Creditလူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။စစချင်း နေခွင့်ရတုန်းကတော့ အရမ်းက...
17/11/2025

Credit

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး
အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့
ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီး
အဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာ
အပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့
အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား
အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာ
ပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲ
ပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါ
ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်
အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ
ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး"

အာဝု လေးတွေ ပူစီလေးတွေကို ကျမလည်း ချစ်တယ် အားလုံးလည်း ချစ်မယ် ထင်ပါတယ် ကိုယ်ကိုတိုင်ဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်မြတ်နိုးသူ မိသ...
16/11/2025

အာဝု လေးတွေ ပူစီလေးတွေကို ကျမလည်း ချစ်တယ် အားလုံးလည်း ချစ်မယ် ထင်ပါတယ်

ကိုယ်ကိုတိုင်ဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်မြတ်နိုးသူ မိသားစုဝင်တဦးဦး တိရစ္ဆာန် တကောင်ကောင် က ကုတ်မိသည် ကိုက်မိတယ်ဆိုရင်

ပူစီပဲဖြစ်ဖြစ်၊ မျောက်လေးပဲဖြစ်ဖြစ်၊ မြင်းလေး နွားလေး ဘာကောင်ပဲကိုက်ကိုက်

❗️Anti rabies vaccine ခွေးရူးကာကွယ်ဆေး ❗️

မဖြစ်မနေ ထိုးရမှာဖြစ်ပါတယ်

မေးခိုင်ကာကွယ်ဆေးနှင့်မလုံလောက်ပါ

ခွေးရူးပြန်ရောဂါနှင့်ပတ်သတ်လို့ မနက်ဖြန် ညနေ အသေးစိတ်ရေးသားပေးပါမယ်ရှင်

 #ရေစက်နဲ့ဝဋ်ကြွေးဘဝမှာ...ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာသံသရာအဆက်ဆက်က ပါလာတဲ့ ရှေးရေစက်ကြောင့်ပါ။တချို့က...ကိုယ်က ပေးဆပ်...
16/11/2025

#ရေစက်နဲ့ဝဋ်ကြွေး

ဘဝမှာ...
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ။

တချို့က...
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ။

တချို့ကတော့
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ။

ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့ အကြောင်းမကင်းလို့
ပေါင်းသင်းကြရတာ အကြောင်းရှိလို့
ပေါင်းမိကြရတာပါပဲ ။

ကိုယ်က ကောင်းပါရဲ့နဲ့
ကိုယ့်ကို အနိုင်ကျ"င့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီးတစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ ….။

ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ ။

များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့လို့ သဘောထားပြီး
အခြေအနေတချို့ကို
ကျေနပ်လက်ခံလိုက်ပါ ။

ကုိယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ တင်းတင်းကြပ်ကြပ်
မနှောင်ဖွဲ့တော့ဘဲ ဖြစ်လွယ်ပျက်လွယ်တဲ့
သဘောတရားကို နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့ စိတ်သက်သာရာ
ရလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။


ဒေါက်တာအရှင်နန္ဒမာလာဘိဝံ
(မူရင်းမျှဝေသူအားလေးစားစွာဖြင့်)
ေးစားစွာဖြင့်

Start by controlling yourself and you won't want to control anyone else**Credit
16/11/2025

Start by controlling yourself and you won't want to control anyone else

**Credit

16/11/2025

#ကြက်ဥစားလို့ရမယ့်ကျေးဇူး စာဖတ်ဖို့အချိန်မရသူတွေအတွက် Vedio လေးနဲ့ ပြင်ထားပေးတာပါ

မှားလို့ မှားမှန်း မသိတဲ့သူမျိုးလောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ *ငါမှားသွားလား?*ဆိုတဲ့ ...
16/11/2025

မှားလို့ မှားမှန်း မသိတဲ့သူမျိုး
လောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက
ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ *ငါမှားသွားလား?*ဆိုတဲ့ အတွေးမျိုး မတွေးကြပါဘူး။

တဖက်လူအပေါ် သူတို့ကပဲ နစ်နာအောင်လုပ်ပြီး
သူတို့ကပဲ “ဒီလောက်လေးနဲ့ ဘာဖြစ်ရတာလဲ ...
ခံစားလွယ်လိုက်တာ... အဖြစ်သည်းလိုက်တာ "ဆိုတဲ့
ပုံစံမျိုးနဲ့ တဖက်လူကပဲ မှားနေသလိုမျိုးဖြစ်အောင် လုပ်ပြတတ်ကြပါသေးတယ်။

တခါတလေ အဲ့ဒီလောက်နဲ့ ပြီးမသွားပဲ
သူတို့ နစ်နာအောင်လုပ်လိုက်တဲ့သူရဲ့ ကိုယ်ကျင့်သိက္ခာကိုပါ ကျစေမယ့်အပြောမျိုးတွေ ပြောတတ်ကြပါသေးတယ်။

ဒါကြောင့် တစ်ယောက်ယောက်ဆီက ဆိုးဆိုးဝါးဝါးဆက်ဆံခံရရင် တစ်နေ့ အဲ့ဒီလူက နောင်တရလေမလား ဆိုပြီး မျှော်လင့်မနေပါနဲ့ ။ ဘာလို့လဲဆိုတော့ နောင်တရတယ်ဆိုတာ ကောင်းတဲ့လူတွေဆီမှာပဲ ရှိတာပါ။

စိတ်ဓါတ် မကောင်းတဲ့လူတွေဆီမှာ နောင်တဆိုတာ
မရှိပါဘူး ။ သူသာ ကောင်းတဲ့လူ မှန်ရင် အစတည်းက တစ်ဖက်သားကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတောင်ရှိခဲ့မှာ မဟုတ်ဘူးလေ။

စိတ်ထားကောင်းတဲ့သူနဲ့သာ ဆုံတွေ့နိုင်ကြပါစေ.....။

- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ... - ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...- သူများအခန်းထဲဝင်လာမယ်ဆ...
14/11/2025

- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...

- ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...

- သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...

- သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...

- တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

- Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...

- ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...

- အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...

- ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...

- ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...

-လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး..

-စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ သလိပ်မဟပ်နှင့်..နှပ်မညှစ်နှင့်..နီတိထဲမှာ ဒါတွေပါတယ်..

ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...

အထာကျတယ်ဆိုတာ သူများကို
စိတ်အနှောက်အယှက်မပေးဘဲ
နေထိုင်တတ်တာကို ခေါ်တယ် ...

ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...

သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...

💠 အထိုင်များတဲ့ဝေဒနာ💠🔹  Digital ခေတ်ကြီးကို ပြောင်းလဲလာတာနဲ့အမျှ အိမ်မှာပဲ ထိုင်ပြီး လုပ်ရတဲ့ အလုပ်တွေ ၊ ပုဂ္ဂလိက ကုမ္ပဏ...
13/11/2025

💠 အထိုင်များတဲ့ဝေဒနာ💠

🔹 Digital ခေတ်ကြီးကို ပြောင်းလဲလာတာနဲ့အမျှ အိမ်မှာပဲ ထိုင်ပြီး လုပ်ရတဲ့ အလုပ်တွေ ၊ ပုဂ္ဂလိက ကုမ္ပဏီ နဲ့ အဖွဲ့အစည်းအတော်များများရဲ့ ဝန်ထမ်းတွေမှာ တချို့တဝက်က WFH အနေနဲ့ လုပ်ရတာတွေ ရှိလာပါ

အိမ်ကို ရုံးသဖွယ်သက်မှတ်ပြီး အလုပ်လုပ်ရတဲ့ WFH မှာ သက်သာပြီး ကောင်းတဲ့ အချက်တွေရှိသလို အခက်အခဲ နဲ့ အဆင်မပြေတာလေးတွေလည်း ရှိတတ်ပါတယ်

🔹 အဲ့ဒီအထဲမှာတော့ အထိုင်များတဲ့အချက်လည်း အပါအဝင်ပါပဲ ရုံးဆင်းရုံးတက်မရှိတဲ့ အခါ များသောအားဖြင့် အလုပ်စားပွဲမှာပဲ အလုပ်လုပ် မီတင်တက် တခါတလေ အဲ့ဒီနေရာမှာပဲ ထမင်းစား လုပ်လေ့လုပ်ထ ဖြစ်သွားတတ်ပါတယ်
အလုပ်ပြီးတဲ့ အခါ ဖုန်းသုံး ရုပ်ရှင်ကြည့်တဲ့ အချိန်အများစုကလည်း ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတော့ တနေကုန် screen time မှာပဲ အချိန်ကုန်ရင်း sedentary life style ထဲ မသိမသာ ရော သိသိသာသာပါ ရောက်လို့လာပါတယ်

🔹အထိုင်များတဲ့ အခါ ဘာတွေဖြစ်လာတတ်ပါသလဲ

✅ ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်
အထိုင်များပြီးလှုပ်ရှားမှု နည်းတဲ့ အခါ ပထမဆုံးဖြစ်တဲ့ ဆိုးကျိုးပါ
အစားအသောက်မှရရှိတဲ့ carbohydrate နဲ့ sugar တွေဟာလောင်ကျွမ်းမှု နည်းပြီး အဆီအဖြစ်စုပုံလာခြင်းကြောင့် အလေးချိန် တက်လာပါလိမ့်မယ်

✅ဆီးချို ရောဂါ
အထိုင်များတဲ့အခါ သွေးထဲက သကြားဓာတ်ကို ထိန်းနိုင်တဲ့ စွမ်းအင်ကျလာတတ်ပါတယ်
သွေးထဲက သကြားဓာတ်ကို လိုအပ်တဲ့နေရာကို ကူညီပို့ဆောင်ပေးတဲ့ Insulin ဟော်မုန်းကို အဖက်မလုပ်တော့ပဲ သွေးထဲမှာအကြားဓာတ် လိုတာထက်ပိုတက်တာကြောင့် ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်

✅နှလုံးရောဂါ
နှလုံးရောဂါ ဟာ အဝလွန်ခြင်းနဲ့ ဆီးချို သွေးတိုးနဲ့ တဆက်တည်းဖြစ်နိုင်သလို လှုပ်ရှားမှုနည်းတဲ့ အခါ နှလုံးကြွက်သားတွေ အလုပ်လုပ်တာ အားနည်းသွားခြင်းမှလည်း ဖြစ်နိုင်ပါတယ်
သုသေသနလေ့လာတွေ့ရှိချက်များမှာလည်း အထိုင်များခြင်း နဲ့ လှုပ်ရှားမှုနည်းခြင်းဟာ Heart Attack နဲ့ လေဖြတ်ခြင်းကို ၁၄၇ရာနှုန်းအထိဖြစ်စေနိုင်ပါတယ်

✅ကင်ဆာရောဂါ
လေ့လာတွေ့ရှိချက်များအရ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ နဲ့ အဆုတ်ကင်ဆာရောဂါ တွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူအများစုမှာတွေ့ရတယ်လို့ဖော်ပြထားပါတယ်
My thought *ဆေးပညာအရ ကတော့ ဒီကင်ဆာရောဂါတွေဟာ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေရှိပါတယ် လှုပ်ရှားနည်းတာဟာ အဓိက အကြောင်းအရင်းမဟုတ်ပေမယ့် ဖြစ်တဲ့သူအများစု ဟာ လှုပ်ရှားမှုနည်းနေတာဖြစ်ပါလိမ့်မယ်

✅ခြေထောက်မှသွေး​ပြန်ကြောများထုံးခြင်း
အထိုင်များတဲ့ အခါ ခြေထောက်မှသွေးလျှောက်တာနည်းသွားပြီး သွေးကြောမျှင်လေးတွေဟာ ခြေသလုံးမှာ ထုံးလာတတ်ပါတယ် အသက်အန္တာရယ်တော့မရှိပေမယ့် ကြာလာရင် လမ်းလျှောက်ရခက်ခဲ လာတတ်ပါတယ်

✅ ခြေထောက်မှသွေးကြောများသွေးခဲခြင်း
ဒါကတော့အထိုင်များရုံတင်မဟုတ်ပဲ လဲလျောင်းပြီးနေတဲ့ လူနာအများစုမှာပါတွေ့ရတတ်လို့ COVID ဝေဒနာ ခံစားရပြီး အိပ်ရာထဲ အချိန်ကြာကြာနေရတဲ့ သူတွေမှာဆိုရင် ခြေထောက်လေ့ကျင့်ခန်း လုပ်ပေးရပါတယ်

✅ စိတ်ကျရောဂါ
အထိုင်များခြင်းဟာ ပြင်ပရောဂါတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိလာတတ်ပါတယ်
ဒါကလည်း ကင်ဆာရောဂါ မှာလို စိတ်ကျသူအများစုက ကိုယ်လက်လှုပ်ရှားမှုနည်းလို့ ဖြစ်ပါလိမ့်မယ်
Hormone endorphin အထွက်နည်းတာနဲ့လည်းသက်ဆိုင်ပါလိမ့်မယ်

🔹အဲဒီတော့ မိမိရဲ့ တနေ့တာ အချိန်မှာ အလုပ်လည်းပြီး က်ုယ်လက်လှုပ်ရှားမှုလည်းရှိအောင် ဘာလုပ်သင့်လဲ
👍 အလုပ်အချိန် ပြီးတာနဲ့ ကိုယ်လက်လှုပ်ရှားမှု တခုခု လုပ်သင့်ပါတယ် (ယောဂ ဆော့ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးနင်းခြင်း)
👍 ထမင်းကို အလုပ်စားပွဲမှာ မစားပါနှင့်
👍ဖုန်းပြော တဲ့ အခါ လမ်းလျှောက်ပြီး ပြောပေးပါ
👍 ရုံးတက် တဲ့ ဝန်ထမ်းများအတွက် ဆိုရင် ဓာတ်လှေကားအစား ရိုးရိုးလှေကားနှင့်တက်ပါ
👍ကိုယ်ပိုင်ကားနှင့် လာပါက ခပ်ဝေးဝေး တနေရာမှာ ကားရပ်ပြီး လမ်းလျှောက်ပါ
👍 ရုံးဖယ်ရီ/ Public transport သုံးပါက အိမ်မရောက်မှီတစ်မှတ်တိုင်အလိုမှာ ရပ်ခိုင်းပြီးလမ်းဆင်းလျှောက်ပါ
👍 ခြေလှမ်း မှတ်တဲ့ နာရီမျိုးသုံးပြီး မိမိရဲ့ တနေ့ခြေလှမ်းကို မှတ်သားပါ Challenge လုပ်ပါ
👍 ရုပ်ရှင် ကြည့်ချိန် timer မှတ်ပြီး နာရီဝက်ကြာလျှင် လမ်းနည်းနည်းလျောက်ပေးပါ

လွယ်ကူရိုးရှင်းတဲ့ ဒီအချက်လေးတွေက အထိုင်များခြင်းကို လျော့ကျစေခြင်းမှ တဆင့် အထိုင်များခြင်းကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်စေနိုင်မှာပါ
ဒါကြောင့် အလုပ်ကိုလည်းချစ်ပါ ပြီးတော့ ကိုယ့်ကိုကိုယ်လည်းချစ်ပါ





Credit post စိတ်ကောင်းထားပြီး နေထိုင်ခြင်းဟာကောင်းသော နေထိုင်ခြင်းပါ...မေတ္တာတွေခမ်းနေတတ်တဲ့ ပတ်ဝန်းကျင်မှာသည်းခံစရာရှိရ...
13/11/2025

Credit post

စိတ်ကောင်းထားပြီး နေထိုင်ခြင်းဟာ
ကောင်းသော နေထိုင်ခြင်းပါ...

မေတ္တာတွေ
ခမ်းနေတတ်တဲ့ ပတ်ဝန်းကျင်မှာ
သည်းခံစရာရှိရင်
ကိုယ်က အရင် သည်းခံပေးလိုက်ပါ...

ကိုယ်ချင်းစာတရားတွေ
လိုအပ်နေတဲ့ ပက်ဝန်းကျင်မှာ
ကူညီစရာရှိရင်
ကိုယ်က အရင်ကူညီပေးလိုက်ပါ...

ကိုယ့်ထက်သာ မနာလို
ဖြစ်နေတတ်တဲ့ ပတ်ဝန်းကျင်မှာ
ပြင်စရာရှိ ကိုယ်က
အရင် စပြင်လိုက်ပါ...

မတရားမှုတွေ
များနေတတ်တဲ့ ပတ်ဝန်းကျင်မှာ
ကိုယ့်ကိုယ်ကို စစ်၍
တရားသော နေထိုင်နည်းနဲ့သာ
နေထိုင်လိုက်ပါ...

ဒါဟာ ဘဝတစ်ခုရဲ့
မွန်မြတ် အေးချမ်းသော
နေထိုင်ခြင်းပါ...

#ဓမ္မရွှေစည်
Credit _

"တစ်နေ့ကျရင် ဒီစာလေးကကျွန်မတို့အတွက် တစ်ကြိမ်လေးတော့ဖတ်ဖို့ လိုအပ်လာမှာပါ.."အသက်ကြီးလာရင် နေတတ်မှ..မနေတတ်ရင် ကိုယ်က အားလ...
12/11/2025

"တစ်နေ့ကျရင် ဒီစာလေးက
ကျွန်မတို့အတွက် တစ်ကြိမ်လေးတော့
ဖတ်ဖို့ လိုအပ်လာမှာပါ.."

အသက်ကြီးလာရင် နေတတ်မှ..
မနေတတ်ရင်
ကိုယ်က အားလုံးရဲ့..
ရွံကြောက်ကြီးဖြစ်မယ်..

တချို့အရာတွေကို
မမေးရဘူး မသိချင်ရဘူး..
သူတို့မှာသူတို့ပြဿနာနဲ့သူတို့ရှိနေကြတယ်
ကိုယ်ပါဖို့လိုအပ်ရင်သူတို့ပြောလိမ့်မယ်
မပြောရင် ကိုယ့်ကိုမလိုအပ်လို့ ...

တချို့ကိစ္စတွေကို
မမေးဘဲနဲ့မပြောရဘူး
မတောင်းဘဲနဲ့ အကြံဉာဏ်တွေမပေးရဘူး
သင့်ခေတ်တုန်းကအတွေ့အကြုံတွေကို
သူတို့ခေတ်မှာ ကိစ္စတိုင်းမှာမလိုအပ်တော့ဘူး
အသုံးမဝင်တော့ဘူး တန်ဖိုးမထားတော့ဘူး
နေရာတကာမပါရဘူး

တချို့အရာတွေကို
မသိချင်ယောင်ဆောင်ပေးရတယ်
ငါက အဖေ ပဲ ငါက အမေ ပဲ
ငါကဦးလေးပဲငါကအဒေါ်ပဲ
ငါကအဖိုးပဲ ငါကအဖွားပဲဆိုတဲ့
"အသက်အရွယ်ကြီးမှု"တစ်ခုတည်းနဲ့
နေရာတကာမှာ ဖျာဝင်ခင်းချင်နေလို့မရဘူး
လူအများစုနဲ့အဆင်ပြေအောင်နေရတယ်

စုဆောင်းထားတဲ့အထုပ်ရှိရင်
ဥစ္စာစည်းစိမ်ကြောင့် လူရိုသေနေလိမ့်မယ်
စုဆောင်းထားတဲ့အထုပ်မရှိရင်
တရားရှိအောင်နေရတယ်
ဒါမှလူလေးစားမယ်...

တချို့ကိစ္စတွေမှာ
အတွေးအခေါ်ဟောင်းတွေ
မလိုအပ်တော့ဘူးဆိုတာ သိရမယ်...
အတွေ့အကြုံကောင်းတွေက
ခေတ်မမီတော့ဘူးဆိုတာ သိရမယ်
အသက်ကြီးလို့လူကြီးဖြစ်လာတာဟာ
ငယ်သူတွေအားလုံးက
မဖြစ်မနေရိုသေနေရမယ်ဆိုတဲ့အတွေးကို
ဆင်ခြင်ပါ ။

ခေတ်ဟာ ပိုပြီးဆုတ်ယုတ်လာဖို့ပဲရှိတယ်
ရုပ်ဝတ္ထု ပစ္စည်းတွေတိုးတက်လာတာနဲ့အမျှ
လူတွေဟာပိုပြီးရိုင်းစိုင်းလာဖို့ပဲရှိတယ်..
ဒါ့ကြောင့် ..
နောက် ဆယ်နှစ်/ အနှစ်၂၀/၃၀ မှာ
အိုမင်းလာမယ့်သင့်အတွက်
နေရာတိုင်းမှာနေတတ်အောင်နေဖို့ပဲ
ကြိုးစားပါ ။

အခုကတည်းက အိုစာမင်းစာစုဆောင်းပါ
ကိုယ့်ဝန်ထုပ်ဟာ သူများအပေါ်မပိအောင်
ကျန်းမာရေးစတင်လိုက်စားပါ
မေတ္တာတရား(အမှန်တကယ်)
ကိန်းအောင်းအောင်
စိတ်ကိုလေ့ကျင့်ပါ..

မာန်တွေရှိရင် တဖြေးဖြေးနဲ့လျှော့ချပါ
သင့်ထက်ကြီးကျယ်ခမ်းနားခဲ့တဲ့လူတွေ
သင်္ချိုင်းရဲ့ကမ္ဗည်းမှာအများကြီးဖတ်လို့ရပါတယ်
" ဘယ်သူနဲ့မှ မနေဘူး ငါ့ရာထူး ငါ့စည်းစိမ်နဲ့
ငါ့ဖာသာငါတစ်ယောက်တည်းနေမယ်" ဆိုတာ
သင်မအိုသေးလို့ မနာသေးလို့ပြောတာပါ...

လူအိုရုံတို့ ဘိုးဘွားရိပ်သာတို့ကလူတွေလည်း
သန်တုန်းမြန်တုန်း ရှာနိုင်ဖွေနိုင်တုန်းငယ်စဉ်က
အဲ့ဒီလိုကြွေးကြော်ခဲ့ဖူးတယ်ဆိုတာ
သင်မမေ့ပါနဲ့
မေတ္တာဖြင့်သာ ရှင်သန်ပါ
သင့်နားမှာ လူတွေအမြဲတမ်းရှိနေမှာပါ။


❇️ကင်ဆာရောဂါ immunotherapy နှင့်ကုနိုင်တော့မှာလား❇️ကင်ဆာကို ကုဖို့ဆိုရင်  ✍️Chemotherapy ခီမိုဆေးသွင်းခြင်း✍️Radiotherap...
11/11/2025

❇️ကင်ဆာရောဂါ immunotherapy နှင့်ကုနိုင်တော့မှာလား❇️

ကင်ဆာကို ကုဖို့ဆိုရင်
✍️Chemotherapy ခီမိုဆေးသွင်းခြင်း
✍️Radiotherapy ဓာတ်ကင်ခြင်း
✍️Surgery ခွဲစိတ်ခြင်း စတဲ့ ကုသတဲ့ နည်းလမ်းတွေအပြင်
✍️Immunotherapy နဲ့ကုသတဲ့ နည်းလမ်း အသစ်အသစ်တွေလည်း တခုပြီးတခု အနောက်နိုင်ငံတွေမှာ စမ်းသပ်ကုသ နေကြတာသိရပါတယ်

❗️အခုဆိုရင် အလုံးအကြိတ် ကင်ဆာ အမျိုးအစားတွေထဲက အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ အစာရည်မြိုကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို New York ရဲ့ Memorial Sloan Kettering Cancer Center မှာ immunotherapy နှင့် လူနာ ၁၀၀ ကျော် စမ်းသပ်ကုသခဲ့တဲ့ အခါ

🔺၈၀% က နောက်ထပ် ဘာကုသမှုမှ မလိုပဲ ရောဂါ အောင်မြင်စွာကုသနိုင်ခဲ့တယ်လို့သိရပါတယ်

ကျောက်ကပ်ကင်ဆာရောဂါခံစားနေရတဲ့ လူနာ ကို interview ခဲ့တဲ့အခါမှာလည်း immunotherapy နဲ့ကုပြီး ၆ လ အကြာ CT scan ရိုက်ပြီး ရောဂါစစ်ဆေးတဲ့ အခါ အရှင်းပျောက်သွားတယ်လို့ ဖြေထားပါသေးတယ်

➡️ immunotherapy ဘယ်လိုအလုပ်လုပ်လဲ

💛ကင်ဆာ ဆဲလ်တွေဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဖြစ်ပါတယ် သူတို့က လူ့ခန္ဓာကိုယ်ထဲက immune ဆဲလ်တွေ မမှတ်မိအောင် ရုပ်ဖျက်နေကြပြီး ရောဂါကို ဖြစ်စေတာပါ

💛Immunotherapy နဲ့ကုသခြင်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ မူလ immune system မှတဆင့် Cancer ဆဲလ်ကို တိုက်နိုင်အောင် အားမြှင့်ပေးလိုက်တဲ့ကုနည်းပဲဖြစ်ပါတယ်

💛ခန္ဓာကိုယ်မှာရှိတဲ့ immune cell တွေကို တိုက်လို့ရတဲ့ version အဖြစ်ပြောင်းစေပြီး အရေအတွက်ကို lab မှာပွါးများစေကာ လူနာရဲ့ ကိုယ်ထဲကိုပြန်ထည့်ခြင်းဖြင့် cancer cell တွေကို အစွမ်းကုန်တိုက်ခိုက်စေပါတယ် အဲ့ဒါကို Adoptive Cell based therapy လို့ခေါ်ပါတယ်

ကုသနည်းနှစ်မျိုးကတော့

1. Chimeric Antigen Receptor (CAR) T cell therapy
2. Tumor infiltrating lymphocytes (TIL) တို့ဖြစ်ပြီး
Immunotherapy ကုသနည်းတွေကတော့ ကင်ဆာရဲ့ အမျိုးအမည်ပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်

Immunotherapy နှင့် ကင်ဆာကို ဘေးထွက်ဆိုးကြိုးနည်းနည်းနဲ့ ပျောက်ကင်းအောင်ကုသနိုင်လာပြီဆိုရင် တကယ့်သတင်းကောင်းပါ

🩷Public Health professional မို့ ဒီလိုရောဂါဆိုးကြီးတွေခံစားနေရတဲ့ လူနာတွေ အတွက် တကယ်စစ်မှန်ပြီး ထိရောက်မှုရှိတဲ့ အလှူရှင်တွေ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းမိပါတယ် 🩷





https://www.mskcc.org/news/using-only-immunotherapy-successfully-treats-several-cancers-with-mmrd-mutation-improves-quality-of-life?utm_source=chatgpt.com

မနေ့က ဖြစ်နေတဲ့ ပွဲနဲ့ ပတ်သတ်ပြီး အရင်က interview တခုတက်လာတာလေးကြည့်မိလို့ ဖိတ်စာဖိတ်ရင်တောင် ကိုယ်နဲ့ခင်တဲ့ယောကျာ်းလေးမ...
10/11/2025

မနေ့က ဖြစ်နေတဲ့ ပွဲနဲ့ ပတ်သတ်ပြီး အရင်က interview တခုတက်လာတာလေးကြည့်မိလို့
ဖိတ်စာဖိတ်ရင်တောင် ကိုယ်နဲ့ခင်တဲ့ယောကျာ်းလေးမိတ်ဆွေကို ဖိတ်ချင်ရင် သူ့ ချစ်သူမိန်းကလေး ဆီအရင်လှမ်းဖိတ်သင့်ကြောင်း မင်းသမီးက ဖြေတာ တွေ့မိတော့

ကိုယ်တွေ အဖွားက အမေ ကို ဆုံးမ ပြီး
အမေက ကိုယ့်ကို ပြန်ဆုံးမတာလေးကို သတိရမိလို့ပါ

မိန်းကလေးတယောက် အနေနဲ့ ကိုယ်နဲ့ အရမ်းခင်တဲ့ ယောကျာ်းလေး သူငယ်ချင်း/ မိတ်ဆွေ နဲ့ တွေ့တဲ့ အချိန်မှာ သူတို့အမျိုးသမီး ဒါမှ မဟုတ်ချစ်သူ ပါလာရင် ကိုယ့်သူငယ်ချင်း နဲ့ ဘယ်လောက်ခင်မင်နေပါစေ မိန်းကလေးကို ဦးစားပေးပြီး နှုတ်ဆက်ပါ စကားပြောပေးပါ ပြီးမှသာ သူငယ်ချင်းနဲ့ ပြောစရာရှိတာပြော ဒါပေမယ့် ဒီစကားဝိုင်းမှာ သူ့ ချစ်သူ မိန်းကလေးကို ဦးစားပေးပြီး စကားပြောပေးပါတဲ့

ဒါက လူ့စည်းကမ်းပါ
ကိုယ့်ကျင့်သီလ လုံတဲ့ မိန်းမကောင်းတွေတိုင်း ဒီစည်းကို နားလည်ကြပါတယ်

ကိုယ်လည်း အဖွား အမေ တို့ ဆုံးမ ခဲ့တဲ့အတိုင်း ဒီအရွယ်ထိနေ လာခဲ့တာ အခုချိန်ထိပဲ

ဒါကို လူ့စည်း ကျင့်ဝတ်လို့ မသိတဲ့သူတွေ ဆုံးမမှု မခံခဲ့ရသူတွေ လောက မှာ အများကြီးရှိပါတယ် ဒါ့ကြောင့်လည်း မဖြစ်သင့်တဲ့ ပြသနာတွေ ဖြစ်ကြတာ ဖြစ်ပါလိမ့်မယ်

ที่อยู่

Bangkok Noi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.Nan Diผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dr.Nan Di:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram