Habip's Tarot Tarot and Oracle reading

05/04/2026

Daily message for April 5th

စိတ်အလိုတိုင်းလုပ်တာကတော့ကောင်းပင်မဲ့ စိတ်အလိုတအားလိုက်လွန်းရင်လဲ ချော်ထွက်သွားတတ်တယ်။ ချော်ထွက်သွားရင်လဲ ခံစားရမှာကိုယ်ပဲ။ နှလုံးသားရဲ့ဆန္ဒကို ဉီးနှောက်နဲ့စစ်ထုတ်လိုက် ဒါမှ အလိုဆန္ဒတွေက အမှိုက်တွေဖယ်ရှားနိုင်မှာ ဒါမှလဲ သန့်စင်ပြီး ကိုယ့်ဘဝအတွက် အကျိုးပြုမှာပါ။ အချို့သူတွေအနေနဲ့ နှလုံးသားတံခါးကိုပြန်ဖွင့်လိုက်ပါ။ လုံလောက်အောင်မွန်းကြပ်ပြိးနာကျင်ခဲ့ပြိးပြီ။ အတိတ်ကိုလွတ်ချပြီး အချစ်ကို တဖန်ခံစားရမဲ့အချိန်ရောက်ပြီ




04/04/2026

Daily message for April 4th

အောင်မြင်ခြင်းဆိုတာ တခါတလေ အရှေ့ကို ဆက်တိုးနေမှမဟုတ် ကိုယ့်ကိုမလိုတဲ့နေရာတွေ လူတွေဆီကထွက်ခွာလာနိုင်တာလဲ အောင်မြင်ခြင်းပဲ။ ရှေ့တိုးနေရုံနဲ့မပြီးဘူး။တိုးနေတာကမီးပုံမဖြစ်နေဖို့ကလဲအရေးကြီးတယ်။ စိတ်အလိုလိုက်တာတွေအတင်းအကြပ်ဆွဲထားတာတွေကို လွတ်ချလိုက် မင်းရဲ့စိတ်ကိုအေးချမ်းစေလိမ့်မယ်။ ဒါကလဲ အောင်မြင်ခြင်းပဲ။




03/04/2026

Daily message for April 3rd

ကိုယ်ကတော်နေတတ်နေရုံနဲ့မပြီးဘူး အောင်မြင်ချင်ရင် အကူအညီဆိုတာအမြဲလိုအပ်တယ်။ဒိလိုအကူအညီရဖို့ဆို မိတ်ဆွေကောင်းတွေရှိဖို့လိုတယ်။ မိတ်ဆွေသစ်တွေကိုဝင်ခွင့်ပေးလိုက်ပါ။ အလုပ်ကြိးပဲမလုပ်နေပါနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့အချိန်ဖြုန်းပါ။ရင်းနှီးမှုတည်ဆောက်ပါ။ခွန်းအားကိုဖြစ်စေလိမ့်မယ်။




02/04/2026

Daily message for April 2nd

ကိုယ့်ရဲ့မျိုသိပ်ထားတဲ့ ဆန္ဒတွေကို ပေါက်ထွက်ခွင့်ပေးလိုက်ပါ။ မတုံ့ဆိုင်းနဲ့ မတွေဝေနဲ့ စွမ်းအင်အပြည့် သတ္တိအပြည့်နဲ့ လုပ်ဆောင်ပါ။ သွေးရူးသွေးတမ်း လုပ်သလိုမဖြစ်စေနဲ့ အသိဉာဏ်ရှိရှိ ပြတ်ပြတ်သားသားဖြစ်နေပါစေ




01/04/2026

Daily message for April 1st

အတိတ်က နာကျင်မှုတွေ trauma တွေပြန်‌ထွက်ပေါ်လာမယ်။ လက်ခံလိုက်ပါ။ဒိအရာတွေက ကိုယ့်ကိုအနိုင်မယူနိုင်လို့အခုထိအသက်ရှင်နေတာကိုသတိရပါ။အနိုင်ပြန်ယူပြိး အသစ်တဖန်မွေးဖွားလိုက်ပါ။ အမှိုက်ပုံထဲကတောင်လှပတဲ့ ပန်းပင်တွေ‌ေပါက်ဖွားထွက်ပေါ်လာနိုင်သေးတာပဲလေ




31/03/2026

Daily message for March 31st

ကံကောင်းလာမဲ့အချိန်စောင့်နေတာထက် အခုပဲစတင်လုပ်ဆောင်ပါ။ ကိုယ်စတင်တဲ့ရက်တိုင်းက ရက်ရာဇာပဲ။ ကိုယ်ကလုပ်မှ ကံကလဲအလုပ်လုပ်လိမ့်မယ်။ကံကိုစောင့်နေရင်း ကိုယ့်ဘဝရဲ့ အချိန်ကောင်းတွေကို မဖြုန်းပစ်ပါနဲ့




30/03/2026

Daily message for March 30th

အတိုက်အခံ အတားအဆိးတွေကို ပါးပါးနပ်နပ်ကျော်ဖြတ်ပါ။ ရန်ဖြစ်ခြင်းထက် မာယာပရိယာယ်နဲ့ ကျော်ဖြတ်ခြင်းကသာအဖြေဖြစ်တယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကိုလျော့မတွက်နဲ့။ လုပ်နိုင်စွမ်းကို အကောင်းဆုံးအသုံးချပါ။




29/03/2026

Daily message for March 29th

ကိုယ့်ရဲ့အားသာချက် က အားနည်းချက်မဖြစ်စေနဲ့။ ပြတ်သားစရာရှိပြတ်သားပါ။ ဘယ်သူမှငှဲ့မနေပါနဲ့။ မပြတ်သားရင် ကိုယ့်အတွက် ပိုပြီးဆုံးရှုံးရလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့သင်ယူရမဲ့ကာလဖြစ်တယ်။




28/03/2026

Daily message for March 28th

ဒီနေ့ကနေစပြီး general reading အစား message ကိုပြောင်းလဲ တင်သွားပါမယ်။

ကိုယ့်ဘဝမှာ ဘာတွေဖြစ်ချင်တာလဲကို ကွဲကွဲပြားပြားဖြစ်အောင်လုပ်ပါ။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ အတွက် လိုအပ်တာတွေကို သင်ယူရမဲ့ ကာလဖြစ်တယ်။ အတွင်းစိတ်ရဲ့ လမ်းညွှန်ချက်တွေကို နားထောင်ပါ။




27/03/2026

Daily general reading for March 27th

ဒီနေ့ဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အသီးအပွင့် ခံစားရမယ့်နေ့ပါ။ ဒါပေမဲ့ ဒါဟာ လမ်းဆုံးမဟုတ်ပါဘူး။ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ အနာဂတ်အတွက် အလားအလာကောင်းတဲ့ ကမ်းလှမ်းချက် အခွင့်အသစ်တစ်ခု ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ခြေလှမ်းစတင်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်။ single များ ကိုယ့်ဘဝထဲဝင်လာတတ်မဲ့ရက်ဖြစ်ပါတယ်




April လအတွက် Oracle message Aires ကိုယ့်ကိုယ်ကိုယုံကြည်ပါ။ အဆင်မပြေတဲ့သူကို ကူညီပါ။ကိုယ့်အတွက် တစ်ဖက်လှည့်နဲ့ အကူအညီပြန်...
26/03/2026

April လအတွက် Oracle message

Aires

ကိုယ့်ကိုယ်ကိုယုံကြည်ပါ။ အဆင်မပြေတဲ့သူကို ကူညီပါ။ကိုယ့်အတွက် တစ်ဖက်လှည့်နဲ့ အကူအညီပြန်ရပါလိမ့်မယ်။ ကိုယ့်ရဲ့ အလိုလိုသိစိတ်ကိုယုံကြည်ပြီး ရှေ့ဆက်သွားပါ။ လမ်းမှန်ကိုရောက်ပါလိမ့်မယ်

Ta**us

ခက်ခဲမှုတိုင်းက ကိုယ့်အတွက် သန်မာလာဖို့ သင်ကြားပေးနေတာပဲ။ mythology ထဲ Minotaur ရဲ့စိတ်ဝိညာဉ်တွေစီးဆင်းနေတဲ့ Ta**us တွေအနေနဲ့ ကိုယ်ကာယသန်မာခြင်း စိတ်သန်မာခြင်းတွေက အဓိကပြရုပ်တွေဖြစ်တာမလို့ ရှောင်မပြေးပါနဲ့။ရင်ဆိုင်ပါ။ နားချိန်ပေးဖို့လဲမမေ့ပါနဲ့

Gemini

ပေါ့ပေါ့ပါးပါးနေပါ။ တအားကြိးမျှော်လင့်ချက်တွေထားပြိး ပူလောင်နေရင်း ကိုယ့်ရဲ့ ခွန်အားတွေရုတ်လျော့လာစေတယ်။အပူတွေဖြစ်စေတာတွေဖယ်လိုက် နေ့ရက်တိုင်းမှာပေါ့ပေါ့ပါးပါးနဲ့နိုးထလာလိုက်။ ချစ်ရတဲ့သူတွေကိုချစ်ပေးလိုက် သူတို့ဆီက ကြိးမားတဲ့မျှော်လင့်ချက်တွေမထားနဲ့။ ဘဝကြိးကနေတတ်ရင်ကျေနပ်စရာတွေရှိပါတယ်။

Cancer

စိတ်လောကြီးပြီး စိတ်ကြီးကြတဲ့ cancer တွေ စိတ်ကိုငြိမ်ငြိမ်ထားပါ။ စိတ်ရှည်ပါသည်းခံပါ။ social media တွေအပေါင်းအသင်းတွေဆှက အနားယူပြိး တစ်ယောက်တည်းအချိန်ကုန်ဆုံးကြည့်ပါ။ လိုအပ်နေတဲ့အဖြေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်

Leo
King of jungle လို့တင်စားကြတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ သတ္တိနဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့သူတွေ အတိတ်ကိုမကြောက်နဲ့ လွတ်ချလိုက်ပြိး ကိုယ့်ရဲ့ သတ္တိတွေကို ပြန်ယူပြီး လုပ်စရာတွေကိုဆက်လုပ် အောင်မြင်မှုတွေက ‌အနောက်ကကပ်ပါလာမယ်။အတားအဆီးတွေက သတ္တိနဲ့ရင်ဆိုင်တဲ့အခါ ပျော့ခွေသွားလိမ့်မယ်

Virgo

အလောတကြီးမလုပ်နဲ့။သူ့အရှိနဲ့သူသွား timing ကအရေးကြီးတယ်။ သတ္တိရှိတယ်ဆိုတာမကြောက်တာမဟုတ် အကြောက်တရားကို ထိန်းချုပ်နိုင်ခြင်းပဲ။သူ့timingနဲ့သူ မှန်မှန်လေး အသိဉာဏ်ရှိရှိလုပ်သွားလိုက်။အဆင်ပြေသွားလိမ့်မယ်။

Libra

ကောင်းတဲ့ကိစ္စတွေဆောင်ရွက်ခြင်း လှူတန်းခြင်းတွေကြောင့် ကိုယ့်အတွက် ကံကောင်းခြင်းတွေ ပညာရပ်အသစ်သစ်တွေ ရောက်လာလိမ့်မယ်။ ကိုယ့်ကိုယ်တိုင်လဲ ပိုပြီးကျက်သရေရှိပြီး ကိုယ်ရောင်တွေအားကောင်းလာမယ်။ မှန်သော ကိစ္စတွေကိုသာ ဆောင်ရွက်ပါ။ တစ်ဖက်က မက်လုံးတွေပေးနေရင်တောင်။

Scorpio

အတိတ်ကိုလွတ်ချ ပြိးခဲ့တာတွေပြိးခဲ့ပြီး အမှားတွေကလဲပြင်လို့မရတော့ဘူး။ထပ်မဖြစ်အောင်တော့သင်ခန်းစာယူပြီး လမ်းစအသစ်ရှာသင့်တယ်။ လမ်းစအသစ်တွေဖြစ်လို့ လွယ်ကူမှာတော့မဟုတ် ခက်ခဲလိမ့်မယ်။ငှဲ့ကြည့်ရမဲ့သူတွေကြောင့် ပိုပြီးအရဲမစွန့်နိုင်ဖြစ်လိမ့်မယ်။ စိတ်မပူနဲ့ လုံလောက်တဲ့ခွန်အားရှိပြီးသားမလို့ မ‌ပြိုလဲနိုင်ပါဘူး။ကိုယ့်ကိုယ်ကိုတော့ယုံကြည်ဖို့လြိတယ်

Sagittarius

ပြိးဆုံးသွားတဲ့အရာတွေ အောင်မြင်မှုအတွက် ပျော်လိုက်ပါ။ကိုယ့်ရဲ့ကြိုးစားမှုတွေအတွက် ပျော်သင့်ပါတယ်။ဒါပင်မဲ့ အဆုံးသတ်တော့မဟုတ်သေးဘူး။ ရှေ့ဆက်လျှောက်ရအုံးမယ်။ကူညီလမ်းပြနေတဲ့ ပုဂ္ဂိုလ်တွေလဲရှိတယ်။ အောင်မြင်မှုတွေကိုဆက်တိုက်ရရှိလိမ့်မယ်။ မာနထောင်မလွှားနဲ့ အမြဲနှိမ့်ချဆက်ဆံပါ။

Capricorn

အမြင်ကျယ်ပါ။စိတ်ထားမသေးသိမ်ပါနဲ့။လူ‌ေတွအ‌ေပါ်မေတ္တာထားပါ။ လမ်းမှန်ကိုမြင်နိုင်လိမ့်မယ်။ရည်ရွယ်ချက်ကိုမြင့်မြင့်ထားပါ။ ကိုယ့်ရဲ့ အသေးစိတ်ကျမှုတွေနဲ့ အမြင်ကျယ်မှုနဲ့ပေါင်းလိုက်တဲ့အခါ သူများတွေမမြင်နိုင်တာတွေကို မြင်နိုင်လာလိမ့်မယ်။

Aquarius

လမ်းပျောက်နေတာမဟုတ်ဘူး။လမ်းကိုလဲသိတယ်။ဒါပင်မဲ့ ကိုယ်သိတာကို ကိုယ်မယုံဖြစ်နေတာ ယုံကြည်မှုရှိရှိနေပါ။ကိုယ်ဖြစ်ချင်တာတွေအတွက် ဖြသ်လာရလိမ့်မယ်။တွေးမပူနဲ့။ ကံကောင်းခြင်းတွေရရှိထားတာမလို့ အားအင်အပြည့်နဲ့ ပျံသန်းလိုက်ပါ။

Pisces
နွေးထွေးတဲ့သူတစ်ယောက် ဂရုစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။ ကူညီပေးမဲ့သူတွေပေါ်လာလိမ့်မယ်။ စိတ်ကောင်းစေတနာရှိတဲ့သူတစ်ယောက်ကို လောကကြီးကမကြည့်ထားပါဘူး။ အမြဲတစ်နည်းမဟုတ်တစ်နည်းနဲ့ အကူအညီပြန်ရတတ်ပါတယ်။





26/03/2026

Daily general reading for March 26th

ဒီနေ့မှာတော့ Venus in Gemini သမားတွေ ချစ်သူရည်းစားရှိတဲ့သူတွေသတိထားသင့်တယ်။ အချစ်ရေးမှာ တအားချစ်လွန်းပြိး တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပြဿနာကြိးကြိးမားမားတတ်ရတတ်တယ်။ တအားကပ်လွန်းတာ စွဲလမ်းလွန်းတာက romantic ဆန်ပင်မဲ့လဲ တအားလွန်လွန်ကြူးကြူးဖြစ်လာရင်တော့ စိတ်ရှုပ်စရာတွေဖြစ်လာတတ်ပါတယ်။ ဒီနေ့ကတော့ ပြဿနာတွေတက်တဲ့အခါ အပြန်အလှန် ပြန်ရှင်းနေဝာာထက် နွေးထွေးတဲ့အပြုအမူနဲ့သာဖြေရှင်းသင့်ပါတယ်။ လျှပ်စစ်အန္တရာယ်သတိထားပါ။




ที่อยู่

Bangkok

เวลาทำการ

จันทร์ 19:30 - 22:00
พุธ 10:00 - 22:00
พฤหัสบดี 10:00 - 22:00
ศุกร์ 19:30 - 22:00
เสาร์ 19:30 - 22:00
อาทิตย์ 19:30 - 22:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Habip's Tarotผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram