30/01/2026
OH Cards နဲ့ Tarot က အတူတူပဲလား?
အတိုချုပ်ပြောရရင်တော့ မတူပါဘူး။
Tarot ကတ်တွေကို ရှေးတုန်းက ဗေဒင်ဟောဖို့၊ အနာဂတ်ကို ကြိုကြည့်ဖို့ သုံးခဲ့ကြပါတယ်။
ဒါပေမဲ့ OH Cards ကတော့ စိတ်ကုထုံးတစ်ခု၊ တီထွင်ဖန်တီးမှုပိုင်းဆိုင်ရာ ကိရိယာတစ်ခုအဖြစ် အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ။
OH Cards ရဲ့ ရည်ရွယ်ချက်က သင့်ဆီမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဟောပြောပေးဖို့ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်က ဒီကမ္ဘာကြီးကို ဘယ်လိုမြင်လဲ၊ ဘယ်လိုအတွေ့အကြုံတွေရှိလဲဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကူညီပေးဖို့ပဲဖြစ်ပါတယ်။
Tarot ဖတ်တဲ့အခါမှာ ကတ်တစ်ခုချင်းစီမှာ ပုံသေသတ်မှတ်ထားတဲ့ အဓိပ္ပာယ်တွေ၊ သင်္ကေတတွေ ရှိတတ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ OH Cards မှာတော့ ကြိုတင်သတ်မှတ်ထားတဲ့ အဓိပ္ပာယ်တွေ လုံးဝမရှိပါဘူး။ ကတ်ထဲက ပုံရိပ်တွေနဲ့ စကားလုံးတွေကို သင့်ဘဝရဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီး သင့်ဘာသာသင် ဖော်ထုတ်လိုက်တဲ့အရာကမှ တကယ့် အဓိပ္ပာယ်အစစ်အမှန် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီဘက်ခေတ်မှာ OH Cards တွေကို စင်ကာပူလို နိုင်ငံမျိုးတွေမှာတောင် Counselling နဲ့ Coaching ပိုင်းတွေမှာ ပိုအသုံးပြုလာကြတာပါ။ OH Cards ဆိုတာ အနာဂတ်ကို မှော်ဆန်ဆန် ဟောကိန်းထုတ်ဖို့ မဟုတ်ဘဲ စိတ်ပညာဆိုင်ရာ အမြင်သစ်တွေ ရရှိစေဖို့အတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။
😇🙏🏻
ဒါလောက်ဆိုရင်တော့ OH Card ဆိုတာ Tarot မဟုတ်ကြောင်းနားလည်သဘောပေါက်လောက်ပါပြီနော်
Counselling Session Booking လုပ်နိုင်ပါပြီရှင်
***