24/11/2025
🍴Intermittent Fasting
( အချိန်ပိုင်း အစာဖြတ်ခြင်း )
💁♂️ အချိန်ပိုင်း အစာဖြတ်ခြင်းဆိုတာ အစာစားသည့် ကာလ နှင့် အစာဖြတ်သည့်ကာလ ကို တစ်လှည့်စီ ပိုင်းခြားထားသည့် စားသောက်မှု ပုံစံကိုခေါ်ပါသည်။
💁♂️အဓိက ရည်ရွယ်ချက်ကတော့ အစာဖြတ်ချိန်ကာလ အတွင်း ခန္ဓာကိုယ်မှ လိုအပ်သည့် စွမ်းအင်ကို သိုလှောင်ထားသောအဆီများမှတဆင့် ထုတ်ယူသုံးစွဲနိုင်စေရန်ဖြစ်ပါသည်။
💁♂️အချိန်ပိုင်း အစာဖြတ်ခြင်းတွင် ဘာစားရမည်ထက် ဘယ်အချိန်စားရမည်ဟူသည်ကို အဓိကထား သတ်မှတ်ထားပါသည်။
👉 နည်းလမ်း ၂ မျိုး
1️⃣ 16:8
👉8 နာရီသာ အစာစားပြီး 16 နာရီ အစာဖြတ်ခြင်း
2️⃣ 5:2 diet
👉၁ ပတ်တွင် 5 ရက်ကို ပုံမှန်အတိုင်း စားပြီး ကျန် 2 ရက်ကို ၁ ရက် ကယ်လိုရီ 500 ခန့်သာစားသုံးခြင်း
📌 အကျိုးကျေးဇူးများ
✅ ခန္ဓာကိုယ် အဆီကျပြီး ကိုယ်အလေးချိန်ကျခြင်း
✅အင်ဆူလင် တုံ့ပြန်မှု အားကောင်းပြီး ဆီးချိုရောဂါ ဖြစ်နိုင်ချေ ကျခြင်း
✅သွေးတွင်း အဆီကျပြီး နှလုံး နှင့်
ဦးနှောက် ကျန်းမာရေးကောင်းလာခြင်း
✅ကိုယ်ခန္ဓာ ရောင်ရမ်းမှု သက်သာခြင်း
✅ကိုယ်ခန္ဓာတွင် ဆဲလ် သန့်ရှင်းရေးလုပ်ငန်းစဉ် ( cell autophagy )ကြောင့် အိုမင်းရင့်ရော်မှု နှေးကွေးခြင်း
📌 သတိပြုရမည့်သူများ
✅သွေးတွင်းသကြားဓာတ်ကျလွယ်သူ
✅ဆီးချိုရောဂါကြောင့် ဆေးသောက်နေရသူများ
✅ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
✅အသက် ၁၈ နှစ်အောက် ကလေးများ
အနေဖြင့် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပြီးမှ အချိန်ပိုင်း အစာဖြတ်ခြင်းလုပ်ဆောင်သင့်ပါသည်။
✔️ကျန်းမာရေးအတွက် Phyathai-3 International Hospitalဆေးရုံကြီးတွင်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်၊ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးရန် pageရဲ့ Chatboxတွင် မေးမြန်းနိုင်ပါတယ်။
💁🏻♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက
🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ-111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။
🔹မြန်မာပြည်ရုံးခွဲများမှာ
"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈