Mission Hospital Myanmar

Mission Hospital Myanmar ရွှေမြန်မာမိသားစုများအတွက် နိုင်ငံတကာအဆင့်မီ နွေးထွေးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှု

မင်္ဂလာပါ.. မစ်ရှင်ဆေးရုံကြီးမှ သင်နှင့်သင့်မိသားစု၊ သင့်မိတ်ဆွေများ၏ ကျန်းမာရေးအတွက် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်အသင့်ရှိပါသည်။

ကျွမ်းကျင်သောအထူးကုပါရဂူကြီးများ၏ ဆေးပညာ၊ ခေတ်မီသောနည်းစနစ်များ၊ နောက်ဆုံးပေါ်ရောဂါရှာဖွေစစ်ဆေးကုသရေးစက်ကိရိယာများဖြင့် လှိုက်လှဲပြူငှာနွေးထွေးသော ဝန်ဆောင်မှုများကြောင့် နိုင်ငံတကာမှ နှစ်စဉ် ဆေးကုသမှုလာရောက်ခံယူသူများ ယုံကြည်လက်ခံမှုရရှိလာသော ဆေးရုံကြီးဖြစ်ပါသည်။

ဆေးရုံတည်ရှိရာနေရာမှာ 430 Pitsanuloke Road, Dusit, Bangkok 10300, Thailand.

အသေးစိတ်အချက်အလက်များအတွက်
မန္တလေးရုံး- ၀၉ ၄၃၁၆ ၆၉၃၁ ၊ ၀၉ ၉၅၃၀၀ ၉၇၇၈ (ဖုန်း/Viber/Line)၊
ဘန်ကောက်ရုံး-+66944400859 (ဖုန်း/Viber/Line) များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်းသည်းခြေဆိုတာ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခ...
24/11/2025

သည်းခြေကျောက်တည်ခြင်း

သည်းခြေဆိုတာ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ် (gallbladder)လို့ခေါ်ပါတယ်။ အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။

အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic duct ကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားပါတယ်။

အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော၊ဘီလီရူဘင်နဲ့ သည်းခြေ ဆားဓာတ်တွေ ပါဝင် ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။

လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။

သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။

အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်၊ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။

သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုပါတယ်။
...............................................
ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

ဒူးဆစ်ရောင်ခြင်းလက္ခဏာများဒူးဆစ်ရောင်ခြင်းရဲ့ လက္ခဏာများဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး အချိန်ကြာကြာ တစ်ခုပြီးနောက်မှာ  ...
23/11/2025

ဒူးဆစ်ရောင်ခြင်းလက္ခဏာများ
ဒူးဆစ်ရောင်ခြင်းရဲ့ လက္ခဏာများဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး အချိန်ကြာကြာ တစ်ခုပြီးနောက်မှာ တဖြည်းဖြည်း နဲ့ ရောဂါအဖြစ်ပြောင်းလဲသွားပါတယ်။ ဒူးဆစ်ရောင်ခြင်းရောဂါ ရှိမရှိဆိုတာကို အောက်ပါနည်းလမ်း (၆) ခုအားဖြင့် ကိုယ့်ကိုယ်ကို စစ်ဆေးနိုင်ပါတယ်။

၁။ ဒူးနာခြင်း - လူနာအနေနဲ့ ဒူးနာခြင်းကို (၆)လကျော်တဲ့အထိ ပေါ်လိုက် ပျောက်လိုက်ခံစားရပါလိမ့်မယ်။ ဒါ့အပြင် ဒူးကိုကွေးပြီး အားစိုက်ရတဲ့လှုပ်ရှားမှုများ ဖြစ်တဲ့ လမ်းအကြာကြီးလျှောက်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်း၊ အတက်အဆင်း လုပ်ခြင်း၊ တောင်တက်ခြင်း၊ ကားထဲတွင်အချိန်ကြာရှည်စွာထိုင်ခြင်း များမှ တစ်ဆင့် ဒူးနာခြင်းဖြစ်နိုင်ပါတယ်။ ကနဦးအဆင့်မှာတော့ ဒီလိုမျိုး လှုပ်ရှားမှုတွေဟာ တစ်ခဏတာ ခံစားရပြီး ပျောက်သွားပါတယ်။ ဒါပေမယ့်လည်း အလယ်အလတ်အ ဆင့်ရောက်ပြီဆိုရင် နာကျင်မှုဝေဒနာ ပိုကြီးကြာရှည်လာပါ တယ်။ ဒါ့အပြင် လှဲလျောင်းနေချိန်၊ ထိုင်ပြီးအနားယူချိန်တွေမှာ ဒူး အပေါ်ကို ဘာဖိအားသက်ရောက် မှုမှမရှိသည့်တိုင်အောင် နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ သေချာတာကတော့ နာကျင်မှုဟာ အပြီးအပြတ်ပျောက်ကင်းသွားတာမျိုး မရှိပါဘူး။

၂။ ဒူးနေရာမှာထုံကျင်နေခြင်း - လူနာများအနေနဲ့ နေ့စဉ် မနက်ခင်းပိုင်း နိုးလာတဲ့ အချိန် ဒူး ထုံကျင်နေတာကို သတိပြုမိပါလိမ့်မယ်။ အဲဒီနောက် ခြေထောက် တုံ့ဆိုင်း သွားနိုင်သလို မိနစ်(၃၀)ကျော်လာရင် လှုပ်ရှားရခက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒူးကိုအနားပေးလိုက်တဲ့အချိန်တိုင်းမှာ နောက်တစ်ခါ ပြန် ထုံကျင်လာ ပြီး ဒူးဆစ်နေရာမှာ တောင့်တင်းလာကာ ကွေးမရဆန့်မရ အထိ ဖြစ်တတ်ပါတယ်။

၃။ တကျွတ်ကျွတ်အသံမြည်ခြင်း - ခန္ဓာကိုယ်ကိုရွှေ့လိုက်တဲ့အချိန်(သို့) ဒူးဆစ်ကို အကွေး အညွှတ်လုပ်တဲ့အချိန်မှာ တကျွတ်ကျွတ်အသံ ကြားရပါလိမ့်မယ်။

၄။ ဒူးကိုဖိလိုက်တဲ့အချိန်မှာနာကျင်ခြင်း - ဒူး ရဲ့ နေရာတစ်ခုခုကို ဖိလိုက်တာနဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်။

၅။ ဒူးပုံပျက်ခြင်း - အရိုးငေါထွက်ခြင်း(Bony Protrusion)၊ ဒူးခွင်ခြင်း(Knock-Knee) အပါအဝင် ဒူးဟာ ပုံမှန်ထက်ပိုပြီး ကြီးမားတဲ့ လက္ခဏာကို မြင်တွေ့ရ မှာဖြစ်ပါတယ်။

၆။ ရောင်ရမ်းခြင်း - ဒူးရောင်ကိုင်းခြင်းလက္ခဏာကို ခံစားရမှာဖြစ်ပြီး အတွင်းမှာ ဖြစ်ပေါ်နေတဲ့ရောင်ရမ်းခြင်းကြောင့် ထိလိုက်တာနဲ့ ပူနွေးနွေးဖြစ်နေမှာပါ။

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

❤️‍🩹❤️‍🩹အသည်းအဆီဖုံး ပျောက်ကင်းနည်း“အသည်းအဆီဖုံးခြင်း” ဟာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်လာပါတယ်. အဆီဓါတ်တွေဟာ အသည်း...
21/11/2025

❤️‍🩹❤️‍🩹အသည်းအဆီဖုံး ပျောက်ကင်းနည်း
“အသည်းအဆီဖုံးခြင်း” ဟာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်လာပါတယ်. အဆီဓါတ်တွေဟာ အသည်းပေါ်မှာ စုပုံလာပြီး အချိန်ကြာလာတဲ့ အခါ အသည်းတစ်ခုလုံးဟာ အဆီတွေနဲ့ ဖုံးလွှမ်းသွားပါတယ်

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ …
💔အသည်းရောင်
💔အသည်းဝါ.
💔အသည်းခြောက်
💔အသည်း ကင်ဆာ
💔အသည်း အစားထိုးရတာတို့
ဖြစ်တတ်ပါတယ်.
အသည်းအဆီဖုံးခြင်းကို
ဆေးသောက်စရာမလိုဘဲ
သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်

❤️‍🩹၁၀% ဝိတ်ချခြင်း

“အဝလွန်ခြင်း” ဟာ အသည်းအဆီဖုံးခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်. မိမိ ကိုယ်အလေးချိန်ရဲ့၁၀% ကို လျော့ချခြင်းဖြင့်အသည်းအဆီဖုံးတာကို သိသာစွာ သက်သာပျောက်ကင်းနိုင်ပါတယ်…
(ဥပမာ- အလေးချိန် ပေါင် ၁၅၀ ရှိရင် ၁၅ ပေါင်လျော့ချခြင်း)
❤️‍🩹 ကိုလတ်စထရော လျော့ချခြင်း (အဆီဓါတ်)
ကိုလတ်စထရော (၂) မျိုး ရှိတဲ့အထဲက
“LDL ကိုလက်စထရာ”ဟာ အသည်းအဆီဖုံးစေပါတယ်. ငါးအဆီနဲ့ အသီးအရွက်အဆီတွေကို ပိုစားသုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို လျော့ကျစေပါတယ်…

❤️‍🩹 ကာဗိုဟိုက်ဒရိတ် လျော့စားခြင်း
(ကစီဓါတ်)ကာဗိုဟိုက်ဒရိတ်ဓါတ် အမြောက်အများပါတဲ့ အစားအစာတွေဟာ အသည်းအဆီဖုံးစေပါတယ် နေ့စဉ် ကာဗိုဟိုက်ဒရိတ်ဓါတ် လျော့စားသုံးခြင်းဖြင့်အသည်းအဆီဖုံးတာရဲ့ ၅၀% ကျော်ကိုသက်သာစေပါတယ်…
ဥပမာ. ဆိုဒါ/ သကြားဓါတ်/ ကွက်ကီး/ ရေခဲမုန့် အစရှိသဖြင့် …

❤️‍🩹 အရက်/ဘီယာ/ဝိုင် လျော့သောက်ခြင်း
“အရက်” အလွန်သောက်ခြင်းဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေပါတယ်. တစ်ပတ်ကို ဘီယာ ၇ ဘူး ထက်ပိုပြီး မသောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးတာကို သက်သာလာစေပါတယ်…

❤️‍🩹 ဆီးချို ထိန်း ခြင်း
“ဆီးချို” ရှိတဲ့သူများမှာ အသည်းအဆီဖုံးတာ တော်တော်အဖြစ်များပါတယ်.
ဆီးချို မတက်အောင် သေချာဂရုစိုက်ပြီး ထိန်းသိမ်းခြင်းဖြင့်အသည်း အဆီဖုံးတာကို
လျော့ကျစေပါတယ်…

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729
Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

အရိုးပွရောဂါဖြစ်တဲ့အခါ- အရိုးက အားနည်းပြီးအရိုးရဲ့ သိပ်သည်းဆ အရိုးရဲ့ ပမာဏဟာ နဲလာပါတယ်- အရိုးက ပုံမှန် အရိုးထက်ပိုပြီး အ...
20/11/2025

အရိုးပွရောဂါဖြစ်တဲ့အခါ
- အရိုးက အားနည်းပြီး
အရိုးရဲ့ သိပ်သည်းဆ အရိုးရဲ့ ပမာဏဟာ နဲလာပါတယ်
- အရိုးက ပုံမှန် အရိုးထက်ပိုပြီး အခေါင်းပွ ဖြစ်လာတယ်
- အရိုးကျိုးဖို့ လွယ်ကူလာတယ်
- Silent disease လို့ ခေါ်ရလောက်အောင် ခြေသံလုံပါတယ်. ဖြစ်လို့ ဖြစ်မှန်း မသိသာပါဘူး. အကြောင်းတခုခုကြောင့် ဓါတ်မှန် ရိုက်ရင်းဖြစ်ဖြစ် အရိုးကျိုးမှဖြစ်ဖြစ် အရိုးပွနေပါလားလို့ သိရတတ်ပါတယ်
အရိုးပွရသော အကြောင်းအရင်းများ
ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေဟာ အသစ်တွေတည်ဆောက်လိုက် အဟောင်းတွေ ဖြိုဖျက်လိုက်နဲ့ အမြဲတမ်း ပြုပြင်ပြောင်းလဲ နေတာ ဖြစ်ပါတယ်
အသက်ငယ်တုန်းမှာ တည်ဆောက်တာ များပြီး အသက်ကြီးလာတော့ ဖြိုဖျက်တာ ပိုများလာပါတယ်
အသက် ၂၀ ကျော်လာတဲ့အခါ တည်ဆောက်တာ တ​ဖြေးဖြေး နှေးလာပါတယ်. အသက် ၃၀ ဝန်းကျင်မှာ အရိုးပမာဏ အများဆုံး အထူးဆုံး ဖြစ်ပါတယ် အဲဒီ နောက်ပိုင်းမှာတော့ ဖြိုဖျက်တာ ပိုများလာပြီး အရိုးက ပါးလာပါတယ်. အသက်ကြီးလေ အရိုးပွလေပဲ
အမျိုးသမီးတွေက အရိုးပိုပွတတ်တယ်
- မိသားစုထဲမှာ အရိုးပွပြီး ကျိုးဖူးတဲ့သူရှိရင် ပိုဖြစ်တတ်ပါတယ်
- Body size... ကိုယ်ခန္ဓာသေးတဲ့သူက ပိုပြီး ပွတတ်တယ်
- Thyroid and parathyroid hormones တွေများရင် အရိုးပွနိုင်တယ်
- ကယ်လ်စီယမ် ပါသော အစားအစာများစားတာ နဲခြင်း မစားခြင်း ကြောင့် အရိုးပွကာ
အရိုးကျိုးဖို့ လွယ်စေပါတယ်
- အစားအသောက် စား​​​ခြင်းကို အလွန်အမင်း ကန့်သတ်ထားခြင်းနဲ့ ပိန်လွန်းခြင်းကြောင့် ကျားမ မရွေး အရိုးပွနိုင်ပါတယ်
- အကြောင်းတခုခုကြောင့် အစာအိမ် သို့မဟုတ် အူ အစိတ်အပိုင်း တခုကို ဖြတ်ထုတ်ရတဲ့အခါ ကယ်လ်စီယမ် အပါအဝင် အာဟာရ စုပ်ယူမှု့ နဲစေပြီး အရိုးပွစေနိုင်ပါတယ်
- STEROID လို ဆေးမျိုးတွေ စွဲသောက်တဲ့အခါ
အရိုးတည်ဆောက်မှု့ကို နှောက်ယှက်တဲ့အတွက် အရိုးပါးစေပါတယ်
- ဆေးတွေကို ကိုယ့်သဘောနဲ့ကို မသောက်သင့်ပါ
တချို့သောရောဂါတွေဟာ အရိုးပွတာကို ပိုဖြစ်စေတတ်ပါတယ်
- အထိုင်များတဲ့ သူတွေက အရိုးပွလွယ်တယ်
- အရက် အလွန်အကျွံ သောက်ရင် အရိုးပွမယ်
ဆေးရွက်ကြီးဟာ အရိုးကို အားနဲစေတယ်
အပေါ်က အကြောင်းအရာတွေ ရှိရင်
အရိုးပွစေတတ်သော အကြောင်းအရင်းများ နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ
အရိုးအကြော

🧑‍⚕️ရောဂါအခြေအနေ ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက -
🇹🇭 +669 4440 0859
🇲🇲 09 4316 6931, 09 9736 69428
(Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

Brain Tumor (ဦးနှောက်အကျိတ်) ဆိုတာက ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီအကျိတ်...
18/11/2025

Brain Tumor (ဦးနှောက်အကျိတ်) ဆိုတာက ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီအကျိတ်တွေက ကင်ဆာဖြစ်နိုင်သလို (malignant)၊ ကင်ဆာမဟုတ်တာလည်း (benign) ဖြစ်နိုင်ပါတယ်။

Brain Tumor အမျိုးအစားများ
◾ Primary Brain Tumors ဦးနှောက်ကနေ တိုက်ရိုက်စတင်ဖြစ်ပွားတဲ့ အကျိတ်များ။ ဥပမာ: Gliomas, Meningiomas, Pituitary adenomas။

◾ Secondary (Metastatic) Brain Tumors
ခန္ဓာကိုယ်ရဲ့ တခြားနေရာက ကင်ဆာဆဲလ်တွေ ဦးနှောက်ကို ပျံ့နှံ့လာတဲ့ အကျိတ်များ။ ဥပမာ: အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အရေပြားကင်ဆာတို့က ဦးနှောက်ကို ပျံ့နိုင်ပါတယ်။

လက္ခဏာများ
🔸 ခေါင်းကိုက်ခြင်း (အထူးသဖြင့် မနက်ပိုင်း)
🔸 တက်ခြင်း
🔸 မှတ်ဉာဏ်ပြဿနာများ
🔸 စိတ်အပြောင်းအလဲမြန်ခြင်း
🔸 မျက်လုံးအာရုံချို့ယွင်းခြင်း
🔸 ဟန်ချက်မညီခြင်း
🔸 အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်း

ရောဂါရှာဖွေခြင်း
🔸 MRI သို့မဟုတ် CT scan
🔸 ဦးနှောက်အသားစယူခြင်း (Biopsy)

ကုသမှုနည်းလမ်းများ
🔸 ခွဲစိတ်ကုသခြင်း: အကျိတ်ကို ဖယ်ရှားရန်။
🔸 ဓာတ်ရောင်ခြည်ကုထုံး: ကင်ဆာဆဲလ်တွေကို သတ်ဖို့ရန်။
🔸 ကီမိုဆေးသွင်းကုသခြင်း: ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရန်။
🔸 တိကျတဲ့ဆေးဝါးများ: Targeted therapy နဲ့ immunotherapy တို့လည်း သုံးနိုင်ပါတယ်။

ကာကွယ်ခြင်း
ဦးနှောက်အကျိတ်ကို တိတိကျကျ ကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ဦးနှောက်အကျိတ်ဟာ စောစီးစွာ ရောဂါရှာဖွေပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဒါမှ ကုသမှုရဲ့ အောင်မြင်နိုင်ခြေ ပိုများပါတယ်။
.................................................................................
ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 4311 9729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

Laparoscopic spine surgery ဆိုတာက ရိုးရိုး ခွဲစိတ်မှုတွေထက် ပိုမိုတိုးတက်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို ထိခိုက်ခ...
16/11/2025

Laparoscopic spine surgery ဆိုတာက ရိုးရိုး ခွဲစိတ်မှုတွေထက် ပိုမိုတိုးတက်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို ထိခိုက်ခြင်းအနည်းဆုံး ခါးရိုးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်တဲ့ ခွဲစိတ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို Minimally Invasive Spine Surgery (MISS) လို့လည်း ခေါ်ပါတယ်။ ဒီနည်းလမ်းမှာ ဆရာဝန်က ခွဲစိတ်ရာအကြီးစား ပြုလုပ်ရန်မလိုဘဲ သေးငယ်တဲ့ အပေါက်လေးတွေကနေ ခွဲစိတ်မှုကို လုပ်ဆောင်ခြင်းါတယ်။

Laparoscopic Spine Surgery ဘယ်လိုလုပ်ဆောင်သလဲ?
◾ သေးငယ်တဲ့ အပေါက်လေးတွေ ဖောက်ခြင်း - ခွဲစိတ်မယ့်နေရာမှာ အပေါက်သေးသေးလေးတွေ (1-2 cm) ဖောက်ပါတယ်။
◾ Laparoscope ထည့်သွင်းခြင်း - Laparoscope ဆိုတာ ကင်မရာနဲ့ အလင်းရောင်ပါတဲ့ ပြွန်သေးသေးလေးတစ်ခုဖြစ်ပြီး ဒါကို အပေါက်ကနေ ထည့်သွင်းကာ ခွဲစိတ်မယ့်နေရာကို မြင်နိုင်အောင် ကြည့်ရှုပါတယ်။
◾ အထူးပြုကိရိယာများဖြင့် ခွဲစိတ်ခြင်း - ဆရာဝန်က ကင်မရာရဲ့ ပုံကို မြင်ရပြီး သေးငယ်တဲ့ ကိရိယာတွေနဲ့ ခွဲစိတ်မှုကို လုပ်ဆောင်ပါတယ်။

Laparoscopic Spine Surgery ရဲ့ ကောင်းကျိုးများ
◾ အနာသေးခြင်း - သေးငယ်တဲ့ အပေါက်လေးတွေကနေ ခွဲစိတ်တာကြောင့် အနာက သေးပြီး အနာကျက်မြန်ပါတယ်။
◾ နာကျင်မှုနည်းခြင်း - ပုံမှန်ခွဲစိတ်မှုထက် နာကျင်မှုနည်းပါတယ်။
◾ ဆေးရုံတက်ရက်နည်းခြင်း - လူနာက ဆေးရုံမှာ ၁-၂ ရက်လောက်ပဲ တက်ရပြီး အိမ်ပြန်နိုင်ပါတယ်။
◾ ပြန်လည်နာလန်ထမြန်ခြင်း - ပုံမှန်ခွဲစိတ်မှုထက် ပြန်လည်နာလန်ထမှု ပိုမြန်ပါတယ်။
◾ သွေးထွက်နည်းခြင်း - ခွဲစိတ်စဉ် သွေးထွက်နည်းတာကြောင့် အန္တရာယ်နည်းပါတယ်။

ဘယ်လိုလူနာတွေအတွက် သင့်တော်သလဲ?
🔸 Herniated disc (ခါးရိုးဆစ်ကြားချော်ထွက်ခြင်း), spinal stenosis (ခါးရိုးကျဉ်းခြင်း), degenerative disc disease (ခါးရိုးဆစ်ပျက်စီးခြင်း) စတဲ့ ပြဿနာတွေအတွက် သင့်တော်ပါတယ်။
🔸 ဆေးဝါးတွေ၊ ကုသမှုတွေနဲ့ မသက်သာတဲ့ လူနာတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန် -
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာများမှာ - (၁) လွယ်ကူစွာပင်ပန်း၊ အားကုန်နေခြင်း၊ အာရုံစူးစိုက်လို့မရခြင်း(၂) ...
14/11/2025

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာများမှာ -
(၁) လွယ်ကူစွာပင်ပန်း၊ အားကုန်နေခြင်း၊ အာရုံစူးစိုက်လို့မရခြင်း
(၂) အိပ်မပျော်ခြင်း
(၃) အသားအရည် ခြောက််သွေ့ယားယံခြင်း
(၄) ဆီးမကြာခဏသွားချင်နေခြင်း
(၅) ဆီးထဲမှာသွေးပါခြင်း
(၆) ဆီးအမြှုပ်ထခြင်း
(၇) မျက်လုံးမို့အစ်နေတတ်ခြင်း
(၈) ခြေကျင်းဝတ်နဲ့ခြေထောက်များ ရောင်ရမ်းခြင်း
(၉) အစာစားချင်စိတ် နည်းပါးခြင်း
(၁၀) ကြွက်တက်ခြင်း

ကျောက်ကပ်လုပ်ဆောင်မှုကောင်း၊မကောင်း အတိအကျသိနိုင်တဲ့နည်းလမ်းက ကြိုတင်ဆေးစစ်ခြင်းပဲဖြစ်ပါတယ်။ ကျန်းမာရေကြိုတင်စစ်ဆေးရန် မဖြစ်နိုင်သေးလျှင် ဖြစ်နိုင်ခြေ ရှေ့ပြေးလက္ခဏာများဖြင့် ဦးစွာ ဆန်းစစ်နိုင်ပါမယ်။ မိမိမှာသွေးတိုး၊ ဆီးချို သို့မဟုတ် မိဘဆွေမျိုးတွေထဲတွင် ကျောက်ကပ်ရောဂါရှိဖူးသူ၊ သို့မဟုတ် အသက် ၆၀ အထက်ရှိသူများဟာ ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့ရန် လိုအပ်ပါတယ်။
...............................................
ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

ရင်သားမှာ အလုံးအကျိတ်စမ်းမိရင် အန္တရာယ်ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ❓ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးသော ကင်...
11/11/2025

ရင်သားမှာ အလုံးအကျိတ်စမ်းမိရင် အန္တရာယ်ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ❓

ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးသော ကင်ဆာရောဂါတစ်ခု ဖြစ်ပါသည်။
ထို့ကြောင့်ပင် အမျိုးသမီးများသည် ရင်သား၌ အလုံးအကျိတ်တစ်ခုခု စမ်းမိပါက အလွန်ပင် စိုးရိမ်ပူပန်လေ့ ရှိကြပါသည်။

⚠️ ရင်သားအလုံးအကျိတ်ဟူသမျှသည် ကင်ဆာ မဟုတ်ကြပါ။ ထို့ကြောင့် မိမိရင်သား၌ အလုံးအကျိတ် စမ်းမိပါက အန္တရာယ်ရှိ/မရှိ ခွဲခြားနိုင်ရန် အရေးကြီးပါသည်။

အန္တရာယ်ပေးနိုင်သော ရင်သားအလုံးအကျိတ်၏ လက္ခဏာများ
🔸 ရင်သားအလုံးအကျိတ်နှင့် အတူ ချိုင်းကြားတွင်ပါ အလုံးအကျိတ် စမ်းမိခြင်း
🔸 ရင်သားအလုံးအကျိတ်သည် အရွယ်အစား အလျင်အမြန်ကြီးလာခြင်း၊ ပုံစံပြောင်းလာခြင်း
🔸 ရင်သားအလုံးအကျိတ်ပေါ်တွင်ရှိသော အရေပြားချိုင့်ဝင်သွားခြင်း၊ အရေပြားပုံစံပြောင်းပြီး လိမ္မော်ခွံပုံစံမျိုး ဖြစ်နေခြင်း၊ အနာဖြစ်ခြင်း
🔸 ရင်သားအလုံးအကျိတ်သည် မာခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်း၊ မရွေ့လျားဘဲ မြဲမြံနေခြင်း
🔸 နို့သီးခေါင်းမှ နို့မဟုတ်သော သွေး (သို့မဟုတ်) အရည်တစ်မျိုးမျိုး ထွက်ခြင်း
🔸 နို့သီးခေါင်း အတွင်းဘက်သို့ ချိုင့်ဝင်သွားခြင်း
🔸 ရင်သားရောင်ရမ်းခြင်း၊ နာကျင်ခြင်း

အကယ်၍ မိမိရင်သား၌ စမ်းမိသော အလုံးအကျိတ်သည် အထက်ပါလက္ခဏာများ ရှိနေပါက ခွဲစိတ်အထူးကုနှင့် ပြသစမ်းသပ်ပြီး လိုအပ်သော စစ်ဆေးမှုနှင့် ကုသမှုများကို အစောတလျင် ခံယူသင့်ပါသည်။

🧑‍⚕️ရောဂါအခြေအနေ ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက -
🇹🇭 +669 4440 0859
🇲🇲 09 4316 6931, 09 9736 69428
(Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

Credit: FAME

ဆီးကျိတ်ကြီးရင် ဘယ်လိုလက္ခဏာတွေ ကြုံရနိုင်လဲဆီးကျိတ်ရောဂါများ ဖြစ်ကြတဲ့ ဆီးကျိတ်ကြီးခြင်း ၊ ဆီးကျိတ်ယောင်ခြင်းတို့ဟာ အမျ...
09/11/2025

ဆီးကျိတ်ကြီးရင် ဘယ်လိုလက္ခဏာတွေ ကြုံရနိုင်လဲ

ဆီးကျိတ်ရောဂါများ ဖြစ်ကြတဲ့ ဆီးကျိတ်ကြီးခြင်း ၊ ဆီးကျိတ်ယောင်ခြင်းတို့ဟာ အမျိုးသား‌များတွင် အဖြစ်များသော ရောဂါများဖြစ်ကြပါတယ် ။ အထူးသဖြင့် အသက် ၅၀ ကျော် အရွယ်မှာ ဖြစ်ပွားလေ့ရှိတယ် ။ ဆီးကျိတ်ဟာ အမျိုးသားများရဲ့ ဆီးအိမ် အရင်းမှာ တည်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုဆီးကျိတ်ဂလင်းဆဲလ်များ စတင်ပွားများလာသောအခါ ဆီးကျိတ်ဂလင်းကို ဖောင်းလာစေပြီး ဆီးလမ်းကြောင်းကို ဖိထားကာ ဆီးလမ်း‌ကြောင်းပိတ်ခြင်းအပါအဝင် အခြားဆီးနှင့်ပက်သတ်သော ပြသနာများ ဖြစ်ပေါ်လာစေပါတယ်။

ဆီးကျိတ်ရောဂါ၏လက္ခဏာများသည် အစပိုင်းတွင် မသိသာတတ်သော်လည်း မကုသပါက ပိုမို ပြင်းထန်လာတတ်ပါတယ်။ အဖြစ်များသော လက္ခဏာများ အ‌‌နေနဲ့ -

➡️ ဆီးသွားပြီးတိုင်း ဆီးကျန်တယ် ထပ်သွားချင်တယ် ခံစားရတယ်
➡️ ညဘက် ဆီး ခဏခဏ ထထသွားရတယ်
➡️ ဆီးသွားပြီးရင် မရပ်ဘဲ တစက်စက် ကျနေမယ်
➡️ ဆီးမထိန်းနိုင် ဖြစ်မယ် ဆီးအလိုလိုထွက်ကျမယ်
➡️ ဆီးသွားတဲ့အခါ တင်းနေမယ် အောင့်တောင့်တောင့် ဖြစ်မယ်
➡️ ဆီးကို‌ အရင်လို‌ဝေးဝေး မပေါက်နိုင် ဖြစ်မယ်
➡️ ရုတ်တရက် ဆီးသွားချင်စိတ် ခဏခဏဖြစ်မယ်
➡️ ဆီးအောင့်မယ် ဆီးသွားရင် နာကျင်မယ်
➡️ ဆီးထဲမှာသွေးပါမယ်

ဤလက္ခဏာများရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ အမြန်ဆုံး ကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ် .

Credit.. drsheinthuhan

🧑‍⚕️ရောဂါအခြေအနေ ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက -
🇹🇭 +669 4440 0859
🇲🇲 09 4316 6931, 09 9736 69428
(Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

ACL surgery (Anterior Cruciate Ligament surgery) ဆိုတာက ဒူးဆစ်ရဲ့ ACL အရွတ်ပြတ်တာကို ပြန်ပြင်ဖို့ ခွဲစိတ်ကုသမှုတစ်မျိုးဖ...
06/11/2025

ACL surgery (Anterior Cruciate Ligament surgery) ဆိုတာက ဒူးဆစ်ရဲ့ ACL အရွတ်ပြတ်တာကို ပြန်ပြင်ဖို့ ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်ပါတယ်။ ACL (Anterior Cruciate Ligament) ဟာ ဒူးဆစ်ရဲ့ တည်ငြိမ်မှုကို ထိန်းပေးတဲ့ အရေးကြီးအရွတ်တစ်ခုဖြစ်ပြီး၊ အားကစားလုပ်ရင်း ဒါမှမဟုတ် မတော်တဆထိခိုက်မိရင် ပြတ်တတ်ပါတယ်။

ACL ပြတ်ရခြင်းအကြောင်းရင်း
🔸 အားကစားလုပ်ရင်း ရုတ်တရက် ရပ်လိုက်ခြင်း၊ လှည့်ခြင်း
🔸 အမြင့်သို့ခုန်ပြီး အကျ မမကောင်းခြင်း
🔸 တိုက်ရိုက်ထိခိုက်မိခြင်း (ဥပမာ: ဘောလုံးကန်ရင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ခြင်း)

ACL Surgery လုပ်ဖို့ လိုအပ်ချက်
🔸 ACL ပြတ်တာကို ဓာတ်မှန် (MRI) ရိုက်ပြီး အတည်ပြုရပါမယ်။
🔸 လူနာရဲ့ လှုပ်ရှားမှုပုံစံ၊ အသက်အရွယ်၊ အားကစားလုပ်နေခြင်း စတာတွေပေါ် မူတည်ပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ပါတယ်။

ခွဲစိတ်ပြီးနောက် ပြန်လည်သန်စွမ်းရေး
🔸 ခွဲစိတ်ပြီးနောက် ၆ လမှ ၉ လအတွင်း ပြန်လည်သန်စွမ်းရေး လုပ်ရပါတယ်။
🔸 ဒူးဆစ်ကို ပြန်လည်သန်မာစေဖို့ လေ့ကျင့်ခန်းများ၊ ကာယကုထုံးများ လုပ်ရပါတယ်။
🔸 အားကစားပြန်လုပ်ဖို့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာရပါမယ်။

ACL surgery ဟာ အောင်မြင်နှုန်းမြင့်မားပြီး၊ လူနာအများစုက ခွဲစိတ်ပြီးနောက် ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်သန်စွမ်းရေးကို စနစ်တကျလုပ်ဖို့ အရေးကြီးပါတယ်။

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန် -
Thailand : +66 944 400 859
Mandalay : 09 4316 6931, 09 9736 69428
Yangon : 09 4311 9729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

သားအိမ်မှာအသားလုံးတည်ခြင်း- ပုံမှန် မဟုတ်တဲ့ သွေးဆင်းခြင်းကတော့ သားအိမ်အလုံးရဲ့ လက္ခဏာဖြစ်ပါတယ်၊အလုံးတည်နေတဲ့ အရွယ်အစားပ...
04/11/2025

သားအိမ်မှာအသားလုံးတည်ခြင်း

- ပုံမှန် မဟုတ်တဲ့ သွေးဆင်းခြင်းကတော့ သားအိမ်အလုံးရဲ့ လက္ခဏာဖြစ်ပါတယ်၊အလုံးတည်နေတဲ့ အရွယ်အစားပေါ်မူတည်ပြီး လက္ခဏာပြတာကွာခြားပါတယ်။
- နောက်ထပ် လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ ခါးကိုက်ခြင်းတွေပါပဲ။အသားလုံးဟာ သားအိမ်ကိုဖိနေရင် မကြာခဏဆီးသွားတတ်ပါတယ်။
- သားအိမ်အသားလုံးတည်ပြီဆိုရင် ကလေးရနိုင်ခြေနည်းသွားတာဖြစ်လို့ အပေါ်ကအချက်တွေခံစားနေရရင် ဆရာဝန်နှင့် အမြန်ဆုံး ဆွေး‌နွေးတိုင်ပင်သင့်ပါတယ်။

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Thailand : +66 944 400 859 ,
Mandalay : 09 4316 6931, 09 9736 69428
Yangon : 094 311 9729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက...
02/11/2025

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိသူတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားတတ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ
Atherosclerosis ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေဆီ သွေးလျှောက်တာနည်းသွားတတ်ပါတယ်။ ဒီအချက်တင်မကပါဘူး။ အောက်ပါအချက်တွေကလည်း နှလုံးသွေးကြောကျဉ်းလက္ခဏတွေဖြစ်ပါတယ်။

- အသက်ရှူရခက်တာ၊
- ရင်ဘတ်အောင့်တာ၊
- ခြေတွေလက်တွေ အေးလာတာ၊
- ခြေတွေလက်တွေ ထုံကျဉ်လာတာ၊
- အကြောင်းအရာ မယ်မယ်ရရမရှိပဲ နာကျင်ကိုက်ခဲလာတာ၊
- ခြေထောက်နဲ့ လက်တွေ အားယုတ်လျော့လာတာ စတာတွေပါပဲ။

🧑‍⚕️ရောဂါအခြေအနေ ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက -
🇹🇭 +669 4440 0859
🇲🇲 09 4316 6931, 09 9736 69428
(Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

ที่อยู่

No. 430, Pitsanulok Road, Siyek Mahalnak, Dusit
Bangkok
10300

เบอร์โทรศัพท์

+959973669428

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mission Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Mission Hospital Myanmar:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ประเภท

Our Story