Dr. Dway Health Education

Dr. Dway Health Education Welcome to Dr. Dway’s Health Awareness and Personal Blog. M.B;B.S
Certificate in Public Health and Health Services (University of the People, United States)

31/03/2025

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သည့် အစားအစာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်ရန် "အစားအစာများ ဘေးကင်းစေရန် အဓိကသော့ချက် (၅) ချက်" ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

၁။ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။
၂။ သီးခြားစီ ခွဲထားပါ။
၃။ ကျက်အောင် ချက်ပြုတ်ပါ။
၄။ သတ်မှတ်အပူချိန်တွင် ထားရှိပါ။
၅။ ဘေးကင်းသော ရေနှင့် အစာကုန်ကြမ်းများကို အသုံးပြုပါ။

#ငလျင်

30/03/2025

အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။

PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး
မည်သူမဆို PFA ပေးလို့ရပါတယ်
ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။
မှန်ကန်တဲ့နည်းလမ်းနဲ့ ပေးနိုင်ဖို့တော့ လိုပါတယ် ။

PFAဆိုတာ ဖြစ်ရပ်ဆိုးနဲ့ ကပ်ဘေးတစ်ခုကြောင့် လောလောလတ်လတ် ထိခိုက်ခံစားနေရသူများကို ဖေးမကူညီပေးဖို့ ရည်ရွယ်ပါတယ်။

လူလုပ်တဲ့ ဘေးအန္တရာယ်အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးတွေကို မိမိကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေ ၊ တဆင့်မြင်ရကြားရသည်ဖြစ်စေ ကျွန်မတို့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားရကြပါတယ် ။

အဲ့ဒီလို အရေးပေါ်အခြေအနေတွေမှာ ကျွန်မတို့အနေနဲ့ လူသားဆန်တဲ့ အထောက်အပံ့၊ အကူအညီ ၊ ပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ ခေါ်ပါတယ် ။
လက်တွေ့ကျတဲ့ထောက်ပံ့မှုကိုလည်း ဆိုလိုပါတယ်။

✅Look
အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့
လုံခြုံရေးပါ
အရင်ဆုံး ဒီကပ်ဘေးမှ လွတ်မြောက်သူတွေကို ဘေးကင်းလုံခြုံရာကို ရွေ့ပြောင်းပေးပါ
သူတို့မှာ အရေးတကြီး ဘာလိုအပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပါ ။
ရေလိုအပ်ရင် ရေတိုက်ပါ
အဝတ်အထည်လိုအပ်နေတယ်လို့ထင်တယ် ဒါကိုအရင် ဖြည့်ဆည်းပေးပါ
ဆာလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါ။

မျက်စိနဲ့မြင်ရသော ပြင်ပထိခိုက်ဒဏ်ရာရနေရင် ကုသမှုပေးနိုင်သောနေရာများသို့ ပို့ဆောင်ပေးပါ
ကနဦးပြုစုစောင့်ရှောက်ကုသမှုပေးပါ ။

အလွန်အမင်းထိခိုက်တုန်လှုပ်နေတယ်လို့ထင်ရင် စိတ်တည်ငြိမ်အောင် ကူညီပေးပါ
ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုယ်က သူ့အားကူညီပေးမယ့်သူဖြစ်တယ်ဆိုတာကို ယုံကြည်အောင် ရိုးရိုးရှင်းရှင်းနဲ့ တိတိကျကျလေး မိတ်ဆက်ဖို့လိုပါတယ် ။
ဒီနေရာမှာ အတင်းအကြပ် မေးမြန်းတာမျိုး ၊ ကြုံတွေ့ရတာတွေကို ပြောပြခိုင်းတာမျိုးကို ရှောင်ပါ
ကာယကံရှင်က မပြောပြချင်ရင် ဒီတိုင်းပဲထားပါ
ငိုနေတဲ့သူဆိုရင်လည်း မငိုနဲ့ တိတ်တိတ်လို့ ပြောမယ့်အစား သူ့ကိုငိုခွင့်ပေးပြီး ကိုယ်က ဆိတ်ဆိတ်နေပေးခြင်းကလည်း ကူညီရာရောက်ပါတယ် ။

✅Listen
ပြောပြလာတဲ့အခါ ...
သူ့ဘက်မှ သူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကို မိမိအားရင်ဖွင့်တဲ့အခါမှာလည်း ဂရုတစိုက်နဲ့ နားထောင်ပေးပါ
ဖြတ်မမေးပါနဲ့ ဝေဖန်တာ ကဲ့ရဲ့တာတွေမလုပ်မိပါစေနဲ့
ကံကောင်းလို့အသက်ရှင်တာဆိုတဲ့ အပြောအဆိုမျိုး မပြောမိအောင် သတိထားပါ
ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး လူတိုင်းကြုံနေရတာဆိုတာမျိုး ၊ ငိုနေလို့လည်း ပြီးသွားမှာမဟုတ်ဘူး စတဲ့ ကရုဏာဒေါသောနဲ့ ပြောဆိုမှုမျိုးကို ရှောင်ပါ။
စာနာမှု၊ နားလည်မှု ဖြင့် နားထောင်ပါ ။

✅Link
ချိတ်ဆက်ပေးပါ
သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါ
သူတို့ကို လိုအပ်တဲ့ လူမှုကူညီရေးအထောက်အပံ့တွေနဲ့ ချိတ်ဆက်ပေးတာ ၊ မိသားစုဝင် ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးတာ၊ ဘာသာရေးအသိုက်အဝန်း နဲ့အဆက်အသွယ်ရဖို့ စတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ် ။
ဘေးသင့်သူအချင်းချင်း ၊ ဖြစ်ရပ်ကို ကြုံရသူအချင်းချင်း ဖေးမနိုင်အောင် ကူညီပေးပါ။

ဆယ်ကျော်သက်အပါအဝင် ကလေးသူငယ်တွေ
ကျန်းမာရေးပြဿနာရှိသူတွေ ၊ မသန်စွမ်းသူတွေနဲ့ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိသူတွေ ထိခိုက်ခံစားလွယ်သူတွေကတော့ အထူးစောင့်ရှောက်ပေးမှု လိုအပ်ပါတယ်။
တခြားသူ‌တွေထက် ချဉ်းကပ်ရမယ့်ပုံစံချင်းသာမက အကူအညီပေးရာမှာလည်း ကွဲပြားချက်တွေရှိပါတယ် ။

တကယ်တော့ PFA ဆိုတာ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ် ။
လုပ်ဆောင်ရမယ့် အချက်တွေသာမကပဲ သတိထားရမယ့်အချက်တွေလည်း များပါတယ် ။

ဒါ့အပြင် လိုအပ်သူကို PFA ပေးရင်း ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ပေးဖို့လိုအပ်တာကိုလည်း သတိရပါ ။
ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်အောင် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိကိုပဲ အကူအညီပေးပါ ။
ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ တာဝန်မရှိကြောင်းကို အမှတ်ရပေးပါ ။

မိမိကိုယ်တိုင်အပြင် မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဂရုစိုက်ပါ ။
အနားယူဖို့ တိုက်တွန်းပါ

ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နေ့တာ မိမိ၏လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားပေးပါ ။
ဒါမှသာလျှင် ကျွန်မတို့အချင်းချင်း ကူညီ‌ဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ်

ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ် မဟုတ်ပါလား

ဒေါက်တာမီ
Reference
စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု
PFA WHO
(ကွင်းဆင်းလုပ်သားများအတွက် လမ်းညွှန်ချက် စာအုပ်)

⚠️ ငလျင်ဒဏ်ခံရပြီးနောက် ဘေးကင်းစေရန် လမ်းညွှန်ချက်များ (၂၈-၃-၂၀၂၅) ⚠️🚨 အဓိက အချက်များ- ပျက်စီးနေသော အဆောက်အအုံများ၊ ဓာတ်...
29/03/2025

⚠️ ငလျင်ဒဏ်ခံရပြီးနောက် ဘေးကင်းစေရန် လမ်းညွှန်ချက်များ (၂၈-၃-၂၀၂၅) ⚠️

🚨 အဓိက အချက်များ

- ပျက်စီးနေသော အဆောက်အအုံများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများနှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများကို ငလျင်လှုပ်ပြီးနောက် ကြုံတွေ့နိုင်ပါသည်။
- ငလျင်ဒဏ်ခံရပြီးနောက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာခြင်းအားဖြင့် သင်နှင့် သင်ချစ်ရသူများ ဘေးကင်းလုံခြုံမှု ရှိပါစေ။

❗ ငလျင်လှုပ်ပြီးလျှင် ပြီးချင်း

ငလျင်လှုပ်ပြီးလျှင် ဘေးအန္တရာယ်ကင်းအောင် မည်သည်ကို လုပ်ရမည်ကို လေ့လာပြီး သင်နှင့် သင့်ချစ်ရသူများကို ကာကွယ်ပါ။

ပျက်စီးနေသော အဆောက်အဦများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများ နှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများသည် ငလျင်လှုပ်ပြီးနောက် ကြုံတွေ့ရနိုင်သော အန္တရာယ်အနည်းငယ်မျှသာ ဖြစ်သည်။

📢 နောက်ဆက်တွဲ ငလျင်များကို ကြုံတွေ့ရနိုင်သည်။

- ငလျင်တစ်ခုကြုံတွေ့ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ ဆက်ကြုံတွေ့နိုင်ပါသည်။ ပြင်းအားမြင့် ငလျင်များပြီးလျှင် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခြင်းကို ဆိုလိုသည်။ ဤနောက်ဆက်တွဲငလျင်များသည် မိနစ်၊ ရက်၊ သီတင်းပတ် (သို့မဟုတ်) လများခြားပြီး ဖြစ်ပွားနိုင်ပါသည်။

- နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတစ်ခုကို ခံစားရပါက - ဝပ်ချပါ၊ အကာအကွယ်ယူပါ၊ မြဲမြံစွာ ဆုပ်ကိုင်ထားပါ (DROP, COVER, and HOLD ON)

📢 အကယ်၍ ဆူနာမီဖြစ်ပွားနိုင်ခြေရှိသော ဧရိယာတဝိုက်တွင် သင် ရှိနေပါက ကုန်းတွင်းပိုင်းကို သွားကာ အမြင့်ပိုင်းနေရာများကို ရှာဖွေနေရာယူပါ။

- အချို့အခြေအနေများတွင် ငလျင်လှုပ်ပါက ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီ ဖြစ်ပွားနိုင်ပါသည်။ ပြင်းထန်ငလျင်လှုပ်ပြီးနောက် မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း ဖြစ်ပွားနိုင်ပါသည်။

- ဆူနာမီသတိပေးချက်ကို ကြားရပါက (သို့မဟုတ်) ဆူနာမီ ဖြစ်နိုင်သော လက္ခဏာများကို သတိပြုမိပါက ဘေးကင်းရာသို့ ချက်ချင်း ရွှေ့ပြောင်းပါ။ ကုန်းတွင်းပိုင်းနှင့် မြင့်မားရာနေရာများသို့ တတ်နိုင်သမျှ ရောက်ရှိနေပါ။ ဒေသခံ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ၎င်းတို့သည် သင် စီစဉ်ထားသည်နှင့် မတူညီသော အခြားလမ်းကြောင်းများကို ညွှန်ကြားနိုင်သည်။

- ဆူနာမီ ကြုံတွ့နေစဉ်အတွင်းနှင့် ဆူနာမီ ကြုံတွေ့ပြီးချိန်များအတွင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ပုံနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နည်းများဆိုင်ရာ အချက်အလက်များကို ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များထံမှ ဝင်ရောက်ရှာဖွေလေ့လာပါ။

📢 သင် ပိတ်မိနေပါက သင့်ကို ဂရုစိုက်/အာရုံစိုက်လာအောင် ကြိုးစားပါ။

- သင့်ကို ဂရုစိုက်/အာရုံစိုက်လာအောင် ကြိုးစားပါ။ Text message ပို့ပါ။ (စာပို့ပါ။) နံရံ (သို့မဟုတ်) ပိုက်ကို ရိုက်နှက်၍ အသံပေးပါ။ (သို့မဟုတ်) သင့်ကို ကယ်ဆယ်ရေးများမှ ရှာဖွေနိုင်စေရန် ဝီစီမှုတ် အသံပြုပါ။

- ဖုန်မှုန့်များမှ ကာကွယ်ရန် ပါးစပ်၊ နှာခေါင်းနှင့် မျက်စိများကို ကာကွယ်ဖုံးအုပ်ထားပါ။

📢 ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် ဒဏ်ရာ၊ အနာများကို ဂရုစိုက်ပါ။

- ငလျင်လှုပ်နေစဉ်အတွင်းနှင့် ငလျင်လှုပ်ပြီးချိန်တွင် ထိခိုက်ဒဏ်ရာ ရနိုင်ခြေ မြင့်မားသည်။ ဒဏ်ရာ၊ အနာ သေးလေးများကို အနာကျက်မြန်စေရန်နှင့် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် အရေးပေါ်ကုသမှု အမြန်ခံယူပါ။

📢 တတ်နိုင်ပါက အကူအညီလိုအပ်နေသူများကို ကူညီပါ။ (ပြည်သူမှ ပြည်သူသို့)

- သင် ထိခိုက်ဒဏ်ရာမရှိကြောင်း သေချာ စစ်ဆေးပါ။ မရှိကြောင်းသေချာပြီး သင် တတ်နိုင်ပါက အခြားသူများကို ကူညီပါ။

📢 အချိတ်အဆက်ရှိအောင်ကြိုးစား၍ သတင်းအချက်အလက်များ လက်လှမ်းမီနေပါစေ။

- ဘက်ထရီဖြင့် အသုံးပြုရသော တီဗွီ၊ ရေဒီယို၊ လူမှုကွန်ယက်များနှင့် ဆဲလ်ဖုန်း စာတို သတိပေးချက်များမှ တစ်ဆင့် အရေးပေါ် သတင်းအချက်အလက်များနှင့် လမ်းညွှန်မှုများကို လက်ခံ နားစွင့်ပါ။

- ဖုန်းခေါ်ဆိုမှုကို အရေးပေါ်အခြေအနေအတွက် အသုံးပြုပြီး စာပို့စနစ်ကို ပိုမိုအသုံးပြုပါ။

❗ အိမ် အတွင်းပိုင်းတွင်

📢 အိမ်တွင် ထိခိုက် ပျက်စီးမှု ရှိ/မရှိ စစ်ဆေးပါ။

- အိမ်နံရံများ၊ ကြမ်းပြင်များ၊ တံခါးများ၊ ပြတင်းပေါက်များနှင့် လှေကားများကို ပျက်စီးမှု ရှိ/မရှိ ဂရုတစိုက်စစ်ဆေးပါ။ ဖောင်ဒေးရှင်းတွင် အက်ကွဲကြောင်းများ သို့မဟုတ် ထုပ်တန်းများ ပျောက်ဆုံးနေသကဲ့သို့ တည်ဆောက်ပုံပျက်စီးမှုများကို တွေ့ရှိပါက အခြားဘေးကင်းသော နေရာ သို့မဟုတ် အမိုးအကာအောက်သို့ ပြောင်းရွှေ့ရန် လိုအပ်နိုင်သည်။

- ဂက်စ်၊ လျှပ်စစ်နှင့် ရေလိုင်းများကို ပျက်စီးမှုရှိ/မရှိ စစ်ဆေးပါ။ ဂက်စ်နံ့ ရလျှင် သို့မဟုတ် ကျိုးနေသည့်လိုင်းကိုတွေ့ပါက အဓိက မိန်းခလုတ်ကို အပြင်ဘက်မှ ပိတ်လိုက်ပါ။ (မှတ်ချက်- ဂတ်စ်လိုင်းကို ပိတ်ပါက ပြန်လည် တပ်ဆင်ခြင်းကို ကျွမ်းကျင်ပညာရှင်များဖြင့်သာ ပြုလုပ်ရပါမည်။)

- ဓာတ်ငွေ့ယိုစိမ့်မှု မရှိကြောင်း သေချာသည်အထိ မီးခြစ်များ၊ မီးမွှေးသည့် ကိရိယာများ သို့မဟုတ် မီးခလုတ်များကို အသုံးမပြုရပါ။ လျှပ်စစ်မီးခလုတ်များမှ မီးပွားများသည် ဓာတ်ငွေ့များကို လောင်ကျွမ်းစေပြီး ပေါက်ကွဲစေနိုင်သည်။

📢 မီးပြတ်လျှင် ဖယောင်းတိုင်အစား ဓာတ်မီးများကို အသုံးပြုပါ။

- မဖြစ်မနေ ဖယောင်းတိုင်ကို အသုံးပြုရန် လိုအပ်ပါက မီးကူးလွယ်သည့် မည်သည့်အရာကိုမဆို ဝေးဝေးတွင်ထားပါ။ ထွန်းညှိထားသော ဖယောင်းတိုင်များအနီးတွင် အမြဲနေပါ။

- မီးသတ်ဆေးဘူးကို လက်လှမ်းမီနိုင်သော နေရာတွင် ထားရှိပြီး သင့်မိသားစုကိုလည်း မီးသတ်ဆေးဘူး အသုံးပြုနည်းကို သိရှိစေပါ။

📢 ကာဗွန်မိုနောက်ဆိုဒ် (CO) အဆိပ်သင့်ခြင်းမှ ကာကွယ်ပါ။

မီးစက်များ၊ ဖိအားသုံး ရေဆေးခုံများ၊ မီးသွေးနှင့် မီးဖိုသုံး လောင်စာများ လောင်ကျွမ်းခြင်းဖြင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့များ ထွက်လာစေသည်။ ကာဗွန်မိုနောက်ဆိုဒ်သည် အနံမရနိုင် သို့မဟုတ် မမြင်နိုင်သော်လည်း အိမ်ထဲတွင် ဓာတ်ငွေ့ရှိနေပါက ရုတ်တရက် ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။

- သယ်ဆောင်ရလွယ်သော ဓာတ်ဆီ သို့မဟုတ် ကျောက်မီးသွေးလောင်စာသုံး ကိရိယာ သို့မဟုတ် စခန်းချ မီးဖိုများကို သင်၏ အိမ်၊ မြေအောက်ခန်း သို့မဟုတ် ကားဂိုဒေါင်အတွင်း ဘယ်သောအခါမှ မသုံးပါနှင့်။ ပြတင်းပေါက်၊ တံခါး သို့မဟုတ် လေဝင်ပေါက်မှ အနည်းဆုံး ပေ ၂၀ အကွာ အိမ်အပြင်ဘက်တွင် ထားပါ။

- မီးစက် သို့မဟုတ် လောင်စာသုံးပစ္စည်းများ အသုံးပြုသည့် အခါတိုင်း ဘက်ထရီ (ဓာတ်ခဲ)ဖြင့် အသုံးပြုရသည့် ကာဗွန်မိုနောက်ဆိုဒ် စစ်ဆေးစက် (CO detector) ကို အသုံးပြုပါ။

📢 သန့်ရှင်းသောရေကို သောက်ပါ။ ဘေးကင်းသော အစားအစာကို စားပါ။

- ဓာတ်အားပြတ်တောက်မှုကြောင့် ရေခဲသေတ္တာများ စနစ်တကျ အလုပ်မလုပ်လျှင် အစားအစာများ ပုပ်သိုးပျက်စီးလွယ်သောကြောင့် ၎င်းတို့ကို စွန့်ပစ်ပါ။ ပုံမှန်မဟုတ်သော အနံ့၊ အရောင် တွေ့ရလျှင် သို့မဟုတ် အနေအထား ပျက်ယွင်းနေလျှင် ထိုအစားအစာများကို စွန့်ပစ်ပါ။ မသေချာသည့်အခါတိုင်း လွှင့်ပစ်ရန် လိုအပ်ပါသည်။

- ကလေးနို့မှုန့် ဖျော်ရန်၊ ရေခဲ ခဲရန်၊ သွားတိုက်ရန်၊ အစားအစာပြင်ဆင်ရန်၊ လက်ဆေးရန် သို့မဟုတ် ပန်းကန်ဆေးရန်အတွက် ညစ်ညမ်းသောရေကို မသုံးပါနှင့်။

- သောက်သုံးရေသန့်ဗူးများ၊ ကြိုချက်ထားသော သို့မဟုတ် ပိုးသတ်ထားသော ရေများကိုသာ သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုပါ။ ရေကို ကြိုချက်သောက်သုံးရန်နှင့် ပိုးသတ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ သီးခြားအကြံပြုချက်များကို ရယူပါ။

📢 အန္တရာယ်မဖြစ်စေရန် ဂရုစိုက်ပြီး အိမ်သန့်ရှင်းရေး ပြုလုပ်ပါ။

- ငလျင်လှုပ်ပြီးနောက် အိမ်သန့်ရှင်းရေးလုပ်ရာတွင် သင်ကိုယ်တိုင်နှင့် မိသားစုဝင်များ ဘေးကင်းစေရန်အတွက် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ပါ။

- သန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များကို လိုက်နာပြီး အရေးပေါ်အချက်အလက်များအတွက် သင့်ရေဒီယို သို့မဟုတ် သတင်းထုတ်လွှင့်ချက်များကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ပါ။

❗ နေအိမ် ပြင်ပတွင်

📢 ပျက်စီးနေသော အဆောက်အအုံများကို သတိထားပါ။

- ပျက်စီးနေသော အဆောက်အအုံများ အတွင်းသို့ မ၀င်ရပါ။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ကျွမ်းကျင်သူများက စစ်ဆေးပြီး လုံခြုံပြီဟု သတ်မှတ်မှသာ အဆောက်အအုံများထဲသို့ ပြန်ဝင်ပါ။

- ပုံမှန်မဟုတ်သော အသံများကြားပါက သင်၏ နေအိမ် သို့မဟုတ် အဆောက်အအုံမှ ချက်ချင်း ထွက်ခွာပါ။ ထိုအသံများသည် အဆောက်အအုံ ပြိုလဲတော့မည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။

📢 ဓာတ်အားလိုင်းများ/ လျှပ်စစ်မီးကြိုးများနှင့် ဝေးရာတွင် နေပါ။

- ဓာတ်အားလိုင်းများ အပေါ်မှ ပြုတ်ကျနိုင်သည်ကို သတိထားပါ။
- ပြုတ်ကျ/ ပျက်ကျနေသော မီးကြိုးများကို သတိပြုပါ။ တွေ့ရှိပါက ကျွမ်းကျင်သူများသို့ ဆက်သွယ်အသိပေးပါ။

📢 တိရစ္ဆာန်များနှင့် ပိုးမွှားများရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ။

- ငလျင်လှုပ်ပြီးနောက် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် ပိုင်ရှင်မဲ့ လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေပါ။
- သေဆုံးသော တိရစ္ဆာန်များကို တွေ့ရှိပါက သတင်းပို့ပါ။

❗ စိတ်ကျန်းမာရေး

📢 စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပါ။

ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်အပြီးတွင် မတူညီသော၊ ပြင်းထန်သော စိတ်ခံစားမှုများကို ခံစားရသည်မှာ သဘာဝဖြစ်သည်။ ဤခံစားချက်များကို ရင်ဆိုင်ဖြေရှင်းပြီး လိုအပ်သည့်အခါ အကူအညီရယူခြင်းသည် သင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းကို သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါလိမ့်မည်။

- မိသားစု၊ သူငယ်ချင်းများနှင့် သို့မဟုတ် အသိုင်းအဝိုင်းရှိ အခြားသူများနှင့် ချိတ်ဆက်ပါ။

- မိမိကိုယ် မိမိလည်း ဂရုစိုက်ပါ။ တစ်ယောက်နှင့် တစ်ယောက်လည်း အပြန်အလှန် ဂရုစိုက်ပြီး အကူအညီရယူရမည့် အချိန်နှင့် မည်ကဲ့သို့ အကူအညီ ရယူနိုင်မည်ကို သိပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source:
https://www. cdc. gov/earthquakes/safety/stay-safe-after-an-earthquake.html
------------------

ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အခမဲ့ (အခမဲ့) အကူအညီ ရယူနိုင်ရန်

✅ Zero Su***de Hotlines
https://t.me/zeroscbot

နှင့်

✅ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
https://m.me/telehealthmm

https://t.me/TLKMReception

✅ တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw

✅ Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr

သို့ ဆက်သွယ်ပါ။

28/03/2025

ငလျင် ဘေးအန္တရာယ်ကြောင့် ဆေးရုံ ဆေးခန်းသွားပြဖို့ အခက်အခဲရှိနေတဲ့လူနာများ အခမဲ့ ကြည့်ပေးပါမည်ခင်ဗျ။ ပြသချင်တဲ့လူနာများ မက်ဆင်ဂျာကဆက်သွယ်ပေးပါခင်ဗျ။

 #ငလျင်သတင်း #ဘေးအန္တရာယ်ကင်းကြပါစေ
28/03/2025

#ငလျင်သတင်း
#ဘေးအန္တရာယ်ကင်းကြပါစေ

❕ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သတိပြုရန်အချက်များ **ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရမည့်အချက်များ**  ✅ **ပြုလုပ်သင့်သောအရာများ**  ✅စ...
28/03/2025

❕ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သတိပြုရန်အချက်များ

**ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရမည့်အချက်များ**

✅ **ပြုလုပ်သင့်သောအရာများ**
✅စိတ်တည်တည်ငြိမ်ငြိမ်ထားပါ၊ အရမ်းအထိတ်တလန့်ဖြစ်ပြီး အပြင်သို့ အလောတကြီး ပြေးထွက်ခြင်းများ ဂရုစိုက်ပါ၊ ဒဏ်ရာရနိုင်သည်။
✅အိမ်တွင်းရှိပါက ပြုတ်ကျနိုင်သောပစ္စည်းများမှ ကာကွယ်နိုင်သည့် ခိုင်ခံ့သောစားပွဲခုံအောက်တွင် ခိုလှုံပါ။ ပြတင်းပေါက်၊ တံခါးများနှင့် ဝေးဝေးနေပါ။
✅တိုက်အမြင့်တွင်ရှိပါက လှေကားဖြင့် အမြန်ထွက်ခွာပါ။ ပြုတ်ကျနိုင်သည့်ပစ္စည်းများကို ရှောင်ပါ။
✅အပြင်မှာရှိပါက လျှပ်စစ်ကြိုးများ၊ ပြိုကျနိုင်သည့်အဆောက်အဦများမှ ဝေးဝေးနေပါ။
✅ကားထဲတွင်ရှိပါက ကားကိုရပ်ကာ ငလျင်တုန်ခါမှုရပ်သည်အထိ ကားအတွင်း၌သာနေပါ။
✅ကမ်းခြေ၊ မြစ်ကမ်းနားများမှ ဝေးဝေးနေပါ။ငလျင်ကြောင့် ဆူနာမီ (သို့) လှိုင်းကြီးများ ဖြစ်နိုင်သည်။

🚫 မပြုလုပ်သင့်သောအရာများ
🚫 ဓာတ်လှေကားမသုံးပါနှင့်။ လျှပ်စစ်ပြတ်တောက်ခြင်း (သို့) ပြိုကျမှုဖြစ်နိုင်သည်။
🚫 မီး (သို့) မီးစက်များ မသုံးပါနှင့်။** ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်နိုင်သည်။

❗️ငလျင်အပြီး ဆောင်ရွက်ရမည့်အချက်များ
၁။ ကိုယ်တိုင်နှင့် အနီးရှိသူများကို ဒဏ်ရာရှိ/မရှိ စစ်ဆေးပါ။ လိုအပ်ပါက ပမာဏအရေးပေါ်ကုသနည်းများ ပြုလုပ်ပါ။
၂။ ပျက်စီးနေသော (သို့) မတည်ငြိမ်သောအဆောက်အဦများမှ ချက်ချင်းထွက်ခွာပါ။
၃။ ကျိုးပဲ့သောပစ္စည်းများမှ ကာကွယ်ရန် ခိုင်ခံ့သောဖိနပ်၊ လက်အိတ်စသည်တို့ ဝတ်ဆင်ပါ။
၄။ မီးလောင်မှု၊ ဓာတ်ငွေ့ယိုစိမ့်မှု၊ လျှပ်စစ်အန္တရာယ်များကို စစ်ဆေးပြီး လိုအပ်ပါက လျှပ်စစ်မီးပိတ်ပါ။
၅။ နောက်ထပ်ညွှန်ကြားချက်များအတွက် သတင်းရင်းမြစ်များနှင့် အရေးပေါ်အသိပေးချက်များကို ဂရုတစိုက်လိုက်နာပါ။

**ငလျင်အကြို/အလွန်လှုပ်နိုင်သောကြောင့် သတိထားနေပါ။**
အားလုံးပဲ ဘေးအန္တရာယ်ကင်းကြပါစေ! 🙏

#ငလျင်သတင်း
#ဘေးအန္တရယ်ကင်းကြပါစေ

#ငလျင်သတင်း
#ဘေးအန္တရယ်ကင်းကြပါစေ

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Dway Health Educationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram