26/11/2025
🏥 ViMUT HOSPITAL ရဲ့ နာမည်ကြီး ထိုင်းဆရာဝန်များမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်၍ နှလုံးနှင့် အဆုတ်ကျန်းမာရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးပေးသည့် ကျန်းမာရေးဟောပြောပွဲကြီးကို Pan Pacific Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြပါတယ်။
🏥 ဟောပြောပွဲအတွင်း ထိုင်းဆရာဝန်ကြီးများမှ ကျန်းမာရေး အသိပညာများကို မျှဝေခဲ့ပြီး ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို ဖြေကြားပေးခဲ့ပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးနှင့် အဆုတ်ကျန်းမာရေးတို့နှင့် ပက်သက်ပြီး အစောပိုင်းရောဂါရှာဖွေခြင်း၊ သင့်လျော်သော ကုသမှုနှင့် ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာသစ်များအကြောင်း ဝေမျှ ပေးခဲ့ပါတယ်။
🏥 ကျန်းမာရေး အသိပညာများ မျှဝေခြင်းအပြင် ViMUT ဆေးရုံ၏ ပြီးပြည့်စုံသော ကျန်းမာရေး စစ်ဆေးကုသမှု အစီအစဉ်များ၊ အဆင့်မြင့် ရောဂါရှာဖွေရေးနှင့် နိုင်ငံတကာစံနှုန်း ကုသမှုများအထိ ပေးစွမ်းနိုင်သော အရည်အသွေးမြင့် ကျန်းမာရေး ဝန်ဆောင်မှုများအကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
🏥 ဒါ့အပြင် လူနာခရီးစဉ်များကို ပိုမိုချောမွေ့စေပြီး ပိုမိုလွယ်ကူစေရန်အတွက် Mandalay Medical Service သည် ဘန်ကောက်ရှိ ViMUT ဆေးရုံတွင် ကုသမှုခံယူလိုသော မြန်မာလူနာများအတွက် ချောမွေ့အောင် စလည်ဆုံး ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကိုလဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ✈️💙
🏥 နှလုံးနှင့် အဆုတ် ကျန်းမာရေး ဟောပြောပွဲသို့အချိန်ပေးတက်ရောက်ချီးမြင့်ကြသော ဧည့်ပရိတ်သတ် ၁ ဦး ၁ ယောက် စီတိုင်းကို ViMUT ဆေးရုံကြီးမှ ကျေးဇူးတင်ရှိပါကြောင်းလှိုက်လှဲစွာ ပြောကြားရင်း ပွဲနေ့အမှတ်တရ video လေးအား မျှဝေပေးလိုက်ပါတယ်။