Narrative Power ကိုယ်တွင်း လွတ်မြောက်ခြင်းမှသည်
လူထုလွတ်မြောက်ခြင်းဆီသို့

"မိတ်ဆွေအယောက် (၁၀၀) အတွက်သာ သီးသန့်ရရှိမယ့် 'Emotional Healing' အခမဲ့အခွင့်အရေး!" Narrative Power နဲ့ နွေးထွေးသောကမ်းလက...
28/03/2026

"မိတ်ဆွေအယောက် (၁၀၀) အတွက်သာ သီးသန့်ရရှိမယ့် 'Emotional Healing' အခမဲ့အခွင့်အရေး!"

Narrative Power နဲ့ နွေးထွေးသောကမ်းလက်များရဲ့ Founder ကို Rico တို့ ပူးပါင်းပြီး အခမဲ့ ရင်ဖွင့် ဆွေးနွေးနိုင်တဲ့ " ဖေးမအတူ မျှဝေကူ"ဆိုတဲ့ Program လေးတခုရှိပါတယ်။

ကို Ricoဟာဆိုရင် စိတ်ကျရောဂါ- နွေးထွေးသော ကမ်းလက်များဆိုတဲ့ လူတိုင်း ရင်ဖွင့်ဆွေးနွေးနိုင်တဲ့ Group‌လေးရဲ့ Founderလည်းဖြစ်ပါတယ်။ အခုလာမည့် မတ်လ ၂၈ရက် ကို Ricoရဲ့ မွေးနေ့မှာ Narrative Power နဲ့အတူ Share by Rico တို့ ပူပေါင်းပြီး လိုအပ်နေတဲ့ မိတ်ဆွေအယောက် 100အတွက် Professional Counselling session အခမဲ့ စီစဉ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့အတွက် Sharing by Rico ဆိုတဲ့ page လေးမှာ အမြန်စာရင်းပေးပြီး
Emotional healing pass card လေးကို ရယူလိုက်ပါ။
ဒီအစီစဉ်လေးကတော့ လူဦးရည် အကန့်အသတ်နဲ့မို့ အမြန်ဆုံးစာရင်းပေးဖိုလိုပါတယ်။

အသေးစိတ်အချက်အလက်ကို အောက်ဖော်ပြပါ link ကနေ ဖတ်ရှုနိုင်ပါတယ် https://www.facebook.com/share/1ERAaCPNwk/

အသံကျယ်ကျယ်ကြားရလျှင် ထိတ်လန့်သွားတာ၊ ညဘက်များတွင် အိပ်မပျော်တာ ဒါမှမဟုတ် အတိတ်က အဖြစ်အပျက်တွေက ရုပ်ရှင်ပြသလို ပြန်လည်မြ...
26/03/2026

အသံကျယ်ကျယ်ကြားရလျှင် ထိတ်လန့်သွားတာ၊ ညဘက်များတွင် အိပ်မပျော်တာ ဒါမှမဟုတ် အတိတ်က အဖြစ်အပျက်တွေက ရုပ်ရှင်ပြသလို ပြန်လည်မြင်ယောင်နေတာမျိုး ကြုံဖူးပါသလား?

ဒါတွေဟာ သဘာဝဘေးအန္တရာယ်တစ်ခုအပြီးမှာ ဖြစ်ပေါ်တတ်တဲ့ စိုးရိမ်ထိန့်လန့်မှုတွေ အတိတ်ပုံရိပ်တွေ မျက်ဝါးထင်ထင် ပြန်မြင်ယောင်တာ၊ အိမ်မက်ဆိုး မက်တာတွေကို စိတ်ပညာအရ PTSD ရဲ့ လက္ခဏာတွေပါ။ သင့်စိတ်ကလေး အားနည်းနေတာမဟုတ်ဘဲ စိတ်မှာ ဒဏ်ရာတစ်ခု ရသွားတာပဲ ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေကို အတူတူကုစားဖို့ နည်းလမ်း (၅) သွယ် ရှိပါတယ် -

လက်ခံခြင်း (Acceptance) မှ စတင်ပါ - စိုးရိမ်ကြောက်ရွံ့နေခြင်းသည် ရှက်စရာမဟုတ်ဘဲ ပုံမှန်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ကြောင်း လက်ခံလိုက်ပါ။

Grounding Exercise ပြုလုပ်ပါ - လက်ရှိအချိန်နှင့် ပတ်ဝန်းကျင်ကို ပြန်လည်အာရုံစိုက်နိုင်ရန် အသက်ကို ဖြည်းဖြည်းချင်း ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပေးပါ။

သတင်းအချက်အလက်များကို ကန့်သတ်ပါ - စိတ်ဒဏ်ရာကို မသိစိတ်နှင့် ခန္ဓာကိုယ် (Body) က မှတ်သားထားတတ်ပါတယ်။ ငလျင်သတင်းနှင့် ဗီဒီယိုများကို ကြည့်ရှုခြင်းက စိတ်မွန်းကြပ်မှုများကို ပြန်လည်ဖြစ်ပေါ်စေနိုင်သဖြင့် Social Media အသုံးပြုမှုကို ကန့်သတ် (Limit) ထားကြည့်ပါ။

တစ်ယောက်တည်း ခံစားချက်တွေကို မရင်ဆိုင်ပါနဲ့ - မိမိအတွက် စိတ်လုံခြုံမှုပေးနိုင်သော ယုံကြည်ရသည့် မိတ်ဆွေ၊ သူငယ်ချင်းများနှင့် စကားပြောဆိုပါ။

Counsellor များနှင့် ဆွေးနွေးပါ - စိတ်ဒဏ်ရာက သင့်နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးလာလျှင် Counseling ခံယူဖို့ ဝန်မလေးပါနဲ့။ ဒီနေ့ကစပြီး သင့်စိတ်ကို ပြန်လည်ဂရုစိုက်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား?

✨ ဒီနည်းလမ်း (၅) ခုထဲက သင်အသုံးအဝင်ဆုံးဖြစ်မယ့် အချက်ကို Comment မှာ မျှဝေပေးခဲ့ပါဦး။
✉️ စိတ်ဒဏ်ရာများအကြောင်း ပိုမိုဆွေးနွေးလိုပါက Narrative Power ၏ Messenger တွင် စာပို့၍ Appointment ရယူနိုင်ပါတယ်ခင်ဗျာ။



ကိုယ့်ရဲ့နာကျင်မှုတွေကို သူစိမ်းတစ်ယောက်ကို ဖွင့်ပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလား?ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဆေးသောက်...
10/03/2026

ကိုယ့်ရဲ့နာကျင်မှုတွေကို သူစိမ်းတစ်ယောက်ကို ဖွင့်ပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလား?

ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဆေးသောက်ရမှာ ကြောက်ခဲ့သလိုပဲ၊
အခုလည်း ကိုယ့်ရင်ထဲက နာကျင်မှုတွေကို သူစိမ်းတစ်ယောက်ရှေ့မှာ ပြောပြဖို့ဆိုတာ တုန်လှုပ်စရာကောင်းနေသလား?

“ငါ့အကြောင်းတွေ ပြောလိုက်ရင် သူ ဘယ်လိုထင်မလဲ?”

“ငါ့ကို အပြစ်တင်မလား?”

“တကယ်ရော သက်သာသွားမှာလား?”

ဒီလို အတွေးပေါင်းများစွာနဲ့
Counselling Session ယူမလား မယူသေးဘူးလားဆိုပြီး
ကိုယ့်ဆုံးဖြတ်ချက်တွေ တုံဆိုင်းနေတာဟာ
ပထမဆုံး Counselling ယူဖို့ ကြိုးစားတဲ့အခါ မကြာခဏ ကြုံရတတ်တဲ့ အရာတစ်ခုပါ။

Counselling ယူတယ်ဆိုတာ
ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ရတာ မဟုတ်သလို
စစ်ဆေးမေးမြန်းခံရတာလည်း မဟုတ်ပါဘူး။

ဒါဟာ ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်အမျှင်တန်းတွေကို
အတူတူ ဖြေလျော့ပေးမယ့် Safe Space တစ်ခုကို
တည်ဆောက်ခြင်းပါ။

ကိုယ် အဆင်သင့် မဖြစ်သေးတဲ့ အကြောင်းအရာတွေကို
အတင်းအကျပ် ပြောပြဖို့ မလိုပါဘူး။

ကိုယ် ပြောနိုင်သလောက်
ကိုယ် အဆင်ပြေသလောက်
တစ်လှမ်းချင်း သွားနိုင်ပါတယ်။

တကယ်တော့ “သူစိမ်း” လို့ ထင်ရတဲ့ Counsellor ဆိုတာ
ကိုယ့်ကို ဘက်လိုက်မှုမရှိဘဲ
ဝေဖန်ခြင်း၊ အကဲဖြတ်ခြင်း (Judgment) မရှိဘဲ
ကိုယ့်အဆင်မပြေမှုတွေကို စာနာမှုနဲ့ နားထောင်ပေးမယ့်သူပါ။

ဆေးခါးကြီးတစ်ခွက်ကို တစ်ကျိုက်တည်း မျိုချရသလို မဟုတ်ပါဘူး။
အချိန်ယူပြီး ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို ပြောမယ်။
ကိုယ် မလုပ်ဖြစ်ခဲ့တဲ့ Emotional Process တွေကို
တဖြည်းဖြည်း ပြန်လုပ်လာတဲ့အခါ
ရင်ထဲက အဖုအထစ်တွေဟာ တဖြည်းဖြည်း ပေါ့ပါးလာပါလိမ့်မယ်။

Narrative Power မှာတော့
မိတ်ဆွေရဲ့ အဆင်မပြေမှုတွေကို
လေးစားမှုအပြည့်နဲ့ အတူတူ ဆွေးနွေးဖို့
စိတ်ရှည်လက်ရှည် စောင့်ကြိုနေပါတယ်။

“အဆင်သင့် မဖြစ်သေးဘူး” ဆိုတဲ့ ခံစားချက်ကို
လက်ခံပေးနိုင်ခြင်းကပဲ
ကုစားခြင်းရဲ့ အစပျိုးခြင်း ဖြစ်နိုင်ပါတယ်။

စကားလုံး အများကြီး မပြောချင်သေးရင်တောင်
“Hello” လို့ စတင် နှုတ်ဆက်ပြီး
Counselling Process အကြောင်း
Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။

မိတ်ဆွေ အဆင်သင့် ဖြစ်လာမယ့် အချိန်အထိ
Narrative Power က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါမယ်။



"Narrative Power မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်။
08/03/2026

"Narrative Power မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်။



"နိုင်ငံခြားကို ရောက်သွားပေမဲ့လည်း.......ပြည်ပရောက်နေတဲ့ ကိုယ့်ကို မြင်သူတိုင်းက "နိုင်ငံခြားမှာဆိုတော့ အလိုလိုနေရင်း အဆ...
01/03/2026

"နိုင်ငံခြားကို ရောက်သွားပေမဲ့လည်း.......

ပြည်ပရောက်နေတဲ့ ကိုယ့်ကို မြင်သူတိုင်းက "နိုင်ငံခြားမှာဆိုတော့ အလိုလိုနေရင်း အဆင်ပြေနေမှာပဲ" လို့ သတ်မှတ်တတ်ကြပါတယ်။ အဲဒီလို အလွယ်တကူ သတ်မှတ်ခံလိုက်ရတဲ့အခါ ကိုယ့်ရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းမှုတွေဟာ အလိုလိုနေရင်း ပျောက်ကွယ်သွားသလို ခံစားရတတ်ပါတယ်။

တကယ်တော့ ပြည်ပမှာ အခြေချရတယ်ဆိုတာ မြင်ကွင်းအသစ်တွေကြားမှာ အံဝင်ခွင်ကျဖြစ်ဖို့ "အတင်းအကျပ်" ကြိုးစားနေရတာပါ။ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ စည်းကမ်းအသစ်တွေကြားမှာ ရှင်သန်ရတာဟာ တောတွင်းက လူရိုင်းလေးတစ်ယောက် သိပ္ပံကမ္ဘာထဲ ရုတ်တရက် ရောက်သွားသလိုမျိုး မျက်စိလည်လမ်းမှားစရာတွေ၊ အမှားအယွင်းတွေနဲ့ ပြည့်နှက်နေပါတယ်။

မိသားစုကို စိတ်မပူစေချင်လို့ ဖုန်းထဲကနေ "သား/သမီး ဒီမှာ အဆင်ပြေတယ်" လို့ ပြုံးပြီး ပြောလိုက်တိုင်း မျိုသိပ်ထားရတဲ့ စိတ်ပင်ပန်းမှုတွေက ဘယ်လောက်တောင် လေးလံလိုက်မလဲ။ ခေတ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံသစ်မှာ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေရတဲ့ ဘဝဟာ Facebook ပေါ်က ပုံရိပ်တွေလို အမြဲတော့ မလှပနိုင်ပါဘူး။

သတိရပေးပါ...

ပင်ပန်းတဲ့အခါ နားခွင့်ရှိပါတယ်။

အဆင်မပြေတဲ့အခါ မျှဝေခွင့်ရှိပါတယ်။

ဝမ်းနည်းတဲ့အခါ ဝမ်းနည်းခွင့်ရှိသလို၊ အိမ်ကိုလည်း အားရပါးရ လွမ်းဆွတ်ခွင့်ရှိပါတယ်။

"နိုင်ငံခြားကို ရောက်သွားပေမဲ့လည်း ကိုယ်ဟာ ခံစားချက်ရှိတဲ့၊ နာကျင်တတ်တဲ့ လူသားတစ်ယောက်ပါပဲ။"

ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် "အဆင်ပြေအောင် အတင်းအကျပ် မဟန်ဆောင်ဘဲ" ပင်ပန်းနေတာကို အသိအမှတ်ပြုပေးလိုက်ပါ။ Narrative Power က သင့်ရဲ့ ရုန်းကန်မှုတိုင်းကို နားလည်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်။

"အိမ်ကို လွမ်းနေတာလား... ဒါမှမဟုတ် ပြည်ပမှာ အဆင်မပြေလို့လား?"အမိမြေနဲ့ ဝေးရာမှာ အခြေချနေထိုင်နေရတဲ့ မြန်မာလူငယ်အများစုရဲ...
27/02/2026

"အိမ်ကို လွမ်းနေတာလား... ဒါမှမဟုတ် ပြည်ပမှာ အဆင်မပြေလို့လား?"

အမိမြေနဲ့ ဝေးရာမှာ အခြေချနေထိုင်နေရတဲ့ မြန်မာလူငယ်အများစုရဲ့ ရင်ဘတ်ထဲမှာ မကြာခဏ ပေါ်လာတတ်တဲ့ မေးခွန်းတစ်ခုပါ။
ကိုယ့်ရဲ့ မူလယဉ်ကျေးမှု (Burmese Culture) နဲ့ ရောက်ရှိနေတဲ့ နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှု (Host Culture) ကြားမှာ ဟိုလည်းမကျ၊ ဒီလည်းမကျ ခံစားနေရတာမျိုးပါ။
ဒီလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို Psychology မှာ Acculturative Stress လို ခေါ်ပါတယ်။

ဒီစိတ်ဖိစီးမှုကြောင့် အများစု ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေ (၃) ခုကတော့ -

Marginalization (ဘေးဖယ်ခံရမှု): ဘယ်ဘက်ယဉ်ကျေးမှုကမှ ကိုယ့်ကို အပြည့်အဝ လက်မခံသလို ခံစားရခြင်း။
ရောက်နေတဲ့ နိုင်ငံကလူတွေနဲ့လည်း မရောနှောနိုင်သလို၊ မြန်မာအသိုင်းအဝိုင်း ကြားမှာလည်း အရင်လို ပုံစံမတူတော့ဘူးလို ခံစားရတဲ့ အထီးကျန်မှုမျိုးပါ။

Separation (ခြားနားမှု): ကိုယ့်ယဉ်ကျေးမှုကိုပဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်သစ်ကို လက်မခံနိုင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အထီးကျန်မှုပါ။

Assimilation (ပေါင်းစည်းရခြင်း): ကိုယ့်ရဲ့ မူလ Identity ကို စွန့်လွှတ်ပြီး နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှုထဲ အပြည့်အဝ ဝင်ဆံ့ဖို ကြိုးစားရတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်မောပန်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားသလို ခံစားရခြင်းတွေပဲ ဖြစ်ပါတယ်။

"ဒါတွေကို ခံစားနေရတာ ငါတစ်ယောက်တည်းပဲလား? ငါ့စိတ်က အရမ်းအားနည်းနေလိုလား?"
လို တွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေတယ်ဆိုရင်...
အားပေးပါရစေ။
မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။ ❤️
ဒီလို ကြုံတွေ့ရမှုဟာ ပြည်ပရောက်နေသူတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ "ပုံမှန်" စိတ်ပိုင်းဆိုင်ရာ တုံပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။
သင်ဟာ အားနည်းလို့ မဟုတ်ဘဲ ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရှင်သန်ရမလဲ၊
ဘယ်လို နေရာယူရမလဲဆိုတာကို သင့်စိတ်က ရှာဖွေနေတဲ့ Adaptive Mechanism (လိုက်လျောညီထွေ နေထိုင်နိုင်စွမ်း) ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဒါကြောင့်... ကိုယ့်လို ခံစားနေရတဲ့ ပြည်ပရောက် သူငယ်ချင်းတွေနဲ့ စကားပြောပါ။
အထီးကျန်မှုကို ဝေမျှပါ။
Narrative Power ရဲ့ လုံခြုံနွေးထွေးတဲ့ ရပ်ဝန်းလေးက မိတ်ဆွေနဲ့အတူ အမြဲရှိနေပါတယ်။






17/02/2026

အချိန်လေး ၃မိနစ်ပေးပြီး Narrative Power ရဲ့ Counselling Sessions တွေကို အခမဲ့ရယူနိုင်မည့်အခွင့်အရေး ....






Narrative Power ရဲ့ Counselling Sessions Feedback လေးများ....
https://m.facebook.com/story.php?story_fbid=866528862845767&id=100084659836810

"အချစ်တွေကို ဘယ်ဘာသာစကားနဲ့ ပြောနေလဲ "Valentine's Day မှာ လက်ဆောင်တွေရမှ၊ အပြင်တွေသွားမှ အချစ်ခံရတယ်လို ခံစားရတာမျိုး မဟ...
14/02/2026

"အချစ်တွေကို ဘယ်ဘာသာစကားနဲ့ ပြောနေလဲ "

Valentine's Day မှာ လက်ဆောင်တွေရမှ၊ အပြင်တွေသွားမှ အချစ်ခံရတယ်လို ခံစားရတာမျိုး မဟုတ်ဘဲ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ "Love Language" တွေ ရှိကြပါတယ်။ အချစ်ကို ဘယ်လိုပေးပြီး ဘယ်လိုလက်ခံချင်လဲဆိုတာ သိထားခြင်းက ဆက်ဆံရေးတွေကို ပိုမိုခိုင်မြဲစေပါတယ်။ လူတိုင်းမှာ ချစ်ခြင်းမေတ္တာကို ပေးပုံ၊ လက်ခံပုံ မတူကြပါဘူး။

ဘာသာစကား (၅) မျိုးကို လေ့လာကြည့်ရအောင် -

၁။ Words of Affirmation (ချီးမွမ်းစကားနှင့် အားပေးစကား) ကတော့ ကိုယ်အတွက် "ချစ်တယ်"၊ "ကျေးဇူးတင်ပါတယ်"၊ "မင်းက တကယ်တော်တာပဲ" ဆိုတဲ့ စကားလုံးလေးတွေက ကိုယ်အတွက် အကြီးမားဆုံး ခွန်အားပါ။ သူအတွက် စစ်ပွဲတရာကို ရင်ဆိုင်ဖိုအတွက်၊ ကမ္ဘာကြီးတခုလုံးကို အံတုနိုင်ဖိုအတွက် သူအတွက် ချီးမွန်းအားပေးတဲ့စကားလေးတခွန်းပါပဲ။ စကားလေးတခွန်းဟာ ဆင်ပြောင်ငါးစီး အားလည်းဖြစ်သွားစေသလို ယုန်လေးတကောင်လဲဖြစ်သွားနိုင်တယ်။

၂။ Acts of Service (ကူညီဖြည့်ဆည်းပေးခြင်း): သူကတော့ “လုပ်ရပ်” က စကားထက် ပိုအရေးကြီးပါတယ်လို ပြောရမည့် သူမျိုးပါ။ စကားတွေအများကြီး ပြောနေတာထက် သူရဲ့လုပ်ဆောင်မှုလေးတွေမှာ အတူတူလုပ်ပေးတာ၊ လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးတာမျိုးက သူတိုအပေါ် ချစ်တယ်ဆိုတဲ့ ခံစားချက်မျိုး ပိုခံစားရပါတယ်။

၃။ Receiving Gifts (လက်ဆောင်ပေးခြင်း): ကိုယ်ချစ်သုက Receiving Gifts ဆိုရင် သူအတွက် သတိတရ လက်ဆောင်လေးတွေ ယူလာပေးတယ်ဆိုတာလေးက သူအပေါ် ချစ်တယ် ကိုယ်က သတိရနေတယ်” ဆိုတဲ့ အဓိပ္ပါယ်ပါပါတယ်ပိုခံစားရစေတယ်။ လက်ဆောင်ဆိုတာ တန်ဖိုးကြီးဖို မလိုပါဘူး။ "မင်းကို သတိရလို ဝယ်လာတာ" ဆိုတဲ့ အမှတ်တရ လက်ဆောင်လေးတွေက သူတိုရဲ့ စိတ်ကို နွေးထွေးစေပါတယ်။ -ကြိုက်နှစ်သက်တဲ့ မုန့်လေးယူလာတာမျိုးလေးတွေ၊
ခရီးထွက်ရာက မှတ်တမ်းလေးယူလာပေးခြင်း၊ Handmade လေးတွေဆို ပိုသဘောကျလောက်မှာပါ။

၄။ Quality Time (တန်ဖိုးရှိသော အချိန်): သူအတွက် အတူတူရှိနေပေးတယ်။ အတူတူ အချိန်လေးတွေ ကုန်ဆုံးပေးခြင်းက ပိုချစ်တယ်လိုခံစားရစေတာမျိုးလေးပါ။ အလုပ်လေးတွေ မအားလပ်တဲ့ ကြားက အချိန်လေးတွေပေးတယ်ဆိုတဲ့ ခံစားချက်လေးတွေက သူအတွက် တန်ဖိုးတယ်လို ခံစားရတယ်။ သူ့အတွက်ဖုန်းတွေချထားပြီး တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်ကာ စကားပြောတာ၊ လမ်းလျှောက်တာမျိုး အတူရှိနေတဲ့ အချိန်တွေကို သူတို အလေးထားပါတယ်။

၅။ Physical Touch (ထိတွေ့မှု): ကိုယ်ရဲ့ လက်ကလေးကို ကိုင်ထားတာ၊ ကြင်နာစွာ ဖက်ထားတာ ဒါမှမဟုတ် ပုခုံးလေး ပုတ်ပြီး အားပေးတာမျိုးက သူတိုအတွက် စိတ်လုံခြုံမှုကို ပိုခံစားရသလို နွေးထွေးစွာ ချစ်ပါတယ်လို ခံစားရစေပါတယ်။ -လက်လေးတွေ ကိုင်ပေးတာ၊ ရင်ခွင်ထဲ ထွေးပွေ့
ဖက်ပေးတာ၊ ဘေးနားလေးမှာ ထိုင်ပေးတာလေးတွေက သူတိုအတွက် အချစ်ပိုစေပါတယ်။

💖 Mental Awareness Tip from Narrative Power
မင်းရဲ့ Love Language က ဘာလဲဆိုတာ သိခြင်းက မင်းရဲ့ Emotional Need (စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်) ကို သိတာပါပဲ။ ကိုယ့်ရဲ့ လိုအပ်ချက်ကို သိမှသာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်မှာဖြစ်သလို၊ ကိုယ့်အနားကသူတွေကိုလည်း ပိုပြီး နားလည်ပေးနိုင်မှာပါ။

ဒီ Valentine မှာ သူတစ်ပါးဆီက အချစ်ကိုပဲ စောင့်မျှော်နေမယ့်အစား ကိုယ်ကိုယ်ကို ဘယ်လိုဘာသာစကားနဲ့ ချစ်ပေးမလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။

"အချစ်ကို နားလည်ခြင်းက... စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ခြင်းရဲ့ အစပါပဲ။





13/02/2026

မိတ်ဆွေဟာ ငယ်ဘ၀မှာ Childhood Trauma တွေ အဆင်မပြေမှုကြုံတွေ့ခဲ့တယ်။မိဘတွေနဲ့ပတ်သတ်တဲ့ ငယ်ငယ်ဘ၀ရဲ့အတိတ်ဆိုးတွေက ကိုယ်အတွက် စိတ်အားငယ်စေတယ်။၀မ်းနည်းမှုတွေကို ခံစားနေရတယ်ဆိုရင်....




လောကမှာ ကြောက်စရာ အကောင်းဆုံးက မိမိကိုယ်မိမိ ဆုံးရှုံးလိုက်ရတာပါပဲတဲ့။ ကိုယ်က မလုပ်သင့်/မလုပ်ထိုက်တာကို လုပ်လိုက်မိတာ၊ကိ...
11/02/2026

လောကမှာ ကြောက်စရာ အကောင်းဆုံးက
မိမိကိုယ်မိမိ ဆုံးရှုံးလိုက်ရတာပါပဲတဲ့။
ကိုယ်က မလုပ်သင့်/မလုပ်ထိုက်တာကို လုပ်လိုက်မိတာ၊
ကိုယ် လုပ်သင့်/လုပ်ထိုက်တာကို လုပ်ဖို့ ပျက်ကွက်လိုက်မိတာ
စတဲ့အသိဟာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားစေတယ်။
ဒါကြောင့် ဘာတွေ ဘယ်လိုဆုံးရှုံးသွားရပါစေ
မိမိကိုယ်မိမိ အဆုံးရှုံးမခံပါနဲ့။
မိမိရဲ့စိတ်ကို အချိန်ပေးပြီးကုစားပါ။
မိမိကိုယ်ကို ခွင့်လွှတ်ဖို့ ကြိုးစားပါ။
ရင်ဖွင့်‌ ဆွေးနွေးကြည့်ပါ။
ဘဝရဲ့အချို့ အကွေ့တွေ ကြမ်းတမ်းလွန်းလို့ တယောက်တည်း မဖြစ်ဘူး လို့ ခံစားရတဲ့အခါ Narrative Power ရဲ့ *Free consultation session* လေးက မိတ်ဆွေအတွက်ပါ။
Page Chat box ကို ဆက်သွယ်လိုက်ရုံနဲ့
Narrative Power ရဲ့ Counsellor တွေနဲ့ ရင်ဖွင့် ဆွေးနွေးခွင့်ရမှာပါ။
> Join Now <


09/02/2026

ကိုယ်ဟာ အတိတ်ကနေ ရုန်းထွက်ဖို့အတွက် ခက်ခဲနေရတဲ့သူလား။ အနာဂတ်နဲ့ ပတ်သတ်ပြီးစိုးရိမ်ပူပန်နေရတဲ့သူဆိုရင် .....



နွေရဲ့ ခက်ခဲတဲ့ ခရီးကြမ်းမှာ လူထုရဲ့ စိတ်ကျန်းမာ‌‌ေရး ကွက်လပ်လေးကို ပါ၀င်ဖြည့်ဆည်းခွင့်ရတဲ့အတွက် ‌ဂုဏ်ယူမိပါတယ်။အဆင်မပြေ...
01/02/2026

နွေရဲ့ ခက်ခဲတဲ့ ခရီးကြမ်းမှာ လူထုရဲ့ စိတ်ကျန်းမာ‌‌ေရး ကွက်လပ်လေးကို ပါ၀င်ဖြည့်ဆည်းခွင့်ရတဲ့အတွက် ‌ဂုဏ်ယူမိပါတယ်။

အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေ ၊၀မ်းနည်းမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့အခိုက်မှာ အချို့အချိန်တွေက ခက်ခဲရတယ်။ စိတ်ပင်ပမ်းရတယ်။ဒါတွေဟာ ခံစားတတ်တဲ့ လူသားတိုင်းကြုံ‌တွေ့ရတာမျိုးလေးသာဖြစ်ပါတယ်။

ဒါကြောင့်မို့ မိတ်ဆွေအဆင်မပြေမှု‌ေတွကို ရင်ဆိုင်တဲ့အခါ ကိုယ်တယောက်ထဲမဟုတ်ပါဘူး။ Narrative Powerက အတူတူရှိနေမှာမို့ လိုအပ်ရင် လုံခြုံနွေးထွေးတဲ့ Counselling Sessions လေးမှာ ပါ၀င်နိုင်ပါတယ်။

"ကိုယ်တွင်းလွတ်မြောက်ခြင်းမှသည် လူထုလွတ်မြောက်ခြင်းဆီသို့"

ที่อยู่

Bangkok

เวลาทำการ

อังคาร 11:00 - 22:00
พุธ 11:00 - 22:00
พฤหัสบดี 11:00 - 22:00
ศุกร์ 11:00 - 22:00
เสาร์ 11:00 - 22:00
อาทิตย์ 11:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Narrative Powerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram