သတင်းစုံ

သတင်းစုံ FOLLOW FOR MORE

မြင်တွေ့ရခဲသော အခိုက်အတန့်> "ဒီပုံရိပ်က သမိုင်းစာမျက်နှာတစ်ချပ်ပါပဲ။ နိုင်ငံတော်အတွက် ကြီးမားတဲ့ အနစ်နာခံမှုတွေ မပြုလုပ်...
03/12/2025

မြင်တွေ့ရခဲသော အခိုက်အတန့်
> "ဒီပုံရိပ်က သမိုင်းစာမျက်နှာတစ်ချပ်ပါပဲ။ နိုင်ငံတော်အတွက် ကြီးမားတဲ့ အနစ်နာခံမှုတွေ မပြုလုပ်မီက နွေးထွေးတဲ့ မိသားစု အခိုက်အတန့်လေးကို မှတ်တမ်းတင်ထားသော မေတ္တာစစ်ရဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတဲ့ ပုံပါ။"

ပြည်သူကိုယုံလို့ဘဝကို ပုံအပ်အသက်ကိုပင်မငဲ့ခဲ့တဲ့ သူမ~~အရှုံး အမြတ်ဆိုတာပြည်သူက ဆုံးဖြတ်ပေးမှာသူမ အသိမို့နိုင်ငံအတွက်ပေးဆ...
03/12/2025

ပြည်သူကိုယုံလို့
ဘဝကို ပုံအပ်
အသက်ကိုပင်
မငဲ့ခဲ့တဲ့ သူမ~~
အရှုံး အမြတ်ဆိုတာ
ပြည်သူက ဆုံးဖြတ်ပေးမှာ
သူမ အသိမို့
နိုင်ငံအတွက်
ပေးဆပ်နိုင်စွမ်း ရှိတဲ့
ပြည်သူ့အင်အား
ပြည်သူ့နှလုံးသားကို
စစ်တမ်းထုတ်နိုင်ဖို့
သူမဟာ ဘဝနဲ့အသက်ကို
ရင်းတည်ရဲခဲ့တယ်~~
ကျန်းမာပါစေအမေ🙏🙏🙏

🙏🙏🙏🙏🙏အောင် အရဟံ လာဘံ သိဒ္ဓိအောင် အရဟံ ပီယံ သိဒ္ဓိအောင် အရဟံ ဓနံသိဒ္ဓိငွေတွေ အဖက်ဖက်မှ ဝင်လာပါစေဝင်လာသောငွေများလည်း မြဲပါ...
03/12/2025

🙏🙏🙏🙏🙏
အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ
ဝင်လာသောငွေများလည်း မြဲပါစေ
💵💰💵💰💵💰💵💰💵💰💵💰💵

အရဟံ ပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေသော
မြတ်စွာဘုရား ….🙏🙏🙏

မေ တပည့်တော်၏

သိဒ္ဓိ လောကီစီးပွားအကျိုးတရားများသည်

ဟောတု ပြည့်စုံပါစေသတည်း….🙏🙏🙏

လမ်းဟောင်းကနေ လမ်းသစ်ကိုဖောက်ထွက်ရတဲ့အခါ ရှောင်လို့မရတဲ့အခက်အခဲ အကျပ်အတည်းတွေရှိပါတယ် ။စုပေါင်းအင်အားနဲ့ မလုပ်နိုင်ကြရင်...
03/12/2025

လမ်းဟောင်းကနေ လမ်းသစ်ကို
ဖောက်ထွက်ရတဲ့အခါ ရှောင်လို့မရတဲ့
အခက်အခဲ အကျပ်အတည်းတွေရှိပါတယ် ။
စုပေါင်းအင်အားနဲ့ မလုပ်နိုင်ကြရင်
အနာဂတ်နိုင်ငံရဲ့ မျိုးဆက်သစ်တွေအပေါ်
ကျနော်တို့ တာဝန်မကျေရာ ရောက်ပါမယ် ။

ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ

"ချစ်ခြင်းမေတ္တာကကျွန်တော်တို့ကိုအားနည်းချက်တွေကနေစွမ်းအားတွေအဖြစ်ပြောင်းလဲပေးတယ်ကြောက်ရွံ့မှုတွေကနေရဲရင့်မှုတွေအဖြစ်ပြေ...
03/12/2025

"ချစ်ခြင်းမေတ္တာက
ကျွန်တော်တို့ကိုအားနည်းချက်တွေကနေ
စွမ်းအားတွေအဖြစ်ပြောင်းလဲပေးတယ်
ကြောက်ရွံ့မှုတွေကနေ
ရဲရင့်မှုတွေအဖြစ်ပြောင်းလဲပေးတယ်"

● တန်ပါတယ် ချစ်သူငယ်ချင်း​တို့ရေ.......ငါတို့ တင်ခဲ့တဲ့ ဘုရင်မကအတုအ​ယောင် ဂုဏ်ဒြပ်​တွေကိုနှစ်သက် မတ်​မောသူ မဟုတ်လို့​လေက...
03/12/2025

● တန်ပါတယ် ချစ်သူငယ်ချင်း​တို့ရေ.......
ငါတို့ တင်ခဲ့တဲ့ ဘုရင်မက
အတုအ​ယောင် ဂုဏ်ဒြပ်​တွေကို
နှစ်သက် မတ်​မောသူ မဟုတ်လို့​လေ
ကိုယ်ကျိုးမဖက် မေတ္တာစစ်နဲ့အားလုံးရဲ့ဘဝကိုတန်ဖိုးထားတတ်သူမို့လို့လေ အရမ်းကိုတန်ဖိုးရှိနေတာ ကြာလေချစ်ရလေလေပဲလေ
●●●
​ ..မိုးနွယ်..

"မြန်မာနိုင်ငံမှာ အမေဒေါ်အောင်ဆန်းစုကြည် ကလွဲရင် ဘယ်သူမှ မရသေးတဲ့ အမည်နာမတစ်ခု "မြန်မာပြည်သူတွေရဲ့ နှလုံးသား၊ အသွေးသားထဲ...
03/12/2025

"မြန်မာနိုင်ငံမှာ အမေဒေါ်အောင်ဆန်းစုကြည် ကလွဲရင် ဘယ်သူမှ မရသေးတဲ့ အမည်နာမတစ်ခု "
မြန်မာပြည်သူတွေရဲ့ နှလုံးသား၊ အသွေးသားထဲက တင် စားခေါ်ဝေါ်ကြတာ"လူထုခေါင်းဆောင်" တဲ့။ သူမက ဒီနာမည်လေးနဲ့ ထိုက်တန်တဲ့သူဖြစ်လို့ ရေရွတ်မိတိုင်း ဂုဏ်ယူပီတိဖြစ်နေရတုန်းပဲ....🥰
ပြည်သူ့မျက်ကွယ်တနေရာမှာ ကျန်းမာ ဘေးကင်းပါစေ
ချစ်သောအမေ 🙏🙏🙏

သူမဟာခက်ထန်ရမယ့်နေရာ ခက်ထန်တယ်သူမဟာသဘောထားတင်းမာရမယ့်နေရာ ပြတ်တယ်သူမသိမ်မွေ့တဲ့နေရာကြတော့ အတုခိုးမရလိုက်မမှီတော့ဘူး😍
03/12/2025

သူမဟာခက်ထန်ရမယ့်နေရာ ခက်ထန်တယ်
သူမဟာသဘောထားတင်းမာရမယ့်နေရာ ပြတ်တယ်

သူမသိမ်မွေ့တဲ့နေရာကြတော့ အတုခိုးမရလိုက်မမှီတော့ဘူး😍

အမေလို့ခေါ်နေကြတဲ့ သူစိမ်းမိန်းမကြီးအကြောင်း၁၉ . ၆ . ၁၉၄၅မနက်သုံးနာရီ သုံးဆယ့်ငါးမိနစ်မှာစတင်လင်းလက်ခဲ့တဲ့ကြယ် ...အမှောင...
03/12/2025

အမေလို့ခေါ်နေကြတဲ့ သူစိမ်းမိန်းမကြီးအကြောင်း
၁၉ . ၆ . ၁၉၄၅
မနက်သုံးနာရီ သုံးဆယ့်ငါးမိနစ်မှာ
စတင်လင်းလက်ခဲ့တဲ့ကြယ် ...
အမှောင်ဘယ်လောက်ဖုံးဖုံး
တိမ်ဘယ်လောက်အုပ်အုပ်
အလင်းလည်းပေးတယ် လမ်းလည်းပြတယ်
ဘယ်တော့မှကြွေကျမှာမဟုတ်ပေမယ့်
ကျွန်တော်တို့ကို ခဏခဏကြွေအောင်လုပ်ခဲ့တဲ့ကြယ်..

၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ၂၆ရက်
တွေ့လား... ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ
မြင်လား ... အဲ့ဒီကလေးမ
ဒါ .. နိဒါန်းပဲ ၊ အဖေ့တာဝန်ကိုဆက်ခံပြီ ...
အာရှသူရဲကောင်းသီချင်းကိုအော်ဆိုရင်း
ဒီအမျိုးသမီးကို သူရဲကောင်းဖြစ်ပါစေလို့
ရွှေတိဂုံဘုရားကြီးမှာ ဆုတောင်းစရာမလိုခဲ့ဘူး..

စက်တင်ဘာ ( ၂၇ ) ၁၉၈၈
ဒီအရှုပ်တွေဇာတ်သိမ်းဖို့ ဒီချုပ်ကိုဖွဲ့စည်းခဲ့ပြီ
ဒီအတွင်းရေးမှူးမက အိပ်မက်ဆိုးတွေကို
လှုပ်နှိုးပေးလိမ့်မယ် ... မောင်းတင်စရာမလိုပဲ
ပြည်သူ့နှလုံးသားကို သိမ်းပိုက်သွားလိမ့်မယ်
ဂရုစိုက်ကြ စောင့်ရှောက်ကြ ...
ဒီကလေးမက သူ့အဖေလိုပဲ
တစ်ခါတစ်လေ ခေါင်းအရမ်းမာတယ်..

၁၉၈၉ ဇူလိုင်လ ( ၂၀ )
တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်တိုင်း
သူ့ကိုအားနာတယ် ...
ကျွန်တော်တို့လွတ်လပ်ဖို့ သူ
အတုပ်အနှောင်ခံထားရတယ်
အဲ့ဒီကာလတွေဟာ ကျွန်တော်တို့အတွက်
နှလုံးသွေးတွေရပ်တန့်သွားသလို
မျှော်လင့်ချက်တွေသေသွားသလို
တိတ်တိတ်လေးဝမ်းနည်းခဲ့ရတယ် ..
ကောင်းကင်မှာဝဲပျံနေတဲ့ ငှက်တွေကိုကြည့်ရင်း..

၁၉၉၁ အောက်တိုဘာ ( ၁၄ )
ကျေးဇူးတင်ပါတယ်ဗျာ .. ဂုဏ်ယူတယ်
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်
သူကပြယုဂ်ကြီးပါ ...
မှေးမှိန်အောင်လုပ်ထားပေမယ့်
လင်းလက်နေဆဲပဲဆိုတာသိလိုက်ရတော့
သေနတ်တွေတောင် ခေတ္တခဏ
ကျည်အ သွားခဲ့ရတယ်..

၃၀ . ၅ . ၂၀၀၃
မမေ့ဘူး ... မေ့လို့မရဘူး
သွေးပျက်စရာကောင်းပေမယ့်
ဒီအမျိုးသမီးက ပန်းပန်မပျက်ခဲ့ဘူး ...
ထိုးချိန်ခံထားရတဲ့ပြောင်းဝတွေရှေ့မှာ
ဧကရီထိပ်ထားက တစ်ချက်မမှားခဲ့ဘူး
ဒီပဲယင်းရေ ... မင်းမြေကိုနင်းလိုက်တိုင်း
ဒီအာဂအမျိုးသမီးကို အကြိမ်ကြိမ်ဦးညွတ်မိတယ်..

ဟုတ်တယ် ... ခင်ဗျားထင်လား
ပန်းသိပ်ကြိုက်တဲ့ ဒီမိန်းကလေး
ဒီလောက်မာကျောမယ်လို့ ခင်ဗျားထင်လား
လာလေ ... တိုက်ကြ တိုက်ကြ
ဟေ့ ... စကင်ဒီနေဗီးယန်းကကျောက်ဆောင်ကွ ...

ကျွန်မက အရိုင်းသမီးပါဆိုပြီး
ဝံပုလွေတွေကြားထဲ ကျားရဲတစ်ကောင်လို
ရှင်သန်နေတဲ့အမျိုးသမီး..

ကျွန်မက မိသားစုအပေါ်မှာ
တာဝန်မကျေခဲ့ဘူးဆိုပြီး
တော်လှန်ရေးအတွက် အသင့်ရှိနေတဲ့အမျိုးသမီး..

ကျွန်မက သူတို့အတွက်အမေပါဆိုပြီး
အဆိပ်တွေကိုမျိုချ ပျားရည်တွေကိုအန်ထုတ်
နှလုံးသွေးတွေနဲ့ လမ်းခင်းပေးတဲ့အမျိုးသမီး..

လှုပ်နှိုးပြီးပြလိုက်ချင်တယ်
ထကြည့်ပါဦးဗျ ကိုအောင်ဆန်း
ခင်ဗျားသမီးလေးစုကို ... ခေါ်နေကြတယ်
အမေ ........... တဲ့။..
ဒီမြတ်ငြိမ်း

" ရောင်ပြန် "အနစ်နာခံတယ် စွန့်လွှတ်တယ်ဘယ်တော့မှမပြောသူ့လောက်အနစ်နာခံတာ စွန့်လွှတ်တာဘယ်သူမှမရှိအနစ်နာခံသမျှ စွန့်လွှတ်သမျ...
03/12/2025

" ရောင်ပြန် "

အနစ်နာခံတယ် စွန့်လွှတ်တယ်
ဘယ်တော့မှမပြော

သူ့လောက်အနစ်နာခံတာ စွန့်လွှတ်တာ
ဘယ်သူမှမရှိ

အနစ်နာခံသမျှ စွန့်လွှတ်သမျှ
သူပြန်ရနေတာက
လူပီသသူတွေရဲ့ချစ်ခြင်း။
လူမပီသသူတွေရဲ့မုန်းခြင်း။

မောင်စိန်ဝင်း (ပုတီးကုန်း)

ပြိုင်ဘက်ကိုကြိုးတုတ်ပြီးအရှုံးပေးပြီလားမေးရဲတာဟာ သတ္တိလို့မခေါ်ပါဘူးကျွန်မကတော့သရဲဘော​ကြောင်တယ်လို့ပဲမြင်တယ် ။❤ ​ဒေါ်​အ...
03/12/2025

ပြိုင်ဘက်ကိုကြိုးတုတ်ပြီး

အရှုံးပေးပြီလားမေးရဲတာဟာ သတ္တိလို့မခေါ်ပါဘူး

ကျွန်မကတော့သရဲဘော​ကြောင်တယ်လို့ပဲမြင်တယ် ။

❤ ​ဒေါ်​အောင်ဆန်းစုကြည် ❤

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သတင်းစုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram