BPK9 International Hospital - Myanmar

BPK9 International Hospital - Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก BPK9 International Hospital - Myanmar, โรงพยาบาล, 362 ถ. พระรามที่ 2 แขวง บางมด เขตจอมทอง, Bangkok.

📅ယနေ့မှာတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆၊ ၇၊ ၈) ရက်နေ့များတွင် 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 (𝐘𝐂𝐂) ၌ ကျင်းပပြုလုပ်မည့် 𝐇𝐄𝐀𝐋𝐓𝐇...
03/02/2026

📅ယနေ့မှာတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆၊ ၇၊ ၈) ရက်နေ့များတွင် 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 (𝐘𝐂𝐂) ၌ ကျင်းပပြုလုပ်မည့် 𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 ပွဲကြီးသို့ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ အတွေ့အကြုံရင့်ကျက်သည့် အထူးကုဆရာဝန်ကြီး (၂) ဦး ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

------------------------------------------

👨‍⚕️ 𝗗𝗿. 𝗞𝗶𝘁𝘁𝗶𝘁𝘂𝗰𝗵 𝗕𝗮𝗻𝗷𝗼𝗻𝗴𝗹𝗲𝗲𝗹𝗮𝗵𝗼𝗻𝗴, 𝗠𝗗

𝗗𝗿. 𝗞𝗶𝘁𝘁𝗶𝘁𝘂𝗰𝗵 သည် အလှအပ ဆိုင်ရာ ခွဲစိတ် (Plastic Surgery) အထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်ပါသည်။
ဆရာဝန်ကြီးသည် မျက်နှာအသားအရေ တင်းရင်းစေခြင်း (Face lift) နှင့် မျက်ခွံပြုပြင်ခြင်း၊ နှာခေါင်းနှင့် မေးစေ့ ပုံဖော်ခြင်းတို့အပြင် ရင်သားပြုပြင်ခြင်း (Breast Augmentation & Lift) နှင့် ခန္ဓာကိုယ်အချိုးအစား ပုံဖော်ခြင်း (Liposuction & Tummy Tuck) စသည့် အလှအပရေးရာ ခွဲစိတ်ကုသမှု နည်းပညာရပ်များတွင် ထူးချွန်ထက်မြက်သည့် အတွေ့အကြုံရှိသူဖြစ်ပါသည်။

📖 𝗗𝗿. 𝗞𝗶𝘁𝘁𝗶𝘁𝘂𝗰𝗵 သည် Mahidol University (Siriraj Hospital) မှ ဆေးပညာဘွဲ့နှင့် Plastic Surgery ဆိုင်ရာ အထူးကုလက်မှတ် ရရှိထားသူဖြစ်သည်။

👉 မိမိ၏ အလှအပနှင့် ကိုယ်ခန္ဓာအချိုးအစားကို ကမ္ဘာ့အဆင့်မီ နည်းပညာများဖြင့် စိတ်ချယုံကြည်စွာ အဆင့်မြှင့်တင်လိုသူများအတွက် အထူးသင့်လျော်သည့် ဆရာဝန်ကြီးဖြစ်ပါသည်။
------------------------------------------

👨‍⚕️ 𝐃𝐫. 𝐒𝐮𝐩𝐩𝐚𝐰𝐚𝐭𝐬𝐚 𝐏𝐥𝐚𝐢𝐝𝐮𝐦, 𝐌𝐃
𝐃𝐫. 𝐒𝐮𝐩𝐩𝐚𝐰𝐚𝐭𝐬𝐚 သည် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်ပါသည်။
ဆရာဝန်ကြီးသည် အစာအိမ်အောင့်ခြင်း (GERD) နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများသာမက နာတာရှည် ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အသည်းရောင်အသားဝါ၊ အသည်းအဆီဖုံးခြင်းနှင့် အသည်းအကျိတ်ရောဂါများကို ကျွမ်းကျင်စွာ ကုသပေးနေသူဖြစ်ပြီး အဆင့်မြင့် မှန်ပြောင်းကြည့်နည်းပညာ (Advanced Endoscopy - ERCP) ဖြင့် ရောဂါရှာဖွေကုသရာတွင်လည်း အထူးအတွေ့အကြုံ ကြွယ်ဝသူဖြစ်ပါသည်။

📖 𝗗𝗿. 𝐒𝐮𝐩𝐩𝐚𝐰𝐚𝐭𝐬𝐚 သည် Mahidol University (Vajira Hospital) မှ ဆေးပညာဘွဲ့ကို ဂုဏ်ထူးဖြင့် ရရှိခဲ့ပြီး Chulalongkorn University မှ အစာအိမ်နှင့် အသည်းဆိုင်ရာ အထူးကုဘွဲ့များ ရရှိထားသူဖြစ်သည်။
👉အစာအိမ်နှင့် အသည်းကျန်းမာရေးအတွက် ခေတ်မီနည်းပညာများဖြင့် အသေးစိတ် တိုင်ပင်ဆွေးနွေးလိုသူများအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေးဖြစ်ပါသည်။
------------------------------------------
🌟 အထူးအစီအစဉ်များကို လက်မလွတ်စေဖို့ 🌟

✅ ဆရာဝန်ကြီး ၂ ဦး တိုက်ရိုက် မျှဝေသွားမည့် အတွေ့အကြုံများ နဲ့ နောက်ဆုံးပေါ် ဆေးကုသနည်းပညာများ ပါဝင်သည့် Talk Show Programs
✅ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ပွဲတက်ရောက်သူများအတွက် သီးသန့်စီစဉ်ထားသော 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗵𝗲𝗰𝗸-𝘂𝗽 𝗮𝗻𝗱 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 𝗣𝗮𝗰𝗸𝗮𝗴𝗲𝘀 နှင့် အထူးလျှော့စျေးများ
✅ မိမိတို့ သိရှိလိုသည့် ဝေဒနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်မည့် အခွင့်အရေး

ကျန်းမာရေးဗဟုသုတများကို လေ့လာလိုသူများနှင့် ဘန်ကောက်မြို့ရှိ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တွင် စိတ်ချယုံကြည်စွာ စစ်ဆေးကုသလိုသူများအတွက် အထူးအကျိုးရှိမည့် အခွင့်အရေးကြီး ဖြစ်ပါသည်။ ယုံကြည်မှုအပြည့်ဖြင့် လှပကျန်းမာစေဖို့ သင့်အနားမှာ 𝐁𝐏𝐊 𝟗 အမြဲရှိနေပါမည်။
____________________________________

𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 နှင့် ပတ်သက်ပြီး စုံစမ်း မေးမြန်းရန်
𝗣𝗵𝗼𝗻𝗲|𝗩𝗶𝗯𝗲𝗿|𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽|𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 |+𝟲𝟲 𝟴𝟬𝟬 𝟴𝟲𝟳 𝟰𝟰𝟮
📝𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 𝗳𝗼𝗿 𝗕𝗼𝗼𝗸𝗶𝗻𝗴
တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150

❤️𝗕𝗣𝗞𝟵 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 – 𝗛𝗲𝗮𝗿𝘁 𝗼𝗳 𝗖𝗮𝗿𝗲

ေးရုံ #အထူးပရိုမိုးရှင်း #ဘန်ကောက်ဆေးကု

Thank you for sharing your experience, Thandar Hlaing သန္တာလှိုင်, and for choosing us for your dental treatment. We tru...
02/02/2026

Thank you for sharing your experience, Thandar Hlaing သန္တာလှိုင်, and for choosing us for your dental treatment. We truly appreciate your trust in us! 💚

ေးရုံ #ဘန်ကောက်ဆေးကု

🌟 နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု –  𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 မှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢...
29/01/2026

🌟 နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု – 𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 မှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အဖွဲ့ နဲ့ ဆုံကြမယ် ✨

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆၊ ၇၊ ၈) ရက်နေ့တွေမှာ ကျင်းပမည့် 𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 ပွဲကြီးမှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ Gold Sponsor အဖြစ် ပါဝင်ဆင်နွှဲပြီး ထူးခြားတဲ့ အစီအစဉ်ကောင်းများစွာနဲ့ စောင့်ကြိုနေမှာ ဖြစ်ပါတယ်
___________________________________

🏢ကျင်းပရာ နေရာ - 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 (𝐘𝐂𝐂), 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫
(အင်းယားလိပ် ဟိုတယ်ဝန်းအတွင်း၊ ကမ္ဘာအေး ဘုရားလမ်း)
📍 ပြခန်းအမှတ် – Gold 2
🕘 အချိန် - နံနက် 𝟎𝟗:𝟎𝟎 - ညနေ 𝟓:𝟎𝟎 နာရီ
____________________________________

🌟 ဘာကြောင့် 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ပြခန်း - Gold 2 ကို မဖြစ်မနေ လာရောက်သင့်တာလဲ?

✅ ထိပ်တန်းအထူးကုဆရာဝန်ကြီးများနှင့် လူကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးနိုင်ခြင်း
𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ ဝါရင့်အထူးကုဆရာဝန်ကြီး (၂) ဦးကိုယ်တိုင် ပွဲ၌ရှိနေမည်ဖြစ်ပြီး မိမိရဲ့ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သိလိုသမျှကို သီးသန့် တိုင်ပင်ဆွေးနွေးနိုင်မယ့် အထူးအခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။
____________________________________

👨‍⚕️ 𝐃𝐫. 𝐊𝐢𝐭𝐭𝐢𝐭𝐮𝐜𝐡 𝐁𝐚𝐧𝐣𝐨𝐧𝐠𝐥𝐞𝐞𝐥𝐚𝐡𝐨𝐧𝐠, 𝐌𝐃
"သင့်အလှတရားကို စိတ်တိုင်းကျ ပုံဖော်ပေးမည့် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု အထူးကု" (Aesthetic Plastic Surgery Specialist)

🔹 ပိုမိုနုပျိုကြည်လင်တဲ့ မျက်နှာသွင်ပြင်နဲ့ ယုံကြည်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်ဖို့ ခေတ်မီဆန်းသစ်တဲ့ ဆာဂျရီအတတ်ပညာရပ်တွေနဲ့ အကောင်းဆုံး အကြံပြုပေးသွားမှာဖြစ်ပါတယ်။
------------------------------------------
👨‍⚕️ 𝐃𝐫. 𝐒𝐮𝐩𝐩𝐚𝐰𝐚𝐭𝐬𝐚 𝐏𝐥𝐚𝐢𝐝𝐮𝐦, 𝐌𝐃
"အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆိုင်ရာ ကျွမ်းကျင်ဝါရင့် အထူးကုဆရာဝန်ကြီး" (Gastroenterology Specialist)

🔹 လူနေမှုဘဝပုံစံကြောင့်ဖြစ်တတ်တဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အသည်းကျန်းမာရေး စောင့်ရှောက်မှုများကို တိကျသေချာတဲ့ ဆေးပညာရပ်ဆိုင်ရာ အမြင်များနဲ့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
____________________________________

✅ Exclusive Offers & Gifts
• ဒီပွဲအတွက်သာ သီးသန့်ထုတ်ပြန်ထားတဲ့ အထူးပရိုမိုးရှင်းများ
• ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ အလှအပရေးရာ Package များ
• 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ပေးအပ်မယ့် သီးသန့်လက်ဆောင်ပစ္စည်းများ

🎯 ဘယ်သူတွေ လာရောက်သင့်သလဲ?
🔹 ဘန်ကောက်သို့ ဆေးစစ်ရန် သို့မဟုတ် ဆေးကုသရန် စီစဉ်ထားသူများ
🔹 အလှအပနှင့် ပတ်သက်ပြီး ပိုမိုငယ်ရွယ်နုပျိုလိုသူများ
🔹 တိကျသေချာသော ကျန်းမာရေး ဗဟုသုတများကို ဆရာဝန်ကြီးများထံမှ တိုက်ရိုက်ရယူလိုသူများ
____________________________________

လက်လွတ်မခံသင့်တဲ့ အခွင့်အရေးမို့ Gold 2 ပြခန်းမှာ ဆုံကြရအောင်နော်! 🤝

𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 နှင့် ပတ်သက်ပြီး စုံစမ်း မေးမြန်းရန်
Phone| Viber |WhatsApp | Telegram | +66 800 867 442
Messenger for Booking
တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
BPK9 International Hospital – Heart of Care ❤️

ေးရုံ #အထူးပရိုမိုးရှင်း #ဘန်ကောက်ဆေးကု

🌟 နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု –  𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 မှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢...
29/01/2026

🌟 နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု – 𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 မှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အဖွဲ့ နဲ့ ဆုံကြမယ် ✨

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆၊ ၇၊ ၈) ရက်နေ့တွေမှာ ကျင်းပမည့် Health & Beauty Fair 2026 ပွဲကြီးမှာ 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ 𝐆𝐨𝐥𝐝 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ် ပါဝင်ဆင်နွှဲပြီး ထူးခြားတဲ့ အစီအစဉ်ကောင်းများစွာနဲ့ စောင့်ကြိုနေမှာ ဖြစ်ပါတယ်
___________________________________

🏢ကျင်းပရာ နေရာ - 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 (𝐘𝐂𝐂), 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫
(အင်းယားလိပ် ဟိုတယ်ဝန်းအတွင်း၊ ကမ္ဘာအေး ဘုရားလမ်း)
📍 ပြခန်းအမှတ် – Gold 2
🕘 အချိန် - နံနက် 𝟎𝟗:𝟎𝟎 - ညနေ 𝟓:𝟎𝟎 နာရီ
____________________________________

🌟 ဘာကြောင့် 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ပြခန်း - Gold 2 ကို မဖြစ်မနေ လာရောက်သင့်တာလဲ?

✅ ထိပ်တန်းအထူးကုဆရာဝန်ကြီးများနှင့် လူကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးနိုင်ခြင်း
𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ ဝါရင့်အထူးကုဆရာဝန်ကြီး (၂) ဦးကိုယ်တိုင် ပွဲ၌ရှိနေမည်ဖြစ်ပြီး မိမိရဲ့ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သိလိုသမျှကို သီးသန့် တိုင်ပင်ဆွေးနွေးနိုင်မယ့် အထူးအခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။
____________________________________

👨‍⚕️ 𝐃𝐫. 𝐊𝐢𝐭𝐭𝐢𝐭𝐮𝐜𝐡 𝐁𝐚𝐧𝐣𝐨𝐧𝐠𝐥𝐞𝐞𝐥𝐚𝐡𝐨𝐧𝐠, 𝐌𝐃
"သင့်အလှတရားကို စိတ်တိုင်းကျ ပုံဖော်ပေးမည့် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု အထူးကု" (Aesthetic Plastic Surgery Specialist)

🔹 ပိုမိုနုပျိုကြည်လင်တဲ့ မျက်နှာသွင်ပြင်နဲ့ ယုံကြည်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်ဖို့ ခေတ်မီဆန်းသစ်တဲ့ ခွဲစိတ်အတတ် ပညာရပ်တွေနဲ့ အကောင်းဆုံး အကြံပြုပေးသွားမှာဖြစ်ပါတယ်။
------------------------------------------
👨‍⚕️ 𝐃𝐫. 𝐒𝐮𝐩𝐩𝐚𝐰𝐚𝐭𝐬𝐚 𝐏𝐥𝐚𝐢𝐝𝐮𝐦, 𝐌𝐃
"အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆိုင်ရာ ကျွမ်းကျင်ဝါရင့် အထူးကုဆရာဝန်ကြီး" (Gastroenterology Specialist)

🔹 လူနေမှုဘဝပုံစံကြောင့်ဖြစ်တတ်တဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အသည်းကျန်းမာရေး စောင့်ရှောက်မှုများကို တိကျသေချာတဲ့ ဆေးပညာရပ်ဆိုင်ရာ အမြင်များနဲ့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
____________________________________

✅ Exclusive Offers & Gifts
• ဒီပွဲအတွက်သာ သီးသန့်ထုတ်ပြန်ထားတဲ့ အထူးပရိုမိုးရှင်းများ
• ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ အလှအပရေးရာ Package များ
• 𝐁𝐏𝐊 𝟗 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ပေးအပ်မယ့် သီးသန့်လက်ဆောင်ပစ္စည်းများ

🎯 ဘယ်သူတွေ လာရောက်သင့်သလဲ?
🔹 ဘန်ကောက်သို့ ဆေးစစ်ရန် သို့မဟုတ် ဆေးကုသရန် စီစဉ်ထားသူများ
🔹 အလှအပနှင့် ပတ်သက်ပြီး ပိုမိုငယ်ရွယ်နုပျိုလိုသူများ
🔹 တိကျသေချာသော ကျန်းမာရေး ဗဟုသုတများကို ဆရာဝန်ကြီးများထံမှ တိုက်ရိုက်ရယူလိုသူများ
____________________________________

လက်လွတ်မခံသင့်တဲ့ အခွင့်အရေးမို့ Gold 2 ပြခန်းမှာ ဆုံကြရအောင်နော်! 🤝

𝐇𝐄𝐀𝐋𝐓𝐇 & 𝐁𝐄𝐀𝐔𝐓𝐘 𝐅𝐀𝐈𝐑 𝟐𝟎𝟐𝟔 နှင့် ပတ်သက်ပြီး စုံစမ်း မေးမြန်းရန်
Phone| Viber |WhatsApp | Telegram | +66 800 867 442
Messenger for Booking
တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
BPK9 International Hospital – Heart of Care ❤️

ေးရုံ #အထူးပရိုမိုးရှင်း #ဘန်ကောက်ဆေးကု

ခေတ်မီ ခွဲစိတ် မှန်ပြောင်း နည်းပညာဖြင့် အစာအိမ်အရွယ်အစားလျှော့ချခြင်း (Laparoscopic Sleeve Gastrectomy - LSG) ဆိုတာ ဘာလဲ...
22/01/2026

ခေတ်မီ ခွဲစိတ် မှန်ပြောင်း နည်းပညာဖြင့် အစာအိမ်အရွယ်အစားလျှော့ချခြင်း (Laparoscopic Sleeve Gastrectomy - LSG) ဆိုတာ ဘာလဲ❓

ဤနည်းလမ်းသည် အဝလွန်သူများအတွက် ထိရောက်မှုအရှိဆုံးသော ကုသမှုတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချရန် ခက်ခဲနေသူများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါသည်။
____________________________________

🔍 ခွဲစိတ်မှုပြုလုပ်ပုံနှင့် အားသာချက်များ

- သေးငယ်သောဒဏ်ရာ ~ ဝမ်းဗိုက်ပေါ်တွင် 0.5 စင်တီမီတာခန့်ရှိသော အပေါက်ငယ်လေး ၃ ပေါက်မှ ၅ ပေါက်ခန့်သာဖောက်၍ ခွဲစိတ်ခြင်းဖြစ်သဖြင့် အမာရွတ်အလွန်သေးငယ်ပါသည်။

- နာကျင်မှုနည်းပါးခြင်း ~ သမားရိုးကျ ဗိုက်ဖွင့်ခွဲစိတ်ခြင်းမျိုးမဟုတ်သောကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှုနည်းပါးကာ ဒဏ်ရာမြန်မြန်ကျက်စေပါသည်။

- မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူနိုင်ခြင်း ~ ဆေးရုံတက်ရက်တိုတောင်းပြီး ပိုးဝင်နိုင်ခြေ (Infection) အလွန်နည်းပါးပါသည်။

- ဆာလောင်မှုကို ထိန်းချုပ်ပေးခြင်း ~ အစာအိမ်အရွယ်အစားကို လျှော့ချပေးရုံသာမက ဆာလောင်မှုကိုဖြစ်စေသော ဟော်မုန်းထုတ်လုပ်မှုကိုပါ လျှော့ချပေးသဖြင့် အစားအသောက်စားချင်စိတ်ကို အလိုအလျောက် ထိန်းညှိပေးပါသည်။
____________________________________

🟩 အခြားသော အကျိုးကျေးဇူးများ
အဝလွန်ခြင်းကြောင့် ဖြစ်ပွားတတ်သော သားသမီးရရှိရန်ခက်ခဲခြင်း (Infertility) ပြဿနာကိုလည်း အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးအတွက် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။
____________________________________

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊

🩺 ဗဟုသုတမျှဝေသူ- 👨‍⚕️ Dr. Chakkrit Auinirundonkul (အထွေထွေ ခွဲစိတ်ကုသခြင်း နှင့် ကိုယ်အလေးချိန် လျော့ချခြင်းဆိုင်ရာ ပါရဂူ)

🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️ ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ #အစာအိမ်နှင့်အူလမ်းကြောင်း #အစာအိမ်

ကလေးငယ် တွေမှာ ချောင်းဆိုးခြင်းသည် စိုးရိမ်စရာမရှိဟု ယူဆနေခြင်းမှာ ဟုတ်မှန်ပါသလား ❓ကလေးငယ်များတွင် ဖြစ်တတ်သော အဆုတ်ရောင်...
20/01/2026

ကလေးငယ် တွေမှာ ချောင်းဆိုးခြင်းသည် စိုးရိမ်စရာမရှိဟု ယူဆနေခြင်းမှာ ဟုတ်မှန်ပါသလား ❓

ကလေးငယ်များတွင် ဖြစ်တတ်သော အဆုတ်ရောင်ရောဂါ (Pneumonia) အကြောင်းကို မိဘများ ကြိုတင်သိရှိထားခြင်းဖြင့် ပိုမိုဘေးကင်းစေနိုင်ပါသည်။
________________________________________

🔍 ကလေးငယ်များ တွင် ဖြစ်ပွားလေ့ ရှိသော အဆုတ်ရောင်ရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးခြင်း

- ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ်အောင့်ခြင်း
- အသက်ရှူပြင်းခြင်း အသက်ရှူမြန်ခြင်း
- အသက်ရှူသည့်အခါ နံရိုးများကားထွက်ခြင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်းနှင့် နှာခေါင်းပေါက်များ
ပွလာခြင်း
- နုံးချိခြင်း၊ အစားအသောက်နှင့် မိခင်နို့ကို နည်းပါးစွာသာ သောက်သုံးနိုင်ခြင်း
- မှိုင်ခြင်း၊ ပုံမှန်ထက် ပိုအိပ်ခြင်း၊ မောပန်းခြင်းနှင့် ရင်ဘတ်ထဲတွင် တင်းကျပ်နေခြင်း။

________________________________________

🛡️ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
- လူထူထပ်သော နေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ပါ။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်များနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဉ်ပါ။
- လက်ကို မကြာခဏ ဆေးကြောပေးပါ။
- ဆေးလိပ်ငွေ့များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- ရောဂါပိုးများကို ခုခံနိုင်စွမ်းရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးပါ။
________________________________________

❄️ ဆောင်းရာသီ၏ အေးမြစိုစွတ်သော ရာသီဥတုသည် သင့်ရင်သွေးငယ်ကို အလွယ်တကူ ဖျားနာစေနိုင်ပါသည်။ ကလေးငယ်များတွင် ဖြစ်တတ်သော အဆုတ်ရောင်ရောဂါသည် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။

🟨အကြံပြုချက် - ထို့ကြောင့် ကလေးငယ်တွင် ထူးခြားသော လက္ခဏာများရှိပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ကလေးငယ်ကို ဂရုစိုက်စောင့်ရှောက်သည့်အပြင် အဆုတ်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းသည်လည်း သင့်ကလေးကို ရောဂါဘယများမှ ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။
________________________________________

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊
🩺 ဗဟုသုတမျှဝေသူ- Dr. Benjawan Sangkawadee (အသက်ရှု လမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဆရာဝန်ကြီး)

🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️ ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ

🏆 BPK9 ၏ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်သစ် - Employer Branding Awards ဆုကြီး (၂) ဆုကို ဆွတ်ခူးရရှိBPK9 International Hospital အတ...
16/01/2026

🏆 BPK9 ၏ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်သစ် - Employer Branding Awards ဆုကြီး (၂) ဆုကို ဆွတ်ခူးရရှိ

BPK9 International Hospital အတွက် အောင်မြင်မှုများစွာနှင့်အတူ ၂၀၂၆ ခုနှစ်ကို ဝမ်းမြောက်စရာ သတင်းကောင်းဖြင့် စတင်လိုက်ပြီဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က World HRD Congress မှ ကြီးမှူးကျင်းပသော Employer Branding Awards ဆုပေးပွဲတွင် ကျွန်ုပ်တို့ဆေးရုံမှ အောက်ပါဂုဏ်ထူးဆောင်ဆုကြီး (၂) ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသည် -

🏅 Happy Companies to Work For Thailand
🏅 Thailand Best Employer Brand Awards

ဤဆုများကို Bangpakok Hospital Group ၏ Deputy CEO နှင့် BPK9 International Hospital ၏ ဒါရိုက်တာဖြစ်သူ Dr. Pramook Songchakkaew နှင့်အတူ International Marketing Assistant Director ဖြစ်သူ Ms. Ana May Diel တို့က ဘန်ကောက်မြို့ရှိ The Athenee Hotel တွင် ဆေးရုံကိုယ်စား တက်ရောက်လက်ခံရယူခဲ့ပါသည်။

ယခုအောင်မြင်မှုသည် ကျွန်ုပ်တို့၏ ဝန်ထမ်းများအပေါ် ထားရှိသော ဂရုစိုက်မှုနှင့် လုပ်ငန်းခွင် ပျော်ရွှင်ကြည်နူးမှုရှိစေရန် ဖန်တီးပေးနိုင်မှုတို့ကို သက်သေပြနေခြင်းဖြစ်ပါသည်။ ဝန်ထမ်းများ စိတ်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် လူနာများအပေါ် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုပေးနိုင်ရန် အခြေခံအကျဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ရှေ့ဆက်၍လည်း ကျွန်ုပ်တို့၏ ကတိကဝတ်ဖြစ်သော “Heart of Care, Essential Care for You” ဆိုသည့်အတိုင်း လူနာများကိုသာမက ဝန်ထမ်းများကိုပါ နှလုံးသားဖြင့် အစဉ်အမြဲ ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

❤️BPK9 International Hospital – Heart of Care❤️





ေးရုံ #ဘန်ကောက်ဆေးကု

ကလေးငယ် တွေမှာ အရွယ်မတိုင်ခင် လူပျို /အပျိုဖော် ဝင်တဲ့ အခြေအနေ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲ လာမလဲ❓ပုံမှန်ထ...
13/01/2026

ကလေးငယ် တွေမှာ အရွယ်မတိုင်ခင် လူပျို /အပျိုဖော် ဝင်တဲ့ အခြေအနေ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲ လာမလဲ❓

ပုံမှန်ထက်စောပြီး လူပျို /အပျိုဖော် ဝင်ခြင်းဟာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဆိုင်ရာ ပြောင်းလဲမှုတွေကို အရွယ် မတိုင်ခင် ဖြစ်ပေါ်စေပါတယ်။ အကယ်၍ မိဘတွေ အနေနဲ့ ကလေးရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို သတိပြုမိပြီး ဆရာဝန်နဲ့ အချိန်မီပြသနိုင်ရင် ဒီအခြေအနေကို ကုသထိန်းချုပ်နိုင်ပါတယ်။
________________________________________

မိန်းကလေးငယ်များတွင် (အသက် ၈ နှစ်မတိုင်မီ ပြောင်းလဲမှုများ)

- ရင်သား စတင်ဖွံ့ဖြိုးလာခြင်း
- အရပ်အမောင်း ရုတ်တရက် မြန်မြန်ထွက်လာခြင်း
- ဂျိုင်းမွှေး (သို့) အင်္ဂါစပ်တစ်ဝိုက်တွင် အမွှေးအမျှင်များ ပေါက်လာခြင်း
- ဝက်ခြံထွက်ခြင်း၊ မျက်နှာအဆီပြန်ခြင်းနှင့် ကိုယ်နံ့ထွက်လာခြင်း
- တင်ပါး ကျယ်လာခြင်း
- ရာသီလာခြင်း သို့မဟုတ် အဖြူဆင်းခြင်း
________________________________________

ယောကျာ်းလေးငယ်များတွင် (အသက် ၉ နှစ်မတိုင်မီ ပြောင်းလဲမှုများ)

- အမျိုးသားအင်္ဂါ နှင့် ဝှေးစေ့ အရွယ်အစား ကြီးမားလာခြင်း
- နှုတ်ခမ်းမွှေး၊ ဂျိုင်းမွှေး သို့မဟုတ် အင်္ဂါစပ်တစ်ဝိုက်တွင် အမွှေးအမျှင်များ ပေါက်လာခြင်း
- အရပ်အမောင်း ရုတ်တရက် မြန်မြန်ထွက်လာခြင်း
- ဝက်ခြံထွက်ခြင်း၊ မျက်နှာအဆီပြန်ခြင်း၊ ကိုယ်နံ့ထွက်ခြင်းနှင့် အသံသြလာခြင်း (အသံပြောင်းခြင်း)

________________________________________

🟨အကြံပြုချက် - ကလေးငယ်များတွင် အရွယ်မတိုင်ခင် အပျိုဖော်/လူပျိုဖော်ဝင်ခြင်းသည် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပြင် စိတ်ပိုင်းဆိုင်ရာအပေါ်တွင်ပါ ရိုက်ခတ်မှုရှိနိုင်သဖြင့် မိဘများအနေဖြင့် လျစ်လျူမရှုသင့်ပါ။ သတိပေးလက္ခဏာများကို စောစီးစွာသတိပြုမိပြီး ကုသမှုခံယူနိုင်ရန်မှာ အလွန်အရေးကြီးပါသည်။
မိမိတို့ရင်သွေးငယ်များအတွက် BPK9 International Hospital ရှိ ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊

🩺 ဗဟုသုတမျှဝေသူ- Dr. Nuttanun Sedtasiriphokin (ဟော်မုန်းနှင့် ဇီဝ ဖြစ်စဉ်ဆိုင်ရာ ကလေးအထူးကု ဆရာဝန်ကြီး)

🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️ ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ #ကလေး #ကလေးကျန်းမာရေး

အလုပ်များပြားလှတဲ့ နေ့စဉ်ဘဝနဲ့ အစာခြေစနစ် ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ ❓အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ...
09/01/2026

အလုပ်များပြားလှတဲ့ နေ့စဉ်ဘဝနဲ့ အစာခြေစနစ် ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ ❓

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်သော်လည်း အထူးသဖြင့် နေ့စဉ်ဘဝတွင် အလုပ်များလွန်းသူများ၊ စိတ်ဖိစီးမှုများသူနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော အလုပ်လုပ်ကိုင်နေသည့် လူငယ်လူရွယ်/လူလတ်ပိုင်း များတွင် ပိုမိုတွေ့ရှိရတတ်ပါသည်။
______________________________________

အစာခြေစနစ် ပုံမှန်မဟုတ်ကြောင်း ပြသနေတဲ့ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး သတိပေးချက်တွေကို သတိထားမိပါသလား?

ဗိုက်မအီမသာဖြစ်ခြင်း၊ လေပွခြင်းနှင့် မကြာခဏ ဝမ်းပျက်ခြင်း ဝေဒနာများသည် သာမန်ကိစ္စဟု ထင်ရသော်လည်း အမှန်တကယ်တွင် သင့်အစာခြေစနစ်၏ ကျန်းမာရေးချို့ယွင်းမှုကို ဖော်ပြနေခြင်း ဖြစ်နိုင်ပါသည်။ မိမိ၏ ကျန်းမာရေးအတွက် အဆိုပါလက္ခဏာများကို လျစ်လျူမရှုဘဲ အဆင့်မြင့်နည်းပညာများဖြင့် တိကျစွာ ရောဂါရှာဖွေကုသနိုင်ရန် ကျွမ်းကျင်သူများနှင့် ပြသစစ်ဆေးသင့်ပါသည်။
______________________________________

အဓိက သတိထားရမည့် လက္ခဏာများ -
🚩 မကြာခဏ ဗိုက်အောင့်ခြင်း ~ ဗိုက်ထဲတွင် အမြဲတမ်း တင်းကျပ်ပြီး မအီမသာ ဖြစ်နေခြင်း
🚩 အစာခြေစနစ် ချို့ယွင်းခြင်း ~ အစာစားပြီးတိုင်း လေပွခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
🚩 ဝမ်းသွားသည့်အလေ့အထ ပြောင်းလဲခြင်း ~ ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို ပုံမှန်မဟုတ်ဘဲ ခံစားရခြင်း
______________________________________

🔍 အဘယ်ကြောင့် မှန်ပြောင်းကြည့် စစ်ဆေးသင့်သနည်း?
ထိုကဲ့သို့ အစာခြေစနစ်ဝေဒနာများကို တိကျစွာ ရောဂါရှာဖွေရန် အတွက် မှန်ပြောင်းကြည့်စစ်ဆေးခြင်းသည် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပြီး အောက်ပါအချက်များကြောင့် သင့်ကျန်းမာရေး ကို အကျိုးရှိစေပါသည် -

တိကျသေချာခြင်း ~ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းပိုင်းကို တိုက်ရိုက်မြင်ရသဖြင့် ရောဂါအခြေအနေကို မှားယွင်းမှုမရှိဘဲ တိကျစွာ သိရှိနိုင်ပါသည်။

စောစီးစွာ ကာကွယ်ခြင်း ~ ကင်ဆာဖြစ်စေနိုင်သော အဖုအကျိတ် (Polyps) များကို စောစောရှာဖွေတွေ့ရှိပြီး အချိန်မီ ဖယ်ရှားနိုင်ပါသည်။

နာကျင်မှု သက်သာခြင်း ~ ခွဲစိတ်ရန် မလိုအပ်ဘဲ ရောဂါရှာဖွေခြင်းနှင့် အသားစယူခြင်းတို့ကို တစ်ခါတည်း ဆောင်ရွက်နိုင်သဖြင့် လူနာအတွက် သက်သာစေပါသည်။

ပျောက်ကင်းနှုန်း မြင့်မားခြင်း ~ ရောဂါကို အစောပိုင်းအဆင့်တွင် သိရှိရသဖြင့် ကုသမှုရလဒ် ပိုမိုကောင်းမွန်ပြီး ပျောက်ကင်းရန် လွယ်ကူစေပါသည်။
__________________________________

🟨အကြံပြုချက် - တိကျသေချာတဲ့ ရောဂါရှာဖွေမှုနဲ့ အကောင်းဆုံးကုသမှုတွေ ရယူနိုင်ဖို့ BPK9 International Hospital ရဲ့ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဗဟိုဌာနသို့ လာရောက်ပြသဖို့ ဖိတ်ခေါ်အပ်ပါတယ်။

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊
🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →

📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️ ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ #အစာအိမ်နှင့်အူလမ်းကြောင်း

ဂရင်ဂျီနာ (A**l Fistula) ဝေဒနာ - ရှက်ရွံ့နေစရာမလိုဘဲ အမြန်ဆုံး ကုသမှုခံယူပါ"ဂရင်ဂျီနာ" ဟူသော အမည်သည် လူအများစုအတွက် ကြား...
06/01/2026

ဂရင်ဂျီနာ (A**l Fistula) ဝေဒနာ - ရှက်ရွံ့နေစရာမလိုဘဲ အမြန်ဆုံး ကုသမှုခံယူပါ

"ဂရင်ဂျီနာ" ဟူသော အမည်သည် လူအများစုအတွက် ကြားရသည်မှာ အထူးအဆန်း ဖြစ်နေနိုင်သော်လည်း ၎င်းသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး ခံစားရတတ်သည့် စအိုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါသည်။
လူနာအများစုမှာ စအိုဝတစ်ဝိုက်တွင် ဖြစ်ပွားခြင်းကြောင့် ဆရာဝန်နှင့် ပြသရန် ရှက်ရွံ့နေတတ်ကြရာမှ ရောဂါကျွမ်းပြီး နာတာရှည်ဖြစ်သည့်တိုင်အောင် ဒုက္ခခံစားနေရတတ်ပါသည်။

____________________________________

၁။ ဂရင်ဂျီနာကို ဘာကြောင့် အမြန်ဆုံး ကုသသင့်သနည်း❓

ဂရင်ဂျီနာသည် စအိုဝဂလင်း (A**l gland) လေးများ ပိုးဝင်ရာမှတစ်ဆင့် ပြည်တည်နာ ဖြစ်ပွားခြင်းဖြစ်သည်။
အလိုအလျောက် မပျောက်ကင်းနိုင်ပါ။ ဂရင်ဂျီနာသည် ဆေးသောက်ရုံဖြင့် အလိုအလျောက် ပျောက်ကင်းသွားလေ့မရှိဘဲ ခွဲစိတ်ကုသမှသာ အမြစ်ပြတ်နိုင်သော ရောဂါဖြစ်သည်။ အချိန်ဆွဲထားပါက ပြည်တည်နာ ပိုမိုနက်ရှိုင်းလာပြီး နောက်ဆက်တွဲ ရောဂါပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ကုသရပိုမိုခက်ခဲစေပါသည်။ ပိုးဝင်မှု ပြင်းထန်လာပါက လူနာ၏ ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်သောကြောင့် အမြန်ဆုံး ကုသရန် လိုအပ်ပါသည်။

____________________________________

၂။ ဘယ်လို လက္ခဏာပြရင် ဆရာဝန်နဲ့ ပြသသင့်သလဲ?

အောက်ပါလက္ခဏာများ ခံစားနေရပါက ဂရင်ဂျီနာ ဖြစ်နိုင်ခြေရှိသဖြင့် ကျွမ်းကျင်ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည် -

- စအိုဝပတ်လည်တွင် အစဉ်အမြဲ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း တို့ ခံစားရခြင်း။
- ဝမ်းသွားချိန်တွင် ပြင်းထန်စွာ နာကျင်ခြင်း နှင့်အတူ ဖျားခြင်း၊ ချမ်းတုန်ခြင်း။
- စအိုဝဘေးမှ ပြည်ပုပ်ရည်များ သို့မဟုတ် သွေးများ စိမ့်ထွက်ခြင်း။
- ဝမ်းသွားချိန် မဟုတ်လျှင်ပင် စအိုအတွင်းပိုင်း၌ အမြဲတမ်း တင်းကျပ်ပြီး နာကျင်နေခြင်း။

____________________________________

၃။ ဂရင်ဂျီနာ ကင်းဝေးစေရန် ကုသနည်းများ-

လူနာ၏ အခြေအနေပေါ်မူတည်၍ အထိရောက်ဆုံးနှင့် အမြန်ဆုံး အနာကျက်စေမည့် အောက်ပါ ခေတ်မီခွဲစိတ်ကုသမှု နည်းလမ်းများကို အသုံးပြုပါသည်။
LIFT Technique ~ စအိုဝထိန်းကြွက်သားကို မထိခိုက်စေဘဲ ဂရင်ဂျီနာ လမ်းကြောင်းကို ပိတ်ဆို့ကုသခြင်း။
FIPS Technique ~ တစ်ကြိမ်တည်းဖြင့် ခွဲစိတ်ပြုပြင် ချုပ်ပေးခြင်းကြောင့် ထိရောက်မှု မြင့်မားခြင်း။
Fistulotomy ~ အနာကို ဖွင့်ထုတ်ပြီး အနာကျက်မြန်စေရန် အနားနှုတ်ခမ်းအား ပြန်လည်ချုပ်ပေးခြင်း။
Lay open space ~ အတွင်းပိုင်းရှိ ပြည်ပုပ်များကို ထွက်ရှိစေရန် လမ်းကြောင်းဖွင့်ပေးခြင်း။

____________________________________

🟨အကြံပြုချက် - ဂရင်ဂျီနာသည် မခွဲစိတ်ဘဲ ကုသ၍မရနိုင်သော ရောဂါဖြစ်ပါသည်။ ဘေးကင်းလုံခြုံပြီး နောက်ဆက်တွဲ ပြဿနာများ ကင်းဝေးစေရန် BPK9 International Hospital မှ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ယုံကြည်စိတ်ချစွာ ပြသဆွေးနွေးနိုင်ပါသည်။

🩺 ဗဟုသုတမျှဝေသူ- Dr. Chakkrit Auinirundonkul (အထွေထွေ ခွဲစိတ်ခြင်း နှင့် ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ ပါရဂူ)

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊

🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150

❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️ **l
ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ #ဂရင်ဂျီနာ

🎆 Happy New Year 2026 🎆"နှစ်သစ်ခါသမယမှာ သင် နှင့် သင့်မိသားစုအတွက်ဘေးရန်ကင်းကွာ၊  ကံကောင်းခြင်းလိုအင်ဆန္ဒပြည့်ဝပြီး၊ အဖိ...
31/12/2025

🎆 Happy New Year 2026 🎆

"နှစ်သစ်ခါသမယမှာ

သင် နှင့် သင့်မိသားစုအတွက်
ဘေးရန်ကင်းကွာ၊ ကံကောင်းခြင်း
လိုအင်ဆန္ဒပြည့်ဝပြီး၊ အဖိုးတန်ဆုံးသော

ကျန်းမာခြင်းလာဘ်တစ်ပါး နှင့်အတူ
ပျော်ရွှင်ချမ်းသာမှုအပေါင်း ရရှိပိုင်ဆိုင်ရင်း
အေးချမ်းပျော်ရွှင်သော ၂၀၂၆ ခုနှစ်သစ်လေး ဖြစ်ပါစေ"လို့

BPK 9 International Hospital ၏ အုပ်ချုပ်မှုအဖွဲ့၊ မန်နေဂျာများနှင့် ဝန်ထမ်းများအပေါင်းတို့မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨🌟

ေးရုံ #ဘန်ကောက်ဆေးကု #နှစ်သစ်

📜အတက်ရောဂါ (သို့) ဝက်ရူးပြန်ရောဂါ (Epilepsy) အကြောင်း သိကောင်းစရာအတက်ရောဂါသည် လူအများထင်မှတ်ထားသကဲ့သို့ တစ်ကိုယ်လုံးတုန်...
30/12/2025

📜အတက်ရောဂါ (သို့) ဝက်ရူးပြန်ရောဂါ (Epilepsy) အကြောင်း သိကောင်းစရာ

အတက်ရောဂါသည် လူအများထင်မှတ်ထားသကဲ့သို့ တစ်ကိုယ်လုံးတုန်တက်ခြင်းမျိုး သာမကဘဲ ဦးနှောက်အတွင်း လျှပ်စစ်စီးဆင်းမှု ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပွားရသော ရောဂါဖြစ်ပါသည်။
ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး မှန်ကန်သော ကုသမှုခံယူပါက ပုံမှန်အတိုင်း နေထိုင် နိုင်ပါသည်။

၁။ ရောဂါလက္ခဏာရပ်များ
ဦးနှောက်၏ မည်သည့်အစိတ်အပိုင်းတွင် ဖြစ်ပေါ်သနည်းပေါ်မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်။

- သတိလစ်သွားခြင်း သို့မဟုတ် ခေတ္တမျှ စိတ်ရှုပ်ထွေးခြင်း
- မျက်နှာကြွက်သားများ လှုပ်ခြင်း (သို့) လက်များ ထုံကျဉ်ခြင်း
- ငေးငိုင်နေခြင်း (သို့) မိမိကိုယ်မိမိ မသိဘဲ လှုပ်ရှားမှုများ ရပ်တန့်သွားခြင်း
_____________________________________

၂။ ဖြစ်ပွားရသည့် အကြောင်းရင်းများ (အသက်အရွယ် အပေါ် မူတည်ပြီး)

- ကလေးငယ်များ ~ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်း၊ မွေးရာပါရောဂါ နှင့် ပိုးဝင်ခြင်း
- လူငယ်နှင့် လူလတ်ပိုင်း ~ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်အကြိတ်ရှိခြင်း
- လူကြီးပိုင်း ~ လေဖြတ်ခြင်း (Stroke) နှင့် အယ်လ်ဇိုင်းမားကဲ့သို့ အာရုံကြော ဆုတ်ယုတ်သည့် ရောဂါများ
- အထွေထွေ မျိုးရိုးဗီဇနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုများ
____________________________________

၃။ လူနာတစ်ယောက် တက်နေလျှင် ပြုလုပ်ပေးရမည့် ရှေးဦးသူနာပြုစုနည်း (First Aid)

သတိပြုရန်- လူနာကို နာကျင်အောင် ချိုးနှိမ်ခြင်း၊ အတင်းဖိထားခြင်းမျိုး (လုံးဝ) မပြုလုပ်ရပါ။ ပါးစပ်ထဲသို့ ပစ္စည်းတစ်ခုခု အတင်းထည့်ခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ရပါ။

⚠️ လူနာတစ်ယောက် တက်နေပါက လုပ်ဆောင်ရန် အချက်များ -
ဘေးစောင်းထားပေးပါ ~ လူနာကို ဘေးစောင်းအနေအထား ထားပေးပါ။ ပါးစပ်မှထွက်သော အရည်များကြောင့် အသက်ရှူလမ်းကြောင်း မပိတ်အောင် ကာကွယ်ပေးနိုင်ပါသည်။

ခေါင်းကို ကာကွယ်ပါ ~ ခေါင်းကို ထိခိုက်မှု မရှိစေရန် ခေါင်းအောက်တွင် လက် (သို့) အဝတ်ပျော့တစ်ခုခု ဖြင့် ခုပေးထားပါ။

လေကောင်းလေသန့် ရပါစေ ~ လူနာကို ဝိုင်းအုံမကြည့်ပါနှင့်။ လေဝင်လေထွက် ကောင်းအောင် ထား ပေးထားပါ။

ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ပါ ~ ဆရာဝန်မှ ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် တက်နေသည့် ပုံစံကို ဖုန်းဖြင့် ဗီဒီယိုရိုက်ထားပေးပါ။

အချိန်မှတ်ပါ – အတက်ကြာချိန်ကို သတိပြုပါ။ အကယ်၍ ၁၀ မိနစ်ထက်ကျော်အောင် တက်နေပါက ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးရပါမည်။

_____________________________________

၄။ နေထိုင်မှုပုံစံနှင့် ကုသခြင်း (Self-Care)
ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည် -

ဆေးပုံမှန်သောက်ရန် ~ ဆရာဝန်ညွှန်ကြားသည့်ဆေးကို တစ်ရက်မှ မလွတ်စေဘဲ သောက်ပါ။

အိပ်ရေးဝဝအိပ်ရန် ~ အိပ်ရေးပျက်ခြင်းသည် အတက်ရောဂါကို အဓိက လှုံ့ဆော်ပေးပါသည်။

လှုံ့ဆော်မှုများရှောင်ရန် - မီးရောင်မှိတ်တုတ်များ၊ စူးရှသော အသံများနှင့် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးများကို လုံးဝရှောင်ကြဉ်ပါ။

_____________________________________

🟨အကြံပြုချက် - အကယ်၍ အတက်ရောဂါလက္ခဏာများ ရှိနေပါက တိကျသော ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် အာရုံကြောနှင့် ဦးနှောက်အထူးကုဆရာဝန် နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။

👩‍⚕️ဗဟုသုတမျှဝေသူ- ဒေါက်တာ Theeradej Tepkasetkul ( ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီး)

📌 အသေးစိတ် လက္ခဏာများနှင့် အကြံပြုချက်များကို အောက်က ပုံမှာ ထောက်ကြည့်ပါနော်😊

🗓 ဆရာဝန် နှင့်ပတ်သတ်ပြီး Appointment စုံစမ်းမေးမြန်း ဆက်သွယ်လိုပါက →
📲 Phone| Viber |WhatsApp | Telegram | +66 800 867 442
💬 Messenger for Booking
🏨 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
❤️BPK9 International Hospital – Heart of Care❤️

🏥 ❤️
ေးရုံ #ဘန်ကောက်ဆေးကု #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာ
#အတက်ရောဂါ #ဝက်ရူးပြန်

ที่อยู่

362 ถ. พระรามที่ 2 แขวง บางมด เขตจอมทอง
Bangkok
10150

เบอร์โทรศัพท์

+66991344271

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BPK9 International Hospital - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง BPK9 International Hospital - Myanmar:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ประเภท