Hearts_SG

Hearts_SG Provision of healthcare related trainings and education consultations

02/01/2026

🐻A heartfelt new year wish from "Hearty"❣️

January ၁၁ရက်​နေ့မှာဖွင့်မယ့် ၁လ၁ရက်အတန်းသစ် (every 4th week of the month) ကိုလည်း စာရင်း​ပေးသွင်းနိုင်ပါ​သေး​ကြောင်း...

Team (C)
23/12/2025

Team (C)

Check out hearty’s video.

Team (B)
23/12/2025

Team (B)

Check out hearty’s video.

Team (A)
23/12/2025

Team (A)

Check out hearty’s video.

23/12/2025

21 Dec 2025, HEARTS@SG Graduation & Year-end Gathering မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Team (A), Team (B) နဲ့ Team (C) tiktok video clip များ တင်ပေးပါမယ်...
နှစ်ကုန် Dec 31 ည ၁၂နာရီတိတိမှာ Like and share တွေ count လုပ်ပြီး၊ အများဆုံးရတဲ့ အဖွဲ့အတွက်လည်း အမှတ်ပေးနည်းလမ်းအဖြစ် ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အတွက်...
HEARTS@SG ပရိဿတ်များလည်း ကူညီအားပေးကြပါခင်ဗျာ...
🙏🙏🙏

Hello everyone!! Greetings from Hearts@SG!Hearts@SG ရဲ့ Batch 13, 15, 16 ရဲ့သင်တန်းဆင်းပွဲနဲ့အတူ Year End Gathering ​လေး...
23/12/2025

Hello everyone!! Greetings from Hearts@SG!

Hearts@SG ရဲ့ Batch 13, 15, 16 ရဲ့သင်တန်းဆင်းပွဲနဲ့အတူ Year End Gathering ​လေးကို ပြီးခဲ့တဲ့ Sunday, 21st December 2025 မှာကျဥ်းပပြုလုပ်ခဲ့ပါတယ်..

ဆရာ, ဆရာမများ, လက်ရှိ​​သင်တန်းသူများ, သင်တန်းဆင်းများ, သင်တန်းသူ​ဟောင်းများနဲ့တကွ ဖိတ်ကြားထား​သောဧည့်သည်​တော်အချို့တက်​ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..

Hearts@SG community ​လေးကြီးထွားလာတာမြင်ရပြီး ဆရာ​ဒေါက်တာမြတ်​မော်ထွန်းရဲ့ အာ​ဘော်အရဆိုရင်​တော့ Go, Grow and Glow ဖြစ်ဖို့ကို​မျှော်လင့်မိပါတယ်...

Admin အများကြီး​ရေးရမှာပျင်းလို့ ဆရာကြီး post ကို copy, paste လိုက်ပါတယ်ရှင့်😁

"Go...Grow....and Glow...
==================
စခဲ့တုန်းကတော့...
အလုပ်လုပ်စရာမရှိရင် မနေတတ်တဲ့ ဝသီရယ်...
စလုံးမှာရောက်နေကြတဲ့ ခလေးတွေ Healthcare related သင်တန်းကို စံနစ်တကျ တတ်မြောက်စေချင်တာရယ်...
ဖြစ်နိုင်ရင် ဒီပညာရပ်ကို အသက်မွေးပညာရပ်အဖြစ် အမှီပြုပြီး သူတို့ဘဝလေးတွေ တိုးတက်စေချင်တာရယ်...
တကယ်လို့များ နောက်နောင် ကပ်ဘေးရောဂါဆိုးတရပ်ရပ်ကျရောက်ခဲ့ရင်...
ခုလို ကျန်းမာရေးစောင့်ရှောက်မှုပညာကို စံနစ်တကျတတ်မြောက်ထားတဲ့ခလေးတွေဟာ...
ရောက်ရာနိုင်ငံရဲ့ အရန်ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအဖြစ် တနည်းတဖုံ ကူညီမှုပေးနိုင်မှာပဲဆိုတဲ့ အတွေးရယ် ပေါင်းစပ်ပြီးတော့...
ကိုယ့်အိတ် ပါးတယ်၊ ဖောင်းတယ်မစဉ်းစားပဲ HEARTS@SG Hearts_SG ကို 2022 Jan မှာ စတင်ဖြစ်ခဲ့တယ်...
ကိုယ်အလုပ်စရင် အမြဲ ကူညီနေကျ မိသားစု (သမီးလေး) ရယ်...
အမြဲတမ်းအားပေး ကူညီကျတဲ့ ဆွေမျိုးမိတ်ဆွေများရယ်...
ရဲဘော်ရဲဖက်စိတ်နဲ့ စေတနာမေတ္တာအပြည့်နဲ့ စာသင်ကြားပေးမယ့် ဆရာမတွေရယ်...
သင်တန်းချောမွေ့စွာ လည်ပတ်အောင် အကူအညီပေးတဲ့ သင်တန်းအကူတွေရယ် တို့ရဲ့..
တွန်းအားသာမပါခဲ့ရင် HEARTS@SG ဟာ အစို့အညှောင့် ဘဝကနေ အပင်ပေါက် ဖြစ်လာပါ့မလားပဲ...
အခုတော့...
သင်တန်းသား တယောက်စ ၂ယောက်စ ကနေ စွန့်စွန့်စားစား စခဲ့ရတဲ့ သင်တန်းဟာ..
အခုအခါ အပတ်စဉ်တိုင်း သင်တန်းသားအပြည့်နီးပါး လက်ခံသင်ကြား လည်ပတ်လာနေပါပြီ...
Go ကနေ Grow အဆင့်တော့ရောက်လာပြီပေါ့....
အိမ်အကူဘဝကနေ ကျန်းမာရေးဝန်ထမ်းအဖြစ် အိမ်မက်တောင် မက်ခွင့်မရခဲ့ကျရသူ ခလေးများအတွက်...
HEARTS@SG သင်တန်းဆင်းပြီး ဘိုးဘွားရိပ်သာများမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် အလုပ်ပြောင်း လုပ်ကိုင်နေကြသူ Senior အမများရဲ့ တောက်ပြောင်တဲ့ အပြောင်းအလဲဟာ...
သင်တန်းတက်နေဆဲ သင်တန်းသားများနဲ့.... နောင်လာလတ္တံ့သော သင်တန်းသားသစ်များအတွက် တောက်ပြောင်တဲ့ အိပ်မက်ဘဝ (Glow) အဆင့်ကို ကူးပြောင်းနိုင်ကြပါစေပေါ့...
ကုန်ကျစရိတ်ကြီးလွန်းတဲ့ စလုံးမြေမှာ...
ရည်ရွယ်ချက်တူ အဖွဲ့သားများနဲ့...
အစစ်အမှန် တန်ဖိုးကို သိရှိကြတဲ့ HEARTS မိသားစုဝင် များရဲ့ အကူအညီနဲ့ ကြံ့ကြံ့ခံရင်း...
တောက်ပြောင်သွားတဲ့ ဘဝများပိုင်ဆိုင် တည်ဆောက်နိုင်ကြပါစေလို့ဆုမွန်တောင်းရင်း... ဝမ်းသာ ပီတိကြည်နူးခြင်းဖြစ်ရပါတယ်...
စကားကြွင်း။ ။ဤပွဲဖြစ်မြောက်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသူများ၊ တက်ရောက်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း...🙏🙏🙏"

သင်တန်းစိတ်ဝင်စားသူများ page messenger မှတဆင့် သိုမဟုတ် whatsapp 96333473 မှတဆင့်ဆက်သွယ်​မေးမြန်းနိုင်ပါတယ်..

11th Jan 2026 မှာလည်း ၁လ၁ရက်အတန်းသစ်​လေးဖွင့်မှာဖြစ်တဲ့အတွက် သင်တန်းအပ်နိုင်ပါပြီဖြစ်​ကြောင်း...

Hello!📢📣📢📣အားလုံးပဲ မင်္ဂလာပါ..မကြာခင်မှာပဲ December လထဲ​ရောက်ရှိ​တော့မှာဖြစ်တဲ့အတွက် Happy Holidays လို့ အရင်နှုတ်ဆက်ချ...
29/11/2025

Hello!📢📣📢📣
အားလုံးပဲ မင်္ဂလာပါ..

မကြာခင်မှာပဲ December လထဲ​ရောက်ရှိ​တော့မှာဖြစ်တဲ့အတွက် Happy Holidays လို့ အရင်နှုတ်ဆက်ချင်ပါတယ်!

အတန်းသစ်​လေးများ​မေးမြန်း​​စောင့်​မျှော်​နေကြသူများအတွက်လည်း ၁လ၁ရက်အတန်းသစ်ကို 11th January မှာ စတင်မှာဖြစ်​ကြောင်း သတင်း​ကောင်း​လေးပါးချင်ပါတယ်ရှင့်! လတိုင်းရဲ့ ဒုတိယပတ် (2nd week) မှာအတန်း​လေး​တွေရှိပါမယ်ရှင့်!

သင်တန်းစာရင်းသွင်းချင်သူများ, ​သင်တန်းအ​ကြောင်း​မေးမြန်းချင်သူများ page messenger မှတဆင့် သိုမဟုတ် whatsapp 96333473 မှတဆင့် ဆက်သွယ်​မေးမြန်းနိုင်ပါတယ် (whatsapp သို့မဟုတ် messenger ၁မျိုးမျိုးကိုဆက်သွယ်ရင်ရပါပြီရှင့်..၂မျိုးလုံးက​နေပို့ထားစရာမလိုပါဘူး)

စာကြွင်း - ​မေးချင်တာ သိချင်တာ​လေး​တွေကို စာပို့ပြီး​မေးထားလို့ရပါတယ်ရှင့်.. အလျင်းသင့်သလို​လေး​ဖြေကြား​ပေးသွားမှာဖြစ်တဲ့အတွက် စာပြန်တာ​လေး​နှေးရင်လည်း စိတ်ရှည်စွာ​စောင့်ဆိုင်း​​ပေးကြပါလို့​မေတ္တာရပ်ခံလိုပါတယ်.. ​ကျေးဇူးပြုပြီး ဖုန်း​လေးလည်းမ​ခေါ်ကြဖို့ထပ်​လောင်း​မေတ္တာရပ်ခံလိုပါတယ်ရှင့်..🙇‍♀️

HEARTS beat together....To achieve the better World...တူညီလှုပ်ရှား နှလုံးသားများ...မြင့်မားပန်းတိုင် လှမ်းကိုင်နိုင်ဖို...
23/11/2025

HEARTS beat together....
To achieve the better World...
တူညီလှုပ်ရှား နှလုံးသားများ...
မြင့်မားပန်းတိုင် လှမ်းကိုင်နိုင်ဖို့...
HEARTS@SG new batches in action!
သင်တန်းအပတ်စဉ်သစ် ၁၉ နှင့် ၂၀ သင်တန်းသားများ သင်ခန်းစာများအား စိတ်ပါဝင်စားစွာ စတင်လေ့လာသင်ယူ...
ယခု သင်တန်းအပတ်စဉ်သစ် (တလ တရက်၊ တလ ၂ရက်) များ တက်ရောက်ရန်မဆင်မပြေ မမီလိုက်သူများ....
Stay tuned!!!
သင်တန်းအပတ်စဉ်သစ်များ မကြာမီ ထပ်မံဖွင့်လှစ်ဦးမည်ဖြစ်၍... မျှော်!!!

Hello everyone!ဒီလ *November 23* ရက်​နေ့မှာဖွင့်မယ့် ၁လ၂ရက်အတန်း (every 2nd ​and 4th week) ​အတွက် သင်တန်းသားလက်ခံ​နေပါ​သ...
12/11/2025

Hello everyone!

ဒီလ *November 23* ရက်​နေ့မှာဖွင့်မယ့် ၁လ၂ရက်အတန်း (every 2nd ​and 4th week) ​အတွက် သင်တန်းသားလက်ခံ​နေပါ​သေးတယ်.. စိတ်ဝင်စားသူများ page messenger သို့မဟုတ် whatsapp (96333473) မှတဆင့်ဆက်သွယ်​မေးမြန်းနိုင်ပါတယ်..

ဆက်သွယ်​မေးမြန်းလာသူများအား အလျင်းသင့်သလို​ဖြေကြား​ပေး​နေသည့်အ​တွက် reply အပြန်​နှေးခဲ့သည်ရှိ​သော် သည်းခံ​ပေး​စေလိုပါတယ်.. ဖုန်းမဆက်ရန်လည်း ​မေတ္တာရပ်ခံလိုပါတယ်..

Hello hello!Hearts@SG ရဲ့ November မှာဖွင့်မယ့်သင်တန်းအသစ်​လေး​တွေထဲက ၁လ၁ရက်အတန်း​လေးက​တော့ လူပြည့်သွားပါပြီရှင့်..၁လ၂ရက...
30/10/2025

Hello hello!

Hearts@SG ရဲ့ November မှာဖွင့်မယ့်သင်တန်းအသစ်​လေး​တွေထဲက ၁လ၁ရက်အတန်း​လေးက​တော့ လူပြည့်သွားပါပြီရှင့်..

၁လ၂ရက်အတန်း​လေးက​တော့ သင်တန်းသားလက်ခံ​နေပါ​သေးတယ်.. November 23 ရက်​နေ့မှာ အတန်းစမှာဖြစ်ပြီး လတိုင်းရဲ့ ဒုတိယပတ်နဲ့ စတုတ္ထပတ်​ Sunday တွေမှာ လက်​တွေ့အတန်း​တွေလာတက်ဖို့လိုပါမယ်..

စိတ်ဝင်စားသူများ page messenger သို့မဟုတ် whatsapp 96333473 မှတဆင့်ဆက်သွယ်​မေးမြန်းနိုင်ပါတယ်..

Hi hi everyone!!! ATTENTION PLEASE!📢📣📢📣အားလုံးပဲ​စောင့်​မျှော်​နေကြတဲ့ post ​လေးပါ!အတန်းသစ်​လေး​တွေ registration လုပ် (စ...
12/10/2025

Hi hi everyone!!! ATTENTION PLEASE!📢📣📢📣

အားလုံးပဲ​စောင့်​မျှော်​နေကြတဲ့ post ​လေးပါ!
အတန်းသစ်​လေး​တွေ registration လုပ် (စာရင်းသွင်း) လို့ရပါပြီရှင့်!!!
၁လ၁ရက်အတန်း​ရော, ၁လ၂ရက်အတန်း​ရော November လထဲမှာဖွင့်ဖြစ်ပါမယ်..

*၁လ ၁ရက်အတန်း*
သင်တန်းစမည့်ရက် - 23 November 2025
လက်​တွေ့အတန်းရှိမည့်အပတ် - စတုတ္ထပတ် (week 4)

*၁လ ၂ရက်အတန်း*
သင်တန်းစမည့်ရက် - 9 November 2025
လက်​တွေ့အတန်းရှိမည့်အပတ် - ဒုတိယပတ်နှင့်စတုတ္ထပတ် (week 2 and week 4)

သင်တန်းစိတ်ဝင်စားသူများ, စာရင်းသွင်းချင်သူများ page messenger မှတဆင့် သို့မဟုတ် whatsapp 96333473 မှတဆင့် ဆက်သွယ်စာရင်းသွင်းနိုင်ပြီဖြစ်​ကြောင်းသတင်း​ကောင်းပါးအပ်ပါတယ်!!

ပုံ​လေး​တွေက​တော့ ဝါလကင်းလွတ်သီတင်းကျွတ်ဖြစ်သည့်အ​လျောက် Hearts@SG သင်တန်းသူသင်တန်းသားများမှ ဆရာဆရာမများအားရို​သေ​လေးစားစွာဂါရဝပြုကန်​တော့ကြတဲ့ပုံရိပ်​လေးများပဲဖြစ်ပါတယ်... ဆရာ​တွေ​ရော က​လေး​တွေ​ရောရဲ့ပီတိအ​ပျော်​လေး​တွေကူးစက်နိုင်​အောင်ထည့်သွင်း​ဖော်ပြလိုက်ပါတယ်☺️

မှတ်ချက်။ ။ သင်တန်းသားများအားငဲ့ညှာ​သောအားဖြင့် သင်တန်း​ကြေးကိုအဆင်​ပြေ​ဈေးသက်သာ​အောင် စီစဥ်​ပေးထား​ပေးတဲ့အတွက် Hearts@SG လုပ်ငန်းကိုမိသားစုအ​နေနဲ့ပဲ​ဆောင်ရွက်လျက်ရှိပါတယ်.. Admin သီးသန့်ငှားထားချင်းမရှိပါဘူးရှင့်.. အဲ့ဒါ​ကြောင့် စာ​ဖြေတာ​လေး​တွေ​နောက်ကျရင်, ​နှောင့်​နှေးမှုရှိရင် စိတ်ရှည်သည်းခံပြီး​စောင့်​ပေး​စေလိုပါတယ်.. ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်.. *ဖုန်း​ခေါ်ဆိုခြင်းမပြုရန်လည်း ​မေတ္တာရပ်ခံအပ်ပါတယ်*❣️

A joint initiative by JPE (SG) and HEARTS@SG,bringing the Japanese Model Professional Elder Caregiver Training Programme...
06/10/2025

A joint initiative by JPE (SG) and HEARTS@SG,
bringing the Japanese Model Professional Elder Caregiver Training Programme to Singapore —
empowering caregivers with skills, empathy, and excellence.
Join our programme and gain a chance to build a professional caregiving career in Japan.
𝔼𝕟𝕣𝕠𝕝𝕝𝕞𝕖𝕟𝕥 𝕚𝕤 𝕠𝕡𝕖𝕟 𝕟𝕠𝕨!
Message to WhatsApp/Telegram no. +65 9454 4766 for enquiry..

Address

City
238841

Alerts

Be the first to know and let us send you an email when Hearts_SG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram