Dr Lu Swam Healthy Lifestyle Practitioner

Dr Lu Swam Healthy Lifestyle Practitioner Be Yourself & Love Yourbody

“ပတိရူပ ဒေသဝါသေစ” (Patisirūpa Desavāso ca) Wellness is not just personal—it’s environmental.At Sa Kyi, we help you live,...
26/10/2025

“ပတိရူပ ဒေသဝါသေစ” (Patisirūpa Desavāso ca)

Wellness is not just personal—it’s environmental.
At Sa Kyi, we help you live, learn, and thrive in a supportive circle of health that uplifts every aspect of your life.

“Live in the Circle of Health — with Sa Kyi.”

နေ့စဉ်နဲ့အမျှ စိတ်အလိုကိုလိုက်ပြီးနေထိုင်စားသောက်နေတယ်ဆိုတာ “ချစ်”တာမဟုတ်ပဲ ကိုယ့်ကိုကိုယ်“နှစ်”နေရာရောက်ပါတယ် ‼️

လူတိုင်းရဲ့ငယ်ရွယ်စဉ်အချိန်အခါမှာ ကျန်းမာရေးကိုအသေးစိတ်ဂရုစိုက်ပေးခဲ့တဲ့ မိဘလူကြီးသူမတွေရှိပေမယ့် အရွယ်ရောက်လာပြီး ကိုယ့်ဘာသာရပ်တည်ရချိန်မှာတော့ ကျန်းမာရေးကို လျစ်လျူရှုလာတတ်တာ ဖြစ်လေ့ဖြစ်ထရှိပါတယ်🤔

သင့်အနေနဲ့ comfort zone မှာနေထိုင်တာ လူသက်သာပေမယ့် ရေရှည်မှာ သင်တောင့်တတဲ့ ကျန်းမာတဲ့ဘဝတစ်ခုကိုမရနိုင်ဘူးဆိုတာလည်းသိထားဖို့လိုပါလိမ့်မယ် ✅

🩵SELF LOVE ဆိုတဲ့စကားလေးကိုကြားရင် ကိုယ့်ကိုကိုယ်အလိုလိုက်ပြီး စိတ်ချမ်းသာအောင်ထားပေးရရင်ရပြီလို့အယူအဆမှားနေကြတာမျိုးရှိပါတယ် ၊ တကယ်တော့ Self Love ဆိုတာ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နေဖို့ ဦးစားပေး ဂရုစိုက်နေထိုင်ခြင်းကိုဆိုလိုတာပါ။

🧐စိတ်ကတော့ “ဒီဟာစားမှကိုဖြစ်မယ်” ၊“ဒါလေးပဲ အရမ်းစားချင်နေတာ ဒါမစားရရင်ကိုတခြားဘာမှမစားတော့ဘူး”ဒီလို mood တွေဝင်လာတတဲ့အချိန်တွေမှာဆိုရင် ခန္ဓာကိုယ်အတွက် ရေရှည်မှာထိခိုက်စေလာနိုင်တဲ့ အဆီအဆိမ့်တွေ ၊ အစပ်ပမာဏအရမ်းများလွန်းတဲ့အစားအသောက်တွေကို အလွန်အကျွံမစားမိအောင်ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရရှိတဲ့ အစားအသောက်တွေကို အစားထိုးပြောင်းလဲစားသောက်နိုင်ဖို့လိုပါတယ် ။

😖တစ်နေ့တာဖြတ်သန်းပြီးနောက်မှာ စိတ်ဖိစီးမှုတွေရှိနေတယ်၊ပင်ပန်းနေတယ် ဆိုပြီး ဖုန်းနဲ့မျက်လုံးမခွါပဲ ညအိပ်ချိန်လျော့တဲ့အထိ ညဉ့်နက်အောင်နေမိတာတွေ ၊ “ပင်ပန်းတယ် stress တွေ ကင်းအောင် သောက်ကြမယ်ဟေ့” ၊“နောက်နေ့နားမယ် မသောက်တော့ဘူး”သာပြောပေမယ့် ရက်ဆက်လာတဲ့အခြေအနေတွေကို နည်းသထက်နည်းအောင် တတ်နိုင်သလောက်လျှော့ချပြီး ခန္ဓာကိုယ်အတွက် တကယ်ထိရောက်တဲ့ အနားယူအပန်းဖြေခြင်းတွေကိုပဲ ဦးစားပေးလုပ်ဆောင်သင့်ပါတယ် ။

“ဒီနေ့တော့ ပင်ပန်းနေလို့ တန်းအိပ်လိုက်ပါတော့မယ် ၊ နောက်နေ့မှ လေ့ကျင့်ခန်းလုပ်တော့မယ် ၊ အချိန်တွေရှိသေးတာပဲ” ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ညှာခဲ့တာ ဘယ်နှကြိမ် ဘယ်နှခါရှိပြီလဲဆိုတာ ပြန်ဆန်းစစ်ပါ၊ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့တာဝန်ရှိတာက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး စည်းကမ်းရှိဖို့ဆိုတာ နေထိုင်စားသောက်နေတဲ့အရာရာမှာ လိုက်ထိန်းချုပ်နေတာမျိုးမဟုတ်ပဲ self love မွေးမြူရင်း လမ်းမှန်တစ်ခုပေါ်ရောက်နိုင်ဖို့ ကြိုးစားပြုပြင်ခြင်းသာဖြစ်ပါတယ်။

တကယ်သာ သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်က ဘယ်အချိန်မှာ အနားယူဖို့လိုလဲ၊ ဘယ်အချိန်မှာ ဘာစားဖို့လိုလဲ ၊ကျန်းမာအောင် ဘယ် step တွေနဲ့ daily routine ကိုကုန်ဆုံးရမလဲဆိုတာတွေကို နားထောင်ပေးရင်းလေ့လာပြောင်းလဲဖို့ လိုပါတယ်။

လမ်းမှားပေါ်ရောက်နေမှန်း သိရင် လမ်းမှန်ပေါ်ရောက်ဖို့ ကြိုးစားပြုပြင်ရပါမယ် ၊ Self Love ဆိုတာ တစ်နေ့တာ တစ်ခဏတာပျော်ရွှင်မှုတွေကို စိတ်အလိုလိုက်တာ မဟုတ်ပဲ ရေရှည်အနာဂတ်မှာ အမြဲကျန်းမာတက်ကြွပျော်ရွှင်နေတဲ့ သင့်ရဲ့ပုံရိပ်ကိုလက်တွေ့မှာဖြစ်လာအောင် ကြိုးစားဖန်တီးခြင်းသာဖြစ်ပါတယ်။

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

ที่อยู่

Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr Lu Swam Healthy Lifestyle Practitionerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dr Lu Swam Healthy Lifestyle Practitioner:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram