Chan Nyein Aung Astrologist

Chan Nyein Aung Astrologist Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Nyein Aung Astrologist, Astrologist & Psychic, Kuala Lumpur.

ဟိန္ဒူ ဒဿန နက္ခတ် စန်း ဗေဒင် ပညာရပ် စနစ် ဖြင့်

ဟောပြောပေးပါသည်။ အမည် ၊ မွေးရက် ၊ မွေးလ ၊ မွေးခုနှစ် ၊

မွေးချိန်၊ မွေးဖွားရာမြို့ ပေးပို့၍ မေးမြန်းနိုင်ပါပြီ…

ယနေ့ မနက် ၄ နာရီ အိပ်ယာနိုးတော့ facebook သုံးရင်း ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး ၏ ဇာတာ အား မိမိ တတ်မြောက်ထားသ...
21/09/2025

ယနေ့ မနက် ၄ နာရီ အိပ်ယာနိုးတော့

facebook သုံးရင်း ကျေးဇူးတော်ရှင်

ဖားအောက်ဆရာတော်ဘုရားကြီး ၏ ဇာတာ အား

မိမိ တတ်မြောက်ထားသော ဗေဒင်ပညာဖြင့်

ပူဇော်ကန်တော့ လိုသောကြောင့် တွက်ချက်ပူဇော်

ခြင်း 🙏🙏🙏(မွေးချိန် အတိအကျမသိ၍

စန်းကို အခြေခံ ၍ တွက်ချက်ပူဇော်ပါသည်)

ဆရာတော်ဘုရားကြီး သည်

၁) တူရာသီ စန်း ဖြစ်သောကြောင့် မျှတသော

စိတ်ထားရှိခြင်း ၊ သမာသမတ် ရှိခြင်း ၊

ဖြောင့်မတ် မှန်ကန်သော စိတ်ထားရှိသည်ကို

တွေ့ရှိရပါသည်

၂) လောကုတ္တရာသီများ ဖြစ်သော မကာရ ရာသီ

တွင် ရာဟု ၊ ကုမ်ရာသီ တွင် စနေ ရပ်တည်ပြီး

လောကုတ္တရာသီ တွင် အမြင့်ဆုံး ရာသီဖြစ်သော

မိန်ရာသီ ကို ကြာသာပတေး မြင်နေခြင်းကြောင့်

ဘာသာရေးသမား စစ်စစ် ဖြစ်သလို ယခုဘဝ

တွင် တရားထူး ၊ တရားမြတ်ရနိုင်မည့် ကံဇာတာ

၁၀၀ ရာခိုင်နှုန်း အပြည့်ရှိပါသည်

၃) ကုမ်ရာသီ တွင် ရပ်တည်သော စနေဂြိုလ် သည်

ဆရာတော်ဘုရားကြီး ၏ တရားကျင့်ကြံရာတွင်

ဇွဲ ကောင်းမှု ၊ မဆုတ်မနစ် ကြိုးစားအားထုတ်မှု

ဝီရိယ ကောင်းမှု ကို ဖော်ပြပြီး သာသနာတော်တွင်

ဝိနည်း စည်းကမ်း နှင့် ကိုယ်ကျင့်သီလ ကို

အလေးထားမှု ဖော်ပြပါသည်

၄) မကာရ ရာသီတွင် ရပ်တည်နေသော

ရာဟုဂြိုလ် နှင့် ကန် ရာသီ ကြာသာတေး ဂြိုလ်

တို့ အပြန်အလှန်

ဆက်သွယ်မှု ရှိနေခြင်းကြောင့် ၅၈ သမ္ဗန္ဓ အရ

ဘာသာရေး သမား စစ်စစ် ဖြစ်ခြင်း ၊

ဘာသာရေး တွင် ယုံကြည်ချက် ၊

ခံယူချက် ကောင်းမွန်ခြင်း ကို တွေ့ရှိရပါသည်

၅) ဝိပဿနာ ဂြိုလ် ကြာသာပတေး ဂြိုလ်သည်

လောကုတ္တရာသီ မိန်ရာသီ ကို မြင်နေခြင်းကြောင့်

ဘုန်းကြီး ၊ ရဟန်း ဘဝ ဖြင့် အရိုးထုတ်ရပြီး

ဝိပဿနာ တရား တွင် တရားထူး ၊ တရားမြတ်

ရနိုင်သည့် ကံ ဇာတာ ပါရှိသည်ကို သုံးသပ်မိပါသည်

ယခု ဘဝ တွင် ပင် ရဟန်း က်ိစ္စ ပြီးစီးနိုင်ပါသည်

၆) ဇာတာတွင် ကိလေသာ ကာမဂုဏ် အာရုံ နဲ့

ပတ်သက်သည် ၃၆ သည်

( မရဏ ဘာဝ သေဆုံးခြင်း) တွင်

ရပ်တည်ပူးယှဥ်ခြင်းကြောင့်

ကာမဂုဏ် အာရုံတို့အား ပယ်သတ်နိုင်ခြင်း

အပြင် ဆရာတော်ဘုရားကြီး အား

လွန်စွာကြည်ညိုသော တပည့်တပန်း သာဝက

များခြင်း

နှင့် ဒကာ ဒကာမ ပေါများခြင်း ၊ အခြွေအရံ နှင့်

တရားနာ ပရိသတ်များခြင်းကို တွေ့ရှိရပါသည်

၇) ထို့အပြင် ထို အင်္ဂါ နှင့် သောကြာ ၃၆ အား

ပညာဂြိုလ် ၅ တေး မှ ၉ တန့်ဖြင့် မြင်နေခြင်း

ကြောင့် ဆင်ခြင်တုံတရား အားကောင်းပြီး

ကိလေသာ ကာမဂုဏ် အာရုံ တို့ကို

ပညာ ဉာဏ် ဖြင့် ပယ်သတ်နိုင်ခြင်း ကို

တွေ့ရပါသည်

၈) စန်း ၏ ၁၂ တန့် ကြာသာပတေးဂြိုလ် ရပ်တည်မှု

ကြောင့် လည်း ပညာအရာ တွင်

အကျိုးပေးခြင်း၊

ပညာရေး ၊ တပည့်တပန်း ကံကောင်ခြင်း

ကို တွေ့ရှိရပါသည်

၉) မွေးစဥ်ကတည်း က တူရာသီစန်း ကို

မကောင်းသော ပါပ ဂြိုလ်များ ဖြစ်သော

စနေဂြိုလ် ၊ ရာဟုဂြိုလ် ၊ အဂါ ဂြိုဟ် တို့ ၏

အမြင်အယှဥ် မခံရခြင်းကလည်း အသက်ရှည်

ကျန်းမာခြင်းကို ဖြစ်ပေါ်စေသည်

၁၀) ဇာတာတွင် ကန်စန်း ၏ ၁ တန့် အိမ်ရှင် နှင့်

၉ တန့် အိမ်ရှင် ဗုဒ္ဓဟူး ဂြိုလ် ၁၀ တန့် တွင်

ရပ်တည် ပြီး ဘာသာရေးဂြိုလ် ရာဟု နှင့်

၄၈ အပြန်အလှန် မြင်နေသော ကြောင့်

နိုင်ငံရပ်ခြား အထိ သာသနာပြုရခြင်းကို

တွေ့ရှိရပါသည်

၁၁) စန်း ၏ ၁၂တန့် ဘာ၀ တွင် အသိဉာဏ်ပညာ

ဂြိုလ် ဝိပဿနာ ဂြိုလ် ဖြစ်သည့်

ကြာသာပတေး ရပ်ခြင်းကလည်း သံသရာမှ

လွတ်မြောက်ခြင်းကိုလည်း ဖော်ပြနေပါသည်။

၁၂) နောက်ထပ် ထူးခြားချက် မှ ဒုဌာန အိမ်များဖြစ်သော

၆ တန့် (အာရီ ဘာ၀ ၊ အနာရောဂါ၊ ရန်သူ) မိန်ရာသီ၊

၈တန့် မရဏာဘဝ (ပြိဿရာသီ) ကို

ကြာသာပတေး ဂြိုလ် (ဝိပဿနာဂြိုလ်) မှ

၇ တန့် ၊ ၉ တန့် ဖြင့် လည်းကောင်း ၊

၁၂ တန့် ဗျာယ ဘာဝ ကြာသာပတေး ဂြိုလ်ကြီး မှ

ရပ်တည်ခြင်းကြောင့် ဆရာတော်ဘုရားကြီးသည်

အို ၊ နာ ၊ သေဘေး သံသရာ ကြီး မှ လွတ်မြောက်ပြီး

နိဗ္ဗာန်ချမ်းသာမြတ် သို့ တက်လှမ်းမည့်သူဖြစ်ပါ

ကြောင်း ထပ်ဆင့်သုံးသပ်မိပါသည် 🙏🙏🙏

**** ဒုဌာန အိမ် (၆တန့် ၊ ၈တန့်) များသည်

လောကီလူသားတို့အတွက် မကောင်းသော်လည်း

သံသရာ မှ လွတ်မြောက်အောင် တရားကျင့်ကြံကြိုးစား

အားထုတ်နေသော လောကုတ္တရာ သမားများအတွက်

အလွန်တရာမှ ကောင်း ၍အကျိုးထူးလှပါသည် ….

ဆရာတော် ဘုရာကြီး ဇာတာတွင် ၆ တန့် ၊ ၈ တန့် အား

၅ တေး မှ ၇ တန့် ၊ ၉ တန့် ဖြင့်မြင်ပြီး ၊ ၁၂ တန့် တွင်

၅ တေး ရပ်ခြင်းက လွန်စွာထူးခြားလှပါသည်

ဟိန္ဒူ ဒဿန စန်း ဗေဒင်စနစ်အား သင်ကြားပေးသော

ဆရာနေ နှင့် ဆရာကိုကိုကျော် တို့ အား

လေးစား ဂါဝရပြု ပါသည် 🙏🙏🙏

၂၇-၆-၂၀၂၅ (သောကြာနေ့) နံနက် ၅ နာရီ ၃၀ မိနစ်

မကြာမီ နှလုံး ခွဲစိတ်ပြီး နှလုံး စက်တပ်မည့် လူနာ ၏ ဇာတာ အား သုံးသပ်ဟောပြောခြင်း(၂၀-၉-၂၀၂၅)တတ်သည့် ပညာ မနေသာ ဆိုသလို ကျွန...
21/09/2025

မကြာမီ နှလုံး ခွဲစိတ်ပြီး နှလုံး စက်တပ်မည့်

လူနာ ၏ ဇာတာ အား သုံးသပ်ဟောပြောခြင်း

(၂၀-၉-၂၀၂၅)

တတ်သည့် ပညာ မနေသာ ဆိုသလို

ကျွန်တော် သည် နှလုံး နှင့် သွေးကြောခွဲစိတ်ဆောင်

ရောက်ရှိကတည်း က လူနာများစွာ နှင့် တွေ့မြင်

ခင်မင်ရင်း ဖြင့် ထိုသူတို့၏ ဇာတာထဲ မှာ တစ်စောင်အား

ဟိန္ဒူ ဒဿန စန်း ဗေဒင် ပညာရပ် စနစ် ဖြင့်

သုံးသပ်ဆွေးနွေးဖြစ်ခဲ့သည်

ဇာတာရှင် ညီငယ်လေး မှာ အသက် ၂၂ ခန့်သာ

ရှိသေးသော်လည်း နှလုံး မကြာမီ ခွဲစိတ်၍

ကုသမှုခံရမည့်သူ ဖြစ်ပါသည် …

၁) ဇာတာရှင် သည် မွေးဖွားစဉ် ကတည်း က

၂ ကြိမ် ထက် မနည်း ခွဲစိတ်ကုသရမည့် ကံဇာတာ 💯

ပါလာခဲ့ပြီး သား ဖြစ်ပါသည်။ (စန်း ၏ ၈ တန့် အင်္ဂါ)

၂) ခွဲစိတ်ကုသရမည့်ကာလ မှာ (၁၄-၉-၂၀၂၅ မှ

၂၇-၁၀-၂၀၂၅) ကောဇာ အင်္ဂါ တူရာသီ မှ

မူလ မွေးဇာတာရှိ ၈ တန့် အင်္ဂါ အား ၄ တန့် ဖြင့်

မြင်နေခြင်းကြောင့် ဤ ကာလ တွင် ခွဲစိတ်ကုသမှု

ခံယူရမည် မှာ သေချာကြောင်း ဟောပြောပေးခဲ့သည်

ခွဲစိတ် ကုသ မှု ခံရမည့် ကာလ ဖြစ်နေတာကြောင့်

မစိုးရိမ် ဖို့ နဲ့ အင်္ဂါဂြိုလ် အစီးအနင်း ယတြာကို

ပေး၍ သုံးသပ်ဟောပြောပေးခဲ့ပါသည်…

၃) မူလ မွေးဇာတာ ရှိ ၄၆ ဗုဒ္ဓဟူး နှင့် သောကြာ ဂြိုလ်

အား မူလ အင်္ဂါ မှ ပူးမြင်ထားခြင်းကြောင့်

ဘဝ တွင် ယာဉ်ကား မတော်တဆ ထိခိုက်မှု ကံ

💯 ပါရှိသည် ဟု ဟောပြောခဲ့ရာ

ဇာတာရှင် ညီလေး မှ ဟုတ်ပါတယ် အစ်ကို

ကျွန်တော် ဆိုင်ကယ် ခဏ ခဏ မှောက်ဖူးပါတယ်

ဖြေတော့ သူ့ဖခင် မှ ဘေးနား မှာ အံ့ဩတကြီး နဲ့

သား ဖြစ်သူ မျက်နှာ အား ကြည့်လေသည်

၄) ဒီ ဇာတာအရ ဆိုရင် စက်မှု လုပ်ငန်း ၊ စက်ပြင် ၊

စက် နဲ့ ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ရမှာ

ဖြစ်သလို ယာဉ်ကား အလုပ် ၊ ရေကြောင်း နဲ့ ပတ်သက်

သော အလုပ် များ လုပ်ကိုင်ရတတ်တယ် လို့

ဟောပေးခဲ့တော့ ဇာတာရှင် ဖခင် မှာ

မှန်ကန်ပါတယ် သား ဖြစ်သူက စက်မှုလုပ်ငန်း လုပ်ကိုင်

နေပြီး ယာဉ်ကား လုပ်ငန်းပါ စိတ်ဝင်စား၍ သင်ယူဖို့ရှိ

ကြောင်း ပြောပြဖြစ်ခဲ့ပါတယ်

၅) ကောဇာ ကြာသာပတေး ဂြိုလ် မှ ၁၈-၁၀-၂၀၂၅ မှ

စတင်ပြီး ကရကဋ် ရာသီ သို့ ရောက်ရှိမည့်

ကာလ မှ စတင်ပြီး မူလ ၅ တေး ၊ မူလ အင်္ဂါ အား

စီးမြင်ချိန် တွင် ခွဲစိတ်ကုသမှု လုပ်ဆောင်ပါက လည်း

အောင်မြင်နိုင်ကြောင်း နှင့်

လက်ရှိ ကောဇာ အင်္ဂါ တူရာသီ မှ မူလ အင်္ဂါ မကာရ

ရာသီ အား စီးမြင်ချိန်မှာလည်း ခွဲစိတ်ကုသမှု ခံရမည့်

ကာလ ဖြစ်သည့် အတွက် မစ်ိုးရိမ် ရန်

သုံးသပ်ဟောပြော ဖြစ်ခဲ့ပါသည်။

၆) မိဿ ရာသီ အား ဦးခေါင်းထား ၍

ကာလပုရိဿ ဖြင့် ကြည့်သော်

ကရကဋ် ရာသီ သည် ရင်ဘတ် ၊ နှလုံး ရောဂါ ကို

ဖော်ပြပြီး ၈ တန့် အင်္ဂါ မှ မြင်နေခြင်းကြောင့်

ဇာတာရှင် သည် မွေးစဉ်ကတည်းက နှလုံးခွဲစိတ်ကုသ

ရမည့် ကံ ပါလာသူ ဟု လည်း ပြောလို့ရပါသည်

၇) ၈ တန့် အင်္ဂါ ကြောင့် ၂ ကြိမ် ထက် မနည်း

ခွဲစိတ်ကုသမှု ခံရပါမည်

၈) ထို့အပြင် ကုမ်ရာသီ ကောဇာ ရာဟု မှ မူလ ဇာတာ၏

၂၀ အား ၃၁-၅-၂၀၂၅ မှ ၂၆-၁၁-၂၀၂၆ အတွင်း

မူလ တနင်္လာ ၊ စနေ အား စီးမြင်ခြင်း က လည်း

ဇာတာရှင် အနေ ဖြင့် ငွေကုန်ကြေးကျများခြင်း

ကျန်းမာရေး ညံ့ခြင်း ၊ ဆေးရုံဆေးခန်း သွားရမည့်

ကာလ ဖြစ်နေသည့် အချိန်ဖြစ်သည့် အတွက်

ကောဇာ ရာဟု ဂြိုလ် အစီးအနင်း နှင့် လည်း

လက်ရှိ ဖြစ်ရပ်မှာ ကွက်တိ ဟောကွက် ကိုက်ညီခဲ့

ပါသည်။

၉) ကျွန်ုပ် အနေနဲ့ လူနာ နှင့် လူနာ ရှင် မိသားစု အား

အတိ သောမဂြိုလ်ကြီး ကောဇာ ကြာသာပတေး

၁၈ ရက် အောက်တိုဘာလ တွင် ကရကဋ် ရာသီ

ဥုစ် အိမ် စတင်ရောက်ရှိသည့် ကာလမှ စတင်၍

ကောင်းမွန်လာမည် ဟု အားပေးစကားပြောကြားရင်း

မေတ္တာ ဖြင့် ဟောပြောသုံးသပ်ပေးခဲ့ပါသည်။

ကျန်းမာခြင်း သည် လာဘ် တစ်ပါး

လေးစားစွာဖြင့်

ချမ်းငြိမ်းအောင်

၂၀-၉-၂၀၂၅

နှလုံး နှင့် ခွဲစိတ် သွေးကြော ကုသ ဆောင်

ယနေ့ ကွယ်လွန်သွားသော အမျိုးသမီး တစ်ဦး ၏ဇာတာ ဖြစ်ပါတယ်၁) ကောဇာ အင်္ဂါ မှ မူလ စန်း ကို စီးပြီး စန်းသခင် ဂြိုလ်      ဗုဒ္ဓဟ...
15/03/2025

ယနေ့ ကွယ်လွန်သွားသော အမျိုးသမီး တစ်ဦး ၏

ဇာတာ ဖြစ်ပါတယ်

၁) ကောဇာ အင်္ဂါ မှ မူလ စန်း ကို စီးပြီး စန်းသခင် ဂြိုလ်

ဗုဒ္ဓဟူး ဂြိုလ် ကို ၄ တန့် ဖြင့် မြင်ခြင်း

၂) ကောဇာ ရာဟု မှ မူလ ရာဟု ကို စီးမြင်ပြီး

မူလ မေထုန် စန်းသခင် ဗုဒ္ဓဟူး ကို ၇ တန့်ဖြင့်မြင်

၃) ကောဇာ စနေ မှ မူလ စနေ ကို စီးမြင်ခြင်း

ပါပ ဂြိုလ် ဆ်ိုး ၃ ခုစလုံး က အလုပ်လုပ်နေတဲ့အချိန်မှာ

ခန္ဓာပျက်ကိန်း ကြုံရတော့တာပါပဲ

စနေ ကို စနေ မြင် (၀ + ၀)

ရာဟု ပေါ် ရာဟု စီး (၈ + ၈) ၊

မူလ စန်း ပေါ် ကောဇာအင်္ဂါ စီး (၂+ ၃) နေပါတော့တယ်

ဟိန္ဒူ နက္ခတ် စန်း ဗေဒင် ဖြင့် တွက် ချက် ဟောပြောပေးပါတယ်။ မေးမြန်းမည့် သူများ အနေ နှင့် အမည် ၊ မွေးရက် ၊ မွေးလ ၊ မွေးခုန...
22/02/2025

ဟိန္ဒူ နက္ခတ် စန်း ဗေဒင် ဖြင့် တွက် ချက် ဟောပြောပေး

ပါတယ်။ မေးမြန်းမည့် သူများ အနေ နှင့် အမည် ၊

မွေးရက် ၊ မွေးလ ၊ မွေးခုနှစ် ၊ မွေးချိန် ၊ မွေးဖွားရာမြို့

အချက်အလက် များ ပေးပို့ ၍ မေးမြန်းနိုင်ကြပါပြီ

WhatsApp: + 6 011-6941 5652

Viber : + 95 9 444 450 741

နိုင်ငံခြား အလုပ်အကိုင် ရရှိခြင်း  နှင့် နိုင်ငံရပ်ခြားထွက်ခွါရမည့် ကာလ အား တိကျ မှန်ကန်အောင် ဟိန္ဒူ နက္ခတ် စန်း စနစ် ဖြ...
25/01/2025

နိုင်ငံခြား အလုပ်အကိုင် ရရှိခြင်း နှင့် နိုင်ငံရပ်ခြား

ထွက်ခွါရမည့် ကာလ အား တိကျ မှန်ကန်အောင်

ဟိန္ဒူ နက္ခတ် စန်း စနစ် ဖြင့် ဟောပြောနိုင်ခြင်း ✍️✍️✍️

၂၀၂၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ မှာ social media

ကျေးဇူးဖြင့် မန္တလေး မြို့ မှ ဆရာနေလင်း နှင့်

ပထမဆုံး အကြိမ် ဟိန္ဒူ နက္ခတ် စန်း ပညာနှင့်

ပတ်သက်၍ ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

လူ ချင်း မမြင်ဖူးသော်လည်း ဖုန်း မှ ဆရာနေလင်း ၏

နက္ခတ်ဗေဒင် နှင့် ပတ်သက်ပြီး အင်မတန် မှ ရိုးရှင်းစွာ

တိကျမှန်ကန်စွာ ပြောနိုင်ခဲ့ခြင်း က ကျွန်တော်

ဖုန်းပြောရင်း ဆရာ့ကို ထိုင် ကန်တော့ ချင်မိပါသည်

🙏🙏🙏

ဆရာ့ ရဲ့ ပညာ အတိမ်အနက် ကို တန်ဖိုးထားလေးစားမိ

ရင်း ဆရာနေလင်း မှ ဟိန္ဒူ နက္ခတ် စန်း ဗေဒင် ကို

လေ့လာရန် အတွက် group ထဲမှ ဖိတ်ခေါ် ၍ ဇွန်လ

၃၀ ရက် ၂၀၂၄ ခုနှစ် တွင် စတင် သင်ယူလေ့လာဖြစ်ခဲ့

ပါသည်။

ဒီလို နှင့် ၇ လ ပိုင်းလောက်မှာ ကျွန်တော့် ၏

မူလ ဇာတာ အား ဆရာ နေ ၏ ဟောပြောချက်များ မှာ

၁) ယခုနှစ် အတွင်း နိုင်ငံခြား အလုပ်ကြိုးစားပါက
သေချာပေါက် ရနိုင် သဖြင့်
ကြိုးစား ပါ ဟု ဆရာ မှ သေချာမှာ ပါသည်။
နိုင်ငံခြား က ပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
ဟု အမြဲ အားပေးပါသည်။ (ကောဇာ ကြာသာပတေး
မှ မူလ ကြာသာပတေး ကို စီးမြင်ခဲ့ပါသည်)

၂) ကေမဒူမ စန်း ဖြစ်ပြီး သိဟ် ရာသီ (နိုင်ငံခြား ရာသီ)
ဖြစ်ပြီး ရာဟု ဂြိုလ် (နိုင်ငံခြား ၊ လူမျိုးခြား) မှ
မြင်နေခြင်း ကြောင့် နိုင်ငံရပ်ခြား တွင် နေထိုင်ရမည့်
ကံ သေချာပေါက် ရှိသည် ဟု ဟောခဲ့ ပါသည်။

၃) မူလ ဇာတာတွင် ကြာသာပတေး (ဓန) နှင့် သောကြာ
(စည်းစိမ်) ဂြိုလ် အိမ်ချင်းလဲလှယ် ၍ ပရိဝတ္တန
သမ္ဗန္ဓ ပြုထားပြီး ၉ တန့် ဘာဝ အား ပူးညှပ်ထားခြင်း
ကြောင့် ဘဝ တွင် ချမ်းသာမည့် ဇာတာ ဟု
ဟောကိန်း ထုတ်ခဲ့ပါသည်။

၄) ယခုနှစ် စက်တင်ဘာလ မှာ အလုပ်အင်တာဗျူး
အောင်မြင် ၍ အလုပ်ခန့်စာ ရရှိချိန်တွင်
နိုင်ငံခြား သွားမည့်ကာလ အား ဆရာနေ မှ
စန်း ၏ ၇ တန့် သို့ ကောဇာ သောကြာဂြိုလ်
ကုမ် ရာသီ စီးနင်းသောကာလ နှင့် ကောဇာ
သောကြာ ဂြိုလ် မိန်ရာသီ ရောက်ရှိပြီး
မူလ သောကြာ သို့ စီးနင်းချိန် တွင်
နိုင်ငံခြား ခရီး ထွက်ခွါ ရမည် ဟု
ကြိုတင်ဟောကိန်းထုတ်ခဲ့ပါသည်။

*** အမှန်တကယ် လည်း ကောဇာ သောကြာ ဂြိုလ် သည်
တူရာသီ ၊ ဗြိစ္ဆာရာသီ ၊ ဓနုရာသီ ၊ မကာရ ရာသီ
ရောက်ရှိချိန် ဖြစ်သော စက်တင်ဘာ ၊ အောက်တိုဘာ ၊
နိုဝင်ဘာ နှင့် ဒီဇင်ဘာ ဒုတိယ အပတ် တွင် ထူးဆန်းစွာ
ကျွန်ုပ် ၏ နိုင်ငံခြား ခရီးစဉ် သည် မဖြစ်ပေါ် ခဲ့ပါ ။

*** ယခု လ ဒီဇင်ဘာ ပထမအပတ် မှ Employment
Pass Approved ကျ ၍ လေယာဉ်လတ်မှတ်ဝယ်ယူရန်
ထွက်ခွါမည့် အချိန် ၏ ကောဇာ ဂြိုလ် နေ ကို ထူးဆန်းစွာ
တွက်ကြည့်ရာ ကောဇာ သောကြာ ဂြိုလ် ကုမ်ရာသီ သို့
ရောက်ရှိချိန် ဖြစ််လေသည် 🙏🙏🙏

ဆရာ့ ၏ ဟောချက်များ နှင့် ကောဇာ ရှိ ဂြိုလ် တွေ ရဲ့
မူလ ဇာတာ ကို စီးနင်းသောအချိန် တွင် အကျိုးပေးခဲ့
သည် မှာ ကျွန်ုပ် ကိုယ်တွေ့ ဖြစ်ခဲ့ရပါသည် 🙏🙏🙏

ဟိန္ဒူ နက္ခတ် စန်း ဗေဒင် စနစ် အား မအားမလပ်သည့်
ကြား စေတနာ မေတ္တာ အပြည့်ဖြင့် သင်ကြားပေးခဲ့သော
ဆရာနေ Stm Naylin ဆရာ ကို ကို ကျော် တို့ အား
ဂါရဝ ပြု ကန်တော့လိုက်ရပါသည် 🙏🙏🙏

ကျွန်တော့် အား ဤ ပညာ အား လေ့လာရန် ဖော်ရွေစွာ

ဖိတ်ခေါ် ၍ လက်တွဲခေါ် သင်ကြားပေးခဲ့သော ဆရာ ၊

ဆရာမ များ အားလုံး အားလေးစား ဂါဝရပြုအပ်ပါသည်

🙏🙏🙏

၁၄-၇-၁၉၄၇ (တနင်္လာနေ့) တွင် မွေးဖွားခဲ့သောရုပ်ရှင် နှင့် ဗိီဒီယို သရုပ် ဆောင် ဦးကျော်ဟိန်း ဇာတာ၁) ပြိဿ စန်း တနင်္လာ ဥုစ်...
24/01/2025

၁၄-၇-၁၉၄၇ (တနင်္လာနေ့) တွင် မွေးဖွားခဲ့သော

ရုပ်ရှင် နှင့် ဗိီဒီယို သရုပ် ဆောင် ဦးကျော်ဟိန်း ဇာတာ

၁) ပြိဿ စန်း တနင်္လာ ဥုစ် ဖြစ်ခြင်း ဥပဓိရုပ်တည်ကြည်
ခန့်ညားခြင်း ၊ စန်း ကောင်းခြင်း
၂) စန်း ၏ ၂ တန့် ဘာဝ (ငွေကြေး) တွင် ဗုဒ္ဓဟူး ဂြိုလ်
နှင့် သောကြာ ဂြိုလ် ရပ်တည်ခြင်း ကြောင့်
စကားပြော ကျွမ်းကျင် လိမ္မာခြင်း ၊
စကားပြောကောင်းခြင်း၊ ဆန့်ကျင်ဘက် အမျိုးသမီး
တို့ ၏ အားပေးမှု ချစ်ခင်မှုကိုရရှိခြင်း
အနုပညာ ၊ ယာဉ်ကား အရောင်းအဝယ်ဖြင့်
အသက်မွေးဝမ်းကျောင်း ပြုမည့်သူ စီးပွါးရှာမည့်သူ
ဖြစ်သည်။
၃) အနုပညာ ဂြိုလ် သောကြာ နှင့် အသိဉာဏ်
ဗုဒ္ဓဟူး တို့ သည် မေထုန် ရာသီ တွင် တစ်ရာသီတည်း
ပူးယှဉ်ပြီး တူရာသီ ကြာသာပတေး မှ ၉ တန့်ဖြင့်
သောမ ဂြိုလ်များ ဖြစ်သော ဗုဒ္ဓဟူး ၊ သောကြာဂြိုလ်
၅+၄+၆ သမ္ဗန္ဓ ပြုထားသည် မှာ ထူးခြားလှသည်။
သောမ ဂြိုလ်များ အားလုံး မေထုန်ရာသီကို မြင်နေ
ခြင်း ၊ စန်း ၏ ၂ တန့် ဘာဝ (ငွေကြေး ဥစ္စာ)ဖြစ်ခြင်း
အနုပညာ ဂြိုလ် သောကြာ နှင့် ဗုဒ္ဓဟူး (ကသစ်) တို့အား
တူ ရာသီ ကြာသာပတေး တို့ မှ အားကောင်းစွာ မြင်
ထားခြင်း တို့ကြောင့် ဘဝ တွင် အနုပညာ ဖြင့်
အောင်မြင်မှု ရ ပြီး ဩဇာ ရှိ ငွေကြေး ပြည့်စုံမည့်သူ
ဖြစ်သည် ဟု တွက်ဆ မိသည် ။
မေထုန် (၁၄၆) + ၅
၁ နွေ - ဩဇာ ၊ အုပ်ချုပ်သူ ၊ ဦးဆောင်သူ
၄ ဟူး - အသိ ဉာဏ် ၊ စကားပြော ကျွမ်းကျင်လိမ္မာ
၆ ကြာ - အနုပညာ အလှအပ နှင့် စည်းစိမ် ဂြိုလ်
၅ တေး - ဆင်ခြင်တုံတရား ၊ ဓန ဂြိုလ် ၊ အောင်မြင်မှု
၄) တူရာသီ ရှိ ကြာသာပတေး ဂြိုလ် (ဓနဂြိုလ်) အား
သောကြာဂြိုလ် (စည်းစိမ်) မှ မိမိ ပိုင်ရာသီ အား
တြိကောဏ (၅တန့်) ဖြင့် မြင်ထားခြင်း ကြောင့်
၅၆ သမ္ဗန္ဓ ဖြစ်ပြီး မကောင်းသော ပါပ ဂြိုလ်များ
ဖြစ်သည့် (အင်္ဂါ ၊ ရာဟု ၊ စနေ) တို့ ၏ အမြင်အယှဉ်
မရှိခြင်း တို့ ကြောင့် ဘဝ တွင် စည်းစိမ် ချမ်းသာသုခ
ပြည့်စုံမည့်သူ ဖြစ်သည်။
၅) ၅ တန့် ဘာဝ တူရာသီ (သားသမီး) နှင့် သက်ဆိုင်ပြီး
ကြာသာပတေး ဂြိုလ် ရပ်တည်ခြင်း က လည်း
သားသမီး ကံ ကောင်း မည့်သူ ဖြစ်သည်။
၆) စန်း တွင် ရာဟု ၊ အင်္ဂါ ပူးယှဉ်ခြင်း ကြောင့်
ထက်မြက်မည် ၊ စိတ်ဆတ်မည် ၊ စိတ်မြန်လက်မြန်
ရှိမည့်သူ ဖြစ်သည်။
၇) ဤ ဇာတာ တွင် ၂ တန့် ဘာဝ (မေထုန်) ရာသီ အား
ပါပ ဂြိုလ်များ ဖြစ်သော ၃၈၀ တို့ ရှေ့နောက် ပိတ်၍
ပူးညှပ်ထားသော် လည်း တနင်္လာ ဥုစ် ၊ ၂ တန့်
မေထုန် ရာသီ ၌ ရပ်တည်သော ဗုဒ္ဓဟူး (ကသစ်)
ကြာသာပတေး ဂြိုလ် ၏ ၉ တန့် တြိကောဏ အမြင် တို့
ကြောင့် ၂ တန့် ဘာဝ ပျက်စီးခြင်း မှ ကင်းစင်ခဲ့သည်။
၈) ဇာတာ တွင် သောမဂြိုလ် များ ဖြစ်သော
တနင်္လာ ဥုစ် အား ကောင်း ခြင်း ၊
ဗုဒ္ဓဟူး ကသစ် အားကောင်းခြင်း၊
အနုပညာ နှင့် စည်းစိမ် ဂြိုလ် ၆ ကြာ အား
ဓနဂြိုလ် ၅ တေး မှ မြင်ခြင်း တို့ကြောင့်
၂-၄-၅–၆ ဂြိုလ် များ ကောင်းမွန်ခြင်း ကြောင့်
ဘဝ တွင် ထိပ်တန်း ရောက်ရှိခဲ့ပါသည်။

အနုပညာ မှာ ထင်ပေါ်  ကျော်ကြား အောင်မြင်မှု တွေရခဲ့ပေမယ့် အကြွေ စောခဲ့ ရတဲ့ ကိုသားကြီး ဒွေး (ခ) ကိုထင်လင်း ၏ မူလ ဇာတာ  အာ...
24/01/2025

အနုပညာ မှာ ထင်ပေါ် ကျော်ကြား အောင်မြင်မှု

တွေရခဲ့ပေမယ့် အကြွေ စောခဲ့ ရတဲ့ ကိုသားကြီး ဒွေး (ခ)

ကိုထင်လင်း ၏ မူလ ဇာတာ အား

ဟိန္ဒူ နက္ခတ် စန်း ဗေဒင် ဖြင့် လေ့လာသုံးသပ်ခြင်း

✍️ ✍️ ✍️

၇-၅-၁၉၆၆ တွင် မွေးဖွား ခဲ့ သည့် ကိုသားကြီး ၏

ဇာတာ တွင် တနင်္ဂနွေ နှင့် သောကြာဂြိုလ် ဥုစ် ၊

အင်္ဂါ ကသစ် ဖြစ်ပါသည်

၁ နွေ ၊ ၆ ကြာ ၊ ၃ င်္ဂါ အား ကောင်း သော် လည်း
ကြာသာပတေး ဂြိုလ် (ဒုဌာန) ၈ တန့် တွင် ရပ်တည်ပြီး
အား နည်း နေ ခဲ့ သည်။

ဗြိစ္ဆာရာသီ (အဆိပ်) အား ၃ င်္ဂါ ၊ ရာဟု ပါပ ဂြိုလ် တို့

စီးမြင်ပြီး ဗြိစ္ဆာ စန်း ခေါ် တနင်္လာ (စိတ်) ကို စီးမြင်ခြင်း

က ဆိုးကျိုးဖြစ်စေခဲ့သည်။

၁) အနုပညာ နှင့် စည်းစိမ် ဂြိုလ် သောကြာ ဥုစ် ဖြစ်ခြင်း
သောကြာ ဥုစ် ဖြစ်ပြီး ကန်ရာသီ (အနုပညာ) မြင်ခြင်း
၆ ကြာ ဂြိုလ် ဥုစ်ရပြီး အားကောင်းတော့
အနုပညာ တွင် ထူးချွန်ထက်မြက်ခြင်း ၊ စန်းပွင့်ခြင်း၊
ဆန့်ကျင်ဘက် အမျိုးသမီး တို့ ၏ စိတ်ဝင်စားမှု ခံ ရ
ခြင်း ၊ အမျိုးသမီး နှင့် ပတ်သက် ၍ ကံကောင်းခြင်း

၂) ဩဇာ ရှိခြင်း ၊ အလုပ်အကိုင် ၊ အုပ်ချုပ်သူ ဂြိုလ် ဖြစ်
သည့် တနင်္ဂနွေ ဂြိုလ် ဥုစ် ရ ခြင်း

၃) တနင်္ဂနွေ ဂြိုလ် ၊ အင်္ဂါ ဂြိုလ် ၊ ဗုဒ္ဓဟူး ဂြိုလ် တို့သည်
၁၃၄ ပူး ယှဉ် လျက် မိဿရာသီ (အင်္ဂါပိုင်) တွင်
ရပ်တည်ခြင်း က စက်မှု အင်ဂျင်နီယာ ဘွဲ့ရ ဖြစ်စေ
သည်။

၄) စန်း ၏ ၂ တန့် ဘာဝ (အိမ်သူ အိမ်သား ၊ ငွေကြေး)
ဘာဝ ကို ဓန ဂြိုလ် ကြာသာပတေး (မေထုန် ရာသီ)
သို့ ၇ တန့် ဖြင့် မိမိ ပိုင် အိမ် ဓနု ရာသီ အား မြင်နေခြင်း
ကြောင့် ဘဝ တွင် ငွေကြေး ဥစ္စာ မရှားသူ ဖြစ်သည်

၅) ဗြိစ္ဆာ ရာသီ စန်း ခေါ် တနင်္လာ ဂြိုလ် တည်ရှိချိန် တွင်
မွေးဖွားခြင်း ကြောင့် သူ သည် စိတ်ထက်မြက်မည်
သူ ၏ အတွေး အခေါ် အယူအဆ တို့ မှ အများ နှင့်
ဆန့်ကျင်သလို ဖြစ်တတ်သည်၊ သူ ဘယ် အလုပ်ကို
ပဲ လုပ်လုပ် သေသေချာချာ ပိုင် မှ လုပ်တတ်သည်
မိဿ ရာသီ ရှိ အင်္ဂါ ဂြိုလ် မှ ၈ တန့် ဖြင့် ဗြိစ္ဆာရာသီ
ရှိ စန်း အား မြင်နေခြင်းကြောင့် (၂+၃) သမ္ဗန္ဓ
သူ ၏ ပင်ကို အသက် ထက် ပိုပြီး နုနေတတ်သည်

၆) ဇာတာတွင် တနင်္လာ နှင့် ရာဟု ဂြိုလ် (၂+၈)
အပြန်အလှန် အချင်းချင်း ၇ တန့် ဖြင့် မြင်နေခြင်းက
စိတ်ဆတ် ၊ စိတ်ပြောင်းလဲလွယ် မည် ဖြစ် ပြီး
ဗြိစ္ဆာရာသီ (အဆိပ်) ရှိ တနင်္လာ အား မူလ အင်္ဂါ နှင့်
ရာဟု (၂+၃+၈) စသော ပါပ ဂြိုလ် များ အားကောင်း
စွာ မြင်ခြင်း တို့ ကြောင့် အဆိပ် ၊ မူးယစ် ဆေးဝါး ၊
နှလုံးရောဂါ ၊ အရက် တို့ က သူ အား ဆိုးကျိုးပေးစေ
ခဲ့သည်။

၇) ကေမဒူမ စန်း သမား ဖြစ် ခြင်းကြောင့် သူတပါးကို
မဖားတတ်ပဲ အေးအေးဆေးဆေး နေတတ်သည့်သူ
ဖြစ်သည်။

၈) ဇာတာ တွင် သားသမီး ကာရကဂြိုလ် ကြာသာပတေး
သည် စန်း ၏ ၈ တန့် (ဒုဌာန) ဘာဝ တွင် ရပ်တည်ပြီး
၅ တန့်ဘာဝ (ပုတြ ဘာဝ) တွင် စနေဂြိုလ် ရပ်တည်
ခြင်း ကြောင့် သားသမီးနည်းပါးခြင်း ၊ သားသမီး မရ
တတ်ခြင်း ရှိပါမည် ။
*** သိရှိရသလောက် ကိုသားကြီး တွင် ကွယ်လွန်ချိန်
အထိ သားသမီး အရင်း မရှိပဲ မွေးစား သားသမီးသာ
ရှိခဲ့ပါသည်။

၉) သူ ၏ အိမ်ထောင်ရေး ဘာဝ (၇တန့် ဘာဝ) တွင်
ရာဟု ဂြိုလ် ရပ်တည်ပြီး မိန် ရာသီ စနေ မှ ၃ တန့်
ဖြင့် မြင်ခြင်း (၀ + ၈) သမ္ဗန္ဓ ပြုခြင်း ၊
အိမ်ထောင်ရေး ကာရက ဂြိုလ် ၆ ကြာ + စနေပူးခြင်း
ကေမဒူမ စန်း သမား ဖြစ်ခြင်း
၇ တန့် ဘာဝ အား ရာဟု ၊ စနေ မြင်ခြင်း တို့က
အိမ်ထောင်ရေး ညံ့ စေတတ်ပါသည်။

၁၀) သို့ရာ တွင် ၇ တန့် ဘာဝ (ပြိဿရာသီ) မှ
၂ တန့် (အိမ်သူအိမ်သား ဘာဝ) မေထုန် ရာသီ တွင်
ကြာသာပတေး ဂြိုလ် ရပ်တည်ခြင်းက သူ ၏
အိမ်ထောင်ဖက် သည် ကောင်းမွန်သည့်
ပညာတတ် အိမ်ထောင်ဖက် ဖြစ်ခဲ့ပါသည်

၁၁) နိဂုံးချုပ် ဆို ရ သော်
ဤ ဇာတာ တွင် အသက်ရှည်ခြင်း ကို ဖြစ်ပေါ် စေ
သည့် ကြာသာပတေး ဂြိုလ် မှ စန်း ၏ ၈ တန့် ဘာဝ
မကောင်းသော ဘာဝ ၌ ရပ်တည် သောကြောင့်
ကြာသာပတေး ဂြိုလ် အားနည်းခြင်း ၊
မူလ စန်း ကို လည်း အားကောင်းစွာ မမြင်ခြင်းတို့က
သူ ၏ အသက်ရှည်ခြင်း ၊ ဘေး အန္တရာယ် ကျရောက်
ခြင်း တို့ အား ကြာသာပတေး ဂြိုလ် မှ မကာကွယ်နိုင်ခဲ့ပါ
မကောင်းသော ပါပ ဂြိုလ် ဆိုး များ ဖြစ် သော
အားကောင်းသော မိဿ အင်္ဂါ ၊ ရာဟု ဂြိုလ် တို့က
အဆိပ်ရာသီ ဗြိစ္ဆာ စန်း (တနင်္လာ) ဂြိုလ် အား စီးမြင်
ထားခြင်း ကြောင့် အဆိပ် ၊ လက်နက် အစ ရှိသော
စိတ် ၊ နှလုံး ရောဂါ ၊ မူးယစ်ဆေးဝါး ၊ အစ ရှိသော
အရာများ ဖြင့် ဘေးဆိုး ကြုံရမည့် ဇာတာပါလာသူ
ဖြစ်သည်။

***** မှတ်ချက် ****

မူလ မွေး ဇာတာ ရှိ

စန်း ခေါ် တနင်္လာ ဂြိုလ် သည် စိတ် နှင့် သက်ဆိုင် သည် ၊

အင်္ဂါ ဂြိုလ် သည် တဇွတ်ထိုး ဆန်မှု ၊ ဒေါသ ဖော်ပြသည်

ရာဟု ဂြိုလ် သည် ပြာလောင် ခတ်ခြင်း ၊

ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ကို ဖြစ်စေသည် ၊

ကြာသာပတေး ဂြိုလ် ဆင်ခြင်တုံ တရားက မမြင်မိခြင်း

က မကောင်းသောဘာဝ (၈တန့်) ၌ ရပ်တည်ပြီး

သူ့ အား မကယ်တင်နိုင်ခဲ့ဘဲ အကြွေစော ခဲ့ ရလေသည်

၂၅-၁၂-၂၀၂၃ မှာ နေ အိမ် မီးလောင်ခဲ့ တဲ့ သူငယ်ချင်း ဇာတာလွန်ခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့)  မှာ ကျွန်...
24/01/2025

၂၅-၁၂-၂၀၂၃ မှာ နေ အိမ် မီးလောင်ခဲ့ တဲ့ သူငယ်ချင်း
ဇာတာ

လွန်ခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့
(ခရစ္စမတ်နေ့) မှာ ကျွန်တော့်ထံ သူငယ်ချင်းဖြစ်သူက
အစ်ကို … ညီမ အိမ် မီးလောင်သွားပြီ ဆိုပြီး ဖုန်းဆက်ပြီး
လှမ်းပြောတော့ … ပထမ တော့ နောက်နေတယ် ထင်တာ
နောက်တော့ မှ သူငယ်ချင်းက အစ်ကို မယုံရင်
🔥 သတင်း ဖေ့ဘွတ် ပေ့ချ် မှာ ဝင်ကြည့်ဆိုတော့မှ
မီးသတ်ဌာန က မီးသတင်း ကြေငြာထားတာကို
တွေ့လိုက်ရပါတယ် ။
မီးလောင်မှု ဖြစ်စဉ် အရ သူမ အိမ် က နေ ထွက်ခွါပြီး
၁၀ မိနစ် ကျော် မှ မီး စတင်လောင်ကျွမ်းခဲ့တဲ့အတွက်
သူမ ကိုယ်တိုင်လည်း မီးလောင်မှု မှာ ကပ်သီသီလေး
လွတ်သွားခဲ့တာပါ။
မနေ့ ညက သူမ ထံ ဖုန်းဆက်ပြီးတော့ သူမ အိမ်
မီးလောင်တဲ့ နေ့ ရက်ကို မေးမြန်းပြီး ဘာကြောင့်
အိမ် မီးလောင်ခဲ့တာ လဲ ဆိုတာကို နက္ခတ် ဗေဒင် နဲ့
အဖြေရှာကြည့်ဖို့ ကျွန်တော် ကြိုးစားလေ့လာကြည့်တယ်
မီးလောင်တဲ့နေ့ (၂၅-၁၂-၂၀၂၃) ကောဇာ ဂြိုလ်နေ နှင့်
သူမ ၏ မွေးဖွားချိန် ဇာတာ အား သုံးသပ်ကြည့်ရာ
၁) ကောဇာ အင်္ဂါ (ဗြိစ္ဆာ) ရာသီ မှ မူလ အင်္ဂါ
(ပြိဿရာသီ) ကို ၈ တန့် ဖြင့် အထူးမြင်နေပါတယ်
၃+၃
ထို့အပြင် မူလ ကုမ် စန်း ၏ ၄ တန့် ဘာဝ
(အိမ်ခြံမြေဝိုင်း) အား ကောဇာ အင်္ဂါ မှ ၇ တန့် ဖြင့်
မြင်ထားခြင်း ၊
ကောဇာ အင်္ဂါ ဂြိုလ်က အိမ်ခြံမြေ ပျက်စီးဆုံးရှုံး
ခြင်း၊ ထိခိုက်ခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်းကို
ဖော်ပြနေခဲ့သည်။
၂) ကောဇာ စနေ ဂြိုလ် မှ မူလ စန်း (၂င်္လာ) အား
စီးမြင်ထား သောကြောင့် မီးလောင်ခြင်း၊ အမှုအခင်း နဲ့
ရင်ဆိုင်ရခြင်း၊
ကောဇာ ရာဟု ဂြိုလ် မှ မူလ တနင်္ဂနွေ (အိုးအိမ်) အား
စီးမြင်ထားခြင်းကြောင့် အိုး ၊ အိမ် ပျက်စီးခြင်း
ကြုံခဲ့ရသည်။
၃) မူလ မွေး ဇာတာ မှာ ရာဟု မှ ကိတ် ဂြိုလ်အထိ
ဂြိုလ်အားလုံးရှိ နေခြင်းကြောင့် ကာလသပ္ပ ယုဂ်
အရ ဘဝ တွင် ဘေးအန္တရာယ်ဆိုး ကြုံရမည့် ဇာတာ
ဖြစ်သည်။ မူလ မှာ ၀ + ၈ ပူးယှဉ်ပြီး ၁၂ တန့်ဘာဝ
က လည်း အမှုအခင်း ဖြစ်မည် ကံပါလာပြီး သာ ဟု
ယူဆမိသည်။

ကမ္ဘာကျော် IT နည်းပညာ ပိုင်း မှာ စီးပွါးရေး ပညာရှင် Elon Musk ဇာတာ မူလ မွေး ဇာတာအရ ၁) သိဟ်စန်း ၂) ဗုဒ္ဓဟူး နှင့် သောကြာ ...
24/01/2025

ကမ္ဘာကျော် IT နည်းပညာ ပိုင်း မှာ စီးပွါးရေး ပညာရှင် Elon Musk ဇာတာ

မူလ မွေး ဇာတာအရ

၁) သိဟ်စန်း

၂) ဗုဒ္ဓဟူး နှင့် သောကြာ ကသစ်

၃) အင်္ဂါ ဂြိုလ် ဥုစ်

၄) ၁၀ တန့် ၌ ရပ်တည်တဲ့ ၆ ကြာ (စည်းစိမ်ဂြိုလ်) ၊

စနေ ကို ၅ တေး (ဓနဂြိုလ်) က ၇ တန့် မြင် (၅၆၀)

သမ္ဗန္ဓ

၅) ဥုစ် အင်္ဂါ က သိဟ်စန်း ကို ၈ တန့် မြင် (၂၃) သမ္ဗန္ဓ

အရ သတ္တိရှိပြီး ရဲရင့် ၊ ထက်မြက် ထူးချွန်တဲ့သူပေါ့

၆) ဇာတာ မှာ ၂-၅-၆ ဂြိုလ် တို့ ကိန်း အိမ် အချင်းချင်း
တည်ရှိနေပါတယ်

Address

Kuala Lumpur
43200

Telephone

+601127870186

Website

Alerts

Be the first to know and let us send you an email when Chan Nyein Aung Astrologist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chan Nyein Aung Astrologist:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram