Dr.Htet Ei Ei Win

Dr.Htet Ei Ei Win Entrepreneur, Travel Blogger & Brand Ambassador of Myanmar Underwater Federation

Premiere Urgence ရဲ့ဖိတ်ကြားမှုနဲ့ ဆရာမ ထက်အိ က ဆရာဝန်တစ်ယောက်အနေနဲ့ မျိုးဆက်ပွါးကျန်းမာရေး အကြောင်း Live ပြောပြပေးသွားမ...
26/11/2024

Premiere Urgence ရဲ့ဖိတ်ကြားမှုနဲ့ ဆရာမ ထက်အိ က ဆရာဝန်တစ်ယောက်အနေနဲ့ မျိုးဆက်ပွါးကျန်းမာရေး အကြောင်း Live ပြောပြပေးသွားမှာမို့

ဒီတစ်ပတ်သောကြာ 29 Nov
6:00 pm (မြန်မာအချိန်) 🇲🇲
6:30 pm (Thailand time) 🇹🇭

မှာတွေ့ကြမယ်နော်

ဘာတွေပြောမလဲကတော့ အစုံပါပဲ .. ပါသင့်တာတွေပေါ့ 😉

ပြီးမှ Chat Box မှာ တမျိုးပြီးတမျိုး မမေးကြနဲ့နော် ..

နောက်ပိုင်း video တွေကိုတော့ PUI - မျိုးဆက်ပွား ကျန်းမာရေးစင်တာ page မှာဆက်တင်သွားပါမယ်

Broadcast place : Bangkok

08/10/2023

Medical check up 💝

How to take COC pill 💊
18/05/2023

How to take COC pill 💊

ကိုယ်ဝန်ဆောင်တားဆေး ဘယ်လိုသောက်ရမလဲ? (Or) ဗိုက်မကြီးအောင်ဘယ်လိုကာကွယ်ရမလဲ?
💊နေ့စဉ်သောက်ကိုယ်ဝန်ဆောင်တားဆေး (Combined Oral Contraceptive pills) 👩🏻‍⚕️

💁🏻‍♀️ ကိုယ်ဝန်တားဆေးက ၃ မျိုးခွဲထား

1. Combined Oralcontraceptive pills (ဟော်မုန်း နှစ်မျိုးပါ သန္ဓေတားဆေး)
2. Progestin-only pill (Minipill) (ပရိုဂျက်စတင် ဟော်မုန်းပါ သန္ဓေတားဆေး)
3. Postcoital(Emergency) pill (အရေးပေါ်သန္ဓေတားဆေး) တို့ပဲဖြစ်ပါသည်။

💁🏻‍♀️Combined Oral Contraceptive pills or COC pills ဆိုသည်မှာ Estrogen (အီစရိုဂျင်) နှင့် Progestogen (ပရိုဂျက်စတိုဂျင်) ဟုခေါ်သော ဟော်မုန်း နှစ်မျိုးကို ပေါင်းစပ်ထားသော ဆေး ဖြစ်ပါသည် ။💊

💁🏻‍♀️COC pills တွေကကိုယ်ဝန်မရအောင်ဘယ်လိုတားတာလဲ?
-👉🏻ဦးနှောက်မှ လှုံ့ဆော်ပေးသော ခန္ဓာကိုယ်တွင်း ဟော်မုန်းထုတ်လုပ်မှုကို တားမြစ်ခြင်း
-👉🏻သန္ဓေတည်ပြီးနောက် သန္ဓေသားလောင်းကပ်၍ ရှင်သန်ရမည့် သားအိမ်နံရံကို ပါးလွှာစေခြင်း
-👉🏻မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက်အကျိအချွဲများထွက်စေခြင်းဖြင့် သုတ်ကောင်များ သားအိမ်အတွင်းသို့ ဝင်ရောက်လာခြင်းကို နှေးကွေးစေခြင်း
စသည်တို့ဖြင့် ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးပေးပါသည်။ ✨

👩🏻‍⚕️ဘယ်လိုသောက်ရမလဲ?

✨COC pillများသည် ရာသီသွေး တစ်လတစ်ကြိမ် ပုံမှန်လာစေရန် စီမံထားသည်။✨
💊အများစုအသုံးပြုသော Monophasic COC pills များတွင် ဆေးတစ်ကဒ်ကို ၂၈လုံးပါသော ဆေးရှိသကဲ့သို့ ၂၁သာပါသော ဆေးကဒ်လည်းရှိသည်။

👉🏻၂၈လုံးဆေးကဒ် တွင် ၂၁လုံးမြောက်ထိဆေးလုံးများ၌ ဟော်မုန်းများပါဝင်ပြီး ကျန် ၇လုံးမှာ သံဓာတ်ပါသောအားဆေးလုံများထည့်ပေးထားခြင်းဖြစ်သည်။
ထို ၇လုံးသောက်နေချိန်တွင် ရာသီသွေးပေါ်မည်ဖြစ်သည်။

👉🏻၂၁လုံးပါဆေးကဒ်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ၂၁လုံးဆက်တိုက်သောက်ပြီး ၇ရက် ဆေးမသောက်ဘဲနားရမည်ဖြစ်သည်။ ထိုအချိန်တွင် ရာသီသွေးပေါ်မည်ဖြစ်ပါသည်။

💁🏻‍♀️ ဆေးသောက်ချိန်မှန်ရမည်
( ဥပမာ- ယနေ့ မနက် 7နာရီတွင် ပထမတစ်လုံးသောက်လျှင် မနက်ဖြန်မနက် 7နာရီတွင် ဒုတိယ တစ်လုံးကို သောက်ရမည်)။
❗️ဆေးသောက်ရာတွင် အချိန်တိကျရန် အရေးကြီးပါသည်။❗️
ဆေးကိုအချိန်တိတိကျကျသေသေချာချာသောက်သုံးပါက ကိုယ်ဝန်ရနိုင်မှုကို၉၉ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါသည်။👩🏻‍⚕️

💁🏻‍♀️မည့်သည့်အချိန်တွင် စသောက်ရမည်နည်း ???

👉🏻ရာသီလာနေစဉ်အတွင်း မည်သည့်ရက်တွင်မဆို စတင်ပါကအခြားသော အကာအကွယ်များ မလိုအပ်ဘဲ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ပြီးသား ဖြစ်သည်။

👉🏻ရာသီသွေး၅ရက်မြောက်နေ့နောက်ပိုင်းမှ စတင်သောက်သုံးမည်ဆိုပါက ဆေးစသောက်သည့်ရက်မှ ၇ရက်အတွင်း ကွန်ဒုံးသို့မဟုတ် အခြားသော ကိုယ်ဝန်တားနည်းများလိုအပ်ပါသည်။

👉🏻ကလေးမီးဖွားပြီးကာစ နှင့် ကိုယ်ဝန်ပျက်ကျပြီးကာစ အမျိုးသမီးများတွင်မူ ဆရာဝန်နှင့်တိုင်ပင်၍ ညွှန်ကြားသည့်အတိုင်း သောက်သုံးရမည်ဖြစ်သည်။

❗️ရာသီသွေးလာသည့်ရက် ပုံမှန်မရှိသောအမျိုးသမီးများအနေဖြင့် ဆေးစသောက်သည့်ရက်မှ ၇ရက်အတွင်း ကွန်ဒုံး သို့မဟုတ် အခြားသောကိုယ်ဝန်တားသည့်နည်းများ ထပ်မံလိုအပ်ပါသည်။

👩🏻‍⚕️ဆေးသောက်ရန်မေ့သွားလျှင်ဘယ်လိုဆက်သောက်ရမလဲ? 👩🏻‍⚕️

👉🏻ဆေးတစ်လုံးမေ့သွားခဲ့လျှင် သတိရသည့်အချိန်တွင် ချက်ချင်းပြန်သောက်လိုက်ပါ။ တစ်ရက်ထဲ နှစ်လုံးသောက်ရသလိုလည်းဖြစ်သွားနိုင်ပါသည်။ အခြားကာကွယ်နည်းများမလိုအပ်သေးပါ။

👉🏻ဆေးနှစ်လုံးနှင့်အထက် သောက်ရန်မေ့သွားပါက နောက်ဆုံးသောက်ရမည့်အနီးဆုံးဆေးတစ်လုံးကို ချက်ချင်းသောက်၍ ကျန်သောဆေးလုံးများကို ပုံမှန်အတိုင်းဆက်သောက်ရမည်ဖြစ်သည်။ ထို့အပြင် ၇ရက်တိုင်သည်အထိ အခြားသော ကာကွယ်နည်းများ (ကွန်ဒုံး) ကို အသုံးပြုပေးရမည်ဖြစ်သည်။ အကယ်၍ ဆေးကဒ်တွင် ၇လုံးနှင့်အထက်ကျန်သေးပါက ဆေးကဒ်ကုန်သည်အထိဆက်သောက်ကာ နောက်ဆုံး၇ရက်တွင် ဟော်မုန်းမပါသောဆေးလုံးများအထိသောက်ရမည်ဖြစ်သည်။ သို့မဟုတ် ဆေးကဒ်တွင် ၇လုံးအောက်သာကျန်ပါက ဆေးကဒ်ကိုပုံမှန်အတိုင်းသောက်ကာ ဟော်မုန်းမပါသော ဆေးလုံးများရောက်လျှင် မသောက်တော့ဘဲ ဆေးကဒ်အသစ်စသောက်ရမည်ဖြစ်သည်။

👉🏻COC pillsသောက်သုံးခြင်း၏ ကောင်းကျိုးများ✨
* သန္ဓေတည်ခြင်းကို ၉၉ရာခိုင်နှုန်းအထိ တားပေးနိုင်ခြင်း
* ရာသီလာရာတွင် အချိန်မှန်ခြင်း နှင့် နာကျင်မှုလျော့နည်းခြင်း
* ရာသီမလာခင်ခံစားရသော နာကျင်မှုများကိုလည်းလျော့နည်းစေခြင်း
* သားအိမ်နှင့် ရင်သားတွင် အကျိတ်တည်နှုန်းကိုလျှော့ချပေးခြင်း
* သားအိမ်ကင်ဆာ ဖြစ်နှုန်းကိုနည်းစေခြင်း
* သန္ဓေနေရာမှားတည်ခြင်းကိုနည်းစေခြင်း တို့ဖြစ်ပါသည်။

❗️ဆိုးကျိုးများမှာ
* ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း
* ရင်သားတင်း၍ သက်တောင့်သက်သာမရှိခြင်း
* ကိုယ်အလေးချိန်တက်လာခြင်း
* အမွှေးထူလာခြင်း
* အသားအရည် အရောင်ညစ်လာခြင်း
* ခန္ဓာကိုယ် ယားယံခြင်း
* ဆီးချိုဖြစ်နိုင်ချေများခြင်း
* သွေးခဲခြင်း
* သွေးပေါင်ချိန်တက်ခြင်း
* နှလုံးသွေးကြောကျဉ်း၊သွေးကြောပိတ်ရာမှ နှလုံးကြွက်သားပုတ်နိုင်ခြင်း
* ဦးနှောက်သွေးကြောပိတ်ရာမှ လေဖြန်း၊ လေဖြတ်နိုင်ခြင်း
* မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြင်း
အစရှိသည်တို့ ဖြစ်နိုင်သည်။

👩🏻‍⚕️💁🏻‍♀️မိမိနှင့်သင့်တော်သော သန္ဓေတားနည်းကို ဆရာဝန်နှင့်တိုင်ပင်၍ အသုံးပြုကြပါရန် တိုက်တွန်းလိုပါသည်။

With Care,
Dr.Htet Ei

ပျော်စရာလည်းကောင်းမယ် ကျန်းမာရေးလည်းကောင်းမယ် ထက်အိလည်းရှိမယ် 😁💕
04/12/2022

ပျော်စရာလည်းကောင်းမယ် ကျန်းမာရေးလည်းကောင်းမယ် ထက်အိလည်းရှိမယ် 😁💕

ဒါကိုမသိလို့ ခံလိုက်ရတဲ့သူတွေအများကြီး ကိုယ်ဝန်ရှိပြီဆိုပိုသတိထားသင့်
17/11/2022

ဒါကိုမသိလို့ ခံလိုက်ရတဲ့သူတွေအများကြီး
ကိုယ်ဝန်ရှိပြီဆိုပိုသတိထားသင့်

💊Folic acid ဘာလို့အရေးကြီးတာလဲ?
✨Folic acidဆိုတာ Vitamin B-9 လို့ခေါ်တဲ့ Vitamin Bအုပ်စုဝင် ဖြစ်တယ်

✨Folic acidကို အချို့သောအစားအစာများမှ ရရှိနိုင်သလို လူတို့ပြုလုပ်ထားတဲ့ ဆေးဝါးများမှလည်း ရရှိနိုင်ပါတယ်

✨Folic acid ရရှိနိုင်သော အစားအစာများ
👉🏻ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံ၊
👉🏻အမဲသား၊
👉🏻ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊
👉🏻ဂရိတ်ဖရုသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊
👉🏻သင်္ဘောသီး၊ ငှက်ပျောသီး

✨Folic acidဟာ ဘယ်လိုနေရာတွေမှာ အရေးကြီးသလဲ? ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?

👩🏻‍⚕️Folic acid ဟာ ခန္ဓာကိုယ်တွင်း သွေးနီဥ ထုတ်လုပ်မှုကို အားကောင်းစေတယ် ။ ဒါ့ကြောင့် Folic acid မလုံလောက်ရင် Megaloblastic anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ရတတ်ပါတယ်

👩🏻‍⚕️Folic acid ဟာ DNA repair နဲ့ အခြား မျိုးရိုးဗီဇ Genetic ပိုင်းများ🧬 (ဥပမာ- ဆဲလ်ကွဲပွါးခြင်း)တွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လို့ ကိုယ်ဝန်ဆောင် မိခင်များတွင် သဋေသား ဖွံဖြိုးမှုအတွက် အရေးကြီးတယ်

🤱🏻ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် folic acid ချို့တဲ့ပါကသန္ဓေသားတွင် မွေးရာပါ ကိုယ်ခန္ဓာ ချို့ယွင်းမှုများ (ဥပမာ- anencephaly ခေါ် ဦးခေါင်းခွံနှင့် ဦးနှောက်ဖွံဖြိုးမှု ချို့တဲ့ခြင်း နှင့် spina bifida ခေါ် ကျောရိုးဖွံဖြိုးမှု ချို့တဲ့ခြင်း စသည့်ရောဂါများ) ဖြစ်တတ်ပါတယ်

👩🏻‍⚕️Folic acid ချို့တဲ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ရင်တုန်ခြင်း၊ မောပမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစပ်နှင့် လျှာတွင် အနာပေါက်ခြင်း နှင့် ဆံပင်၊ အရေပြား၊ လက်သည်းခွံ အရောင်ပြောင်းခြင်း တို့ ဖြစ်တတ်ပါတယ်

✨မည်သူတွေမှာ folic acid ချို့တဲ့ တတ်သလဲ ?

👉🏻အရက်သေစာကိုလွန်လွန်ကျူးကျူးသောက်စားသူများ
👉🏻ကိုယ်ဝန်ဆောင်မိခင်များ
👉🏻အာဟာရချို့တဲ့သူများ (Inflammatory Bowel Disease နှင့် Coeliac Disease ရှိသူများ)
👉🏻MTHFR (methylenetetrahydrofolate reductase) gene ရှိသူများ တွင် ချို့တဲ့ တတ်ပါတယ်

🤰🏻ကိုယ်ဝန်ဆောင်မိခင်များ က တစ်နေ့ကို folic acid 400-800mcg
🤱🏻နို့တိုက်မိခင်များတွင် တစ်နေ့ကို 500mcg ခန့် သောက်သင့်ပါတယ်

👩🏻‍⚕️မည်သူတွေ မသောက်သင့်ဘူးလဲ ? ❌❌

👉🏻အတက်ရောဂါရှိသူများ
👉🏻ဆီးချိုရှိသူများ
👉🏻လေးဘက်နာရောဂါရှိသူများ
👉🏻ကျောက်ကပ်ဆေးနေသော လူနာများက folic acid ကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်

With Care
Dr.Htet Ei

18/09/2022

မိမိရဲ့ ရင်သွေးငယ်များအတွက် အားထားရာ ကလေးဆေးခန်းဆိုရင်

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှု
16/08/2022

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှု

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအတွက် ကိုရီးယား အဖွဲ့အစည်းတစ်ခုကနေ အခမဲ့လာရောက်ခွဲစိတ်ပေးဖို့ရှိပါတယ်

လိုအပ်သူတွေဆီရောက်အောင် ကုသိုလ်ရအောင် share ပေးလိုက်ကြပါ

အသေးစိတ်စုံစမ်းလိုပါက 👉09 765140827 ကိုဆက်သွယ်၍သော်လည်းကောင်း

Myanmar Bethesda Charity chat box မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်

With Care,
Dr.Htet Ei

20/07/2022

ကလေး ကာကွယ်ဆေးတွေ ဘယ်ချိန် ဘာတွေ ထိုးရမှာလဲ??

သတိထားကြနော် 💕
08/07/2022

သတိထားကြနော် 💕

အခုတလော ကလေးတွေ သွေးလွန်တုပ်ကွေး နဲ့ နှာစေးချောင်းဆိုးရော , ပြင်းထန်အဆုတ်ရောင်ရော အရမ်းဖြစ်နေကြပါတယ်

သွေးလွန်တုပ်ကွေးရောဂါ
👉 June ကနေ Oct လောက်ထိ မိုးတွင်းမှာ အားလုံးသိတဲ့ အတိုင်းသွေးလွန်တုပ်ကွေးအဖြစ်များပါတယ်။
👉ကာကွယ်ဖို့ ထက်အိ မှာချင်တဲ့တာက
- ကလေးတွေကို နေ့ခင်းဘက် လုံးဝ ခြင်အကိုက်မခံပါနဲ့။
ခြင်အကိုက်မခံရအောင် -->
💕ကလေးကိုလင်းတဲ့နေရာမှာသာဆော့ခိုင်းပါ,.. 💕လက်ရှည်, ဘောင်းဘီရှည် ဝတ်ပေးပါ,
💕ခြင်ထောင်နဲ့သာအိပ်ပါစေ,
💕ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့နေရာတွေရှိရင်ရှင်းလင်းပါ,
💕ဘုရားပန်းအိုးနေ့စဉ်လဲလှယ်ပါ

👉ဒါ့အပြင် ကလေးက
-မှိန်း၊
-နို့မစို့၊
-ခြေဖျားလက်ဖျားအေး၊
-ဗိုက်အရမ်းအောင့်တယ်လို့ပြော၊
-အဖျားကြီးတယ်ဆိုရင် ဒီရာသီမှာ လုံးဝ မနှောင့်နှေးသင့်ပါဘူး။

👉အိမ်မှာက ကလေးတွေကို သွေးပေါင်ချိန်တိုင်းလို့မရတာကြောင့် shock ရနေရင် စောစော မသိနိုင်ပါဘူး။
-တစ်ကိုယ်လုံးပျော့ဖတ်သွားမှဆိုရင် နောက်ကျသွားပါမယ်။
-Shock က အသက်အန္တရာယ်ရှိတဲ့ အနေအထားဖြစ်ပါတယ်။
-ခုချိန် မိုးတွင်းမှာဆိုရင် ကလေးကို ရိုးရိုးဖျားတာပါပဲ ဆိုပြီး လုံးဝ ပစ်မထားသင့်ပါဘူး။

~~~~~~~~
အခုအပြင် ဆောင်းရာသီမှာလည်း ပိုများလာနိုင်တဲ့ / အဖြစ်များတဲ့
ပြင်းထန်အဆုတ်ရောင်ရောဂါ (ARI) ကိုလည်းသတိပြုကြနော် 😉

👉 Oct ကနေ Jan လောက်မှာ ကလေးတွေ အဖြစ်အများဆုံးကတော့ ပြင်းထန် အဆုတ်ရောင်ရောဂါ ( ARI ) ဖြစ်ပါတယ်။
👉Adeno virus ကြောင့် အဖြစ်များသလို အခြား ဘက်တီးရီးယားတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ Virus ကြောင့်ဆိုရင် ကူးစက်ဖို့လွယ်ပါတယ်။
👉ကလေးငယ်တွေမို့ ချောင်းဆိုး နှာစေးဆိုရင် အုပ်ပြီး ဆိုးရမယ်ဆိုတာ မသိကြပါဘူး။ အဲ့တော့ အဲကွန်းနဲ့ အလုံပိတ်နေပြီး မူကြိုတွေ ကျောင်းတွေ တက်နေတယ်ဆိုရင် အချင်းချင်း ကူးစက်ရတာလွယ်ကူပါတယ်။
👉သူက အသက်ရှုကြပ်တတ်တဲ့ရောဂါမို့လို့ အသိသာဆုံးကတော့ ကလေး အသက်ရှုရခက်နေလားဆိုတာပါပဲ။
- ကလေးက ပါးစပ်ကနေ မပြောတတ်လို့ အသိသာဆုံး လက္ခဏာ က ဝမ်းဗိုက်ကို ချိုင့်ဝင်တဲ့အထိ အားစိုက်ရှူနေရတာတွေ့ရင် ဆေးရုံကို အမြန်ဆုံးသွားသင့်ပါတယ်။

👉 ကလေးငယ်တွေ ပုံမှန်ထိုးရတဲ့ 💉ကာကွယ်ဆေးထဲမှာလဲ အချို့သော အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ပိုးတွေ အတွက် ကာကွယ်ဆေးပါပါတယ်။ မထိုးရသေးရင် သွားထိုးထားကြပါ။

Take home message

မိုးတွင်း နဲ့ ဆောင်းတွင်း မှာ ကလေးငယ်တွေ အတွက် ပြေးမလွတ်နိုင်အောင် ရောဂါတွေ အရမ်းပေါပါတယ်
👉 ကိုယ့်ဟာကိုယ် သွေးလွန်တုပ်ကွေး မဖြစ်လောက်ပါဘူးဆိုပြီး မနေကြပါနဲ့
👉 နေ့ခင်းဘက်မှာ ကလေးကို ခြင်လုံးဝ (လုံးဝ) အကိုက်မခံပါနဲ့နော်။ လူတိုင်းသိပြီး ပေါ့ဆလို့ လွယ်တဲ့ အချက်ဖြစ်တာကြောင့် ထပ်ပြီး သတိပေးလိုက်တယ်နော်။
👉 အန္တရာယ်ရှိတဲ့ လက္ခဏာတွေဖြစ်တဲ့
-ဗိုက်အောင့်၊
-အဖျားတက်၊
-မှိန်း၊
-နို့မစို့၊
-ခြေဖျားလက်ဖျားအေး၊
-ဗိုက်ချိုင့်ဝင်အောင် အသက်ရှူနေတာတွေ
တွေ့ရင် ဆေးရုံကို အမြန်သွားဖို့လိုပါတယ်။

အားလုံးဂရုစိုက်ကြပါနော်

With Care,
Dr.Htet Ei

PCNL ခွဲစိတ်မှုဆိုတာ ဘယ်လိုမျိုးလဲ?
18/12/2021

PCNL ခွဲစိတ်မှုဆိုတာ ဘယ်လိုမျိုးလဲ?

Percutaneous Nephrolithotomy

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.Htet Ei Ei Winผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram