03/04/2026
Shihan Sandar Kyaw
As both a Reiki practitioner and a Karate practioner, I’ve found deep resonance between the two disciplines. In karate, daily practice is highly encouraged, yet like many people, I can’t always train every day because of everyday responsibilities—work, family, chores. What I’ve noticed, though, is that if I miss class for a week or two, returning to the dojo becomes a real struggle—not because I’m afraid of falling behind in technique, but because my stamina drops so noticeably. I end up gasping for air, feeling panicked in the middle of drills, and that embarrassment and physical distress used to make me terrified of being absent. It wasn’t that I was obsessed with mastering martial arts; I just didn’t want to feel like I was drowning in my own body on the dojo floor.
Interestingly, Reiki works the same way. If we practice daily, we maintain what I call “Reiki stamina”—that clear, steady channel for energy. But if we stop practicing, that connection doesn’t vanish completely, but it does seem to fade or feel “rusty.” There was a time when I hadn’t practiced Reiki for about a month, and I honestly wasn’t sure if the energy was still there at all. I felt so uncertain that I reached out to my teacher for guidance. She reassured me that a Reiki attunement is meant to last a lifetime—it doesn’t simply wear off. However, she emphasized that consistent practice is what keeps it strong, clear, and readily available, much like physical stamina in karate. Without regular use, the channel remains but grows faint, and it takes conscious effort to restore its flow.
~~~~~~~~~~~~~~~~~~~~~~~~~~
Reiki လေ့ကျင့်သူ အနေနဲ့ရော ကာရာတေးသမားတစ်ယောက်အနေနဲ့ပါ ဒီကျင့်စဉ်နှစ်ခုကြားမှာ အတော်လေး ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ကာရာတေးမှာ ဆရာတွေက နေ့တိုင်းလေ့ကျင့်ဖို့ ကိုယ့်ရဲ့ နေ့တဓူဝ လုပ်ရိုးလုပ်စဉ် ဖြစ်သည်အထိသွားဖို့ တိုက်တွန်းလေ့ရှိပေမဲ့၊ အိမ်မှုကိစ္စ၊ အလုပ်၊ မိသားစု စတဲ့ နေ့စဉ်ဝတ္တရားတွေကြောင့် နေ့တိုင်းလေ့ကျင့်လို့ မရပါဘူး။ သတိထားမိတာက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက် အတန်းပျက်တယ်ဆိုရင်၊ ပြန်တက်တဲ့အခါ အမောခံနိုင်ရည်က သိသိသာသာ ကျဆင်းသွားတယ်။ သင်တန်းဆရာ က ပုံမှန်လေး ခိုင်းတာတွေ ကိုတောင် လိုက်လုပ်နိုင်ဖို့ အတော်လေး ကြာအောင် ပြန်လည် လေ့ကျင့် ခဲ့ရပါတယ်။
Reiki ကျင့်စဉ်မှာလည်း အတူတူပါပဲ။ နေ့တိုင်းကျင့်မယ်ဆိုရင် “Reiki stamina ” ကို ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်တာရပ်လိုက်ရင်၊ အဲဒီစွမ်းအင်က လုံးဝပျောက်မသွားပေမဲ့၊ တဖြည်းဖြည်း အားနည်းသွားသလို၊ “သံချေးတက်သွား” သလို ခံစားရတယ်။ တစ်ခါတုန်းက စာရေးသူဟာ တစ်လလောက် Reiki လုံးဝမကျင့်ဘဲနေမိတယ်။ အဲဒီနောက်ပိုင်းမှာ ပြန်လုပ်တဲ့အခါ Reiki energy ဟာ ကိုယ့်ကိုယ်ထဲ ဖြတ်သွားသလား သေချာ မသိတော့ဘူး။ ဒါနဲ့ ဆရာမကြီး ဆီအကူညီတောင်းတယ်။ ဆရာမကြီးက Reiki attunement ဟာ တစ်သက်တာလုံးအတွက် ဖြစ်လို့ ဘယ်တော့မှ လုံးဝပျောက်မသွားဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအင်ကို အားကောင်းကြည်လင်နေစေဖို့ ပုံမှန်နေ့စဉ် လေ့ကျင့်မှုက အရေးကြီးတယ်လို့လည်း ဆရာမကြီးက ရှင်းပြပါတယ်။
အဲ့ဒီနောက်ပိုင်းတော့ ကာရာတေးလဲ တတ်နိုင်ရင် မပျက်ကွက်ရဲတော့ သလို Reiki လေ့ကျင့်မှုကိုလည်း မရပ်ရဲ တော့ပါဘူး။ ရပ်လိုက်တာနဲ့ အကုန် လျောကျကုန်တယ် ၊ ပြန်တက်ဖို့ကို ၂ ဆလောက်အားထည့် ပြန်တည်ဆောက်ရတယ် ဆိုတာ သိရှိရလိုက်ရပါတယ် ။ ဒီ အဖြစ်အပျက် လေးကို ဥပမာ အနေနဲ့ ရေးလိုက်တယ် ဆိုပေမဲ့ စာဖတ်သူတို့ မိမိ အတွေ့အကြုံနဲ့ဆက်စပ် ချဲ့ထွင်ပြီး တွေးတော ဆင်ချင်နိုင်ကြပါစေ 🙏🏻.
~~~~~~~~~~~~~~~~~~~~~~~~~~