ခိုင္ - Khaing IPCFS

ခိုင္ - Khaing IPCFS Khaing IPCFS is international patients coordination & facilitation services, based in Singapore. Dr.

မနေ့ကပဲ ကျန်းမာရေးအတွက် ဆွေးနွေးမျှဝေပွဲလေး ၂ ခု ပြီးသွားခဲ့ပါတယ်။ စစ်ဒဏ် ငလျင်ဒဏ်နဲ့ မွမွကြေလုနီး အမိမြေကသတင်းတွေ တွေ့ရ...
31/03/2025

မနေ့ကပဲ ကျန်းမာရေးအတွက် ဆွေးနွေးမျှဝေပွဲလေး ၂ ခု ပြီးသွားခဲ့ပါတယ်။

စစ်ဒဏ် ငလျင်ဒဏ်နဲ့ မွမွကြေလုနီး အမိမြေကသတင်းတွေ တွေ့ရတာ ရင်တွေကွဲရပေမယ့် လုပ်ရမယ့် လုပ်သင့်တဲ့အလုပ်တွေကို ဆက်လုပ်ခဲ့ပါတယ်။ မလုပ်ဘဲ စိတ်ညစ်နေ ပြိုလဲနေလို့ လိုအပ်နေသူတွေကို ဘယ်လို ကူညီနိုင်ပါမလဲလေ။

FB ပေါ်က သတင်းတွေ ဖတ်ရတာလည်း

ငလျင်ဒဏ်ခံ‌ရတဲ့ ကူကယ်ရာမဲ့ ပြည်သူတွေကို သနားတာက တဖက်၊

အယုတ်တမာကောင်တွေရဲ့ ယုတ်ကန်းမှုပေါင်းစုံကို တွေ့ရပြီး ဒေါသထွက်ရတာက တဖက်၊

အယုတ်တမာတွေရဲ့ ခေါင်းဆောင် ကျက်သရေယုတ်မျက်နှာကြီး FB wall ပေါ် ပေါ်လာရင် ရွံလွန်းလို့ အန်ချင်ရတာက တဖက်၊

ဒီလို အခြေအနေကို အမြတ်ထုတ်နည်း ပေါင်းစုံနဲ့ အမြတ်ထုတ်နေသူများ ခါတော်မီ ကယ်တင်ရှင်များကို အာရုံနောက်ရတာက တဖက်၊

လူမဆန်တဲ့ အယုတ်တမာ အုပ်စုက သူတို့ ‌ရန်သူလို သဘောထားတဲ့ ပြည်သူတွေလည်း အစုလိုက် အပြုံလိုက် သေကြေ ငါတို့လည်း နိုင်ငံတကာ အကူအညီတွေကို သိမ်းပိုက် အဲဒီငွေတွေနဲ့ ပြည်သူကို ထပ်သတ် ယုတ်ကန်းနည်း ပေါင်းစုံနဲ့ ယုတ်ကန်းနေကြတာကို ဒို့တော်လှန်ပြည်သူတွေ တောင့်ခံနိုင်ကြပါ့မလားဆိုတဲ့ မွန်းကြပ်မှုတွေက တဖက်

ခေါင်းတွေ ရင်တွေ ကွဲထွက်လုလုပါပဲ။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ငလျင်ဒဏ်ကြောင့် တကယ်အကူအညီလိုနေသူတွေကို ကူညီနိုင်ဖို့၊ ဘယ်နည်းနဲ့မှ ရပ်လို့ မရနိုင်တဲ့ တော်လှန်ရေးကြီးအတွက် ဆက်လက်ထောက်ပို့နိုင်ဖို့ အလုပ်တွေ ဆက်လုပ်ရပါဦးမယ်။

ငလျင်အတွက်လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် စီစဉ်ကူညီနေသူများဆီ အခုပဲ သိန်း ၅၀ လွှဲလိုက်ပါတယ်။

တော်လှန်ရေးအတွက် လစဉ်ထောက်ပို့မှုကိုလည်း မထိခိုက်ရအောင် ဒီ သိန်း ၅၀ အတွက် ‌ဈေးရောင်းပြီး ပြန်ရှာပါမယ်။ ငလျင်အကူ ဈေးရောင်းလေးလည်း အားပေးကြပါဦးနော်။

အလုပ်လုပ်ဖို့ အခွင့်အရေးရနေသေးတဲ့ တို့လို ပြည်သူတွေ ၂ ဆ ပို ကြိုးစားကြမယ်။ ငလျင်လည်း ကူကြမယ်၊ တော်လှန်ထောက်ပို့လည်း ဆက်လုပ်ကြမယ်။

တော်လှန်ကမ်ပိန်းများလည်း ဆက်လုပ်ကြပါ၊ ပါဝင်ပါမယ်။

ဘာတွေပဲဖြစ်ဖြစ် တို့တွေအားလုံး ရပ်တန့် မသွားကြဘူး။

ကျန်းမာရေးအတွက် မျှဝေ ဆွေးနွေးပွဲအစီအစဉ်လေး ခဏနေ စပါတော့မယ်။မနေ့က ရှေ့ပိုင်း slides တွေမှာ အချိန်ကြာသွားတာနဲ့ အချို့ inf...
30/03/2025

ကျန်းမာရေးအတွက် မျှဝေ ဆွေးနွေးပွဲအစီအစဉ်လေး ခဏနေ စပါတော့မယ်။

မနေ့က ရှေ့ပိုင်း slides တွေမှာ အချိန်ကြာသွားတာနဲ့ အချို့ information တွေ သေချာ မပြောလိုက်ရပါ။ ဒီနေ့တော့ လိုအပ်တာလေးတွေပဲ သေချာ highlight လုပ်ပြီး ပြောနိုင်အောင် ကြိုးစားပါမယ်။

မနေ့က join ပြီးသူများလည်း အချိန်ရရင် ပြန် join လို့ ရပါတယ်နော်။ post မှာ link လေး ပေးထားပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

ဒီနေ့ စီစဉ်ထားတဲ့ ကျန်းမာရေးအတွက် မျှဝေ ဆွေးနွေးပွဲ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါမယ်။

အမှန်တကယ်တော့ အမိနိုင်ငံမှာလည်း မနေ့က ငလျှင်ဒဏ်နဲ့ အရေးပေါ်အခြေအနေတွေ ဝမ်းနည်းစရာတွေများလှတော့ ရက်ရွှေ့လိုက်ဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် စီစဉ်ပြီးသား ဖိတ်ပြီးသားလည်း ဖြစ်နေတာကတကြောင်း၊ နောက်ပြီး ဒီမှာနေထိုင်တဲ့မြန်မာများအတွက် အကျိုးရှိနိုင်မယ်လို့ အချက်အလက်များကို ဝေမျှပေးဖို့ ကြံရွယ်ထားလို့ လိုအပ်တယ်လို့ ယူဆတာကတကြောင်းကြောင့် ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

ဒီမှာ နေထိုင်တဲ့မြန်မာ အများစုဟာ အမိမြေအတွက်၊ အမိမြေမှာရှိတဲ့မိသားစုတွေအတွက် တတ်စွမ်းသမျှ ကူညီနေတဲ့သူတွေပါ။ အများကို ကူညီနိုင်ဖို့ ကိုယ်ကျန်းမာနေဖို့၊ အသိပညာ ဗဟုသုတ ကြွယ်ဝနေဖို့ လိုတယ်လေ။ အဲဒီလိုဖြစ်နိုင်ဖို့ ဒို့တွေအချင်းချင်း ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်က ဗဟုသုတတွေ မျှဝေပြီး တဦးနဲ့တဦး ကူညီကြရအောင်။

အခြေအနေအရ လူများများ တက်ရောက်ဖို့ မမျှော်လင့်ထားပေမယ့် ၁၀၀ ကျော်ခန့် တက်ရောက်လို့ ကျေးဇူးတင်ပါတယ်။ အချိန်ပေးရတာ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ အစီအစဉ်မကျတာလေးတွေ၊ မျှဝေပေးချင်တာလေးတွေများတော့ မှန်းထားတာထက် အချိန်ပိုကြာသွားတာလေးတွေကိုလည်း နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

စနေနေ့ မအားလို့ တနင်းဂနွေမှာ စီစဉ်ပေးဖို့ တောင်းဆိုထားသူများအတွက် မနက်ဖြန်မှာ မျှဝေဆွေးနွေးပွဲလေး နောက်တစ်ခု ရှိပါမယ်။ စိတ်ဝင်စားရင် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

30/3/2025 Sunday
2 - 3.30 pm Singapore time
12.30 - 2 pm Myanmar time

Zoom Meeting link
Join Zoom Meetinghttps://synapxe.zoom.us/j/98245515148?pwd=k01bK0HlrY8udKeZz5PpIaCl7mwg38.1

Meeting ID: 982 4551 5148
Passcode: 471942

ဒီနေ့ စီစဉ်ထားတဲ့ ကျန်းမာရေးအတွက် မျှဝေ ဆွေးနွေးပွဲ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါမယ်။အမှန်တကယ်တော့ အမိနိုင်ငံမှာလည်း မနေ့က ငလ...
29/03/2025

ဒီနေ့ စီစဉ်ထားတဲ့ ကျန်းမာရေးအတွက် မျှဝေ ဆွေးနွေးပွဲ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါမယ်။

အမှန်တကယ်တော့ အမိနိုင်ငံမှာလည်း မနေ့က ငလျှင်ဒဏ်နဲ့ အရေးပေါ်အခြေအနေတွေ ဝမ်းနည်းစရာတွေများလှတော့ ရက်ရွှေ့လိုက်ဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် စီစဉ်ပြီးသား ဖိတ်ပြီးသားလည်း ဖြစ်နေတာကတကြောင်း၊ နောက်ပြီး ဒီမှာနေထိုင်တဲ့မြန်မာများအတွက် အကျိုးရှိနိုင်မယ်လို့ အချက်အလက်များကို ဝေမျှပေးဖို့ ကြံရွယ်ထားလို့ လိုအပ်တယ်လို့ ယူဆတာကတကြောင်းကြောင့် ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

ဒီမှာ နေထိုင်တဲ့မြန်မာ အများစုဟာ အမိမြေအတွက်၊ အမိမြေမှာရှိတဲ့မိသားစုတွေအတွက် တတ်စွမ်းသမျှ ကူညီနေတဲ့သူတွေပါ။ အများကို ကူညီနိုင်ဖို့ ကိုယ်ကျန်းမာနေဖို့၊ အသိပညာ ဗဟုသုတ ကြွယ်ဝနေဖို့ လိုတယ်လေ။ အဲဒီလိုဖြစ်နိုင်ဖို့ ဒို့တွေအချင်းချင်း ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်က ဗဟုသုတတွေ မျှဝေပြီး တဦးနဲ့တဦး ကူညီကြရအောင်။

အခြေအနေအရ လူများများ တက်ရောက်ဖို့ မမျှော်လင့်ထားပေမယ့် ၁၀၀ ကျော်ခန့် တက်ရောက်လို့ ကျေးဇူးတင်ပါတယ်။ အချိန်ပေးရတာ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ အစီအစဉ်မကျတာလေးတွေ၊ မျှဝေပေးချင်တာလေးတွေများတော့ မှန်းထားတာထက် အချိန်ပိုကြာသွားတာလေးတွေကိုလည်း နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

စနေနေ့ မအားလို့ တနင်းဂနွေမှာ စီစဉ်ပေးဖို့ တောင်းဆိုထားသူများအတွက် မနက်ဖြန်မှာ မျှဝေဆွေးနွေးပွဲလေး နောက်တစ်ခု ရှိပါမယ်။ စိတ်ဝင်စားရင် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

30/3/2025 Sunday
2 - 3.30 pm Singapore time
12.30 - 2 pm Myanmar time

Zoom Meeting link
Join Zoom Meetinghttps://synapxe.zoom.us/j/98245515148?pwd=k01bK0HlrY8udKeZz5PpIaCl7mwg38.1

Meeting ID: 982 4551 5148
Passcode: 471942

ဆေးရုံမှာ အလုပ်ဝင်ခါစက ရေးဖြစ်ခဲ့တဲ့ စာလေး။ကြံရွယ်ထားတဲ့အတိုင်း ဆေးရုံအကြောင်းလေးတွေ ဗဟုသုတ ဝေမျှပေးမယ့် ဆွေးနွေးပွဲ အမှ...
24/03/2025

ဆေးရုံမှာ အလုပ်ဝင်ခါစက ရေးဖြစ်ခဲ့တဲ့ စာလေး။

ကြံရွယ်ထားတဲ့အတိုင်း ဆေးရုံအကြောင်းလေးတွေ ဗဟုသုတ ဝေမျှပေးမယ့် ဆွေးနွေးပွဲ အမှတ်စဉ် ၁ စ ပါပြီ။

ဒီ ဆွေးနွေးပွဲမှာ

- ပြည်သူ့ဆေးရုံမှာ လူနာတွေ အရမ်းများလို့ ဆရာဝန်ပြဖို့ appointment ကို ၂ လ ၃ လ စောင့်ရတယ် -

- ပြည်သူ့ဆေးရုံမှာ ပြဖို့ လူနာတိုင်း လွှဲစာ (referral letter) လိုတယ် -

- ပြည်သူ့ဆေးရုံမှာ နိုင်ငံခြားသား ပြဖို့ အဆင်မပြေဘူး -

- ပြည်သူ့ဆေးရုံမှာ ဘာပဲ လုပ်ချင် လုပ်ချင် အကြာကြီး စောင့်ရတယ်-

စသည် စသည် လွှဲမှားနေတာလေးတွေကို ဆွေးနွေး ပြောပြကြရင်း ၊

- ပြည်သူ့ဆေးရုံများမှာ လူနာများအတွက် အသုံးဝင်နိုင်မယ့် လုပ်ထုံးလုပ်နည်း အချက်အလက်လေးများကို ဝေမျှရင်း၊

- လူနာများအတွက် အကျိုးရှိနိုင်မယ့် ကုသမှု အသစ်လေးတွေကို အကြောင်းကြားရင်း

- မေးစရာ ရှိတာလေးတွေကိုလည်း အမေးအဖြေအချိန်မှာ ဖြေကြားပေးသွားမှာပါ။

Online ကပဲဖြစ်လို့ အချိန်ကုန်လည်း သက်သာ ၊ စင်ကာပူကသာမက ဘယ်နိုင်ငံကပဲဖြစ်ဖြစ် တက်ရောက်လို့ ရလို့ အောက်မှာ ပေးထားတဲ့ link ကနေ register လေး လုပ်ပေးထားပါနော်။ ဆွေးနွေးပွဲနေ့ မတိုင်ခင် meeting link လေး ပို့ပေးပါမယ်။

နောက်တပတ် စနေ ၊ တနင်းဂနွေ ( 29 & 30 March) နေ့လယ် 2 - 3.30 pm ပါ။ အဆင်ပြေတဲ့ရက် join ပါနော်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျိုးရှိမယ့် ဆွေးနွေးပွဲလေးတွေ လစဉ် ပြုလုပ်သွားဖို့ရှိလို့ အားလုံးနဲ့ တွေ့ကြရဖို့ မျှော်လင့်ပါတယ်နော်။

https://form.gov.sg/67d9017ddff222329824dd6e

ကျေးဇူးတင်ပါတယ်ရှင့်။

Just fall in love with my work desk :)အလုပ်​တွေ လုပ်ရင်း လေ့လာ သင်ယူစရာရှိတာ​တွေ ​လေ့လာသင်ယူရင်း -ဒီမှာ အရင် အလုပ်လုပ်ခဲ...
13/12/2024

Just fall in love with my work desk :)

အလုပ်​တွေ လုပ်ရင်း
လေ့လာ သင်ယူစရာရှိတာ​တွေ ​လေ့လာသင်ယူရင်း -

ဒီမှာ အရင် အလုပ်လုပ်ခဲ့တုန်းက ​တွေ့ဆုံခဲ့ဖူးတဲ့ လူနာ​တွေနဲ့လည်း ပြန်အဆက်အသွယ်ရ​​အောင် ကြိုးစား​နေပါတယ်။

လူနာ​တွေအတွက် အကျိုးရှိနိုင်မယ့် ​ဆောင်းပါး​​လေးတွေလည်း ဘာသာပြန်ပြီး တင်နိုင်​အောင် ကြိုးစားပါဦးမယ်။

စင်ကာပူနိုင်ငံကို ​ရောက်ခါစ 2006 - 2011 အထိ ပထမဆုံး full-time အလုပ်အဖြစ် ၅နှစ် အလုပ်လုပ်ခဲ့တဲ့ Singapore General Hospita...
08/12/2024

စင်ကာပူနိုင်ငံကို ​ရောက်ခါစ 2006 - 2011 အထိ ပထမဆုံး full-time အလုပ်အဖြစ် ၅နှစ် အလုပ်လုပ်ခဲ့တဲ့ Singapore General Hospital, Patient Liaison Service ရုံးမှာ ဒီလ အလုပ်ပြန်ဝင်​နေပါပြီ။

ဒီအလုပ်မှာပဲ ဒီနိုင်ငံရဲ့ ​ဆေးရုံ​တွေအ​ကြောင်း၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုစနစ်​တွေ လုပ်ထုံးလုပ်နည်း​တွေအ​ကြောင်း အများကြီး သင်ယူခွင့်ရခဲ့တယ်။ အခုထိ ခင်ခင်မင်မင် ရှိ​​နေကြဆဲ မိတ်​​ဆွေ သူငယ်ချင်း​တွေလည်း အများကြီးတိုးခဲ့တယ်။ ကိုယ့်နိုင်ငံမှာ သင်ယူခဲ့တဲ့ ​ဆေးပညာ၊ ဒီအလုပ်မှာ သင်ယူခဲ့တဲ့ အ​တွေ့အကြုံ ဗဟုသုတ​တွေအ​ပေါ်အ​ခြေခံပြီး လူနာ​တွေ အများကြီးကို ကူညီခွင့်ရခဲ့တယ်။

လူနာ​တွေအ​ပေါ် ကိုယ်ရဲ့ အတတ်ပညာ၊ အသိပညာ ဗဟုသုတ​တွေနဲ့ တတ်နိုင်သ​လောက် ကူညီ​​ဆောင်ရွက်ပေးချင်တဲ့ ​စေတနာအ​ပေါ် မူတည်ပြီး​တော့ပဲ 2012 က​နေ 2024 November အထိ National Heart Center Singapore, Patient Liaison Service မှာ ၃ နှစ်၊ Programme Development မှာ ၂ နှစ်၊ ​နောက်ပြီး​တော့ Khaing IPCFS ဆိုတဲ့အမည်နဲ့ ကျန်းမာ​ရေးဝန်​ဆောင်မှုအလုပ်ကို ဒီနိုင်ငံမှာ ကိုယ်ပိုင်အလုပ်အ​နေနဲ့ မှတ်ပုံတင်ပြီး ၆ နှစ်​ကျော် လုပ်ခဲ့ပါတယ်။

အလုပ်က အနားမယူခင် (retirement မတိုင်ခင်) ​ဆေးရုံ / အဖွဲ့အစည်းတစ်ခုခုမှာ ဝန်ထမ်းအ​နေနဲ့ ပြန်အလုပ်လုပ်ပြီး သင်ယူစရာရှိတာ​တွေ သင်ယူမယ်လို့ ကြံရွယ်ထားတဲ့အတိုင်း အခု အလုပ်ပြန်ဝင်​နေပါပြီ။ ကိုယ့်ရဲ့ ပထမဆုံးအလုပ်မှာ ပြန်လုပ်ခွင့်ရ​တော့လည်း ​ပိုပျော်တာ​ပေါ့။ အချိန်နဲ့အမျှ ​ပြောင်းလဲတိုးတက်​နေတဲ့ ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း ကိုယ့်ဌာနကလည်း အများကြီး ​ပြောင်းလဲတိုးတက်သွားခဲ့သလို ​ဆေးရုံမှာလည်း ကိုယ်အမှီလိုက် သင်ယူ​လေ့လာရမယ့် တိုးတက်မှု​တွေက တပုံကြီး။

ဘယ်အလုပ်ပဲ လုပ်ရ လုပ်ရ ​အလုပ်ရဲ့ ​ကောင်းကျိုးပြုနိုင်ပုံ​တွေကို မြင်​အောင်ကြည့်ပြီး လုပ်ရတာ တက်ကြွပျော်ရွှင်သလို ကိုယ်တာဝန်ယူထားတဲ့​နေရာ၊ ကိုယ့် ပညာ ဗဟုသုတ​တွေအ​ပေါ်မူတည်ပြီးလည်း လူတွေကို ဘယ်လို​နေရာက ဘယ်လိုကူညီနိုင်မလဲလည်း အမြဲစဥ်းစားပါတယ်။ မြန်မာနိုင်ငံက လူနာ​တွေအတွက်​ရော၊ ဒီနိုင်ငံမှာ ​အ​ခြေချ နေထိုင်​နေသူ အလုပ်လာလုပ်​နေသူများနဲ့ မိသားစုများအတွက်ပါ ကျန်းမာ​​ရေးနဲ့ ပတ်သက်ပြီး လိုအပ်တာရှိရင် အကြံ​ပေး ကူညီလိုပါတယ်။ ကျန်းမာ​ရေး ပညာ​ပေး​ဆွေး​နွေးပွဲ​လေး​တွေ​ရော မခိုင်တို့အ​​နေနဲ့ ဘာ​တွေကူညီ​ဆောင်ရွက်​ပေးနိုင်တယ်ဆိုတာ​ အသိ​ပေးတာ​လေး​တွေကိုပါ online က​ရော၊ ​ဆေးရုံမှာပါ စီစဥ်​ပေးသွားဖို့လည်း ရှိပါတယ်။ ဘယ်လို အ​ကြောင်းအရာ​တွေ စိတ်ဝင်စား သိချင်ကြလဲ၊ online မှာဆိုရင် ပိုအဆင်​ပြေလား ​ဆေးရုံမှာ စီစဥ်တာ ပိုသ​ဘောကျလား comment မှာ ​ပြောသွား​ပေး​နော်။

ဝန်ထမ်းအ​နေနဲ့ တာဝန်​​ကျေရုံပဲလုပ်လို့လည်းရနိုင်​ပေမယ့် ကိုယ်တာဝန်ယူထားတဲ့​နေရာ၊ ကိုယ့်အသိပညာဗဟုသုတ​တွေကို အပြည့်အဝ အသုံးချပြီး တတ်နိုင်တာလေး​တွေ အ​ကောင်းဆုံး အကြံ​ပေး ကူညီ​ဆောင်ရွက်​ပေးချင်ပါတယ်။ ကျန်းမာ​ရေးနဲ့ ပတ်သက်ပြီး ​​ဆွေး​နွေးတိုင်ပင်ချင်တာ​လေး​တွေရှိရင် ရုံးချိန်အတွင်းဖုန်းဆက် ဒါမှမဟုတ် email ပို့လိုက်​နော်။ အလုပ်ရဲ့ contact information လည်း comment မှာရှိပါတယ်​နော် :)

(မခိုင် အလုပ်မှာ အမြဲတမ်းတက်ကြွ​​နေ​စေဖို့ အား​ပေး​နေတဲ့ အ​ဖော်​လေး​တွေကို ​ဓါတ်ပုံထဲမှာ ​မြင်လား ၊ ဆက်​​လျောက် တံဆိပ်ဝိုင်း​လေးရယ် သူပုန် ​ကော်ဖီနဲ့ လက်ဖက်​ခြောက်ရယ်​ပေါ့ )

မင်္ဂလာနှစ်သစ်ပါ။2024 နှစ်သစ်ရဲ့ ပထမဆုံး​နေ့မှာ မိသားစု ကျန်းမာ​ရေးအတွက် ​ဆေးရုံကို ​ရောက်​နေခဲ့ပါတယ်။​ဆေးရုံက မပြန်ခင် ...
01/01/2024

မင်္ဂလာနှစ်သစ်ပါ။

2024 နှစ်သစ်ရဲ့ ပထမဆုံး​နေ့မှာ မိသားစု ကျန်းမာ​ရေးအတွက် ​ဆေးရုံကို ​ရောက်​နေခဲ့ပါတယ်။

​ဆေးရုံက မပြန်ခင် food court မှာ ​နေ့လယ်စာ စားရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ သတိ​ပေး ၊ အကြံ​ပေးစာသားလေး​တွေကို ဖတ်ဖြစ်၊ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

အသက်ကြီးလာ​လေ​​လေ၊ ကျန်းမာ​ရေးအတွက် အကြံဥာဏ်နဲ့ စီစဥ်​ပေးဖို့ အကူအညီလို​နေတဲ့ လူနာ​တွေနဲ့ ​တွေ့ကြုံရပါများ​လေ​လေ ကျန်းမာ​​ရေးကို ဂရုစိုက်ဖို့၊ ကျန်းမာ​အောင် ​နေဖို့ ၊ စားဖို့ ဘယ်​လောက်အ​ရေးကြီးတယ်ဆိုတာ နားလည်လာရ​လေ​လေပါပဲ။

ဒါ​ပေမယ့် အများစုက​တော့ ​နေ့စဥ် လှုပ်ရှား ရုန်းကန်ကြရင်း ၊ ကိုယ်လုပ်ချင်တာ​​တွေနဲ့ အလုပ်ရှုပ်ကြရင်း ကျန်းမာ​ရေးအတွက် အချိန်​ပေး ဂရုစိုက်ဖို့ ​မေ့​လျော့​နေတတ်ကြပါတယ်။ အဲဒီအထဲမှာ ကျမလည်း အပါအဝင်​ပေါ့။

အဲဒါ​ကြောင့် 2024 နှစ်သစ်မှာ အားလုံး ကိုယ်​ရော စိတ်ပါ ကျန်းမာကြ​စေဖို့ ဆု​တောင်း​ပေးရင်း ကိုယ့်ရဲ့ ကိုယ်ကျန်းမာ​ရေး၊ စိတ်ကျန်းမာ​ရေးအတွက် အချိန်​ပေး ဂရုစိုက်ဖို့ ကိုယ့်ကိုကိုယ်​ရော ချစ်ခင်ရတဲ့သူ​တွေ အားလုံးကိုပါ အကြံ​ပေးပါရ​​စေ။

2019 & 2023ဆရာ​တော်ဘုရားများ၏ ကျန်းမာ​ရေးအတွက် စီစဥ်​ပေးခွင့်ရသော မွန်မြတ်​သော ကုသိုလ်အတွက်လွန်စွာ ပီတိဖြစ်ရပါသည်။ယုံကြည...
16/11/2023

2019 & 2023

ဆရာ​တော်ဘုရားများ၏ ကျန်းမာ​ရေးအတွက် စီစဥ်​ပေးခွင့်ရသော မွန်မြတ်​သော ကုသိုလ်အတွက်လွန်စွာ ပီတိဖြစ်ရပါသည်။

ယုံကြည်စွာ စီစဥ်ခွင့်ပြု​သော ဆရာ​တော်ကြီးများ၏ ကျန်းမာ​ရေးကို စောင့်​ရှောက်​ကုသ​​ပေး​သော ဆရာ၊ ဆရာမများနှင့် ​ဝေယျာဝစ္စကုသိုလ်ရှင်များအားလုံး၏ ​ကျေးဇူးကို ​တန်ဖိုးထားပါ၏။

ကုသိုလ်များ အားလုံး ထပ်တူရ​စေရန် အမျှ ​ပေး​​ဝေပါသည်ရှင့် 🙏🙏🙏

စိတ်​ရော ကိုယ်ပါ ကျန်းမာ​​စေဖို့ - ဘဝမှာ ကိုယ် လုပ်ချင်တာ​လေး​တွေ ပြည့်ပြည့်ဝဝ လုပ်နိုင်ဖို့၊ အများအတွက် ကူညီချင်တာ​လေး​...
05/11/2022

စိတ်​ရော ကိုယ်ပါ ကျန်းမာ​​စေဖို့ -

ဘဝမှာ ကိုယ် လုပ်ချင်တာ​လေး​တွေ ပြည့်ပြည့်ဝဝ လုပ်နိုင်ဖို့၊ အများအတွက် ကူညီချင်တာ​လေး​တွေ ပြည့်ပြည့်ဝဝ ကူညီနိုင်ဖို့ စိတ်​​ရော ကိုယ်ပါ ကျန်းမာဖို့ အ​ရေးကြီးလှပါတယ်။

လူငယ် လူလတ်ပိုင်းအရွယ်မှာ မိသားစုအတွက် ၊ အလုပ်တာဝန်​တွေအတွက် လှုပ်ရှား ရုန်းကန်ရင်း ကိုယ့် ကိုယ် နဲ့ စိတ် ကျန်းမာ​ရေးကို ဂရုစိုက် အချိန်​ပေးဖို့ ​မေ့​လျော့​နေတတ်ပါတယ်။ အဲဒီအကျိုးဆက်​တွေ​၊ ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှု ဒဏ်​တွေဟာ အချိန်ကြာလာတဲ့အမျှ ကိုယ့် ကိုယ်နဲ့စိတ် ကျန်းမာ​ရေးကို ဖိစီး ထိခိုက်လာပြီး ကိုယ့်အတွက်ကိုယ် အချိန်​ပေးနိုင်ဖို့ အခွင့်အ​ရေးရတဲ့ သက်ကြီးပိုင်း အရွယ်​ရောက်​တော့ ကိုယ်လုပ်ချင်တာ​လေး​တွေ ​အေး​အေး​ဆေး​ဆေး လုပ်ရမယ့်အစား ရောဂါမျိုးစုံ ကုသ​နေရတတ်ပါတယ်။

အလုပ်​တွေ ဘယ်​လောက်ပဲများများ ကိုယ့် ကျန်းမာ​ရေးအတွက်ကိုယ် အချိန်​လေး​ပေးပြီး လမ်း​လျောက်ဖို့၊ စိတ်တည်ငြိမ် ​အေးချမ်းဖို့ meditation လုပ်ဖို့ သတိ​ပေး တိုက်တွန်းပါရ​စေ​နော်။

( မခိုင်လည်း အချိန် ​တော်​တော်များများမှာ ကိုယ့်ကျန်းမာ​ရေးကိုယ် ဂရုစိုက်ဖို့ ​မေ့​နေတတ်လို့ မနည်း သတိထားပြီး ပြန်ဂရုစိုက်ဖို့ ကြိုးစား​နေရသူတစ်ဦးပါ။ အသက်ကြီးသည်အထိ ကျန်းကျန်းမာမာ​ ​အေး​အေးချမ်းချမ်း ​နေသွားနိုင်​စေဖို့ ကြိုးစားကြရ​အောင်။

ဒီ​နေ့မနက် ​စော​စောထ၊ အိမ်မှ တရားရိပ်သာအထိ ၁ နာရီ​ကျော်​ကျော် လမ်း​လျောက်၊ တရားမှတ်၊ တရားရိပ်သာက အပြန်လမ်းမှာ ​ဈေးဝယ်ပြီး ​မနက်ဖြန် တော်လှန်​ဈေး​ရောင်းအတွက် ချက်ပြုတ်ဖို့ ပြင်ဆင်ရပါ​တော့မယ်။)

အ​ကြောင်းအမျိုးမျိုး​ကြောင့် အကြာကြီး ပစ်ထားခဲ့ရတဲ့ မခိုင်ရဲ့ အလုပ် page ​လေးပါ။ တခါတ​လေ ​​ပြောပြချင်တာ​တွေ ၊ မျှ​ဝေချင်...
03/11/2022

အ​ကြောင်းအမျိုးမျိုး​ကြောင့် အကြာကြီး ပစ်ထားခဲ့ရတဲ့ မခိုင်ရဲ့ အလုပ် page ​လေးပါ။ တခါတ​လေ ​​ပြောပြချင်တာ​တွေ ၊ မျှ​ဝေချင်တာ​လေး​တွေ များလှ​ပေမယ့် အချိန်မရလွန်းလို့ တမင်​ ​မေ့ထားခံရတဲ့ page ​လေး။ အားတဲ့ အချိန်​လေး​တွေမှာ အချိန်လုပြီး update ​လေး​တွေ ​ရေးချင်၊ မျှ​ဝေစရာ​လေး​တွေ မျှ​ဝေချင်ပါ​သေးတယ် 🥰

Khaing IPCFS ရဲ့ အစ

7/5/2018 မှာ Khaing IPCFS, International Patients Coordination & Facilitation Services ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းကို Singapore မှာ လုပ်ငန်းမှတ်ပုံတင်ခဲ့တာဆိုတော့ အခု 7/5/2020 မှာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ၂ နှစ်ပြည့်အနေနဲ့ ကျမတို့ Khaing IPCFS စတင် ဖြစ်ပေါ်လာပုံ၊ ကျမတို့ ကျန်းမာရေးဝန်ဆောင်မှုရဲ့ သဘောသဘာဝ၊ ဒီ ၂ နှစ်တာ အလုပ် အတွေ့အကြုံအရ လူနာများအတွက် ပြုလုပ်ပေးလိုသော ဖြည့်စွက်ဝန်ဆောင်မှုများအကြောင်းကို ပြောပြချင်ပါတယ်။

ကျမက Khaing IPCFS ကို စတင်ခဲ့တဲ့ ‌Dr. ခိုင်သန္တာလင်းပါ။ ၂၀၀၃ ခုနှစ်မှာ ဆေးတက္ကသိုလ် ၁ ရန်ကုန်မှ ဆေးပညာဘွဲ့ရရှိခဲ့ပြီး ရန်ကုန် အနောက်ပိုင်း‌ဆေးရုံကြီးမှာ လက်‌ထောက်ဆရာဝန်အနေနဲ့ တစ်နှစ်ခွဲခန့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမျိုးသားရှိရာ Singapore နိုင်ငံကို လိုက်လာခဲ့ပါတယ်။ ‌ဆေးပညာကို ဝါသနာပါပြီး ဆရာဝန်အဖြစ် ဆက်လက်ဆေးကုသလိုတာကြောင့် Australia ဆေးကောင်စီ AMC စာမေးပွဲကို ဖြေဆိုခဲ့ပြီး အပိုင်း ၁ စာတွေ့စာမေးပွဲကို Singapore မှာ၊ လူနာနဲ့ လက်တွေ့ဖြေရတဲ့ အပိုင်း ၂ စာမေးပွဲကို Melbourne, Australia မှာ ဖြေဆိုအောင်မြင်ခဲ့ပေမယ့် မိသားစု သံယောဇဉ်ကြောင့်ရော ၊ အဲဒီအချိန်မှာ National Heart Centre Singapore နှလုံးအထူးကုဆေးရုံကြီးမှာ ဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုအလုပ်မှာ ပျော်မွေ့နေတာရောကြောင့် ဆရာဝန်ဆက်မလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာ ကိုယ်ကူညီပေးတဲ့ လူနာတွေရဲ့ ရောဂါနဲ့ပတ်သက်ပြီး ဆေးပညာကို ဆက်လက်လေ့လာဖြစ်ပေမယ့် အဲဒီမှာပဲ ကျမရဲ့ ဆရာဝန်ဘဝ နိဂုံးချုပ်ခဲ့ပါတယ်။ ဆေးတက္ကသိုလ် တ‌လျောက်လုံး ပညာသင်ကြားပေးခဲ့တဲ့ ဆရာဆရာမများကို အလွန်အားနာမိပေမယ့် ကျမ ဆေးလောကထဲမှာပဲ ဆက်လက်ရှိနေပြီး လူနာများကို ဆရာဝန်အနေနဲ့မဟုတ်သော်လည်း သူတို့သင်ကြားပေးခဲ့တဲ့ ပညာတွေနဲ့ တဖက်တလမ်းက ဆက်လက်ကူညီပေးနေတာကို ဆရာဆရာမများသိရင် ကျေနပ်ကောင်းပါရဲ့။

ကျမဘဝမှာ ကျေနပ်မိတာတစ်ခုက ကျမဝါသနာပါလို့၊ နှစ်သက်မိလို့ ကူညီတဲ့အနေနဲ့ စ လုပ်မိတဲ့ အလုပ်တွေက ကျမရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်လာတတ်တာပါ။ ကျန်းမာရေးဝန်ဆောင်မှုကို အသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့့လုပ်ခွင့်ရခဲ့တာကို တွေးမိတိုင်း ကျမရဲ့ ကျေးဇူးရှင် မိဘ ၂ ပါး၊ အကိုအမ‌တွေလိုခင်မင်ရတဲ့ ကိုဇော်ဝင်းဦး နဲ့ မစု ၊ အစ်မလိုအ‌ဒေါ်လို ချစ်ရတဲ့ ကျမ Singapore မှာ ပထမဆုံး ကူညီခွင့်ရခဲ့တဲ့ လူနာ မရင်ရင်မြ၊ ညီမ မချွန်ချွန်အောင်နဲ့ Myanmar Zircon က Dr. ထင်လင်းတို့ရဲ့ ကျေးဇူးကို အမြဲ အမှတ်ရ ကျေးဇူးတင်ပါတယ်။

ကျမရဲ့ အဖေဟာ ၂၀၀၃ ခုနှစ်မှာ Singapore အထွေထွေရောဂါကု ဆေးရုံကြီး Singapore General Hospital (SGH) မှာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ အဲဒီအတွက် Singapore မှာ နှစ်လနီးပါးခန့် နေခဲ့ရပြီး ဆေးရုံနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေလည်း အများကြီး ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Singapore ကို ကျမ ရောက်လာပြီး အလုပ်မရှိသေးလို့ အိမ်နဲ့ စာကြည့်တိုက်တွေမှာပဲ စာမေးပွဲအတွက် စာဖတ်ဖြစ်နေတုန်း ဖေဖေ ဆေးကုဖို့လာတုန်းက အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုဇော်ဝင်းဦး နဲ့ မစုတို့က သူတို့ရဲ့မိတ်ဆွေ မရင်ရင်မြ Singapore မှာ ဆေးလာကုတာကို ကူညီပေးဖို့ အကူအညီ တောင်းလာပါတယ်။ အစ်မဆေးကုတာကို ကူညီပေးနေရင်းနဲ့ပဲ မိတ်ဆွေသူငယ်ချင်းတွေက သူတို့မိသားစုတွေ ဆွေမျိုးတွေ Singapore မှာ ဆေးကုဖို့လာလို့ အကူအညီတောင်းရင် လိုက်ကူညီပေးရင်း ပျော်နေခဲ့ပါတယ်။ အဲဒီလို အကူအညီ‌ပေး‌နေရင်းနဲ့ပဲ ညီမ မချွန်ရဲ့ ကျေးဇူးနဲ့ Myanmar Zircon က Dr. ထင်လင်းက ကျမအကြောင်း သိသွားပြီး ဆက်သွယ်လာပါတယ်။ အဲဒီအချိန်တုန်းက Myanmar Zircon ဟာ SGH ရဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုဌာနနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်ကလူနာတွေကို ကူညီပေးနေတဲ့ ကိုယ်စားလှယ် ကုမ္ပဏီ တစ်ခုပါ။ စ ဆက်သွယ်တုန်းက သူတို့အနေနဲ့ အလုပ်ခန့်ပြီး သူတို့ လူနာတွေကို အကူအညီပေးဖို့ပေမယ့် SGH ရဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုဌာနက မြန်မာဝန်ထမ်းတစ်ယောက် ခန့်အပ်ချင်နေတာရော၊ ကျမ အဲဒီမှာအလုပ်လုပ်ရင် လူနာ‌တွေအတွက် ပိုပြီးအကျိုးရှိနိုင်တယ်လို့ယူဆတာရောကြောင့် Dr. ထင်လင်းဟာ ကျမရဲ့ အလုပ်လျောက်ရာမှာ အသုံးပြုတဲ့ ကိုယ်ရေးရာဇဝင်မှတ်တမ်းကို SGH ကို ပေးခဲ့ပါတယ်။

SGH က အလုပ် Interview ခေါ်တော့ အလုပ်‌လျောက်မထားတဲ့ကျမ ကြောင်တောင်တောင်နဲ့ပဲ Interview သွားခဲ့ပါတယ်။ အဲဒီရောက်တော့မှ အလုပ်သဘာဝက ကိုယ်လုပ်ချင်တာမျိုးဖြစ်နေပါတယ်။ Interview လုပ်တဲ့ မန်နေဂျာ ၂ ယောက်ကလည်း ‌အခကြေးငွေမယူဘဲ လူနာတွေကို လိုက်ကူညီပေးနေတဲ့ ကျမရဲ့စေတနာကို သဘောကျတာကြောင့် ချက်ချင်းအလုပ်ခန့်ခဲ့ပါတယ်။ ဒါကတော့ ကျမရဲ့ ကျန်းမာရေးဝန်ဆောင်မှု အလုပ် အစပြုခဲ့ပုံပေါ့။

SGH နဲ့ National Heart Centre Singapore (NHCS) တို့ရဲ့ အပြည်ပြည်ဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုဌာနတွေမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့အလုပ်က နိုင်ငံရပ်ခြားက လူနာတွေ Singapore မှာ ဆေးလာကုချင်ရင် သူတို့ရဲ့ ဆေးမှတ်တမ်းနဲ့ ရောဂါအခြေအနေအရ သင့်တော်တဲ့ ဌာနနဲ့ ဆရာဝန်ကို အကြံပေးရတာ၊ ဆေးလာမကုခင် လိုအပ်တဲ့ အကြောင်းအချက်အလက်တွေကို ဆရာဝန်တွေနဲ့ တိုင်ပင်မေးမြန်းပြီး အကြောင်းပြန်ပေးရတာ၊ ဆရာဝန်နဲ့တွေ့ဖို့ ရက်ချိန်းစီစဉ်ပေးရတာနဲ့ ဆေးကုသဖို့ Singapore မှာ နေစဉ်တလျောက်လုံး လိုအပ်တာတွေကို ကူညီစီစဉ်ပေးရတာပါ။

Subspecialty (ရောဂါ အမျိုးအစားအုပ်စုအလိုက် သီးသန့်လေ့ကျင့်သင်ကြားထားသော သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ပြုစုကုသပေးခြင်း) ၄၂ ခု ရှိတဲ့ SGH မှာ လူနာတိုင်းဟာ ကျမအတွက် သင်ယူစရာတွေချည်းပါပဲ။ ဒီ ၈ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံက နိုင်ငံတော် လူကြီးများအပါအဝင် မြန်မာလူနာများစွာနဲ့ English စကားပြောတတ်တဲ့ အခြားနိုင်ငံများမှ လူနာများစွာကို ကူညီပေးခွင့် ရခဲ့ပါတယ်။ လူနာတိုင်း လူနာတိုင်းဟာ ကျမကို အတွေ့အကြုံအသစ်တွေ သင်ပေးတဲ့ ကျေးဇူးရှင်တွေပါပဲ။

အဲဒီနောက်မှာ NHCS ရဲ့ Programme Development ဌာနမှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီဌာနမှာ ကျမရဲ့ တာဝန်က NHCS က နှလုံးအထူးကုဆရာဝန်ကြီးတွေ မြန်မာနိုင်ငံကိုသွားပြီး မြန်မာနိုင်ငံကဆေးရုံတွေမှာ ဆရာဝန်ကြီးတွေနဲ့ အတွေ့အကြုံဖလှယ်ဖို့၊ လူနာတွေကို အတူ ပူးပေါင်းကုသပေးကြဖို့ စီစဉ်ပေးရတာပါ။ ဆရာဝန်များအတွက် ဆွေးနွေးပွဲတွေ၊ ပြည်သူတွေအတွက် ကျန်းမာရေးဟောပြောပွဲတွေလည်း စီစဉ်ပေးရပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်နိုင်သလောက် ကူညီပေးခွင့်ရတော့ အဲဒီအလုပ်မှာလဲ အတော်‌ပျော်ခဲ့တာပေါ့။ နောက်ပြီး အဲဒီအလုပ်ဟာ ကျမရဲ့ Khaing IPCFS စတင်‌မွေးဖွားဖို့ အစပျိုးခဲ့တာလည်း ဖြစ်နေပြန်ပါတယ်။

မိသားစုအတွက် အချိန်ပိုပေးချင်လို့ 2018 February မှာ အလုပ်က အနားယူခဲ့ပါတယ်။ သို့သော်လည်း ကျမ အလုပ်ကြိုးစားတာ၊ ကျမရဲ့ အတွေ့အကြုံ ၊ လူနာ‌တွေအပေါ်ထားတဲ့ ကျမရဲ့ စေတနာကို သိနေတဲ့ NHCS က ကျမရဲ့ ဒါရိုက်တာဟာ ကျန်းမာရေးဝန်ဆောင်မှုကို ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ လုပ်ဖို့ ဆက်တိုက် တိုက်တွန်းနေခဲ့ပါတယ်။ အလုပ်က အနားယူထားသော်လည်း ဆက်သွယ်လာတဲ့ လူနာတွေကို ဆက်လက် ကူညီ‌နေရဆဲ ကျမ၊ အချို့လူနာတွေ ‌ငွေကြေးအကုန်အကျ အများကြီးခံပြီး Singapore လာရောက်ဆေးကုသပြီးမှ အဆင်မပြေဖြစ်ကြတာတွေမြင်ရင် စိတ်မကောင်းဖြစ်နေတတ်တဲ့ကျမ ကျန်းမာရေးဝန်ဆောင်မှုကို ကိုယ်ပိုင်အလုပ်အနေနဲ့ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

ဆေးရုံမှာ ဝန်ထမ်းတော်တော်များများနဲ့ အဆင်မပြေ၊ ဆက်ဆံရခက်တယ်လို့ နာမည်ကြီးလှပေမယ့် ကျမအပေါ် ယုံကြည် ချစ်ခင်ပြီး အလွန်ကောင်းရှာတဲ့ ကျမရဲ့ ဒါရိုက်တာဟာ ကျမ Singapore မှာ လုပ်ငန်းမှတ်ပုံတင်ဖို့ ၊ ဆေးရုံတွေနဲ့ သဘောတူညီချက် လက်မှတ်ထိုးဖို့ အများကြီး ကူညီပေးခဲ့ပါတယ်။ တစ်ဦးစေတနာ တစ်ဦးမှာ ပါပဲ။

အဲဒီလိုနဲ့ပဲ 2018 May မှာ လုပ်ငန်းမှတ်ပုံတင် ၊ 2018 June မှာ NHCS နဲ့ ပထမဆုံး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး Khaing IPCFS International Patients Coordination & Facilitation Services ကျန်းမာရေးဝန်ဆောင်မှု စတင်ခဲ့ပါတော့တယ်။

ကျမ ပြောတာ တော်တော်တောင် ရှည်သွားခဲ့ပြီ။ အခုလို သေချာ ပြောပြချင်နေခဲ့တာ ကြာပေါ့။ အလုပ် စ လုပ်ကတည်းက လူနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တာ‌ကြောင့် အခု Covid 19 ကြောင့် အိမ်မှာ အနားရမှပဲ ရေးဖြစ်ပါတော့တယ်။

ကျမတို့ရဲ့ ဝန်ဆောင်မှုများနဲ့ အလုပ်သဘောသဘာဝ ၊ လူနာများအတွက် လိုအပ်တယ်လို့ ယူဆလို့ နောက်ထပ် ဖြည့်စွက်လုပ်ကိုင်သွားဖို့ ကြံရွယ်ထားတဲ့ အစီအစဉ်တွေကို နောက်တစ်ပိုင်းမှာ ပြောပြပေးပါမယ်နော်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

(Zawgi)

Khaing IPCFS ရဲ႕ အစ

7/5/2018 မွာ Khaing IPCFS, International Patients Coordination & Facilitation Services က်န္းမာေရးဝန္ေဆာင္မႈ လုပ္ငန္းကို Singapore မွာ လုပ္ငန္းမွတ္ပုံတင္ခဲ့တာဆိုေတာ့ အခု 7/5/2020 မွာ ၂ ႏွစ္ျပည့္ခဲ့ပါၿပီ။ ၂ ႏွစ္ျပည့္အေနနဲ႔ က်မတို႔ Khaing IPCFS စတင္ ျဖစ္ေပၚလာပုံ၊ က်မတို႔ က်န္းမာေရးဝန္ေဆာင္မႈရဲ႕ သေဘာသဘာဝ၊ ဒီ ၂ ႏွစ္တာ အလုပ္ အေတြ႕အႀကဳံအရ လူနာမ်ားအတြက္ ျပဳလုပ္ေပးလိုေသာ ျဖည့္စြက္ဝန္ေဆာင္မႈမ်ားအေၾကာင္းကို ေျပာျပခ်င္ပါတယ္။

က်မက Khaing IPCFS ကို စတင္ခဲ့တဲ့ ‌Dr. ခိုင္သႏၲာလင္းပါ။ ၂၀၀၃ ခုႏွစ္မွာ ေဆးတကၠသိုလ္ ၁ ရန္ကုန္မွ ေဆးပညာဘြဲ႕ရရွိခဲ့ၿပီး ရန္ကုန္ အေနာက္ပိုင္း‌ေဆး႐ုံႀကီးမွာ လက္‌ေထာက္ဆရာဝန္အေနနဲ႔ တစ္ႏွစ္ခြဲခန႔္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ အမ်ိဳးသားရွိရာ Singapore ႏိုင္ငံကို လိုက္လာခဲ့ပါတယ္။ ‌ေဆးပညာကို ဝါသနာပါၿပီး ဆရာဝန္အျဖစ္ ဆက္လက္ေဆးကုသလိုတာေၾကာင့္ Australia ေဆးေကာင္စီ AMC စာေမးပြဲကို ေျဖဆိုခဲ့ၿပီး အပိုင္း ၁ စာေတြ႕စာေမးပြဲကို Singapore မွာ၊ လူနာနဲ႔ လက္ေတြ႕ေျဖရတဲ့ အပိုင္း ၂ စာေမးပြဲကို Melbourne, Australia မွာ ေျဖဆိုေအာင္ျမင္ခဲ့ေပမယ့္ မိသားစု သံေယာဇဥ္ေၾကာင့္ေရာ ၊ အဲဒီအခ်ိန္မွာ National Heart Centre Singapore ႏွလုံးအထူးကုေဆး႐ုံႀကီးမွာ ဝန္ထမ္းအေနနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ေဆာင္မႈအလုပ္မွာ ေပ်ာ္ေမြ႕ေနတာေရာေၾကာင့္ ဆရာဝန္ဆက္မလုပ္ျဖစ္ေတာ့ပါဘူး။ ေနာက္ပိုင္းမွာ ကိုယ္ကူညီေပးတဲ့ လူနာေတြရဲ႕ ေရာဂါနဲ႔ပတ္သက္ၿပီး ေဆးပညာကို ဆက္လက္ေလ့လာျဖစ္ေပမယ့္ အဲဒီမွာပဲ က်မရဲ႕ ဆရာဝန္ဘဝ နိဂုံးခ်ဳပ္ခဲ့ပါတယ္။ ေဆးတကၠသိုလ္ တ‌ေလ်ာက္လုံး ပညာသင္ၾကားေပးခဲ့တဲ့ ဆရာဆရာမမ်ားကို အလြန္အားနာမိေပမယ့္ က်မ ေဆးေလာကထဲမွာပဲ ဆက္လက္ရွိေနၿပီး လူနာမ်ားကို ဆရာဝန္အေနနဲ႔မဟုတ္ေသာ္လည္း သူတို႔သင္ၾကားေပးခဲ့တဲ့ ပညာေတြနဲ႔ တဖက္တလမ္းက ဆက္လက္ကူညီေပးေနတာကို ဆရာဆရာမမ်ားသိရင္ ေက်နပ္ေကာင္းပါရဲ႕။

က်မဘဝမွာ ေက်နပ္မိတာတစ္ခုက က်မဝါသနာပါလို႔၊ ႏွစ္သက္မိလို႔ ကူညီတဲ့အေနနဲ႔ စ လုပ္မိတဲ့ အလုပ္ေတြက က်မရဲ႕ အသက္ေမြးဝမ္းေက်ာင္းအလုပ္ ျဖစ္လာတတ္တာပါ။ က်န္းမာေရးဝန္ေဆာင္မႈကို အသက္ေမြးဝမ္းေက်ာင္း အလုပ္အေနနဲ႔့လုပ္ခြင့္ရခဲ့တာကို ေတြးမိတိုင္း က်မရဲ႕ ေက်းဇူးရွင္ မိဘ ၂ ပါး၊ အကိုအမ‌ေတြလိုခင္မင္ရတဲ့ ကိုေဇာ္ဝင္းဦး နဲ႔ မစု ၊ အစ္မလိုအ‌ေဒၚလို ခ်စ္ရတဲ့ က်မ Singapore မွာ ပထမဆုံး ကူညီခြင့္ရခဲ့တဲ့ လူနာ မရင္ရင္ျမ၊ ညီမ မခြၽန္ခြၽန္ေအာင္နဲ႔ Myanmar Zircon က Dr. ထင္လင္းတို႔ရဲ႕ ေက်းဇူးကို အၿမဲ အမွတ္ရ ေက်းဇူးတင္ပါတယ္။ က်မရဲ႕ အေဖဟာ ၂၀၀၃ ခုႏွစ္မွာ Singapore အေထြေထြေရာဂါကု ေဆး႐ုံႀကီး Singapore General Hospital (SGH) မွာ ေက်ာက္ကပ္အစားထိုးခြဲစိတ္ကုသမႈ ခံယူခဲ့ပါတယ္။ အဲဒီအတြက္ Singapore မွာ ႏွစ္လနီးပါးခန႔္ ေနခဲ့ရၿပီး ေဆး႐ုံနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံေတြလည္း အမ်ားႀကီး ရရွိခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္မွာ Singapore ကို ေရာက္လာၿပီး အလုပ္မရွိေသးလို႔ အိမ္နဲ႔ စာၾကည့္တိုက္ေတြမွာပဲ စာေမးပြဲအတြက္ စာဖတ္ျဖစ္ေနတုန္း ေဖေဖ ေဆးကုဖို႔လာတုန္းက အစစအရာရာ ကူညီေပးခဲ့တဲ့ ကိုေဇာ္ဝင္းဦး နဲ႔ မစုတို႔က သူတို႔ရဲ႕မိတ္ေဆြ မရင္ရင္ျမ Singapore မွာ ေဆးလာကုတာကို ကူညီေပးဖို႔ အကူအညီ ေတာင္းလာပါတယ္။ အစ္မေဆးကုတာကို ကူညီေပးေနရင္းနဲ႔ပဲ မိတ္ေဆြသူငယ္ခ်င္းေတြက သူတို႔မိသားစုေတြ ေဆြမ်ိဳးေတြ Singapore မွာ ေဆးကုဖို႔လာလို႔ အကူအညီေတာင္းရင္ လိုက္ကူညီေပးရင္း ေပ်ာ္ေနခဲ့ပါတယ္။ အဲဒီလို အကူအညီ‌ေပး‌ေနရင္းနဲ႔ပဲ ညီမ မခြၽန္ရဲ႕ ေက်းဇူးနဲ႔ Myanmar Zircon က Dr. ထိန္လင္းက က်မအေၾကာင္း သိသြားၿပီး ဆက္သြယ္လာပါတယ္။ အဲဒီအခ်ိန္တုန္းက Myanmar Zircon ဟာ SGH ရဲ႕ အျပည္ျပည္ဆိုင္ရာ က်န္းမာေရးဝန္ေဆာင္မႈဌာနနဲ႔ ခ်ိတ္ဆက္ၿပီး ျမန္မာျပည္ကလူနာေတြကို ကူညီေပးေနတဲ့ ကိုယ္စားလွယ္ ကုမၸဏီ တစ္ခုပါ။ စ ဆက္သြယ္တုန္းက သူတို႔အေနနဲ႔ အလုပ္ခန္႔ၿပီး သူတို႔ လူနာေတြကို အကူအညီေပးဖို႔ေပမယ့္ SGH ရဲ႕ အျပည္ျပည္ဆိုင္ရာ က်န္းမာေရးဝန္ေဆာင္မႈဌာနက ျမန္မာဝန္ထမ္းတစ္ေယာက္ ခန႔္အပ္ခ်င္ေနတာေရာ၊ က်မ အဲဒီမွာအလုပ္လုပ္ရင္ လူနာ‌ေတြအတြက္ ပိုၿပီးအက်ိဳးရွိႏိုင္တယ္လို႔ယူဆတာေရာေၾကာင့္ Dr. ထိန္လင္းဟာ က်မရဲ႕ အလုပ္ေလ်ာက္ရာမွာ အသုံးျပဳတဲ့ ကိုယ္ေရးရာဇဝင္မွတ္တမ္းကို SGH ကို ေပးခဲ့ပါတယ္။ SGH က အလုပ္ Interview ေခၚေတာ့ အလုပ္‌ေလ်ာက္မထားတဲ့က်မ ေၾကာင္ေတာင္ေတာင္နဲ႔ပဲ Interview သြားခဲ့ပါတယ္။ အဲဒီေရာက္ေတာ့မွ အလုပ္သဘာဝက ကိုယ္လုပ္ခ်င္တာမ်ိဳးျဖစ္ေနပါတယ္။ Interview လုပ္တဲ့ မန္ေနဂ်ာ ၂ ေယာက္ကလည္း ‌အခေၾကးေငြမယူဘဲ လူနာေတြကို လိုက္ကူညီေပးေနတဲ့ က်မရဲ႕ေစတနာကို သေဘာက်တာေၾကာင့္ ခ်က္ခ်င္းအလုပ္ခန႔္ခဲ့ပါတယ္။ ဒါကေတာ့ က်မရဲ႕ က်န္းမာေရးဝန္ေဆာင္မႈ အလုပ္ အစျပဳခဲ့ပုံေပါ့။

SGH နဲ႔ National Heart Centre Singapore (NHCS) တို႔ရဲ႕ အျပည္ျပည္ဆိုင္ရာက်န္းမာေရးဝန္ေဆာင္မႈဌာနေတြမွာ ၈ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ က်မတို႔အလုပ္က ႏိုင္ငံရပ္ျခားက လူနာေတြ Singapore မွာ ေဆးလာကုခ်င္ရင္ သူတို႔ရဲ႕ ေဆးမွတ္တမ္းနဲ႔ ေရာဂါအေျခအေနအရ သင့္ေတာ္တဲ့ ဌာနနဲ႔ ဆရာဝန္ကို အႀကံေပးရတာ၊ ေဆးလာမကုခင္ လိုအပ္တဲ့ အေၾကာင္းအခ်က္အလက္ေတြကို ဆရာဝန္ေတြနဲ႔ တိုင္ပင္ေမးျမန္းၿပီး အေၾကာင္းျပန္ေပးရတာ၊ ဆရာဝန္နဲ႔ေတြ႕ဖို႔ ရက္ခ်ိန္းစီစဥ္ေပးရတာနဲ႔ ေဆးကုသဖို႔ Singapore မွာ ေနစဥ္တေလ်ာက္လုံး လိုအပ္တာေတြကို ကူညီစီစဥ္ေပးရတာပါ။

Subspecialty (ေရာဂါ အမ်ိဳးအစားအုပ္စုအလိုက္ သီးသန႔္ေလ့က်င့္သင္ၾကားထားေသာ သက္ဆိုင္ရာ အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ ျပဳစုကုသေပးျခင္း) ၄၂ ခု ရွိတဲ့ SGH မွာ လူနာတိုင္းဟာ က်မအတြက္ သင္ယူစရာေတြခ်ည္းပါပဲ။ ဒီ ၈ ႏွစ္တာကာလအတြင္းမွာ ျမန္မာျပည္က ႏိုင္ငံေတာ္ လူႀကီးမ်ားအပါအဝင္ ျမန္မာလူနာမ်ားစြာနဲ႔ English စကားေျပာတတ္တဲ့ အျခားႏိုင္ငံမ်ားမွ လူနာမ်ားစြာကို ကူညီေပးခြင့္ ရခဲ့ပါတယ္။ လူနာတိုင္း လူနာတိုင္းဟာ က်မကို အေတြ႕အႀကဳံအသစ္ေတြ သင္ေပးတဲ့ ေက်းဇူးရွင္ေတြပါပဲ။

အဲဒီေနာက္မွာ NHCS ရဲ႕ Programme Development ဌာနမွာ ၂ ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ အဲဒီဌာနမွာ က်မရဲ႕ တာဝန္က NHCS က ႏွလုံးအထူးကုဆရာဝန္ႀကီးေတြ ျမန္မာျပည္ကိုသြားၿပီး ျမန္မာျပည္ကေဆး႐ုံေတြမွာ ဆရာဝန္ႀကီးေတြနဲ႔ အေတြ႕အႀကဳံဖလွယ္ဖို႔၊ လူနာေတြကို အတူ ပူးေပါင္းကုသေပးၾကဖို႔ စီစဥ္ေပးရတာပါ။ ဆရာဝန္မ်ားအတြက္ ေဆြးေႏြးပြဲေတြ၊ ျပည္သူေတြအတြက္ က်န္းမာေရးေဟာေျပာပြဲေတြလည္း စီစဥ္ေပးရပါတယ္။ ကိုယ့္ႏိုင္ငံအတြက္ ကိုယ္ႏိုင္သေလာက္ ကူညီေပးခြင့္ရေတာ့ အဲဒီအလုပ္မွာလဲ အေတာ္‌ေပ်ာ္ခဲ့တာေပါ့။ ေနာက္ၿပီး ဒီအလုပ္ဟာ က်မရဲ႕ Khaing IPCFS စတင္‌ေမြးဖြားဖို႔ အစပ်ိဳးခဲ့တာလည္း ျဖစ္ေနျပန္ပါတယ္။

မိသားစုအတြက္ အခ်ိန္ပိုေပးခ်င္လို႔ 2018 February မွာ အလုပ္က အနားယူခဲ့ပါတယ္။ သို႔ေသာ္လည္း က်မ အလုပ္ႀကိဳးစားတာ၊ က်မရဲ႕ အေတြ႕အႀကဳံ ၊ လူနာ‌ေတြအေပၚထားတဲ့ က်မရဲ႕ ေစတနာကို သိေနတဲ့ NHCS က က်မရဲ႕ ဒါ႐ိုက္တာဟာ က်န္းမာေရးဝန္ေဆာင္မႈကို ကိုယ္ပိုင္လုပ္ငန္းအေနနဲ႔ လုပ္ဖို႔ ဆက္တိုက္ တိုက္တြန္းေနခဲ့ပါတယ္။ အလုပ္က အနားယူထားေသာ္လည္း ဆက္သြယ္လာတဲ့ လူနာေတြကို ဆက္လက္ ကူညီ‌ေနရဆဲ က်မ၊ အခ်ိဳ႕လူနာေတြ ‌ေငြေၾကးအကုန္အက် အမ်ားႀကီးခံၿပီး Singapore လာေရာက္ေဆးကုသၿပီးမွ အဆင္မေျပျဖစ္ၾကတာေတြျမင္ရင္ စိတ္မေကာင္းျဖစ္ေနတတ္တဲ့က်မ က်န္းမာေရးဝန္ေဆာင္မႈကို ကိုယ္ပိုင္အလုပ္အေနနဲ႔ စတင္ဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။

ေဆး႐ုံမွာ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားနဲ႔ အဆင္မေျပ၊ ဆက္ဆံရခက္တယ္လို႔ နာမည္ႀကီးလွေပမယ့္ က်မအေပၚ ယုံၾကည္ ခ်စ္ခင္ၿပီး အလြန္ေကာင္းရွာတဲ့ က်မရဲ႕ ဒါ႐ိုက္တာဟာ က်မ Singapore မွာ လုပ္ငန္းမွတ္ပုံတင္ဖို႔ ေဆး႐ုံေတြနဲ႔ သေဘာတူညီခ်က္ လက္မွတ္ထိုးဖို႔ အမ်ားႀကီး ကူညီေပးခဲ့ပါတယ္။ တစ္ဦးေစတနာ တစ္ဦးမွာ ပါပဲ။

အဲဒီလိုနဲ႔ပဲ 2018 May မွာ လုပ္ငန္းမွတ္ပုံတင္ ၊ 2018 June မွာ NHCS နဲ႔ ပထမဆုံး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီး Khaing IPCFS International Patients Coordination & Facilitation Services က်န္းမာေရးဝန္ေဆာင္မႈ စတင္ခဲ့ပါေတာ့တယ္။

က်မ ေျပာတာ ေတာ္ေတာ္ေတာင္ ရွည္သြားခဲ့ၿပီ။ အခုလို ေသခ်ာ ေျပာျပခ်င္ေနခဲ့တာ ၾကာေပါ့။ အလုပ္ စ လုပ္ကတည္းက လူနာေတြနဲ႔ အလုပ္ရႈပ္ေနခဲ့တာ‌ေၾကာင့္ အခု Covid 19 ေၾကာင့္ အိမ္မွာ အနားရမွပဲ ေရးျဖစ္ပါေတာ့တယ္။

က်မတို႔ရဲ႕ ဝန္ေဆာင္မႈမ်ားနဲ႔ အလုပ္သေဘာသဘာဝ ၊ လူနာမ်ားအတြက္ လိုအပ္တယ္လို႔ ယူဆလို႔ ေနာက္ထပ္ ျဖည့္စြက္လုပ္ကိုင္သြားဖို႔ ႀကံ႐ြယ္ထားတဲ့ အစီအစဥ္ေတြကို ေနာက္တစ္ပိုင္းမွာ ေျပာျပေပးပါမယ္ေနာ္။

အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ။

မင်္ဂလာပါ။ကျမတို့ Khaing IPCFS ရဲ့ Covid 19 ရောဂါကြောင့် အခြေအနေအရ ထပ်မံဖြည့်စွက်ဖြစ်တဲ့ ဝန်ဆောင်မှုအသစ်တစ်ခုအကြောင်း ပြ...
20/05/2020

မင်္ဂလာပါ။

ကျမတို့ Khaing IPCFS ရဲ့ Covid 19 ရောဂါကြောင့် အခြေအနေအရ ထပ်မံဖြည့်စွက်ဖြစ်တဲ့ ဝန်ဆောင်မှုအသစ်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။

Covid 19 ရောဂါကြောင့် နိုင်ငံတကာခရီးသွားလာမှု ကန့်သတ်ချက်တွေ ရှိလာခြင်းကြောင့် နိုင်ငံရပ်ခြားမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာများအဖို့ လွန်စွာအဆင်မပြေဖြစ်ရပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူလက်စ လူနာများအတွက်ပါ။

ကျမ လောလောဆယ် ကူညီခွင့်ရ‌နေတဲ့ ကင်ဆာဆေး သွင်းလက်စ လူနာများ၊ ဆေးသွင်းတာ ပြီးလို့ Radiation Therapy (ဓာတ်ကင်) ရမည့် လူနာများ၊ ဆေးကုသမှုပြီးလို့ စောင့်ကြည့်နေရတဲ့ လူနာများဟာ ရက်ချိန်း ပြန်ပြရမယ့်ရက်၊ ဓာတ်ကင်ရမယ့်ရက်မှာ Singapore ကို ပြန်လာလို့ မရတဲ့အတွက် စိတ်ရော လူပါ တော်တော် ပင်ပန်းကြရပါတယ်။ အချို့တွေ ရောဂါ အခြေအနေအရ ဆက်လက်ကုသဖို့ ဒါမှမဟုတ် ကုထုံးပြောင်းဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ကျမှ ဒီကို လာလို့လည်း မရ၊ ဘယ်အချိန်ကျမှ ပြန်ဖွင့်မလဲ မသိနဲ့ စိတ်ဒုက္ခတွေ များရပြန်ပါတယ်။

မြန်မာပြည်မှ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးများ အနေနဲ့ကလည်း အခြားနိုင်ငံမှာ တောက်လျောက်‌ ဆေးကုသမှုခံယူနေတဲ့ ကင်ဆာရောဂါလူနာတွေကို အရေးကြီးတဲ့ အချိန်ကျမှ လမ်းတဝက်ကဖြတ်ပြီး တာဝန်ယူ ကုသပေးဖို့ဆိုတာ တကယ်တမ်း မလွယ်လှပါဘူး။

ဒီ Covid ကာလအချိန်ကြီးမှာ အကူအညီလို နေတဲ့ လူနာများအတွက် Singapore မှ ကုလက်စ ဆရာဝန်တွေနဲ့ ဆက်သွယ်ပြီး လိုအပ်တာတွေကို ကူညီအကြံဉာဏ် တောင်းခံ ပေးလျှက် ရှိသလို မြန်မာပြည်မှာ ဆက်လက်ကုသပေးနေတဲ့ ကင်ဆာ‌ရောဂါ အထူးကု ဆရာဝန်ကြီးများကိုလည်း ကျေးဇူးတင်လှပါတယ်။

Covid ရောဂါကြောင့် နိုင်ငံတကာခရီးသွားလာမှု ကန့်သတ်ချက်တွေဟာ ဘယ်‌လောက်ကြာအုံးမလဲ မပြောနိုင်သေးပါဘူး။ Singapore မှာတော့ဒီရောဂါကို ကာလအတော်ကြာ ရှိနေအုံးမယ်လို့ ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကာလအတွင်းမှာ အကူအညီလိုနေတဲ့ ကင်ဆာရောဂါ ဝေဒနာသည် လူနာများ အတွက်ရော၊ နောက်ပိုင်း ရောဂါအ‌ခြေအနေကြောင့် ခရီးသွားလာခြင်း မပြုနိုင်တဲ့ လူနာများအတွက်ပါ ရည်ရွယ်ပြီး Teleconsult (အထူးကု ဆရာဝန်ကြီးများနှင့် အဝေးမှ တိုင်ပင် အကြံပေးခြင်း) ကိုစတင်ဖို့ အရင်တပတ်ကပဲ ဆရာဝန်ကြီးများ နဲ့ တိုင်ပင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။


# # # ဆရာဝန်ကြီးများ နှင့် အထူးပြုရောဂါများ

■လောလောဆယ်မှာ ကင်ဆာရောဂါအတွက်သာ Teleconrult ဝန်ဆောင်မှုရှိပါမယ်။

■Singapore နိုင်ငံမှာ ကင်ဆာရောဂါ နှင့် ပတ်သက်ပြီး လူနာအများဆုံး ပြစုကုသပေးနေတဲ့ အကြီးဆုံး ကင်ဆာရောဂါကုဌာနက National Cancer Centre Singapore (NCCS) ပါ။ NCCS ဟာ Singapore General Hospital- SGH, National Heart Centre Singapore - NHCS စတဲ့ ဆေးရုံများ၊ အထူးကုဌာနကြီးများနဲ့အတူ SingHeath Group မှာ ပါဝင်ပါတယ်။ ပြည်သူ့ကျန်းမာ‌ရေး စောင့်ရှောက်မှုအုပ်စု ဖြစ်တဲ့အတွက် အလုပ်များလှပြီး NCCS မှာ အခုလက်ရှိ တာဝန်ထမ်းဆောင် နေတဲ့ အထူးကု ဆရာဝန်ကြီးတွေနဲ့ Teleconsult စီစဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

■အဲဒါကြောင့် NCCS မှာ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးများအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအချိန်မှာ ကိုယ်ပိုင် ကင်ဆာရောဂါကုဌာန ထူထောင်ထားတဲ့ ဆရာဝန်ကြီးများကို Teleconsult အတွက် အကူအညီတောင်းထားပါတယ်။

■NCCS မှာ မြန်မာပြည်မှ ကင်ဆာရောဂါ အထူးကု ဆရာဝန်များလည်း Fellowship training လာ ရောက် သင်ယူ တာဝန်ထမ်းဆောင်ဖူးတာကြောင့် အခု Teleconsult အတွက် အကူအညီပေးမယ့် ဆရာဝန်ကြီးများနှင့် သိကျွမ်းပြီး နောက်ပိုင်း လူနာအတွက် အတူတူ ပူးပေါင်း ကုသကြတဲ့ အချိန်မှာ အဆင်ပြေ ချောမွေ့နိုင်ပါတယ်။

■ဆရာဝန်ကြီးများအမည် နဲ့ သူတို့ အထူးပြုတဲ့ ရောဂါ အခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။

Dr. John Chia
MBBS (S'pore) , MRCP (UK), FAMS (Medical Oncology)

National Cancer Centre Singapore ၊ Gynecology Oncology ဌာနမှာ ဌာနမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ သူ အထူးပြုထားတဲ့ ကင်ဆာရောဂါများက‌တော့ ovarian, endometrial, cervical, breast and colorectal cancers (အမျိုးသမီး ဥအိမ်၊သားအိမ်၊ သားအိမ်ခေါင်း၊ ရင်သားနဲ့ အူမကြီးကင်ဆာများ) melanoma, uterine sarcoma နဲ့ germ cells tumours လိုမျိုး ရှားပါးတဲ့ ကင်ဆာရောဂါများ ဖြစ်ပါတယ်။

Dr. Choo Su Pin
BMedSci, BMBS (Nottm), MRCP (UK), FAMS

National Cancer Centre Singapore, Gastrointestinal cancer အစာအိမ်နှင့်အူလမ်းကြောင်း ကင်ဆာရောဂါဌာနမှာ ဌာနမှူးအဖြစ် ၊ Comprehensive Liver Cancer Clinic အသည်းကင်ဆာရောဂါ အထူးကု ဆေးခန်းမှာ တွဲဘက် ဒါရိုက်တာအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကင်ဆာရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဆေးကုသမှုအတွေ့အကြုံ ၊ သုတေသနအတွေ့အကြုံ များစွာရှိတဲ့ ဆရာဝန်ကြီးဖြစ်ပြီး gastrointestinal cancers including colorectal, upper gastrointestinal, pancreas, hepatobiliary, peritoneal and a**l cancers တွေ ကုသမှုမှာ အထူးပြုထားပါတယ်။

Dr. Lynette Ngo
MBBS (S'pore), M Med (Int Med), MRCP (UK), Dip Palliative Med (Aus)

National Cancer Centre Singapore, Raffles Hospital ရဲ့ Raffles Cancer Center မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးဖြစ်ပါတယ်။ အမျိုးသမီး ကင်ဆာများ (ရင်သား ၊ ဥအိမ်၊ သားအိမ်နှင့် သားအိမ်ခေါင်း ကင်ဆာများ) ကုသမှုမှာသာမက နောက်ဆုံးအဆင့် ကင်ဆာရောဂါလူနာများကို နာကျင်မှု သက်သာစေရန်နှင့် ဖြစ်ပေါ်လာတဲ့ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးများကို သက်သာအောင် ပြုစု ကုသ နှစ်သိမ့် အကြံပေး ဆွေးနွေးပေးတဲ့ Palliative Medicine မှာလည်း အထူးပြုထားပါတယ်။

Dr. Toh Chee Keong
MBBS (S'pore) , MRCP (UK), FAMS (Medical Oncology)

Thoracic oncology including Lungs cancer and thymic cancer (အဆုတ်ကင်ဆာ ၊ သိုင်းမတ်ကင်ဆာစတဲ့ ရင်ခေါင်းပိုင်း ကင်ဆာရောဂါများ၊ Genitourinary oncology including prostate, kidney, bladder, testicular cancers (ဆီးကျိတ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ ဝှေးစေ့ကင်ဆာ စတဲ့ မျိုးပွားနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ) ၊ Head and neck cancers (ဦးခေါင်းနှင့် လည်ပင်းပိုင်း ကင်ဆာရောဂါများ)ကို အထူးပြုထားတဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ National Cancer Centre Singapore မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီး ဖြစ်ပါတယ်။

# # # Teleconsult အစီအစဉ်

■Zoom, Whatsapp or Skype မှတဆင့် video conference လုပ်၍ ဆွေးနွေးပေးပါမည်။

■video conference တွင် အထူးကု ဆရာဝန်ကြီး၊ လူနာနှင့် လူနာရှင်မိသားစု၊ (လိုအပ်ပါက) ဆေးပညာစကားပြန် ပါဝင်ပါမည်။

■ဆွေးနွေးရာတွင် ထိထိရောက်ရောက် အကျိုးရှိနိုင်စေရန်အတွက် လူနာ၏ဆေးမှတ်တမ်းများကို Viber, email သို့မဟုတ် messenger မှ တဆင့် Khaing IPCFS သို့ ပေးပို့ရပါမည်။

■ဆေးမှတ်တမ်းများကို ဆရာဝန်ကြီးများထံကြိုတင်ပေးပို့ပြီး ထပ်မံစစ်ဆေးရန် လိုအပ်သည်များရှိပါလျှင် အကြံပြုပါမည်။သို့မှာသာ video conference နှင့် ဆွေးနွေးရာတွင် အချက်အလက် ပြည့်ပြည့်စုံစုံနှင့် ထိရောက်မှုရှိနိုင်ပါမည်။

■အချက်အလက်အားလုံး ပြည့်စုံပြီးလျှင် လူနာနှင့်အထူးကု ဆရာဝန်ကြီး အဆင်ပြေသည့် အချိန်တွင် appointment စီစဉ်ကာ video conference ဖြင့် ဆွေးနွေးပေးပါမည်။

# # # ကုသခြင်း

■လူနာများအား ဆေးကုသရာတွင် စမ်းသပ်စစ်ဆေးခြင်း (physical examination) နှင့် အနီးကပ် ကြည့်ရှုကုသပေးခြင်း (close monitoring) တို့သည် မရှိမဖြစ်လိုအပ်ပါသည်။ လူနာအား video မှ အကဲဖြတ် ကုသပေးခြင်းသည် အမြဲတစေ အပြည့်အဝ လုံခြုံစိတ်ချရမှု မရှိနိုင်ပါ။

■သို့ပါ၍ ဆွေးနွေးမှုပြီးဆုံးပြီး ကင်ဆာရောဂါနှင့်ပတ်သက်၍ စတင် ကုသမှု ခံယူတော့မည်ဆိုပါက မြန်မာပြည်မှ ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီးတဦးဦးနှင့် ပူးပေါင်းကုသပေးရန်ဖြစ်ပါသည်။

■လိုအပ်ပါက မြန်မာပြည်မှ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးနှင့်လည်း တွေ့ဆုံနိုင်ရန် ကြိုးစားစီစဉ်ပေးပါမည်။

■ပူးပေါင်း ကုသမှုအတွက် လိုအပ်သည်များကို Khaing IPCFS မှ ကူညီဆောင်ရွက်ပေးပါမည်။

# # # တိုင်ပင်ဆွေးနွေးခ (Consultation fees) နှင့်ဝန်ဆောင်ခ (Service fees)

■Teleconsult အတွက် appointment စီစဉ်ပြီးပါက ဆွေးနွေးမည့်ရက် မတိုင်မီ တိုင်ပင်ဆွေးနွေးခ နှင့် ဝန်ဆောင်ခတို့ကို bank transfer (ဘဏ်ငွေလွှဲ) နှင့်ဖြစ်စေ wave money နှင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။

အခြားကင်ဆာရောဂါအုပ်စုများအတွက်လည်း စီစဉ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

အသေးစိတ်သိရှိလိုပါက Khaing IPCFS သို့ Viber (+6582984494) မှ ဖြစ်စေ၊ email or messenger မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူနာများအတွက် ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

(Zawgi)

မဂၤလာပါ။

က်မတို႔ Khaing IPCFS ရဲ႕ Covid 19 ေရာဂါေၾကာင့္ အေျခအေနအရ ထပ္မံျဖည့္စြက္ျဖစ္တဲ့ ဝန္ေဆာင္မႈအသစ္တစ္ခုအေၾကာင္း ေျပာျပခ်င္ပါတယ္။

Covid 19 ေရာဂါေၾကာင့္ ႏိုင္ငံတကာခရီးသြားလာမႈ ကန႔္သတ္ခ်က္ေတြ ရွိလာျခင္းေၾကာင့္ ႏိုင္ငံရပ္ျခားမွာ ေဆးကုသမႈ ခံယူေနတဲ့ လူနာမ်ားအဖို႔ လြန္စြာအဆင္မေျပျဖစ္ရပါတယ္။ အထူးသျဖင့္ ကင္ဆာေရာဂါအတြက္ ေဆးကုသမႈ ခံယူလက္စ လူနာမ်ားအတြက္ပါ။

က်မ ေလာေလာဆယ္ ကူညီခြင့္ရ‌ေနတဲ့ ကင္ဆာေဆး သြင္းလက္စ လူနာမ်ား၊ ေဆးသြင္းတာ ၿပီးလို႔ Radiation Therapy (ဓာတ္ကင္) ရမည့္ လူနာမ်ား၊ ေဆးကုသမႈၿပီးလို႔ ေစာင့္ၾကည့္ေနရတဲ့ လူနာမ်ားဟာ ရက္ခ်ိန္း ျပန္ျပရမယ့္ရက္၊ ဓာတ္ကင္ရမယ့္ရက္မွာ Singapore ကို ျပန္လာလို႔ မရတဲ့အတြက္ စိတ္ေရာ လူပါ ေတာ္ေတာ္ ပင္ပန္းၾကရပါတယ္။ အခ်ိဳ႕ေတြ ေရာဂါ အေျခအေနအရ ဆက္လက္ကုသဖို႔ ဒါမွမဟုတ္ ကုထုံးေျပာင္းဖို႔ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ခ်ရမယ့္ အခ်ိန္က်မွ ဒီကို လာလို႔လည္း မရ၊ ဘယ္အခ်ိန္က်မွ ျပန္ဖြင့္မလဲ မသိနဲ႔ စိတ္ဒုကၡေတြ မ်ားရျပန္ပါတယ္။

ျမန္မာျပည္မွ ကင္ဆာေရာဂါ အထူးကု ဆရာဝန္ႀကီးမ်ား အေနနဲ႔ကလည္း အျခားႏိုင္ငံမွာ ေတာက္ေလ်ာက္‌ ေဆးကုသမႈခံယူေနတဲ့ ကင္ဆာေရာဂါလူနာေတြကို အေရးႀကီးတဲ့ အခ်ိန္က်မွ လမ္းတဝက္ကျဖတ္ၿပီး တာဝန္ယူ ကုသေပးဖို႔ဆိုတာ တကယ္တမ္း မလြယ္လွပါဘူး။

ဒီ Covid ကာလအခ်ိန္ႀကီးမွာ အကူအညီလို ေနတဲ့ လူနာမ်ားအတြက္ Singapore မွ ကုလက္စ ဆရာဝန္ေတြနဲ႔ ဆက္သြယ္ၿပီး လိုအပ္တာေတြကို ကူညီအႀကံဉာဏ္ ေတာင္းခံ ေပးလွ်က္ ရွိသလို ျမန္မာျပည္မွာ ဆက္လက္ကုသေပးေနတဲ့ ကင္ဆာ‌ေရာဂါ အထူးကု ဆရာဝန္ႀကီးမ်ားကိုလည္း ေက်းဇူးတင္လွပါတယ္။

Covid ေရာဂါေၾကာင့္ ႏိုင္ငံတကာခရီးသြားလာမႈ ကန႔္သတ္ခ်က္ေတြဟာ ဘယ္‌ေလာက္ၾကာအုံးမလဲ မေျပာႏိုင္ေသးပါဘူး။ Singapore မွာေတာ့ဒီေရာဂါကို ကာလအေတာ္ၾကာ ရွိေနအုံးမယ္လို႔ ခန႔္မွန္းထားၿပီး ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ တိုက္တြန္းထားပါတယ္။

ဒီကာလအတြင္းမွာ အကူအညီလိုေနတဲ့ ကင္ဆာေရာဂါ ေဝဒနာသည္ လူနာမ်ား အတြက္ေရာ၊ ေနာက္ပိုင္း ေရာဂါအ‌ေျခအေနေၾကာင့္ ခရီးသြားလာျခင္း မျပဳႏိုင္တဲ့ လူနာမ်ားအတြက္ပါ ရည္႐ြယ္ၿပီး Teleconsult (အထူးကု ဆရာဝန္ႀကီးမ်ားႏွင့္ အေဝးမွ တိုင္ပင္ အႀကံေပးျခင္း) ကိုစတင္ဖို႔ အရင္တပတ္ကပဲ ဆရာဝန္ႀကီးမ်ား နဲ႔ တိုင္ပင္ ေဆြးေႏြးျဖစ္ခဲ့ပါတယ္။


# # # ဆရာဝန္ႀကီးမ်ား ႏွင့္ အထူးျပဳေရာဂါမ်ား

■ေလာေလာဆယ္မွာ ကင္ဆာေရာဂါအတြက္သာ Teleconrult ဝန္ေဆာင္မႈရွိပါမယ္။

■Singapore ႏိုင္ငံမွာ ကင္ဆာေရာဂါ ႏွင့္ ပတ္သက္ၿပီး လူနာအမ်ားဆုံး ျပစုကုသေပးေနတဲ့ အႀကီးဆုံး ကင္ဆာေရာဂါကုဌာနက National Cancer Centre Singapore (NCCS) ပါ။ NCCS ဟာ Singapore General Hospital- SGH, National Heart Centre Singapore - NHCS စတဲ့ ေဆး႐ုံမ်ား၊ အထူးကုဌာနႀကီးမ်ားနဲ႔အတူ SingHeath Group မွာ ပါဝင္ပါတယ္။ ျပည္သူ႔က်န္းမာ‌ေရး ေစာင့္ေရွာက္မႈအုပ္စု ျဖစ္တဲ့အတြက္ အလုပ္မ်ားလွၿပီး NCCS မွာ အခုလက္ရွိ တာဝန္ထမ္းေဆာင္ ေနတဲ့ အထူးကု ဆရာဝန္ႀကီးေတြနဲ႔ Teleconsult စီစဥ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

■အဲဒါေၾကာင့္ NCCS မွာ ကင္ဆာေရာဂါ အထူးကု ဆရာဝန္ႀကီးမ်ားအေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အခုအခ်ိန္မွာ ကိုယ္ပိုင္ ကင္ဆာေရာဂါကုဌာန ထူေထာင္ထားတဲ့ ဆရာဝန္ႀကီးမ်ားကို Teleconsult အတြက္ အကူအညီေတာင္းထားပါတယ္။

■NCCS မွာ ျမန္မာျပည္မွ ကင္ဆာေရာဂါ အထူးကု ဆရာဝန္မ်ားလည္း Fellowship training လာ ေရာက္ သင္ယူ တာဝန္ထမ္းေဆာင္ဖူးတာေၾကာင့္ အခု Teleconsult အတြက္ အကူအညီေပးမယ့္ ဆရာဝန္ႀကီးမ်ားႏွင့္ သိကြၽမ္းၿပီး ေနာက္ပိုင္း လူနာအတြက္ အတူတူ ပူးေပါင္း ကုသၾကတဲ့ အခ်ိန္မွာ အဆင္ေျပ ေခ်ာေမြ႕ႏိုင္ပါတယ္။

■ဆရာဝန္ႀကီးမ်ားအမည္ နဲ႔ သူတို႔ အထူးျပဳတဲ့ ေရာဂါ အေျခအေနမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Dr. John Chia
MBBS (S'pore) , MRCP (UK), FAMS (Medical Oncology)

National Cancer Centre Singapore ၊ Gynecology Oncology ဌာနမွာ ဌာနမႉးအေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့၊ အေတြ႕အႀကဳံ ရင့္က်က္တဲ့ ဆရာဝန္ႀကီးျဖစ္ပါတယ္။ သူ အထူးျပဳထားတဲ့ ကင္ဆာေရာဂါမ်ားက‌ေတာ့ ovarian, endometrial, cervical, breast and colorectal cancers (အမ်ိဳးသမီး ဥအိမ္၊သားအိမ္၊ သားအိမ္ေခါင္း၊ ရင္သားနဲ႔ အူမႀကီးကင္ဆာမ်ား) melanoma, uterine sarcoma နဲ႔ germ cells tumours လိုမ်ိဳး ရွားပါးတဲ့ ကင္ဆာေရာဂါမ်ား ျဖစ္ပါတယ္။

Dr. Choo Su Pin
BMedSci, BMBS (Nottm), MRCP (UK), FAMS

National Cancer Centre Singapore, Gastrointestinal cancer အစာအိမ္ႏွင့္အူလမ္းေၾကာင္း ကင္ဆာေရာဂါဌာနမွာ ဌာနမႉးအျဖစ္ ၊ Comprehensive Liver Cancer Clinic အသည္းကင္ဆာေရာဂါ အထူးကု ေဆးခန္းမွာ တြဲဘက္ ဒါ႐ိုက္တာအေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ကင္ဆာေရာဂါႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာ ေဆးကုသမႈအေတြ႕အႀကဳံ ၊ သုေတသနအေတြ႕အႀကဳံ မ်ားစြာရွိတဲ့ ဆရာဝန္ႀကီးျဖစ္ၿပီး gastrointestinal cancers including colorectal, upper gastrointestinal, pancreas, hepatobiliary, peritoneal and a**l cancers ေတြ ကုသမႈမွာ အထူးျပဳထားပါတယ္။

Dr. Lynette Ngo
MBBS (S'pore), M Med (Int Med), MRCP (UK), Dip Palliative Med (Aus)

National Cancer Centre Singapore, Raffles Hospital ရဲ႕ Raffles Cancer Center မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ကင္ဆာေရာဂါ အထူးကု ဆရာဝန္ႀကီးျဖစ္ပါတယ္။ အမ်ိဳးသမီး ကင္ဆာမ်ား (ရင္သား ၊ ဥအိမ္၊ သားအိမ္ႏွင့္ သားအိမ္ေခါင္း ကင္ဆာမ်ား) ကုသမႈမွာသာမက ေနာက္ဆုံးအဆင့္ ကင္ဆာေရာဂါလူနာမ်ားကို နာက်င္မႈ သက္သာေစရန္ႏွင့္ ျဖစ္ေပၚလာတဲ့ေရာဂါရဲ႕ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို သက္သာေအာင္ ျပဳစု ကုသ ႏွစ္သိမ့္ အႀကံေပး ေဆြးေႏြးေပးတဲ့ Palliative Medicine မွာလည္း အထူးျပဳထားပါတယ္။

Dr. Toh Chee Keong
MBBS (S'pore) , MRCP (UK), FAMS (Medical Oncology)

Thoracic oncology including Lungs cancer and thymic cancer (အဆုတ္ကင္ဆာ ၊ သိုင္းမတ္ကင္ဆာစတဲ့ ရင္ေခါင္းပိုင္း ကင္ဆာေရာဂါမ်ား၊ Genitourinary oncology including prostate, kidney, bladder, testicular cancers (ဆီးက်ိတ္၊ ေက်ာက္ကပ္၊ ဆီးအိမ္၊ ေဝွးေစ့ကင္ဆာ စတဲ့ မ်ိဳးပြားနဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ ကင္ဆာေရာဂါမ်ား) ၊ Head and neck cancers (ဦးေခါင္းႏွင့္ လည္ပင္းပိုင္း ကင္ဆာေရာဂါမ်ား)ကို အထူးျပဳထားတဲ့ ဆရာဝန္ႀကီးျဖစ္ပါတယ္။ National Cancer Centre Singapore မွာ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေတြ႕အႀကဳံ ရင့္က်က္တဲ့ ကင္ဆာေရာဂါ အထူးကု ဆရာဝန္ႀကီး ျဖစ္ပါတယ္။

# # # Teleconsult အစီအစဥ္

■Zoom, Whatsapp or Skype မွတဆင့္ video conference လုပ္၍ ေဆြးေႏြးေပးပါမည္။

■video conference တြင္ အထူးကု ဆရာဝန္ႀကီး၊ လူနာႏွင့္ လူနာရွင္မိသားစု၊ (လိုအပ္ပါက) ေဆးပညာစကားျပန္ ပါဝင္ပါမည္။

■ေဆြးေႏြးရာတြင္ ထိထိေရာက္ေရာက္ အက်ိဳးရွိႏိုင္ေစရန္အတြက္ လူနာ၏ေဆးမွတ္တမ္းမ်ားကို Viber, email သို႔မဟုတ္ messenger မွ တဆင့္ Khaing IPCFS သို႔ ေပးပို႔ရပါမည္။

■ေဆးမွတ္တမ္းမ်ားကို ဆရာဝန္ႀကီးမ်ားထံႀကိဳတင္ေပးပို႔ၿပီး ထပ္မံစစ္ေဆးရန္ လိုအပ္သည္မ်ားရွိပါလွ်င္ အႀကံျပဳပါမည္။သို႔မွာသာ video conference ႏွင့္ ေဆြးေႏြးရာတြင္ အခ်က္အလက္ ျပည့္ျပည့္စုံစုံႏွင့္ ထိေရာက္မႈရွိႏိုင္ပါမည္။

■အခ်က္အလက္အားလုံး ျပည့္စုံၿပီးလွ်င္ လူနာႏွင့္အထူးကု ဆရာဝန္ႀကီး အဆင္ေျပသည့္ အခ်ိန္တြင္ appointment စီစဥ္ကာ video conference ျဖင့္ ေဆြးေႏြးေပးပါမည္။

# # # ကုသျခင္း

■လူနာမ်ားအား ေဆးကုသရာတြင္ စမ္းသပ္စစ္ေဆးျခင္း (physical examination) ႏွင့္ အနီးကပ္ ၾကည့္ရႈကုသေပးျခင္း (close monitoring) တို႔သည္ မရွိမျဖစ္လိုအပ္ပါသည္။ လူနာအား video မွ အကဲျဖတ္ ကုသေပးျခင္းသည္ အၿမဲတေစ အျပည့္အဝ လုံၿခဳံစိတ္ခ်ရမႈ မရွိႏိုင္ပါ။

■သို႔ပါ၍ ေဆြးေႏြးမႈၿပီးဆုံးၿပီး ကင္ဆာေရာဂါႏွင့္ပတ္သက္၍ စတင္ ကုသမႈ ခံယူေတာ့မည္ဆိုပါက ျမန္မာျပည္မွ ကင္ဆာေရာဂါအထူးကု ဆရာဝန္ႀကီးတဦးဦးႏွင့္ ပူးေပါင္းကုသေပးရန္ျဖစ္ပါသည္။

■လိုအပ္ပါက ျမန္မာျပည္မွ ကင္ဆာေရာဂါ အထူးကုဆရာဝန္ႀကီးႏွင့္လည္း ေတြ႕ဆုံႏိုင္ရန္ ႀကိဳးစားစီစဥ္ေပးပါမည္။

■ပူးေပါင္း ကုသမႈအတြက္ လိုအပ္သည္မ်ားကို Khaing IPCFS မွ ကူညီေဆာင္႐ြက္ေပးပါမည္။

# # # တိုင္ပင္ေဆြးေႏြးခ (Consultation fees) ႏွင့္ဝန္ေဆာင္ခ (Service fees)

■Teleconsult အတြက္ appointment စီစဥ္ၿပီးပါက ေဆြးေႏြးမည့္ရက္ မတိုင္မီ တိုင္ပင္ေဆြးေႏြးခ ႏွင့္ ဝန္ေဆာင္ခတို႔ကို bank transfer (ဘဏ္ေငြလႊဲ) ႏွင့္ျဖစ္ေစ wave money ႏွင့္ျဖစ္ေစ ေပးပို႔ႏိုင္ပါသည္။

အျခားကင္ဆာေရာဂါအုပ္စုမ်ားအတြက္လည္း စီစဥ္ေပးႏိုင္ရန္ ႀကိဳးပမ္းလ်က္ ရွိပါသည္။

အေသးစိတ္သိရွိလိုပါက Khaing IPCFS သို႔ Viber (+6582984494) မွ ျဖစ္ေစ၊ email or messenger မွျဖစ္ေစ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

လူနာမ်ားအတြက္ ထိေရာက္စြာ ကူညီေဆာင္႐ြက္ေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

ေက်းဇူးတင္ပါတယ္ရွင္။

Address

BLK-447, Choa Chu Kang AVE-4
Singapore

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+6582984494

Website

Alerts

Be the first to know and let us send you an email when ခိုင္ - Khaing IPCFS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ခိုင္ - Khaing IPCFS:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram