သာလွန်-ဓမ္မဒါန -Thalun Dhamma Channel

သာလွန်-ဓမ္မဒါန -Thalun Dhamma Channel ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก သာလွန်-ဓမ္မဒါန -Thalun Dhamma Channel, สถานปฏิบัติธรรม, Soi Si Ayuttaya 2, Ratchathewi, Bangkok.

နေ့စဉ် အလုပ်ပေး တရားများအပြင် ၊ လူငယ် လူရွယ်များအတွက် ဗုဒ္ဓဘာသာ သင်ခန်းများ နှင့် ဆရာတော် ကြီးများ၏ နိဗ္ဗာန်ရောက်ကြောင်း တရားများကို နေ့စဉ် ကြိုးစား တင်ပေးသွားမည် ဖြစ်ပါသည်။

Basis reading for childrenခလေးများအတွက် အခြေခံဖတ်စာ (အပိုင်း-၁)------------------Buddhism is the teaching of the Buddha....
09/12/2025

Basis reading for children
ခလေးများအတွက် အခြေခံဖတ်စာ (အပိုင်း-၁)
------------------

Buddhism is the teaching of the Buddha.
ဗုဒ္ဓဘာသာဆိုတာ ဘုရားရဲ့ အဆုံးအမတွေပါပဲ။

He was a wise teacher for people in the world.
ဘုရားဟာ ကမ္ဘာသူ ကမ္ဘာသားတို့အတွက် ဉာဏ်ပညာကြီးတဲ့ ဆရာတစ်ဆူပါပဲ။

His teachings help people to live happily , peacefully and wisely.
ဘုရားရဲ့ သွန်သင်ချက်များက လောကသားတွေကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နှင့် ဉာဏ်အမျှော်အမြင်ရှိရှိနေထိုင်ရန် ကူညီပေးပါတယ်။

Dhamma is the teachings of the Buddha.
ဘုရားရဲ့ အဆုံးအမတွေကို ဓမ္မ လို့ ခေါ်တယ်။

It teaches us how to live happily, peacefully and wisely.
ဓမ္မက တို့တတွေကို လမ်းညွှန်ပေးတယ် "ပျော်ရွှင်စွာ ငြိမ်းချမ်းစွာ ဉာဏ်ရှိရှိနဲ့ ဘဝမှာ ရှင်သန်ဖို့ပေါ့" ။

It tells us how to face and solve problems.
ပြဿနာတွေကို ရင်ဆိုင်ဖို့ ဖြေရှင်းဖို့ နည်းလမ်းတွေကို ဓမ္မက လမ်းညွှန်းပေးတယ်။

When we follow the Dhamma , it brings much happiness and peace.
ဓမ္မကို တို့က ကျင့်သုံးတဲ့အခါ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုတွေကို ဓမ္မက သယ်ဆောင်ပေးပါတယ်။

The main teachings of the Buddha are :
- Don't do bad.
- Do good.
- Keep your mind clean.

ဗုဒ္ဓ၏ အဓိက အဆုံးအမများမှာ -
- မကောင်းမှု မပြုလုပ်ပါနဲ့၊
- ကောင်းမှုပြုလုပ်ပါ၊
- စိတ်ကို သန့်ရှင်းအောင်ထားပါ။

Credit

စိတ်ကောင်းရှိတယ်ဆိုတာ°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°စိတ်ကောင်း ဆိုသည်မှာ သဒ္ဓါနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဟိရီနဲ့ဩတ္တပ္ပနဲ့ ယ...
08/12/2025

စိတ်ကောင်းရှိတယ်ဆိုတာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
စိတ်ကောင်း ဆိုသည်မှာ သဒ္ဓါနဲ့ယှဉ်တွဲလာတဲ့စိတ်၊

ဟိရီနဲ့ဩတ္တပ္ပနဲ့ ယှဉ်တွဲလာတဲ့စိတ်...

သတိနဲ့ပညာနဲ့ ယှဉ်တွဲလာတဲ့စိတ်...

ဒီ စိတ်တွေကို စိတ်ကောင်း လို့ ဆိုရမယ်။

သူများပေါ် အနိုင်ကျင့်တာမျိုးမရှိဘူး။

သူများဥစ္စာ မတရားလိုချင်တာမရှိဘူး။

သူတစ်ပါး သားမယား ပြစ်မှားချင်တာမရှိဘူး။

ကိုယ်ချင်းစာတယ်၊ကိုယ်ချင်းစာစိတ်ရှိတယ်။

ကိုယ်ချင်းစာစိတ်ကို “အတ္တုပနာယိက'လို့ခေါ်တယ်။

ကိုယ်နဲ့ နှိုင်းယှဉ်တာ“ငါမကြိုက်တဲ့အလုပ် ဘာလို့ သူ့ကို လုပ်ရမှာတုန်း”ကိုယ်ချင်းစာတရား ထားရမယ်။

ကိုယ်မကြိုက်တဲ့ အလုပ်ကို သူများကို မလုပ်ရဘူး။

ကိုယ်ချင်းစာနာတာမရှိဘူး၊ကိုယ်ချင်းစာစိတ်မရှိဘူး။

“ ဘယ်သူသေသေ ငတေမာပြီးရော"ဆိုတဲ့စိတ်ထားမျိုး၊
အရှက်မဲ့တဲ့ စိတ်ထားမျိုး သဒ္ဓါတရားကင်းမဲ့တဲ့ စိတ်ထားမျိုး..

ပြောချင်ရာပြော လုပ်ချင်ရာ လုပ်တဲ့ စိတ်ထားမျိုးတွေကိုတော့
စိတ်ယုတ်မာလို့ဒီလို ပြောရမှာပဲ။

အဲဒီတော့ စိတ်ကောင်းရှိဖို့က သိပ်အရေးကြီးတယ်ဆိုတာ
မြတ်စွာဘုရား ဒေသနာတော်မှာ လည်းပဲ စိတ်ကောင်းမရှိဘူးဆိုရင်
အပြောကောင်း အလုပ်ကောင်း မလုပ်ဘူးတဲ့။

မလုပ်ရင် result က ဘာလာလဲ၊
မကောင်းတဲ့ အကျိုး တွေ
လာမှာပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

စိတ်ကောင်းရှိတယ်ဆိုတာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
စိတ်ကောင်း ဆိုသည်မှာ သဒ္ဓါနဲ့ယှဉ်တွဲလာတဲ့စိတ်၊

ဟိရီနဲ့ဩတ္တပ္ပနဲ့ ယှဉ်တွဲလာတဲ့စိတ်...

သတိနဲ့ပညာနဲ့ ယှဉ်တွဲလာတဲ့စိတ်...

ဒီ စိတ်တွေကို စိတ်ကောင်း လို့ ဆိုရမယ်။

သူများပေါ် အနိုင်ကျင့်တာမျိုးမရှိဘူး။

သူများဥစ္စာ မတရားလိုချင်တာမရှိဘူး။

သူတစ်ပါး သားမယား ပြစ်မှားချင်တာမရှိဘူး။

ကိုယ်ချင်းစာတယ်၊ကိုယ်ချင်းစာစိတ်ရှိတယ်။

ကိုယ်ချင်းစာစိတ်ကို “အတ္တုပနာယိက'လို့ခေါ်တယ်။

ကိုယ်နဲ့ နှိုင်းယှဉ်တာ“ငါမကြိုက်တဲ့အလုပ် ဘာလို့ သူ့ကို လုပ်ရမှာတုန်း”ကိုယ်ချင်းစာတရား ထားရမယ်။

ကိုယ်မကြိုက်တဲ့ အလုပ်ကို သူများကို မလုပ်ရဘူး။

ကိုယ်ချင်းစာနာတာမရှိဘူး၊ကိုယ်ချင်းစာစိတ်မရှိဘူး။

“ ဘယ်သူသေသေ ငတေမာပြီးရော"ဆိုတဲ့စိတ်ထားမျိုး၊
အရှက်မဲ့တဲ့ စိတ်ထားမျိုး သဒ္ဓါတရားကင်းမဲ့တဲ့ စိတ်ထားမျိုး..

ပြောချင်ရာပြော လုပ်ချင်ရာ လုပ်တဲ့ စိတ်ထားမျိုးတွေကိုတော့
စိတ်ယုတ်မာလို့ဒီလို ပြောရမှာပဲ။

အဲဒီတော့ စိတ်ကောင်းရှိဖို့က သိပ်အရေးကြီးတယ်ဆိုတာ
မြတ်စွာဘုရား ဒေသနာတော်မှာ လည်းပဲ စိတ်ကောင်းမရှိဘူးဆိုရင်
အပြောကောင်း အလုပ်ကောင်း မလုပ်ဘူးတဲ့။

မလုပ်ရင် result က ဘာလာလဲ၊
မကောင်းတဲ့ အကျိုး တွေ
လာမှာပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Khin Sandar Soe Htut...
#ပါချုပ်ဆရာတော် #တရားမှတ်စု

27/11/2025

.AshinNandamalabhivamsa

🙏🙏🙏🙏🙏
05/11/2025

🙏🙏🙏🙏🙏

ရုပ်လှအောင် မွမ်းမံပြုပြင်သလို
စိတ်လှအောင်လည်း ပြုပြင်ကြရတယ်။
ရုပ်ခန္ဓာကြီးကို နေ့စဥ် အစာကျွေးနေရသလို
ဒါန,သီလ,သမာဓိ,ဝိပဿနာ ကောင်းမှုများလုပ်ပြီး
စိတ်အစာပါကျွေးနေရမယ်။
ရုပ်ခန္ဓာကြီးကို အဝတ်ဝတ်ပေးရင်
သီလ,သမာဓိ,ပညာ စိတ်အဝတ်လည်း ဝတ်ပေးနေရမယ်။
ရုပ်ခန္ဓာကြီး ကျန်းမာဖို့အတွက် ဆေးဝါးများနဲ့
ပြုပြင်ပေးရသလို စိတ်ကျန်းမာဖို့အတွက်
တရားဆေး မှီဝဲပြုပြင်ပေးရမယ်။
ဒါမှ လူ့တာဝန်ကျေမယ်။
ရုပ်နေရာရှိနေပေမယ့် စိတ်နေရာမရှိရင်
လူ့ဘဝဟာ မလုံခြုံဘူး။
အမြဲပူလောင်နေရမှာပဲ။

ကိုယ့်ကိုကိုယ် တကယ်ချစ်တတ်ဖို့
မှန်ကန်တဲ့ အသိပညာလိုတယ်။
တရားအသိရှိတဲ့ပုဂ္ဂိုလ်ဟာ
ကိုယ့်ကိုကိုယ် နည်းမှန်လမ်းမှန် ချစ်တတ်တယ်။
အာရုံနဲ့စိတ် အဆင်ပြေအောင် နေတတ်တယ်။
အာရုံအနိုင်ကျင့်တာ မခံဘူး။
ဘာပဲလုပ်လုပ် လုပ်သင့် မလုပ်သင့်ကို
ဉာဏ်နဲ့ ချင့်ချိန်တယ်။
လုပ်သင့်တာကို မဖြစ်မနေ လုပ်တယ်။
မလုပ်သင့်တာကို ရဲရဲကြီး ရှောင်ကြဥ်တယ်။

မကောင်းတာမှန်သမျှကို ရှောင်ကြည်ပြီး
ကောင်းတာတွေကို ရက်ရက်ရောရော
လုပ်တယ်ဆိုတာ
ကိုယ့်ကိုကိုယ် ချစ်လို့ပါ။

တရားဆိုတာ
တကယ်ရှိတာကို တကယ်သိအောင်
လုပ်ရတဲ့ အလုပ်ပါ
ဝိပဿနာဉာဏ် မှန်ဘီလူးတပ်ပြီးကြည့်တတ်ရင်
ခန္ဓာအရှိကို အမှန်အတိုင်း သိမြင်ရတယ်၊
ခန္ဓာကိုယ်ထဲမှာ ပကတိမျက်စိနဲ့
ကြည့်လို့ မမြင်ရတဲ့ ပိုးကောင်လေးတွေဆိုတာ ရှိတယ်၊
ကိုယ်မမြင်နိုင်တာနဲ့ မြင်အောင်မကြည့်နိုင်တာနဲ့
မရှိဘူးလို့ ငြင်းလို့မဖြစ်ဘူး။
ခေတ်မှီစက်ကိရိယာတွေနဲ့စမ်းသပ်
မှန်ဘီလူးတပ်ပြီး ကြည့်လိုက်တဲ့အခါ
ပိုးကောင်လေးတွေ တကယ်ရှိပါလားဆိုတာ
သိမြင်ရတယ်၊
ကိုယ်က မကြည့်တတ်လို့သာ မမြင်ရတာ၊
ဒီအတိုင်းပဲ ဒီခန္ဓာကိုယ်ကြီးကို
အနိစ္စပဲ,ဒုက္ခပဲ,အနတ္တပဲလို့ဆိုတာလည်း
ကိုယ်က မကြည့်တတ်လို့ မမြင်တာပါ။
မကြည့်တတ်တိုင်းတော့ မငြင်းပါနဲ့၊
ဝိပဿနာဉာဏ် မှန်ဘီလူးတပ်ပြီး ကြည့်ပါ၊
ဝိပဿနာ မှန်ဘီလူးတပ်ပြီး ကြည့်တတ်ရင်
ခန္ဓာကြီးဟာ အနိစ္စဟာ အနိစ္စပါပဲ၊
ဒုက္ခ ဟာ ဒုက္ခ ပါပဲ, အနတ္တ ဟာ အနတ္တ ပါပဲလို့
ရှင်းရှင်းလေး မြင်လာပါလိမ့်မယ်။

သတိက မိမိကို လုံခြုံအောင် စောင့်ရှောက်ရင်း
သူတစ်ပါးကိုပါ လုံခြုံအောင် စောင့်ရှေက်ပေးတယ်။
မေတ္တာကတော့ သူတစ်ပါးကို လုံခြုံအောင်
စောင့်ရှောက် ကူညီပေးရင်း
မိမိကိုပါ လုံခြုံအောင် စောင့်ရှောက်ပေးတယ်၊
သတိက တစ်ယောက်တည်း
တည့်အောင်နေနည်းကိုပြတယ်၊
ကိုယ်တစ်ယောက်တည်း တည့်အောင်နေချင်ရင်
သတိတရား အမြဲလက်ကိုင်ထား၊
မေတ္တာကတော့ အများနဲ့ ငြိမ်းချမ်းအောင်နေနည်းကိုပြတယ်
အများနဲ့တည့်အောင် အဆင်ပြေအောင်
ငြိမ်းချမ်းအောင်နေချင်ရင် မေတ္တာတရား
အမြဲလက်ကိုင်ထား။

တရားအလုပ် လုပ်ကြတယ်ဆိုတာ
၁။ နေတတ်ဖို့
၂။ ဖြေတတ်ဖို့
၃။ ေ၊သတတ်ဖို့ပဲ။

အဆိုးကိလေသာမှ မရှိရင် ကုသိုလ်အလုပ်၊
တရားအလုပ်ဟာ လုပ်နေစရာမလိုတော့ဘူး။

စိတ်နောက်ကို လူကမလိုက်ရဘူး။
စိတ်ကို လူနောက်ပါအောင် ခေါ်ရတယ်။
စိတ်နောက်ကို လူကလိုက်သွားရင်
အာရုံမျိုးစုံတွေရဲ့ ထု-တာ ထောင်း-တာ
ကြိတ်-ချေ-တာကို ခံရတတ်တယ်။

လူ့ခန္ဓာမှာ အ-ဆိုး-ဆုံး-သောအရာဟာ
ဒုက္ခနှင့် ကိလေသာ။
ဒုက္ခနှင့် ကိလေသာနှစ်မျိုးမှာ
ဒုက္ခက ရှောင်တိမ်းလို့မရဘူး။
ကိလေသာက ရှောင်တိမ်းလို့ရတယ်။
ရှောင်တိမ်းလို့ရတဲ့ ကိလေသာနှင့်
ရှောင်တိမ်းလို့မရတဲ့ ဒုက္ခအပေါ်
ဉာဏ်နဲ့အနိုင်ယူနေရတာကိုပဲ
တရားအလုပ် လုပ်-တယ်လို့ ခေါ်တယ်။

ကျေးဇူးတော်ရှင်တိပိဋကယောဆရာတော်ဘုရားကြီး
🙏🙏🙏

04/11/2025

မိတ်ကောင်းဆွေကောင်း ဆရာကောင်း အရေးကြီးပုံကို အမှတ်ရစေသောနေ့ဖြစ်သည့် တန်ဆောင်လပြည့်နေ့အတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားချီးမြှင့်ပေးအပ်သည့် “တန်ဆောင်လပြည့် ဘဝသင်ခန်းစာ”

တန်ဆောင်လပြည့်
ဘဝသင်ခန်းစာ
——————————
(၁) ဗာလ ဆိုတာ အသိမရှိသူ။
(၂) ဗာလ ဆိုတာကောင်းကျိုးကို
ဖျက်ဆီးတတ်သူ။
(၃) ဗာလဆိုတာ ဆိုကျိုးကို။
ဖြစ်စေတတ်သူ။
(၄) ဗာလဆိုတာ မကောင်းမှု၌
စေခိုင်းတတ်သူ။
အဇာတသတ်မင်းသားသည်
ဗာလဖြစ်သည့် ရှင်ဒေဝဒတ်ကို
အထင်ကြီးမိပြီး သူခိုင်းသမျှ
လုပ်မိလို့ အမှားကိုကျူးလွန်ပြီး
ဘဝပျက်ရသည်၊
မြတ်ဗုဒ္ဓ၏အဆုံးအမကြောင့်
လူကောင်းသူကောင်းဖြစ်ရသည်။
တန်ဆောင်လပြည့်နေ့သည်
မိတ်ကောင်းဆွေကောင်း ဆရာ
ကောင်း အရေးကြီးပုံကို အမှတ်
ရစေသောနေ့ဖြစ်သည်။
ဗာလမှန်သမျှကို ရှောင်ကြပြီး
ပညာရှိသူတော်ကိုသာ ပေါင်းကြ
ရန် ဘဝသင်ခန်းစာယူကြပါကုန်။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၇ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့

🙏🙏🙏🙏
28/10/2025

🙏🙏🙏🙏

12/10/2025

၂၀၂၄ ခုနှစ် အတွင်း ပါမောက္ခချုပ်ဆရာတော်ဘုရား Online အထူးဓမ္မသဘင် အဖြစ် ဟောကြား ထားရှိသည့် တရားတော် စုစုပေါင်း (၅၂) ပုဒ် အား ဆရာတော်ဘုရားတရားတော်များ ဖြန့်ဝေသည့် YouTube Channel မှ မိမိတို့ လက်ကိုင်ဖုန်းများ၊ TV များတဆင့် လွယ်ကူစွာနာယူနိုင်ရန် ဖေါ်ပြအပ်ပါသည်။

https://youtube.com/playlist?list=PLrvd00E95Ye6XtOPFaQHcQSeT7bl9k1bS&si=o05gu5eocqe0FFXN

၂၀၂၄ ခုနှစ်အတွင်း ဆရာတော်ဘုရားဟောကြားထားရှိသည့် တရားတော်များအနက် မတူကွဲပြားသံသရာဘဝအမြင်များ၊ မြတ်ဗုဒ္ဓ၏ ဓမ္မဂုဏ်ရည်များ၊ ဒွယဝိပဿနာရှူပွါးနည်းတရားတော်များ၊ ဝိပဿနာရှူပွါး ဓာတ် (၁၈)ပါးတရားတော်များ၊ ဖဿာယတန စောင့်စည်းမှုတရားတော်များ နှင့် အနုမောဒနာ ဩဝါဒ များ သည် ဗုဒ္ဓဘာသာဝင်သူတော်စင် အ ပေါင်းတို့အတွက် အကျိုးရှိလှသည့် တရားတော်များဖြစ်ပါ၍ စုစည်း ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)

ที่อยู่

Soi Si Ayuttaya 2, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+66950875904

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သာလွန်-ဓမ္မဒါန -Thalun Dhamma Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง သာလွန်-ဓမ္မဒါန -Thalun Dhamma Channel:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram