09/10/2025
🧬 HPV ရောဂါ နှင့် ကာကွယ်ဆေး အကြောင်း သင်သိပြီးပါပြီလား?
HPV (Human Papillomavirus) သည် သားအိမ်ခေါင်းကင်ဆာ၏ အဓိကအကြောင်းအရင်း ဖြစ်ပြီး လိင်မှတဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ HPV ကူးစက်မှုဟာ အရေပြားနှင့် အရေပြား တိုက်ရိုက်ထိတွေ့မှု မှတဆင့် ဖြစ်ပြီး အဓိကအားဖြင့် လိင်ဆက်ဆံမှု (ge***al, a**l, oral contact) နဲ့ ကူးစက်ပါတယ်။
🛡️ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း
HPV ကာကွယ်ဆေး – အသက် ၉ နှစ်အရွယ်မှ စတင်၍ အမျိုးသား၊ အမျိုးသမီး တိုင်း ထိုးနိုင်သည်။
Pap smear စစ်ဆေးမှု – ကာကွယ်ဆေး ထိုးပြီးနောက် အမျိုးသမီးများအတွက် အသက် ၂၁ နှစ်မှစ၍ ၃ နှစ်တစ်ကြိမ် ပုံမှန် စစ်ဆေးသင့်ပါသည်။
ပုံမှန် စစ်ဆေးမှု – Pap smear / HPV DNA စစ်ဆေးမှုဖြင့် အစောပိုင်း တွင် တွေ့နိုင်ပါသည်။
ကာကွယ်နည်း သုံးခြင်း – ကွန်ဒုံး သုံးခြင်းက ကူးစက်မှု လျော့ချပေးနိုင်သော်လည်း ၁၀၀% မ ကာကွယ်နိုင်ပါ။
ကျန်းမာသော နေထိုင်ပုံစံ – အရက် နှင့် ဆေးလိပ် အလွန်အကျွံ သုံးစွဲမှုကို လျော့ချခြင်း၊ အာဟာရပြည့်ဝ စွာ စားသုံးခြင်း၊ ပုံမှန် အားကစားပြုလုပ်ခြင်း။
📌 HPV ကြောင့် ဖြစ်နိုင်သည့် ရောဂါနှင့် အန္တရာယ်များ
🔹 သားအိမ်ခေါင်း ကင်ဆာ
🔹 ယောနိ ကင်ဆာ
🔹 စအို ကင်ဆာ
🔹 အမျိုးသား လိင်အင်္ဂါ ကင်ဆာ
🔹 လိင်အင်္ဂါ ကြွက်နို့
HPV နှင့် ပတ်သတ်သော အကြောင်းအရာကို နားလည်နိုင်ဖို့ ၁ ပုံချင်းစီ လေ့လာကြည့်ဖို့ အကြံပြုပါရစေ။
HPV ကာကွယ်ဆေး နှင့် ပတ်သတ် ပြီး အသေးစိတ် အချက်အလက် များကို သိရှိလိုပါက ဆက်သွယ်ရန် Viber | WhatsApp | Telegram | Messenger
📲 +66 800 867 442 မှတဆင့် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်
📍 တည်နေရာ – 362 Rama II Rd, Chom Thong, Bangkok 10150
ေးရုံ #သားအိမ်ခေါင်းကင်ဆာ ေးရုံ