10/11/2025
✅လက်ချောင်းလေးတွေ ဘာကြောင့် ရောင်ရမ်းရတာလဲ
✅လက်ချောင်းတွေ ရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုး တချို့တွေမှာ မကြာခဏ ဖြစ်တာကြုံရတတ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ များစွာရှိပါတယ်။
✅ရာသီဥတု အလွန်ပူခြင်း✅
✅ရာသီဥတု အလွန်ပူတဲ့အခါ သွေးကြောတွေကိုကျယ်စေပြီး အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ကာ အေးမြသွားအောင် ခန္ဓာကိုယ်က လုပ်ဆောင် တာဖြစ်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုး၊ အကြောဌာနမှ ပါမောက္ခတစ်ဦးက ပြောပါတယ်။
✅သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့က တစ်သျှူးပျော့ဆီ စိမ့်ထွက်ပြီး ရောင်ရမ်းလာစေတာ ဖြစ်ပါတယ်။
Tips
✅ရာသီဥတုပူတာကြောင့် လက်ချောင်းတွေ ရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်ရုံနဲ့ ပြန်လည်သက် သာနိုင်ပါတယ်။ ရောင်ရမ်းတာက လက်နဲ့ လက်ချောင်းတွေမှာပဲဖြစ်တယ်၊ ခြေထောက်မပါဘူး၊ နာကျင်တယ်၊ လက်ကဆုပ်ကိုင်ရတာ မမြဲဘူးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
✅အငန် အစားများခြင်း✅
✅ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပြီးတဲ့အခါတိုင်းမှာ သင့်လက်ချောင်းတွေ ရောင်ရမ်းနေပါသလား။ ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ ရေဓာတ် ထိန်းညှိမှုကြောင့် ဖြစ်ရတာပါ။ ဆားများများစားလေ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားလေ ဖြစ် တာကြောင့်ပါ။ ရောင်ရမ်းမှုတွေ ဖြစ်ရတာပါ။
✅Tips
တစ်နေ့တာအတွင်း ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဆားလျှော့စားနေတာတောင် ရောင်ရမ်းမှုတွေ လျော့မသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။
✅အဆစ်ယိုယွင်းခြင်း✅
✅လက်ဆစ်တွေက ပုံမှန်ထက် ပိုကြီးနေတာ၊ အရိုးအဆစ်ရောင်ရမ်းရောဂါရှိနေတာတွေကြောင့် မနက်ခင်းအိပ်ရာထမှာ လက်ချောင်းတွေ ရောင်ရမ်းနေနိုင်ပါတယ်။ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ အရိုးအဆစ်ရောင်ရမ်းတာကြောင့် အဆစ်ဘေးက တစ်သျှူးတွေ ပျက်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
✅Tips✅
✅လက်ချောင်းတွေ ရောင်ရမ်းတာမကြာခဏဖြစ်နေတယ်၊ နာကျင်တယ်၊ လက်ဆစ်တွေက အကွေးအဆန့် မကောင်းဘဲ တောင့်တင်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
✅လက်ချောင်းများထုံကျဉ်ရောဂါရှိခြင်း✅
လက်ကောက်ဝတ်အာရုံကြော ကြောင့် လက်ချောင်းလေးတွေ ထုံကျဉ် တာ ခံစားရသူတွေမှာလည်း လက်ချောင်း ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။
✅Tips✅
လက်ချောင်းတွေ ရောင်ရမ်းမှုက နာကျင်တာ၊ ပူတာ၊ တဆစ်ဆစ်ဖြစ်တာ၊ ထုံတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ အဲဒီဝေဒနာတွေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာမျိုးပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်ပါတယ်။
✅ပြန်ရည်ကြောစနစ် ပိတ်ခြင်း✅
ပြန်ရည်ကြောစနစ် ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ကို စွန့်ပစ်ပစ္စည်းတွေ၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး စတာတွေ ပါဝင်တဲ့ ပြန်ရည်တွေကြောင့် ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။
✅လက်ချောင်းနဲ့ ခြေ မတွေအပြင် လက်မောင်းနဲ့ ခြေထောက်လည်း ရောင်ရမ်းနိုင်ပါတယ်။ အရေပြား က တင်းကျပ်ကျပ်ဖြစ်ပြီး ပုံမှန်ထက် ပိုထူနေတတ်ပါတယ်။
Tips
✅ပြန်ရည်ကြောစနစ်ကြောင့် ရောင် ရမ်းတာကတော့ ရင်သားကင်ဆာရောဂါ ကို ခွဲစိတ်ကုသတာ ဒါမှမဟုတ် ဓာတ် ရောင်ခြည်ပေးကုသတာတွေကြောင့် ဖြစ် နိုင်ပါတယ်။ ပြန်ရည်ကြောစနစ် ပုံမမှန် တာကြောင့် ဖြစ်တာကတော့ တွေ့ရခဲပါ တယ်။
✅Raynaud’s disease✅
ရာသီဥတု အေးတဲ့အခါနဲ့ စိတ်ဖိစီးမှုများတဲ့အခါတွေမှာ သွေးလွှတ်ကြော တွေ ကျဉ်းသွားတာကြောင့် ဖြစ်တာပါ။ သွေး ကြောကျဉ်းသွားတာကြောင့် သွေးလှည့် ပတ်မှုနည်းသွားပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေ ခံစားရစေပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
Tips
✅လက်ချောင်းတွေက ရောင်ရမ်းမှု မဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ ဒါမှမဟုတ် ပြာနှမ်းလာတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
✅ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာ များဖြစ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တချို့မှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် လက်နဲ့ မျက်နှာအရေပြားကို လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့ စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းနေတာ ဟုတ် မဟုတ် သိရှိနိုင်ပါတယ်။
✅ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို မသိရှိလို့ မကုသဘဲထားပါက မိခင်ရော ကလေးပါ အလွန်အန္တရာယ်များပါတယ်။
Tips
✅အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူး ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ အဝလွန်တဲ့ ကိုယ် ဝန်မိခင်ဖြစ်စေ သားဖွားမီးယပ်ပါရဂူနဲ့ စောစောပြသပြီး စောင့်ရှောက်မှုကို ရယူဖို့လိုပါတယ်။
✅လက်ဖဝါး နူးညံ့လိုပါရင်✅
ဒီလက်ဖဝါးတွေက အမြဲတမ်းလိုလို အလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရ တာ၊ ဓာတုပစ္စည်းတွေ ကိုင်တွယ်အသုံးပြု နေရတာ စတာတွေကြောင့် လက်ဖဝါး အရေပြားခြောက်သွေ့ပြီး ဓာတ်မတည့် တာကို ခံစားရစေပါတယ်။
✅လိုးရှင်းတွေ၊ ခရင်မ်တွေကို တန်ဖိုးကြီးပေးဝယ်ပြီး လိမ်းတာက လက်ဖဝါးကြမ်းတာကို ဖြေ ရှင်းလို့ရတယ်ဆိုပေမယ့် အကုန်အကျ နည်းပြီး ဘေးကင်းတဲ့နည်းလမ်းတွေက သင့်အတွက် အလွယ်တကူနဲ့ အဆင်ပြေ ပြေ ဖြစ်စေမှာပါ။
✅သကြားအညိုနှင့် သံလွင်ဆီ✅
သကြားအညိုနဲ့ သံလွင်ကို ဆတူရောပြီး လက်ဖဝါးပေါ်တင်ကာ လက်ဖဝါး နှစ်ဖက်နဲ့ပွတ်ပေးပါ။ ခဏလောက်ထားပြီးနောက် ရေနဲ့ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်- ၃ ကြိမ် ပြုလုပ်ပေးပါ။ လက်ဖဝါးတွေ သိသိသာသာ နူးညံ့လာပါလိမ့်မယ်။
✅ဆားနှင့် သံပရိုသီး✅
လက်ဖဝါးကြမ်းသူတွေအနေနဲ့ ဆားနဲ့ သံပရိုသီးကို အသုံးပြုပြီး ကြေးချွတ်နိုင်ပါတယ်။ ဆားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သံပရိုသီးက အရေပြားကို နူးညံ့ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။သံပရိုသီးကို အရည်ညှစ်ပြီး ဆားအနည်းငယ်နဲ့ရောကာ လက်ဖဝါးပေါ်တင်ပြီး လက်နှစ်ဖက်နဲ့ပွတ်ကာ ကြေးချွတ်ပေးပါ။
✅အုတ်ဂျုံနှင့် ပန်းသီးရှလကာရည်✅
အုတ်ဂျုံနဲ့ ပန်းသီးရှလကာရည် အနည်းငယ်ကိုရောပြီး လက်ဖဝါးပေါ်တင်ကာ ပွတ်ပေးပါ။ အုတ်ဂျုံကို မချက်ဘဲ အသုံးပြုပေးပါ။ လက်ဖဝါးလေး နူးညံ့စေပါတယ်။
✅သံပရာသီးနှင့် ခရမ်းချဉ်သီး✅
သံပရာသီးနဲ့ ခရမ်းချဉ်သီး အရည်တွေမှာ အက်စစ်အပျော့စားပါဝင်ပါတယ်။ ဒီနှစ်ခုကို ပေါင်းပြီး ကြမ်းနေတဲ့ လက်ဖဝါး ပေါ်တင်ကာ ၁၅-၂၀ မိနစ်ကြာ ပွတ်ပေးပါ။ ပြီးနောက် ရေဆေးလိုက်ပါက နူးညံ့ပြီး ဖြူဝင်းသွားစေပါတယ်။
✅ဒိန်ချဉ်✅
ဘာနဲ့မှ မရောစပ်ထားတဲ့ ဒိန်ချဉ်ကို လက်ဖဝါးကြမ်းကြမ်းပေါ်တင်ပြီး ၁၅-၂၀ မိနစ်ကြာ ပွတ်ပေးပါ။ ပြီးနောက် ရေဆေးပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက လက်ဖဝါးတွေ သိသိသာသာ နူးညံ့လာပါလိမ့်မယ်။
Tips
✅လက်ဖဝါးကြမ်းတာမဖြစ်အောင် အလုပ်တွေလုပ်တဲ့အခါဖြစ်စေ၊ ဓာတုပစ္စည်းတွေ ကိုင်တွယ်ရာမှာဖြစ်စေ လက်အိတ်အသုံးပြုသင့်ပါတယ်။
#ကျန်းမာရေး
ေးပါတယ်
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)