Hearts_SG

Hearts_SG Provision of healthcare related trainings and education consultations

Hearts@SG အ​ကြောင်း​လေးလည်း တ​စေ့တ​စောင်း CNA မှာပါသွားပါတယ်...အဓိကက​တော့ မြန်မာပြည်ရဲ့လက်ရှိအ​ခြေအ​နေ​ကြောင့် ဘွဲ့ရ pro...
11/03/2026

Hearts@SG အ​ကြောင်း​လေးလည်း တ​စေ့တ​စောင်း CNA မှာပါသွားပါတယ်...

အဓိကက​တော့ မြန်မာပြည်ရဲ့လက်ရှိအ​ခြေအ​နေ​ကြောင့် ဘွဲ့ရ professional ​တွေကအစ မိမိတို့နိုင်ငံ, မိမိတို့မိသားစုကိုခွဲခွာရပြီး အသက်ရှင်ရပ်တည်မှု၁ခုအတွက် တိုင်းတပါးမှာ စွန့်စားလာ​ရောက်အလုပ်လုပ်ကိုင်​နေကြရတဲ့မြန်မာနိုင်ငံသားများအ​ကြောင်းဖြစ်ပါတယ်...

Agent ​တွေကိုယုံပြီး လာမိကာမှအမျိုးမျိုးအလိမ်ခံရတာ​တွေ, ​ပြောထားတဲ့အလုပ်နဲ့ လုပ်ရတဲ့အလုပ် လားလားမျှမဆိုင်တာ​တွေ အခက်အခဲဒုက္ခအမျိုးမျိုး​တွေကို CNA မှ​ဖော်ပြထားပါတယ်...

ဒီလိုအခက်အခဲဒုက္ခအမျိုးမျိုးနဲ့လာကြသူ​တွေအ​နေနဲ့ ဆက်လက်ရှင်သန်ရပ်တည်နိုင်​အောင်, မိမိကိုယ်ကိုတိုးတက်​အောင်, စိတ်ထွက်​ပေါက်ရ​အောင် community ​လေး၁ခုအ​နေနဲ့​ရော, အသက်​မွေးဝမ်း​ကြောင်းအ​နေနဲ့​ရော Hearts@SG လိုသင်တန်း​လေးမှာ ....
"Home away from Home..."
"A place to build confidence"

အဖြစ် အချိန်ကုန်နိုင်ကြတယ်ဆိုတဲ့အ​ကြောင်း​လေးထည့်သွင်း​ဖော်ပြထားတာဖြစ်ပါတယ်...

Senior journalist Aslam Shah discusses the plight of Myanmar workers fleeing conflict back home and how they allege exploitative practices in Singapore.

10/03/2026

❓️❓️❓️❓️❓️FAQs (အ​မေးများ​သော​မေးခွန်းများ)
မှတ်ချက်။ ။တခြားဒီ post မှာမပါတဲ့ တခြားသိချင်တာ​လေး​တွေရှိရင် page messenger မှတဆင့်တိုက်ရိုက်​မေးမြန်း​ပေးပါရန်.. စာပြန်တာကြာလျှင်စိတ်ရှည်ရှည်​လေး​စောင့်​ပေးပါရန်​နဲ့ ဖုန်းများမ​ခေါ်ဆိုကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်..

​မေး။ ။အတန်းသစ်က ဘယ်နှလတခါရှိပါသလဲ? လတိုင်းရှိပါသလား?
​ဖြေ။ ။​ရှေ့ကအတန်း​တွေပြီးတဲ့အ​ပေါ်မူတည်တာ​ကြောင့် ဘယ်နှလတခါရှိနိုင်မလဲအတိအကျမ​ပြောနိုင်ပါ.. ခန့်မှန်း​ခြေ​တော့ ၃လ၁ခါ​လောက် အတန်းသစ်ရှိနိုင်ပါတယ်.. လတိုင်းအတန်းသစ်မရှိပါဘူး

​မေး။ ။ကြားရက် သို့မဟုတ် စ​နေ အတန်းရှိပါသလား?
​ဖြေ။ ။မရှိပါ၊ လက်ရှိမှာ Sunday အတန်း​လေးတွေပဲရှိပါ​သေးတယ်

​မေး။ ။အသက်အရွယ်သတ်မှတ်ထားခြင်းရှိမရှိ?
​ဖြေ။ ။သင်တန်းအ​နေနဲ့ အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ၊ အလုပ်​ပြောင်းချင်သူများအတွက်​တော့ ၃၅နှစ်​လောက်​နောက်ဆုံးထားပြီးသင်တန်းတက်နိုင်လျှင် ပိုသင့်​တော်ပါမည်။

​မေး။ ။ပညာအရည်အချင်းအကန့်အသတ်ရှိမရှိ?
​ဖြေ။ ။အနည်းဆုံး၈တန်း​အောင်​ဆိုလျှင် စာလိုက်နိုင်ရန်ပိုဖြစ်နိုင်ပါသည်။

​မေး။ ။English လိုသင်တာလား မြန်မာလိုသင်တာလား?
​ဖြေ။ ။၂မျိုးလုံးနဲ့သင်ပါတယ်၊ မြန်မာလိုရှင်းပြပြီး လုပ်ငန်းအသုံးအနှုန်း အ​ခေါ်​အ​ဝေါ်​တွေကို​တွေ English လိုသင်ပြ​ပေးပါတယ်။ စာ​မေးပွဲလည်း English လို​ဖြေရပါမယ်။

​မေး။ ။သင်တန်းပြီးရင် လက်မှတ်ရမလား?
​ဖြေ။ ။သင်တန်းကာလပြီးတိုင်း သင်တန်းဆင်းလက်မှတ်မရပါ၊ စာ​မေးပွဲ​တွေ​အောင်မှ သင်တန်းဆင်းလက်မှတ်ရပါမည်။ (မည်သည့်စာ​မေး​ပွဲ​များ မည်သည့်ရာခိုင်နှုန်းဖြင့်​အောင်ရမည်ဆိုသည့် သတ်မှတ်ချက်များ​ပေါ်မူတည်ပါသည်)

​မေး။ ။Uniform, စာအုပ်​ကြေး​ပေးရန်လိုပါသလား?
​ဖြေ။ ။သင်တန်း​ကြေးက uniform ၁စုံအပါအဝင် အပြီးအစီးပါ (uniform ၁စုံထက်ပိုယူလျှင် ပိုကျပါမည်)

​မေး။ ။English မရလျှင် သင်တန်းတက်လို့ရပါသလား?
​ဖြေ။ ။Basic English နဲ့ spelling ​လောက်​တော့ရမှအဆင်​ပြေပါမည်။ လုပ်ငန်းအသုံးအနှုန်း အ​ခေါ်​အ​ဝေါ်​တွေကို​တွေ English လိုသင်ရမှာဖြစ်ပါတယ်။ စာ​မေးပွဲလည်း English လို​ဖြေရပါမည်။

​မေး။ ။သင်တန်းပြီးတာနဲ့ ချက်ချင်းအလုပ်ရနိုင်လား? အလုပ်တခါတည်း join ​ပေးလား?
​ဖြေ။ ။Hearts@SGကသင်တန်းကျောင်းဖြစ်ပြီး အလုပ်အကိုင် agency မဟုတ်တဲ့အတွက် သင်တန်းဆင်း၁​ယောက်ချင်းဆီကိုအလုပ်မရမချင်းရှာ​ပေးတာမျိုး​တော့မလုပ်ပါဘူး။ ဒါ​ပေမယ့် ဆက်သွယ်လာတဲ့ agency ​တွေ nursing home ​တွေရှိရင် သင်တန်းဆင်း​တွေနဲ့ချိတ်ဆက်​ပေးပါတယ်.. စနစ်တကျ စင်ကာပူအဆင့်မီ​သေချာသင်​ပေးတာသိတဲ့အတွက်ထုံးစံအတိုင်းလည်းခဏခဏဆက်သွယ်လာကြပါတယ်.. အဲဒီက​နေပဲအလုပ်ရပြီး စင်ကာပူက nursing home ​တွေမှာအလုပ်လုပ်​နေကြတဲ့က​လေး​တွေ အ​များအပြားရှိပါတယ်။

​မေး။ ။သင်တန်းလက်မှတ်ရတာနဲ့ အလုပ်ရနိုင်မလား?
​ဖြေ။ ။မိမိတို့ရဲ့ ကံ၊ဥာဏ်၊ဝီရိယ​တွေနဲ့အများကြီးဆိုင်ပါတယ်၊ Hearts@SG အ​နေနဲ့အာမခံနိုင်တာက​တော့ Healthcare Assistant တစ်ဦးအ​​နေနဲ့ တတ်သင့်တတ်ထိုက်တဲ့ skills ​တွေကို လုပ်ငန်းခွင်မှာ အခက်အခဲမရှိ၊ မိမိကိုယ်ကိုယုံကြည်ချက်ရှိရှိနဲ့​ဆောင်ရွက်သွားနိုင်​အောင်သင်ကြား​လေ့ကျင့်​ပေးတယ်ဆိုတာပါပဲ။

​မေး။ ။သင်တန်းပြီးရင် ဘယ်လိုအလုပ်​တွေ​လျှောက်လို့ရနိုင်မလဲ?
​ဖြေ။ ။Nursing Home ​တွေမှာ Healthcare Assistant, အချိန်ပိုင်းအိမ်​တွေမှာလိုက်လံပြုစု​ပေးရတဲ့ Community Care Associate, အိမ်​တွေမှာလူနာပြုစုရတဲ့ live-in caregiver စသည်ဖြင့်လုပ်နိုင်ပါတယ်။

​မေး။ ။လက်​တွေ့အတန်း​တွေက လာချင်တဲ့အပတ်လာလို့ရပါသလား? ဒါမှမဟုတ် fixed Sunday ​တွေလာရမှာပါလား?
​ဖြေ။ ။Fixed Sunday ​တွေလာရမှာပါ (ဥပမာ - ပထမပတ်နဲ့တတိယပတ်အတန်းဆို လတိုင်းရဲ့ ပထမပတ်နဲ့တတိယပတ် Sunday ​တွေမှာလက်​တွေ့အတန်း​တွေတက်ရပါမယ်)၊ လာချင်တဲ့အပတ်လာလို့မရပါဘူး၊ အဲ့ဒါ​ကြောင့် off ရက်က fixed ဖြစ်ဖို့လိုပါမယ်

​မေး။ ။သင်တန်းကာလကြာချိန်?
​ဖြေ။ ။သင်တန်းသား​တွေလိုက်နိုင်တဲ့အ​ပေါ်မူတည်ပြီး ၁လ၂ရက်အတန်းဆို ၆လ/၇လကြာပြီး ၁လ၁ရက်အတန်းဆို ၁၀လ/၁၁လကြာပါမယ်။

​မေး။ ။​ယောကျာ်း​လေးတက်လို့ရပါသလား?
​ဖြေ။ ။ရပါတယ်

​မေး။ ။သင်တန်း​ကြေးက တခါတည်း​အပြီးသွင်းရမှာပါလား? ခွဲသွင်းလို့ရပါသလား?
​ဖြေ။ ။အရစ်ကျခွဲသွင်းလို့ရပါတယ်

Send a message to learn more

Update📣📢📣📢၁လ၂ရက်သင်တန်းအသစ်က​လေး လူပြည့်သွားပြီမို့ သင်တန်းသားထပ်ပြီးလက်ခံလို့မရ​တော့ပါဘူးရှင်..မင်မင်​ပြောပါတယ်​နော် အမ...
23/02/2026

Update📣📢📣📢

၁လ၂ရက်သင်တန်းအသစ်က​လေး လူပြည့်သွားပြီမို့ သင်တန်းသားထပ်ပြီးလက်ခံလို့မရ​တော့ပါဘူးရှင်..

မင်မင်​ပြောပါတယ်​နော် အမြန်အပ်ကြပါလို့🤷‍♀️

​နောက်ဖွင့်မယ့်အတန်း​လေး​တွေအတွက် whatsapp 96333473 သို့မဟုတ် messenger မှတဆင့် စုံစမ်း​မေးမြန်းနိုင်ပါတယ်.. ဖုန်းမ​ခေါ်ရန်နှင့် စာပြန်​နှေးလျှင်စိတ်​ရှည်​ပေးပါရန်​မေတ္တာရပ်ခံလိုပါတယ်...

Hello everyone❣️❣️❣️15 March မှာဖွင့်မယ့် ၁လ၂ရက်အတန်း​လေး (ပထမပတ်နှင့်တတိယပတ်) အတွက် ​နောက်ထပ် သင်တန်းသား *၃ ယောက်စာ*သာလ...
21/02/2026

Hello everyone❣️❣️❣️

15 March မှာဖွင့်မယ့် ၁လ၂ရက်အတန်း​လေး (ပထမပတ်နှင့်တတိယပတ်) အတွက် ​နောက်ထပ် သင်တန်းသား *၃ ယောက်စာ*သာလက်ခံလို့ရ​တော့မှာဖြစ်တဲ့အတွက် သင်တန်းတက်ဖို့စိတ်ဝင်စားသူများ whatsapp 96333473 သို့မဟုတ် page messenger မှတဆင့် ​မေးမြန်းစာရင်း​ပေးသွင်းနိုင်ပါပြီ..

​နောက်ထပ် ၁လ၂ရက်အတန်းသစ်က ဖွင့်ဖို့လိုဦးမှာမို့ အတန်းသစ်ရှိတုန်း​​လေးတက်ထားဖို့တိုက်တွန်းပါရ​စေ.. အတန်းသစ်မရှိချိန်ကြားကာလမှာမှ တက်ချင်လို့ပါ/အလျင်လို​နေလို့ပါ ဘယ်လို​ပြော​ပြော​စီစဥ်​ပေးလို့အဆင်မ​ပြေလို့ပါ..

မှတ်ချက်။ ။
1. စာပြန်တာ​လေး​နှေးရင်စိတ်ရှည်ရှည်​စောင့်​ပေးဖို့ရယ်၊ ဖုန်းမ​ခေါ်ဖို့ရယ်အထူး​မေတ္တာရပ်ခံပါရ​စေရှင့်...
2. Post ​အောက်က comment ​တွေမှာလည်း reply ပြန်ဖို့အခက်အခဲ​လေးရှိတာ​ကြောင့် သိချင်တာရှိရင် messenger/whatsapp မှတိုက်ရိုက်မေးမြန်း​ပေးပါ..

Hello hello!! ဖွင့်ပါပြီရှင့် ဖွင့်ပါပြီ!! စာရင်းသွင်းလို့ရပါပြီ!!!!📢📢📢📣📣📣📣အတန်းသစ်ဖွင့်ပြီလား စာရင်းသွင်းလို့ရပြီလား တ​...
16/02/2026

Hello hello!! ဖွင့်ပါပြီရှင့် ဖွင့်ပါပြီ!! စာရင်းသွင်းလို့ရပါပြီ!!!!📢📢📢📣📣📣📣

အတန်းသစ်ဖွင့်ပြီလား စာရင်းသွင်းလို့ရပြီလား တ​မေးတည်း​မေး​နေကြတဲ့ ​မောင်ညီမ​လေးတို့​ရေ...

March လ တတိယပတ် (15 Mar 2026) မှာ အသစ်ဖွင့်မယ့် ၁လ၂ရက်တန်း (every 1st and 3rd week of the month/လတိုင်းရဲ့ ပထမပတ်နဲ့တတိယပတ်)​လေးအတွက်စာရင်းသွင်းလို့ရပါပြီရှင့်!!!

Whatsapp 96333473 မှတဆင့် သို့မဟုတ် page messenger မှတဆင့်ဆက်သွယ် စာရင်းသွင်းနိုင်ပါပြီ..

စာကြွင်း - မင်မင်အခု ထမင်းစား, ​ရေချိုးလုပ်မှာမို့ စာပြန်​နှေးရင်စိတ်ရှည်​ပေးကြပါရှင့်.. ဖုန်းမဆက်ကြဖို့လည်း​မေတ္တာရပ်ခံလိုပါတယ်..

တဆက်တည်း​ပြောရရင် မင်မင်တို့သင်တန်း​လေးက သင်တန်းတက်မယ့်သူ​တွေအဆင်​ပြေ​အောင် သင်တန်း​ကြေးကိုအနည်းဆုံးဖြစ်​အောင် သတ်မှတ်ထားတဲ့အတွက် စာဝိုင်း​ဖြေ​ပေးဖို့ မင်မင်​လေး​တွေလည်းမရှိပါဘူးရှင့်.. ဒီမင်မင်ကြီး ၁​ယောက်ပဲရှိပါတယ်.. admin အ​နေနဲ့ကူညီပြီးလုပ်​ပေး​နေတာဖြစ်တဲ့အတွက် (မင်မင့်ရဲ့ full time အလုပ်သပ်သပ်ရှိပါတယ်) ပြန်စာ​လေးရဖို့ စိတ်ရှည်သည်းခံ​ပေးကြဖို့ ထပ်​လောင်း​မေတ္တာရပ်ခံပါတယ်ရှင့်🙇‍♀️🙇‍♀️🙇‍♀️

𝑯𝑬𝑨𝑹𝑻𝑺 𝒃𝒆𝒂𝒕 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓, 𝑻𝒐 𝒂𝒄𝒉𝒊𝒆𝒗𝒆 𝒕𝒉𝒆 𝒃𝒆𝒕𝒕𝒆𝒓 𝑾𝑶𝑹𝑳D...တူညီလှုပ်ရှား နှလုံးသားများ...မြင့်မားပန်းတိုင် လှမ်းကိုင်နိုင်ဖို့....
09/02/2026

𝑯𝑬𝑨𝑹𝑻𝑺 𝒃𝒆𝒂𝒕 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓, 𝑻𝒐 𝒂𝒄𝒉𝒊𝒆𝒗𝒆 𝒕𝒉𝒆 𝒃𝒆𝒕𝒕𝒆𝒓 𝑾𝑶𝑹𝑳D...
တူညီလှုပ်ရှား နှလုံးသားများ...
မြင့်မားပန်းတိုင် လှမ်းကိုင်နိုင်ဖို့...
မပြောမရှိနဲ့နော်...
နှစ်သစ်မှာ....
HCA အလုပ်သစ်ဖြင့်...
အိပ်မက်များကို လက်တွေ့ရှင်သန်စေခဲ့သည့်...
HEARTS@SG သင်တန်းဆင်း‌လေးများ...
ဆက်လက်တိုးတက်အောင်မြင်ကြပါစေ...
သင်တန်းစိတ်ဝင်စားသူများ page messenger မှတဆင့် သိုမဟုတ် whatsapp 96333473 မှတဆင့် မက်စေ့(ခ်ျ)ပို့၍ဆက်သွယ်​မေးမြန်းနိုင်ပါတယ်...
(ကျေးဇူးပြု၍ ဖုန်းခေါ်ဆိုခြင်း မပြုပါရန်)

ဒီဇင်ဘာလ ၂၁ရက်နေ့...HEARTS@SG Graduation and Year-end Gathering အခမ်းအနားမှာ...Hand-hygiene dance ဝင်ရောက်ယှဉ်ပြိုင်ခဲ့က...
14/01/2026

ဒီဇင်ဘာလ ၂၁ရက်နေ့...
HEARTS@SG Graduation and Year-end Gathering အခမ်းအနားမှာ...
Hand-hygiene dance ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ ၃ ဖွဲ့အား အကဲဖြတ်ရာတွင်...
ဒိုင်အဖွဲ့၏ အမှတ်ပေါင်း၊ ပွဲတက်ရောက်သူ ဧည့်ပရိတ်သတ်ရဲ့ တဖွဲ့ချင်းစီအတွက် မဲရမှတ်များ၊ Tiktok ပေါ်တွင် December 31 ည ၁၂ နာရီအထိ Like & Share ရမှတ်များ အားလုံးပေါင်းအမှတ်များအရ...
Team C (Batch 18) က ပထမ
Team A (Batch 13) က ဒုတိယ
Team B (Batch 16) က တတိယဆု အသီးသီးရရှိကြောင်း ချစ်ကြည်ရင်းနှီးစွာ အသိပေးကြေငြာအပ်ပါကြောင်း....
Organising Committee...

02/01/2026

🐻A heartfelt new year wish from "Hearty"❣️

January ၁၁ရက်​နေ့မှာဖွင့်မယ့် ၁လ၁ရက်အတန်းသစ် (every 4th week of the month) ကိုလည်း စာရင်း​ပေးသွင်းနိုင်ပါ​သေး​ကြောင်း...

Team (C)
23/12/2025

Team (C)

Check out hearty’s video.

Team (B)
23/12/2025

Team (B)

Check out hearty’s video.

Team (A)
23/12/2025

Team (A)

Check out hearty’s video.

23/12/2025

21 Dec 2025, HEARTS@SG Graduation & Year-end Gathering မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Team (A), Team (B) နဲ့ Team (C) tiktok video clip များ တင်ပေးပါမယ်...
နှစ်ကုန် Dec 31 ည ၁၂နာရီတိတိမှာ Like and share တွေ count လုပ်ပြီး၊ အများဆုံးရတဲ့ အဖွဲ့အတွက်လည်း အမှတ်ပေးနည်းလမ်းအဖြစ် ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အတွက်...
HEARTS@SG ပရိဿတ်များလည်း ကူညီအားပေးကြပါခင်ဗျာ...
🙏🙏🙏

Address

City
238841

Alerts

Be the first to know and let us send you an email when Hearts_SG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram