က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား

က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား နေဇော်လင်း
(ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ)
ပြန်လည်မျှဝေခြင်း နေဇော်လင်း
(ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ)

30/04/2026

▫️ ဧည့်သည်
~~~~~~~~~~

ကိုယ်ချစ်တဲ့ သူတွေနဲ့
ရုတ်တရက် ခွဲခွာရတဲ့အခါ ...........

မိဘတွေ နဲ့ သားသမီးတွေ ပေါ့နော်
ဒါတွေဟာ
ဆရာတို့ရဲ့ ဘဝမှာ၊
ဆရာတို့ရဲ့ အတွေးထဲမှာ အလွှမ်းမိုးဆုံးပဲ။
ဘာပြုလို့လဲ ဆိုတော့ ငယ်ငယ်ကတည်းက
အတူတူနေခဲ့ရတယ်၊
ကိုယ့်ကိုလည်း ကြွေးမွေး ပြုစုခဲ့ရတယ်။
ကိုယ့်ကို လွှမ်းမိုးလွန်း အားကြီးတာပေါ့။

ဒီလွှမ်းမိုးမှုက
ကိုယ်ကို အားကြီးလွန်းတဲ့အခါမှာ
ကိုယ်က ဒီလိုတွေ ဖြစ်မယ်လို့
ထင်မှတ်မထားခဲ့ဘူး၊
ထင်မှတ်မထားခဲ့ပဲနဲ့ ထွက်ခွာသွားတဲ့အခါ
ဒါကြီးက
ကိုယ့်အတွက် ဆုံးရှုံးမှု တအားကြီးတယ်။
ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး ပေါ့နော်။

အဲတော့ ဆရာတို့က
အမှန်တရားတစ်ခုကို သိဖို့ လိုလာတယ်။
ကိုယ့်ရဲ့ မိဘတွေက ကိုယ့်အပေါ်မှာ
လွှမ်းမိုးလွန်းတာ မှားလား ? ဆိုတော့လဲ
ဒါ မမှားပါဘူး။

မြတ်စွာဘုရားက သင်ကြားပေးခဲ့လို့
ဆရာတို့က အမှန်တရား တစ်ခုကို သိခွင့်
ရခဲ့တယ်။
အဲဒါက ဘာလေးလဲ ဆိုတော့
မိဘတွေက ကိုယ့်ကို ခေါ်ခဲ့တာ မဟုတ်ဘူး၊
ကိုယ်ကလဲ မိဘတွေဆီကို လာမယ်လို့
ပြောပြီးတော့ လာခဲ့တာ မဟုတ်ဘူး။

ဧည့်သည်တွေလိုပဲ၊
အကြောင်းတိုက်ဆိုင်လို့ ရောက်လာကြတာ။
ခဏတဖြုတ်ပဲ။
တွေ့တဲ့ ကြုံတဲ့အခိုက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
စိတ်ချမ်းသာအောင် ပျော်ရွှင်အောင်
ကျေးဇူးပြုကြရမှာ။

ဒါပေမဲ့ ဆရာတို့မှာ လောဘ၊ ဒေါသ၊
မောဟ ဆိုတဲ့ ကိလေသာတွေက
ဆရာတို့စိတ်ထဲမှာ ပါလာတဲ့အတွက်
အလိုနဲ့ ကိုက်လို့ရှိရင်တော့ သဘောကျတယ်၊
သဘောကျတဲ့ ~
လောဘ ဖက်ကို ရောက်သွားတယ်။
ကိုယ့်အလိုနဲ့ မကိုက်တော့လည်း
ဒေါသတွေ ဖြစ်သွားတယ် ဆရာတို့က။

ဒါတွေက ဘာကြောင့် ဖြစ်နေတာလဲ ?
အမှန်တရားတစ်ခုကို မသိလို့။
ကိုယ်နဲ့ မိဘတွေဟာ ဧည့်သည် လိုပဲ
အခိုက်အတန့် တွေ့ခဲ့ကြတာ။
ဒီဘဝ တစ်ခု ပြီးရင်လည်း နောက်ဘဝကို
ကိုယ့်လမ်း ကိုယ်လျှောက် သွားကြရမယ်။

အိမ်မှာလာတဲ့ ဧည့်သည်တစ်ဦးကို
ကိုယ့်စိတ်တိုင်းကျ ဘယ်သူမှ မစဉ်းစားပါဘူး။
ကောင်းကောင်းမွန်မွန် ဧည့်ခံတယ်
ပြောတယ် ဆိုတယ်။
သူလည်း ပြန်သွားတာပါပဲ။
ဆရာတို့ ဘဝတစ်ခုကလည်း ဒီလောက်ပါပဲ။
ခဏတဖြုတ် တွေ့ကြပြီးတော့ .......

ဒါပေမဲ့လည်း အဲဒီအချိန်မှာ ဧည့်သည်လို့
သဘောမထားနိုင်တဲ့အတွက်
ကိုယ့်စိတ်တိုင်း ကျချင်တာ၊၊
မိဘကလည်း သားသမီးအပေါ်ကို
စိတ်တိုင်းကျချင်သလိုပဲ
သားသမီးကလည်း မိဘအပေါ်ကို
ကိုယ့်အလိုအတိုင်းတွေ ဖြစ်ချင်လာတာ။

ဖြစ်ချင်တဲ့လောဘ ရှိတဲ့အတွက်
ဖြစ်မလာတဲ့အခါ ဒေါသ ဖြစ်ခဲ့ကြရတယ်။
ဆရာတို့မှာ အမှန်မသိတဲ့ မောဟကြောင့်
လောဘတွေနဲ့လဲ ကြုံလိုက်ကြတယ်။
ဒေါသတွေ ဆိုတာလည်း
ပူဆွေး ဝမ်းနည်းမှုတွေက ဒေါသပဲ။
ကိုယ်မဆုံးရှုံးချင်တဲ့ မိဘကို
ဆုံးရှုံးလိုက်ရတယ်။

ကိုယ်နဲ့အတူနေပြီးတော့ ပျော်နေရတဲ့
ဘဝတစ်ခုဟာ
ကိုယ်နဲ့ ကင်းကွာသွားတဲ့အတွက် ကိုယ့်မှာ
ဆုံးရှုံးမှုကြီး လို့ ခံစားလိုက်ရတယ်။

ကိုယ့်အိမ်ကို ခဏတဖြုတ် လာလို့
ပျော်ပျော်ပါးပါးလေး
စကားပြောပြီး ပြန်သွားရင် အပြုံးလေးနဲ့
ဘိုင့် ဘိုင်လို့ နှုတ်ဆက်နိုင်သလိုပဲပေါ့နော်၊

မိဘ နဲ့ သားသမီး
ကိုယ်နဲ့ ခဏတဖြုတ် တွေ့တဲ့အခါမှာလည်း
ပျော်ပျော်ပါးပါး တစ်ယောက်နဲ့တစ်ယောက်
ကျေးဇူးပြုပြီးတော့
တချိန်မှာ … နှုတ်ဆက်ရင်လည်း
ပြုံးပြုံးရွှင်ရွှင်နဲ့ ဘိုင် ဘိုင် လို့
နှုတ်ဆက်နိုင်ကြအောင် ကိုယ့်ကို စဉ်းစား
မွေးမြူထားဖို့ လိုတယ်။

အခုက ဘာပေးသွားတုန်း
ကိုယ့်ဘဝမှာ ကျေးဇူးအလွန်ကြီးတဲ့
Lesson တစ်ခုကို ပေးသွားတယ်။

ကိုယ်နေရတဲ့ ဘဝတွေမှာ ~
တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြုံတုန်းမှာ
တစ်ယောက်ကို တစ်ယောက်
ကျေးဇူးပြုပြီးတော့ ခင်ခင်မင်မင်
ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ပါးပါး နေရမှာ၊

နေပြီးရင်လည်း
တစ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်
နှုတ်ဆက်ရတဲ့ အခါမှာလည်း
အပြုံးလေးနဲ့ နှုတ်ဆက်နိုင်ရမယ်ပေါ့နော်။

ဒီရှုထောင့်လေးဟာ ကိုယ့်ဘဝကို
သင်္ခန်းစာတစ်ခု ပေးခဲ့တာ။
နို့မို့ရှိရင်တော့ … အလိုကျရင် လောဘ၊
အလိုမကျရင် ဒေါသ၊
အမှန်မသိတဲ့ မောဟတွေနဲ့ပဲ ဘဝတစ်ခုကို
ဆရာတို့ ဖြတ်သန်းနေကြတယ်။

အဲတော့ ကိုယ်က
ရောက်လာတာလည်း ဧည့်သည်လိုပဲ၊
ကိုယ်အရင် ထွက်ရင်လဲ ထွက်ရတယ်၊
ကိုယ်အရင် မထွက်ရင်လည်း
မိဘတွေက အရင် ထွက်သွားကြရမယ်။
ခဏတဖြုတ်တွေ့ကြရတာ။

ဒီရှုထောင့်လေးကနေ စဉ်းစားနိုင် လို့ရှိရင်
ခွဲခွာသွားတဲ့ လူတွေအတွက်လည်း
ကိုယ် တတ်နိုင်သမျှ
နောက်ကနေ ကျေးဇူးဆပ်နိုင်သလို
သူတို့ ဖြစ်စေချင်တာတွေလည်း
ကိုယ် ကြိုးစားပြီးတော့ ဖြည့်ဆည်းသွားရင်
သူတို့ ဝမ်းမြောက် ဝမ်းသာနဲ့
အော် ငါတို့မရှိပေမယ့်လည်း
ငါတို့ ဖြစ်စေချင်တဲ့ ကောင်းတာလေးတွေ
သူတို့ လုပ်ပေးတာပဲလို့
သူတို့လည်း ကျေနပ်မယ်။

ကိုယ်လည်း
ကောင်းကောင်းမွန်မွန် လုပ်ပေးတဲ့အတွက်လဲ
ကိုယ်နဲ့ အခု ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတဲ့
အနေအထားမှာ
ကိုယ်ကလည်း ပျော်ပျော်ပါးပါး နဲ့
တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး
ကျေးဇူးပြုနိုင်ရမယ်။

ဒါတွေဟာ
ဘဝတစ်ခုကို ဘယ်လိုနေရမယ် ဆိုတာ
သဘာဝကြီးတစ်ခုက
သင်ခန်းစာတွေ သင်ပေးသွားတာပါ။
သဘာဝတရားကြီးတစ်ခုက
ဘာမှ မြဲမနေပါဘူး။

ဆုံးရှုံးတယ် ဆိုတာလည်း မဆုံးရှုံးပါဘူး၊
နောက်ဘဝတစ်ခုကို ရောက်သွားကြပါပြီ။
နောက်ဘဝတစ်ခုမှာပဲ
နောက်ခရီးတစ်ခုကို သံသရာတစ်ခုကို
ဆက်နေကြပါပြီ။

ကိုယ်လည်း သံသရာခရီးသွားပဲ၊
သူတို့လည်း သံသရာခရီးသွားပဲ။
ခဏတာပဲ ကြုံကြိုက်လို့ တွေ့ကြရတာ
ဆုံကြရတာပါ။

စိတ်ထဲမှာ
အဲဒီရှုထောင့်လေးကနေ စဉ်းစားရင်
ကြုံကြိုက်တဲ့ ဆုံတဲ့အခါမှာပဲ
အကောင်းဆုံး တစ်ယောက်နဲ့တစ်ယောက်
ကူညီကြဖို့ လုပ်ကိုင်ကြဖို့ ပြောဆိုကြဖို့
ချစ်ချစ်ခင်ခင် နေကြဖို့ပေါ့ နော်။

လူတိုင်းဟာ
အားသာချက် အားနည်းချက်တွေ
ရှိနေတာပဲ၊
အဲတော့ မိမိအားသာချက်နဲ့
သူများရဲ့ အားနည်းချက်ကို
ဖြည့်ဆည်းပေး နိုင်သလိုပဲ၊
ကျန်တဲ့သူတွေရဲ့ အားသာချက်ကလည်း
မိမိအားနည်းချက်လေးကို
ဝိုင်းဝန်း ကူညီ ဖြည့်ဆည်း လိုက်လို့ရှိရင်၊

ကိုယ့်ဘဝမှာ .....
ကိုယ်ဖြတ်သန်းရတဲ့
သံသရာ ခရီးတလျှောက်မှာ .........
အေးအေးချမ်းချမ်း ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်သန်း နေနိုင်မှာ ဖြစ်ပါတယ်။

{ ဆရာကြီးဒေါက်တာဦးစိုးလွင် }

🙏🙏🙏 🙏🙏🙏

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

"တကယ်လုပ်လို့ တကယ်မပျောက်ရင်....ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့" တဲ့။ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကိုစေတနာမှန်း ...
29/04/2026

"တကယ်လုပ်လို့ တကယ်မပျောက်ရင်....
ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း မပြောနဲ့" တဲ့။
ကြုံရဆုံရ လူဘဝမှာ တချို့က စေတနာကို
စေတနာမှန်း မသိနိုင်တဲ့အထိ...
ကိုယ့်ရဲ့ အတ္တတွေ မာနတွေကိုသာ ဦးစားပေးပြီး
ဘဝင်ရူးနေတဲ့သူတွေ အများကြီးရှိပါတယ်။
တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
ကိုယ်သိထားတဲ့အကြောင်း စေတနာနဲ့
လုပ်ကြည့်ပါလား၊ ကုကြည့်ပါလားဆိုပြီး
ပြောပြတာကိုတောင်...
ချိုးချိုးဖဲ့ဖဲ့ ပြန်ပြောတတ်ကြတယ်။
ကျွန်တော့်အတွက်ကတော့ ဒါတွေက ရိုးနေပါပြီ။
ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကအစ.... ဒီခေတ်ကြီးထဲမှာ
ဒီပညာကို လေ့လာသင်ယူလို့ ထိုးနက်ခဲ့ကြသလို...
အပေါ်မှာပြောခဲ့သလို...
ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ ဝေဒနာအကြောင်း ပြောနေလို့...
ကိုယ်က စေတနာနဲ့ အဲ့ဒီရောဂါဆို ဘာလေးလုပ်ကြည့်ပါလားလို့ ပြောရင်တောင်...
"မလုပ်ပါနဲ့ မောင်လင်းရာ... အလကားနေ အလကား သေသွားမှဖြင့်...
သုတေသန ပြုထားတာ မရှိဘဲ ပေါက်ကရတွေ မပြောစမ်းနဲ့" ဆိုတဲ့အထိ...
လူကိုပဲ အထင်သေးတာမဟုတ်ဘဲ...
ပညာကိုပါ အစော်ကားခံခဲ့ရဖူးတာမို့...
အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာကောင်းပေမဲ့...
ဘာမှ မဖြစ်သလို ပုံစံနဲ့ပဲ...
"ဟုတ်ပါပြီ ငါ့အမရယ်... ကျွန်တော်ပြောသလိုသာ သေချာလုပ်ပါ။
အမရဲ့ ကျောက်ကပ်မှာ တွယ်နေ ကပ်နေ တည်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေချာပေါက် ပြုတ်ကျလာလိမ့်မယ်" လို့ ပြောလိုက်တယ်။
သည်းခြေ ကျောက်တည်တဲ့ဝေဒနာက
အတော်ခံစားရခက်ပါတယ်ဗျ။
တချို့ဆို ၃ - ၄ - ၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
အရွယ်အစားကြီးလေ ခံစားရခက်လေပါပဲ။
အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ပါရိုက်ထားတာကြောင့် သေချာကို သိခွင့်ရတာဖြစ်လို့...
ပြီးတော့ လေဆာနဲ့လည်း မပစ်ချင်ဘူး (ငွေကုန်မှာကြောက်လို့)၊ ခွဲလည်း မခွဲချင်ဘူးဆိုပါတော့။
ဒါနဲ့ပဲ သည်းခြေမှာ ကျောက်တည်တဲ့အခါ
ကုလို့ရတဲ့ တိုင်းရင်းဆေးနည်းရှိလားဆိုပြီး...
သူ့အမျိုးသားက လာမေးတာကြောင့်...
"ရှိပါတယ်" လို့ ဖြေခဲ့ပါတယ်။
သည်းခြေမှာ ကျောက်တည်သော်လည်းကောင်း၊
ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်လျှင်သော်လည်းကောင်း၊
ကျောက်ကပ်မှာ ကျောက်တည်လျှင်သော်လည်းကောင်း...
တောင်ဆီးဖြူပင် (တောဆီးဖြူ၊ မြေဆီးဖြူ) လို့ ခေါ်တဲ့အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူပါ။
လက်တစ်ဆုပ်ခန့်ကို ရေသေချာဆေးပြီး
ရေသင့်ရုံ (၁ လီတာခန့်) ထည့်ကာ သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
ရေကိုသေချာစစ်ပြီး တစ်နေ့ပြုတ်တဲ့ရေ တစ်နေ့ကုန်အောင် သောက်ပေးပါ။
၄-၅ ရက် ဆက်သောက်ပေးမယ်ဆိုရင်...
ကျောက်ကြေပြီး ကျောက်ကျပါတယ်။
ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း သန့်ရှင်းပြီးဖြစ်လို့ ဆီးရောဂါအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆိုပြီး ရှင်းပြလိုက်တာ...
ကျွန်တော်ပြောတဲ့အတိုင်း သေချာလုပ်မယ်တဲ့...
မပျောက်လို့ကတော့ နောက်တစ်ခါ သူ့ရှေ့ရောက်ရင်...
တိုင်းရင်းဆေးအကြောင်း မပြောရဘူး ဆိုပဲ...
ကဲ....
မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
ကျောက်တည်ခြင်း ဝေဒနာကို ကုသဖူးပါသလား..?
သက်သာပျောက်ကင်းမယ်လို့ရော..
ယုံကြည်ပါသလား...
အမစန်းစန်းမြင့်ကတော့....
ကျွန်တော့်အတွက် အင်္ကျီ ၂ ထည်နဲ့ ပုဆိုး ၂ ထည်
ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
ကျေးဇူးအရမ်းတင်တဲ့အကြောင်းကိုလည်း
ကျွန်တော်ပြန်ရောက်တဲ့အခါ ပြောပေးပါလို့
ကျွန်တော့်အိမ်ကို မှာခဲ့ပါတယ်တဲ့။
ဗဟုသုတအဖြစ် မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။
ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြပါစေခင်ဗျာ။ 🙏
Crd_ချစ်ခြင်းမေတ္တာဖြင့်...
လယ်တွင်းသား (ပန်းလောင်မြေ)

ယခုကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ကျန်းမာရေးဗဟုသုတများနှင့် တိုင်းရင်းဆေးနည်းကောင်းများကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ရဲ့ ShweKhit Media Page ကို Like & Follow လုပ်ထားပေးပါဦးခင်ဗျာ။
#ကျန်းမာရေးဗဟုသုတ #တိုင်းရင်းဆေး #ကျောက်ကပ်ကျောက်တည် #သည်းခြေကျောက် #တောင်ဆီးဖြူ

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော် ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွ...
29/04/2026

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်” အမှတ်တံဆိပ် လေးဖက်နာ၊ အဆစ်အမျက်နာ၊ ဂေါက်ရောဂါနှင့် အကိုက်အခဲပျောက်ဆေး၊ “ရွှေဆေး” အမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲသောက်ဆေးတို့တွင် အခြားဆေးဝါးများ၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR) များကို ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိခြင်းတို့ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဓာတ်ခွဲစစ်ဆေးချက်များအရ အဆိုပါဆေးဝါးများတွင် Paracetamol နှင့် Diclofenac ကဲ့သို့သော အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် “ရွှေဟင်္သာ” အမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲသောက်ဆေးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်အတွင်း ရောင်းချနေသည့် ဆေးဝါးမှာ မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံ၊ ဖော်စပ်နည်းများနှင့် မကိုက်ညီဘဲ စံမညီတိုင်းရင်းဆေးဝါးအဖြစ် တွေ့ရှိရကြောင်းနှင့် ဓာတ်ခွဲစစ်ဆေးချက်အရ Diclofenac ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သဖြင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စံမညီတိုင်းရင်းဆေးဝါးများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) နှင့် (၃၂) တို့အရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

အိမ်အတွင်း အပြင်မှာ အင်းဆက်ပိုးမွှား ကင်းဝေးစေမယ့် နည်းလမ်းများအိမ်နဲ့ အိမ်ပတ်ဝန်းကျင် အနီးမှာရှိတဲ့ အင်းဆက်ပိုးမွှားတွေ...
23/04/2026

အိမ်အတွင်း အပြင်မှာ အင်းဆက်ပိုးမွှား ကင်းဝေးစေမယ့် နည်းလမ်းများ

အိမ်နဲ့ အိမ်ပတ်ဝန်းကျင် အနီးမှာရှိတဲ့ အင်းဆက်ပိုးမွှားတွေကို သဘာဝနည်းလမ်းနဲ့ ကင်းဝေးအောင် လုပ်လို့ရပါတယ်။

ဓာတုဆေးဝါးတွေနည်းတူ အသုံးဝင်ပြီး သင်နဲ့ သင့် မိသားစုအတွက် အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်။



၁။ ပိုးဟပ်

ပိုးဟပ်က အစာနဲ့ရေ ရှိတဲ့ နေရာမှာပဲ နေလို့ သူတို့အတွက် စားစရာ မရှိဘူးဆိုရင် ထွက်တောင်လာမှာ မဟုတ်ပါဘူး။ ပိုးဟပ် ပြသနာကို ဖြေရှင်းဖို့အတွက် ပိုးဟပ်ထောင်ချောက်တစ်ခုပြုလုပ်ပါ။ ဘယ်လိုပြုလုပ်ရမလဲဆိုတော့ အရင်ဆုံး အချိုရည်ပလတ်စတစ်ဗူး အလွတ်ကိုယူပါ။ ထိပ်ပိုင်းကိုဖြတ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင်ပါ။ ဘေးအစွန်းပတ်ပတ်လည်ကို တိတ်နဲ့ကပ်ပါ။ ရေ အနည်းငယ်ထည့်ထားပြီး ထောင်ချောက်ကို ပိုးဟပ်ပေါတဲ့နေရာမှာ ချထားပါ။ ဒါဆို ပိုးဟပ်တွေက ထောင်ချောက်ထဲကို ဝင်ပြီး အပြင်ပြန်မထွက်နိုင်တော့ပါဘူး။

၂။ ခြင်

အင်းဆက်ပိုးမွှားတွေသေစေတဲ့ စပါးလင်မွှေး (citronella)နဲ့ စပါးလင် essential oils တို့က ခြင်ပြေးတယ်လို့ လူသိများပါတယ်။ အုန်းဆီထဲမှာ essential oils တစ်စက်နှစ်စက်ချပြီး ရောသမမွှေရမှာပါ။ ပြီးမှ အရေပြားပေါ် လိမ်းပေးထားရင် ခြင်ပြေးပါတယ်။

၃။ ပုရွက်ဆိတ်

ခွဲစိတ်ခန်းသုံး အရက်ပျံ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ပန်းကန်ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရောပြီး စပရေးဗူးထဲထည့်ပါ။ အမြှုပ်ထတဲ့အထိ လှုပ်ပေးပြီး ပုရွက်ဆိတ် လမ်းကြောင်း ရှိတဲ့ နေရာမှာ ဖြန်းပေးပါ။

၄။ ပျား

အိမ်ထဲမှာ ပျားအုံရှိလို့ စိတ်ညစ်နေရတယ်ဆိုရင် ပျားအုံရှိတဲ့ နေရာကို သံပုရာရည် အဆီနဲ့ဖြန်းပါ။ ရှောက်သီး ၊ သံပုရာသီး နဲ့ လိမ္မော်သီး တို့ကို အကွင်းလိုက် ကွင်းပြီး ရေထဲမှာ ၁၀ မိနစ် ၊ ၁၅ မိနစ်လောက်ပြုတ်ပါ။ စပရေးဗူးထဲထည့်ပြီး ပျားအုံရှိတဲ့နေရာမှာ ဖြန်းထားပါ။

၅။ နဂျယ်ကောင်

နဂျယ်ကောင် တွေက အိမ်တွေထဲမှာ ရွှံ့နဲ့ နဂျယ်အိမ်လာဆောက်တတ်ပါတယ်။ ဒီလိုမျိုး အမြင်ဆိုးတဲ့ နဂျယ်အိမ်တွေ မရှိစေချင်ရင်တော့ ပန်းကန်ဆေးဆပ်ပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနဲ့ရောပြီး စပရေးဗူးထဲ ထည့်ဖြန်းပါ။

၆။ကြမ်းပိုး

ယူကလစ်ဆီ ၁၀ စက်ကို ရေတစ်ခွက်ထဲ ထည့်ရောပြီး မွှေပါ။ စပရေးဗူးထဲ ထည့်ပြီး အိပ်ရာခင်းတွေပေါ်ဖြန်းပါ။



Ref: "Ways to Make No Insect Raid Into Your Home Ever Again"

Team (ရိုးရာလေး)

အအေးမိလို့ ချောင်းဆိုးမရပ်နိုင်သူတွေ၊ သလိပ်များနေသူတွေ ဒါမှမဟုတ် နှာခေါင်းပိတ်နေသူတွေ ဒီရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေ...
23/04/2026

အအေးမိလို့ ချောင်းဆိုးမရပ်နိုင်သူတွေ၊ သလိပ်များနေသူတွေ ဒါမှမဟုတ် နှာခေါင်းပိတ်နေသူတွေ ဒီရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။

မီးဖိုချောင်ထဲက ပစ္စည်းလေးတွေနဲ့ လွယ်လွယ်လုပ်လို့ရပြီး မျှော်လင့်ထားတာထက် ပိုပြီး အကျိုးရှိတာကို တွေ့ရပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ...
ကြက်သွန်နီ ၃-၄ လုံး (ပါးပါးလှီးထားပါ)
ပျားရည် (ကြက်သွန်နီမြုပ်တဲ့အထိ)

ပြုလုပ်နည်း
လှီးထားတဲ့ ကြက်သွန်နီကို ဖန်ပုလင်း ဒါမှမဟုတ် ဖန်ခွက်ထဲ ထည့်ပါ။
ပျားရည်ကို ကြက်သွန်နီမြုပ်အောင်ထည့်ပြီး တစ်ညလောက် (၁ ညလောက်ဆို သုံးလို့ရပါပြီ) နှပ်ထားပါ။

မနက်ခင်း ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာစီ နည်းနည်းချင်းစီ သောက်ပါ။
ရေနွေးနွေးနဲ့ ရောပြီး သောက်လို့ရသလို၊ ကြက်သွန်နီကိုပါ ဝါးစားမယ်ဆိုရင်တော့ ပိုပြီး အကျိုးရှိစေပြီး အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ သေချာပါတယ်။

တကယ်တော့၊ ကျွန်မကိုယ်တိုင်လုပ်ပြီး သောက်ကြည့်တော့ လည်ချောင်းရှင်းသွားသလို၊ အသက်ရှူရတာလည်း တော်တော်လေး လွယ်ကူလာပြီး၊ ချောင်းဆိုးတာလည်း မြန်မြန် သက်သာသွားပါတယ်၊

ဒါကြောင့်၊ ချောင်းခြောက်ဆိုးသူတွေ၊ နာတာရှည်ချောင်းဆိုးနေသူတွေ ဒါမှမဟုတ် နှာခေါင်းပိတ်သူတွေ စမ်းကြည့်သင့်ပါတယ်။ ဘာအန္တရာယ်မှမရှိပါဘူး။
Khaing Khaing
အားလုံးပဲ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ။
#ကျန်းမာရေးဗဟုသုတ #ချောင်းဆိုး #ဆေးနည်း #ကျန်းမာရေး

လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော ကင်ဆာဖြစ်စေနိုင်သည့် Free Radicals များ 📛ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းတွင် ဇီဝကမ္မဖြစ်စဉ်မျာ...
23/04/2026

လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော ကင်ဆာဖြစ်စေနိုင်သည့် Free Radicals များ 📛

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းတွင် ဇီဝကမ္မဖြစ်စဉ်များ လုပ်ဆောင်ရင်း ရှောင်လွှဲ၍မရသော ဘေးထွက်ပစ္စည်းများ ထွက်ရှိလာတတ်ပါတယ်။ ၎င်းတို့ကို Free Radicals ဟု ခေါ်ဆိုပြီး ရေရှည်တွင် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ ✨

______________________________

Free Radical ဆိုတာ ဘာလဲ? 🔬

၁။ Oxidation ဖြစ်စဉ် - ခန္ဓာကိုယ်က အောက်ဆီဂျင်ကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်တဲ့အခါ "Free Radicals" လို့ခေါ်တဲ့ မတည်ငြိမ်တဲ့ အက်တမ် (Atoms) လေးတွေ ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို Oxidation လို့ ခေါ်ပါတယ်။ ✅

၂။ ဆဲလ်များကို တိုက်ခိုက်ခြင်း - ဒီ Free Radicals တွေဟာ ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့ ဆဲလ်တွေကို လိုက်လံတိုက်ခိုက်ပြီး DNA ဖွဲ့စည်းပုံတွေကို ပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က အတန်အသင့်ကို ခံနိုင်ရည်ရှိပေမဲ့ များလာတဲ့အခါမှာတော့ "Oxidative Stress" လို့ခေါ်တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ 📉

______________________________

ဘာကြောင့် Free Radical တွေ ထွက်တာ များလာသလဲ? 📊

အဓိကအားဖြင့် အောက်ပါ အကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်။

- စိတ်ဖိစီးမှု အလွန်အကျွံ များခြင်း။ ✨
- ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်း။ ✅
- နေရောင်ခြည် (UV) ဒဏ်ကို အကာအကွယ်မဲ့စွာ ထိတွေ့ခြင်း။
- လေထုညစ်ညမ်းမှုနှင့် ဓာတုပစ္စည်းများကို ရှူရှိုက်မိခြင်း။ 🛡️

______________________________

နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ဆိုးကျိုးများ ⚠️

Free Radicals တွေ များလာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ပါအတိုင်း ဒုက္ခပေးနိုင်ပါတယ်။

- အရွယ်တင်မှုကို ပျက်စီးစေပြီး အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း (အရွယ်ကျခြင်း)။ ✨
- မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းနှင့် အမြင်အာရုံ ထိခိုက်ခြင်း။ ✅
- အဆစ်အမြစ် ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားခြင်း။
- အာရုံကြောနှင့် မှတ်ဉာဏ် ချို့ယွင်းခြင်း (Alzheimer's ကဲ့သို့ရောဂါများ)။ 🧠
- အဆိုးဆုံးအနေဖြင့် ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပွားလာရာမှ "ကင်ဆာရောဂါ" အထိ ဖြစ်ပွားနိုင်ပါတယ်။ 📍

______________________________

ဘယ်လို ပြန်လည် တိုက်ဖျက်မလဲ? 🛡️

၁။ အကြောင်းရင်းများကို လျှော့ချပါ - ဆေးလိပ်၊ အရက် ရှောင်ကြဉ်ခြင်းနှင့် စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းဖြင့် Free Radicals ထွက်ရှိမှုကို အခြေခံကစပြီး လျှော့ချပါ။ ✨

၂။ Antioxidant များများစားပါ - "Antioxidant" (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဆိုတာ Free Radicals တွေကို တိုက်ထုတ်ပေးမယ့် သူရဲကောင်းတွေ ဖြစ်ပါတယ်။ အလွယ်ပြောရရင် လတ်ဆတ်တဲ့ အသီးအနှံနဲ့ အသီးအရွက်တွေကို များများစားသုံးပေးရပါမယ်။ ✅

______________________________

သတိပြုရန် အချက်များ ⚠️

"Oxidation" ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်လို့ လုံးဝရပ်တန့်လို့ မရနိုင်ပေမဲ့၊ ကျွန်ုပ်တို့ရဲ့ နေထိုင်စားသောက်မှု ပုံစံဖြင့် ၎င်းရဲ့ ဆိုးကျိုးတွေကိုတော့ လျှော့ချနိုင်ပါတယ်။ 🩺

______________________________

နိဂုံးချုပ်အနေနဲ့ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေဟာ သင့်ဆဲလ်တွေကို Fred radical တွေကနေ ကာကွယ်ပေးမယ့် သံချပ်ကာတွေပါပဲ။ နောက်ထပ် Post မှာ ဘယ်လို အစားအစာတွေက Antioxidant တွေပါဝင်လဲဆိုတာ တင်ပေးသွားပါမယ်။ 💪 ✨

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ရှယ် (Share) နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 📛

ဘာမှ မမျှော်လင့်ထားပေမဲ့...တစ်ခွက်တည်းနဲ့တင် ဗိုက်ခေါက်တွေ သိသိသာသာ ချပ်ရပ်သွားတယ်။ကော်ဖီခါးခါးထဲ သံပရာရည်ညှစ်ပြီး မနက်တ...
20/04/2026

ဘာမှ မမျှော်လင့်ထားပေမဲ့...
တစ်ခွက်တည်းနဲ့တင် ဗိုက်ခေါက်တွေ သိသိသာသာ ချပ်ရပ်သွားတယ်။
ကော်ဖီခါးခါးထဲ သံပရာရည်ညှစ်ပြီး မနက်တိုင်းသောက်တော့ ခါးတွေ တဖြည်းဖြည်း သေးသွယ်လာတယ်။
မနက်စာမစားခင် တစ်ခွက် ပုံမှန်သောက်ပေးပါ။
အိမ်သာတက်ရတာ ပိုလွယ်ကူလာပြီး အားစိုက်စရာ လုံးဝမလိုတော့ဘူး။
ဗိုက်မပွတော့ဘဲ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးလန်းဆန်းလာတယ်။
မနက်အိပ်ရာထရင် လန်းဆန်းဖျတ်လတ်ပြီး ကိုယ်လက်ပေါ့ပါးသွားတယ်။
ခါးဆိုဒ်အရင်အတိုင်းပေမဲ့ ဘောင်းဘီတွေဆို အရင်ကလို မကျပ်တော့ဘူး။
တချို့ရက်တွေမှာ ခေါင်းမကြည်ရင် သောက်လိုက်တာနဲ့ ဦးနှောက်ကြည်လင်သွားတယ်။
သတိပြုရန်
သကြားမပါတဲ့ ကော်ဖီအနက် စစ်စစ် (Black Coffee) ဖြစ်ရမယ်။
သံပရာသီးတစ်ခြမ်းပဲ ထည့်ပါ။ အရမ်းများရင် ရင်ပူဗိုက်အောင့် တတ်တယ်။
ကိုယ်အလေးချိန် လျော့ကျစေမယ့် လွယ်ကူတဲ့နည်းလမ်းကို ရှာနေသူတွေအတွက် ဒီနည်းလေးက တကယ် စမ်းသပ်သင့်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
ယခုလို ကျန်းမာရေးနဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို နေ့စဉ်တင်ဆက်ပေးနေတာမို့ ကျွန်တော်တို့ရဲ့ Alin Thit Media Page ကို Like နဲ့ Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလန်းဆန်းကြပါစေ။
#ကျန်းမာရေးဗဟုသုတ #ကိုယ်အလေးချိန်လျှော့ချခြင်း

ဆွမ်းမွှေးရွက် ၅ ရွက်နဲ့ စပါးလင် ၅ ပင်ကို အနည်းငယ် ဓားပြားရိုက်ပြီး ရေ ၂ လီတာထဲ ထည့်ပြုတ်ပေးပါ။ ရေဆူလာပြီဆိုရင်တော့ မီးက...
20/04/2026

ဆွမ်းမွှေးရွက် ၅ ရွက်နဲ့ စပါးလင် ၅ ပင်ကို အနည်းငယ် ဓားပြားရိုက်ပြီး ရေ ၂ လီတာထဲ ထည့်ပြုတ်ပေးပါ။ ရေဆူလာပြီဆိုရင်တော့ မီးကို အေးအေးလေးလျှော့လိုက်ပြီး ၁၅ မိနစ်လောက် ဆက်ပြီး တည်ထားပေးရပါမယ်။ ဒီဆေးရည်ကို ရေအစား ၁ ပတ်ကနေ ၂ ပတ်အထိ သောက်ပေးမယ်ဆိုရင် သွေးထဲက Uric Acid (ယူရစ်အက်ဆစ်) တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အဆစ်အမြစ်ကိုက်တာ၊ ဒူးနာတာနဲ့ ဂေါက်ရောဂါတွေကိုလည်း သက်သာစေမှာပါ။ ဒါ့အပြင် နှလုံးအားကောင်းစေတာ၊ သွေးချိုကျစေတာနဲ့ ဆီးတစ်စက်စက်ကျတာ၊ ဆီးမကုန်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ဒီနည်းလမ်းလေးနဲ့ သက်သာသွားတဲ့သူတွေ အများကြီးရှိနေပြီမို့လို့ စမ်းကြည့်လိုက်ပါဦးနော်။

MON SOUNG

19/04/2026

သကြားအလွန်အကျွံစားခြင်းနှင့် အရွယ်အိုမင်းရင့်ရော်မှု🍬⚠️

သကြားအလွန်အကျွံစားတာဟာ ကိုယ်အလေးချိန်တက်တာတင်မကဘဲ သင့်ရဲ့ အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အဓိကတရားခံတစ်ဦး ဖြစ်ပါတယ်။ ဒါကို သိပ္ပံနည်းကျ ဘယ်လိုခေါ်သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ ✨

______________________________

Glycation ဖြစ်စဉ်နှင့် အသားအရေ ပျက်စီးပုံ 🔬

၁။ Glycation (ဂလိုင်ကေးရှင်း) ဖြစ်စဉ် - သွေးထဲမှာ သကြားဓာတ်တွေ အလွန်အကျွံ များနေတဲ့အခါ အဲဒီသကြားတွေဟာ ခန္ဓာကိုယ်ထဲက ပရိုတင်း (Protein) တွေနဲ့ သွားရောက် ပေါင်းစပ်ပါတယ်။ ဒီလိုပေါင်းစပ်ရာကနေ "Advanced Glycation End-products (AGEs)" လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းသစ်တွေ ထွက်လာပါတယ်။ ✅

၂။ ကော်လာဂျင်ကို ဖျက်ဆီးခြင်း - AGEs တွေဟာ အသားအရေကို တင်းရင်းချောမွေ့စေတဲ့ ကော်လာဂျင် (Collagen) နဲ့ အယ်လာစတင် (Elastin) အမျှင်ဓာတ်တွေကို တိုက်ခိုက်ပါတယ်။ ဒီအခါမှာ အဲဒီအမျှင်ဓာတ်တွေဟာ ကြွပ်ဆတ်ပြီး အားနည်းသွားပါတယ်။ 📉

၃။ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း - ကော်လာဂျင်တွေ ပျက်စီးသွားတဲ့အခါ အသားအရေဟာ တင်းရင်းမှုမရှိတော့ဘဲ တွန့်လိပ်လာခြင်း၊ အရေးအကြောင်းများ ထင်ရှားလာခြင်းနဲ့ အသားအရေ ညှိုးမှိန်လာခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ 🛡️

______________________________

သကြားကြောင့်ဖြစ်တဲ့ အသားအရေ ပြဿနာများ 📊

- ဝက်ခြံထွက်ခြင်း: သကြားစားခြင်းက အင်ဆူလင်ကို မြင့်တက်စေပြီး အဆီပြန်ခြင်းနဲ့ ရောင်ရမ်းမှုကို အားပေးတာကြောင့် ဝက်ခြံ ပိုထွက်စေပါတယ်။ ✨

- အသားအရေ နီမြန်းရောင်ရမ်းခြင်း: သကြားဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု (Inflammation) ကို ဖြစ်စေပြီး အသားအရေကို နီမြန်းစေနိုင်ပါတယ်။ ✅

- နေလောင်ဒဏ် မခံနိုင်ခြင်း: AGEs ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ရဲ့ နေရောင်ခြည်ဒဏ်ကို ခုခံနိုင်စွမ်းကို လျော့ကျစေပါတယ်။ ☀️

______________________________

ဘယ်လို ကာကွယ်မလဲ? 🛡️

- သကြားလျှော့စားပါ: အချိုရည်များ၊ မုန့်ချိုများနှင့် အသင့်စား အစားအစာများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ✨

- ရေများများသောက်ပါ: ရေဓာတ်ပြည့်ဝခြင်းက အသားအရေကို စိုပြေစေပြီး အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။ 💧

- ဗီတာမင် စီ (Vitamin C) စားသုံးပါ: ဗီတာမင် စီ ဟာ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးပြီး Glycation ဖြစ်စဉ်ကို ဟန့်တားပေးနိုင်ပါတယ်။ 🍋

- အိပ်ရေးဝဝအိပ်ပါ: အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့အတွက် အရွယ်တင်စေပါတယ်။ 😴

______________________________

သတိပြုရန် အချက်များ ⚠️

သကြားဟာ အသားအရေတင်မကဘဲ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အချိုစားတာဟာ စက္ကန့်ပိုင်းသာ အရသာရှိပေမဲ့၊ အရွယ်အိုခြင်းကတော့ ရေရှည်ခံစားရမှာဖြစ်ပါတယ်။ 🩺

______________________________

နိဂုံးချုပ်အနေနဲ့ သကြားလျှော့စားခြင်းက Skin Care (အရွယ်တင်နုပျိုအောင် အသားအရေထိန်းသိမ်းခြင်း) တစ်မျိုးဖြစ်ပါတယ်။ သင့်ရဲ့ အစားအသောက်ကို ဆင်ခြင်ခြင်းဖြင့် နုပျိုကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းပါခင်ဗျာ။ 💪 ✨

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ရှယ် (Share) နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 🍬⚠️

လူအများစုက မြင်တာနဲ့တင် မျက်နှာလွှဲတတ်ကြပါတယ်။ ခါးသက်တဲ့အရသာကို မနှစ်သက်ကြလိုပေါ့။ ဒါပေမဲ့ သတိပြုရမှာက သင်္ဘောရွက်ရဲ့ ခါ...
13/04/2026

လူအများစုက မြင်တာနဲ့တင် မျက်နှာလွှဲတတ်ကြပါတယ်။ ခါးသက်တဲ့အရသာကို မနှစ်သက်ကြလိုပေါ့။ ဒါပေမဲ့ သတိပြုရမှာက သင်္ဘောရွက်ရဲ့ ခါးသက်သက်အရသာနောက်ကွယ်မှာ ကျန်းမာရေးအတွက် တကယ့်ကို အဖိုးတန်ပြီး အစွမ်းထက်တဲ့ အာနိသင်တွေ ရှိနေတာပါပဲ။
သင်္ဘောရွက်ကို ပြုတ်ပြီး ငပိရည်နဲ့ တွဲဖက်စားသုံးပေးရင် သင့်ကျန်းမာရေးအတွက် အခုလို ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်-
ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်လို ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
သွေးဥဆဲလ်တွေကို တိုးပွားစေခြင်း - သွေးအားနည်းသူတွေနဲ့ သွေးဥဆဲလ် လိုအပ်နေသူတွေအတွက် အထူးပင် ကောင်းမွန်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း - ခန္ဓာကိုယ်ရဲ့ သကြားဓာတ်ကို မျှတစေဖို ကူညီပေးပါတယ်။
အစာခြေစနစ်ကို ကောင်းမွန်စေခြင်း - အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာကြေစနစ်ကို အားကောင်းစေပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း - ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေဖိုအတွက် ခုခံအားကို မြှင့်တင်ပေးပါတယ်။
တချိုကတော့ သင်္ဘောရွက် (အထီး) ကို ရေနွေးကြမ်းလိုမျိုး ကျိုသောက်လေ့ရှိသလို၊ အခါးသက်သာအောင် စံပယ်ပန်းလေးတွေ ထည့်ပြီးတော့လည်း သောက်တတ်ကြပါတယ်။ ✨
ရှေးလူကြီးတွေ ပြောသလို "အချိုက သွေးတိုး၊ အခါးက ဆေး" ဆိုတာ တကယ်ကို မှန်ကန်ပါတယ်။ မိမိရဲ့ ကျန်းမာရေးအတွက် ဒီလို သဘာဝဆေးဖက်ဝင် အပင်လေးတွေကို စားသုံးပေးဖို တိုက်တွန်းလိုက်ပါရစေ။
Alin Thit Media
အမှန်ကန်ဆုံး သတင်းနဲ့ ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Alin Thit Media Page ကို Follow လုပ်ထားဖို မမေ့နဲ့ဦးနော်။

ကျန်းမာရေးဟာ လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုတစ်ခုပါ။ အထူးသဖြင့် မနက်ခင်းမှာ နိုးထလာတဲ့အချိ...
11/04/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုတစ်ခုပါ။ အထူးသဖြင့် မနက်ခင်းမှာ နိုးထလာတဲ့အချိန်ဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ပြန်လည်လှုံ့ဆော်ပေးနိုင်တဲ့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ မိနစ်အနည်းငယ်သာ ကုန်ခံပေးရုံနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်းလို အန္တရာယ်များကို လျှော့ချနိုင်ပါတယ်။ အောက်ပါ နည်းလမ်း (၁၀) ချက်ကို လိုက်နာကြည့်ပါ—

၁။ ရေနွေးနွေး + ဆားအနည်းငယ်
မနက်နိုးချင်း ရေနွေးနွေးထဲ ဆားအနည်းငယ်ထည့်သောက်ခြင်းက အိပ်စက်နေစဉ် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်ဖြည့်ပေးပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။

၂။ ခြေဖျားထောက်လေ့ကျင့်ခန်း
သွားတိုက်နေချိန်အတွင်း ခြေဖျားထောက်ခြင်းကို အကြိမ်အနည်းငယ် ပြုလုပ်ပါ။ ဒါက ခြေထောက်မှ သွေးတွေကို နှလုံးဘက် ပြန်လည်ပို့ဆောင်ရာမှာ ကူညီပေးပါတယ်။

၃။ မျက်နှာကို ရေအေးနဲ့ သစ်ပါ
ရေအေးနဲ့ မျက်နှာသစ်ခြင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။

၄။ မနက်ခင်း နေရောင်ခံယူပါ
မနက်အစောပိုင်း နေရောင်ခြည်က ခန္ဓာကိုယ်တွင်း သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

၅။ ခြေဗလာနဲ့ လမ်းလျှောက်ပါ
မြေပြင်နဲ့ တိုက်ရိုက်ထိတွေ့ပြီး လမ်းလျှောက်ခြင်းက ကိုယ်ခန္ဓာအတွက် သက်သာမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။

၆။ ကော်ဖီကို ခဏစောင့်ပြီးမှ သောက်ပါ
နိုးနိုးချင်း ကော်ဖီသောက်ခြင်းထက် မိနစ်အနည်းငယ် စောင့်ပြီးမှ သောက်ခြင်းက ခန္ဓာကိုယ်အတွက် ပိုမိုသင့်တော်ပါတယ်။

၇။ အသက်ရှူနည်း (၄-၇-၈)
ဝင်သက်၊ အောင့်ထား၊ ထွက်သက် စနစ်တကျ လေရှူခြင်းက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး သွေးပေါင်ကို ထိန်းညှိပေးပါတယ်။

၈။ မတ်ချာ လက်ဖက်ရည် သောက်ပါ
သကြားမထည့်ဘဲ မတ်ချာသောက်ခြင်းက ခန္ဓာကိုယ်အတွက် အကျိုးရှိစေပြီး သွေးလည်ပတ်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။

၉။ ကျန်းမာရေးအဆီများ စားသုံးပါ
အဗိုကာဒို၊ သံလွင်ဆီတို့လို အဆီကောင်းများက သွေးကြောများကို ကျန်းမာစေပါတယ်။

၁၀။ ပဲမျိုးစုံ စားပါ
ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ကိုလက်စထရောကို လျှော့ချပေးပြီး သွေးထဲသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဒီလို မနက်ခင်းအလေ့အကျင့်လေးတွေကို နေ့စဉ် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းမွန်လာပြီး ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး သင့်မနက်ခင်းကို ကျန်းမာစွာ စတင်လိုက်ပါ။

ရေကို ရေငတ်မှ သောက်တာထက်... တကယ်တမ်း အကျိုးထူးမယ့် အချိန်လေးတွေမှာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ✨ကျန်းမာရေးအတွက် ရေကို ဘယ်အ...
07/04/2026

ရေကို ရေငတ်မှ သောက်တာထက်... တကယ်တမ်း အကျိုးထူးမယ့် အချိန်လေးတွေမှာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ✨
ကျန်းမာရေးအတွက် ရေကို ဘယ်အချိန်မှာ သောက်ရင် အထိရောက်ဆုံးဖြစ်မလဲဆိုတာ ဒေါက်တာခင်မိုးမိုးရဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ❤️
💧 နံနက်အိပ်ရာထခါစ
တစ်ညတာလုံး ရေဓာတ်ခန်းခြောက်နေတဲ့ ခန္ဓာကိုယ်အတွက် ရေတစ်ခွက်က အကောင်းဆုံး အားအင်ပါ။
🍽️ ထမင်းမစားခင်
အစာခြေစနစ်ကို သန့်စင်ပေးပြီး ဝိတ်ကျစေဖို့ ကူညီပေးပါတယ်။
🚿 ရေမချိုးခင်
ရေနွေးတစ်ခွက် (သို့) ရေတစ်ခွက် သောက်ပေးခြင်းက သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။
😴 အိပ်ရာမဝင်ခင်
အိပ်ပျော်နေစဉ် ရေဓာတ်ပြည့်ဝစေပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။
🏃‍♂️ လေ့ကျင့်ခန်းလုပ်ချိန်/ချွေးထွက်ချိန်
ဆုံးရှုံးသွားတဲ့ အရည်ဓာတ်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ မမေ့ပါနဲ့။
💆 အနှိပ်ခံပြီးချိန်
ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အဆိပ်အတောက်တွေကို ရေနဲ့အတူ အမြန်ဆုံး စွန့်ထုတ်ပါ။
🧖 ချွေးထုတ်ခန်း (Sauna) အဝင်/အထွက်
ဓာတ်ဆားဓာတ် မဆုံးရှုံးအောင် ကြိုတင်ကာကွယ်ပြီး ပြန်လည်ဖြည့်တင်းပါ။
အဆုံးအထိဖက်ပြီးပြီးဆိုရင် လွယ်ကူပြီး အရမ်ကောင်းတယ် လို့ Comment ရေပေးခဲ့ပါဦးနော်
အားလုံးကျမ်းမာချမ်းသားကြပါဗျာ
အများသိအောင် ရှဲပေးကြပါ ကျေးဇူးတင်ပါတယ်

Address

Kuala Lumpur
561000

Telephone

09763825833

Website

Alerts

Be the first to know and let us send you an email when က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category