25/07/2025
မနေ့က ကျမ social media သုံးနေတုန်း မိတ်ဆွေအတော်များများ ပြောနေကြတာက သူတို့ရဲ့ ပါတ်ဝန်းကျင်မှာ စကား ကတောက်ကဆဖြစ်တယ်, စိတ်အဆင်မပြေကြဘူး, mood မကောင်းဘူး, စိတ်ထဲနေရတာ အထီးကျန်တယ်, ဘာကြောင့်မှန်းမသိပဲနဲ့ကို ဝမ်းနည်းနာကျင်နေရသလို ဘယ်သူနဲ့မှ စကားမပြောချင်ဘူး စတဲ့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုလေးတွေ ခံစားနေရတဲ့သူ အတော်များများ မြင်မိပါတယ်
တကယ်က ရှင်တို့မှာ ပြသနာတစ်ခုခုရှိနေတာကြောင့်မဟုတ်ပဲ New Moon နဲ့ Mercury Retrograde in Leo ပေါင်းစပ်သွားတာမို့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတချို့ ခံစားရတာပါ .. လွယ်လွယ်ပြောရရင် emotional rollercoaster period လို့ ဆိုရမလား .. ကျမတို့ ငယ်ငယ်က rollercoaster စီးသလို မြင့်လိုက်နိမ့်လိုက်နဲ့ .. ခဏနေ ငိုချင်လိုက် ခဏနေ အရမ်းတွေတက်ကြွလိုက်နဲ့ ခဏနေရင်တော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ တစ်ကမ္ဘာလုံးကို ကယ်တင်ချင်ကြပြန်ရောပေါ့
ဒါတင်မကသေးဘူး ပတ်ဝန်းကျင်က ရှိရှိသမျှလူအပေါင်းနဲ့ကလည်း စကားကြောက မတည့်ဘူးဖြစ်တတ်သေးရတယ်ရှင့် .. အရင်က အရမ်းတည့်နေရင်တောင်မှ စိတ်ထားမမှန်သူတချို့ ဆိုရင် Sugar coated တွေ ကွာကျပြီး true color တွေ ပေါ်ထွက်လာတာမျိုးပေါ့
ကျမ သတိထားမိသလောက် ခုလအတွင်းမှာတင် ကျမရဲ့ပါတ်ဝန်းကျင်မှာ လူဆယ်ယောက်ရှိရင် ငါးယောက်လောက်က အခုလိုလေးတွေ ကြုံတွေ့နေသလို တချို့ကလည်း ဘယ်လိုလုပ်ရမလဲ စိတ်မပျော်လို့ ဘယ်ထိခုလိုဖြစ်နေမှာလဲ ဘာလုပ်ရမလဲ စိတ်ရှုပ်တယ် စသဖြင့် ကျမကို လာမေးကြပါတယ်
It's okay, You're not alone!
စိတ်ထဲမတည်ငြိမ်ပဲ feeling ဘယ်လိုမှ မကောင်းနေတာ , မလုပ်ချင်မကိုင်ချင်နဲ့ အားအင်ကုန်ခမ်းတယ် ခံစားနေရတာ, or ဘာကြောင့်မှန်းရယ်မသိ နဲနဲလေး lost ဖြစ်နေတာ မပျော်ရွှင်ဘူး စတဲ့ အချက်အားလုံးဟာ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ cosmic combo ကြောင့်ပါပဲ
တစ်ခုရှိတာက စိတ်ထဲမှာရှုပ်ထွေးနေတာ၊ အတိတ်က နာကျင်ခဲ့ရတဲ့အရာတွေနဲ့ပြန်တွေ့ရခြင်းတွေဟာ နာကျင်ဖို့သက်သက်မဟုတ်ပဲ အခြေနေတွေပြောင်းလဲဖို့နဲ့ အပြီးသတ်ရပ်တန့်ဖို့အတွက်ကို သတိပေး တာမျိုးလဲ ဖြစ်နိုင်တာမို့ စိတ်ညစ်စရာကြီးပဲ မဟုတ်ဘူးနော် 💫
ဒါကြောင့် လက်ရှိကာလ ခဏတာမှာ ကျမတို့ အလိုက်သင့်လေး နေတတ်ဖို့ လုပ်ရပါမယ် .. ဘာနဲ့တူနေ မလဲဆိုရင် ခရီးသွားနေတုန်း လမ်းမှာ GPS က glitch ဖြစ်လို့ reset button နှိပ်လိုက်ရတာမျိုးပေါ့ .. ခဏ reset ချလိုက် .. ငြိမ်သက်လိုက် .. ခဏအနားယူလိုက်ပါ ..ပြီးမှ ဆက်လက်ထွက်ခွါကြတာပေါ့
July-August Mercury Retrograde မှာ လုပ်သင့်တဲ့ အရာတွေက
🌱 ခုကာလမှာ intentions အသစ်တွေအတွက် ချမှတ်ပါ ရှေ့ဆက်မယ့် ကိုယ့်အိပ်မက်တွေကို ပြန် align လုပ်ပါ
💬 ပြသနာအားလုံးကို ခုချက်ချင်းအဖြေရှာဖို့ မလိုသေးပါဘူး .. ဒီတကြိမ် retro မှာတော့ အတင်း ရှေ့ဆက်မတိုးပဲ ခဏ နောက်ဆုတ်ပြီး အချိန်ယူရင်လည်း နောက်မကျသေးပါဘူး
🧚♀️ အရေးအကြီးဆုံးက ကိုယ့်ရဲ့ energy ကို ချွေတာပါ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပေး ပိုကြင်နာပေးပါ .. grounding တတ်နိုင်သမျှ လုပ်ပေးဖို့ လိုနေတာပါ
အားလုံးပဲ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ