16/02/2026
🧧 တရုတ်နှစ်သစ်ကူးမှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းခြင်းတွေပိုင်ဆိုင်ဖို့... ထိုင်းနိုင်ငံက အစွမ်းထက်ဘုံကျောင်းများဆီ
တရုတ်နှစ်သစ်ကူးမှာ ကံကောင်းခြင်းတွေအပြည့်နဲ့ စတင်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဘုံကျောင်းတွေကို အတူတူသွားဖူးကြရအောင်နော်။ ကဲ... ဘယ်နေရာတွေက အခုပဲ ကြည့်လိုက်ရအောင်🧧✨
⛩ 𝐖𝐚𝐭 𝐌𝐚𝐧𝐠𝐤𝐨𝐧 𝐊𝐚𝐦𝐚𝐥𝐚𝐰𝐚𝐭 (𝐋𝐞𝐧𝐠 𝐍𝐨𝐞𝐢 𝐘𝐢)
𝐁𝐚𝐧𝐠𝐤𝐨𝐤, 𝐘𝐚𝐨𝐰𝐚𝐫𝐚𝐭 (𝐂𝐡𝐢𝐧𝐚 𝐓𝐨𝐰𝐧) ရဲ့ အသည်းနှလုံးလို့တောင် တင်စားကြတဲ့ဘုံကျောင်းပါ။ နှစ်သစ်မှာ 𝐙𝐨𝐝𝐢𝐚𝐜 𝐂𝐥𝐚𝐬𝐡 ရှိတဲ့သူတွေ ယတြာချေတာပဲဖြစ်ဖြစ်၊ ကံကောင်းခြင်းတောင်းတာပဲဖြစ်ဖြစ် ဒီကျောင်းက နံပါတ် (၁) ပါပဲ။
⛩ 𝐊𝐮𝐚𝐧 𝐘𝐢𝐧 𝐒𝐡𝐫𝐢𝐧𝐞 (𝐓𝐡𝐢𝐚𝐧 𝐅𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧)
𝐘𝐚𝐨𝐰𝐚𝐫𝐚𝐭 ထဲမှာပဲရှိတဲ့ ဒီကျောင်းကတော့ မယ်တော်ကွမ်ရင်ကို အဓိကထားကိုးကွယ်တာပါ။ ကျန်းမာရေးအတွက် ဆုတောင်းရင် အင်မတန် ထိရောက်တယ်လို့ နာမည်ကြီးတာကြောင့် မိသားစုလူကြီးမိဘတွေအတွက် ဆုတောင်းပေးဖို့ သွားသင့်ပါတယ်ရှင်။
⛩ 𝐂𝐡𝐨𝐰 𝐒𝐮𝐞 𝐊𝐨𝐧𝐠 𝐒𝐡𝐫𝐢𝐧𝐞
ဒါကတော့ 𝐓𝐚𝐥𝐚𝐝 𝐍𝐨𝐢 ဘက်မှာရှိတဲ့ သက်တမ်းရင့်ဘုံကျောင်းဟောင်းလေးပါ။ ဒီနေရာက ဆေးပညာနတ်မင်းကြီးကို အဓိကကိုးကွယ်တာဖြစ်ပြီး အေးချမ်းတဲ့ မြစ်ကမ်းနားလေညင်းလေးနဲ့အတူ ရှေးဟောင်းလက်ရာတွေကိုပါ ခံစားနိုင်မှာပါ။
⛩ 𝐉𝐮𝐢 𝐓𝐮𝐢 𝐒𝐡𝐫𝐢𝐧𝐞 (𝐏𝐡𝐮𝐤𝐞𝐭)
𝐏𝐡𝐮𝐤𝐞𝐭 ကိုရောက်နေရင်တော့ ဒီကျောင်းကို မဖြစ်မနေသွားရပါမယ်။ ဖူးခက်ရဲ့ အကြီးဆုံးနဲ့ အထင်ကရအရှိဆုံး ဘုံကျောင်းဖြစ်ပြီး တရုတ်ရိုးရာပွဲတော်တွေကို အစည်ကားဆုံးကျင်းပတဲ့နေရာဖြစ်လို့ တကယ့် 𝐅𝐞𝐬𝐭𝐢𝐯𝐞 𝐕𝐢𝐛𝐞𝐬 ကိုလည်း ရစေမှာပါ။
⛩ 𝐁𝐚𝐧𝐠 𝐍𝐞𝐨𝐰 𝐒𝐡𝐫𝐢𝐧𝐞 (𝐏𝐡𝐮𝐤𝐞𝐭)
ဒါကလည်း 𝐏𝐡𝐮𝐤𝐞𝐭 က နာမည်ကြီးကျောင်းတစ်ခုပါ။ ဒီဇိုင်းကာလာစုံစုံလင်လင်နဲ့ အရမ်းလှပတဲ့အတွက် ဆုတောင်းရင်းနဲ့ အမှတ်တရပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေအကြိုက်တွေ့မှာ သေချာပါတယ်။
⛩ 𝐕𝐢𝐡𝐚𝐫𝐧 𝐒𝐢𝐞𝐧 (𝐂𝐡𝐨𝐧 𝐁𝐮𝐫𝐢)
𝐏𝐚𝐭𝐭𝐚𝐲𝐚 နားက ဒီနေရာကတော့ ဘုံကျောင်းထက်တောင် ကျော်လွန်ပြီး ပြတိုက်ကြီးတစ်ခုလို ခမ်းနားတာပါ။ တရုတ်အနုပညာလက်ရာတွေ၊ ရုပ်တုတွေက တကယ့်ကို ရင်သပ်ရှုမောစရာဖြစ်လို့ ခရီးတိုလေးထွက်ရင်း ကုသိုလ်ယူဖို့ အကောင်းဆုံးပဲပေါ့။
🚘🧧 မိသားစုနဲ့ဖြစ်ဖြစ်၊ တစ်ကိုယ်တော်ဖြစ်ဖြစ် ဘုံကျောင်းကို စိတ်ချလက်ချနဲ့ အဆင်ပြေပြေသွားနိုင်ဖို့ 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 က ကားအငှားဝန်ဆောင်မှုအပြင် ယာဥ်မောင်းအပါ,ပါ ဝန်ဆောင်မှုပေးနေပါတယ်ရှင်။
📌 အသေးစိတ်စုံစမ်းရန်
☎️ Phone/Viber/Whatsapp: +66 620831291
📱 Line ID : tonythailand22
📩 Email: bosstravelconsulting@gmail.com