လုံး အိမ်မှာ မရှိတာမ...
23/06/2024

သောက်ဆေးထုတ်ချင်တဲ့လူနာများ ........

ဆေးခန်းပိတ်ရက်နဲ့ ဆေးခန်းပိတ်ချိန်တွေ ဆိုရင် ကျနော်တို့နှစ်ယောက်လုံး အိမ်မှာ မရှိတာများတာမို့ ဖွင့်ရက်ဖွင့်ချိန် အတွင်းမှာသာ လာထုတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ။

အသိပေးအပ်ပါသည် ။
15/05/2024

အသိပေးအပ်ပါသည် ။

မိုးရာသီမတိုင်မီထိုးရတဲ့ ၄ မျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးချင်သူများ ကြိုတင်စာရင်းပေးသွင်းလို့ရပါပြီရှင်       မိုးရာ...
17/03/2024

မိုးရာသီမတိုင်မီထိုးရတဲ့ ၄ မျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးချင်သူများ ကြိုတင်စာရင်းပေးသွင်းလို့ရပါပြီရှင်

မိုးရာသီမတိုင်ခင်ထိုးမှ မိုးရာသီမှာ ဖြစ်တတ်တဲ့
ရာသီတုပ်ကွေးရောဂါကူးစက်ခြင်းမှကာကွယ်နိုင်မှာဖြစ်ပါတယ် ။ ကာကွယ်ဆေးကြိုတင်ထိုးထားတယ်ဆိုရင် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်သာမက ဖြစ်ပွားလျှင်လည်းရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ် ။

၄ မျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပေးပါတယ် ။ အဲဒီပိုး ၄ မျိုးကတော့

1 - A/Victoria/2570/2019 (H1N1) pdm09
2 - A/Hong Kong/2671/2019(H3N2)
3 - B/Washington/02/2019-like(B/Victoria lineage)virus
4 - B/Phuket/3073/2013-like(B/Yamagata lineage)virus တို့ဖြစ်ပါတယ် ။

ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို ကလေးအသက် ( ၆ )လ ကျော်ကနေ လူကြီးတွေအထိထိုးလို့ရပါတယ် ။ အဓိကထိုးသင့်တဲ့သူများကတော့

👉 အသက် ( ၆လ ) ကနေ ( ၅နှစ် ) အထိကလေးများ
👉 သက်ကြီးရွယ်အိုများ ( အသက် ၆၅နှစ် အထက် )
👉 နာတာရှည်ရောဂါရှိသူများ ( သွေးတိုး ၊ ဆီးချို နှလုံးရောဂါ )
👉 ကိုယ်ဝန်ဆောင်မိခင်များ.... ဖြစ်ပါတယ် ။

အသက်( ၉ )နှစ်အောက်ကလေးတွေမှာ တခါထိုးထားဖူးတယ်ဆိုရင် ( ၁ လုံး )သာထိုးရန်လိုအပ်ပါတယ် ။ တခါမှမထိုးဖူးရင်တော့ ပထမ ( ၁ )လုံး အရင်ထိုးပြီး နောက်တလအကြာမှာ နောက်ထပ်( ၁ )လုံး ထပ်ထိုးဖို့လိုအပ်ပါတယ် ။
အသက် ( ၉) နှစ်အထက်ဆိုရင်တော့ ( ၁ )လုံးပဲထိုးဖို့လိုပါတယ် ။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းထည့်လို့ရလားလို့ မေးနေသူများ...... ဆေးခန်းမှာ ( 4 နှစ်ခံ )ပစ္စည်း ထည့်လို့ရပါပြီရှင် ။...
03/03/2024

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းထည့်လို့ရလားလို့ မေးနေသူများ...... ဆေးခန်းမှာ ( 4 နှစ်ခံ )ပစ္စည်း ထည့်လို့ရပါပြီရှင် ။

Photo Crd

13/02/2024

ညနေဆေးခန်းဖွင့်ပါတယ်နော်.....

ဒီကာလမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့လူနာတွေ အန်တဲ့လူနာတွေများတာမို့  ဓာတ်ဆားနဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ် ။     ဓာတ်ဆားဟာ...
11/02/2024

ဒီကာလမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့လူနာတွေ အန်တဲ့လူနာတွေများတာမို့ ဓာတ်ဆားနဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ် ။

ဓာတ်ဆားဟာ သုံးတတ်ရင် အသက်ကယ်ဆေးဖြစ်ပြီး ၊ မသုံးတတ်ရင်တော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။အန်ပြီး ဝမ်းသွားပြီး သွေးပေါင်ကျနေတဲ့လူနာတွေအတွက် ဓာတ်ဆားက အသက်ကယ်ဆေးလို့ပြောလို့ရပါတယ် ။ ဒါပေမယ့် အချိုးအစား မှန်မှန်ကန်ကန် မဖျော်ရင်တော့ ဝမ်းပိုလျှောပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ဓာတ်ဆားဖျော်စပ်နည်းကို ပြောပြပေးပါမယ် ။

၁ ။ ဓာတ်ဆားမှုန့်တထုတ်ကို ရေတလီတာနဲ့ဖျော်ရပါတယ် ။ ရေသန့် သို့မဟုတ် ရေကျက်အေးနဲ့ဖျော်ပါ။

၂ ။ မြန်မြန်သက်သာအောင်ဆိုပြီးရေနည်းနည်းနဲ့ဖျော်တာမျိုးအမှုန့်တွေစားပစ်တာမျိုးမလုပ်ရပါဘူး ။ ( အဲလိုဆိုရင် အစာအိမ်နဲ့အူထဲမှာ ဆားဓာတ်တွေတအားများလာပြီး ဝမ်းပိုလျှောတာမျိုးဖြစ်တတ်ပါတယ် ။ )

၃ ။ ဓာတ်ဆားထုတ်ပေါ်မှာ တထုတ်ကို ရေဘယ်လောက်နဲ့ ဖျော်ရမယ်ဆိုတဲ့ အညွှန်းပါပါတယ် ။

၄ ။ BPI ဓာတ်ဆားမဟုတ်ဘဲ BPI ဓာတ်ဆားနဲ့ ဖော်မြူလာတူပြီး လိမ္မော်အရသာတို့၊ သံပုရာအရသာတို့ ထည့်ထားတဲ့ ဓာတ်ဆားမျိုးကိုလည်း သောက်လို့ရပါတယ် ။ အချိုးအစားမှန်အောင် ဖျော်ဖို့သာအဓိကပါ ။

၅ ။ ဓာတ်ဆားရည်ကိုဖျော်ပြီး ၂၄နာရီ အတွင်းပဲသောက်လို့ရပါတယ် ။

ဓာတ်ဆားဆိုတဲ့နေရာမှာ အမှုန့်ထုတ်တွေနဲ့ အသင့်သောက်အရည်တွေက မတူပါဘူး ။ အသင့်သောက်အရောင်မပါတဲ့ အရည်တွေက ရိုးရိုးဓာတ်ဆားမှုန့်ထုတ်ရဲ့ပါဝင်မှုနဲ့တူပေမယ့်လည်း အသင့်သောက် အရောင်ပါတဲ့ အရည်တွေကတော့ သကြားဓာတ်ပါဝင်မှု ပိုများပါတယ် ။ သကြားပမာဏက ပုံမှန်ဓာတ်ဆားထုတ်မှာပါတဲ့သကြားထက် နှစ်ဆလောက်ပိုပါတယ် ။ ဥပမာ - Royal D, 100 Plus , Sponsor , Pocari Sweat တို့လိုအသင့်သောက်အရည်တွေမှာ
အရောင်ပါဝင်နေတဲ့ စပျစ်အရသာတို့၊ လိမ္မော်အရသာတို့ ဆိုရင်သကြားပါဝင်မှုများပါတယ် ။ သကြားပါ၀င်မှုက ရှိသင့်တာထက်ပိုများလို့ သောက်လိုက်တဲ့အခါမှာ ဆီးချို ဆောင့်တက်တာမျိုး ဖြစ်တတ်ပါတယ် ။

အဲဒါကြောင့် ဆီးချိုရှိတဲ့သူတွေ ၊ အသည်းအဆီဖုံးနေတဲ့သူတွေကတော့ ရိုးရိုး BPI ဓာတ်ဆားထုတ်ကိုသာသောက်သင့်ပါတယ် ။ ဒါပေမယ့်လည်း တံဆိပ်တူပြီး အထုပ်နဲ့ အသင့်သောက်အရည်ဘူး ကွာတာမျိုး ရှိပါတယ် ။ Royal D အထုတ် တထုတ်ကို ရေ 250ml နဲ့ ဖျော်ရပါတယ်။ အဲဒီ Royal D အထုတ်ကတော့ အရောင်ပါပေမယ့်လည်း BPI ဓာတ်ဆားထုတ်နဲ့ သကြားပါဝင်မှု အချိုးအစားသိပ်မကွာတဲ့အတွက် ဆီးချိုလူနာတွေ သောက်လို့ရပါတယ် ။ အသင့်သောက်ဘူးကတော့ သကြားပါဝင်မှု ပိုများတာကြောင့် ဆီးချိုလူနာတွေ မသောက်သင့်ပါဘူး ။

ဆီးချိုလူနာတွေဆိုရင်
---------------------

ဓာတ်ဆားတထုတ်ရဲ့ ဖော်မြူလာမှာ သကြား ၊ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ပါဝင်ပါတယ် ။ ရှိသင့်သလောက် ပမာဏကိုသာ ထည့်ထားတာဖြစ်လို့ ဓာတ်ဆားသောက်လို့ ဆီးချိုဆောင့်တက်သွားတာမျိုး ဖြစ်နိုင်ခြေ နည်းပါတယ် ။ ဒါကြောင့် ဝမ်းသွားရင် သွားသလောက်သောက်လို့ရပါတယ် ။ ချွေးထွက်များလို့သောက်တာမျိုးဆိုရင်တော့ 500 ml ထက်ပိုမသောက်သင့်ပါဘူး ။

သွေးတိုးလူနာတွေဆိုရင်
----------------------

ဓာတ်ဆားက သွေးပေါင်ကျနေတဲ့ လူနာကို သွေးပေါင် တက်အောင်လုပ်ပေးပါတယ်။ ဓာတ်ဆားမှာ ဆိုဒီယမ်ပါဝင်တဲ့အတွက် သွေးတိုးလူနာတွေကတော့ လိုအပ်တဲ့အခါမှသာ သောက်သင့်ပါတ​ယ်။ သွေးတိုးလူနာတစ်ယောက်က ဝမ်းလျှောတယ်၊ သွေးပေါင်လည်း ကျနေတယ်ဆိုရင် သောက်လို့ရပါတယ် ။ သွေးတိုးမှာကြောက်ပြီး မသောက်ဘဲ နေတာမျိုး မလုပ်သင့်ပါဘူး ။

ဓာတ်ဆားထုတ်အလွယ်တကူဝယ်မရလျှင်
-----------------------------------

အရေးပေါ်အခြေနေမှာဓာတ်ဆားထုတ်ဝယ်ဖို့ခက်တဲ့အခါမျိုးတွေ နဲ့ ဓာတ်ဆားထုတ် အလွယ်တကူ ဝယ်လို့မရနိုင်တဲ့နေရာမှာနေတဲ့သူတွေ ဆိုရင်တော့ သကြား လက်ဖက်စားဇွန်း (၆) ဇွန်းနဲ့ ဆား လက်ဖက်စားဇွန်းတဝက်ကို ရေသန့်တလီတာနဲ့ဖျော်ပြီး ဓာတ်ဆားအဖြစ်သောက်လို့ရပါတယ် ။

Reference : https://www. healthline.com /health/oral-rehydration-solution

10/02/2024

13.2.24 အင်္ဂါနေ့ မနက်ပိုင်းဆေးခန်းပိတ်ပါ တယ်ရှင်........
ညနေပိုင်းလည်းဖွင့်ဖို့ သိပ်မသေချာတာမို့ ညနေပိုင်းဆေးခန်းလာပြဖို့ရှိရင် 09756041700 ကိုဖုန်းကြိုဆက်ပြီးစုံစမ်းလို့ရပါတယ် ။

10/02/2024

ခုရက်ဆေးခန်းမှာလာပြတဲ့ လူနာတဝက်ကျော်လောက်က ဝမ်းပျက်ဝမ်းလျှောဖြစ်လို့လာပြကြတာမို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်တဲ့ဆောင်ရန်ရှောင်ရန်တွေကို မျှဝေပေးချင်ပါတယ် ။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာအသက်အရွယ်မရွေး ဖြစ်တတ်ပါတယ် ။ မိုးရာသီမှာ အဖြစ်များပေမယ့် ဆောင်းဝင်လာတဲ့အခါမှာလည်း ဝမ်းပျက်ဝမ်းလျှော​ရောဂါဖြစ်လေ့ရှိပါတယ် ။ ပုံမှန်မဟုတ်တဲ့ ဝမ်းသွားခြင်း၊ ဝမ်းအရည်သွားခြင်း၊ မကြာခဏ ဝမ်းသွားခြင်းတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ် ။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကို စားမိတဲ့အခါမျိုးတွေ ၊ ပိုးသတ်ဆေး ဖြန်းထားတဲ့ အသီးအရွက်နဲ့ အသီးအနှံကို စားမိတဲ့ အခါမျိုးတွေ ၊ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင် တွေကြောင့် ဖြစ်တတ်ပါ​တယ် ။ ပဋိဇီဝဆေးသောက်တာတွေနဲ့ ၊ အစာနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ (IBS) တွေကြောင့်လည်း ဖြစ်ပွားတတ်ပါသေးတယ် ။

ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကတော့ ရိုတာဗိုင်းရပ်စ် (Rota Virus)ကြောင့် ဖြစ်တာ များပါတယ် ။ ရိုတာဗိုင်းရပ်စ်ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာအပြင် အန်တာကိုပါ ခံစားရလေ့ရှိပါတယ် ။ အထက်လှန်အောက်လျှော လို့အလွယ် ခေါ်ကြတာပေါ့နော် ။ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါက သုံးရက်ကနေ တစ်ပတ်လောက်အထိကြာတတ်ပါတယ် ။ ရိုတာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်(Virus) ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေး (Antibiotics) တိုက်လို့မသက်သာနိုင်ပါဘူး ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို ပြန်တိုက်ပြီး နိုင်သွားတဲ့အချိန်မှသာ ရောဂါပျောက်ကင်းသွားမှာဖြစ်ပါတယ် ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အန်ရင် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတတ်တာကြောင့် ရေဓာတ်ပြန်ဖြည့်ပေးနိုင်ဖို့ အတွက် ဓာတ်ဆားရည် သောက်​ပေးရပါတယ် ။ BPI ဓာတ်ဆားလို အငန်ဓာတ်ဆားကိုသောက်ရမှာပါ ။ ဝမ်းလျှော/အန်သလောက် ဓာတ်ဆားရည်ကိုပြန်သောက်ပေးရပါတယ် ။

ဝမ်းလျှောတဲ့အချိန်မှာ သီးစုံဓာတ်ဆားလို အချိုဓာတ်ဆားမျိုးတွေနဲ့ အားကစားသမား​တွေ သောက်တဲ့ဓာတ်ဆားမျိုးတွေကို မသောက်ရပါဘူး ။ အချိုပါတဲ့အတွက် အချိုကြောင့် ဝမ်းပိုလျှောတတ်ပါတယ် ။ အားကစားသမားတွေသောက်တဲ့ ဓာတ်ဆားမျိုးတွေကကျတော့ အငန်ဆိုပေမယ့်လည်း ချွေးထွက်လို့ကုန်တဲ့ ဆားဓာတ်နဲ့ ဝမ်းလျှောလို့ကုန်တဲ့ ဆားဓာတ် မတူလို့ သောက်လို့မရပါဘူး ။ BPI ဓာတ်ဆားအငန်ပဲသောက်လို့ရပါမယ် ။ ကလေးတွေဆိုရင်တော့ ကလေးဓာတ်ဆားထုတ်လေးတွေ တိုက်လို့ရပါတယ် ။ ကလေးဓာတ်ဆားထုတ်လေးတွေက ရေတဖန်ခွက်နဲ့သာဖျော်ရတာမို့ ဝမ်းအရမ်းလျှောနေရင် တထုတ်တည်းနဲ့မလုံလောက်ပါဘူး ။

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ဓာတ်ဆားရည် သောက်ဖို့လိုအပ်သလို ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် အကျိုးပြုဘက်တီးရီးယား (Probiotics) တွေဖြစ်တဲ့ Bioflor, Morflor, Innolac, kidlac, Immunace, Bilac တို့လို အမှုန့်ထုတ်လေးတွေကိုလည်းသောက်ပေးဖို့လိုအပ်ပါတယ် ။

ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ

အကြိမ်ရေများလွန်းရင် ၊
ဆက်တိုက်ဖြစ်နေရင် ၊
ကလေးမှိန်းနေရင် ၊
ရေတအားငတ်လာရင် ၊
ခဏခဏအန်နေရင် ၊
မျက်တွင်းချိုင့်ဝင်နေရင် ၊
အဖျားကြီးနေရင် ၊
အခြားရောဂါလက္ခဏာတွေနဲ့တွဲနေရင် ၊
တနှစ်ခွဲအောက် ကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်လာရင် .......
ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့လိုအပ်ပါတယ် ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အချဥ်အစပ်နဲ့ချိုလွန်းတဲ့အစားအစာတွေ ၊ အသီးအရွက်တွေ ( ပိုးသတ်ဆေးဖြန်းထားမှာစိုးလို့ ) ၊ အစာအမာတွေ ရှောင်ပေးရပါမယ် ။ ဆန်ပြုတ် ကြက်ပြုတ်သောက်ပေးလို့ရပါတယ် ။ ထမင်းပျော့ပျော့ကို ကြက်ကြော် ငါးကြော်တို့နဲ့စားလို့ရပါတယ် ။ အရမ်းမအန်ဘူးဆိုရင် အစာကိုနည်းနည်းနဲ့ ခနခနစားပေးလို့ရပါတယ် ။ ဆန်၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ စားပေးခြင်း ၊ ကြက်ပြုတ်ရည် ငါးပြုတ်ရည် သောက်ပေးခြင်း ၊ ဓာတ်ဆားရည် သောက်ပေးခြင်းတွေဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်ဖို့အတွက်ကတော့

၁ ။ သန့်ရှင်းတဲ့အစားအစာတွေကိုစားရမယ် ။

၂ ။ သန့်ရှင်းတဲ့ရေကို သောက်ရမယ် ။

၃ ။ လက်ကိုသန့်ရှင်းအောင်ထားရမယ် ။

၄ ။ လက်သည်းတွေပုံမှန်ညှပ်ပေးရမယ် ။

၅ ။ မသန့်တဲ့အစားအစာတွေကို ရှောင်ရမယ် ။

၆ ။ အရမ်းစပ်တဲ့ အစားအစာတွေကိုရှောင်ရမယ် ။

၇ ။ အသီးအနှံတွေကိုချက်ပြုတ်တဲ့အခါ မချက်ခင်ဆားရည်နဲ့ ၁၀မိနစ်လောက်စိမ်ထားပြီးမှသေချာကျက်အောင်ချက်ပြုတ်စားရမယ် ။

၈ ။ အသုပ်မျိုးစုံကိုရှောင်နိုင်ရင်ပိုကောင်းပါတယ် ။

ဆိုင်မှာရောင်းတဲ့ လက်သုပ်တွေက အချို့မှုန့်များတဲ့အပြင် အချဉ်ရည်တွေနဲ့ သုပ်ထားပြီး ငရုတ်သီးမှုန့်တွေကလည်း မှိုတွေပါဝင်နိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောအပြင် တခြားကျန်းမာရေးကိုပါ အလွန်ဒုက္ခပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါသာမက အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ အထိဖြစ်သွားစေနိုင်ပါတယ် ။



#ဓာတ်ဆားနဲ့ပတ်သက်ပြီး နောက် post တခုမှာအသေးစိတ်ရေးပေးပါမယ် ။

07/02/2024

ဆေးခန်းတွင် အောက်ပါ ဝန်ဆောင်မှုများ
ရရှိနိုင်ပါပြီ ...........

👉 သွေးအုပ်စု အမျိုးအစား A, B, O ခွဲ ပေးခြင်း ။

👉 အသည်းရောင် အသားဝါ B ပိုး ၊ C ပိုး ၊ HIV ပိုး ၊ ငှက်ဖျားပိုး ရှိ / မရှိ စစ်ဆေး ပေးခြင်း ။ ကာကွယ်ဆေး ထိုးပေးခြင်း ။

👉 ဆီးချိုသွေးချိုရောဂါ ဆိုင်ရာ ( FBS ,RBS ) စစ်ဆေး ပေးခြင်း ။

👉 အခြား ရောဂါရှာဖွေရေး သွေးစစ်ဆေးခြင်း များအား အဆင့်မြင့်ဓာတ်ခွဲခန်းများနှင့်ချိတ်ဆက် စစ်ဆေးပေးခြင်း ။

👉 နှလုံးစက် ( ECG ) ဖြင့် နှလုံး စမ်းသပ်စစ်ဆေး ပေးခြင်း ။

👉 အသေးစား ခွဲစိတ်မှု ( အလုံး ၊ အကျိတ် ၊ အနာ ) ခွဲစိတ်ပေးခြင်း ။

👉 ထိခိုက်ရှနာဒဏ်ရာများ ချုပ်ပေးခြင်း ၊ ချုပ်ရိုးဖြေ ပေးခြင်း ။

👉 သုံးလခံတားဆေး ထိုးပေးခြင်း ။

👉 မေးခိုင်ကာကွယ်ဆေး ထိုးပေးခြင်း ။

Address

Tar Gyi Tan, Daunggyi
Zalun
GGQM+3HDAUNGGYI

Opening Hours

Monday 07:00 - 11:00
16:00 - 19:00
Tuesday 07:00 - 11:00
16:00 - 19:00
Wednesday 07:00 - 11:00
16:00 - 19:00
Thursday 07:00 - 11:00
16:00 - 19:00
Friday 07:00 - 11:00
16:00 - 19:00

Telephone

+959756041700

Website

Alerts

Be the first to know and let us send you an email when Aung Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Clinic:

Share