30/11/2025
စစ်ရှောင်မိသားစုများအတွက် ပါဝင်လှူဒါန်းနိုင်မည့်အစီအစဥ်
အခုလို အေးတဲ့ ဆောင်းကာလအတွင်း စစ်ရှောင်မိသားစုပေါင်းများစွာဟာ အအေးဒဏ်ကိုစတင်ခံစားနေရပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် BCMF အဖွဲ့အစည်းအနေဖြင့် Borderline Collective (မဲဆောက်) နှင့် Free Bird Cafe CNX Donation Center and Thrift Store(ချင်းမိုင်) တို့နဲ့အတူ ပဋိပက္ခဒဏ်သင့် ကလေးများနှင့် မိသားစုများအတွက် ဆောင်းရာသီအထောက်အကူပြုအဝတ်အထည်ပစ္စည်းများ စတင်ကောက်ခံဂစုဆောင်းနေလျက်ရှိပါတယ်။
မိမိအနေဖြင့် သန့်ရှင်းပြီး အသုံးပြုနိုင်သော နွေးထွေးသည့်ပစ္စည်းများ—အဝတ်အစားများ (အသက်အရွယ်အားလုံး)၊ အင်္ကျီလက်ရှည်များ၊ စောင်များ၊ ဦးထုပ်များ၊ ခြေအိတ်များနှင့် ဖိနပ်များ—ကို ပေးပို့လှူဒါန်းနိုင်ပါတယ်။
ငွေကြေးအားဖြင့်ပါဝင်ချင်ပါက (စောင် ၁ထည်နှုန်း = ထိုင်းဘတ် ၁၀၀ (သို့) AUD ၅) ဖြင့်လည်း BCMF page နှင့် https://shorturl.at/6oNVS တို့ဖြင့်ဆက်သွယ်ပြီးဝင်လှူဒါန်းနိုင်ပါတယ်။