Sikarin Myanmar မင်္ဂလာပါ "စီခရင်း ဆေးရုံ"မှကြိုဆိုပါတယ်
ကျန်းမာရေးနှင့်ပက်သက်၍ သိရှိလိုသည်များကိုမေးမြန်းလို့ရပါတယ်ရှင်

🚽 "ဝမ်းချုပ်ခြင်း - ဝမ်းလျှောခြင်း" အပြန်အလှန်ဖြစ်ခြင်းသည် ပုံမှန်လက္ခဏာမဟုတ်တဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ၏ လက္ခဏာတစ်ခုဖ...
12/01/2026

🚽 "ဝမ်းချုပ်ခြင်း - ဝမ်းလျှောခြင်း" အပြန်အလှန်ဖြစ်ခြင်းသည် ပုံမှန်လက္ခဏာမဟုတ်တဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။ ❗

🤢 "ဝမ်းချုပ်ခြင်း - ဝမ်းလျှောခြင်း" အပြန်အလှန်ဖြစ်ခြင်းသည် ဝမ်းသွားမှုစနစ်မမှန်ကန်ခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ၏ သတိပေးလက္ခဏာများဖြစ်နိုင်ပါသည်။ အကယ်၍သင့်တွင် ဝမ်းသွားရခက်ခြင်း၊ ဝမ်းလျှောခြင်း ⚠ လက္ခဏာများရှိပါက ဤလက္ခဏာများကို လျစ်လျူမရှူလိုက်ပါနဲ့ အဘယ်ကြောင့်ဆိုသော် ဤလက္ခဏာသည် အူသိမ်အူမ၏ သာမာန်ရောဂါမဟုတ်ဘဲ သတိပေးလက္ခဏာတစ်ခုဖြစ်နိုင်သောကြောင့်....

❗ #အူလမ်းကြောင်းဆိုင်ရာမူမမှန်သောရောဂါ (IBS – Irritable Bowel Syndrome) သည် စိတ်ဖိစီးမှုများသောအလုပ် လုပ်ကိုင်နေသူများထဲတွင် မကြာခဏတွေ့ရတတ်ပါသည်။

❗ #အူမကြီးကင်ဆာ (Colon Cancer) ရောဂါလက္ခဏာ၏ အစပိုင်းတွင် အူသိမ်အူမလက္ခဏာများနှင့် တူသည့် ကိုယ်အလေးချိန်ကျခြင်း၊ ပင်ပန်းလွယ်ခြင်းစသည့်လက္ခဏာများ

❗ #နာတာရှည်အူရောင်ရမ်းခြင်း (IBD) Crohn’s disease ‌ရောဂါ (or) နာတာရှည်အူမကြီးရောင်ရောဂါ (Ulcerative colitis) သည် ဗိုက်နာခြင်း၊ ဝမ်းထဲတွင် အချွဲနှင့်သွေးပါခြင်း၊ အဖျားရှိခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း စသည့်လက္ခဏာများ

❗ #အူမကြီးတွင်အသားပိုရှိခြင်း (Colonic Polyps) အထူးသဖြင့်သက်ကြီးရွယ်အိုများနှင့် (သို့) မိသားစုရာဇဝင်ထဲတွင် အူမကြီးကင်ဆာဖြစ်ဖူးသူများ ကင်ဆာအဖြစ်သို့မပြောင်းလဲမှီ ဝမ်းသွားခြင်းမူမမှန်ရာမှ စတင်နိူင်ပါသည်။

❗ #ဘက်တီးရီးယား (သို့) ကပ်ပါးကောင်ပိုးဝင်ခြင်းကဲ့သို့သော အူမကြီးလမ်းကြောင်းပိုးဝင်ခြင်းသည် ပြင်းထန်စွာဝမ်းလျှောခြင်းနှင့် ဝမ်းဗိုက်ထိုးအောင့်ခြင်းစသည့် စူးရှသောလက္ခဏာများကို ခံစားရတတ်စေပါသည်။

❗ #သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှုမမှန်ခြင်း (Hyper/Hypothyroidism) သည်အခြေခံစနစ်ကို ထိခိုက်စေနိုင်သော်လည်း ၎င်းသည်အဖြစ်များသောအရာမဟုတ်ပါ။ သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်မြင့်မားခြင်းသည် ဝမ်းသွားခြင်းနှင့်ဝမ်း‌လျောခြင်းကိုဖြစ်စေနိုင်ပြီး သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်နိမ့်ပါက ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါသည်။

👨‍⚕️ 2-3 ပတ်ကျော်ခံစားရပါက (သို့) နာတာရှည်ဝမ်းသွားမှုစနစ်ပုံမှန်မဟုတ်ခြင်းမှာ အထူးသဖြင့် ဝမ်းထဲတွင်သွေးပါခြင်း၊ ချွဲပါခြင်း၊ ကိုယ်အလေးချိန်ကျခြင်း (သို့) စူးရှသော ဝမ်းဗိုက်နာကျင်ခြင်းတို့ဖြစ်ပါက သေချာစွာစစ်ဆေးရန် ဆရာဝန်နှင့်ပြသသင့်ပါသည်။

#ဘန်ကောက် #ကျန်းမာရေး #လူမှုဖူလုံရေး

🥩 အစားသောက်အစိမ်းနှင့်အတူပါလာသည့် အန္တရာယ်ရှိသောရောဂါ ၅ မျိုးအစားသောက်အစိမ်းလိုက်စားခြင်းကြိုက်သူများအထူသတိထားရန်!! မကျက...
05/01/2026

🥩 အစားသောက်အစိမ်းနှင့်အတူပါလာသည့် အန္တရာယ်ရှိသောရောဂါ ၅ မျိုး

အစားသောက်အစိမ်းလိုက်စားခြင်းကြိုက်သူများအထူသတိထားရန်!! မကျက်သေးသောအသားစိမ်းများကိုစားခြင်းကြိုက်သူများအတွက် ရောဂါများသယ်ဆောင်လာနိုင်ချေပိုများပါသည်။ ⚠️

1️⃣ သန်ကောင်ရောဂါ
အသားစိမ်းငါးစိမ်းများမှဖြစ်ပွားသော 🔹 သန်ပြားကောင် 🔹 ချိတ်သန်ကောင် 🔹 တုတ်ပြားကောင်များ
ကာကွယ်ရန်။ ⚠️
✅ အစားမစားမှီနှင့် သန့်စင်ခန်းဝင်ပြီးနောက် လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။
✅ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသောအစားအစာများ အထူးသဖြင့်ကျက်သောအသားများကိုစားသုံးပါ။
✅ မစင်များညစ်ညမ်းနေသည့်နေရာများတွင် ခြေထောက်ဗလာဖြင့် လမ်းမလျှောက်ပါနှင့်။

2️⃣ နားထိုင်းခြင်းရောဂါ
အသားစိမ်း မကျက်သေးသောဝက်သားမှကူးစက်ခြင်း (သို့) ရောဂါပိုးရှိသည့်ဝက်များနှင့် ထိတွေ့မိသော ဒဏ်ရာရရှိသောသူများမှကူးစက်ခြင်း။ နားပင်းခြင်း ဦးနှောက်အမြှေးပါးရောင်ရောဂါတို့ကိုဖြစ်စေပြီးရှော့ခ်ဖြစ်ခြင်း (သို့) သေဆုံးသည်အထိဖြစ်စေသည်။
ကာကွယ်ရန်။ ⚠️
✅ ဝက်သားစိမ်း (သို့) မကျက်တကျက်ဝက်သားများအားမစားရန် (ဥပမာ သွေးစိမ်းပါသောဟင်းများ)
✅ ဝက်သားအားကိုင်တွယ်ပါက လက်အိတ်များစွပ်ပြီး လက်ကိုသေချာစွာဆေးကြောပါ။
✅ ခန္ဓာကိုယ်တွင်အနာရှိပါက ဝက်သားစိမ်းများနှင့်မထိပါနှင့်။

3️⃣ ဒေါင့်သန်းရောဂါ
နွား၊ ကျွဲ၊ ဆိတ်၊သိုး စသည့်နို့တိုက်သတ္တဝါများတွင်တွေ့ရှိရပြီး‌ ရောဂါပိုးရှိသောအသားများနှင့်ထိတွေ့ခြင်း (သို့) ရှုရှိုက်မိခြင်းမှတစ်ဆင့် အရေပြား၊ အသက်ရှုလမ်းကြောင်း နှင့်အစာခြေစနစ်ကိုထိခိုက်စေနိုင်ပါသည်။
ကာကွယ်ရန်။ ⚠️
✅ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များ မိမိတို့၏တိရိစ္ဆာန်များအားအကြံပြုချက်အရ ကာကွယ်ထိုးပေးသင့်ပါသည်။
✅ တိရိစ္ဆာန်များကိုကိုင်တွယ်ရာတွင် အကာကွယ်ပစ္စည်းအနေဖြင့် (လက်အိတ်,မျက်နှဖုံး)များဝတ်ဆင်ပါ။
✅ ပုံမှန်မဟုတ်သောလက္ခဏာများဖြင့်သေဆုံးသွားသောတိရိစ္ဆာန်အားတွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့စည်းများထံချက်ချင်းအကြောင်းကြားပါ။

4️⃣ ကာလဝမ်းရောဂါ
အစိမ်း (သို့) မကျက်သေးသောပင်လယ်စာများ အထူးသဖြင့် ခရုနှင့် ပုဇွန်များသည် ဝမ်းလျှေခြင်း၊ အပြင်းအထန်ရေဝမ်းများသွားခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေပြီး ရှော့ခ်ဖြစ်ခြင်း သတိလစ်မေ့မြောချင်းအား ဖြစ်စေကာ လျှင်မြန်စွာမကုသပဲထားပါကသေဆုံးသည်အထိဖြစ်နိုင်သည်။
ကာကွယ်ရန်။ ⚠️
✅ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသောအစားအစာများကိုစားသုံးပါ။
✅ အစာမစားမှီနှင့် အိမ်သာသုံးပြီးနောက် လက်ကိုဆပ်ပြာြဖင့်ဆေးကြောပါ။
✅ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များအား မစားသုံးခင်သေချာဆေးကြောပါ။

5️⃣ Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း။)
ဘတ်တီရီးယားပိုးရှိသော အစားအစာ (သို့) ရေ၊ နို့၊ ကြက်ဥပြုတ်၊ ကြက်ဥစိမ်း ၊ ကြက်နှင့် မချက်ပြုတ်ထားသောအစားအစာများသည် ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်းများဖြစ်စေနိုင်ပါသည်။
ကာကွယ်ရန်။ ⚠️
✅ အထူးသဖြင့် ကြက်ဥ၊ ကြက်သားနှင့် အသားတို့ကို ကျက်သည်အထိသေချာစွာချက်ပြုတ်ပါ။
✅ အစားအသောက်များအားမပြင်ဆင်မှီနှင့် ပြင်ဆင်ပြီးနောက် လက်ဆေးပါ။
✅ အစားသောက်အစိမ်းနှင့် ချက်ပြုတ်ထားသောအစားအစာများကိုခွဲထားပါ။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ကျန်းမာရေး #ဘန်ကောက် #ထိုင်းရောက်မြန်မာ

Happy New Year 2026 🎉...ဒီနှစ်မှာ ပျော်ရွှင်မှုတွေ အပြုံးတွေနဲ့ ပြည့်စုံကြပါစေ။ 'Sikarin' သင့်ရဲ့ကျန်းမာရေးက ကျွန်ုပ်တို...
01/01/2026

Happy New Year 2026 🎉...ဒီနှစ်မှာ ပျော်ရွှင်မှုတွေ အပြုံးတွေနဲ့ ပြည့်စုံကြပါစေ။ 'Sikarin' သင့်ရဲ့ကျန်းမာရေးက ကျွန်ုပ်တို့ရဲ့ပျော်ရွှင်မှုမို့လို့ အချိန်တိုင်းကို ဂရုစိုက်ပြီး အနားမှာရှိနေပေးဖို့ အဆင်သင့်ပါပဲ... နှစ်သစ်မှာ ပျော်ရွှင်ပါစေ 🥳
"Skarin "သင့်ရဲ့အနားမှာမြဲရှိသည်။ 💚

 #ကျောရိုးစောင်းခြင်း ......ဘာကြောင့်ဖြစ်ရတာလဲ ❓⚠️ မွေးရာပါဖြစ်ခြင်း : ကိုယ်ဝန်ဆောင်နေစဥ်ကတည်းက မူမမှန်မှုများရှိနေခြင်း...
29/12/2025

#ကျောရိုးစောင်းခြင်း ......ဘာကြောင့်ဖြစ်ရတာလဲ ❓
⚠️ မွေးရာပါဖြစ်ခြင်း : ကိုယ်ဝန်ဆောင်နေစဥ်ကတည်းက မူမမှန်မှုများရှိနေခြင်း။
⚠️ နောက်ဆက်တွဲဖြစ်ပေါ်လာခြင်း : အပြုအမှု၊ အရိုးပွရောဂါ၊ အရိုးရောင်ရောဂါ၊ အခြားရောဂါများကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲပြဿနာများဖြစ်ခြင်း။
⚠️ အကြောင်းအရင်းမသိပဲဖြစ်ပေါ်လာခြင်း : အထူးသဖြင့် ကလေးငယ်နှင့် ဆယ်ကျော်သက်များမှာ အဖြစ်များဆုံးတွေ့ရခြင်း။

#ကျောရိုးကွေးခြင်းကြောင့်.....နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ❓
🚨 အလွယ်တကူပင်ပန်းခြင်း၊ အသက်ရှူမဝခြင်း။
‌ကျောရိုးသည် အရမ်း‌ကွေးနေသောအခါတွင် ၎င်းသည် ရင်ဘတ်ကိုဖိထားနိုင်ပြီး အဆုတ်နှင့်နှလုံးကို ကောင်းမွန်စွာအလုပ်မလုပ်နိုင်အောင်တားဆီးစေနိုင်သည်။

🚨 နာတာရှည်ခါးကျောနာကျင်မှု
ငယ်စဥ်ကတည်းကကျောရိုးကွေးဖြစ်ခဲ့ဖူးသော လူကြီးများသည် အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးနာကျင်မှုကို ပိုခံစားရတတ်ပါသည်။

🚨 ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် ယုံကြည်မှုဆုံးရှုံးစေခြင်း။
ပြင်းထန်သောကျောရိုးကွေးခြင်းကြောင့် ပခုံးစောင်းခြင်း၊ တင်ပါးအရိုးမညီခြင်း၊ နံရိုးကောက်ကွေးခြင်းစသည့်တို့ဖြင့် သတိပြုမိနိုင်ပြီး လူအများကြားဝတ်စားဆင်ယင်မှု(သို့) လူမှုဆက်ဆံရေးများကြားတွင် ကိုယ့်ကိုကိုယ်ယုံကြည်မှု ပျောက်ဆုံးပြီး စိုးရိမ်ပူပန်စိတ်များ ခံစားရတတ်စေပါသည်။

ကျောရိုးစောင်းခြင်း/ကွေးခြင်းရောဂါအတွက်စောစောစီးစီး တွေ့ရှိပါက ကုသနိုင်ပါသည်။ 👨‍⚕️💭
ကျောရိုးကွေးခြင်းသည် C (သို့) S ပုံသဏ္ဍာန်ကဲ့သို့သော 10° အထက်ပို၍ကွေးလာပါက အောက်ပါကုသမှုများဖြင့်စတင်နိုင်ပါသည်။
✅ ရုပ်ပိုင်းဆိုင်ရာကုထုံးနှင့် ကာယလေ့ကျင့်ခန်းများ
✅ ကွေးညွှတ်မှုနှေးကွေးစေရန်အတွက် ကျောက်ထောက်နောက်ခံကိရိယာများအသုံးပြုခြင်း (30° အထက်ကွေးညွှတ်မှုရှိသောအချိန်)

သို့သော် နောက်ကျောရိုး 45° ထက်ပိုကွေးလာပါက
✅ ကျောရိုးကိုပြန်လည်ချိန်ညှိရန်အတွက် ခွဲစိတ်မှုပြုလုပ်ဖို့ ဆရာဝန်က အကြံပြုပါမည်။ ❗

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ကျန်းမာရေး #ထိုင်းရောက်မြန်မာ

“ကျောက်ကပ်အပြင်းအထန်အဆင့်” အန္တာရာယ်ရှိသောလက္ခဏာ ချက်ချင်းကုသရန်!! 🚨သင့်တွင်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေရှိသည့်အခြေအနေ(သို...
22/12/2025

“ကျောက်ကပ်အပြင်းအထန်အဆင့်” အန္တာရာယ်ရှိသောလက္ခဏာ ချက်ချင်းကုသရန်!! 🚨

သင့်တွင်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေရှိသည့်အခြေအနေ(သို့) ကျောက်ကပ်‌ရောဂါကို အန္တာရာယ်ဖြစ်စေနိုင်သည့် အပြုအမူများရှိပါသလား ❓
1️⃣ ပြင်းထန်သောအော့အန်ခြင်း(သို့) အရေကဲ့သို့သောဝမ်းများသွားခြင်း။
2️⃣ ဆရာဝန်နှင့်မတိုင်ပင်ဘဲ မိမိကိုယ်တိုင်ဆေးဝယ်သောက်ခြင်း‌။ ဥပမာအားဖြင့် ရောင်ရမ်းမှုသက်သာစေသောဆေးများ၊ အဆစ်နှင့်အရိုးနာကျင်ခြင်းများအတွက် အကိုက်အခဲပျောက်ဆေးများ၊ ဆေးဖက်ဝင်အပင်များနှင့် အရက်စိမ်ထားသောဆေးဝါးများ။

48 နာရီမှ 7 ရက်အတွင်း #ကျောက်ကပ်သည် ရုတ်တရပ်လုပ်ဆောင်နိုင်စွမ်း ဆုံးရှုံးနိုင်သည်။ #ကျောက်ကပ်အပြင်းအထန်အဆင့်အား 😱 သတိထားရန်အောက်ပါအချက်များဖြင့် ဖော်ပြထားပါသည်။
🛑 ခြေထောက်ရောင်ခြင်း။
➥ ကျောက်ကပ်သည်ပိုလျှံသောအရည်များကို မထုတ်နိုင်သေးသောကြောင့် ခန္ဓာကိုယ်အနှံ့ရေများကိန်းအောင်းနေခြင်း။
🛑 ဆီးအလွန်နည်းခြင်း။
➥ အညစ်အကြေးစစ်ထုတ်မှုလျော့နည်းသွားသောကြောင့် ဆီးပမာဏကိုလျော့နည်းစေပါသည်။
🛑 ပျို့ခြင်း အော့အန်ခြင်း။
➥ အညစ်အကြေးများသွေးထဲတွင်များသောကြောင့် ခန္ဓာကိုယ်အားမူးဝေစေပြီး မအီမသာဖြစ်စေပါသည်။
🛑 နှလုံးခုန်နှုန်းပုံမမှန်ခြင်း။
➥ သွေးထဲတွင် ပိုတက်ဆီယမ်မညီမျှခြင်းကြောင့် နှလုံးခုန်‌နှေးခြင်း(သို့) ရပ်တန့်ခြင်းဖြစ်စေပါသည်။

💥 ဤလက္ခဏာများအား လျစ်လျူမရှုသင့်ပါ။ #ကျောက်ကပ်အပြင်းအထန်လက္ခဏာသည် မမျှော်လင့်ဘဲ အချိန်မရွေးဖြစ်ပေါ်နိုင်ပါသည်။ သို့‌သော်လည်းအမြန်ကုသမှုခံယူပါက သင့်‌ကျောက်ကပ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်‌ရောက်ရှိရန် အခွင့်အလမ်းရှိပါသည်။ 💚

#ထိုင်းရောက်မြန်မာ #ကျန်းမာရေး #ပကန်

 #ကျောက်ကပ်ကျောက်တည်ခြင်း  #သည်းခြေအိတ်ကျောက်တည်ခြင်း  #ဆီးအိမ်ကျောက်တည်ခြင်း ဘယ်လိုဖြစ်ပေါ်လာသလဲ? သည်းခြေကျောက်!!!ဘယ်လိ...
08/12/2025

#ကျောက်ကပ်ကျောက်တည်ခြင်း #သည်းခြေအိတ်ကျောက်တည်ခြင်း #ဆီးအိမ်ကျောက်တည်ခြင်း ဘယ်လိုဖြစ်ပေါ်လာသလဲ?

သည်းခြေကျောက်!!!ဘယ်လိုဖြစ်ပြီးတည်လာတယ်ဆိုတာကို တွေးကြည့်ဖူးပါသလား? ကျွန်ုပ်တို့၏ ကျောက်ကပ်၊ သည်းခြေအိတ်၊ ဆီးအိမ်တို့နေရာတွင် ဘာကြောင့်ကျောက်သွားဖြစ်ရသလဲ?

☑️ ကျောက်ကပ်တွင်ကျောက်တည်ခြင်း (Kideny Stones) သည် မာသောပုံသဏ္ဍာန်အခဲ အဖြူရောင်၊ အဝါရောင်၊ အညိုရောင်၊ အနက်ရောင် ချောမွေ့(သို့) ကြမ်းတမ်းသော မျက်နှာပြင်များရှိပြီး သဲစေ့မှ စင်တီမီတာများစွာအထိရှိပါသည်။ ၄င်းသည်သတ္တုဓာတ်များ၏ စုစည်းမှုကြောင့်ဖြစ်ပေါ်လာပြီး ကယ်လစီယမ်၊ ယူနစ်အက်စစ်နှင့် Oxalate ဆီး၏ အရောင်ရင့်မှုဖြစ်စေတဲ့အချက်များမှာ

1. ရေသောက်နည်းခြင်း။
2. ဆားငံသော (သို့) ပရိုတင်းများသောအစားအစာ
3. မျိုးရိုးဗီဇ
4. Oxalate များသောဟင်းသီးဟင်းရွက်များစားသုံးခြင်း။

☑️ သည်းခြေအိတ်တွင်ကျောက်တည်ခြင်း (Gallstones) အဝိုင်း(သို့) ဘဲဥပုံသဏ္ဍာန်ရှိသော ချောမွေ့ပြီး အစိမ်းရင့်ရောင်၊ အညိုရောင်၊ အဝါရောင် (သို့) အနက်ရောင်ရှိသောကျောက်များဖြစ်ပြီး အရွယ်အစားမှာ အလွန်သေးငယ်ရာကစပြီး စင်တီမီတာများစွာအထိရှိပါသည်။ အနည်ထိုင်ခြင်းမှ သည်းခြေရည်အတွင်း အဆီဓာတ်မြင့်မားမှုကြောင့် ဖြစ်ပေါ်စေသည့်အချက်အလက်များမှာ

1. ရောဂါအခံ (သို့) ဆီးချိုသမားများ။
2. လျင်မြန်စွာကိုယ်အလေးချိန်ကျခြင်း။
3. အက်စထရိုဂျင်(Estrogen) ဟော်မုန်းများ။
4. ဝသောသူ (သို့) အဝလွန်သူများ။
5. တစ်ချို့သောအဆီချဆေးများ။

☑️ ဆီးအိမ်တွင်ကျောက်တည်ခြင်း (Bladder Stones) သည် အဝိုင်းပုံဏ္ဍာန်(သို့) ပုံဏ္ဍာန်မရှိသော အဝါရောင်၊ အညိုရောင်၊ မီးခိုး‌ရောင်များဖြစ်ပြီး ချောမွေ့သော (သို့) ကြမ်းတမ်းသော မျက်နှာပြင်များရှိပြီး တစ်ခါတစ်လေတွင် ဆီးအိမ်အတွင်းရွေ့လျားနေသော ကျောက်ခဲများကဲ့သို့ဖြစ်ပေါ်လာနိုင်သည်။ ဆီးအိမ်အတွင်း ဆီးများအချိန်အကြာကျန်ခဲ့ရာမှ အနည်ထိုင်သွားသည်အထိ စွန့်ထုတ်ခြင်းမခံရသောကြောင့် (သို့) ဆီးပိတ်စို့မှုခံရခြင်း ဆီးများအနည်ထိုင်ပြီး ကျောက်တည်သည်အထိ ဖြစ်တတ်သောအချက်အလက်များမှာ

1. မကြာခဏဆီးအောင့်ထားခြင်း။
2. အမျိုးသားများဆီးကြိတ်ကြီးတတ်ခြင်း။
3. ကျောက်ကပ်တွင်တည်သောကျောက်များ လွှတ်ကျလာခြင်း။
4. ဆီးမဆုံးခြင်း (သို့) နာတာရှည်‌ရောင်ရမ်းခြင်း။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ပကန် #ကျန်းမာရေး #ထိုင်းရောက်မြန်မာ

အဆီစာ ဆီကြော်အစားအစာများစားသုံးခြင်းသည် သည်းခြေအိတ်တွင်ကျောက်သည်နိုင်သည်ဟုယူဆနိုင်ပါသလား?🙋 ဆီကြော်အစားအစာတွေကို ဘယ်သူတွေ...
01/12/2025

အဆီစာ ဆီကြော်အစားအစာများစားသုံးခြင်းသည် သည်းခြေအိတ်တွင်ကျောက်သည်နိုင်သည်ဟုယူဆနိုင်ပါသလား?

🙋 ဆီကြော်အစားအစာတွေကို ဘယ်သူတွေကြိုက်သလဲ? အဆီများသော အစားအစာများ စားသုံးခြင်းသည် သည်းခြေအိတ်ကို ကျုံ့စေပြီး အဆီများကို ချေဖျက်ရန်အတွက် သည်းခြေရည်များ ထုတ်လွှတ်ရန် လှုံ့ဆော်ပေးပါသည်။ မကြာခဏ အလွန်အကျွံစားပါက သင့်သည်းခြေအိတ်သည် ယိုယွင်းလာရန် အလွန်ခက်ခဲမည် (သို့) အဆီများကို လုံလောက်စွာမချေဖျက်နိုင်တော့ပါ။

ဆီကြော်အစားအစာမျာသည် ခန္ဓာကိုယ်တွင်း ကိုလက်စထရောကိုတိုးစေပြီး ပိုနေသည့်ကိုလက်စထရောတွေကို သည်းခြေထဲမှာ စုပုံစေပြီး သည်းခြေကျောက်တည်စေပါသည်။ ⚠️

🩺 သည်းခြေအိတ်တွင် ကျောက်သည်နေပြီဟု သတိပေးသောလက္ခဏာများ
◾️ ရင်စုံတစ်ဝိုက်အောင့်ခြင်း (သို့) ညာဖက်နံရိုးတွင်နာကျင်ခြင်း။
◾️ ပျို့အန်ခြင်း၊ အစာမကြေဖြစ်ခြင်း။
◾️ နောက်ကျော (သို့) ညာဘက်ပုခုံးနာကျင်ခြင်း။
◾️ ရောင်ရမ်းခြင်းကြောင့် ဖျားနာခြင်း (သို့) အပြင်းထန်နာကျင်ခြင်း ဖြစ်စေနိုင်သည်။

🔎 ဘယ်သူတွေမှာသည်းခြေကျောက်သည်နိုင်ခြေရှိပါသလဲ?
◾️ အသက် ၄၀ အထက်အမျိုးသမီးများ။
◾️ ဝသောသူ၊ အဝလွန်သူများ။
◾️ ကိုယ်အလေးချိန်အားလျင်မြန်စွာချသောသူများ။
◾️ ဆီကြော်စာများကို မကြာခဏစားသုံးသူများ။
◾️ ဆီးချိုရောဂါရှိသူများ။
◾️ မိသားစုမှတ်တမ်းတွင်ကျောက်တည်ဖူးသူများ။

🚨 အထက်ပါလက္ခဏာများခံစားရပါက ဆရာဝန်နှင့်ချက်ချင်းပြသပြီး ရောဂါလက္ခဏာ၏အရင်းအမြစ်ကို သေချာစစ်ဆေးသင့်ပါသည်။ အကယ်၍သည်းခြေအိတ်တွင် ကျောက်သည်ပြီး အချိန်ကြာြမင်စွာြပစ်ထားပါက အသည်းထဲကဲ့သို့သော အခြားအင်္ဂါများကို ထိခိုက်စေနိုင်ပြီး သည်းခြေပြွန်ကင်ဆာ (သို့) ပြင်းထန်သောရောဂါများအထိ ဖြစ်စေနိုင်ပါသည်။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ဘန်ကောက် #ပကန် #ထိုင်းရောက်မြန်မာ

သွေးတိုးရောဂါသည်! သက်ကြီးရွယ်အိုအတွက် ဘယ်လောက်ထိအန္တရာယ်ရှိနိုင်သလဲ?🩸⬆️  #သွေးတိုးရောဂါသည် (Hypertension) သက်ကြီးရွယ်အို...
24/11/2025

သွေးတိုးရောဂါသည်! သက်ကြီးရွယ်အိုအတွက် ဘယ်လောက်ထိအန္တရာယ်ရှိနိုင်သလဲ?

🩸⬆️ #သွေးတိုးရောဂါသည် (Hypertension) သက်ကြီးရွယ်အိုအပိုင်းတွင်မကြာခဏ တွေ့ရတတ်ပြီး တစ်ခါတစ်ရံရောဂါမှာ မည်သို့လက္ခဏမှမပြတတ်သောကြောင့် နောက်ဆက်တွဲလက္ခဏာများမပေါ်မချင်း လူတော်တော်များများမှာ ရောဂါကိုသတိမထားမိသောကြောင့် အစောပိုင်းမှရောဂါကို သေချာမထိန်းချူပ်ပါက အလွန်အန္တရာယ်များပါသည်။ သွေးပေါင်ချိန်တိုင်းတာခြင်းသည် သင့်တွင်သွေးတိုးရှိ/မရှိ သိရန်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

📍 သက်ကြီးရွယ်အိုနှင့် "သွေးတိုးရောဂါ" အန္တရာယ်များ
▪️ ဦးနှောက်သွေးကြောပေါက်ခြင်းနှင့် ပိတ်ခြင်းတို့၏ ပထမဆုံးသောဦးတည်ချက်မှာ သွေးတိုး‌ရောဂါပင်ဖြစ်သည်။
▪️ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်‌ခြေရှိခြင်းနှင့် သွေးတိုးရောဂါကြောင့် ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်များကို ပျက်စီးစေပြီး ကျောက်ကပ်ယိုယွင်းခြင်းမှ ကျောက်ကပ်ကိုပျက်စီးစေပါသည်။
▪️ သွေးတိုးရောဂါကြောင့် မျက်စိအတွင်းရှိ သွေးကြောများပျက်စီးခြင်းမှ မျက်စိကွယ်စေနိုင်ပါသည်။

📍 အဘယ်ကြောင့် သက်ကြီးရွယ်အိုများ သွေးတိုး‌ရောဂါဖြစ်စေပါသလဲ?
▪️ အသက်ကြီးလာသည်နှင့်အမျှ သွေးကြောများမာကြောလာခြင်းနှင့်အတူ ပျော့ပြောင်းလာခြင်းတို့ကြောင့်ဖြစ်သည်။
▪️ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များသည့်ရောဂါ အခံရှိသူများ။
▪️ အငန်စားခြင်း၊ လေ့ကျင့်ခန်းမလှုပ်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်း။

🚨 ဆရာဝန်နှင့်ချက်ချင်းပြသင့်သောလက္ခဏာများ
▪️ ခေါင်းအရမ်းကိုက်ခဲခြင်း။
▪️ ရင်ဘတ်အောင့်ခြင်း။
▪️ အသက်ရှူရခက်ခြင်း။
▪️ ခြေ လက်များအားနည်းခြင်း၊ စကားပြောမသဲကွဲခြင်း။
▪️ အမြင်အာရုံမှုန်ဝါးခြင်း (သို့) ရုတ်တရက်အမြင်အာရုံဆုံးရှုံးခြင်း။

#အန္တရာယ် သက်ကြီးရွယ်အိုအပိုင်းတွင် သွေးတိုးအန္တရာယ်သည် နှလုံး၊ကျောက်ကပ်၊ဦးနှောက် နှင့်မျက်လုံးများပျက်စီးတတ်စေသောကြောင့် ကြောက်စရာကောင်းသော အသံတိတ်ရောဂါတစ်ခုပင်ဖြစ်သည်။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ကျန်းမာရေး #ထိုင်းရောက်မြန်မာ

🍟 အကြော်စာများကိုကြိုက်ပါက မိမိတို့ရဲ့ သည်း‌ခြေအိတ်ကိုလည်းချစ်ဖို့ မမေ့ကြနဲ့နော်! 💛 ‌ကြော်ထားသည့်အစားအစာများအလွန်အကျွံစာ...
17/11/2025

🍟 အကြော်စာများကိုကြိုက်ပါက မိမိတို့ရဲ့ သည်း‌ခြေအိတ်ကိုလည်းချစ်ဖို့ မမေ့ကြနဲ့နော်! 💛
‌ကြော်ထားသည့်အစားအစာများအလွန်အကျွံစားခြင်းသည် စားသည့်အခါတိုင်း သည်းခြေအိတ်ကို ပိုပင်ပန်းစေပါသည်။ ဂရုမစိုက်ခြင်း (သို့)စားသောက်ခြင်းအားသတိမထားပါက သည်းခြေကျောက်တည်ခြင်း အန္တရာယ်ကိုဖြစ်စေနိုင်ပါသည်။

🧀 ကြော်ထားသောအစားအစာများသည် ဘာကြောင့်သည်းခြေအိတ်ကိုအန္တရာယ်ဖြစ်စေနိုင်ပါသလဲ?

❗️ အဆီများသောအစားအစာများသည် သည်‌ခြေအိတ်ကိုပြင်းထန်စွာကျုံ့စေပြီး အဆီများကိုခြေဖျက်ရန် သည်းခြေရည်များကိုထုတ်ပေးရသောကြောင့် ကိုက်ခဲနာကျင်စေခြင်း။
❗️ ပြည့်ဝဆီနှင့် အကြော်စာထဲမှ အသွင်ပြောင်းဆီသည် သည်းခြေရည်ထဲတွင် ကိုလက်စထရောအဆီပိုတိုးစေပါသည်။
❗️ ရောင်ရမ်းခြင်း - အဆီနှင့် ထပ်ခါထပ်ခါကြော်သည့်ဆီများကို အသုံးပြုခြင်းသည် သည်းခြေအိတ်အတွင်းသားကို ထိခိုက်စေပြီး သည်းခြေအိတ်ရောင်ရမ်းမှုဖြစ်စေခြင်း။
❗️ ကြော်ထားသောအစားအစာများကို မကြာခဏစားသုံးသောအခါ သည်းခြေရည်များ ရောင်ရင့်ကာကျောက်ကပ်ထဲတွင် ပိတ်ဆို့ပြီး ကျောက်တည်ခြင်းဖြစ်စေပါသည်။

ကျန်းမားသောသည်‌ခြေအိတ်ကို ထိန်းသိမ်းရန်နှင့်သည်းခြေကျောက်တည်ခြင်း (သို့) ရောင်ရမ်းအန္တရာယ်ကိုလျှော့ချရန်အတွက် အောက်ပါအတိုင်း အစားအသောက်နှင့် နေထိုင်မှုပုံစံအား ဂရုစိုက်ပေးပါရန်

1️⃣သည်းခြေအိတ်အတွက်ကောင်းမွန်သောအစားအစာများကို ရွေးချယ်စားသုံးပါ။ အဆီများ‌သောအစားအစာများ၊ ကြော်ထားသောအစားအစာများကို လျော့စားသင့်ခြင်း။ သံလွင်ဆီ၊ ထောပတ်သီးနှင့် အစာခြေလွယ်ရန် အထောက်အကူပြုသည့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အမျှင်ဓာတ်များသော အစားအစာများကို စားသုံးပေးရန်။

2️⃣ကိုယ်အလေးချိန်ထိန်းပါ လေ့ကျင့်ခန်းအားပုံမှန်သာလုပ်ပေးခြင်း၊ ကိုယ်အလေးချိန်အမြန်ကျစေသည့် နည်းအားရှောင်ကြဥ်ပေးပါရန်။ ကိုယ်အလေးချိန်အမြန်ကျစေသည့်နည်းသည် တည်ခြေကျောက်တည်ခြင်းကို တွန်းအားဖြစ်စေသောကြောင့်ဖြစ်သည်။

3️⃣ရေလုံလောက်စွာသောက်ပါ ရေသည်အစာခြေစနစ်ကို ကောင်းမွန်စေပြီး သည်းခြေရည်၏ အလုပ်လုပ်ဆောင်မှုကို ကောင်းမွန်‌‌စေသည်။

4️⃣နှစ်စဥ်ကျန်းမာရေးစစ်ပေးပါ အထူးသဖြင့်သင့်၏မိသားစုထဲတွင် သည်းခြေကျောက်တည်သောသူများရှိခြင်းနှင့် ညာဘက်နံရိုးအောက်တင်းကျပ်ခြင်း ကိုက်ခဲနာကျင်ခြင်း အဆီများသောအစာစားပြီးနောက် ပျို့အန်ခြင်း လက္ခဏာရှိခြင်း။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ကျန်းမာရေး #ပကန် #ဘန်ကောက် #ထိုင်းရောက်မြန်မာ

"အူအတက်ရောင်ရောဂါသည်" ဘာကြောင့်အသက်အန္တရာယ်ရှိနိုင်သလဲ?"ညာဘက်ဝမ်းဗိုက်‌အောက်ပိုင်းနာကျင်ခြင်းသည်.... အူအတက်ပေါက်သည်အထိမစ...
10/11/2025

"အူအတက်ရောင်ရောဂါသည်" ဘာကြောင့်အသက်အန္တရာယ်ရှိနိုင်သလဲ?

"ညာဘက်ဝမ်းဗိုက်‌အောက်ပိုင်းနာကျင်ခြင်းသည်.... အူအတက်ပေါက်သည်အထိမစောင့်ပါနှင့် " နာရီပိုင်းအတွင်းတွင် ⏲ ကုသချိန်မမှီပါက အသက်အန္တရာယ်ရှိနိုင်သည်။

☑️ အူအတက်ပေါက်နိုင်ခြေရှိခြင်း (Ruptured Appendix)
အူအတက်ပိုရောင်သည်နှင့်အမျှ ၎င်းသည်ဖောင်းလာပြီး အပြည်တည်လာမည်။ အကယ်၍ ခွဲစိတ်ကုသခြင်းမခံရပါက အူအသက်ပေါက်ပြီး အပြည်များနှင့် ဘက်တီးရီးယားများ ဝမ်းဗိုက်အတွင်း ပျံ့နှံ့သွားပါမည်။

☑️ ဝမ်းတွင်းအမြှေးရောင်ဖြစ်နိုင်ခြေရှိခြင်း (Peritonitis)
အူအတက်မှထွက်လာသော ဘက်တီးရီးယားများသည် ဝမ်းဗိုက်အတွင်းပိုင်းသို့ ကူးစက်နိုင်ပြီး အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်းနှင့် ဝမ်းဗိုက်တစ်လျှောက်ပြင်းထန်သော ဝမ်းဗိုက်နာကျင်ခြင်းတို့ကိုဖြစ်စေပါသည်။

☑️ သွေးလမ်းကြောင်းတွင်ပိုးဝင်နိုင်ခြေရှိခြင်း (Sepsis)
ရောဂါပိုးများသည် သွေးလမ်းကြောင်းအတွင်းသို့ ပျံ့နှံ့သွားပါက သွေးပေါင်ကျခြင်း၊ ကိုယ်တွင်းအင်္ဂါချို့ယွင်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းတို့ ဖြစ်စေနိုင်ပြီး အချိန်တိုအတွင်းအသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိသည်။

🧑‍⚕️အူအတက်ရောင်ခြင်း(Appendicitis) သည်ချက်ချင်းကုသမှုခံယူရန်လိုအပ်သော ခွဲစိတ်မှုဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်သည်။ မကုသဘဲထားပါက ပေါက်ပြဲခြင်း (သို့) ဝမ်းဗိုက်အတွင်းပိုးဝင်ကာ သေဆုံးသည်အထိဖြစ်စေနိုင်ပါသည်။ အန္တရာယ်ရှိသောလက္ခဿဏာများ ခံစားရပါက အူအတက်ရောင်ရောဂါသည် သူ့ဘာသာသူပြန်သက်သာတတ်သောရောဂါမဟုတ်သောကြောင့် ဆေးရုံသို့ချက်ချင်းသွားရန်နှင့် ဆရာဝန်မှရောဂါရှာဖွေပြီး ကုသရန်အကြံပြုပါသည်။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ဘန်ကောက် #ထိုင်းရောက်မြန်မာ

 #ဝမ်းဗိုက်အဝလွန်ခြင်းမှရောဂါစတင်ခြင်း 📣ဝမ်းဗိုက်အဝလွန်ခြင်းရောဂါဆိုသည်မှာ ဝမ်းဗိုက်အတွင်းအဆီအလွန်အကျွံစုပုံလာကာ  ပြင်းထ...
03/11/2025

#ဝမ်းဗိုက်အဝလွန်ခြင်းမှရောဂါစတင်ခြင်း 📣

ဝမ်းဗိုက်အဝလွန်ခြင်းရောဂါဆိုသည်မှာ ဝမ်းဗိုက်အတွင်းအဆီအလွန်အကျွံစုပုံလာကာ ပြင်းထန်သောနောက်ဆက်တွဲရောဂါလက္ခဏာ အများအပြားအားဖြစ်စေပါသည်။ များသောအားဖြင့်အဝလွန်သူများထဲတွင် ဝမ်းဗိုက်အဝလွန်ခြင်းရောဂါလက္ခဏာ တစ်ရာတွင် 25 ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိပါသည်။ 🙅‍♂️

📌 ဝမ်းဗိုက်အဝလွန်ခြင်းရောဂါသတ်မှတ်ချက်များ။
▪ သွေးပေါင်ချိန် 130/85 mmhg အထက်ရှိခြင်း။
▪ သွေးတွင်းအဆီဓာတ်ပမာဏ 150mg/dl ထက်များခြင်း။
▪ သွေးတွင်းသကြားဓာတ်ပမာဏ 100mg/dl ထက်များခြင်း။
▪ သွေးတွင်းကောင်းသောအဆီပမာဏမှာ
**အမျိုးသားများအနေဖြင့် 40mg/dl ထက်နည်းခြင်းနှင့်
**အမျိုးသမီးများအနေဖြင့် 50mg/dl ထက်နည်းရပါမည်။

📝 ဝမ်းဗိုက်အဝလွန်ခြင်းအားတိုင်းတာနည်း။
▪ အမျိုးသားခါးပတ်လည် 90” စင်တီမီတာထက်ပိုနေခြင်း။
▪ အမျိုးသမီးခါးပတ်လည် 80” စင်တီမီတာထက်ပိုနေခြင်း။

❌ ဝမ်းဗိုက်အဝလွန်ခြင်းဆိုးကျိုးများ
🧬 အဝလွန်ခြင်း၊ အဆီပိတ်ဆို့ခြင်း။
🧬နှလုံးရောဂါ။
🧬လေဖြန်းခြင်း၊ လေဖြတ်ခြင်း။
🧬ဆီးချိုရောဂါ။
🧬သွေးတိုးရောဂါ။
🧬အသည်းအဆီဖုံးရောဂါ၊ အသည်းကင်ဆာ။
🧬ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရောဂါ။
🧬အိပ်ပျော်နေစဉ်အသပ်ရှုရပ်ခြင်း။
🧬အရေပြားရောဂါ၊ မှိုပိုးဝင်ခြင်း၊ သွေးပြန်ကြောများပိတ်ခြင်း။
🧬ခါးပတ်လည် 5 စင်တီမီတာတိုးလာတိုင်း ဆီးချိုဖြစ်နိုင်ခြေ 3-5 ဆတိုးလာခြင်း။

✅ ဝမ်းဗိုက်အဝလွန်ခြင်းကိုကာကွယ်ခြင်း။
ကိုယ်အလေးချိန်ထိန်းခြင်းနှင့် နေထိုင်ပြုမူပုံအမှုအကျင့်များကို ငယ်ရွယ်စဉ်မှစတင်ပြီးလေ့ကျင့်လုပ်ဆောင်ခြင်း။ 🏃‍♀️🏃

👉 ဝမ်းဗိုက်အလွန်ဝခြင်းကိုကုသခြင်း။
🏋️‍♀️လေ့ကျင့်ခန်းလုပ်ခြင်း။
▪ တစ်နေ့ကိုအနည်းဆုံးမိနစ် 30/ တစ်ပတ်လျှင် 5 ကြိမ်အထက် 🏊🤾‍♂️
🥗 မှန်ကန်သောစားသောက်မှုအလေ့အကျင့်အား အောက်ပါအတိုင်းချင့်ချိန်စားသောက်ပေးရန်။
▪ တစ်နေ့လျှင်သကြား လက်ဖက်ရည်ဇွန်း 6 ဇွန်းအထက်ပိုမစားသုံးရပါ။ 🥄
▪ အမျှင်ဓာတ်ပါသောအစားစာများအားများများစားသုံးပါ။ 🥝🍍🍎
▪ အသီးအရွက်များအကန့်သက်မရှိများများစားပါ။ 🥦🥬

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ကျန်းမာရေး #ဘန်ကောက် #ထိုင်းရောက်မြန်မာ

အချိန်ကြာမြင့်စွာထိုင်ခြင်း၊ ဝမ်းအလွန်ထိုင်ညစ်ရခြင်း၊ ရေသောက်နည်းခြင်းများသည် သတိမထားမိဘဲ လိပ်ခေါင်း‌ရောဂါဖြစ်နိုင်ခြေရှ...
27/10/2025

အချိန်ကြာမြင့်စွာထိုင်ခြင်း၊ ဝမ်းအလွန်ထိုင်ညစ်ရခြင်း၊ ရေသောက်နည်းခြင်းများသည် သတိမထားမိဘဲ လိပ်ခေါင်း‌ရောဂါဖြစ်နိုင်ခြေရှိပါသည်။ 🚽

🤷 လိပ်ခေါင်းရောဂါ (Hemorrhoids) ကျွန်ုပ်တို့၏နေ့စဥ်နေထိုင်မှုအလေ့အထကြောင့် မည်သူမဆိုအန္တရာယ်ရှိနိုင်ပါသည်။ ဥပမာအားဖြင့် အချိန်အကြာကြီးထိုင်ကာ မစင်ထိုင်စွန့်ခြင်း၊ ရေသောက်နည်းခြင်း၊ အသီးအနှံနှင့် ဟင်းရွက်များမစားခြင်းနှင့် အိမ်သာထဲတွင် ဖုန်းအချိန်ကြာစွာ ထိုင်နိပ်ကစားသူများဖြစ်သည်။

#လိပ်ခေါင်းသည် စအိုအတွင်းရှိ သွေးပြန်ကြောများရောင်ရမ်းခြင်းဖြစ်ပြီး စအိုအတွင်း(သို့) အနီးတစ်ဝိုက်တွင် ဖြစ်ပွားတတ်ပါသည်။ လိပ်ခေါင်းကို 🔸 အမျိုးအစား ၂ မျိုးခွဲခြားထားပါသည်။

1️⃣ အတွင်းလိပ်ခေါင်း
▪ စအိုအတွင်း၌ဖြစ်ပေါ်ခြင်း။
▪ အများအားဖြင့် နာကျင်မှုမရှိသော်လည်း ဝမ်းသွားစဥ်အတွင်း သွေးစိမ်းများထွက်နေနိုင်သည်။
▪ ပြင်းထန်ပါက အဖုသည် ပေါက်ထွက်နိုင်ပြီး ပြင်းထန်သောနာကျင်မှုကို ဖြစ်စေတတ်ပါသည်။

2️⃣ အပြင်လိပ်ခေါင်း
▪ စအိုအနားတစ်ဝိုက်တွင်ဖြစ်ခြင်း။
▪ အဖုထွက်ခြင်း၊ နာခြင်း၊ စပ်ခြင်း နှင့် ယားယံလွယ်ခြင်း။
▪ အဖုအတွင်းသွေးကြောပေါက်သွားပါက ပြင်းထန်စွာနာကျင်ခြင်းနှင့် သွေးခဲများရှိပါသည်။

🩸 လိပ်ခေါင်းဖြစ်သည်ဟု သံသယဖြစ်စေသောလက္ခဏာများ...
▪ ဝမ်းသွားသည့်အခါ သွေးစိမ်းများ အိမ်သာသုံးစက္ကူပေါ်ပေခြင်း (သို့) အိမ်သာခွက်ထဲသို့စိမ်ကျခြင်း။
▪ စအိုတွင်အဖုထွက်ခြင်း၊ ဝမ်းသွားသည့်အခါ နာကျင်ခြင်း (သို့) စပ်ခြင်း။
▪ စအိုအတွင်း မကြာခဏယားယံခြင်း (သို့) မအီမသာဖြစ်ခြင်း။

💁‍♀️သင့်ရဲ့ကျန်းမာရေးဟာကျွန်ုပ်တို့ရဲ့တာဝန်ပါ “စီခရင်း”သင့်အနားအမြဲရှိသည်။
စီခရင်းဆေးရုံ၊ ဆေးခန်းများမှ သင့်ကျန်းမာရေအတွက် မိတ်ဆွေရင်းသဖွယ်အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံဝန်ထမ်းများမှ သင့်ကိုကြိုဆိုဖိတ်ခေါ် အပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း 🏥
📞 063 217 6522
📞 065 937 8376
📞 063 216 5268
📞 065 472 1970

#ပကန် #ထိုင်းရောက်မြန်မာ

ที่อยู่

แขวง บางนา เขตบางนา กรุงเทพมหานคร
Bangkok
10260

เบอร์โทรศัพท์

+66632176522

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sikarin Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Sikarin Myanmar:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram