Ladprao General Hospital Myanmar

Ladprao General Hospital Myanmar “Your Good Health and Well-Being is
Our Main Objective”

"လာဘ်ဖရောင်းဆေးရုံကြီးသည် ၀.၅ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ထောင်ထားသော ကုတင် ၂၀၀ ဆန့်ဆေးရုံဖြစ်ပြီး လာဘ်ဖရောင်းလမ်းမကြီး၊ ဘန်ကောက်မြို့ပေါ်တွင် တည်ရှိပါသည်။ ဆရာဝန်နှင့်ဆေးရုံလုပ်ငန်းကျွမ်းကျင်သူများမှ ဦးဆောင်ပြီး အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် နိုင်ငံသားများကို ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ၁၉၉၃ ခုနှစ်တွင် ဆေးရုံကို တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆို နှစ် ၃၂ ဝန်းကျင်ရှိခဲ့ပါသည်။

ယခုအချိန်မှာတော့ လာဘ်ဖရောင်းဆေးရုံကြီး၏ကျန်းမာရေးဝန်ဆောင်မှုကို နိုင်ငံတကာအဆင့်သို့ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ အရှေ့အလယ်ပိုင်းမှလူနာများ၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ လူနာအများအပြားလာရောက်ကုသနေပြီဖြစ်ပါသည်။ လာဘ်‌ဖရောင်းဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့အစည်း‌တွင် ဆေးဝန်ထမ်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆေးပညာအထူးပြုဘာသာရပ်အသီးသီးမှ အတွေ့အကြုံမြင့်မားသော ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ အဆင့်မြင့်နည်းပညာဖြစ်သော Robotic Assisted Rehabilitation အသုံးပြု ကိုယ်ကာယပြန်လည်သန်စွမ်းရေးအထူးကုပညာရှင်များ၊ အာဟာရပညာရှင်များ၊ CT, MRI, Digital Mammogram ပုံရိပ်ဖော်ကျွမ်းကျင်ပညာရှင်များနှင့် အခြားအထွေထွေ ဆေးပညာဝန်ထမ်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။"


Awards & Accreditations
---------------------------
- ISO9002 certification (Total Quality Management Standard), 20th of August 1998
- ISO 14001certification (Environmental Management Quality Standard System) 23rd of March 2000,
- Hospital Accreditation (HA) on 28th of February 2003, and received a certificate of HA at the National Forum on
Quality Improvement and Hospital Accreditation on 17th of March 17, 2003. In 2024, Ladprao General Hospital aims to achieve Joint Commission International (JCI) standards, demonstrating their commitment to top-quality healthcare services and patient safety.

"ခွဲစိတ်ဌာန၏ Surgeon "Dr. Tanasit Hutachoke , MD. နှင့် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် လာဘ်ဖရောင်းဆေးရုံမှ ဂုဏ်ယူမိပါသည်" 👨‍⚕🩺...
24/11/2025

"ခွဲစိတ်ဌာန၏ Surgeon "Dr. Tanasit Hutachoke , MD. နှင့် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် လာဘ်ဖရောင်းဆေးရုံမှ ဂုဏ်ယူမိပါသည်" 👨‍⚕

🩺Education
1987 : Doctor of Medicine, Faculty of Medicine, Siriraj Hospital, Mahidol University, Thailand

1991 : Diploma of the Thai Board of Surgery, Chiang Mai University, Thailand

1994 : Department of Surgery, United States

______________________________________________________________

Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310



၂၀၂၅ ခုနှစ် ကမ္ဘာ့လေဖြတ်ရောဂါနေ့၏ ဆောင်ပုဒ်မှာ  'မိနစ်တိုင်း အရေးပါသည်'  ဖြစ်ပြီး ရောဂါလက္ခဏာများကို သတိပြုမိခြင်းနှင့် ...
29/10/2025

၂၀၂၅ ခုနှစ် ကမ္ဘာ့လေဖြတ်ရောဂါနေ့၏ ဆောင်ပုဒ်မှာ 'မိနစ်တိုင်း အရေးပါသည်' ဖြစ်ပြီး ရောဂါလက္ခဏာများကို သတိပြုမိခြင်းနှင့် ​ဆောင်ပုဒ်အတိုင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။ ဤဆောင်ပုဒ်သည် လူမှုအသိုင်းအဝိုင်းများတစ်လျှောက် ပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အချိန်မီကုသမှုနှင့် ကြိုတင်ကာကွယ်စောင့်ရှောက်မှု လိုအပ်ကြောင်း အလေးပေးဖော်ပြထားပါသည်။

ယခင်နှစ်များက ဆောင်ပုဒ်များသည် ကာကွယ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာခြင်းမှ ပြန်လည်ထူထောင်ရေးနှင့် စောင့်ရှောက်သူများ၏ ပံ့ပိုးမှုအထိ အမျိုးမျိုးရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွက် အဓိကထားရမည့်အချက်မှာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အစိုးရများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့ကို စည်းလုံးစေခြင်းဖြင့် လေဖြတ်ခြင်း​ရောဂါကို အတူတကွ တိုက်ဖျက်နိုင်ရန်ဖြစ်ပါသည်။

လူတိုင်းသိထားသင့်သော သတိပေးလက္ခဏာများ
လေဖြတ်ခြင်း အ​လေးထားသတိပြုမိစေရန်အတွက် အထိရောက်ဆုံးကိရိယာများထဲမှ တစ်ခုမှာ FAST နည်းလမ်းဖြစ်ပါသည်

F - Face drooping - မျက်နှာရွဲ့ခြင်း
A - Arm weakness - လက်လှုပ်ရှားမှု အားနည်းလာခြင်း
S - Speech difficulty - စကားပြောရခက်ခဲလာခြင်း
T - Time to call emergency services - အရေးပေါ်ဆေးကုသရန်အတွက် စတင်ရမည့်အချိန်ဖြစ်ပါသည်
🙏🙏🙏



"In Remembrance of Her Majesty Queen Sirikit The Queen Mother "🙏🙏🙏
25/10/2025

"In Remembrance of Her Majesty Queen Sirikit The Queen Mother "🙏🙏🙏


"လာဘ်ဖရောင်းဆေးရုံကြီး၏ အမျိုးသမီးသားဖွားမီးယပ်အထူးကုဌာနတို့၏  သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး "Papungkorn Surapanthapisit...
12/10/2025

"လာဘ်ဖရောင်းဆေးရုံကြီး၏ အမျိုးသမီးသားဖွားမီးယပ်အထူးကုဌာနတို့၏ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး "Papungkorn Surapanthapisit. MD" နှင့် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် လာဘ်ဖရောင်းဆေးရုံမှ ဂုဏ်ယူမိပါသည်" 👨‍⚕️

🩺Education
2000 : Doctor of Medicine, Faculty of Medicine, Siriraj Hospital, Thailand
2007 : Diploma of Thai Board of Obstetrics and Gynecology
》》Certificate Gynecologic Laparoscopic Surgery



🙏🙏🙏"သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့‌)" တွင် မိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် စည်းစ...
06/10/2025

🙏🙏🙏"သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့‌)" တွင် မိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



၂၀၂၅ ရဲ့ ကမ္ဘာ့နှလုံးကျန်းမာရေး အတွက်တရားဝင်ဆောင်ပုဒ်မှာ 'နှလုံးခုန်တစ်ချက် မလွတ်ပါစေနှင့်' ဟု World Heart Federation မှ...
29/09/2025

၂၀၂၅ ရဲ့ ကမ္ဘာ့နှလုံးကျန်းမာရေး အတွက်တရားဝင်ဆောင်ပုဒ်မှာ 'နှလုံးခုန်တစ်ချက် မလွတ်ပါစေနှင့်' ဟု World Heart Federation မှကြေငြာထားပါသည်။

ဤဆောင်ပုဒ်အထူးညွှန်းလိုသည်မှာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ပက်သက်ပြီး နိုးနိုးကြားကြားရှိနေရန် လိုအပ်ကြောင်း၊ လူတစ်ဦးချင်းစီအား သတိပေးလက္ခဏာများကို လျစ်လျူမရှုရန် သို့မဟုတ် ပုံမှန်စစ်ဆေးခြင်းကို နှောင့်နှေးခြင်းမပြုရန်၊ ကျန်းမာသောအလေ့အထနှင့် အချိန်မှီ ဆေးကုသမှုခံယူရန် တိုက်တွန်းထားပါသည်။

လူနေမှုပုံစံနှင့်ဆက်စပ်သော နှလုံးရောဂါများ မြင့်တက်နေသည့်ကမ္ဘာတွင် လူတိုင်းအား နှလုံးခုန်စည်းချက်တိုင်းကို အလေးအနက်ထားရန်၊ ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးခြင်း၊ အာဟာရမျှတခြင်း၊ စိတ်ဖိစီးမှုကိုထိန်းသိမ်းခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရန် တိုက်တွန်းထားပါသည်။ "Don't Skip the Beat" သည် ဆောင်ပုဒ်တစ်ခုသာမက ကျွန်ုပ်တို့၏နှလုံးသားအတွင်းရှိ ဘဝစည်းချက်အား ကာကွယ်ရန် လုပ်ဆောင်ချက်ပါ ထပ်မံတောင်းဆိုမှုတစ်ခုဖြစ်လာပါသည်။

နှလုံးရောဂါကို ဘယ်လိုကာကွယ်ရမလဲ။
ကြိုတင်ကာကွယ်ခြင်းသည် ယနေ့ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အားထုတ်မှု၏ အဓိကအချက်ဖြစ်သည်။ တသမတ်တည်းသော အလေ့အထများနှင့် လူနေမှုပုံစံရွေးချယ်မှုများမှတစ်ဆင့် သင်၏အန္တရာယ်ကို လျှော့ချနိုင်ပါသည်။ 🙏



😊🙏
20/09/2025

😊🙏

Lifecare Medical Services Myanmar မှ မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်။

📌 Whole Body Medical Check Up လုပ်ရာမှ မထင်မှတ်ပဲ သားဥအိမ်အလုံး Ovarian Mass တွေ့ရှိခဲ့ပြီး အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့တဲ့အစ်မ အကြောင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။

💁‍♀️အစ်မ မဖြိုး အနေနဲ့ Lifecare Medical Services နှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ 🏥Ladprao General Hospital မှာ Medical Check Up သွားရောက် စစ်ဆေးဖြစ်ရာမှ ညာဘက် သားဥအိမ်မှာ Ovarian mass 7cm ဝန်းကျင် အလုံးတွေ့ရှိခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ခဲ့လို့ အဆင်ပြေ အောင်မြင်ခဲ့တဲ့ ဖြစ်စဉ်လေးပဲ ဖြစ်ပါတယ်။

အရင်က ရောဂါ လက္ခဏာ ထွေထွေထူးထူး မပြခဲ့လို့ ကျန်းမာရေးစစ်ဆေးမှု မလုပ်ပဲ သာမန်ပဲ နေခဲ့မယ်ဆိုရင် အခုထက်ဆိုးဝါးတဲ့ အခြေအနေနဲ့ ငွေပိုကုန်၊ လူပင်ပန်း အဖြစ်မျိုးနဲ့ ကြုံတွေ့နိုင်တဲ့အတွက် Medical Check Up ကို ပုံမှန်လေး ပြုလုပ်သင့်ကြောင်း အသိပေး တိုက်တွန်းလိုက်ရပါတယ်ရှင်။

🔹Lifecare Medical Services နှင့် ယုံကြည်စွာ လက်တွဲခဲ့တဲ့ အစ်မကို အခုလို ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခွင့်ရသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေရှင်။

အစ်မ မဖြိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်လေးကိုလည်း အောက်ပါ Link လေးနဲ့ ပြန်လည် မျှဝေလိုက်ပါတယ်။

▪️ https://www.facebook.com/share/p/19fLCuSuNb/

✅ Medical Check Up လုပ်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးရနိုင်လဲ။

“Prevention is better than cure” ဆိုသည့်အတိုင်း ကျန်းမာရေး စစ်ဆေးခြင်းကို ပုံမှန်လုပ်ခြင်းကြောင့် ရောဂါရှိနေခဲ့လျှင် စောလျင်စွာ သိရှိနိုင်ပြီး အချိန်မီကုသမှုခံယူနိုင်မှာ ဖြစ်လို့ ဆိုးဝါးသောရောဂါအခြေအနေသို့ ရောက်ရှိစေမည် မဟုတ်ပဲ ကုသမှုကုန်ကျစရိတ်လည်းသက်သာစေမှာ ဖြစ်ပါတယ်။

သာမန်အားဖြင့် အကြီးစားရောဂါလက္ခဏာများမပြပဲ 👉 နေကောင်းတယ်လို့ ထင်နေချိန်မှာ နေ့စဉ် လူနေမှုဘဝ နှင့် နေထိုင်စားသောက်မှုတို့ကြောင့် သင်မသိနိုင်တဲ့ နောက်ကွယ်က ရောဂါအစပျိုးပြုတွေ ရှိနေနိုင်တဲ့အတွက် လူတိုင်း တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစစ်ဆေးသင့်ပါတယ်ရှင်။

👩‍💻 ကျန်းမာရေး စစ်ဆေးမှုများနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းဆွေးနွေးလိုသည်များရှိပါက 💬 Lifecare Medical Services Myanmar Messenger မှ တစ်ဆင့်သော်လည်းကောင်း၊☎️ဖုန်းနံပါတ် 09 455 744 000 နှင့် 09 455 766 000 တို့ကို ဖုန်းဆက်၍ (သို့) 📲 Viber မှတဆင့်လည်းကောင်း
https://connect.viber.com/business/7de2dbfc-ce66-11ef-8d0f-0e2a87a539c9?utm_source=manage&utm_medium=copy_link

📧 အီးမေးလ်လိပ်စာ lifecaremedicalservices@lifelinemyanmar.com သို့လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

Lifecare Medical Services သည် မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံ သို့ ကျန်းမာရေးစစ်ဆေးမှုခရီးစဉ် သွားရောက်လိုသော ဧည့်သည်တော်များအတွက် ကျန်းမာရေးစစ်ဆေးမှု/ကုသမှု Package အမျိုးမျိုးနှင့် ပြည်တွင်းကျန်းမာရေး ဝန်ဆောင်မှုအမျိုးမျိုး တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

"🤰လာဘ်ဖရောင်းဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင်မေမေများ ကိုယ်ဝန်အပ် ကလေးလာမွေးမည်ဆိုပါက ဤအစီအစဉ်လေးကို အသုံးပြုလို့ရကြောင်း သတ...
17/09/2025

"🤰လာဘ်ဖရောင်းဆေးရုံကြီးတွင်
ကိုယ်ဝန်ဆောင်မေမေများ ကိုယ်ဝန်အပ် ကလေးလာမွေးမည်ဆိုပါက ဤအစီအစဉ်လေးကို အသုံးပြုလို့ရကြောင်း သတင်းကောင်းပေးအပ်ပါသည်
ပုံမှန်မီးဖွားခြင်း - 48,000 ဘတ် (၂ ညအိပ် ၃ ရက်)
ခွဲစိတ်မီးဖွားခြင်း - 62,000 ဘတ် (၃ ညအိပ် ၄ ရက်)

ကလေးမမွေးခင် ဆရာဝန်နဲ့အရင် လာရောက်ဆွေးနွေး ကိုယ်ဝန်အပ်ဖို့လိုအပ်ပါတယ်"

________________________________________________________

Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310



👩‍⚕️👨‍⚕️“Fibroscan”  ဆိုတာဘာပါလဲ 🤔Fibroscan test သည် ထိုးဖောက် (ခွဲစိတ်မှု) နည်းလမ်းများ မလိုအပ်ဘဲ အသည်းအဆီဖုံးခြင်း သို...
04/09/2025

👩‍⚕️👨‍⚕️“Fibroscan” ဆိုတာဘာပါလဲ 🤔
Fibroscan test သည် ထိုးဖောက် (ခွဲစိတ်မှု) နည်းလမ်းများ မလိုအပ်ဘဲ အသည်းအဆီဖုံးခြင်း သို့မဟုတ် အသည်းခြောက်ခြင်းစသည့်ရောဂါများ ဖြစ်ပေါ်ခြင်းတို့ကို ဖော်ထုတ်နိုင်စေမည့် ခေတ်မှီနည်းလမ်းတစ်ခုဖြစ်ပါသည်။ ပြင်ပလူနာအနေဖြင့် Fibroscan စစ်ဆေးခြင်းသည် ပုံမှန်အသည်းစစ်ဆေးခြင်းအတွက် ပိုမိုနှစ်သက်ဖွယ်နည်းလမ်းဖြစ်လာရခြင်းမှာ ဤနည်းပညာသည် လူနာအတွက် သက်တောင့်သက်သာရှိပြီး နာကျင်မှုမရှိသည့်အပြင် ဆရာဝန်များသည် အသားစယူစစ်ဆေးခြင်းမရှိဘဲ ခွဲစိတ်မှုနည်းလမ်းများမပါဘဲ အသည်းပျက်စီးမှုအခြေအနေကို ဆုံးဖြတ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။

________________________________________________________
Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310



👩‍⚕️"အသည်းခြောက်ခြင်းဆိုတာဘာပါလဲ?" အသည်းခြောက်ရောဂါသည် နောက်ဆုံးအဆင့်အသည်းရောဂါဖြစ်ပြီး ကျန်းမာသောအသည်းတစ်ရှူးစများကို အ...
31/07/2025

👩‍⚕️"အသည်းခြောက်ခြင်းဆိုတာဘာပါလဲ?"
အသည်းခြောက်ရောဂါသည် နောက်ဆုံးအဆင့်အသည်းရောဂါဖြစ်ပြီး ကျန်းမာသောအသည်းတစ်ရှူးစများကို အနာရွတ်တစ်ရှူးများဖြင့် တဖြည်းဖြည်းအစားထိုးသွားသည့်ဖြစ်စဥ်ဖြစ်ပါသည်။ နာတာရှည် အသည်းရောင်ရောဂါရဲ့ ရလဒ်တစ်ခုဖြစ်လာပါသည်။ အသည်းရောင်ရောဂါသည် သင့်အသည်းတွင် ရောင်ရမ်းခြင်းဖြစ်ပြီး အကြောင်းရင်းများစွာရှိပါသည်။ ရောင်ရမ်းမှုဖြစ်ပွားနေချိန်တွင် သင့်အသည်းသည် အမာရွတ်များဖြင့် သူ့အလိုလို ပြန်လည်ပြုပြင်ရန်ကြိုးစားပါသည် သို့သော်အမာရွတ်တစ်ရှူးတွေ များပြားခြင်းက သင့်အသည်းကို ကောင်းမွန်စွာ အလုပ်မလုပ်အောင် တားဆီးလာပါသည်။ နောက်ဆုံးအဆင့်မှာ နာတာရှည် အသည်းပျက်စီးခြင်းဖြစ်ပါသည်။

"အသည်းခြောက်ရောဂါလက္ခဏာများနှင့် အကြောင်းရင်းများ"
- မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း။
- အရေပြားယားယံခြင်း။
- အစာစားချင်စိတ်မရှိခြင်း။
- မကြိုးစားဘဲ ကိုယ်အလေးချိန်ကျခြင်း။
- ပျို့အန်ခြင်း။
- ဝမ်းဗိုက်အပေါ်ညာဘက်ပိုင်းရှိ အသည်းပေါ် သို့မဟုတ် ဝမ်းဗီုက်ကြွက်သားပေါ်တွင် အနည်းငယ်နာကျင်ခြင်း သို့မဟုတ် အနေခက်ခြင်း။
- ကြွက်သားများ လျော့ပါးခြင်း၊ အားနည်းခြင်း။
- ကြွက်သားများ ကြွက်တက်ခြင်း။

________________________________________________________

Ladprao General Hospital
Address: 2699 Lat Phrao Rd, Khlong Chaokhunsing, Wang Thonglang, Bangkok 10310



🙏🙏🙏
28/07/2025

🙏🙏🙏

ทรงพระเจริญ 🙏

เนื่องในโอกาสวันเฉลิมพระชนมพรรษา พระบาทสมเด็จพระปรเมนทรรามาธิบดีศรีสินทรมหาวชิราลงกรณ พระวชิรเกล้าเจ้าอยู่หัว (รัชกาลที่ 10)

ด้วยเกล้าด้วยกระหม่อม ขอเดชะ
ข้าพระพุทธเจ้า คณะผู้บริหาร แพทย์ พยาบาล และเจ้าหน้าที่
โรงพยาบาลลาดพร้าว
#เพราะการดูแลและห่วงใยสุขภาพของคุณคือหน้าที่หลักของเรา
#ศูนย์ความเป็นเลิศทางการแพทย์
#โรงพยาบาลคุณภาพคู่คุณธรรม
#โรงพยาบาลลาดพร้าว

ที่อยู่

2699 Lat Phrao Road, Khlong Chaokhunsing, Wang Thonglang
Bangkok
10310

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ladprao General Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Ladprao General Hospital Myanmar:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram